id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,901 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူတော် ကောင်းသည် သူတော်ကောင်းအယူကို ယူလေ့ရှိ၏။ |
1,337,902 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အလှူကို ရိုရိုသေသေ ပေးလှူ၏၊ ကိုယ်တိုင် လှူ၏၊ စိတ်ပါ လက်ပါလှူ၏၊ စွန့်ပစ်သကဲ့သို့ မလှူ၊ အကျိုးရှိလိမ့်မည်ဟု အယူရှိ၍ လှူ၏။ |
1,337,903 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤ သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို လှူ၏။ |
1,337,904 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၈) ရဟန်းတို့ သူတော်ကောင်းသည် ဤသို့ သူတော်ကောင်းတရားနှင့် ပြည့်စုံ၍ ဤသို့ သူတော် ကောင်း၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့ သူတော်ကောင်းအကြံကို ကြံလေ့ရှိ၍ ဤသို့ သူတော်ကောင်း အတိုင် ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူတော်ကောင်းစကားကို ပြောဆို၍ ဤသို့ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၍ ဤသို့ သူတော်ကောင်းအယူကို ယူလေ့ရှိ၍ ဤသို့ သူတော်ကောင်... |
1,337,905 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော် ကောင်းတို့၏ လားရာဂတိသည်ကား အဘယ်နည်း၊ မြတ်သော ခြောက်ပါးသော ကာမဝစရနတ် အဖြစ်လည်းကောင်း၊ မြတ်သော လူအဖြစ်လည်းကောင်းတည်းဟု (မိန့်တော်မူ၏)။ |
1,337,906 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ |
1,337,907 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဆယ်ခုမြောက် စူဠပုဏ္ဏမသုတ် ပြီး၏။ |
1,337,908 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှေးဦးစွာသော ဒေဝဒဟဝဂ် ပြီး၏။ |
1,337,909 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၂-အနုပဒဝဂ် |
1,337,910 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁-အနုပဒသုတ် |
1,337,911 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,337,912 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သာရိပုတြာသည် (အကြောင်းဟုတ် မဟုတ်ကို) သိသော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် မြတ်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် မြေကြီးကဲ့သို့ ကြီးသော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ရွှင်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် လျင်မြန်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ထက်မြက်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ကိလေသာကို ဖေ... |
1,337,913 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအစဉ်အတိုင်းဖြစ်သော ရှုဖွယ်သဘောတရားတို့ကို ရှုခြင်း၌ ဤ ဆိုလတ္တံ့သည်ကား သာရိပုတြာ၏ ရှုခြင်းတည်း။ |
1,337,914 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၄။ ရဟန်းတို့ သာရိပုတြာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမ ဈာန်သို့ ရောက်၍ နေ၏။ |
1,337,915 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပဌမဈာန်သမာပတ်အတွင်း၌ ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’၊ နှစ်သိမ့်ခြင်း'ပီတိ’၊ ချမ်းသာခြင်း ‘သုခ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝ... |
1,337,916 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာ သည် ဤသို့ သိ၏။ |
1,337,917 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထိုသဘောတရားတို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်)မယှဉ်၊ ပြုအပ်သောအပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာ သည် “ထို့ထက်အလွန် ထွက်မြောက်ရာ သည်ရှိ၏”ဟု သိ၏။ |
1,337,918 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,919 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါး စေတတ်သော ကြံစည်ခြင်း ‘ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'မရှိသော တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း... |
1,337,920 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဒုတိယဈာန်သမာပတ်အတွင်း၌ မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော ‘သဒ္ဓါ’၊ နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ |
1,337,921 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- တွေ့ထိခြင်း'ဖဿ’၊ ခံစားခြင်း'ဝေဒနာ’၊ မှတ်သား ခြင်း ‘သညာ’၊ တိုက်တွန်းခြင်း'စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ် ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ'နှင့် နှလုံး သွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဉ်အတိုင်း ပိုင်း... |
1,337,922 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့် ) ကပ်ရောက် ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သောအပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏၊ ထို သာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ |
1,337,923 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,924 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာသုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ |
1,337,925 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင် (တတိယဈာန်) ကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာ စွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ တတိယဈာန်သမာပတ်အတွင်း၌ ချမ်းသာခြင်း ‘သုခ’၊ အောက်မေ့ခြင်း ‘သတိ’၊ အပြားအားဖြင့်သိခြင်း ‘ပညာ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေ... |
1,337,926 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ် ဖြစ်ပေါ်လာ ကုန်၏၊ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏။ |
1,337,927 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထို တရားတို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒ ရာဂ ဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်း့အခြားမရှိသော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ |
1,337,928 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ်ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,929 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) ရဟန်တို့ တစ်ဖန်လည်း သာရိပုတ္တရာသည် ချမ်းသာခြင်း ဆင်းရဲခြင်းကို ပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ |
1,337,930 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စတုတ္ထ ဈာန်သမာပတ်အတွင်း၌ လျစ်လျူရှုသော ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ် သော ခံစားခြင်း ‘ဝေဒနာ’၊ စိတ်ငြိမ်းအေးခြင်းကြောင့် နှလုံးမသွင်းခြင်း၊ စင်ကြယ်သော သတိ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကိုသိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံး... |
1,337,931 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုသာရိပုတြာသည် ထိုတရား တို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြား မရှိ သော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ |
1,337,932 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာရှိသည်သာ တည်းဟု မြဲစွာဖြစ်၏။ |
1,337,933 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံး သွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ |
1,337,934 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကာသာနဉ္စာယတနသမာပတ်အတွင်း၌ အာကာသာနဉ္စာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကိုသိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် နှလုံး... |
1,337,935 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘော တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ |
1,337,936 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါ ခြင်းမရှိ၊ (တဏှာ ဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ) ဖြင့် မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ |
1,337,937 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက် မြောက်ရာသည် ရှိ၏”ဟု သိ၏။ |
1,337,938 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက် အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,939 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ |
1,337,940 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏဉ္စာယတနသမာပတ်အတွင်း၌ ဝိညာဏဉ္စာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊့တွေ့ထိခြင်း'ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ ခြင်း ‘သတိ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် နှလုံးသွင်း... |
1,337,941 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရား တို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ် ဖြစ်ပေါ်လာကုန်၏။ |
1,337,942 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိ ပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့ ၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသ ဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့်) မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက် တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ |
1,337,943 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် “ထို့ ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ |
1,337,944 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထို သာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,945 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ |
1,337,946 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကိဉ္စညာယတန သမာပတ်အတွင်း၌ အာကိဉ္စညာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလို ခြင်း ‘ဆန္ဒ’၊ အာရုံကို ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ် လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် နှလုံ... |
1,337,947 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ |
1,337,948 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ) ဖြင့် မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ |
1,337,949 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ |
1,337,950 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ |
1,337,951 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထ၏၊ ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော တရားတို့ကို “ဤသို့လျှင် ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ |
1,337,952 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု အပေါင်း (ကလာပ) အားဖြင့် ရှု၏။ |
1,337,953 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသ ဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက် တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ |
1,337,954 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန့်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ |
1,337,955 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာအား မဂ် ပညာဖြင့် (သစ္စာလေးပါးတို့ကို) မြင်ရခြင်းကြောင့် အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ထို သာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထ၏၊ ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ) နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော တရားတို့ကို “ဤသို့လျှင် ဤသဘောတရားတို့သည် ရှေးက ထ... |
1,337,956 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာ ဒိဋ္ဌိဖြင့်) မမှီ၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ |
1,337,957 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို သာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် မရှိတော့”ဟု သိ၏။ |
1,337,958 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ မရှိတော့သည်သာတည်းဟု မြဲစွာ ဖြစ်၏။ |
1,337,959 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၇။ ရဟန်းတို့ “မြတ်သော သီလ၌ အလေ့အလာများသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက် ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သောသမာဓိ၌ အလေ့အလာများသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သောပညာ၌ အလေ့အလာ များသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သော ကိလေ... |
1,337,960 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ “မြတ်စွာဘုရား၏ သားတော်, ရင်နှစ်တော်, ခံတွင်းတော်မှ ဖွားမြင်သူ, တရား ကြောင့် ဖြစ်ပေါ်လာသူ, တရားဖြင့်ဖန်ဆင်းထားသူ, တရားအမွေခံယူသူ, အာမိသအမွေခံ မဟုတ်သူဟူ၍ ပြောဆိုလိုလျှင် သာရိပုတြာကိုသာလျှင် ကောင်းစွာ ပြောဆိုရာ၏။ |
1,337,961 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သာရိပုတြာသည် ငါဘုရား ဖြစ်စေ လည်စေအပ်သော အတုမဲ့မြတ်သော တရားစကြာကို ကောင်းစွာသာလျှင် အတုလိုက်၍ ဖြစ်စေ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။ |
1,337,962 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ |
1,337,963 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှေးဦးစွာသော အနုပဒသုတ် ပြီး၏။ |
1,337,964 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂-ဆဗ္ဗိသောဓနသုတ် |
1,337,965 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,337,966 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့် တော်မူ၏။ |
1,337,967 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ နောက်တစ်ဖန် (မဂ်) ကိစ္စအတွက် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ |
1,337,968 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်၊ မပယ် မြစ်အပ်။ |
1,337,969 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မနှစ်သက် မပယ်မြစ်မူ၍ ပြဿနာ မေးရမည်။ |
1,337,970 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤလေးမျိုးသော ပြောဆိုခြင်းတို့ကို ကောင်းစွာ ဟောကြားတော်မူ၏။ |
1,337,971 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ့အဘယ်လေးမျိုးတို့နည်းဟူမူ- မြင်သည်၌ မြင်၏ဟု ပြောခြင်းလည်းကောင်း၊ ကြားသည်၌ ကြား၏ဟု ပြောခြင်းလည်းကောင်း၊ တွေ့သည်၌ တွေ့၏ဟု ပြောခြင်းလည်းကောင်း၊ သိသည်၌ သိ၏ဟု ပြောခြင်းလည်းကောင်း။ |
1,337,972 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားသော လေးမျိုးသော ပြောဆိုခြင်းတို့ကား ဤသည်တို့တည်း။ |
1,337,973 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤလေးမျိုး သော ပြောဆိုခြင်းတို့၌ အဘယ်သို့ သိသည် အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (ပြဿနာမေးရမည်)။ |
1,337,974 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ အာသဝေါကုန်ခန်းပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော မဂ်ကိစ္စဟူသော ပြုဖွယ်ကိစ္စ ကို ပြုပြီးသော ဝန်ကို ချထားပြီးသော မိမိအကျိုးဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ဘဝ သံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးသော ရဟန္တာပုဂ္ဂိုလ်ဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ |
1,337,975 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် မြင်သည်၌ (ရာဂဖြင့်) ကပ်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့်) မဖွဲ့၊ (ကာမရာဂ သံယောဇဉ်မှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ |
1,337,976 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် ကြားသည်၌။ |
1,337,977 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် တွေ့သည်၌။ |
1,337,978 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် သိသည်၌ (ရာဂဖြင့်) ကပ်ခြင်း မရှိ၊ (ဒေါသဖြင့်)ဖဲခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ)ဖြင့် မဖွဲ့၊ (ကာမရာဂ သံယောဇဉ်မှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ |
1,337,979 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဤလေးမျိုးသော ပြောဆိုခြင်းတို့၌ ဤသို့ သိသည် ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြော၏)။ |
1,337,980 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန္တာ ပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို ကောင်း၏ဟု နှစ်သက်ဝမ်း မြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။ |
1,337,981 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉၉။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤငါးမျိုးသော ဥပါဒါနက္ခန္ဓာတို့ကို ကောင်းစွာ ဟောကြားထား၏။ |
1,337,982 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ငါးမျိုးတို့နည်းဟူမူ- ရုပ်ဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ သညာဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ သင်္ခါရဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း။ |
1,337,983 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားသော ငါးပါး သော ဥပါဒါနက္ခန္ဓာတို့သည် ဤသည်တို့တည်း။ |
1,337,984 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အဘယ်သို့ သိသည် အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (မေးအပ်၏)။ |
1,337,985 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချပြီး မိမိအကျိုးဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ပညာဖြင့် ကိလေသာ မှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ |
1,337,986 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် ရုပ်ကို အားမရှိ၊ ပျက်စီးခြင်းသို့ ရောက်ခြင်းသဘော ရှိ၏၊ သက်သာရာ မရှိဟု သိခြင်းကြောင့် ရုပ်၌ ကပ်ရောက်စွဲလမ်းတတ်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ် မြောက်ပြီ”ဟု သိ၏။ |
1,337,987 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် ဝေဒနာကို။ |
1,337,988 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် သညာကို။ |
1,337,989 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် သင်္ခါရတို့ကို။ |
1,337,990 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် ဝိညာဏ်ကို အားမရှိ၊ ပျက်စီးခြင်းသို့ ရောက်သောသဘော ရှိ၏၊ သက်သာရာမရှိဟု သိခြင်းကြောင့် ဝိညာဏ်၌ ကပ်ရောက့်စွဲလမ်းတတ်ကုန်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်း ကြောင့် “ငါ၏ စိတ်သည် လွတ်မြောက်ပြီ”ဟု သိ၏။ |
1,337,991 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြောဆို၏)။ |
1,337,992 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက် ရမည်၊ “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် အလွန်ဖြစ်သော ပြဿနာကို မေးမြန်းအပ်၏။ |
1,337,993 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော ဓာတ်တို့ကို ကောင်းစွာ ဟောကြားထား တော်မူ၏။ |
1,337,994 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ခြောက်ပါးတို့နည်းဟူမူ- တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်လည်းကောင်း၊ ဖွဲ့စည်းတတ် သော ‘အာပေါ'ဓာတ်လည်းကောင်း၊ ရင့်ကျက်စေသော ‘တေဇော'ဓာတ်လည်းကောင်း၊ ထောက်ကန်တတ် သော ‘ဝါယော’ ဓာတ်လည်းကောင်း၊ မတွေ့ထိကောင်းသော ‘အာကာသ’ ဓာတ်လည်းကောင်း၊ သိတတ်သော ‘ဝိညာဏ'ဓာတ်လည်းကောင်း။ |
1,337,995 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားတော်မူသော ခြောက်ပါးသော ဓာတ်တို့သည် ဤသည်တို့တည်း။ |
1,337,996 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤခြောက်ပါးသော ဓာတ်တို့၌ အဘယ်သို့ သိသည် ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရား တို့မှ လွတ်သနည်းဟု (မေးအပ်၏)။ |
1,337,997 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကို ချထားပြီး မိမိအကျိုး ဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ |
1,337,998 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို အတ္တဟူ၍ မယူမကပ်၊ တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို မှီသော ရုပ်နာမ်တရားကိုလည်း အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ မကပ်၊ တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို မှီကုန်သော၊ ကပ်ရောက်စွဲလမ်း တတ်ကုန်သော၊ စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ... |
1,337,999 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် ဖွဲ့စည်းတတ်သော ‘အာပေါ’ ဓာတ်ကို။ |
1,338,000 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် ရင့်ကျက်စေတတ်သော ‘တေဇော'ဓာတ်ကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.