id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,101 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တရားဟောတတ်သူ မဟုတ်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,102 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကို သာလျှင် အကြောင်းပြု၍ ထိုတရားဟောတတ်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,103 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၉) ၁၀၇။ |
1,338,104 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် အာရညကင်ဓုတင်ကို မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,105 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုအာရညကင် ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,106 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “အာရညကင် ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,107 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာရညကင်ဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,108 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်း ပြု၍ ထိုအာရညကင်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,109 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ပံ့သကူဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် ပံသုကူဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပံသုကူ ဓုတင်ကို မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,110 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ပံသုကူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,111 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “ပံသုကူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,112 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပံသုကူဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာ တရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,113 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုပံသုကူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,114 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၁) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်း သည် “ငါသည် ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပိဏ္ဍပါတ်ဓုတင်ကို မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,115 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,116 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည် သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,117 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပိဏ္ဍပါတ် ဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့် ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,118 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,119 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၂) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ရုက္ခမူဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် ရုက္ခမူဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ရုက္ခမူဓုတင်ကို မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,120 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုရုက္ခမူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,121 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “ရုက္ခမူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,122 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရုက္ခမူဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာ တရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော် ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,123 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုရုက္ခမူ ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,124 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၃) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် သုသာန်ဓုတင်ကို ဆောက်တည်၏။ |
1,338,125 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အဗ္ဘော ကာသိကဓုတင်ကို ဆောက်တည်၏။ |
1,338,126 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ နေသဇ္ဇိကဓုတင်ကို ဆောက်တည်၏။ |
1,338,127 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ယထာသန္ထတိက ဓုတင့်ကို ဆောက်တည်၏။ |
1,338,128 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဧကာသနိက်ဓုတင်ကို ဆောက်တည်၏။ |
1,338,129 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ငါသည် ဧကာသနိက် ဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ဧကာသနိက်ဓုတင်ကို မဆောက် တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,130 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ် ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရား တည်း။ |
1,338,131 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ သူတော်ကောင်းသည်ကား “ဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ |
1,338,132 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဧကာသနိက်ဓုတင်ကို မဆောက်တည် သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော် ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,133 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ် ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,134 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၄-၁၈) ၁၀၈။ |
1,338,135 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ |
1,338,136 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ငါသည် ပဌမဈာန်သမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပဌမဈာန်သမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,137 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုပဌမဈာန်သမာပတ် ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,138 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “ပဌမဈာန် သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုပဌမဈာန်သည် ထိုထိုထင်မှတ်နေ ကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဆင်ခြင်၏။ |
1,338,139 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုပဌမဈာန်သမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,140 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၉) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ |
1,338,141 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ငါသည် စတုတ္ထဈာန်သမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် စတုတ္ထဈာန်သမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,142 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုစတုတ္ထ ဈာန်သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာ တို့၏ တရားတည်း။ |
1,338,143 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “စတုတ္ထဈာန်သမာပတ်ဖြင့်လည်း တဏှာမရှိ မှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုစတုတ္ထဈာန်သည် ထိုထိုထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,144 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုစတုတ္ထဈာန်သမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,145 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂၀-၂၂) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း၊ အထူးထူးသော သညာတို့ကို နှလုံး မသွင်းခြင်းကြောင့်လည်းကောင်း “(ကသိုဏ်းကို ခွါ၍ ရအပ်သော) ကောင်းကင်သည် အဆုံးမရှိ”ဟု (စီးဖြန်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် “ငါသည် ... |
1,338,146 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုအာကာသာနဉ္စာယတနသမာပတ်ဖြင့် မိမိကို ချီး မြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,147 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ သူတော်ကောင်းသည်ကား “အာကာသာနဉ္စာယတန သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုအာကာသာနဉ္စာယတနဈာန်သည် ထိုထို ထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,148 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုအာကာသာနဉ္စာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,149 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက် ၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု (စီးဖြန်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ငါသည် ဝိညာဏဉ္စာယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် ဝိညာဏဉ္စာယတနသမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,150 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုဝိညာဏဉ္စာ ယတနသမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ် မာတို့၏ တရားတည်း။ |
1,338,151 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “ဝိညာဏဉ္စာယတနသမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုဝိညာဏဉ္စာယတနဈာန်သည် ထိုထို ထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,152 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် တဏှာ မရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုဝိညာဏဉ္စာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,153 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂၄) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်း အနည်းငယ်မျှ မရှိ”ဟု (စီးဖြန်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုယုတ်မာ သောရဟန်းသည် “ငါသည် အာကိဉ္စညာယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် အာကိဉ္စညာယတနသမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,154 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယုတ်မာသောရဟန်းသည် ထိုအာကိဉ္စညာယတန သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ |
1,338,155 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “အာကိဉ္စညာယတန သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုအာကိဉ္စညာယတနဈာန်သည် ထိုထိုထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,156 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုအာကိဉ္စညာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,157 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂၅) ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ငါသည် နေဝသညာနာသညာ ယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် နေဝသညာနာသညာယတန သမာပတ်ကို မရကုန်”ဟု ဆင်ခြင်၏။ |
1,338,158 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယုတ်မာသော ရဟန်းသည် ထိုနေဝသညာနာသညာယတန သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏့တရားတည်း။ |
1,338,159 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူတော်ကောင်းသည်ကား “နေဝသညာနာသညာယတနသမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုနေဝသညာနာသညာယတနဈာန်သည် ထိုထိုထင်မှတ်နေ ကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ |
1,338,160 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း သည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုနေဝသညာနာသညာယတနသမာပတ်ဖြင့် မိမိကို မချီး မြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ |
1,338,161 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်တစ်ဖန်လည်း သူတော်ကောင်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ |
1,338,162 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား မဂ်ပညာဖြင့် မြင်ခြင်းကြောင့် ဤရဟန်းသည် မည်သည့်ပုဂ္ဂိုလ်ကိုမျှ မည်သည့်အရပ်မှာမျှ မည်သည့်ဝတ္ထု နှင့်မျှ အထင်မမှား၊ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏ဟု (မိန့်တော်မူ၏)။ |
1,338,163 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သုံးခုမြောက် သပ္ပုရိသသုတ် ပြီး၏။ |
1,338,164 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄- သေဝိတဗ္ဗာသေဝိတဗ္ဗသုတ် |
1,338,165 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၀၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,166 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ |
1,338,167 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-"ရဟန်းတို့ မှီဝဲထိုက် မမှီဝဲထိုက်သော တရားဒေသနာကို သင် တို့အား ဟောပေအံ့၊ ထိုတရားဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောကြားပေ အံ့”ဟု မိန့်တော်မူ၏။ |
1,338,168 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူ အရာသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူအရာသည်... |
1,338,169 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မိန်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏။ |
1,338,170 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သာရိပုတြာသိပုံ |
1,338,171 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် ဤစကားကို ဟော့တော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ |
1,338,172 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မမှီဝဲထိုက်။ |
1,338,173 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲထိုက်၏။ |
1,338,174 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၁၁။ မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,175 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် အသက်သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ရိုက်နှက် ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားကင်းခြင်းသို့ ရောက်၏။ |
1,338,176 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလို သော စိတ်အစုဖြင့် ယူတတ်၏။ |
1,338,177 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထား သောမိန်းမ အဖစောင့်ရှောက်ထားသောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ အစ်မညီမစောင့် ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသော မိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသေ... |
1,338,178 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။ |
1,338,179 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးပါကုန်သနည်း။ |
1,338,180 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့ သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား၏၊ လက်နက်ကို ချထား၏၊ အရှက်ရှိ၏၊ သနားခြင်းသို့ ရောက်၏၊ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါး ကို အစဉ်စောင့်လေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,181 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မပေးသည်ကိုပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် မယူတတ်။ |
1,338,182 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့ ၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ |
1,338,183 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အမိစောင့်ရှောက်ထားသောမိန်းမ အဖစောင့်ရှောက်ထား သောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသောမိန်းမ အစ်မ ညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်းမ ဒဏ်ထားသောမိန်းမနှင့် အယုတ်ဆုံး အားဖြင... |
1,338,184 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ် ၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။ |
1,338,185 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲ ထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရား သည် အကြင်စကားကို ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို စွဲ၍ ဟောတော်မူ၏။ |
1,338,186 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူ အရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ |
1,338,187 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော နှုတ်အမူ့အရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ |
1,338,188 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့သဘောရှိသော နှုတ်အမူအရာကို မမှီဝဲထိုက်။ |
1,338,189 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့သဘောရှိသော နှုတ်အမူအရာကို မှီဝဲထိုက်၏။ |
1,338,190 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,191 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် မုသားပြောဆိုလေ့ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျ်ား လာလော့၊ သိသော အကြောင်းကို ပြောဆို လော့”ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောကျ်ားသည် မသိသည်ကို “... |
1,338,192 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။ |
1,338,193 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကုန်းစကားပြောဆို၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့်ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ ပြောကြားတတ်၏၊ ထိုသူတို့ ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ ပြောကြားတတ်၏၊ ဤသို့ ညီညွတ်သူတို့ကိုလည်း ကွဲပြား အောင် ပြုတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏၊ အစုအစုကွဲပြားမှု၌ မွေ့လျော်၏၊ အစုအစု ကွဲပ... |
1,338,194 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ မသင့်သော အခါ၌ အကြောင်းမရှိသော အပိုင်အခြားမရှိသော အစီးအပွါးနှင့် မစပ်သော နှလုံး၌ မသိုမှီးသင့်သော စကားကို ပြောဆိုတတ်၏။ |
1,338,195 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။ |
1,338,196 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးပါကုန်သနည်း။ |
1,338,197 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သဘင်၌ တည် သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်း အလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျ်ား လာလော့၊ သိသောအကြောင်းကို ပြောဆိုလော့”ဟု သက်သ... |
1,338,198 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ် အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက် မုသားမပြောဆို။ |
1,338,199 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ |
1,338,200 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထို သူတို့နှင့် ကွဲပြားခြင်းငှါ ထိုသူထံ၌ မပြောကြားတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူ တို့နှင့် ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောကြားတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.