id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,701 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ဤသို့ဆိုသည်ရှိသော် ငါသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားအား ဤစကားကို ဆို၏- “ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရား တို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိသည်သာတည်း။ |
1,337,702 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား မှန်၏၊ ထို မြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော်မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ် လမ်းကို သိတော်မူ၍့'မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင်အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော် မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင်တော်မူ၍ ‘မဂ္ဂကေ... |
1,337,703 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ယခု အခါ၌ကား တပည့်တို့ သည် မဂ်လမ်းသို့ အစဉ်လိုက်ကုန်လျက် နောက်အခါ၌ မဂ်နှင့်ပြည့်စုံ၍ နေကြကုန်၏”ဟု (ဆို၏)။ |
1,337,704 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ဤကား ငါတို့၏ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားနှင့်တကွ မပြီးမပြတ်သေးသော စကား ဖြစ်ပေ၏။ |
1,337,705 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ သင်သည် ရောက်လာပေ၏ဟု (ဆို၏)။ |
1,337,706 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၀။ အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်းသည် ငါကွယ် လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှ ရှိပါသလော”ဟု (လျှောက်၏)။ |
1,337,707 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သိတော်မူ မြင်တော်မူ၍ |
1,337,708 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ထားတော်မူခဲ့သော ရဟန်းတစ်ပါးမျှ မရှိပါဟု (မိန့်ဆို၏)။ |
1,337,709 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ် သော “ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလောဟု (လျှောက်၏)။ |
1,337,710 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ယခုအခါ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်း သည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့ တင်ထားသော ရဟန်းတစ်ပါးမျှ မရှိပါဟု (မိန့် ဆို၏)။ |
1,337,711 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ဤသို့ ကိုးကွယ်ရာ မရှိပါဘဲလျက် ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါ နည်းဟု (လျှောက်၏)။ |
1,337,712 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ မရှိကုန်သည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ ရှိကုန်၏၊ တရားလျှင် ကိုးကွယ်ရာ ရှိကုန်၏ဟု (မိန့်ဆို၏)။ |
1,337,713 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာ ဖြစ်လတ္တံ့’ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှ ရှိပါသလော”ဟု ဤသို့ မေးသည်ရှိ သော်-ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သော အခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု သိတော်မူ မြင်တော်မူ၍ ပ... |
1,337,714 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု သံဃာသမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု ဤသို့မေးသည်ရှိသော်- “ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော် မ... |
1,337,715 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ဤသို့ ကိုးကွယ်ရာ မရှိဘဲလျက် “ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”ဟု ဤသို့ မေးသည်ရှိသော်-ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ မရှိသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ ရှိကုန်၏၊ တရားလျှင် ကိုးကွယ်ရာ ရှိကုန်၏”ဟု ဆို၏။ |
1,337,716 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ဤသို့ဆိုသော စကား၏ အဓိပ္ပါယ်ကို အဘယ်သို့ မှတ်ရပါမည် နည်းဟု (လျှောက်၏)၊ |
1,337,717 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၁။ ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူအပ်၏၊ ပါတိမောက် ကို ပြအပ်၏၊ ငါတို့သည် ဥပုသ်နေ့၌ အကြင်မျှလောက်ကုန်သော ရဟန်းတို့သည် တစ်ခုသော ရွာအပိုင်း အခြားကို မှီ၍ နေကုန်၏၊ ထိုအားလုံးသော ရဟန်းတို့သည် တစ်ပေါင်းတည်... |
1,337,718 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပြုစေကုန်သည်ရှိသော် အသျှင်တို့ ပြုစေကုန်သည် မဟုတ်၊ တရားသည်သာလျှင် ပြုစေ၏ တကား၊ အသျှင်အာနန္ဒာ ယခုအခါ သင်တို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှ ရှိပါသလောဟု (လျှောက်၏)။ |
1,337,719 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ယခုအခါ ငါတို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော |
1,337,720 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အရိုအသေအလေးအမြတ် ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှမရှိဟု (မိန့်ဆို၏)။ |
1,337,721 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်အာနန္ဒာ ယခုအခါ၌ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှရှိသလော”ဟု မေးသော်-"ပုဏ္ဏား ယခုအခါ၌ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ် ရာဖြစ်လတ္တံ့’ဟု သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိ... |
1,337,722 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်အာနန္ဒာ ယခုအခါ၌ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသောအခါ ငါတို့၏ ကိုးကွယ်ရာ ဖြစ်လတ္တံ့’ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု မေးသော်- “ပုဏ္ဏား ယခုအခါ၌ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ် လွန်တော်မူသ... |
1,337,723 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်အာနန္ဒာ ‘ယခုအခါ သင်တို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေအလေးအမြတ်ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု မေးသော်-"ပုဏ္ဏား ယခုအခါ၌ ငါတို့သည် အရိုအသေပြုကြရမည် ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေ အလေးအ... |
1,337,724 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ဤဆိုသော စကား၏ အဓိပ္ပါယ်ကို အဘယ်သို့ မှတ်ရပါမည်နည်းဟု (လျှောက်၏)။ |
1,337,725 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ( ကြည်ညိုဖွယ်တရားဆယ်ပါး) |
1,337,726 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၂။ ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြည်ညိုဖွယ်တရားဆယ်ပါးတို့ကို ဟောကြားတော်မူအပ်ကုန်၏၊ အကြင် အကြင်ပုဂ္ဂိုလ်၌ ဤဆယ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေ ပြုကြကုန်၏၊ အလေးပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပ... |
1,337,727 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့ ၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ |
1,337,728 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို စုဆောင်း၏၊ အစ၏ကောင်း ခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော၊ အနက်, သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြတတ်ကုန်သော တရားတို့ကို များ စွာကြားနာဖူးကုန်၏၊ နှုတ်ဖြင့် ဆောင်ဖူးကုန်၏၊ လေ့ကျက်ဖူးကုန်၏၊ စိတ်... |
1,337,729 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ဖြင့် ရောင့်ရဲလွယ်၏။ |
1,337,730 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အထူးစင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းချမ်း သာသာ နေရမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်ပန်းဘဲ ရ၏။ |
1,337,731 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) (ထိုရဟန်းသည်) တစ်ပါးမက များသော အပြားရှိသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေနိုင်၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများအပြား ဖြစ်သွား၏၊ အများအပြား ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်... |
1,337,732 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) (ထိုရဟန်းသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နား နှင့်တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ |
1,337,733 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) (ထိုရဟန်းသည်) တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ'နှင့့်် တကွသော စိတ်ကိုလည်း အမျက်ထွက်ခ... |
1,337,734 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) (ထိုရဟန်းသည်) များစွာသော ရှေး၌ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤရှေး၌ဖြစ်ခဲ့ ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း- တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံး ဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်း ကောင်း၊ နှစ်ဆယ်သောဘဝတို့ကိုလည်းကောင်း၊ သုံးဆယ်သောဘဝတို့ကိုလည်... |
1,337,735 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- “ဤမည်သော ဘဝ၌ ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့သော် ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသ... |
1,337,736 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၈) (ထိုရဟန်းသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်း သောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကို သ... |
1,337,737 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၉) အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်သမာဓိကို အရဟတ္တ ဖိုလ်ပညာကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဝင်စားနေ၏။ |
1,337,738 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၀) ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြည်ညိုဖွယ်တရား ဆယ်ပါးတို့ကို ဟောတော်မူ အပ်ကုန်၏။ |
1,337,739 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤတရားတို့သည် အကြင်ပုဂ္ဂိုလ်၌ ထင်ရှားရှိကုန်၏၊ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေး အမြတ်ပြု၍ မှီနေကြကုန်၏ဟု (မိန့်ဆို၏)။ |
1,337,740 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၃။ ဤသို့ မိန့်တော်မူသော် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် ဥပနန္ဒ မည်သော စစ်သူကြီးကို ပြောဆို၏ - “အသျှင်စစ်သူကြီးသည် ထိုစကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤအသျှင်ကောင်းတို့သည် အရိုအသေပြုထိုက်သူကို အရိုအသေပြုကုန်ငြားအံ့၊ အလေးပြုထိုက်သူကို အလေးပြုကုန်ငြားအံ့၊ မြတ်နိုးထိုက်သူကို မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ထိုက်သူကို... |
1,337,741 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စင်စစ် ဤအသျှင်ကောင်းတို့သည် အရိုအသေပြုထိုက်သူကို အရိုအသေပြုသည် မည်ကုန်၏၊ အလေးပြုထိုက် သူကို အလေးပြုသည် မည်ကုန်၏၊ မြတ်နိုးထိုက်သူကို မြတ်နိုးသည် မည်ကုန်၏၊ ပူဇော်ထိုက်သူကို ပူဇော်သည် မည်ကုန်၏။ |
1,337,742 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်ကောင်းတို့သည် ဤပသာဒနိယတရား ဆယ်ပါးရှိသူကို အရိုအသေ မပြုကုန်ငြားအံ့၊ အလေးမပြုကုန်ငြားအံ့၊ မမြတ်နိုးကုန်ငြားအံ့၊ မပူဇော်ကုန်ငြားအံ့၊ ထိုသို့မပြုသော့်အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ထိုအသျှင်ကောင်းတို့သည် အရိုအသေပြုကုန်ရာအံ့နည်း၊ အလေးပြု ကုန်ရာအံ့နည်း၊ မြတ်နိုးကုန်ရာအံ့နည်း၊ ပူဇော်ကုန်ရာအံ့နည်း၊ အရိုအသေပြု၍ အလေးပ... |
1,337,743 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာကို “အသျှင် အာနန္ဒာသည် ယခုအခါ အဘယ်မှာ နေတော်မူပါသနည်း”ဟု ဤစကားကို လျှောက်၏။ |
1,337,744 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ငါသည် ယခုအခါ ဝေဠုဝန်ကျောင်း၌ နေ၏ဟု (မိန့်ဆို၏)။ |
1,337,745 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိ၏လော၊ တိတ်ဆိတ်သော အသံလည်း ရှိ၏လော၊ ကြွေးကြော်သံလည်း နည်းပါ၏လော၊ လူတို့ အသွားအလာကြောင့် တိုက်ခတ်သောလေ ကင်းပါ၏လော၊ လူတို့လျှို့ဝှက်မှုကို ပြုနိုင်သောနေရာ ဖြစ်ပါ၏ လော၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါ လျော်ပါ၏လောဟု (လျှောက်၏)။ |
1,337,746 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား စင်စစ် ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိ၏၊ တိတ်ဆိတ်သော အသံလည်း ရှိ၏၊ ကြွေးကြော် သံလည်း နည်း၏၊ လူတို့အသွားအလာကြောင့် |
1,337,747 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- တိုက်ခတ်သောလေလည်း ကင်း၏၊ လူတို့လျှို့ဝှက်မှုကို ပြုနိုင်သောနေရာလည်း ဖြစ်၏၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါလည်း လျော်၏။ |
1,337,748 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အသင်တို့ကဲ့သို့သော အစောင့်အရှောက်တို့ကြောင့် ဖြစ်၏ဟု (မိန့်ဆို၏)။ |
1,337,749 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ စင်စစ် ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိပါ၏၊ တိတ်ဆိတ်သော အသံလည်း ရှိပါ၏၊ ကြွေးကြော်သံလည်း နည်းပါး၏၊ လူတို့အသွားအလာကြောင့် တိုက်ခတ်သောလေမှ ကင်း ပါ၏၊ လူတို့ လျှို့ဝှက်မှုကို ပြုနိုင်သောနေရာ ဖြစ်ပါ၏၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ် ခြင်းငှါ လျော်ပါ၏။ |
1,337,750 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် ဈာန်ဝင်စားလေ့ရှိသော အသျှင်တို့ကြောင့် ဖြစ်ပါ၏၊ အသျှင်တို့ သည် ဈာန်လည်း ရကြပါကုန်၏၊ ဈာန်ဝင်စားလေ့လည်း ရှိကြပါကုန်၏။ |
1,337,751 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာ အခါတစ်ပါး၌ ထိုအသျှင်ဂေါတမသည် ဝေသာလီပြည် မဟာဝုန်တောဝယ် အထွတ် တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးနေတော်မူပါ၏၊ အသျှင်အာနန္ဒာ ထိုအခါ၌ အကျွန်ုပ်သည် မဟာဝုန် တော အထွတ်တပ်သော ဇရပ်ကျောင်းနှင့် အသျှင်ဂေါတမရှိရာသို့ ချဉ်းကပ်ပါ၏။ |
1,337,752 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအရပ်၌ ထိုအသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် ဈာန်နှင့်စပ်သော စကားကို ဟောပြောပါ၏၊ ထိုအသျှင်ဂေါတမ သည် ဈာန်လည်း ရပါ၏၊ ဈာန်ဝင်စားလေ့လည်း ရှိပါ၏၊ သို့သော် ထိုအသျှင်ဂေါတမသည် အလုံးစုံသော ဈာန်ကိုမူ ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ |
1,337,753 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၄။ ပုဏ္ဏား စင်စစ် ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဈာန်ကို ချီးမွမ်းသည်လည်း မဟုတ်၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဈာန်ကို မချီးမွမ်းသည်လည်း မဟုတ်၊ ပုဏ္ဏား ထိုမြတ်စွာဘုရား သည် အဘယ်သို့ သဘောရှိသော ဈာန်ကို မချီးမွမ်းသနည်း၊ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် ကာမရာဂထကြွသောင်းကျန်းသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေ၏။ |
1,337,754 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပေါ်နေသော ကာမရာဂ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ကာမရာဂကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုးရှု၏၊ တစိမ့်စိမ့်ရှု၏၊ အဖန် တလဲလဲရှု၏၊ ဗျာပါဒထကြွသောင်းကျန်းသော ဗျာပါဒနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဗျာပါဒ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဗျာပါဒကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမ... |
1,337,755 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိနမိဒ္ဓ ထကြွသောင်းကျန်းသော ထိနမိဒ္ဓနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ထိနမိဒ္ဓ၏ ထွက်မြောက် ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ထိနမိဒ္ဓကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ |
1,337,756 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥဒ္ဓစ္စကုက္ကုစ္စထကြွသောင်းသော ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဥဒ္ဓစ္စကုက္ကုစ္စ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဥဒ္ဓစ္စကုက္ကုစ္စကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ |
1,337,757 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိစိကိစ္ဆာထကြွသောင်းကျန်းသော ဝိစိကိစ္ဆာ နှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဝိစိကိစ္ဆာ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဝိစိကိစ္ဆာကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ |
1,337,758 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ထိုမြတ်စွာဘုရားသည် ဤသို့သဘော ရှိသော ဈာန်မျိုးကို ချီးမွမ်းတော်မမူ။ |
1,337,759 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ထိုမြတ်စွာဘုရားသည် အဘယ်သို့ သဘောရှိသော ဈာန်မျိုးကို ချီးမွမ်းသနည်း၊ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ် ၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ... |
1,337,760 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကြံစည် ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့... |
1,337,761 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ထိုမြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဈာန်မျိုးကို ချီးမွမ်းတော်မူ၏ဟု (မိန့်ဆို၏)။ |
1,337,762 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အသျှင်အာနန္ဒာ ထိုအသျှင်ဂေါတမသည် ကဲ့ရဲ့ထိုက်သော ဈာန်ကို ကဲ့ရဲ့ပေ၏တကား၊ ချီးမွမ်းထိုက် သော ဈာန်ကို ချီးမွမ်းပေ၏တကား၊ အသျှင်အာနန္ဒာ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့ သည် များသောကိစ္စ, များသောပြုလုပ်ဖွယ် ရှိပါကုန်၏ဟု (လျှောက်၏)။ |
1,337,763 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏ ( သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏ )ဟု (မိန့်ဆို၏)၊ ထိုအခါ မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာ ပြောသောစကားကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထကာ ဖဲသွား၏။ |
1,337,764 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ ဂေါပကမောဂ္ဂလ္လာန်ပုဏ္ဏားသည် မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏား ဖဲသွား၍ မကြာမီ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်ထား၏- “အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ အား အကြင်ပုစ္ဆာကို မေးခဲ့ကုန်၏၊ ထိုပုစ္ဆာကို အကျွန်ုပ်အား အသျှင်အာနန္ဒာသည် မဖြေကြားခဲ့”ဟု (ဤ စကားကို လျှောက်၏)။ |
1,337,765 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား သင့်အား ဖြေကြားခဲ့ကုန်ပြီ မဟုတ်လော။ |
1,337,766 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိ သည်သာတည်း။ |
1,337,767 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပုဏ္ဏား မှန်၏၊ ထိုမြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော်မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ်လမ်းကို သိတော်မူ၍ ‘မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင် အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော်မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင် တော်မူ၍ ‘မဂ္ဂကော... |
1,337,768 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှစ်ခုမြောက် ဂေါပက မောဂ္ဂလ္လာနသုတ် ပြီး၏။ |
1,337,769 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၉-မဟာပုဏ္ဏမသုတ် |
1,337,770 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,337,771 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ |
1,337,772 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော လပြည့်ဥပုသ်နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံ့လျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။ |
1,337,773 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ ရဟန်းတစ်ပါးသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ သင်္ကန်းကို စံပယ်တင်လျက် ဘုရားရှိတော်မူရာသို့ လက်အုပ်ချီ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- |
1,337,774 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ပြဿနာကို ဖြေခြင်းငှါ အကယ်၍ ခွင့်ပြုသည် ရှိသော် အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသော အကြောင်းကို မေးလျှောက်လိုပါ၏ဟု (ဤစကား ကို လျှောက်ထား၏)။ |
1,337,775 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ထိုသို့မေးလိုမူ မိမိနေရာ၌ ထိုင်၍ ထိုအလိုရှိသောအကြောင်းကို မေးလော့ဟု (မိန့်တော်မူ၏)။ |
1,337,776 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၆။ ထိုအခါ ထိုရဟန်းသည် မိမိနေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို မေးလျှောက်၏- “အသျှင်ဘုရား ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ရုပ်ဟူသောဥပါဒါနက္ခန္ဓာ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ, သညာဟူသောဥပါဒါနက္ခန္ဓာ, သင်္ခါရဟူသောဥပါဒါနက္ခန္ဓာ, ဝိညာဏ်ဟူသောဥပါဒါနက္ခန္ဓာ ဤသည် တို့ပါလော”ဟု (လျှောက်၏)။ |
1,337,777 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ရုပ်ဟူသော ဥပါဒါန က္ခန္ဓာ, ဝေဒနာဟူသောဥပါဒါနက္ခန္ဓာ, သညာဟူသောဥပါဒါနက္ခန္ဓာ, သင်္ခါရဟူသောဥပါဒါနက္ခန္ဓာ, ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ ဤသည်တို့တည်းဟု (မိန့်တော်မူ၏)။ |
1,337,778 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ မြတ်စွာဘုရားကို တစ်ဆင့်တက်၍ မေးလျှောက်၏- “အသျှင်ဘုရား ငါးပါးကုန် သော ဤဥပါဒါနက္ခန္ဓာတို့သည် အဘယ်တရားလျှင် အကြောင်းရင်းရှိပါကုန်သနည်း”ဟု (လျှောက်၏)။ |
1,337,779 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ငါးပါးကုန်သော ဤဥပါဒါနက္ခန္ဓာတို့သည် တဏှာလျှင် အကြောင်းရင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ |
1,337,780 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ထိုဥပါဒါန်သည် ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဖြစ်ကုန်သလော၊ သို့မဟုတ် ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍ ဖြစ်သလောဟု (လျှောက်၏)။ |
1,337,781 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ထိုဥပါဒါန် သည်ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ မဖြစ်ကုန်၊ ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍လည်း မဖြစ်၊ ရဟန်း ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အကြင်လိုချင်တပ်မက်မှုသည် ရှိ၏၊ ထိုလိုချင် တပ်မက်မှုသည် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဥပါဒါန် ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,337,782 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ လိုချင်တပ်မက်မှုထူးခြားခြင်းသည် ဖြစ်ကောင်းပါ သလောဟု (လျှောက်၏)။ |
1,337,783 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်း ဖြစ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ရဟန်း ဤ လောက၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ အကြံဖြစ်၏- “နောင်အခါ၌ ဤသို့ ရုပ်ရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ ဝေဒနာရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ သညာရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ သင်္ခါရရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ ဝိညာဏ်ရှိသည် ဖြစ်လို၏”ဟု အကြံဖြစ်၏။ |
1,337,784 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤသို့လျှင် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ လိုချင်တပ်မက်မှုထူးခြားခြင်းသည် ဖြစ်၏ဟု (မိန့် တော်မူ၏)။ |
1,337,785 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- မြတ်စွာဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ခန္ဓာတို့၏ ‘ခန္ဓာ’ဟူသော အမည်ခေါ်ဝေါ်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ |
1,337,786 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ် စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည် ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤရုပ် သည် ရူပက္ခန္ဓာမည်၏။ |
1,337,787 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်း သည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး ၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။ |
1,337,788 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ်အနာဂတ်ပစ္စုပ္ပန် ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤသညာသည် သညာက္ခန္ဓာ မည်၏။ |
1,337,789 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတွင်းသန္တာန်၌ ဖြစ်သည့်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤသင်္ခါရသည် သင်္ခါရက္ခန္ဓာမည်၏။ |
1,337,790 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည် ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ် မရှိ အလုံးစုံသော ဤဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏။ |
1,337,791 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤမျှလောက်သော အတိုင်းအရှည်ဖြင့် ခန္ဓာတို့၏ ‘ခန္ဓာ’ဟူသော အမည်ခေါ်ဝေါ်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,337,792 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား ရူပက္ခန္ဓာကို (သဟေတု အဟေတု စသော အပြားတို့ဖြင့်) သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ ဝေဒနာက္ခန္ဓာကို သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ သညာက္ခန္ဓာကို သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ သင်္ခါရက္ခန္ဓာကို သိစေခြင်း၏ အကြ... |
1,337,793 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ရူပက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် မဟာဘုတ်လေးပါးတို့တည်း၊ အထောက် အပံ့သည် မဟာဘုတ်လေးပါးတို့တည်း။ |
1,337,794 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝေဒနာက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ |
1,337,795 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သညာက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ |
1,337,796 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သင်္ခါရက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ |
1,337,797 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဝိညာဏက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် နာမ်ရုပ် တည်း၊ အထောက်အပံ့သည် နာမ်ရုပ်တည်းဟု (မိန့်တော်မူ၏)။ |
1,337,798 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၇။ အသျှင်ဘုရား သက္ကာယဒိဋ္ဌိသည် အဘယ်သို့ ဖြစ်ပါသနည်းဟု (လျှောက်၏)။ |
1,337,799 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ် ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု ရှု၏၊ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင... |
1,337,800 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မှတ်သားမှု ‘သညာ’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) သညာရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ သညာဟုလည်းကောင်း၊ သညာ၌ အတ္တဟုလည်းကောင်း ရှု၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.