id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,801 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြုစီရင်မှု ‘သင်္ခါရ’ တို့ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) သင်္ခါရရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ သင်္ခါရဟုလည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟုလည်းကောင်း ရှု၏။ |
1,337,802 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ |
1,337,803 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤသို့လျှင် သက္ကာယဒိဋ္ဌိသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,337,804 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အသျှင်ဘုရား သက္ကာယဒိဋ္ဌိသည် အဘယ်သို့ မဖြစ်ပါသနည်းဟု (လျှောက်၏)။ |
1,337,805 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်း တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တဟု မရှု၊ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရ... |
1,337,806 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ခံစားမှု ‘ဝေဒနာ’ ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ဝေဒနာရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝေဒနာဟု မရှု၊ ဝေဒနာ၌ အတ္တဟု့မရှု။ |
1,337,807 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မှတ်သားမှု ‘သညာ’ ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) သညာရှိသော အတ္တဟု မရှု၊ အတ္တ၌ သညာဟု မရှု၊ သညာ၌ အတ္တဟု မရှု၊။ |
1,337,808 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြုစီရင်မှု ‘သင်္ခါရ’ တို့ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာ ကို) သင်္ခါရရှိသော အတ္တဟု မရှု၊ အတ္တ၌ သင်္ခါရတို့ဟု မရှု၊ သင်္ခါရတို့၌ အတ္တဟု မရှု။ |
1,337,809 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု မရှု၊ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ |
1,337,810 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤသို့လျှင် သက္ကာယဒိဋ္ဌိသည် မဖြစ်ဟု (မိန့်တော်မူ၏)။ |
1,337,811 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၈။ အသျှင်ဘုရား ရုပ်၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက် မြောက်ရာသည် အဘယ်ပါနည်း။ |
1,337,812 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝေဒနာ၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါ နည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း၊ သညာ၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း။ |
1,337,813 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သင်္ခါရတို့၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း။ |
1,337,814 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏ်၌ သာယာဖွယ်သည် အဘယ် ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။ |
1,337,815 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ရုပ်ကို စွဲ၍ဖြစ်သော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ရုပ်၌ သာယာဖွယ်မည်၏။ |
1,337,816 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရုပ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ပြောင်းလဲခြင်းသဘောသည် ရုပ်၌ အပြစ်မည်၏။ |
1,337,817 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရုပ်၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ရုပ်၌ ထွက်မြောက်ခြင်းမည်၏။ |
1,337,818 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဝေဒနာကို စွဲ၍။ |
1,337,819 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သညာကို စွဲ၍။ |
1,337,820 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သင်္ခါရတို့ကို စွဲ၍။ |
1,337,821 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏ်ကို စွဲ၍ဖြစ်သော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ဝိညာဏ်၌ သာယာဖွယ်မည်၏။ |
1,337,822 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ပြောင်းလဲခြင်းသဘောသည် ဝိညာဏ်၌ အပြစ်မည်၏။ |
1,337,823 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏ်၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ဝိညာဏ်၌ ထွက်မြောက်ခြင်းမည်၏ဟု (မိန့်တော်မူ၏)။ |
1,337,824 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈၉။ အသျှင်ဘုရား အဘယ်သို့သိသူ အဘယ်သို့မြင်သူမှာ ဤဝိညာဏ်ရှိသော မိမိကိုယ်ကောင်, သူတစ်ပါး ကိုယ်ကောင်, အလုံးစုံသော နိမိတ်အာရုံတို့၌ ငါဟူသော အခြင်းအရာ (ဒိဋ္ဌိ), ငါ့ဥစ္စာဟူသော အခြင်းအရာ (တဏှာ)နှင့် အထင်ကိန်းနေမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်သနည်းဟု (လျှောက်၏)။ |
1,337,825 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့ သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည် ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း ကောင်း... |
1,337,826 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အလုံးစုံသော သင်္ခါရတို့ကို အတွင်းသန္တာန်၌ ဖြစ် သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည် ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ် သော အလုံးစုံသော ဝိညာဏ်ကို “ဤဝိညာဏ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤ ဝိညာဏ်သည် ငါ၏အတ္တမဟုတ်”ဟု ... |
1,337,827 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း ဤသို့သိသူ ဤသို့မြင်သူမှာ ဤဝိညာဏ်ရှိသော မိမိကိုယ်ကောင်, သူတစ်ပါးကိုယ်ကောင်, အလုံးစုံသော နိမိတ်အာရုံတို့၌ ငါဟူသော အခြင်းအရာ (ဒိဋ္ဌိ), ငါ့ဥစ္စာဟူသော အခြင်းအရာ (တဏှာ) နှင့် အထင် ကိန်းနေမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ |
1,337,828 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ တစ်ပါးသော ရဟန်းအား ဤသို့ စိတ်အကြံဖြစ်၏-"အချင်တို့ ရုပ်သည် အတ္တ မဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တမဟုတ်၊ ဝိညာဏ် သည် အတ္တ မဟုတ်သတတ်၊ အတ္တသဘောကင်းသော ခန္ဓာအစု၌ တည်၍ ပြုထားကုန်သော အမှုတို့သည် အဘယ်အတ္တကို တွေ့ထိကုန်အံ့နည်း”ဟု (စိတ်အကြံဖြစ်၏)။ |
1,337,829 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်း၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ ဤလောက၌ အချို့သော မသိသော အဝိဇ္ဇာဖုံးသော မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော သူသည် တဏှာကြီးစိုးသော စိတ်ဖြင့် ‘အချင်း တို့ ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တ မဟုတ်၊ ဝိညာဏ်သည် အတ္တမဟုတ်... |
1,337,830 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် သင်တို့ကို ထိုထိုတရားတို့၌ အဖန်ဖန် သွန်သင် ထား၏။ |
1,337,831 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ |
1,337,832 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,337,833 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ထိုရုပ်ကို “ဤရုပ်သည် ငါ့ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ တည်း”ဟု ရှုရန် သင့်သလောဟု (မေးတော်မူ၏)။ |
1,337,834 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မရှုသင့် ပါဟု (လျှောက်ကြကုန်၏)။ |
1,337,835 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ခံစားခြင်း ‘ဝေဒနာ'သည်။ |
1,337,836 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မှတ်သားခြင်း ‘သညာ'သည်။ |
1,337,837 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြုစီရင်မှု ‘သင်္ခါရ'တို့သည်။ |
1,337,838 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အထူးသိမှု ‘ဝိညာဏ်'သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ |
1,337,839 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,337,840 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ဤဝိညာဏ် သည် ငါ့ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ တည်း”ဟု ရှုရန် သင့်သလောဟု (မေးတော်မူ၏)။ |
1,337,841 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မရှုသင့်ပါဟု (လျှောက်ကြကုန်၏)။ |
1,337,842 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်း သည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ အနီး၌တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်ကို “ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤရုပ်ကိ... |
1,337,843 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အလုံးစုံသော ခံစားခြင်း ‘ဝေဒနာ'ကို။ |
1,337,844 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အလုံးစုံသော မှတ်သားခြင်း ‘သညာ'ကို။ |
1,337,845 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အလုံးစုံသော ပြုစီရင်မှု ‘သင်္ခါရ'တို့ကို။ |
1,337,846 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော အထူးသိမှု ‘ဝိညာဏ်'ကို “ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်မှန်တို... |
1,337,847 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ဤသို့ရှုမြင်သည်ရှိသော် အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့် ‘သာဝက'သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်းကင်း၏၊ တပ်မက်ခြင်းကင်းသော် ကိလေသာ မှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ပြီးသော် ‘ငါသည် ကိလေသာမှ... |
1,337,848 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို ရဟန်းတို့သည် မြတ်စွာဘုရား ဟော တော်မူသော တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ၊ ဤအမေးအဖြေ ဒေသနာတော့်ကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ် အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့သည် တစ်စုံ တစ်ခုကိုမျှ မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်ကုန်၏။ |
1,337,849 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကိုးခုမြောက် မဟာပုဏ္ဏမသုတ် ပြီး၏။ |
1,337,850 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀-စူဠပုဏ္ဏမသုတ် |
1,337,851 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,337,852 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံး နေတော်မူ၏။ |
1,337,853 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော ထိုလပြည့် ဥပုသ်နေ့ ညဉ့်၌ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။ |
1,337,854 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် တိတ်တိတ် ဆိတ်ဆိတ်ဖြစ်သော ရဟန်းအပေါင်းကို ကြည့်ရှုတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်းဟု သိနိုင်သလော”ဟု (မေးတော် မူ၏)။ |
1,337,855 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မသိနိုင်ပါဟု (လျှောက်ကြကုန်၏)။ |
1,337,856 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်မာ သည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာ မဟုတ်။ |
1,337,857 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်းတည်းဟု သိနိုင်သလော”ဟု (မေးတော်မူ၏)။ |
1,337,858 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ဟုတ် မှန်၏၊ ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်းတည်း”ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာမဟုတ်။ |
1,337,859 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏၊ သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏၊ သူယုတ်မာတို့၏ အကြံကို ကြံလေ့ရှိ၏၊ သူယုတ်မာတို့၏ အတိုင်အပင်ကို တိုင်ပင်လေ့ရှိ၏၊ သူယုတ်မာစကားကို ပြောလေ့ရှိ၏၊ သူယုတ်မာအမှုကို ပြုလေ့ရှိ၏၊ သူယုတ်မာအယူကို ယူလေ့ရှိ၏၊ သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။ |
1,337,860 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤ လောက၌ သူယုတ်မာသည် ယုံကြည်မှု သဒ္ဓါတရားမရှိ၊ အရှက်မရှိ၊ အကြောက်မရှိ၊ အကြားအမြင်နည်း၏၊ ပျင်းရိ၏၊ သတိမေ့၏၊ ပညာကင်း၏။ |
1,337,861 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏။ |
1,337,862 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ယုံကြည်ခြင်း သဒ္ဓါတရားမရှိကုန် အရှက်မရှိကုန် အလန့်မရှိကုန် အကြားအမြင်နည်းကုန် ပျင်းရိကုန် သတိမေ့ကုန် ပညာကင်းကုန်သော သမဏဗြာဟ္မဏတို့သည် သူယုတ်မာ၏ မိတ်ဆွေဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ |
1,337,863 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏။ |
1,337,864 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအကြံကို ကြံလေ့ရှိသနည်း၊ ရဟန်းတို့ ဤ လောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ |
1,337,865 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ |
1,337,866 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အကြံကို ကြံလေ့ရှိ၏။ |
1,337,867 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအတိုင်ပင်ကို တိုင်ပင်လေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏၊ သူတစ်ပါးကို ဆင်းရဲ စေခြင်းငှါလည်း တိုင်ပင်၏၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏။ |
1,337,868 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။ |
1,337,869 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာစကားကို ပြောဆိုလေ့ရှိသနည်း၊ ရဟန်းတို့ဤလောက၌ သူယုတ်မာသည် မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ ကုန်းချောစကားကို ပြောဆိုလေ့ရှိ၏။ |
1,337,870 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကြမ်းတမ်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏။ |
1,337,871 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာစကားကို ပြောဆိုလေ့ရှိ၏။ |
1,337,872 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအမှုကို ပြုလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှား ယွင်းသောအကျင့်ကို ကျင့်လေ့ရှိ၏။ |
1,337,873 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာအမှုကို ပြုလေ့ ရှိ၏။ |
1,337,874 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၏အယူကို ယူလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် “ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုးသည်မရ... |
1,337,875 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ၏ အယူကို ယူလေ့ရှိ၏။ |
1,337,876 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အလှူကို မရိုမသေ လှူ၏၊ ကိုယ်တိုင် မပေးလှူ၊ စိတ်ပါလက်ပါ မပေးလှူ၊ စွန့်ပစ်သကဲ့သို့ ပေးလှူ၏၊ အကျိုးရှိလိမ့်မည်ဟု အယူမရှိဘဲ ပေးလှူ၏။ |
1,337,877 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။ |
1,337,878 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူယုတ်မာသည် ဤသို့ သူယုတ်မာတရားနှင့် ပြည့်စုံ၍ ဤသို့ သူယုတ်မာ၌ ဆည်း ကပ်ခြင်းရှိ၍ ဤသို့သူယုတ်မာအကြံကို ကြံလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ စကားကို ပြောဆို၍ ဤသို့ သူယုတ်မာ၏အမှုကို ပြုလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အယူကို ယူလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အလှူကို ပေးလှူ၍ ကိ... |
1,337,879 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူယုတ်မာတို့၏ လားရာဂတိကား အဘယ်နည်း၊ ငရဲသော်လည်းကောင်း၊ တိရစ္ဆာန်သော်လည်းကောင်း ဖြစ်၏။ |
1,337,880 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၂။ ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်း တည်း”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,337,881 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား သိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,337,882 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ဟုတ်မှန်၏။ |
1,337,883 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော် ကောင်းတည်း”ဟု သိနိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။ |
1,337,884 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,337,885 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင် ဘုရား သိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,337,886 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ရာသောကြောင်းသည် ရှိသည်သာတည်း။ |
1,337,887 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံ၏၊ သူတော်ကောင်း၌ ဆည်းကပ်ခြင်း ရှိ၏၊ သူတော်ကောင်း အကြံကို ကြံလေ့ရှိ၏၊ သူတော်ကောင်းတို့ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏၊ သူတော်ကောင်းတို့၏ စကားကို ပြောဆို၏၊ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၏၊ သူတော်ကောင်း တို့၏ အယူကို ယူလေ့ရှိ၏၊ သူတော်ကောင်းတို့၏ အလှူကို ပေးလှူ၏။ |
1,337,888 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ယုံကြည်မှု သဒ္ဓါတရား ရှိ၏၊ အကုသိုလ်မှ ရှက်ခြင်း ရှိ၏၊ အကုသိုလ်မှ လန့်ခြင်းရှိ၏၊ အကြားအမြင်များ၏၊ လုံ့လကို အားထုတ်၏၊ ရှေးရှုထင်သော သတိရှိ၏၊ ပညာရှိ၏။ |
1,337,889 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ |
1,337,890 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း၌ ဆည်းကပ်ခြင်းရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ယုံကြည်မှုသဒ္ဓါတရားရှိကုန်သော၊ အကုသိုလ်မှ ရှက်ခြင်းရှိကုန်သော၊ အကုသိုလ် မှ လန့် ခြင်းရှိကုန်သော၊ အကြားအမြင်များကုန်သော၊ လုံ့လကို အားထုတ်ကုန်သော၊ ရှေးရှုထင်သော သတိရှိကုန်သော၊ ပညာရှိကုန်သော သမဏဗြာဟ္မဏတို့သည် ထိုသူတော်ကောင်း၏ ... |
1,337,891 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း၌ ဆည်းကပ် ခြင်းရှိ၏။ |
1,337,892 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအကြံကို ကြံလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိဆင်းရဲစေခြင်းငှါ မကြံ၊ သူတစ်ပါး ဆင်းရဲခြင်းစေခြင်းငှါ မကြံ၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မကြံ။ |
1,337,893 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အကြံကို ကြံလေ့ရှိ၏။ |
1,337,894 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအတိုင်ပင်ကို တိုင်ပင်လေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်။ |
1,337,895 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော် ကောင်းသည် သူတော်ကောင်း အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။ |
1,337,896 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းစကားကို ပြောဆိုသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏။ |
1,337,897 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းစကားကို ပြောဆို၏။ |
1,337,898 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအမှုကို ပြုလုပ်သနည်း၊ ရဟန်း တို့ ဤလောက၌ သူတော်ကောင်းသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊ ကာမတို့၌ မှားယွင်းသောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ |
1,337,899 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအမှုကို ပြုလုပ်၏။ |
1,337,900 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အယူကို ယူလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ဤသို့ ယူလေ့ရှိ၏ “ပေးလှူအပ်သော အလှူ၏ အကျိုး သည် ရှိ၏၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.