id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,337,601
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ကျင့်၍ ထို အကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခု ဘဝ၌ပင်သော်လည်း အာကာသာနဉ္စာယတနဈာန်တည်း ဟူသော အာနေဉ္ဇသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သ...
1,337,602
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကို နှစ်ခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။
1,337,603
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- “မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တ...
1,337,604
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤနှစ်ပါးစုံသည် မမြဲ၊ မမြဲသောတရားကို နှစ်သက် ခြင်းငှါ မသင့်၊ တမ်းတခြင်းငှါ မသင့်၊ စွဲလမ်းခြင်းငှါ မသင့်”ဟု (ဆင်ခြင်၏)။
1,337,605
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ကျင့်၍ ထိုအကျင့် ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယာသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည် လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း ဝိညာဏဉ္စာယတနဈာန်တည်းဟူသော အာနေဉ္ဇ သမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိ...
1,337,606
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤ သည်ကို သုံးခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။
1,337,607
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆၈။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- “မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်း ကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက် ကွယ်ဖြစ်သော ရုပ...
1,337,608
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ အာကိဉ္စညာ ယတနဈာန်သည် ငြိမ်သက်မွန်မြတ်၏”ဟု (ဆင်ခြင်၏)။
1,337,609
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့ လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင် သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်န...
1,337,610
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာကိဉ္စညာယတနသမာပတ် နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။
1,337,611
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် တောသို့ကပ်၍ဖြစ်စေ၊ သစ်ပင် ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာကျောင်းသို့ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏- “ဤအာကိဉ္စညာယတန သမာပတ်သည် ငါ ‘အတ္တ’ မှလည်းကောင်း၊ ငါ့ဥစ္စာဟူသော ‘အတ္တနိယ’ မှလည်းကောင်း ကင်းဆိတ်၏”ဟု (ဆင်ခြင်၏)၊ ဤသို့ကျင့်၍ ထိုအကျင့်ဖြင့် များစွာနေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည်...
1,337,612
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကို နှစ်ခု မြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။
1,337,613
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၀။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် “အဘယ်မှာမျှ ငါ ‘အတ္တ’ ဟူ၍ မရှိ၊ တစ်စုံတစ်ယောက်သော သူ၏မျှ ကြောင့်ကြဖွယ် ငါ ‘အတ္တ’ အဖြစ်သည် မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ ‘အတ္တ’ ဟူ၍ မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ ‘အတ္တ'၏ ကြောင့်ကြဖွယ် အဖြစ်သည် မရှိ”ဟု (ဆင်ခြင်၏)။
1,337,614
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတန သမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသ...
1,337,615
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည် ကို သုံးခုမြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။
1,337,616
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏-"မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တိ...
1,337,617
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ နေဝသညာနာသညာ ယတနဈာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု (ဆင်ခြင်၏)။
1,337,618
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာ လေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည် လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း နေဝသညာနာသညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာ ဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ထိုပုဂ္ဂိုလ်ကို ဖြစ်စေ တတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာ...
1,337,619
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤ သည်ကို နေဝသညာနာသညာယတနသမာပတ်အားလျော်သော အကျင့်ဟူ၍ ဆိုရ၏ဟု (မိန့်တော်မူ၏)။
1,337,620
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ဟောတော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏-'အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ ( အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ ) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ...
1,337,621
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား ထိုရဟန်းသည် ပရိနိဗ္ဗာန်စံရာ သလော၊ ပရိနိဗ္ဗာန်မစံရာသလော”ဟု (လျှောက်၏)။
1,337,622
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြုရာ၏၊ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်မပြုရာဟု (မိန့်တော်မူ၏)၊ အသျှင် ဘုရား ဤသို့ ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြု၍ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုရာသော အကြောင်း အထောက်ပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
1,337,623
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏ “အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏”ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိုလ...
1,337,624
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်းသော် အဘယ်ကို စွဲလမ်းသနည်းဟု (လျှောက်၏)။
1,337,625
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ နေဝသညာနာသညာယတနဈာန်ကို စွဲလမ်း၏ဟု (မိန့်တော်မူ၏)။
1,337,626
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်း သော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်းပုံရပါ၏လောဟု (လျှောက်၏)။
1,337,627
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ မှန်၏၊ ထိုရဟန်းသည် စွဲလမ်းသော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်း၏၊ အာနန္ဒာ ဤနေဝသညာနာ သညာယတနဈာန်သည် အမြတ်ဆုံး စွဲလမ်းစရာဖြစ်၏။
1,337,628
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၂။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏- “အကယ်၍ ပြုလုပ်ခဲ့သောကံ ဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏”ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိ...
1,337,629
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၃။ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား ထိုထိုသမာပတ်ကို မှီ၍ မှီ၍ ဩဃလေးပါးမှ ထွက်မြောက်ခြင်းကို ဟော ကြားတော်မူ၏။
1,337,630
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မြတ်သော အရဟတ္တဖိုလ်သည် အဘယ်ပါနည်းဟု (လျှောက်၏)။
1,337,631
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- “မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ် သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့ သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်တို့...
1,337,632
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- အာနန္ဒာ ဤသို့လျှင် ငါသည် အာနေဉ္ဇသမာပတ်အားလျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊့အာကိဉ္စညာယတနသမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ နေဝသညာနာသညာယတန သမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ ထိုထိုသမာပတ်ကို မှီ၍ မှီ၍ ဩဃလေးပါးမှ ထွက်မြောက်ကြောင်း အကျင့်ကို ဟောကြားအပ်ပြီ၊ မြတ်သော အရဟတ္တဖိုလ်ကို ဟောကြားအပ်ပြီ။
1,337,633
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ တပည့် ‘သာဝက’ တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသော ဆရာသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ငါပြုပြီးပြီ။
1,337,634
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤ သည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုပွါးဆင်ခြင်ကြကုန် လော့၊ သတိမမေ့လျော့ကြကုန်လင့်၊ နောက်မှ (အားမထုတ်လိုက်ရဟု) နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။
1,337,635
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။
1,337,636
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။
1,337,637
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ခြောက်ခုမြောက် အာနေဉ္ဇသပ္ပါယသုတ် ပြီး၏။
1,337,638
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁။ မိမိအတ္တ သူတစ်ပါးအတ္တ နှစ်ပါးမရှိကြောင်း အတ္တနှစ်ပါးမရှိ၍ မိမိသူ တစ်ပါးအတ္တအနေဖြင့် ကြောင့်ကြစိုက်ဖွယ် အဖြစ်လည်း မရှိကြောင်းကို ပြလိုရင်းဖြစ်သည်၊ ရှုပ်ထွေးသည်။
1,337,639
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၇-ဂဏက မောဂ္ဂလ္လာနသုတ်
1,337,640
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,337,641
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဂဏကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံတော်သို့ ချဉ်း ကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကာ မြတ်စွာဘ...
1,337,642
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဂေါတမ ဝိသာခါပြာသာဒ်၏ နောက်ဆုံးဖြစ်သော (အပေါ်ဆုံး) လှေကားထစ် ပျဉ်ချပ်တိုင်အောင် သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင်ဂေါတမ ဤပုဏ္ဏားတို့အား ဗေဒင်သုံးပုံကို သင်ခြင်း၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင် ဂေါတမ ဤလေးသမားတို့အား လေးအတတ်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ...
1,337,643
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဂေါတမ အကျွန်ုပ်တို့သည် တစ်ရာကိုလည်း ရေတွက် စေပါကုန်၏၊ တစ်ရာထက်အလွန်ကိုလည်း ရေတွက်စေပါကုန်၏၊ အသျှင်ဂေါတမ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌လည်း သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်ပါသလောဟု (လျှောက်ထား၏)။
1,337,644
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၅။ ပုဏ္ဏား ဤသာသနာတော်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်၏။
1,337,645
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော မြင်းဆရာသည် ကောင်းသော အာဇာနည်မြင်းကိုရသော် ရှေးဦးစွာ ပါးစပ်၌ ပါးချပ်ခွံ့မှုကို ပြုစေ၏၊ ထို့နောက် တစ်ဆင့်တက်၍ ပြုဖွယ်ကို ပြုစေ၏၊ ပုဏ္ဏား့ဤအတူသာလျှင် ငါဘုရားသည် ဆုံးမသင့်သော ယောက်ျားကို ရသော် ရှေးဦးစွာ ဤသို့ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် သီလရှိလော့၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင...
1,337,646
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် စောင့်၍ နေ၏၊ ကောင်းသောအကျင့်, ကျက်စားရာနှင့် ပြည့်စုံ၍ နေ၏၊ အနုမြူမျှ အတိုင်းအရှည်ရှိသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိလျက် နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ကျင့်၍ နေ၏။
1,337,647
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် စက္ခုစသော ဣန္ဒြေတို့၌ ပိတ်ထား သော တံခါးရှိလော့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကိုမြင်သော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိလင့်၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ အကယ်၍ စက္ခုန္ဒြေကို မစောင...
1,337,648
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်လော့၊ စက္ခုန္ဒြေကို စောင့်စည်းလော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်လော့။
1,337,649
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ'ကို သိသော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိလင့်၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ (အကယ်၍) မနိန္ဒြေကို မစောင့် စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း'အဘိဇ္ဈာ’ နှလုံးမသာ ခြင်း'ဒေါမနဿ’ ဟူသော ယုတ်မာသော အကု...
1,337,650
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် စက္ခု စသော ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ ထိုရဟန်း ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် ဘောဇဉ်၌ အတိုင်း အရှည်ကို သိလော့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ရာ၏၊ မြူးထူး ရန် မသုံးဆောင် မာန်ယစ်ရန် မသုံးဆောင် (အသား) ပြည့်ဖြိုးရန် မသုံးဆောင် (အရေအဆ...
1,337,651
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် နိုးကြားခြင်းကို အားထုတ်၍ နေလော့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်လော့။
1,337,652
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်လော့၊ သန်းခေါင်ယံ၌ လက်ယာနံတောင်းဖြင့်(လက်ယာ) ခြေပေါ် ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်'နှင့်ပြည့်စုံ သည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကို နှလုံးသွင်းလျက် မြတ်သော အိပ်ခြင်းက...
1,337,653
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် နိုးကြားခြင်းကို အားထုတ်၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်'နှင့် ပြည့်စုံလော့၊ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်၍ ပြုလော့၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ဒုကုဋ် သပိတ် ...
1,337,654
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် အောက်မေ့ခြင်း'သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏၊ ထို ရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲလော့၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲလော့”ဟု ...
1,337,655
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ထိုရဟန်းသည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။
1,337,656
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် ( ဥပါဒါနက္ခန္ဓာငါးပါး ဟူသော ) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏...
1,337,657
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက် စီးစေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။
1,337,658
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ သတိနှင့်ပြည့်စုံလျက် လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။
1,337,659
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရား တို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
1,337,660
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၆။ ထိုရဟန်းသည် စိတ်ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန် သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ...
1,337,661
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော။
1,337,662
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း။
1,337,663
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။
1,337,664
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား အကြင် ရဟန်းတို့သည် ကျင့်ဆဲဖြစ်ကုန်၏၊ အရဟတ္တဖိုလ်သို့ မရောက်ကြကုန်သေး၊ အတုမရှိ မြတ်သော ယောဂ၏ ကုန်ခန်းရာ နိဗ္ဗာန်ကို တောင့်တလျက် နေကြကုန်၏၊ ရဟန်းတို့၌ ဤသို့ သဘောရှိသော ဤငါ၏ အဆုံးအမသည် ဖြစ်၏၊ အကြင် ရဟန်းတို့သည်ကား ပူဇော်အထူးကို ခံထိုက်သော ရဟန္တာဖြစ်၏၊ ကုန်ခန်းပြီးသော အာသဝေါရှိကုန်၏၊ ကျင့်သုံးပြီးသော အကျင့်ရှိကုန်၏...
1,337,665
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ဟောတော်မူသော် ဂဏက မောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏-"အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန် ဆုံးမအပ်သည်ရှိသော် အလုံးစုံသော တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ် သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်သလော၊ သို့မဟုတ် အချို့ရဟန်းတို့သည် မပြီးစီးစေ...
1,337,666
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့ သော ငါ၏ တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်၏၊ အချို့ သော ရဟန်းတို့မူကား မပြီးစီးစေနိုင်ကုန်ဟု (မိန့်တော်မူ၏)။
1,337,667
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- အသျှင်ဂေါတမ နိဗ္ဗာန်သည် တည်ရှိ၏၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းသည် တည်ရှိ၏၊ တိုက်တွန်း နှိုးဆော်တတ်သော အသျှင်ဂေါတမသည် တည်ရှိ၏၊ သို့ပါလျက် အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့သော ရဟန်းတို့ သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်၍၊ အချ...
1,337,668
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၇။ ပုဏ္ဏား ထိုသို့ဖြစ်မူ သင့်ကိုသာလျှင် ဤအရာ၌ တစ်ဖန်မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့၊ ပုဏ္ဏား ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ရာဇဂြိုဟ် ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်သလောဟု (မေးတော်မူ၏)။
1,337,669
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဟုတ်ပါ၏၊ အကျွန်ုပ် သည် ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်ပါ၏ဟု (လျှောက်၏)။
1,337,670
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ယောက်ျားသည် ဤအရပ်သို့ လာရာ၏၊ ထိုလာသော ယောက်ျားသည် “အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ ထိုအကျွန်ုပ်အား ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ပါလော့”ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုမေးလာသူကို “အမောင်ယောက်ျား လာလော့၊ ဤ လမ်း...
1,337,671
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ခရီးလွဲကို ယူ၍ နောက်ပြန်လှည့်၍ သွားရာ၏။
1,337,672
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ဒုတိယယောက်ျားသည် လာရာ၏၊ ထိုလာသော ယောက်ျားသည် “အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ အကျွန်ုပ်အား ရာဇဂြိုဟ်ပြည့်သွားလမ်းကို ညွှန်ကြားပါလော့”ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုဒုတိယ ယောက်ျားကို “အမောင်ယောက်ျား လာလော့၊ ဤလမ်းခရီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၏၊ ထ...
1,337,673
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားသော် ချမ်းသာစွာ ရာဇဂြိုဟ်ပြည်သို့ ရောက်သွားရာ၏။
1,337,674
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ရာဇဂြိုဟ်ပြည်သည် တည်ရှိ၏၊ ရာဇဂြိုဟ်ပြည်သွားလမ်းသည် တည်ရှိ၏၊ လမ်းခရီးညွှန် ဖြစ်သော သင်သည် တည်ရှိ၏၊ သို့ပါလျက် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ယောက်ျား တစ်ယောက်သည် ခရီးလမ်းမှားကို ယူ၍ နောက်ပြန်လှည့်သွား၍၊ တစ်ယောက်သော ယောက်ျားသည် ချမ်းသာစွာ ရောက်သွားရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေးတော်မူ၏)။
1,337,675
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဂေါတမ ဤအရာ၌ အကျွန်ုပ်သည် အဘယ်ကို ပြုနိုင်အံ့နည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ခရီးလမ်းညွှန်ပြသူသာ ဖြစ်ပါ၏ဟု (လျှောက်၏)။
1,337,676
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ပုဏ္ဏား ဤအတူသာလျှင် နိဗ္ဗာန်သည် တည်ရှိသည်သာတည်း၊ နိဗ္ဗာန်သွားကြောင်း လမ်းခရီးသည် တည်ရှိ၏၊ နိဗ္ဗာန်သို့ ညွှန်ပြနှိုးဆော်သူ ငါသည် တည်ရှိ၏။
1,337,677
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ပါလျက် ငါ၏ တပည့်တို့သည် ငါ ဤသို့ ပြောဆိုဆုံးမသော် အချို့သော ရဟန်းတို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီး စေနိုင်ကုန်၏၊ အချို့သော ရဟန်းတို့သည်ကား မပြီးစီးစေနိုင်ကုန်။
1,337,678
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ဤအရာ၌ ငါသည် အဘယ် ကို ပြုနိုင်အံ့နည်း၊ ပုဏ္ဏား ငါဘုရားသည် နိဗ္ဗာန်လမ်းခရီးကို ညွှန်ကြားသူသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,337,679
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၈။ ဤသို့ မိန့်တော်မူသော် ဂဏကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်ထား၏ “အသျှင်ဂေါတမ အကြင်ပုဂ္ဂိုလ်တို့သည် ယုံကြည်ခြင်း ‘သဒ္ဓါတရား’ မရှိကုန်ဘဲ အသက်မွေးမှု အတွက်သာ ရဟန်းပြုသူများဖြစ်ကုန်၏၊ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊ စဉ်းလဲတတ်သူများ ဖြစ်ကြကုန်၏၊ လှည့်ပတ်တတ်သ...
1,337,680
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကြင် အမျိုးကောင်းသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုသူများ ဖြစ်ကြကုန်၏၊ စဉ်းလဲတတ်သူများ မဟုတ်ကုန်၊ လှည့်ပတ်တတ်သူများ မဟုတ်ကုန်၊ လိမ်လည်ကောက်ကျစ်တတ်သူများ မဟုတ်ကုန်၊ ပျံ့လွင့်သူများ မဟုတ်ကုန်၊ မာန်ထောင်တတ်သူများ့မဟုတ်ကုန်၊ လျှပ်ပေါ်လော်လည်သူများ မဟုတ်ကုန်၊ နှုတ်ထွက်ကြမ်းသူများ မဟုတ်ကုန်...
1,337,681
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဂေါတမ ဥပမာအားဖြင့် အမြစ်နံ့သာဟူသမျှတို့တွင် စန္ဒကူးနက်ကို အမြတ်ဆုံးဟု ဆိုရသကဲ့ သို့လည်းကောင်း၊ အနှစ်နံ့သာဟူသမျှတို့တွင် စန္ဒကူးနီကို အမြတ်ဆုံးဟု ဆိုရသကဲ့သို့လည်းကောင်း၊ အပွင့်နံ့သာဟူသမျှတို့တွင် မုလေးပန်းကို အမြတ်ဆုံးဟု ဆိုရသကဲ့သို့လည်းကောင်း ဤအတူ ယခုလက်ရှိ တရားတို့တွင် အသျှင်ဂေါတမ၏ အဆုံးအမတရားသည်သာလျှင် အမြတ်ဆုံ...
1,337,682
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့ သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်း မှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသောသူတို့သည် အဆ...
1,337,683
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ခုနစ်ခုမြောက် ဂဏက မောဂ္ဂလ္လာနသုတ် ပြီး၏။
1,337,684
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၈-ဂေါပက မောဂ္ဂလ္လာနသုတ်
1,337,685
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,337,686
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးခါစဖြစ်သော အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည်ဝယ် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,337,687
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ မဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရားကြီး၏ သားဖြစ်သော အဇာတသတ်မင်းသည် စန္ဒပဇ္ဇောတမင်း ကို စိုးရိမ်မကင်း ကြောင့်ကြခြင်းရှိသည်ဖြစ်၍ ရာဇဂြိုဟ်မြို့တော်ကို ပြုပြင်စေ၏။
1,337,688
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာ သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်၏။
1,337,689
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏- “ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့် လည်ရန် အလွန်စောသေး၏၊ ငါသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
1,337,690
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် အသျှင်အာနန္ဒာသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန့ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်၏၊ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် အဝေးမှလာသော အသျှင်အာနန္ဒာကို မြင်၍ ဤစကားကို ဆို၏- “အသျှင်အာနန္ဒာ ကြွတော်မူပါ၊ အသျှင် အာနန္ဒာ၏ ကြွလာတော်မူခြင်းသည် ကောင်းမြတ်ပါပေသည်၊ အသျှင်အာနန္ဒာသည် ဤအရပ်သို...
1,337,691
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်အာနန္ဒာသည် ခင်းထားသော နေရာ၌ ထိုင်၏။
1,337,692
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဂေါပကမောဂ္ဂလ္လာန် မည်သော ပုဏ္ဏားသည်လည်း တစ်ခုသော နေရာအနိမ့်ကို ယူ၍ သင့်လျော်ရာ၌ ထိုင်၏။
1,337,693
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင့်လျော်ရာ၌ ထိုင်ပြီးသော ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏- “အသျှင်ဘုရားအာနန္ဒာ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျ...
1,337,694
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူ ထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိသည်သာတည်း။
1,337,695
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား မှန်၏၊ ထိုမြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော် မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ်လမ်းကို သိတော်မူ၍ ‘မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင်အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော်မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင်တော်မူ၍ ‘မဂ္ဂကောဝ...
1,337,696
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ယခုအခါ၌ကား တပည့်တို့သည် မဂ်လမ်းသို့ အစဉ်လိုက်ကုန်လျက် နောက်အခါ၌ မဂ်နှင့်ပြည့်စုံ၍ နေကြကုန်၏ဟု (မိန့်ဆို၏)။
1,337,697
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်အာနန္ဒာ၏ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားနှင့်တကွ မပြီးမပြတ်သေးသော စကားသည် ဖြစ်၏။
1,337,698
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ၌ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရမည်သော ပုဏ္ဏားသည် ရာဇဂြိုဟ်ပြည်၌ အလုပ်တို့ကို အစဉ်လှည့်လည်စစ်ဆေးလျက် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန အသျှင်အာနန္ဒာရှိရာသို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြော ဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင...
1,337,699
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင့်လျော်ရာ၌ ထိုင်နေပြီးသော မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာ အား ဤစကားကို လျှောက်ထား၏- “အသျှင်အာနန္ဒာ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြပါ ကုန်သနည်း၊ သင်တို့၏ မပြီးမပြတ်သေးသော စကားသည်ကား အဘယ်စကားပါနည်း”ဟု (လျှောက် ထား၏)။
1,337,700
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပုဏ္ဏား ငါ့ကို ဂေါပကမောဂ္ဂလ္လာန်ပုဏ္ဏားသည် ဤသို့ ဆို၏-"အသျှင်အာနန္ဒာ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု (ဆို၏)။