id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,338,501
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ရဟန်တို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။
1,338,502
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- “ရဟန်းတို့ အကြောင်းနှင့်တကွ အခြံအရံနှင့်တကွသော အပြစ် ကင်းသော ကောင်းသော သမာဓိကို သင်တို့အား ဟောကြားပေအံ့၊ ထိုစကားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောပေအံ့”ဟု မိန့်တော်မူ၏။
1,338,503
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။
1,338,504
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကြောင်းနှင့်တကွ အခြံအရံနှင့်တကွသော အပြစ်ကင်းသော ကောင်းသော သမာဓိသည် အဘယ်နည်း၊ ဤအခြံအရံဟူသည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာ သင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှ...
1,338,505
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤခုနစ်ပါးသော အင်္ဂါတို့ဖြင့် ခြံရံသော စိတ်တည်ကြည်မှုသည် ရှိ၏၊ အပြစ်ကင်းသော ဤ ကောင်းသော သမာဓိကို အကြောင်းနှင့်တကွဖြစ်၏ဟူ၍လည်းကောင်း၊ အခြံအရံနှင့်တကွဖြစ်၏ဟူ၍လည်း ကောင်း ဆိုရ၏။
1,338,506
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။
1,338,507
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်သနည်း၊ အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ကို “အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ဟူ၍ သိ၏။
1,338,508
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ကို မှန်စွာသိမြင်ခြင်း့'သမ္မာဒိဋ္ဌိ’ ဟူ၍” သိ၏။
1,338,509
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသိခြင်းသည် ထိုပုဂ္ဂိုလ်၏ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,338,510
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ'သည် အဘယ်နည်း၊ အလှူ၏အကျိုးသည် မရှိ၊ ယဇ်ပူဇော် ခြင်း၏ အကျိုးသည် မရှိ၊ဟုန်းပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုး ဝိပါတ်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသောလောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုး သည် မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ (ပဋိသန္ဓေ တည်နေသောအားဖြင့် တစ...
1,338,511
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'သည် အဘယ်နည်း။
1,338,512
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငါသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏၊ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။
1,338,513
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်း တို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာ မည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။
1,338,514
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'သည် အဘယ်နည်း။
1,338,515
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ဟုန်းပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက် သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (ပဋိသန္ဓေတည်နေသောအားဖြင့် တစ်ဆယ့်ငါးနှစ်ရွယ် ကိုယ်ထင်ရှားဖြစ်သော) ဥပပါတ်သတ္တဝါတို့သည...
1,338,516
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် အဘယ် နည်း။
1,338,517
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကို ပွါးသောပုဂ္ဂိုလ်၏ အပြားအားဖြင့် သိခြင်း'ပညာ’ အပြားအားဖြင့် သိခြင်း၌ အစိုးရခြင်း ‘ပညိန္ဒြေ’ (အဝိဇ္ဇာကြောင့်) မတုန်လှုပ်ခြင်း ‘ပညာဗိုလ်’ သမ္ဗောဇ္ဈင်အဖြစ်သို့ ရောက်၍ သစ္စာလေးပါးတို့ကို စိစစ်ဆင်ခြင်ခြင်း ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ မှန်စွ...
1,338,518
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤပညာကို အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောက ကို လွန်မြောက်၍ လောကုတ္တရာဖြစ်သော မဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုရ၏။
1,338,519
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် မိစ္ဆာဒိဋ္ဌိ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာဒိဋ္ဌိ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏၊ ထိုလုံ့လပြုခြင်းသည် မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ မည်၏။
1,338,520
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် သတိနှင့်ပြည့်စုံ၍ မိစ္ဆာဒိဋ္ဌိကို ပယ်၏၊ သတိနှင့်ပြည့်စုံ၍ သမ္မာဒိဋ္ဌိကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း့'သမ္မာသတိ’ မည်၏၊ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာဒိဋ္ဌိသို့ အစဉ်ပြ...
1,338,521
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၇။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။
1,338,522
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း၊ အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'ကို အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ ဟူ၍ သိ၏၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ကို မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ဟူ၍ သိ၏၊ ထိုသိခြင်းသည် ထို ပုဂ္ဂိုလ်၏ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,338,523
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ သည် အဘယ် နည်း။
1,338,524
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကာမဂုဏ်နှင့်စပ်၍ ကြံခြင်း၊ ဖျက်ဆီးခြင်းနှင့် စပ်၍ ကြံခြင်း၊ ညှဉ်းဆဲခြင်းနှင့် စပ်၍ ကြံခြင်း တည်း။
1,338,525
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'တည်း။
1,338,526
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ သည် အဘယ်နည်း။
1,338,527
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငါသည် မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏၊ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏။
1,338,528
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာ မည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ သည် ရှိ၏။
1,338,529
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ'သည် အဘယ်နည်း။
1,338,530
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကာမမှ ထွက်မြောက်ခြင်းနှင့် စပ်သော ကြံခြင်း၊ မဖျက်ဆီးခြင်းနှင့်စပ်၍ ကြံခြင်း၊ မညှဉ်းဆဲခြင်းနှင့်စပ်၍ ကြံခြင်းတို့တည်း။
1,338,531
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ'တည်း။
1,338,532
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ'သည် အဘယ် နည်း။
1,338,533
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကို ပွါးသော ပုဂ္ဂိုလ်၏ ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ ကောင်းစွာကြံခြင်း ‘သင်္ကပ္ပ’၊ အာရုံ၌ စိတ်ကို ထားခြင်း ‘အပ္ပနာ’၊ တည်ကြည်၍ အာရုံ၌ စိတ်ကို အထူးထားခြင်း ‘ဗျပ္ပနာ’၊ စိတ်ကို အာရုံသို့ တင်ခြင်း ‘စေတသော အဘိနိရောပနာ’၊ ဝစီပြုပြ...
1,338,534
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤ ကြံခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်း ဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ မည်၏။
1,338,535
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် မိစ္ဆာသင်္ကပ္ပ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာသင်္ကပ္ပ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏၊ ထိုလုံ့လပြုခြင်းသည် ‘သမ္မာဝါယာမ’ မည်၏။
1,338,536
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာသင်္ကပ္ပကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာသင်္ကပ္ပကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’မည်၏၊ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟူသော ဤတရားသုံးပါးတို့သည် သမ္မာသင်္ကပ္ပသို့...
1,338,537
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၈။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။
1,338,538
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။
1,338,539
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ကို အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ဟူ၍ သိ၏၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ဟူ၍ သိ၏၊ ဤသို့ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် ထိုပုဂ္ဂိုလ်၏ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,338,540
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အမှားပြော ဆိုခြင်း ‘မိစ္ဆာဝါစာ'သည် အဘယ်နည်း။
1,338,541
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မုသားပြောခြင်း ကုန်းချောခြင်း ကြမ်းတမ်းသော စကားဆိုခြင်း့ပြိန်ဖျင်းသော စကားဆိုခြင်း။
1,338,542
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ'တည်း။
1,338,543
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'သည် အဘယ်နည်း။
1,338,544
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငါသည် မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏။
1,338,545
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ် သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ'လည်းရှိ၏။
1,338,546
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည် သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'လည်း ရှိ၏။
1,338,547
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ် သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'သည် အဘယ်နည်း။
1,338,548
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်း ချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားဆို ခြင်းမှ ရှောင်ကြဉ်ခြင်း။
1,338,549
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာပြောဆိုခြင်း'သမ္မာဝါစာ'တည်း။
1,338,550
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'သည် အဘယ် နည်း။
1,338,551
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကိုပွါးသော ပုဂ္ဂိုလ်၏လေးပါးသော ဝစီဒုစရိုက်တို့မှ ဝေးစွာ ကြဉ်ခြင်း၊
1,338,552
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။
1,338,553
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤရှောင် ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ မည်၏။
1,338,554
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို ရဟန်းသည် မိစ္ဆာဝါစာ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာဝါစာ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏။
1,338,555
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို လုံ့လပြုခြင်းသည် မှန်စွာလုံ့လပြုခြင်း ‘သမ္မာဝါယာမ’မည်၏။
1,338,556
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် သတိနှင့်ပြည့်စုံလျက် မိစ္ဆာဝါစာကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာဝါစာကို ပြည့်စုံစေ၍ နေ၏၊ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။
1,338,557
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာဝါစာသို့ အစဉ် ပြေးဝင်ကုန်၏၊ အစဉ်ခြံရံကုန်၏။
1,338,558
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၃၉။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။
1,338,559
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ကို အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ဟူ၍ သိ၏၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'ကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာ သိခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,338,560
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ'သည် အဘယ်နည်း။
1,338,561
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သူ့အသက်ကို သတ်ခြင်း၊ မပေး သည်ကို ယူခြင်း၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်း။
1,338,562
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ'တည်း။
1,338,563
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'သည် အဘယ်နည်း။
1,338,564
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငါသည် မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ ကိုလည်း နှစ်မျိုးရှိ၏ဟူ၍ ဟော၏။
1,338,565
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာ ကမ္မန္တ'လည်း ရှိ၏။
1,338,566
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာ ကမ္မန္တ'လည်း ရှိ၏။
1,338,567
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာ ဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'သည် အဘယ်နည်း။
1,338,568
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သူ့အသက့်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'တည်း။
1,338,569
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ သည် အဘယ်နည်း။
1,338,570
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့် စုံသော အရိယမဂ်ကိုပွါးသော ပုဂ္ဂိုလ်၏ ကာယဒုစရိုက်သုံးပါးတို့မှ ဝေးစွာ ကြဉ်ခြင်း၊ ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။
1,338,571
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤ ရှောင်ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’မည်၏။
1,338,572
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် မိစ္ဆာကမ္မန္တ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာကမ္မန္တ ဖြစ်ပေါ်ခြင်းငှါ လုံ့လ ပြု၏။
1,338,573
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုလုံ့လပြုခြင်း အားထုတ်ခြင်းသည် မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’မည်၏။
1,338,574
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာကမ္မန္တကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာကမ္မန္တကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။
1,338,575
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရား သုံးပါးတို့သည် သမ္မာကမ္မန္တသို့ အစဉ်ပြေးဝင်ကုန်၏၊ အစဉ်ခြံရံကုန်၏။
1,338,576
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်သနည်း။
1,338,577
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အမှားအသက်မွေးခြင်း ‘မိစ္ဆာ အာဇီဝ'ကို အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ဟူ၍ သိ၏၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,338,578
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ'သည် အဘယ်နည်း။
1,338,579
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လာဘ်အလို့ငှါ အံ့ဖွယ်ကို ဖြစ်စေခြင်း မြှောက်ပင့်ပြောဆိုခြင်း အရိပ်အခြည်ပြုခြင်း အတင်းအကြပ်ပြုခြင်း လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း။
1,338,580
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသည်ကား အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ တည်း။
1,338,581
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ သည် အဘယ်နည်း။
1,338,582
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငါသည် မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏။
1,338,583
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည် ရှိ၏။
1,338,584
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောက ကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည် ရှိ၏။
1,338,585
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည် အဘယ်နည်း။
1,338,586
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အရိယာဖြစ်သော တပည့်သည် အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ'ကို ပယ်၍ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဖြင့် အသက်မွေး၏။
1,338,587
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤအသက်မွေးခြင်းကား အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'တည်း။
1,338,588
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည့်အဘယ်နည်း။
1,338,589
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့် ပြည့်စုံသော အရိယမဂ်ကို ပွါးသော ပုဂ္ဂိုလ်၏ အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ မှ ဝေးစွာ ကြဉ်ခြင်း၊ ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။
1,338,590
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာ အာဇီဝ’ မည်၏။
1,338,591
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် မိစ္ဆာအာဇီဝကို ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာအာဇီဝ ဖြစ်ပေါ် ခြင်းငှါ လုံ့လပြု၏။
1,338,592
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုလုံ့လပြုခြင်း အားထုတ်ခြင်းသည် မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ မည်၏။
1,338,593
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာအာဇီဝကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာအာဇီဝကို ပြည့်စုံ စေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။
1,338,594
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာကမ္မန္တသို့ အစဉ်ပြေးဝင်ကုန်၏၊ အစဉ် ခြံရံကုန်၏။
1,338,595
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်အား သမာ သင်္ကပ္ပသည် ဖြစ်၏၊ သမာသင်္ကပ္ပရှိသော ပုဂ္ဂိုလ်အား သမ္မာဝါစာသည် ဖြစ်၏၊ သမ္မာဝါစာရှိသော ပုဂ္ဂိုလ် အား သမ္မာကမ္မန္တသည် ဖြစ်၏၊ သမာကမ္မန္တရှိသော ပုဂ္ဂိုလ်အား သမ္မာအာဇီဝသည် ဖြစ်၏၊ သမ္မာ အာဇီဝရှိသော ပုဂ္ဂိုလ်အား သမ္မာဝါယာမသည် ဖြစ်၏၊ သမ္မာဝါယာမရှိသော ပုဂ္ဂိုလ်အား သမ္မာသတိသည် ဖြစ်၏၊ ...
1,338,596
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် အသီးအခြား ဖြစ်သော သေက္ခပုဂ္ဂိုလ်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏၊ ရဟန္တာပုဂ္ဂိုလ်သည် အင်္ဂါဆယ်ပါးနှင့် ပြည့်စုံ၏၊ ထိုတရားတို့၌လည်း မဖောက်မပြန်သော ဉာဏ်ဖြင့် များစွာသော ယုတ်မာသော အကုသိုလ်တရား ကင်း ကုန်၍ ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏။
1,338,597
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၄၂။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။
1,338,598
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဒိဋ္ဌိသည် ဆွေးမြေ့ ပျက်စီး၏။
1,338,599
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မိစ္ဆာဒိဋ္ဌိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော များစွာသော ယုတ်မာသော အကုသိုလ် တရားတို့သည်လည်း ထိုပုဂ္ဂိုလ်အား ဆွေးမြေ့ပျက်စီးကုန်၏၊ သမ္မာဒိဋ္ဌိဟူသော အကြောင်းကြောင့် များစွာ သော ကုသိုလ်တရားတို့သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏။
1,338,600
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ သမ္မာသင်္ကပ္ပရှိသော ပုဂ္ဂိုလ်အား မိစ္ဆာသင်္ကပ္ပသည် ဆွေးမြေ့ပျက်စီး၏။