id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,701 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,702 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,703 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် စိတ်၌ စိတ်ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,704 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ လွတ်သော သတိရှိသော ကောင်းစွာ ဆင်ခြင်တတ်သော ပညာမရှိသော ပုဂ္ဂိုလ်အား အာနာပါနဿတိကမ္မဋ္ဌာန်းကို ငါမဟော။ |
1,338,705 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သော ပညာ, အောက်မေ့တတ်သော သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် စိတ်၌ စိတ်ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,706 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “အနိစ္စဟု အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အနိစ္စဟု အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,707 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရာဂကင်းရာနိဗ္ဗာန်ကို အဖန် ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂကင်းရာနိဗ္ဗာန်ကို အဖန်ဖန် ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,708 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရာဂချုပ်ရာနိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂချုပ် ရာနိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,709 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ကိလေသာကို စွန့်ရာ နိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ကိလေသာကိုစွန့် ရာနိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,710 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ် သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် တရား တို့၌ တရားကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,711 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ခြင်းကို ဝိပဿနာပညာဖြင့်မြင်၍ ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏။ |
1,338,712 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သော လုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် တရားတို့၌ တရားကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,713 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏။ |
1,338,714 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၀။ ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော သတိပဋ္ဌာန်လေးပါးတို့သည် ဗောဇ္ဈင် ခုနစ်ပါးတို့ကို ပြည့်စေကုန်သနည်း။ |
1,338,715 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ် သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ပထဝီစသော ဓာတ်လေးပါးဟူသော အပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်တည်းဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,338,716 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ၌ ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ။ |
1,338,717 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,718 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့သော အခြင်းအရာအားဖြင့် သတိပြည့်စုံစွာနေသော ထိုရဟန်းသည် ထိုတရားကို ဝိပဿနာ ပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ |
1,338,719 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ထိုသို့သော အခြင်း အရာအားဖြင့် သတိပြည့်စုံစွာနေသော ရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ |
1,338,720 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,721 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ထိုပုဂ္ဂိုလ် အား အားထုတ်မှုဝီရိယသည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ |
1,338,722 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ထိုတရားကို ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ရဟန်းအား အားထုတ်မှုဝီရိယသည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ |
1,338,723 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ် ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဝီရိယ သမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,724 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) အားထုတ်အပ်သော ဝီရိယရှိသူအား ကိလေသာမှကင်းသော ပီတိသည် ဖြစ်၏။ |
1,338,725 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင် အခါ၌ အားထုတ်အပ်သော ဝီရိယရှိသော ရဟန်းအား ကိလေသာမှကင်းသော ပီတိသည် ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,726 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) နှစ်သိမ့်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ရဟန်းတို့ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ထိုအခါ၌ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈ င်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်း သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ... |
1,338,727 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်၏ စိတ်သည် တည်ကြည်၏။ |
1,338,728 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထို အခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,729 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ထိုပုဂ္ဂိုလ်သည် ထိုသို့သော အခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူ ရှုခြင်းရှိ၏၊ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုသို့သော အခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ့်၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထို... |
1,338,730 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၁။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင် တတ်သော ပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ဝေဒနာတို့၌။ |
1,338,731 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တရားတို့၌ တရားကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ထိုအခါ၌ ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ။ |
1,338,732 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ အကြင်အခါ၌ ရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပွါးများမှု ပြည့်ခြင်းသို့ ရောက်၏။ |
1,338,733 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ထိုသို့သော အခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသည်ဖြစ်၍နေသော ထိုရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ |
1,338,734 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ထိုသို့သော အခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသည်ဖြစ်၍နေသော ရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ |
1,338,735 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အား ထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပွါးများမှု ပြည့်ခြင်းသို့ ရောက်၏။ |
1,338,736 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်သော စူးစမ်းသော စုံးစမ်းခြင်းသို့ရောက်သော ထိုရဟန်း အား အားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ |
1,338,737 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ထိုတရားကို ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ရဟန်းအား အားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့... |
1,338,738 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) အားထုတ်အပ်သော ဝီရိယရှိသောသူအား ကိလေသာမှကင်းသော ပီတိသည်ဖြစ်၏။ |
1,338,739 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ အားထုတ်အပ်သော ဝီရိယရှိသောရဟန်းအား ကိလေသာမှကင်းသော ပီတိသည်ဖြစ်၏၊ ထို အခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,740 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) နှစ်သိမ့်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏။ |
1,338,741 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ထိုအခါ၌ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်း သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်း သို့ ရောက်၏။ |
1,338,742 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်၏စိတ်သည် တည်ကြည်၏။ |
1,338,743 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ရဟန်း၏စိတ်သည် တည်ကြည်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,744 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ထိုရဟန်းသည် ထိုသို့သောအခြင်းအရာအားဖြင့် တည်ကြည်သောစိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏။ |
1,338,745 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုသို့သောအခြင်းအရာအားဖြင့် တည်ကြည်သောစိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ |
1,338,746 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော သတိပဋ္ဌာန်လေးပါးတို့ သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။ |
1,338,747 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၂။ ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဝိဇ္ဇာဝိမုတ္တိဟု ဆိုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အကျိုးဖြစ်သော နိဗ္ဗာန်ကို ပြည့်စေကုန်သနည်း။ |
1,338,748 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ ရဟန်းသည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော သတိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ |
1,338,749 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဆိတ် ငြိမ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက် စေတတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ |
1,338,750 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဝိဇ္ဇာ ဝိမုတ္တိဟု ဆိုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အကျိုးဖြစ်သော နိဗ္ဗာန်ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။ |
1,338,751 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ |
1,338,752 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှစ်ခုမြောက် အာနာပါနဿတိသုတ် ပြီး၏။ |
1,338,753 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၉-ကာယဂတာသတိသုတ် |
1,338,754 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,755 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ၌ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခဲ့ကုန်၍ စည်းဝေး ရာဇရပ်၌ စည်းဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤအကြားစကားသည်၁ ထင်ရှား ဖြစ်၏ - “ငါ့သျှင်တို့ အံ့ဩဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်စဖူး ဖြစ်ပါပေစွ၊ အလုံးစုံကို သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ... |
1,338,756 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့၏ ဤအကြားစကားသည် မပြီးပြတ်သေးချေ၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထတော်မူလျက် စည်းဝေးရာဇရပ်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ - |
1,338,757 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးထိုင်နေကြကုန်သနည်း၊ သင်တို့၏ ငါမလာမီ အကြားဝယ် မပြီးသေးသောစကားကား အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ |
1,338,758 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဆွမ်းစားပြီး နောက် ဆွမ်းစားဇရပ်မှ ဖဲခဲ့ကုန်၍ ဤစည်းဝေးရာဇရပ်၌ စည်းဝေးထိုင်နေကုန်သော အကျွန်ုပ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏ -"ငါ့သျှင်တို့ အံ့ဩဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်စဖူး ဖြစ်ပါပေ စွ၊ အလုံးစုံကို သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွ... |
1,338,759 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားကား ဤစကားပါ တည်း၊ ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် ကြွရောက်လာတော်မူပါ၏ဟု (လျှောက်ထားကြကုန်၏)။ |
1,338,760 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို အဘယ်သို့ ပွါးများ လေ့လာထားသော် များသော အကျိုးရင်း အကျိုးဆက်ရှိသနည်း။ |
1,338,761 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည် တောသို့ ကပ်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်၍သော်လည်းကောင်း တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေ၍ ထိုင်နေ၏။ |
1,338,762 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် သတိနှင့်ပြည့်စုံသည် ဖြစ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့်ပြည့်စုံသည် ဖြစ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏၊။ |
1,338,763 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည် ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,764 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တိုစွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာ သော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ |
1,338,765 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အစ အလယ် အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,766 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရုန့်ရင်းသော (ထွက်သက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝင်သက်လေဟူသော) ကာယသင်္ခါရကို (သာယာစွာ ရှုသဖြင့်) ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ |
1,338,767 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်း ကုန်၏။ |
1,338,768 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ |
1,338,769 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့ ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,770 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း “သွား၏”ဟု သိ၏၊ ရပ်လျှင်လည်း “ရပ်၏”ဟု သိ၏၊ ထိုင်လျှင်လည်း “ထိုင်၏”ဟု သိ၏၊ လျောင်းလျှင်လည်း “လျောင်း၏”ဟု သိ၏။ |
1,338,771 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူ အရာအားဖြင့် သိ၏။ |
1,338,772 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏။ |
1,338,773 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ |
1,338,774 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,775 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့ တိုးရာ၌ နောက်သို့ ဆုတ်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏။ |
1,338,776 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏။ |
1,338,777 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့, ကိလေသာကို့ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏။ |
1,338,778 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဝိတက် တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာသက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ |
1,338,779 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာ သတိ’ ကို ပွါးများ၏။ |
1,338,780 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ခြေဖဝါးအထက် ဆံဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံး ရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏ “ဤရုပ် အပေါင်း၌ ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ... |
1,338,781 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါးအမျိုးမျိုးဖြင့် ပြည့်လျက် ရှိ၏။ |
1,338,782 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်စပါးတို့နည်းဟူမူ- သလေးစပါး၊ ကောက်ကြီးစပါး၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်တို့တည်း။ |
1,338,783 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မျက်စိအမြင်ရှိသော ယောကျ်ားသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့ တည်း။ |
1,338,784 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသည်တို့ ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ ကား ပဲနောက်တို့တည်း၊ ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ ကား ဆန်တို့တည်း”ဟု စူးစိုက် ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခြေဖဝါးမှအထက် ဆံဖျားမှအောက် ထက်ဝန်း ကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်... |
1,338,785 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ် သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ် ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်'တို့သည် ပျောက်ကင်းကုန်၏။ |
1,338,786 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း ရဟန်း သည် ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,787 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် “ဤရုပ်အပေါင်း၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။ |
1,338,788 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား လိမ္မာကျွမ်းကျင်သော နွားသတ်သမားသည်သော်လည်း ကောင်း၊ နွားသတ်သမား၏ တပည့်သည်သော်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွဆုံ၌ အစုအပုံ အားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် “ဤရုပ်အပေါင်း၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ... |
1,338,789 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ် သော လုံ့လရှိလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်'တို့သည် ပျောက်ကင်းကုန်၏။ |
1,338,790 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဝိတက်တို့ ပျောက်ကင်း ခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ |
1,338,791 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌့ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,792 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင် သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်း ပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ အပုပ်ရည် ယိုစီးနေသော သင်္ချိုင်း၌ စွန့်ပစ် ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် “ဤကိုယ်သည်လည်း ဤသို့သော သ... |
1,338,793 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၆) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ဘုံမတီးငှက်တို့ ခဲစားအပ် သည်မူလည်း ဖြစ်သော, အိမ်ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ကျားတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော,သစ်တို့ ခဲစား အပ်သည်မူလည်းဖြစ်သော, မြေခွေးတို့ ခဲစာ... |
1,338,794 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မမေ့မလျော့။ |
1,338,795 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,796 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အသားအသွေး ရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့။ |
1,338,797 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့လျက်ရှိသော အရိုးဆက်လျက်ရှိသေး သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ |
1,338,798 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အသားအသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား သော အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ |
1,338,799 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အကြောတို့ဖြင့် ဖွဲ့ခြင်းကင်းကုန်သော တစ်နေရာ၌လက်ရိုး တစ်နေရာ၌ ခြေရိုး တစ်နေရာ၌ ဖမျက်ရိုး တစ်နေရာ၌ မြင်း ခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌ နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌ မေးရိုး တစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲ... |
1,338,800 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ် သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.