id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,337,501
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤသို့ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဤသို့ အကြံဖြစ်သော်လည်း (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော အချို့သူတို့သည် အမေးပြဿနာကို စီရင်၍ စီရင်၍ မြတ်စွာဘုရားကို ချဉ်းကပ်ပြီး မေးကုန်၏။
1,337,502
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ထိုသူတို့၌ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဖြစ်ပေါ်လာသော အကြံ၏လည်း တရားမဟောလိုသော အဖြစ်သည် ဖြစ်လာ၏ဟု (ဤသို့ မိန့် တော်မူ၏)။
1,337,503
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ မြတ်စွာဘုရားသည် တရားကို ဟောတော်မူငြားအံ့၊ ရဟန်းတို့သည် မြတ်စွာဘုရားအထံမှ တရားတော်ကို ကြားနာရ၍ ဆောင်ကုန်လတ္တံ့ဟု (လျှောက်၏)။
1,337,504
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။
1,337,505
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။
1,337,506
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-
1,337,507
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၅၇။ သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။
1,337,508
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အဘယ်ငါးပါးတို့နည်းဟူမူ- လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။
1,337,509
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ့်ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။
1,337,510
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။
1,337,511
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၅၈။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသည်ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော စကားသည်လည်း ကောင်းစွာတည်၏၊ ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘေ...
1,337,512
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြား နာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။
1,337,513
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- သုနက္ခတ္တ ဥပမာအားဖြင့် ယောကျ်ားသည် မိမိရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း ကာလရှည် ကြာ ကွေကွင်းနေရာ၏၊ ထိုယောကျ်ားသည် ထိုရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း မကြာမီက ထွက်ခွါလာသော တခြားယောကျ်ားကို တွေ့မြင်ရာ၏၊ ထိုပဌမယောကျ်ားသည် ထိုနောက်လာသော ယောကျ်ားကို ထိုရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း အေးချမ်းသည်၏ အဖြစ်ကိုလည်းကောင...
1,337,514
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ထိုငါဆိုလတ္တံ့သော စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုပဌမယောကျ်ားသည် ထို နောက်လာသော ယောကျ်ား၏ ပြောပြသော စကားကို ကြားနာရာသလော၊ နားထောင်ရာသလော၊ သိစေ ခြင်းငှါ စိတ်စိုက်ရာသလော၊ ထိုယောကျ်ားကိုလည်း ဆည်းကပ်ရာသလော၊ ထိုမိမိရပ်ရွာ နိဂုံးနှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။
1,337,515
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောက အာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသည် ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ရှေးရှုတည်၏၊ ထိုကာမဂုဏ်တို့နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည...
1,337,516
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော် ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်း ကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့် စပ်သောစကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤ အကြောင်းသည် ရှိ၏။
1,337,517
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်သတ္တဝါမျိုးကို “အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါမျိုး” ဟူ၍ သိရမည်။
1,337,518
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၅၉။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာနေဉ္ဇသမာပတ်၌ ညွတ် သောစိတ်ရှိရာ၏၊ သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သောစိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုအာနဉ္ဇ သမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏။
1,337,519
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအာနေဉ္ဇသမာပတ့်နှင့်လျော်သော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ် ခစား၏၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်ရာ၏။
1,337,520
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လောကအာမိသခေါ်သော ကာမဂုဏ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုကာမဂုဏ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။
1,337,521
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် အညှာမှ ကြွေကျသော ဖက်ရွက်လျော်သည် စိန်းလန်းခြင်းငှါ မထိုက် သကဲ့သို့ ဤဥပမာအတူသာလျှင် သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကင်းကွာ၏၊ ထိုပုဂ္ဂိုလ် မျိုးကို “လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အ...
1,337,522
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘ...
1,337,523
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။
1,337,524
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် နှစ်ခြမ်းကွဲပြီးသော ကျောက်ဖျာကြီးသည် တစ်ဖန် မစပ်သကဲ့သို့၊ ဤ အတူသာလျှင် သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကွဲပျက်၏၊ ထိုပုဂ္ဂိုလ်မျိုးကို “အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပ...
1,337,525
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆၁။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် နေဝသညာနာသညာယတန သမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစာ...
1,337,526
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာကိဉ္စညာယတနသမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေ ခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာကိဉ္စညာယတန သမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။
1,337,527
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် ယောကျ်ားသည် ကြိုက်နှစ်သက်သော ဘောဇဉ်ကို စားပြီး၍ စွန့် (အန်) ရာ၏၊ သုနက္ခတ္တ ထိုငါဆိုမည့် အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောကျ်ားအား ထိုစွန့် (အန်) ပြီးသော ဘောဇဉ်၌ တစ်ဖန် စားလိုခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။
1,337,528
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မဖြစ်ရာပါဟု (လျှောက်၏)။
1,337,529
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အဘယ့်ကြောင့်နည်း၊ ထိုစွန့် (အန်) ပြီးသော ဘောဇဉ်ကို စက်ဆုပ်ဖွယ်ဟု သမုတ်ထားသောကြောင့်ပါတည်းဟု (လျှောက်၏)။
1,337,530
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤဥပမာအတူသာလျှင် နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာကိဉ္စညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် စွန့်(အန်) ပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးကို “အာကိဉ္ဇညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ နေဝသညာ နာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး” ဟူ၍ သိရမည်။
1,337,531
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆၂။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သောစိတ် ရှိရာ၏၊ သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနိဗ္ဗာန် နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနိဗ္ဗာန်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိ...
1,337,532
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နေဝသညာနာသညာယတန သမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိသည်သာတည်း။
1,337,533
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- သုနက္ခတ္တ ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် နောင်တစ်ဖန် စည်ပင်ပေါက် ရောက်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောက်ထပ်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်...
1,337,534
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်မျိုးကို “နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး”ဟူ၍ သိရမည်။
1,337,535
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆၃။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏- “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် အစစ်အမှန် ချုပ်ငြိမ်းမှု ‘နိဗ္ဗာန်’...
1,337,536
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။
1,337,537
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံကြားခြင်း ကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့် တော်သော အရသာလျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် ...
1,337,538
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် ယောကျ်ားသည် အထပ်ထပ် လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရ ရာ၏။
1,337,539
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ား၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ့ကုန်ရာ၏၊ ထိုယောကျ်ားအား ထိုမြားဆိပ်ကုဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာဖွေ၍ မြားငြောင့်ကို နုတ်ရာ၏၊ ထုတ်ယူစရာ ကြွ...
1,337,540
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းကျံရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏ အနာဝကို ပြည်သွေး မမြှေးယှက် စေလင့်။
1,337,541
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ် သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။
1,337,542
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အမောင်ယောကျ်ား အနာကို အစဉ်စောင့် ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏”ဟု (ဆိုရာ၏)။
1,337,543
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ထိုယောကျ်ားအား “ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်း အကျန်မရှိအောင် ပယ်ပြီးပြီ၊ ငါ့အား အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်”ဟု အကြံဖြစ်ရာ၏။
1,337,544
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ား သည် မသင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို စားသုံးရာ၏၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသုံးသည်ဖြစ်၍ ထိုယောကျ်ား၏ အနာသည် ပြည်ယိုစီးရာ၏။
1,337,545
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရံခါရံခါ အနာကို ဖန်မဆေးရာ၊ ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံရာ၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံ သဖြင့် ထိုယောကျ်ား၏ အနာဝကို သွေးပြည်သည် မြှေးယှက်ရာ၏။
1,337,546
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်ရာ၏၊ လေနေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ ထိုယောကျ်ား၏ အနာဝကို မြူမှုန့် အမျှင်သည် ဖျက်ဆီးရာ၏။
1,337,547
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနာကို အစဉ်မစောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာရာ မရစေသည် ဖြစ်၍ နေရာ၏။
1,337,548
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ားအား ဤမသင့်တော်သည်ကို ပြုခြင်းကြောင့်လည်း အဆိပ်အတောက်သည် မစင်ကြယ်၊ ထုတ်ယူစရာ အကြွင်းအကျန် ရှိရာ၏၊ မသင့်တော်သည်ကို ပြုခြင်း, အဆိပ်အတောက်သည် မစင်ကြယ်ဘဲ ထုတ်ယူစရာ အကြွင်းအကျန်ရှိနေခြင်းဟူသော ထိုအကြောင်းနှစ်ပါးကြောင့် အနာသည် ကြီးကျယ်ခြင်းသို့ ရောက်ရာ၏၊ ထိုယောကျ်ားသည် အနာကြီးကျယ်ခြင်းသို့ ရောက်သဖြင့် သေခြင်းသို့ သ...
1,337,549
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ် ရာ၏ “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ ထိုအဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာဟူသော မြားငြောင့်ကို ပယ်နုတ် ပြီးပြီ၊ အဝိဇ္ဇာဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော ...
1,337,550
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။
1,337,551
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့်တော်သော အရသာ လျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် မသင့်တော်...
1,337,552
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်သော, နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်သော, နှာခေါင်းဖြင့် မသင့် တော်သော အနံ့နမ်းခြင်းကို အားထုတ်သော, လျှာဖြင့်မသင့်တော်သော အရသာလျက်ခြင်းကို အားထုတ် သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အား...
1,337,553
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ မြတ်စွာဘုရား၏ သာသနာတော်၌ သိက္ခာချ၍ လူထွက်ခြင်းသည် သေခြင်းမည်၏၊ သုနက္ခတ္တ ညစ်ညူးသော ဂရုကအာပတ်တစ်ခုခုသို့ ရောက်ခြင်းသည် သေလောက် နီးပါးဖြစ်သော ဆင်းရဲမည်၏၊ ဤအကြောင်းသည် ရှိ၏။
1,337,554
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏ “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် စင်စစ် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရ...
1,337,555
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမ ထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊...
1,337,556
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သောအနံ့ နမ်းခြင်း ကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက် ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်း...
1,337,557
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ား၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ ကုန်ရာ၏၊ ထိုမြားဆိပ်ကုဆေးဆရာသည် ထိုယောကျ်ားအား ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်ပြီး၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာ၍ မြားငြောင့်ကို နုတ်ရာ၏၊ အဆိပ်အတောက်က...
1,337,558
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့် ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏အနာဝကို သွေးပြည် မမြှေး ယှက်စေလင့်။
1,337,559
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။
1,337,560
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အမောင်ယောကျ်ား အနာကို အစဉ်စောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏”ဟု (ဆိုရာ၏)။
1,337,561
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
- ထိုယောက်ျားအား ဤသို့ အကြံဖြစ်ရာ၏-"ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ ငါ့အား အန္တရာယ်ဖြစ်စေခြင်းငှါ မစွမ်းနိုင်တော့ပြီ”ဟု (အကြံဖြစ်ရာ၏)၊ ထိုယောက်ျားသည် သင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို သုံးဆောင်ရာ၏၊ သင့်တော်သော ဘောဇဉ်တို့ကို သုံးဆောင်သည်ဖြစ်၍ ထိုယောက်ျား...
1,337,562
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်ရာ၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားမထုတ်သဖြင့် ထိုယောက်ျား၏ အနာဝကို မြူမှုန့်အမျှင်သည် မဖျက်ဆီးရာ။
1,337,563
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနာကို စောင့်ရှောက်ခြင်းရှိသည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏။
1,337,564
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောက်ျားသည် ဤသင့်တော်သောအမှုကို ပြုခြင်းဖြင့်လည်း မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ သင့်တော်သော အမှုကို ပြုလုပ်ခြင်း, မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားခြင်း ထို အကြောင်းနှစ်ပါးစုံဖြင့် အနာသည် အသားနုတက်၍ ရင့်ကျက်ရာ၏၊ ထိုယောက်ျားသည် အနာအသားနု တက်၍ အသားအရေ ကောင်းလာပ...
1,337,565
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံ ဖြစ်ရာ၏- “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ...
1,337,566
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊ ကိုယ...
1,337,567
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့် တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အာ...
1,337,568
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆၅။ သုနက္ခတ္တ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ဤဆိုခဲ့ပြီးသော ဥပမာကို ငါပြုအပ်ပြီ၊ ဤဆိုခဲ့ ပြီးသော ဥပမာစကား၌ ဤဆိုလတ္တံ့သည်ကား အနက်အဓိပ္ပါယ်ပေတည်း။
1,337,569
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ အနာဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈ တ္တိကာယတနတို့၏ အမည်ပေတည်း။
1,337,570
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ အဆိပ်အတောက် ဟူသော ဤအမည်သည် အဝိဇ္ဇာ၏ အမည်ပေတည်း။
1,337,571
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ မြားငြောင့်ဟူသော ဤအမည်သည် တဏှာ၏ အမည်ပေတည်း။
1,337,572
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ငြောင့်ရှာမွှေတံဟူသော ဤအမည်သည် သတိ၏ အမည်ပေတည်း။
1,337,573
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဓားငယ်ဟူသော ဤအမည်သည် ဖြူစင်သော ဝိပဿနာပညာ၏ အမည်ပေတည်း။
1,337,574
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ မြားဆိပ်ကု ဆေးဆရာဟူသော ဤအမည်သည် ပူဇော်အထူးကို့ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်ပေတည်း။
1,337,575
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည် ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ်ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေ လတ္တံ့ဟူသော...
1,337,576
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် အဆင်းနှင့် ပြည့်စုံသော အနံ့နှင့် ပြည့်စုံသော အရသာနှင့် ပြည့်စုံသော စိမ်ရေခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏။
1,337,577
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် အသက်ရှင်လိုသော မသေ လိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျားသည် လာရာ၏။
1,337,578
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ထိုငါဆို မည့်အရာကို အဘယ်သို့ မှတ်ထင်သနည်း-"ငါသည် ဤစိမ်ရေခွက်ကို သောက်သည်ရှိသော် သေခြင်းသို့ သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏”ဟု သိငြားအံ့၊ ထိုယောက်ျားသည် ထိုစိမ်ရေခွက်ကို သောက်ရာအံ့လောဟု (မေးတော်မူ၏)။
1,337,579
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မသောက်ရာ ပါဟု (လျှောက်၏)။
1,337,580
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့ သိ၍ ကိလေသာ ဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ် လွတ်ဝင်၏၊ ကာမဂုဏ် ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလ...
1,337,581
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဥပမာအားဖြင့် လျင်သော ကြမ်းသော အဆိပ်ရှိသော မြွေသည် ရှိရာ၏၊ အသက်ရှင် လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျားသည် လာရာ၏။
1,337,582
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ထိုငါဆို မည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း-"ဤမြွေသည် ငါ့ကို ကိုက်သော် သေခြင်း သို့သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏”ဟု သိငြားအံ့၊ ထိုယောက်ျားသည် ကြမ်းသော အဆိပ်ရှိသော မြွေအား လက်ဖြင့်သော်လည်းကောင်း၊ ခြေမဖြင့်သော်လည်း ကောင်း တို့ဝံ့ရာအံ့လောဟု (မေးတော်မူ၏)။
1,337,583
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မတို့ဝံ့ရာပါဟု (လျှောက်၏)။
1,337,584
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့ သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ် ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖ...
1,337,585
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤဒေသနာတော် ကို ဟောတော်မူ၏။
1,337,586
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လိစ္ဆဝီမင်းသားဖြစ်သော သုနက္ခတ္တသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
1,337,587
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါးခုမြောက် သုနက္ခတ္တသုတ် ပြီး၏။
1,337,588
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၆-အာနေဉ္ဇသပ္ပါယသုတ်
1,337,589
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော ကုရုတိုင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။
1,337,590
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား”ဟု ပြန်ကြားလျှောက်ထားကြကုန်၏။
1,337,591
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ကာမဂုဏ်တို့သည် မမြဲကုန်၊ အချည်းနှီး ဖြစ်ကုန်၏၊ ချွတ်ယွင်းစေတတ်ကုန်၏၊ ပျောက်လွယ်သော သဘောရှိကုန်၏။
1,337,592
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုကာမဂုဏ်သည် မျက်လှည့်သမား ပြုထားသော အရာ ကဲ့သို့ ဖြစ်၏၊ လူမိုက်တို့ကို ဖြားယောင်းတတ်၏၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်ကွယ် ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ, မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ ဤနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်ရာ မာရ်၏ နေရာ မာရ်၏ ပျိုးခင်း မာရ်၏ ကျက်စားရာ...
1,337,593
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤကာမဂုဏ်တို့၌ ယုတ်ညံ့သော အကုသိုလ်ဖြစ်သော စိတ်၌မှီ၍ ဖြစ်သော ထိုရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ'သော်လည်းကောင်း၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ'သော်လည်းကောင်း၊ သာလွန်အောင် အားထုတ်မှု ‘သာရမ္ဘ'သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအား အန္တရာယ်ပြုခြင်းငှါ ဖြစ်ကုန်၏။
1,337,594
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုကာမဂုဏ်တို့၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- “မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း ဤကာမဂုဏ်နှင့် ကာမဂုဏ်အမှတ်အသားနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်...
1,337,595
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤ ကာမဂုဏ်တို့၌ ယုတ်ညံ့ကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်၌မှီ၍ဖြစ်ကုန်သော ထိုရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ တို့သော်လည်းကောင်း၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ တို့သော်လည်းကောင်း၊ သာလွန်အောင် အား ထုတ် (ခြုတ်ခြယ်)မှု ‘သာရမ္ဘ'တို့သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော အကုသိုလ်တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအ...
1,337,596
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါသည် ကာမလောကကို လွှမ်းမိုး၍ (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြော သော မြတ်သည်၏ အဖြစ်သို့ ရောက်သော (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် နေရမူ ကောင်းလေစွ၊ ကာမလောကကို လွှမ်းမိုး၍ ဈာန်စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက် သော ဈာန်စိတ်ဖြင့်နေသော ငါ့အား ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်...
1,337,597
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ကျင့်သော် ထိုအကျင့်ဖြင့် များစွာနေလေ့ ရှိသော ထိုပုဂ္ဂိုလ်၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝမှာပင် သော်လည်း စတုတ္ထဈာန်တည်းဟူသော အာနေဉ္ဇသမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် (မ...
1,337,598
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့် ဟူ၍ ဆိုရ၏။
1,337,599
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- “မျက်မှောက့်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း မဟာဘုတ်လေးပါး၊ ယင်းမဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ဥပါဒါ ရုပ်”ဟ...
1,337,600
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအလုံးစုံသည် မမြဲဟု (ဆင်ခြင်၏)။