id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,301 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို မမှီဝဲထိုက်။ |
1,338,302 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ့'ဖောဋ္ဌဗ္ဗာရုံ'ကို မှီဝဲထိုက်၏။ |
1,338,303 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ'ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤ စကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူသနည်း။ |
1,338,304 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ'ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော ဓမ္မာရုံကို မမှီဝဲထိုက်။ |
1,338,305 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏၊ ဤသို့ သဘောရှိသော ဓမ္မာရုံကို မှီဝဲထိုက်၏။ |
1,338,306 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,338,307 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို ဝေဖန်တော်မမူသော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏ဟု (လျှောက်၏)။ |
1,338,308 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ ငါသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို သင်သည် ဤသို့ အကျယ်အားဖြင့် ကောင်းစွာသာလျှင် သိ၏-"သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို ငါဟော၏၊ ဤစကားကို အဘယ... |
1,338,309 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ'ကို မမှီဝဲထိုက်။ |
1,338,310 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အဆင်း ‘ရူပါရုံ’ ကို မှီဝဲထိုက်၏။ |
1,338,311 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထို စကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏။ |
1,338,312 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မှီဝဲထိုက်၏။ |
1,338,313 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဃာန ဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဃာနဝိညာဏ်ဖြင့် သိ အပ်သော အနံ့ ‘ဂန္ဓာရုံ'ကို မှီဝဲထိုက်၏။ |
1,338,314 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ'ကို မှီဝဲထိုက်၏။ |
1,338,315 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို မမှီဝဲ ထိုက်၊ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို မှီဝဲ ထိုက်၏။ |
1,338,316 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကိုလည်း။ |
1,338,317 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မှီဝဲထိုက်၏။ |
1,338,318 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် မနောဝိညာဏ့်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ'ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏။ |
1,338,319 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါအကျဉ်းမျှသာ ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်သားရမည်။ |
1,338,320 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂၁။ သာရိပုတြာ သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ |
1,338,321 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သာရိပုတြာ ငါသည် ဆွမ်းကိုလည်း။ |
1,338,322 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် ကျောင်းကိုလည်း။ |
1,338,323 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် ရွာကိုလည်း။ |
1,338,324 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် နိဂုံးကိုလည်း။ |
1,338,325 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် မြို့ကိုလည်း။ |
1,338,326 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် ဇနပုဒ်ကိုလည်း။ |
1,338,327 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏ဟု ( မိန့်တော် မူ၏ )။ |
1,338,328 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏- “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်... |
1,338,329 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သင်္ကန်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မမှီဝဲထိုက်။ |
1,338,330 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့သဘော ရှိသော သင်္ကန်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မှီဝဲထိုက်၏။ |
1,338,331 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,338,332 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ ငါသည် ဆွမ်းကိုလည်း။ |
1,338,333 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော ဆွမ်းကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဆွမ်းကို မှီဝဲထိုက်၏။ |
1,338,334 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော ကျောင်းကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ကျောင်းကို မှီဝဲထိုက်၏။ |
1,338,335 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ သဘောရှိသော ရွာကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ရွာကို မှီဝဲထိုက်၏။ |
1,338,336 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော နိဂုံးကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော နိဂုံးကို မှီဝဲထိုက်၏။ |
1,338,337 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော မြို့ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော မြို့ကို မှီဝဲထိုက်၏။ |
1,338,338 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဇနပုဒ်ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဇနပုဒ်ကို မှီဝဲထိုက်၏။ |
1,338,339 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါ သနည်း၊ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော ... |
1,338,340 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ် ၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်ကုန်၏။ |
1,338,341 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင် စကားကို မြတ်စွာဘုရား ဟောထားတော်မူ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား တော်မူ၏။ |
1,338,342 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့်အကျွန်ုပ်နားလည်ပါ၏ဟု (လျှောက်၏)။ |
1,338,343 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂၂။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ ငါသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို သင်သည် ဤသို့ အကျယ်အားဖြင့် ကောင်းစွာသာလျှင် သိပေ၏-"သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုး ဟော၏”ဟု ဤသို့လျှင် ဤစကားကို ငါဟောထား၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟော ထ... |
1,338,344 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသော သင်္ကန်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ် ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မှီဝဲထိုက်၏။ |
1,338,345 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင် စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏၊ [ပဌမဆိုခဲ့ပြီး အတိုင်း အကျယ်သိရမည်]။ |
1,338,346 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသော ဆွမ်းကို။ |
1,338,347 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ကျောင်းကို။ |
1,338,348 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ရွာကို။ |
1,338,349 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော နိဂုံးကို။ |
1,338,350 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော မြို့ကို။ |
1,338,351 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သဘောရှိသော ဇနပုဒ်ကို။ |
1,338,352 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤ စကားကို ငါဟောထား၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောထားသနည်း။ |
1,338,353 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရား တို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲထိုက်။ |
1,338,354 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အကြင်သို့ သဘောရှိသောပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏။ |
1,338,355 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏၊ သာရိပုတြာ ငါသည် အကျဉ်းအားဖြင့် ဟော၍ အကျယ် အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်ရမည်။ |
1,338,356 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂၃။ သာရိပုတြာ အလုံးစုံသော မင်းတို့သည် အကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကယ်၍ သိကုန်မူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့် စွာသောကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ |
1,338,357 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ အလုံးစုံသော ပုဏ္ဏားတို့ သည်။ |
1,338,358 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သာရိပုတြာ အလုံးစုံသော ကုန်သည်တို့သည်။ |
1,338,359 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သာရိပုတြာ အလုံးစုံသော သူဆင်းရဲတို့သည် ငါအကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကယ်၍ သိကုန် မူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ |
1,338,360 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရိပုတြာ နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကသည်လည်းကောင်း (သာသနာတော် အတွင်းအပဖြစ်သော) သမဏ ဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်းသည်လည်းကောင်း ငါသည် အကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့အကျယ်အားဖြင့် အကယ်၍ သိကုန်မူ နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့် တကွသော ဤ... |
1,338,361 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ |
1,338,362 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လေးခုမြောက် သေဝိတဗ္ဗာသေဝိတဗ္ဗသုတ် ပြီး၏။ |
1,338,363 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၅-ဗဟုဓာတုကသုတ် |
1,338,364 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,365 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဘေးရန်ဟူသမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ |
1,338,366 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘေးဥပဒ်မှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ |
1,338,367 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပူဆွေးရမှုမှန်သမျှ တို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ |
1,338,368 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ကျူမိုးအိမ်မှလည်းကောင်း၊ မြက်မိုးအိမ်မှလည်းကောင်း လွင့်သောမီးသည် အတွင်းအပ လိမ်းကျံထားကုန်သော လေတိတ်ကုန်သော ထိစပ်သော တံခါးရွက်ရှိကုန်သော ပိတ်ထားသော လေသာတံခါးရှိကုန်သော အထွတ် တပ်သော အိမ်တို့ကိုသော်လည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဘေးရန်မှန်သမျှတို့ သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှ... |
1,338,369 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပူဆွေးရမှုမှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိ ကြောင့် မဖြစ်ကုန်။ |
1,338,370 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ဘေးရန်ရှိ၏၊ ပညာရှိသည် ဘေးရန်ကင်း၏။ |
1,338,371 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သူမိုက်သည် ဘေးဥပဒ် ရှိ၏၊ ပညာရှိသည် ဘေးဥပဒ်ကင်း၏။ |
1,338,372 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သူမိုက်သည် ပူဆွေးရမှု ရှိ၏၊ ပညာရှိ သည် ပူဆွေးရမှု ကင်း၏။ |
1,338,373 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိမှုကြောင့် ဘေးရန် မရှိ၊ ပညာရှိမှုကြောင့် ဘေးဥပဒ်မရှိ၊ ပညာရှိမှုကြောင့် ပူဆွေးရမှု မရှိ။ |
1,338,374 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် ပညာရှိသူ ဆင်ခြင်တတ်သူတို့ ဖြစ်ကုန်အံ့ဟု ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ |
1,338,375 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ‘ရဟန်းကို ပညာရှိသောရဟန်း ဆင်ခြင်တတ်သော ရဟန်း’ ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်း”ဟု (လျှောက်၏)။ |
1,338,376 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အကြင်အကြောင်းကြောင့် ရဟန်း သည် ဓာတ်၌လည်း လိမ္မာ၏၊ အာယတန၌လည်း လိမ္မာ၏၊ ပဋိစ္စသမုပ္ပါဒ်၌လည်း လိမ္မာ၏၊ အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်၌လည်း လိမ္မာ၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့် “ရဟန်းကို ပညာရှိသောရဟန်း ဆင်ခြင်တတ်သောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,377 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂၅။ မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “ဓာတ်၌ လိမ္မာသော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ |
1,338,378 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ စက္ခုဓာတ် + ရူပဓာတ် + စက္ခုဝိညာဏဓာတ်၊ သောတ ဓာတ်+ သဒ္ဒဓာတ် + သောတဝိညာဏဓာတ်၊ ဃာနဓာတ် + ဂန္ဓဓာတ် + ဃာနဝိညာဏဓာတ်၊ ဇိဝှါဓာတ်+ ရသဓာတ်+ဇိဝှါဝိညာဏဓာတ်၊ ကာယဓာတ်+ဖောဋ္ဌဗ္ဗဓာတ်+ကာယဝိညာဏဓာတ်၊ မနောဓာတ် + ဓမ္မဓာတ် + မနောဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် တစ်ဆယ့်ရှစ်ပါးတို့တည်း။ |
1,338,379 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဓာတ်တစ်ဆယ့်ရှစ်ပါး တို့ကို အကြင် အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,380 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ |
1,338,381 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရှိ၏၊ အာနန္ဒာ ပထဝီဓာတ့်အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤ ခြောက်ပါးတို့တည်း။ |
1,338,382 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤဓာတ်ခြောက်ပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,383 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ |
1,338,384 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရှိ၏၊ အာနန္ဒာ သုခဓာတ် ဒုက္ခဓာတ် သောမနဿဓာတ် ဒေါမနဿဓာတ် ဥပေက္ခာဓာတ် အဝိဇ္ဇာဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ |
1,338,385 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဓာတ်ခြောက်ပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,386 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ |
1,338,387 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရှိ၏၊ အာနန္ဒာ လိုချင်မှု ကာမ နှင့်စပ်သော ဓာတ်၊ ထွက်မြောက်မှု နေက္ခမ္မနှင့်စပ်သော ဓာတ်၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ နှင့်စပ်သော ဓာတ်၊ မပျက်စီးစေလိုခြင်း မေတ္တာ ‘အဗျာပါဒ’ နှင့်စပ်သော ဓာတ်၊ ညှဉ်းဆဲခြင်း ‘ဝိဟိံသာ’ နှင့်စပ်သော ဓာတ်၊ မညှဉ်းဆဲခြင်း ‘အဝိဟိံသာ'နှင့်စပ်သော ဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း၊ အာနန... |
1,338,388 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏ )။ |
1,338,389 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရှိ၏၊ အာနန္ဒာ ကာမဓာတ်, ရူပဓာတ်, အရူပဓာတ်၁အားဖြင့် ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ |
1,338,390 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဓာတ်သုံးပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,391 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) အသျှင်ဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ |
1,338,392 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရှိ၏၊ အာနန္ဒာ သင်္ခတဓာတ်, အသင်္ခတဓာတ်အားဖြင့် ဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ |
1,338,393 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဓာတ်နှစ်ပါးတို့ကို အကြင် အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာ သောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,394 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ၁၂၆။ |
1,338,395 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “အာယတန၌ လိမ္မာသောရဟန်း” ဟူ၍ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ |
1,338,396 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ စက္ခုလည်းကောင်း + ရူပါရုံတို့လည်းကောင်း၊ သောတလည်းကောင်း + သဒ္ဒါရုံတို့လည်းကောင်း၊ ဃာနလည်းကောင်း + ဂန္ဓာရုံတို့လည်းကောင်း၊ ဇိဝှါလည်းကောင်း + ရသာရုံတို့လည်းကောင်း၊ ကာယလည်းကောင်း + ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ မနလည်း ကောင်း + ဓမ္မာရုံတို့လည်းကောင်း၊ (ဤသို့) အတွင်းသန္တာန် အပသန္တာန်၌ဖြစ်ကုန်သော ဤအာယတနတို့ သည် ခြောက်... |
1,338,397 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အတွင်းသန္တာန် အပသန္တာန်၌ဖြစ်ကုန်သော ဤအာယတနခြောက်ပါး တို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “အာယတန၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ |
1,338,398 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ |
1,338,399 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤအကြောင်းရှိသော် ဤအကျိုးရှိ၏၊ ဤအကြောင်း၏ ဖြစ်ပေါ်ခြင်းကြောင့် ဤအကျိုးဖြစ်ပေါ်၏၊ ဤအကြောင်းမရှိလတ်သော် ဤအကျိုးမရှိ၊ ဤအကြောင်း၏ ချုပ်ခြင်းကြောင့် ဤအကျိုးချုပ်၏ဟု ရဟန်းသည် သိ၏၊ |
1,338,400 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သိပုံကား- မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’၊ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ပဋိသန္ဓေ ဝိညာဏ်၊ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ် ကြောင့် သဠာယတန၊ သဠာယတနကြောင့် တွေ့ထိမှု ‘ဖဿ’၊ တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’၊ ခံစားမှု ‘ဝေဒနာ'ကြောင့် တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ'ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.