id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,338,401
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ချမ်းသာမဖက် သော ဆင်းရဲအစု၏ ဖြစ်ပွါးခြင်းသည် ဖြစ်၏။
1,338,402
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် တပ်ခြင်းကင်းသဖြင့် အကြွင်းမဲ့ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ ပဋိသန္ဓေဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ'ချုပ်၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ...
1,338,403
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤမျှသော အကြောင့်ဖြင့်သာလျှင် “ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။
1,338,404
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၂၇။ မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “အကြောင်းဟုတ်သည် အကြောင်း မဟုတ်သည်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။
1,338,405
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤသာသနာ တော်၌ ရဟန်းသည် သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရား ကို နိစ္စဟုယူရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံ တစ်ခုသော သင်္ခါရတရားကို နိစ္စဟုယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,406
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,407
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို အတ္တဟု ယူရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,408
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာ တွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို အတ္တဟု ယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,409
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၂၈။ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား အမိကိုသတ်ရာသော အကြောင်းအရာ မျိုးသည် မရှိဟု သိ၏။
1,338,410
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား အမိကိုသတ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,411
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား အဖကိုသတ်ရာသော အကြောင်းအရာ မျိုးသည် မရှိ။
1,338,412
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရဟန္တာကိုသတ်ရာသော အကြောင်းအရာမျိုးသည်။
1,338,413
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရှိ၏ဟု သိ၏။
1,338,414
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မြတ်စွာဘုရားကို ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို ဖြစ်စေရာ သော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။
1,338,415
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား မြတ်စွာဘုရားကို ပြစ်မှား့လိုသောစိတ်ဖြင့် သွေးကို ဖြစ်စေရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,416
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား သံဃာကို သင်းကွဲစေရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,417
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား သံဃာကို သင်းကွဲစေရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,418
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ( မြတ်စွာဘုရားမှ) တစ်ပါးသောသူကို ဆရာဟု ညွှန်းရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,419
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား မြတ်စွာဘုရား မှ တစ်ပါးသောသူကို ဆရာဟု ညွှန်းရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,420
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော နှစ်ဆူသော မြတ်စွာဘုရား တို့သည် မရှေးမနှောင်း ပွင့်တော်မူကုန်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,421
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတဆူတည်း ပွင့်တော်မူရာ သော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,422
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်းနှစ်ပါး မရှေး မနှောင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်းတစ်ပါးတည်း၏ ဖြစ်ပေါ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,423
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၀။ မိန်းမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဖြစ်ရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။
1,338,424
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ယောကျ်ားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဖြစ်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။
1,338,425
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ယောကျ်ားသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,426
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မိန်းမသည် သိကြားမင်းဖြစ်ရာသော အကြောင်း အရာမျိုးသည် မရှိ၊ မာရ်နတ်ဖြစ်ရာသော, ဗြဟ္မာမင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ယောကျ်ားသည် သိကြားမင်းဖြစ်ရာသော, မာရ် နတ်ဖြစ်ရာသော, ဗြဟ္မာမင်းဖြစ်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။
1,338,427
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၁။ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ကာယဒုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,428
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ကာယဒုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,429
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ဝစီဒုစရိုက်'၏။
1,338,430
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု ‘မနော ဒုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာ သော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,431
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ဝစီဒုစရိုက်'၏။
1,338,432
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ် သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟုသိ၏။
1,338,433
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကိုယ်ဖြင့်ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,434
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယ သုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,435
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်'၏။
1,338,436
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာ သော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,437
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်'၏။
1,338,438
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်'၏ အလိုရှိအပ် နှစ်သက် အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။
1,338,439
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ကာယဒုစရိုက်နှင့် ပြည့်စုံသောသူသည် ထို (ကာယဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။
1,338,440
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယ ဒုစရိုက်)ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။
1,338,441
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဝစီဒုစရိုက်နှင့် ပြည့်စုံသောသူအား။
1,338,442
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသောသူ အား ထို (မနောဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,443
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ဝစီဒုစရိုက်နှင့် ပြည့်စုံသောသူအား။
1,338,444
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနော ဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။
1,338,445
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကာယသုစရိုက်နှင့် ပြည့်စုံသောသူအား ထို (ကာယသုစရိုက်) ဟူသော အကြောင်းအထောက် အပံ့ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,446
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ကာယ သုစရိုက်နှင့် ပြည့်စုံသောသူအား ထို (ကာယသုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ရောက်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။
1,338,447
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဝစီသု စရိုက်နှင့် ပြည့်စုံသောသူအား။
1,338,448
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မနောသုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနောသုစရိုက်)ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။
1,338,449
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ဝစီသုစရိုက်နှင့် ပြည့်စုံသောသူအား။
1,338,450
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မနော သုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနောသုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။
1,338,451
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤမျှသော အကြောင်းဖြင့် “အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။
1,338,452
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၂။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား ဤတရား ဒေသနာတော်သည် အဘယ်အမည် ရှိပါသနည်း”ဟု (လျှောက်ထား၏)။
1,338,453
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ထိုအကြောင်းကြောင့် ဤတရားဒေသနာတော်ကို ဗဟုဓာတုက၂ ဒေသနာဟူ၍လည်း မှတ်လော့၊ စတုပရိဝဋ္ဋ၃ ဒေသနာဟူ၍လည်း မှတ်လော့၊ ဓမ္မာဒါသ၄ ဒေသနာဟူ၍လည်း မှတ်လော့၊ အမတဒုန္ဒုဘိ၅ ဒေသနာဟူ၍လည်း မှတ်လော့၊ အနုတ္တရသင်္ဂါမဝိဇယ၆ ဒေသနာဟူ၍လည်း မှတ်လော့ဟု (မိန့်တော်မူ၏)။
1,338,454
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါးခုမြောက် ဗဟုဓာတုကသုတ် ပြီး၏။
1,338,455
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁။ ကာမဓာတ်- ကာမဘုံ၌ အကျုံးဝင်သော ခန္ဓာငါးပါး။
1,338,456
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရူပဓာတ်- ရူပတစ်ဆယ့်ငါးဘုံ၌ အကျုံးဝင်သော ခန္ဓာငါးပါး။
1,338,457
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အရူပဓာတ်- အရူပလေးဘုံ၌ အကျုံးဝင်သော နာမက္ခန္ဓာလေးပါး။
1,338,458
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂။ များစွာသောဓာတ်တို့ကို ဝေဖန်ဟောရာ
1,338,459
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃။ ဓာတ်, အာယတန, ပဋိစ္စသမုပ္ပါဒ်, ဌာနာဌာန ဤ လေးမျိုးကို အပြန်အလှန်ဟောရာ
1,338,460
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၄။ ကြေးမုံနှင့်တူသော တရားဒေသနာ
1,338,461
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၅။ စည်ကြီးနှင့်တူစွာ အမြိုက်တရားတို့ကို ကြွေးကြော်ရာ ဒေသနာ
1,338,462
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆။ အတုမဲ့ စစ်အောင်ပွဲနှင့်တူသော ဒေသနာ
1,338,463
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၆ - ဣသိဂိလိသုတ်
1,338,464
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
1,338,465
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်၌ သီတင်းသုံးနေတော်မူ၏။
1,338,466
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အသျှင်ဘုရား”ဟု ထိုရဟန်း တို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။
1,338,467
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏ -
1,338,468
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သင်တို့သည် ထိုဝေဘာရတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။
1,338,469
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။
1,338,470
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုဝေဘာရတောင်၏လည်း (ဝေဘာရအမည်မှ) တစ်ပါး သာလျှင်ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။
1,338,471
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သင်တို့သည် ထိုပဏ္ဍဝတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။
1,338,472
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုပဏ္ဍဝတောင်၏လည်း (ပဏ္ဍဝအမည်မှ) တစ်ပါးသာ လျှင်ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။
1,338,473
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သင်တို့သည် ထိုဝေပုလ္လတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။
1,338,474
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုဝေပုလ္လတောင်၏လည်း (ဝေပုလ္လအမည်မှ) တစ်ပါး သာလျှင် ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။
1,338,475
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သင်တို့သည် ထိုဂိဇ္ဈကုဋ်တောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။
1,338,476
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုဂိဇ္ဈကုဋ်တောင်၏လည်း (ဂိဇ္ဈကုဋ်အမည်မှ) တစ်ပါး သာလျှင် ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။
1,338,477
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သင်တို့သည် ဤဣသိဂိလိတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။
1,338,478
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤဣသိဂိလိတောင်၏လည်း ဤဣသိဂီလိဟူသော အမည်ပညတ်သာလျှင် ဖြစ်ခဲ့ဖူး၏။
1,338,479
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ပစ္စေကဗုဒ္ဓါငါးရာတို့သည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေခဲ့ဖူးကုန်၏။
1,338,480
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤတောင်သို့ဝင်ဆဲဖြစ်သော ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်ကုန်၏၊ ဝင်ပြီးနေကုန် သော ထိုပစ္စေကဗုဒ္ဓါတို့ကို မမြင်ရကုန်။
1,338,481
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လူတို့သည် ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်ကုန်၍ “ဤတောင်သည် ဤပစ္စေကဗုဒ္ဓါ ဣသိတို့ကို မျို၏”ဟု ဤသို့ ပြောဆိုကုန်၏၊ ထို့ကြောင့် ရသေ့မျိုတောင် ရသေ့မျိုတောင် ‘ဣသိဂိလိ ဣသိဂိလိ’ ဟူ၍သာလျှင် အမည်ထင်ရှားဖြစ်၏။
1,338,482
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ပစ္စေကဗုဒ္ဓါတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ဟောကြားပေအံ့၊ ထိုစကားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။
1,338,483
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏။
1,338,484
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏ -
1,338,485
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်း သုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ တဂရသိခိမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌့ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ယသဿိမည်သော ပစ္စေကဗုဒ္ဓါသည် ဤ...
1,338,486
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်း တို့ တထမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ သုတဝါမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိ တောင်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မူ ခဲ့ဖူး၏၊ ရဟန်းတို့ ဘာဝိတတ္တမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မူခဲ့ဖူး၏။
1,338,487
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၅။ သတ္တဝါတို့၏ အနှစ်သဖွယ် ဖြစ်ကုန်သော ဆင်းရဲကင်းကုန်သော အာသာ တဏှာကင်းကုန်သော အကြင်ပစ္စေကဗုဒ္ဓါတို့သည် အသီးအခြားသာလျှင် အရဟတ္တ မဂ်သို့ ရောက်ကုန်၏၊ တဏှာဟူသော ငြောင့်ကင်းကုန်သော လူတို့ထက် မြတ်ကုန် သော ထိုပစ္စေကဗုဒ္ဓါတို့၏ အမည်နာမတို့ကို ဟောကြားအံ့သော ငါ၏ စကားကို နာကြကုန်လော့။
1,338,488
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အရိဋ္ဌပစ္စေကဗုဒ္ဓါ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ တဂရသိခိပစ္စေကဗုဒ္ဓါ ယသဿိပစ္စေကဗုဒ္ဓါ သုဒဿနပစ္စေကဗုဒ္ဓါ ပိယဒဿိပစ္စေကဗုဒ္ဓါ သုသမ္ဗုဒ္ဓပစ္စေကဗုဒ္ဓါ ဂန္ဓာရပစ္စေကဗုဒ္ဓါ ပိဏ္ဍောလပစ္စေကဗုဒ္ဓါ ဥပါသဘ ပစ္စေကဗုဒ္ဓါ နီတပစ္စေကဗုဒ္ဓါ သုတဝါပစ္စေကဗုဒ္ဓါ ဘာဝိတတ္တပစ္စေကဗုဒ္ဓါ သုမ္ဘပစ္စေကဗုဒ္ဓါ သုဘပစ္စေကဗုဒ္ဓါ အတုမရှိသော အဋ္ဌမ ပစ္စေကဗုဒ္ဓါ သုမေဃပ...
1,338,489
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
စူဠဇာလိ မဟာဇာလိမည်သော နှစ်ပါးသော ပစ္စေကဗုဒ္ဓါတို့ အဋ္ဌကပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ကောသလ္လပစ္စေကဗုဒ္ဓါ ဗုဒ္ဓပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး သုဗာဟုပစ္စေကဗုဒ္ဓါ ဥပနေမိသပစ္စေကဗုဒ္ဓါ နေမိသပစ္စေကဗုဒ္ဓါ သန္တစိတ္တပစ္စေကဗုဒ္ဓါ သစ္စပစ္စေကဗုဒ္ဓါ တထပစ္စေက ဗုဒ္ဓါ ဝိရဇပစ္စေကဗုဒ္ဓါ ပဏ္ဍိတပစ္စေကဗုဒ္ဓါ။
1,338,490
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကာဠပစ္စေကဗုဒ္ဓါ ဥပကာဠပစ္စေကဗုဒ္ဓါ ဝိဇိတပစ္စေကဗုဒ္ဓါ ဇိတပစ္စေကဗုဒ္ဓါ အင်္ဂပစ္စေကဗုဒ္ဓါ ပင်္ဂပစ္စေကဗုဒ္ဓါ ဂုတ္တိဇိတပစ္စေကဗုဒ္ဓါ ပဿိပစ္စေကဗုဒ္ဓါ သည် ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာကို ပယ်၏၊ အပရာဇိတမည်သော ပစ္စေကဗုဒ္ဓါ သည် မာရ်မင်း၏ စစ်သည်ကို အောင်၏။
1,338,491
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သတ္ထပစ္စေကဗုဒ္ဓါ ပဝတ္တပစ္စေကဗုဒ္ဓါ သရဘင်္ဂပစ္စေကဗုဒ္ဓါ လောမဟံသပစ္စေကဗုဒ္ဓါ ဥစ္စင်္ဂမာယပစ္စေကဗုဒ္ဓါ အသိတပစ္စေကဗုဒ္ဓါ အနာသဝပစ္စေကဗုဒ္ဓါ မနောမယပစ္စေက ဗုဒ္ဓါ မာနကို ပယ်ဖြတ်နိုင်သော ဗန္ဓုပစ္စေကဗုဒ္ဓါ တဒါဓိမုတ္တပစ္စေကဗုဒ္ဓါ ဝိမလ ပစ္စေကဗုဒ္ဓါ ကေတုမပစ္စေကဗုဒ္ဓါ။
1,338,492
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ကေတုမ္ဘရာဂပစ္စေကဗုဒ္ဓါ မာတင်္ဂပစ္စေကဗုဒ္ဓါ အရိယပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး အစ္စုတပစ္စေကဗုဒ္ဓါ အစ္စုတဂါမပစ္စေကဗုဒ္ဓါ ဗျာမကပစ္စေကဗုဒ္ဓါ သုမင်္ဂလပစ္စေကဗုဒ္ဓါ ဒဗ္ဗိလ ပစ္စေကဗုဒ္ဓါ သုပတိဋ္ဌိတပစ္စေကဗုဒ္ဓါ အသယှပစ္စေကဗုဒ္ဓါ ခေမာဘိရတပစ္စေက ဗုဒ္ဓါ သောရတပစ္စေကဗုဒ္ဓါ။
1,338,493
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဒုရန္ဒယပစ္စေကဗုဒ္ဓါ သံဃပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ဥဇ္ဇယပစ္စေကဗုဒ္ဓါ တစ်ပါး သော မုနိပစ္စေကဗုဒ္ဓါ မဆုတ်မနစ်သော လုံ့လရှိသော သယှပစ္စေကဗုဒ္ဓါ အာနန္ဒ ပစ္စေကဗုဒ္ဓါလေးပါး နန္ဒပစ္စေကဗုဒ္ဓါလေးပါး့ဥပနန္ဒပစ္စေကဗုဒ္ဓါလေးပါးအားဖြင့် တစ်ဆယ့်နှစ်ပါးသော ပစ္စေကဗုဒ္ဓါတို့ အဆုံးစွန်သော ကိုယ်ခန္ဓာကိုဆောင်သော ဘာရဒွါဇပစ္စေကဗုဒ္ဓါ။
1,338,494
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဗောဓိပစ္စေကဗုဒ္ဓါ မဟာနာမပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ဥတ္တရပစ္စေကဗုဒ္ဓါ ကေသိ ပစ္စေကဗုဒ္ဓါ သိခိပစ္စေကဗုဒ္ဓါ သုန္ဒရပစ္စေကဗုဒ္ဓါ ဒွါရဘာဇပစ္စေကဗုဒ္ဓါ ဘဝအနှောင် အဖွဲ့ကို ဖြတ်ကုန်သော တိဿပစ္စေကဗုဒ္ဓါ ဥပတိဿပစ္စေကဗုဒ္ဓါတို့ ဥပသိခိပစ္စေက ဗုဒ္ဓါ တဏှာကို ဖြတ်သော သိခရိပစ္စေကဗုဒ္ဓါ။
1,338,495
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဗုဒ္ဓပစ္စေကဗုဒ္ဓါ ရာဂကင်းပြီးသော အဟုမင်္ဂလပစ္စေကဗုဒ္ဓါ ဆင်းရဲ၏ အကြောင်း ရင်းဖြစ်သော တဏှာဟူသော ကွန်ရက်ကို ဖြတ်ပြီးသော ဥသ ဘပစ္စေကဗုဒ္ဓါ ငြိမ်း အေးသော နိဗ္ဗာန်သို့ကြွသွားတော်မူပြီးသော ဥပနီတပစ္စေကဗုဒ္ဓါ ဥပေါသထ ပစ္စေကဗုဒ္ဓါ သုန္ဒရပစ္စေကဗုဒ္ဓါ၊ သစ္စပစ္စေကဗုဒ္ဓါ။
1,338,496
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဇေတပစ္စေကဗုဒ္ဓါ ဇယန္တပစ္စေကဗုဒ္ဓါ ပဒုမပစ္စေကဗုဒ္ဓါ ဥပ္ပလပစ္စေကဗုဒ္ဓါ ပဒုမုတ္တရ ပစ္စေကဗုဒ္ဓါ ရက္ခိတပစ္စေကဗုဒ္ဓါ ပဗ္ဗတပစ္စေကဗုဒ္ဓါ မာနတ္ထဒ္ဓပစ္စေကဗုဒ္ဓါ သောဘိတ ပစ္စေကဗုဒ္ဓါ ဝီတရာဂပစ္စေကဗုဒ္ဓါ ကောင်းစွာ ကိလေသာမှ လွတ်သောစိတ်ရှိသော ကဏှ ပစ္စေကဗုဒ္ဓါ ဗုဒ္ဓပစ္စေကဗုဒ္ဓါ။
1,338,497
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကြီးသော တန်ခိုးရှိကုန်သော ဘဝသို့ဆောင်တတ်သော တဏှာကုန်ခန်းပြီးကုန် သော ထိုပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း၊ တစ်ပါးသော ပစ္စေကဗုဒ္ဓါတို့သည်လည်း ကောင်း ပွင့်တော်မူကြကုန်ပြီ၊ အလုံးစုံ သိမ်းကျုံး၍ ယူအပ်ကုန်သော မြတ်သော သီလက္ခန္ဓတို့ကို ရှာလေ့ရှိကုန်သော ပရိနိဗ္ဗာန်ဝင်စံကုန်ပြီးသော အတိုင်းမသိများ ကုန်သော ထိုပစ္စေကဗုဒ္ဓါတို့ကို သင်တ...
1,338,498
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ခြောက်ခုမြောက် ဣသိဂိလိသုတ် ပြီး၏။
1,338,499
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၇-မဟာစတ္တာရီသကသုတ်
1,338,500
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-