id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,001 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် ထောက်ကန်တတ်သော ‘ဝါယော’ ဓာတ်ကို။ |
1,338,002 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် မတွေ့ထိကောင်းသော ‘အာကာသ’ ဓာတ်ကို။ |
1,338,003 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် ငါသည် သိတတ် သော ‘ဝိညာဏ'ဓာတ်ကို အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ သိတတ်သော ‘ဝိညာဏ'ဓာတ်ကို မှီသော ရုပ်နာမ်တရားကိုလည်း အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ သိတတ်သော ဝိညာဏဓာတ်ကို မှီကုန်သော၊ ကပ်ရောက်စွဲလမ်းတတ်ကုန်သော၊ စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ခ... |
1,338,004 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဤခြောက်ပါးသော ဓာတ်တို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြောဆို၏)။ |
1,338,005 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို ကောင်း၏ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။ |
1,338,006 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၁။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော အတွင်း အပ၌ ဖြစ်ကုန်သော အာယတနတို့ ကို ကောင်းစွာ ဟောကြားထားတော်မူ၏။ |
1,338,007 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ခြောက်ပါးတို့နည်းဟူမူ- မျက်စိနှင့်အဆင်း, နားနှင့် အသံ, နှာခေါင်းနှင့် အနံ့, လျှာနှင့် အရသာ, ကိုယ်နှင့် အတွေ့အထိ, စိတ်နှင့် သဘောဓမ္မာရုံတို့တည်း။ |
1,338,008 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူ သော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားတော်မူသော ခြောက်ပါးသော အတွင်းအပ၌ ဖြစ် ကုန်သော အာယတနတို့သည် ဤသည်တို့တည်း။ |
1,338,009 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤခြောက်ပါးသော အတွင်းအပ၌ ဖြစ်ကုန်သော အာယတနတို့၌ အဘယ်သို့ သိသည်ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (မေးအပ်၏)။ |
1,338,010 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချထားပြီး မိမိအကျိုးဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ |
1,338,011 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ငါ့သျှင် မျက်စိ, အဆင်း, စက္ခုဝိညာဏ်, စက္ခုဝိညာဏ်ဖြင့် သိထိုက်ကုန်သော တရားတို့၌ လိုချင်ခြင်း ‘တဏှာဆန္ဒ’၊ တပ်စွန်းခြင်း ‘တဏှာရာဂ’၊ အလွန်နှစ်သက်ခြင်း ‘သပ္ပီတိကတဏှာ’၊ ငြိကပ်ခြင်း ‘တဏှာ’၊ ကပ်ရောက် စွဲလမ်းတတ်ကုန်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်း ဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင... |
1,338,012 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် နား, အသံ, သောတဝိညာဏ်။ |
1,338,013 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ နှာခေါင်း, အနံ့, ဃာနဝိညာဏ်။ |
1,338,014 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ လျှာ, အရသာ, ဇိဝှါဝိညာဏ်။ |
1,338,015 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ကိုယ်, အတွေ့ အထိ, ကာယဝိညာဏ်။ |
1,338,016 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငါ့သျှင် စိတ်, သဘောဓမ္မာရုံ, မနောဝိညာဏ်, မနောဝိညာဏ်ဖြင့် သိထိုက်ကုန်သော တရားတို့၌ လိုချင်ခြင်း ‘တဏှာဆန္ဒ’၊ တပ်စွန်းခြင်း ‘တဏှာရာဂ’၊ အလွန်နှစ်သက်ခြင်း ‘သပ္ပီတိကတဏှာ’၊ ငြိကပ်ခြင်း ‘တဏှာ’၊ ကပ်ရောက်စွဲလမ်းတတ်ကုန် သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခ... |
1,338,017 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဤ ခြောက်ပါးကုန်သော အတွင်း အပသန္တာန်၌ ဖြစ်ကုန်သော အာယတနတို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ဆို၏)။ |
1,338,018 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။ |
1,338,019 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၂။ အဘယ်သို့ သိသည်ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်သည် ဝိညာဏ်ရှိသော မိမိကိုယ်ကောင်၌လည်းကောင်း၊ သူတစ်ပါးကိုယ်ကောင်၌လည်းကောင်း၊ အလုံးစုံသော ပြင်ပအာရုံတို့၌လည်းကောင်း ငါ ဟူသော အခြင်းအရာ ငါ့ဥစ္စာဟူသော အခြင်းအရာ ထင်မှားခြင်း ကိန်းဝပ်မှု ‘အနုသယ’ တို့ကို ပယ်ထားသနည်းဟု (မေးအပ်၏)။ |
1,338,020 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချထားပြီး မိမိအကျိုးဟူသော အရ ဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ် ကုန်ပြီး ကောင်းစွာ မဂ်ပညာဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာ ဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ |
1,338,021 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ငါသည် ရှေးလူ့ဘောင်၌ နေစဉ်က မသိမမြင်ခဲ့ချေ၊ ထိုငါ့အား မြတ်စွာဘုရားသည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သည်လည်းကောင်း တရားဟော၏၊ ငါသည် ထိုတရားကို ကြားနာရသောကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုငါသည် ထိုယုံကြည်မှုရခြင်းနှင့် ပြည့်စုံ၍ ဤသို့ ဆင်ခြင်၏ “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြော... |
1,338,022 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ထိုငါသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ များစွာသော ဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ နည်းသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း၊ များသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း ဆံမုတ်ဆိတ်တို့ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝ... |
1,338,023 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြတ်သော အကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့အထဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ အမှန်ချည်းဖြစ်အောင် ဆက်စပ်တတ်၏၊ |
1,338,024 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- တည်သော စကားရှိ၏၊ ယုံကြည်ထိုက် သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူ မဟုတ်၊ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင် ကြဉ်၏၊ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့ထံ၌ မပြောတတ်၊ ဤသူတို့နှင့် ထိုသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ဤကွဲပြားသူတို့ကိုလည်း စေ့စ... |
1,338,025 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းပြုသော စကားကိုသာ ဆိုလေ့ရှိ၏၊ ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ် ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူ အများနှစ်ခြိုက်၏၊ ထို... |
1,338,026 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သော... |
1,338,027 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်း ယူပြီး ဖြစ်၍သာလျှင် သွား၏။ |
1,338,028 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥပမာအားဖြင့် အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံ၏။ |
1,338,029 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဤအတူသာလျှင် ငါသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာ မျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ |
1,338,030 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစားဖူး၏။ |
1,338,031 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၃။ ထိုငါသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (ယောကျ်ားမိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတိ... |
1,338,032 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြား သော်။ |
1,338,033 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဠဗ္ဗာရုံ'ကို တွေ့ထိသော်။ |
1,338,034 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ စိတ်ဖြင့် သဘော'ဓမ္မာရုံ'ကို သိသော် (မိန်းမ ယောကျ်ားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူ အရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်း ကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရား တို့သည် ထိုမစောင့်စည... |
1,338,035 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း သည် ဤမြတ်သော ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ ဖြစ်သော (ကိလေ သာနှင့်) မရောသော ချမ်းသာကို ခံစားဖူး၏။ |
1,338,036 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် ရှေးသို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရှုကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်... |
1,338,037 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍) ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့့််လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကိ... |
1,338,038 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီး နောက်၌ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှူ သတိကို ဖြစ်စေလျက် ထိုင်၏။ |
1,338,039 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ'ကို ပယ်၍ မက်မော ခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေဖူး၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။ |
1,338,040 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ့ပျက်စီးစေလိုသော ‘ဒေါသ’ ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ‘ဒေါသ'မှ စိတ်ကို စင်ကြယ်စေဖူး၏။ |
1,338,041 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။ |
1,338,042 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ'ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေဖူး၏။ |
1,338,043 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။ |
1,338,044 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ယုံမှားခြင်း ‘ဝိစိကိစ္ဆာ'ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ'ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ နေဖူး၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ'မှ စိတ်ကို စင်ကြယ်စေဖူး၏။ |
1,338,045 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၄။ ထိုငါသည် စိတ်၏ ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန် သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ... |
1,338,046 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင် စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ'ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်း သာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့။ |
1,338,047 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေဖူးပြီ။ |
1,338,048 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုငါသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် အညစ် အကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေဖူးပြီ။ |
1,338,049 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါသည် “ဤကား ဆင်းရဲ”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,050 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,051 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,052 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,053 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,054 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,055 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤကား အာသဝေါ တရားတို့၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ |
1,338,056 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှ... |
1,338,057 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် ဝိညာဏ်ရှိသော ဤမိမိကိုယ်၌လည်းကောင်း၊ သူတစ်ပါးကိုယ်၌လည်းကောင်း၊ အလုံးစုံသော ပြင်ပအာရုံတို့၌လည်းကောင်း ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ထိုငါသည် ငါဟူသော အခြင်းအရာ, ငါ့ဥစ္စာဟူသော အခြင်း အရာ, ထင်မှားခြင်းကိန်းမှု ‘အနုသယ’ တို့ကို ကောင်းစွာ နုတ်ပယ်အပ်ကုန်ပြီဟု (ဆို၏)။ |
1,338,058 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ “ကောင်း၏”ဟု နှစ်သက် ဝမ်းမြောက်ပြီးလျှင် “ငါ့သျှင်တို့ ငါတို့အား ထိုကဲ့သို့သဘောရှိသော သီတင်းသုံးဖော် အသျှင်ကောင်းကို့တွေ့မြင်ခြင်းသည် အရတော်လေစွ၊ ငါ့သျှင်တို့ ငါတို့အား ထိုကဲ့သို့သဘောရှိသော သီတင်းသုံးဖော် အသျှင်ကောင်းကို တွေ့မြင်ခြင်းသည် အလွန်အရတော... |
1,338,059 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နှစ်ခုမြောက် ဆဗ္ဗိသောဓနသုတ် ပြီး၏။ |
1,338,060 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,061 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-"ရဟန်းတို့ သင်တို့အား သူတော်ကောင်းတို့၏ တရား ကိုလည်းကောင်း၊ သူယုတ်မာတို့၏ တရားကိုလည်းကောင်း ဟောကြားအံ့၊ ထိုတရားတို့ကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားအံ့”ဟု (မိန့်တော်မူ၏)။ |
1,338,062 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူယုတ်မာတို့၏ တရားကား အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မြတ်သော အမျိုးမှ ရဟန်းပြု၏၊ ထိုသူသည် “ငါသည် မြတ်သော အမျိုးမှ ရဟန်းပြု၏၊ ငါမှတစ်ပါး သော ဤရဟန်းတို့သည် မြတ်သော အမျိုးမှ ရဟန်းမပြုကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,063 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုအမျိုးမြတ်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ |
1,338,064 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသည်ကား သူယုတ်မာတို့၏ တရားတည်း။ |
1,338,065 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား ဤသို့ ဆင်ခြင်၏ “အမျိုးမြတ် သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,066 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်သော အမျိုးမှ ရဟန်းမပြုသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့် လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု (ဆင်ခြင်၏)။ |
1,338,067 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုအမျိုးမြတ်သည်၏ အဖြစ်ကြောင့် မိမိ ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,068 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသည်ကား သူတော်ကောင်းတို့၏ တရားတည်း။ |
1,338,069 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ကြီးကျယ်သော အမျိုးမှ ရဟန်းပြု၏။ |
1,338,070 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ များသော ဥစ္စာရှိသော အမျိုးမှ ရဟန်းပြု၏။ |
1,338,071 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်း ပြု၏၊ ထိုရဟန်းသည် “ငါသည် မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်းပြု၏၊ (ငါမှ) တစ်ပါးသော ဤရဟန်းတို့သည် မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်းမပြုကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,072 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုမွန်မြတ်သော အသုံးအဆောင်ရှိသည်၏ အဖြစ်ကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,073 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် ဤသို့ ဆင်ခြင်၏ “မွန်မြတ်သော အသုံးအဆောင်ရှိသည်၏ အဖြစ် ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,074 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မွန်မြတ်သော အသုံး အဆောင်ရှိသော အမျိုးမှ ရဟန်းမပြုသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင့်ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု (ဤသို့ ဆင်ခြင်၏)။ |
1,338,075 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုမွန်မြတ် သော အသုံးအဆောင်ရှိသည်၏ အဖြစ်ကြောင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,076 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ |
1,338,077 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၆။ ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ထင်ရှား (ကျော်စော)၏၊ အခြံအရံ များ၏၊ ထိုသူသည် “ငါသည် ထင်ရှား (ကျော်စော)၏၊ အခြံအရံ များ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်း တို့သည် မထင်ရှား (မကျော်စော) ကုန်၊ အခြံအရံ မရှိကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,078 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုထင်ရှား (ကျော်စော) ခြင်းကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,079 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် ထင်ရှား (ကျော်စော) ခြင်း ကြောင့် လောဘ ဒေါသ မောဟ တရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,080 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မထင်ရှား (မကျော်စော) အခြံအရံမရှိသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေ ထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,081 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုထင်ရှား (ကျော်စော) ခြင်းကြောင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,082 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ရ၏၊ ထိုရဟန်းသည် “ငါသည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ရ၏၊ ဤ (ငါမှ) တစ်ပါးကုန်သော ရဟန်းတို့သည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်... |
1,338,083 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုရခြင်းဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,084 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “လာဘ်များခြင်းကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,085 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို မရရှိသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွ... |
1,338,086 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုလာဘ် များခြင်းဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,087 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသည်လည်း သူတော်ကောင်း တို့၏ တရားတည်း။ |
1,338,088 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အကြားအမြင် များ၏၊ ထိုရဟန်းသည် - “ငါသည် အကြားအမြင် များ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် အကြားအမြင် မများကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,089 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုအကြားအမြင်များသည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,090 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “အကြားအမြင် များသည်၏အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့ သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,091 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြားအမြင် မများသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,092 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်း ပြု၍ အကြားအမြင်များသည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,093 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိနည်းကို ဆောင်၏၊ ထိုရဟန်းသည် “ငါသည် ဝိနည်းကို ဆောင်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ဝိနည်းကို မဆောင်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,094 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဝိနည်းကို ဆောင်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,095 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည် ကား “ဝိနည်းကို ဆောင်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,096 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိနည်းကို မဆောင်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,097 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုဝိနည်းကို ဆောင်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,098 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၈) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် တရားဟောတတ်သူ ဖြစ်၏၊ ထိုရဟန်းသည် “ငါသည် တရားဟောတတ်သူ ဖြစ်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် တရားဟောတတ်သူ မဟုတ်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,099 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုတရားဟောတတ်သည်၏ အဖြစ်ကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,100 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “တရားဟောတတ်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟ တရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.