id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,201 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ ချစ်ဖွယ်ကောင်း၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသောစကားကို ပြောဆိုတတ်၏။ |
1,338,202 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏။ |
1,338,203 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ သင့်သော အခါ အကြောင်းနှင့်တကွ အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော နှလုံး၌ သိုမှီးသင့်သော စကား ကိုသာ ပြောဆိုတတ်၏။ |
1,338,204 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,205 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် နှုတ် အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူအရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,338,206 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူ အရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ |
1,338,207 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့သဘောရှိသော စိတ်အမူအရာကို မမှီဝဲထိုက်။ |
1,338,208 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့သဘော ရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲထိုက်၏။ |
1,338,209 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၁၃။ မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,210 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုကြံစည်တတ်၏။ |
1,338,211 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖျက်ဆီးလိုသော စိတ်ရှိ၏ - “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း၊ အသတ် ခံကြရပါစေဟူ၍သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေဟူ၍သော်လည်းကောင်း၊ ဘာမျှ (လိုတိုင်း) မဖြစ်ပါစေကုန်လင့်”ဟူ၍သော်လည်းကောင်း ဤသို့ ဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ |
1,338,212 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။ |
1,338,213 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ |
1,338,214 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ့ဥစ္စာဖြစ်မူ ကောင်း လေစွ”ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုမကြံစည်တတ်။ |
1,338,215 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤသတ္တဝါတို့သည် ဘေး ရန်ကင်းကြပါစေကုန်၊ ဆင်းရဲကင်းကြပါစေကုန်၊ စိတ်ပင်ပန်းခြင်းကင်းကြပါစေကုန်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေကုန်သတည်း”ဟု ဤသို့ မပျက်စီးစေလိုသော စိတ်ရှိ၏၊ (ဒေါသသည်)့မဖျက်ဆီးအပ် သော စိတ်အကြံရှိ၏။ |
1,338,216 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,217 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူအရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် အကြင်စကားကို ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,338,218 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထို စိတ်ဖြစ်ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ |
1,338,219 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ် ပါကုန်၏၊ ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မမှီဝဲထိုက်။ |
1,338,220 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါး ပါကုန်၏၊ ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲထိုက်၏။ |
1,338,221 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,222 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ'နှင့် တကွသော စိတ်ဖြင့် နေ၏၊ ဖျက်ဆီးခြင်းရှိ၏၊ ဖျက်ဆီးခြင်းနှင့် တကွသော စိတ်ဖြင့် နေ၏၊ ညှဉ်းဆဲခြင်းရှိ၏၊ ညှဉ်းဆဲခြင်း နှင့် တကွသော စိတ်ဖြင့် နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိ... |
1,338,223 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ |
1,338,224 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မရှိသော စိတ်ဖြင့် နေ၏။ |
1,338,225 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မဖျက်ဆီးတတ်၊ မဖျက်ဆီးခြင်းနှင့် တကွသော စိတ်ဖြင့် နေ၏၊ မညှဉ်းဆဲတတ်၊ မညှဉ်းဆဲခြင်းနှင့် တကွ သော စိတ်ဖြင့် နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,226 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်ဖြစ်ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။ |
1,338,227 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၁၅။ “ရဟန်းတို့ ငါသည် သညာရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုသညာရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော် မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ |
1,338,228 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော သညာရခြင်းကို မမှီဝဲထိုက်။ |
1,338,229 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရား တို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲထိုက်၏။ |
1,338,230 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,231 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ'နှင့် တကွသော သညာဖြင့် နေ၏၊ ဖျက်ဆီးတတ်၏၊ ဖျက်ဆီးခြင်းနှင့် တကွသော သညာဖြင့်နေ၏၊ ညှဉ်းဆဲတတ်၏၊ ညှဉ်းဆဲခြင်း့နှင့် တကွသော သညာဖြင့်နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ တိုးပွါ... |
1,338,232 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ |
1,338,233 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မရှိသော သညာ ဖြင့်နေ၏။ |
1,338,234 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မဖျက်ဆီးတတ်၊ မဖျက်ဆီးခြင်းနှင့်တကွသော သညာဖြင့် နေ၏၊ မညှဉ်းဆဲတတ်၊ မညှဉ်းဆဲ ခြင်းနှင့် တကွသော သညာဖြင့်နေ၏။ |
1,338,235 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,236 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် သညာရခြင်းကို မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုသညာရခြင်းသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို စဲွဲ၍ ဟောတော်မူပါ၏။ |
1,338,237 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၁၆။ “ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုဒိဋ္ဌိရ ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ |
1,338,238 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော ဒိဋ္ဌိရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ် ပါကုန်၏၊ ဤသို့သဘောရှိသော ဒိဋ္ဌိရခြင်းကို မမှီဝဲထိုက်။ |
1,338,239 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါ ကုန်၏၊ ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲထိုက်၏။ |
1,338,240 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,241 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူ သည် “အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ဟုန်းပူဇော်ခြင်း၏ အကျိုး သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုးသည် မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ ကိုယ် ထင်ရှားဖြစ်သော သတ္တဝါတို့သည် မရှိကုန်... |
1,338,242 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။ |
1,338,243 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ |
1,338,244 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤလောက၌ အချို့သောသူ သည် “အလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ဟုန်းပူဇော်ခြင်း၏ အကျိုး သည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလေ... |
1,338,245 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား့အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,246 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုဒိဋ္ဌိရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။ |
1,338,247 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟော တော်မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ |
1,338,248 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရား တို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မမှီဝဲထိုက်။ |
1,338,249 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲထိုက်၏။ |
1,338,250 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်သို့သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ |
1,338,251 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဆင်းရဲရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) မပြီးဆုံးသည်၏ အဖြစ်ကြောင့် အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။ |
1,338,252 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဆင်းရဲမရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) ပြီးဆုံးသည်၏ အဖြစ်ကြောင့် အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ |
1,338,253 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် အတ္တဘောရခြင်း ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။ |
1,338,254 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ် အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏ဟု (လျှောက်၏)။ |
1,338,255 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၁၈။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ငါအကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ ကောင်းစွာသာလျှင် အကျယ်အားဖြင့် သိပေ၏- |
1,338,256 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကို မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာ သည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟော၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောသနည်း။ |
1,338,257 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မမှီဝဲထိုက်။ |
1,338,258 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ |
1,338,259 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲထိုက်၏။ |
1,338,260 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်သနည်း။ |
1,338,261 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဤ လောက၌ အချို့ သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းတမ်း၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ရိုက် နှက်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ၊ မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌တည်သည်ဖြစ် စေ၊ တော၌တည်သည်ဖြစ်စေ၊ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစု ဖြင့် ယူတတ်၏။ |
1,338,262 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသောမိန်းမ့အဖစောင့် ရှောက်ထားသောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသော မိန်းမ အစ်မညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက် ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်... |
1,338,263 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဤသို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ |
1,338,264 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- သာရိပုတြာ အဘယ်သို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်သနည်း။ |
1,338,265 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား၏၊ လက်နက်ကို ချထား၏၊ အရှက်ရှိ၏၊ သနားခြင်းသို့ ရောက်၊ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကို အစဉ်စောင့် လေ့ရှိသည် ဖြစ်၍ နေ၏။ |
1,338,266 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါး၏ဥစ္စာ သူတစ်ပါး၏အဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် မယူတတ်။ |
1,338,267 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အမိစောင့်ရှောက်ထားသောမိန်းမ အဖစောင့်ရှောက်ထား သောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသောမိန်းမ အစ်မ ညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်းမ ဒဏ်ထားအပ်သောမိန်းမနှင့် အယုတ်ဆုံး အားဖ... |
1,338,268 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ် ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ |
1,338,269 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင် စကားကို ငါဟော၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟော၏။ |
1,338,270 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,271 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း နှစ်မျိုးဟော၏။ |
1,338,272 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း နှစ်မျိုး ဟော၏။ |
1,338,273 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ငါသည် သညာရခြင်းကိုလည်း နှစ်မျိုးဟော၏။ |
1,338,274 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်း ကိုလည်း နှစ်မျိုးဟော၏။ |
1,338,275 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို ငါဟော၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောသနည်း။ |
1,338,276 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မမှီဝဲထိုက်။ |
1,338,277 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိ သော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲထိုက်၏။ |
1,338,278 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အဘယ်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်သနည်း။ |
1,338,279 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဆင်းရဲရှိသော အတ္တဘော ရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) မပြီးဆုံးသည်၏အဖြစ်ကြောင့် အကုသိုလ်တရားတို့တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ |
1,338,280 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဆင်းရဲဒုက္ခမရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) ပြီးဆုံးသည်၏အဖြစ်ကြောင့် အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ |
1,338,281 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲ ထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကား ကို ငါဟော၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟော၏။ |
1,338,282 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် အကျဉ်း အားဖြင့် ဟောထားအပ်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်ရမည်။ |
1,338,283 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,284 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,285 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဃာနဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ'ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,286 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,287 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,288 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ'ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏ဟု (မိန့်တော်မူ၏)။ |
1,338,289 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏-"သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း'ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်... |
1,338,290 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မမှီဝဲထိုက်။ |
1,338,291 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘော ရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲ ထိုက်၏။ |
1,338,292 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်း ပြု၍ ဟောတော်မူပါ၏။ |
1,338,293 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကိုလည်း။ |
1,338,294 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မမှီဝဲထိုက်။ |
1,338,295 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မှီဝဲထိုက်၏။ |
1,338,296 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဃာနဝိညာဏ် ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မမှီဝဲထိုက်။ |
1,338,297 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဃာနဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မှီဝဲထိုက်၏။ |
1,338,298 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မမှီဝဲထိုက်။ |
1,338,299 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မှီဝဲထိုက်၏။ |
1,338,300 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိ ပုတြာ ငါသည် ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကိုလည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.