id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,601 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ သမ္မာဝါစာရှိသော ပုဂ္ဂိုလ်အား မိစ္ဆာ ဝါစာသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,602 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သမ္မာကမ္မန္တရှိသော ပုဂ္ဂိုလ်အား မိစ္ဆာကမ္မန္တသည် ဆွေးမြေ့ ပျက်စီး၏။ |
1,338,603 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သမ္မာအာဇီဝရှိသော ပုဂ္ဂိုလ်အား မိစ္ဆာအာဇီဝသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,604 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ သမ္မာဝါယာမရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဝါယာမသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,605 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သမ္မာသတိရှိ သော ပုဂ္ဂိုလ်အား မိစ္ဆာသတိသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,606 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်အား မိစ္ဆာသမာဓိသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,607 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ရှိသော ပုဂ္ဂိုလ် အား မိစ္ဆာဉာဏ်သည် ဆွေးမြေ့ပျက်စီး၏။ |
1,338,608 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သမ္မာဝိမုတ္တိမည်သော အရဟတ္တဖိုလ်ရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဝိမုတ္တိသည် ဆွေးမြေ့ပျက်စီး၏။ |
1,338,609 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မိစ္ဆာဝိမုတ္တိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာ သော များစွာသော ယုတ်မာသော အကုသိုလ်တရားတို့သည်လည်း ထိုပုဂ္ဂိုလ်အား ဆွေးမြေ့ပျက်စီး ကုန်၏။ |
1,338,610 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သမ္မာဝိမုတ္တိဟူသော အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့သည် ဘာဝနာပြည့်စုံ ခြင်းသို့ ရောက်ကုန်၏။ |
1,338,611 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် နှစ်ဆယ်သော ကုသိုလ်အဖို့ရှိသော တရားတို့လည်းကောင်း နှစ်ဆယ်သော အကုသိုလ်အဖို့ရှိသော တရားတို့လည်းကောင်း ဤသို့ (များစွာသော လေးဆယ်သော တရားတို့ကို ပြသောကြောင့်) မဟာစတ္တာရီသကမည်သော တရားဒေသနာတော်ကို ငါသည် ဖြစ်စေအပ်ပြီ၊ လောက၌ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း နတ်သည်လည်းကောင်း၊ မာရ်သည်လည်းကောင်း၊ ဗြဟ္မာသည... |
1,338,612 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၄၃။ ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း များစွာသော လေးဆယ်သောတရားတို့ကို ပြသောကြောင့် မဟာစတ္တာရီသကမည်သော ဤတရားဒေသနာ တော်ကို ကဲ့ရဲ့ထိုက် ပယ်မြစ်ထိုက်၏ ဟူ၍ ထင်မှတ်ငြားအံ့၊ ထိုပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌သာလျှင် ဆယ်ပါးသော အကြောင်းနှင့်တကွ ဤရှေးဦးကဲ့ရဲ့ပြောဆိုခြင်း ‘ဝါဒ’ အတုလိုက်၍ ကဲ့ရဲ့ပြောဆိုခ... |
1,338,613 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာဒိဋ္ဌိကို ကဲ့ရဲ့ငြားအံ့၊ အသျှင်သည် မိစ္ဆာဒိဋ္ဌိအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်းသည် မည်ရာ၏။ |
1,338,614 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာ သင်္ကပ္ပကို ကဲ့ရဲ့ငြားအံ့၊ အသျှင်သည် မိစ္ဆာသင်္ကပ္ပအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်း သည် မည်ရာ၏။ |
1,338,615 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာဝါစာကို ကဲ့ရဲ့ငြားအံ့။ |
1,338,616 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အသျှင်သည် သမ္မာကမ္မန္တကို ကဲ့ရဲ့ ငြားအံ့။ |
1,338,617 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာအာဇီဝကို ကဲ့ရဲ့ငြားအံ့။ |
1,338,618 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာဝါယာမကို ကဲ့ရဲ့ငြားအံ့။ |
1,338,619 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာသတိကို ကဲ့ရဲ့ငြားအံ့။ |
1,338,620 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာသမာဓိကို ကဲ့ရဲ့ငြားအံ့။ |
1,338,621 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ကို ကဲ့ရဲ့ငြားအံ့။ |
1,338,622 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် သမ္မာဝိမုတ္တိမည်သော အရဟတ္တ ဖိုလ်ကို ကဲ့ရဲ့ငြားအံ့။ |
1,338,623 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သည် မိစ္ဆာဝိမုတ္တိအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်းသည် မည်ရာ၏။ |
1,338,624 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း များစွာသော လေးဆယ်သောတရားတို့ကို ပြသောကြောင့် မဟာစတ္တာရီသကမည်သော ဤတရားဒေသနာ တော်ကို ကဲ့ရဲ့ထိုက် ပယ်မြစ်ထိုက်၏ ဟူ၍ ထင်မှတ်ငြားအံ့၊ ထိုပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌သာလျှင် ဆယ်ပါးသော အကြောင်းနှင့်တကွ ဤရှေးဦးကဲ့ရဲ့ပြောဆိုခြင်း ‘ဝါဒ’ အတုလိုက်၍ ကဲ့ရဲ့ပြောဆိုခြ... |
1,338,625 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥက္ကလဇနပုဒ်၌ နေကုန်သော အဟေတုက အယူ, အကိရိယအယူ, နတ္ထိကအယူရှိကုန်သော ဝယဘိညမည်သော သူနှစ်ယောက်တို့သည်သော်လည်း (များစွာသော တရားတို့ကို ပြသောကြောင့်) မဟာစတ္တာရီသကမည်သော တရားဒေသနာတော်ကို မကဲ့ရဲ့ ထိုက် မပယ်မြစ်ထိုက်ဟူ၍ ထင်မှတ်ကုန်ရာ၏။ |
1,338,626 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ကြောင့်နည်းဟူမူ - ကဲ့ရဲ့ခြင်းမှ ကြောက်ခြင်း ထိပါးခြုတ်ခြယ်ခြင်းမှ ကြောက်ခြင်း သူတစ်ပါးစွပ်စွဲခြင်းမှ ကြောက်ခြင်းကြောင့်ပင်တည်းဟု (မိန့်တော် မူ၏)။ |
1,338,627 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ |
1,338,628 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။ |
1,338,629 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ခုနစ်ခုမြောက် မဟာစတ္တာရီသကသုတ် ပြီး၏။ |
1,338,630 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၈-အာနာပါနဿတိသုတ် |
1,338,631 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,632 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ များစွာကုန်သော အလွန့်အလွန် ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ |
1,338,633 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာ့ကောဋ္ဌိက အသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့နှင့်လည်းကောင်း၊ ထိုမထေရ်တို့မှတစ်ပါး အလွန့်အလွန်ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်လည်းကောင်း အတူသီတင်းသုံးနေတော်မူ၏။ |
1,338,634 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းငယ်တို့ကို ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် ဆယ်ပါးကုန်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် နှစ်ဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် သုံးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင... |
1,338,635 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဥပုသ်ပဝါရဏာနေ့ဖြစ်သော တစ်ဆယ့်ငါးရက်မြောက် လပြည့် နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။ |
1,338,636 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ကြည့်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ - “ရဟန်းတို့ ဤအကျင့်ကို နှစ်သက်၏၊ ရဟန်းတို့ ဤအကျင့်ဖြင့် နှစ်သက်သော စိတ်ရှိ၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ မရောက်သေးသော အရဟတ္တဖိုလ်ကို ရောက်ခြင်းငှါ မရသေးသော အရဟတ္တဖိုလ်ကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော အရဟ... |
1,338,637 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဇနပုဒ်၌ နေသော ရဟန်းတို့သည် “မြတ်စွာဘုရားသည် ထိုသာဝတ္ထိပြည်၌သာလျှင် မိုးလေးလတို့၏အဆုံးဖြစ်သော တန်ဆောင်မုန်းလပြည့် ပဝါရဏာတိုင်အောင် ဆိုင်းငံ့နေတော်မူလိမ့်သတတ်”ဟု ကြား ကုန်သည်သာတည်း။ |
1,338,638 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဇနပုဒ်နေ ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သာဝတ္ထိပြည်သို့ သက်ဝင်ကြကုန်၏။ |
1,338,639 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမထေရ်ရဟန်းတို့သည် ရဟန်းငယ်တို့ကို အတိုင်းထက်အလွန် ဆုံးမသွန်သင် ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် ဆယ်ပါးသော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန် သင်ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် နှစ်ဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမ သွန်သင်ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် သုံးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမ သွန်သင်ကုန်၏၊... |
1,338,640 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းငယ်တို့သည် မထေရ်ရဟန်းတို့က ဆုံးမသွန်သင်သည်ရှိသော် ရှေးဖြစ်သော သီလဖြည့်ဆည်းပူးခြင်းစသည်ထက် မြတ်သော နောက်ဖြစ်သော (ကသိုဏ်းပရိကံစသော) အထူးကို သိ ကုန်၏။ |
1,338,641 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၄၆။ ထိုအခါ မြတ်စွာဘုရားသည် မိုးလေးလတို့၏ အဆုံးဖြစ်သော တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ပဝါရဏာနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။ |
1,338,642 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ ကြည့်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ -"ရဟန်းတို့ ဤပရိသတ်သည် အဖျင်းကင်း၏၊ အဖျင်းမရှိ၊ ရဟန်းတို့ ဤပရိသတ်သည် အဖျင်းမရှိ စင်ကြယ်၍ အနှစ်သာရ၌ တည်၏။ |
1,338,643 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်သို့ သဘောရှိသော ပရိသတ်၌ အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်အတွက်ထားသော အလှူကို ခံထိုက်၏၊ ပူဇော်အထူးကို ခံထိုက်၏၊ လက်အုပ်မိုး၍ ရှိခိုးထိုက်၏၊ လူအပေါင်း၏ အတုမရှိ မြတ်သော ကောင်းမှုဟူသော မျိုးစေ့စိုက်ပျိုးရာ လယ်မြေကောင်း ဖြစ်၏၊ ရဟန်းတို့ ဤရဟန်းအပေါင်း့သည် ထိုသို့သဘောရှိ၏။ |
1,338,644 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤပရိသတ်သည် ထိုသို့သဘောရှိ၏။ |
1,338,645 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်သို့ သဘောရှိသော ပရိသတ်၌ အနည်းငယ် ပေးလှူအပ်သော ဒါနသည် အကျိုးများ၏၊ များစွာပေးလှူအပ်သော ဒါနသည် အလွန်အကဲ အကျိုးများ၏၊ ရဟန်းတို့ ဤရဟန်းအပေါင်းသည် ထိုသို့သဘောရှိ၏။ |
1,338,646 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်သို့သဘော ရှိသော ပရိသတ်ကို လူအပေါင်းသည် ဖူးမြင်ရခဲ၏၊ ရဟန်းတို့ ဤရဟန်းအပေါင်းသည် ထိုသို့သဘောရှိ၏။ |
1,338,647 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤ ပရိသတ်သည် ထိုသို့သဘောရှိ၏။ |
1,338,648 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်သို့သဘောရှိသော ပရိသတ်ကို ဖူးမြင်ခြင်းငှါ ယူဇနာရာထောင်သောင်းတို့သို့ ထမင်းထုပ်ဖြင့် သွားရောက်ခြင်းငှါ သင့်လျော်၏၊ ရဟန်းတို့ ဤရဟန်း အပေါင်းသည် ထိုသို့သဘောရှိ၏။ |
1,338,649 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ အာသဝေါကုန်ခန်းပြီးဖြစ်ကုန်သော အကျင့်သိက္ခာကို ကျင့် သုံးပြီးဖြစ်ကုန်သော ပြုဖွယ်ကိစ္စကို ပြု ပြီးဖြစ်ကုန်သော ဝန်ကို ချထားပြီးဖြစ်ကုန်သော မိမိ၏အကျိုး ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်ကုန်သော ဘဝအနှောင်အဖွဲ့ဖြစ်သော သံယောဇဉ်ကုန်ခန်းပြီး ဖြစ်ကုန်သော ကောင်းစွာသိ၍ ကိလေသာမှ ကျွတ်လွတ်ပြီးကုန်သော ရဟန္... |
1,338,650 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ အောက်တန်းသံယောဇဉ်ငါးပါး ကုန်ခန်းခြင်းကြောင့် (သုဒ္ဓါဝါသ ဘုံ၌) ဥပပါတ်ပဋိသန္ဓေ တည်နေကုန်သော ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလေ့ရှိကုန်သော ထိုသုဒ္ဓါဝါသဘုံမှ ပြန်လည်ခြင်းသဘောမရှိကုန်သော အနာဂါမ်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော အနာဂါမ်ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။ |
1,338,651 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ သံယောဇဉ်သုံးပါးတို့၏ ကုန်ခန်းခြင်းကြောင့် ရာဂ ဒေါသ မောဟ တို့၏ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ဤကာမဘုံသို့လာ၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့ကုန်သော သကဒါဂါမ်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော သကဒါဂါမ် ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။ |
1,338,652 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ သံယောဇဉ်သုံးပါးတို့၏ ကုန်ခန်းခြင်းကြောင့် ဖရိုဖရဲကျခြင်း သဘော မရှိကုန်သော မြဲကုန်သော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိကုန်သော သောတာပန်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော သောတာပန်ရဟန်းတို့သည်လည်း ဤရဟန်း အပေါင်း၌ ရှိကုန်၏။ |
1,338,653 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ သတိပဋ္ဌာန်လေးပါး ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းတို့သည်လည်း ဤ ရဟန်းအပေါင်း၌ ရှိကုန်၏။ |
1,338,654 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ သမ္မပ္ပဓာန်လေးပါး ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ |
1,338,655 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဣဒ္ဓိပါဒ်လေးပါး။ |
1,338,656 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဣန္ဒြေငါးပါး။ |
1,338,657 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဗိုလ်ငါးပါး။ |
1,338,658 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဗောဇ္ဈင် ခုနစ်ပါး။ |
1,338,659 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်သော အင်္ဂါရှစ်ပါးရှိသောမဂ် ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။ |
1,338,660 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ မေတ္တာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ |
1,338,661 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကရုဏာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည် ဖြစ်၍ နေကုန်သော၊ မုဒိတာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော၊ ဥပေက္ခာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော၊ အသုဘပွါးများအား့ထုတ်မှုကို လုံ့လပြုကုန်သည် ဖြစ်၍ နေကုန်သော၊ အနိစ္စသညာ ပွါးများအားထုတ်မှုကို လုံ့လပြုကုန် သ... |
1,338,662 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းအပေါင်း၌ ထွက်သက်ဝင်သက်ကို အောက်မေ့မှု ‘အာနာပါနဿတိ’ ပွါးများ အားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ထွက်သက် ဝင်သက်ကို အောက်မေ့မှု အာနာပါနဿတိကို ပွါးများလေ့လာသည်ရှိသော် များသော အကျိုးရင်း အကျိုးဆက် ရှိ၏။ |
1,338,663 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အာနာပါနဿတိကို ပွါးများလေ့လာသည်ရှိသော် သတိပဋ္ဌာန်လေးပါး တို့ကို ပြည့်စေကုန်၏၊ သတိ ပဋ္ဌာန်လေးပါးတို့ကို ပွါးများလေ့လာကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။ |
1,338,664 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလေ့လာသည်ရှိသော် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပြည့် စေကုန်၏။ |
1,338,665 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့ ပွါးများလေ့လာသည်ရှိသော် များသော အကျိုး ရင်း အကျိုးဆက်ရှိသနည်း။ |
1,338,666 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ရဟန်းသည် တောသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သစ်ပင် ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်သည်ဖြစ်၍လည်းကောင်း တင်ပလ္လင်ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကို ဖြစ်စေ၍ ထိုင်နေ၏။ |
1,338,667 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏။ |
1,338,668 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,669 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တိုစွာ သော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,670 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အစ အလယ် အဆုံး ဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ထွက်သက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝင်သက်လေဟူ... |
1,338,671 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,672 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,673 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “(ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “(ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,674 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရုန့်ရင်းသော (ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,675 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,676 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,677 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို အာရုံ၌ကောင်းစွာထားလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,678 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက့်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,679 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အနိစ္စဟု အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ အနိစ္စဟု အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,680 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,681 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရာဂချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,682 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်ဖန် ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,683 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် များမြတ်သော အကျိုးအာနိသင်ရှိ၏။ |
1,338,684 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် သတိပဋ္ဌာန် လေးပါးတို့ကို ပြည့်စေကုန်သနည်း။ |
1,338,685 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,686 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တိုစွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,687 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အစ အလယ် အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ထင်ရှားရှား သိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,688 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရုန့်ရင်းသော ကာယသင်္ခါရကို (သာယာ စွာရှုသဖြင့်) ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော ကာယသင်္ခါရကို (သာ ယာစွာရှုသဖြင့်) ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,689 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် ပထဝီဓာတ်စသော ဓာတ်လေးပါးအပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်ဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,690 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထွက်သက် ဝင်သက်တို့ကို ပထဝီဓာတ် စသော ဓာတ်လေးပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ်ဟူသော ကာယဟူ၍ ငါ ဟော၏။ |
1,338,691 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သော ပညာ, အောက်မေ့တတ်သောသတိ ရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ပထဝီဓာတ်စသော ဓာတ်လေးပါးဟူသော အပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်ဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ |
1,338,692 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,693 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,694 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ္တသင်္ခါရ” ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ္တသင်္ခါရ” ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,695 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရုန့်ရင်း သော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,696 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ,့အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် သုခဝေဒနာစသော အပေါင်းဝေဒနာတို့၌ သုခဝေဒနာဟူသော အစိတ်ဝေဒနာကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ |
1,338,697 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထွက်သက်ဝင်သက်တို့ကို ကောင်းစွာ နှလုံးသွင်းခြင်းကို သုခ ဝေဒနာစသော ဝေဒနာသုံးပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော သုခဝေဒနာဟူ၍ ငါဟော၏။ |
1,338,698 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် သုခဝေဒနာစသော အပေါင်းဝေဒနာတို့၌ သုခဝေဒနာဟူသော အစိတ်ဝေဒနာကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ |
1,338,699 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,700 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို အလွန်ဝမ်းမြောက် စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.