id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,801 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၈-၁၁) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့်အတူ ဖြူဖွေးနေသော သင်္ချိုင်း၌ စွန့်ပစ်ထားကုန်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့။ |
1,338,802 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ နှစ်လွန်လျက် စုပုံနေသော သင်္ချိုင်း ၌ စွန့်ပစ်ထားသော အရိုးစု သူသေကောင်တို့ကို။ |
1,338,803 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ပုပ်ဆွေးလျက် အမှုန့်ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့် ပစ်ထားသော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ ရုပ်အပေါင်းသည့်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ရှု၏။ |
1,338,804 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၅။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ |
1,338,805 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နံှ့သော နေရာ အနည်းငယ်မျှ မရှိ။ |
1,338,806 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း ရေချိုးပေးသူ၏ တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို လောင်းထည့်ပြီးလျှင် ရေဖြင့်ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ရေချိုးကသယ်မှုန့်ခဲသည် ရေဟူသောအစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ ရေဟူ သော အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ ရေတည်းဟူသော အစေးဖ... |
1,338,807 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထို ရဟန်း၏ တစ်ကိုယ်လုံး မပျံ့နံှ့သောနေရာ အနည်းငယ်... |
1,338,808 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ဤ သို့လည်း ရဟန်းသည် ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ |
1,338,809 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၅) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ |
1,338,810 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဒုတိယဈာန်သို့ ရောက် ၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည် ကြည်ခြင်း ‘သမာဓိ'ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နံှ့သောနေ... |
1,338,811 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ဥပမာအားဖြင့် နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏ အရှေ့ အရပ်၌ ရေဝင်ပေါက်မရှိရာ၊ အနောက်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ တောင်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ မြောက်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ မိုးသည်လည်း အခါခပ်သိမ်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ။ |
1,338,812 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအလျဉ်သည် စိမ့်ထွက်၍ ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသော ရေဖြင့် ထိုရေအိုင်တစ်ခုလုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ။ |
1,338,813 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်း သာခြင်း ‘သုခ'ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နံှ့သော နေရာ အနည်းငယ... |
1,338,814 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၆) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ |
1,338,815 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တတိယ ဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ပီတိကင်းသော သုခဖြင့် စိုစွတ်စေ၏၊ အလုံး စုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ပီတိကင်းသောသုခဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှမရှိ။ |
1,338,816 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ကြာဖြူ ကြာနီ ကြာညိုတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်း ကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ကြာဖြူ ကြာနီ ကြာညိုအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာအချို့တို့ သည်လည်းကောင်း၊ ကြာပုဏ္ဍရိက်အချို့တို့သည်လည်းကောင်း ရေ၌ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြ... |
1,338,817 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤ ကိုယ်ကိုပင်လျှင် ပီတိကင်းသော သုခဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ပီတိကင်းသောသုခဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။ |
1,338,818 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာ သတိ’ ကို ပွါးများ၏။ |
1,338,819 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၇) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း။ |
1,338,820 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့ စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ် မျှ မရှိ။ |
1,338,821 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ယောကျ်ားသည် ဖြူစင်သော အဝတ်ဖြင့် ဦးခေါင်းနှင့် တကွ (တစ် ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျ်ား၏ တစ်ကိုယ်လုံး၌ ဖြူစင်သော အဝတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ။ |
1,338,822 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့် ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ |
1,338,823 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ၊ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ သည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီ၍ဖြစ် ကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏၊ ထိုဝိတက်တို့ ပျောက်ကင်းခြင်း ကြော... |
1,338,824 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ'ကို ပွါးများ၏။ |
1,338,825 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၈) ၁၅၆။ |
1,338,826 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ဝိဇ္ဇာရှစ်ပါးအဖို့ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် ဘာဝနာ၏ အတွင်း၌သာလျှင် ဝင်ကုန်၏။ |
1,338,827 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် မဟာသမုဒ္ဒရာကို စိတ်ဖြင့် တွေ့အပ်၏၊ ထိုပုဂ္ဂိုလ်အား သမုဒ္ဒရာသို့ စီးဝင်ကုန်သော ခပ်သိမ်းကုန်သော မြစ်ငယ်တို့သည် ထိုသမုဒ္ဒရာ၏ အတွင်း၌ ဝင်ကုန်၏။ |
1,338,828 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူ သာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ဝိဇ္ဇာရှစ်ပါးအဖို့ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် ဘာဝနာ၏ အတွင်း ၌သာလျှင် ဝင်ကုန်၏။ |
1,338,829 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ခွင့်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဆွဲကိုင်ရာကို ရ၏။ |
1,338,830 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ယောကျ်ားသည် လေးစွာသော ကျောက်တုံးကို စိုသော ရွှံ့မြေပုံ၌ ပစ်ချရာ၏။ |
1,338,831 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလေးစွာသော ကျောက်တုံးသည် စိုသော ရွှံ့မြေပုံ၌ ဝင်ခွင့်ကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,338,832 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား ဝင်ခွင့်ရနိုင်ပါ၏ဟု (လျှေက်ကြကုန်၏)။ |
1,338,833 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက့်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို ရ၏။ |
1,338,834 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ဥပမာအားဖြင့် အစေးမရှိသော ထင်းခြောက်သည် ရှိ၏၊ ထိုအခါ ယောကျ်ားသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့”ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ |
1,338,835 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျ်ားသည် ဤအစေးမရှိသော ထင်းခြောက်ကို မီးပွတ်ခုံကို ယူ၍ ပွတ်သည်ရှိသော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော် မူ၏)။ |
1,338,836 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မီးကို ဖြစ်စေနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,338,837 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ် အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်း ကို ရ၏။ |
1,338,838 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေမရှိ၍ ခြောက်နေသော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထို့နောက် ယောကျ်ားသည် ရေကို ထမ်းယူ၍လာရာ၏။ |
1,338,839 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျ်ားသည် ရေကို သွန်းလောင်းရာအရပ်ကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,338,840 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား သွန်းလောင်းရာအရပ်ကို ရနိုင်ပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,338,841 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ် သည် ဖြစ်ပေါ်ခွင့်အကြောင်းကို ရ၏။ |
1,338,842 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၇။ ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ် သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။ |
1,338,843 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် ပေါ့ပါးသော ချည်လုံးကို အလုံးစုံ အနှစ်ချည်းဖြစ်သော တံခါးပျဉ်၌ ပစ်သွင်းရာ၏။ |
1,338,844 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျ်ားသည် ပေါ့ပါးသော ချည်လုံးကို အလုံးစုံအနှစ်ချည်းဖြစ်သော တံခါးပျဉ်၌ ပစ်သွင်း၍ ဝင်ပေါက်ကို ရနိုင်ရာ သလောဟု (မေးတော်မူ၏)။ |
1,338,845 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မရနိုင်ပါဟု (လျှောက်ကြကုန်၏)။ |
1,338,846 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက် ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။ |
1,338,847 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထို့နောက် ယောကျ်ားသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ပြုအံ့”ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ |
1,338,848 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ် သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျ်ားသည် ထိုအစေးရှိသော ထင်းစိုကို မီးပွတ်ခုံကို ယူ၍ ပွတ်တိုက် သည်ရှိသော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,338,849 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင် ဘုရား မဖြစ်စေနိုင်ရာပါဟု (လျှောက်ကြကုန်၏)။ |
1,338,850 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။ |
1,338,851 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေဖြင့် ပြည့်သော အိုးနှုတ်ခမ်းနှင့်အမျှရေရှိသော နှုတ်ခမ်း၌ နား၍ ကျီးသောက်နိုင်သော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထို့နောက် ယောကျ်ားသည် ရေကို ထမ်းယူ၍ လာရာ၏။ |
1,338,852 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျ်ား့သည် ရေသွန်းလောင်းရာကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ |
1,338,853 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မရနိုင်ရာပါဟု (လျှောက်ကြကုန်၏)။ |
1,338,854 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။ |
1,338,855 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၈။ ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူ သော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။ |
1,338,856 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေဖြင့်ပြည့်သော အိုးနှုတ်ခမ်းနှင့်အမျှရေရှိသော နှုတ်ခမ်း၌ နား၍ ကျီးသောက်နိုင်သော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထိုအိုးစရည်းကြီးကို အား ကြီးသော ယောကျ်ားသည် အကြင်အကြင် လိုရာဘက်သို့ ဆွဲဆောင်ရာ၏၊ ရေသည် လိုက်ပါရာသလောဟု (မေးတော်မူ၏)။ |
1,338,857 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား လိုက်ပါရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,338,858 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။ |
1,338,859 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ညီညွတ်သော မြေအဖို့၌ ကန်ပေါင်ဖြင့် ဖွဲ့ထားသော ရေဖြင့် ပြည့်သော ကမ်းနှင့်အမျှရေရှိသော ကမ်း၌ နား၍ ကျီးသောက်နိုင်သော လေးထောင့်ကန်သည် ရှိရာ၏၊ ထိုကန်ကို အားကြီးသော ယောကျ်ားသည် အကြင်ကြင် လိုရာဘက်မှ ကန်ပေါင်ကို ဖြေဖျက်ရာ၏၊ ရေသည် ထွက်လာရာသလောဟု (မေးတော်မူ၏)။ |
1,338,860 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား ထွက်လာရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,338,861 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။ |
1,338,862 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ကောင်းသော မြေအဖို့ရှိသော လမ်းလေးခွ၌ က၍ ရပ်တည် နေသော ချထားသော နှင်တံရှိသော အာဇာနည်မြင်းကသော ရထားသည် တည်ရာ၏။ |
1,338,863 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရထားကို လိမ္မာကျွမ်းကျင်သော ယာဉ်မောင်းဆရာ ရထားထိန်းသည် တက်စီးလျက် လက်ဝဲလက်ဖြင့် ကြိုးတို့ကို ကိုင်ပြီးလျှင် လကျ်ာလက်ဖြင့် နှင်တံကို ကိုင်၍ အလိုရှိရာသို့ အလိုရှိသလို သွားစေရာ၏၊ တစ်ဖန်ပြန်လာ စေရာ၏။ |
1,338,864 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။ |
1,338,865 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅၉။ ရဟန်းတို့ ကိုယ်အစုကို အာရုံပြုသော သတိကို အဖန်ဖန်မှီဝဲအပ်သော် ပွါးများလေ့လာအပ် သော် ယာဉ်ကဲ့သို့ ပြုအပ်သော် တည်ရာကဲ့သို့ ပြုအပ်သော် အဖန်ဖန်ဖြစ်စေအပ်သော် လေ့ကျက်အပ် သော် ကောင်းစွာ အားထုတ်အပ်သော် အာနိသင်ဆယ်ပါးတို့သည် မချွတ်ဖြစ်ကုန်လတ္တံ့။ |
1,338,866 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- မမွေ့လျော်ခြင်းကို သည်းခံနိုင်၏၊ ထိုမမွေ့လျော်ခြင်းကို သည်းမခံနိုင်စေကာမူ ဖြစ်ပေါ်လာသော မမွေ့မလျော်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။ |
1,338,867 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ကြောက်ခြင်း ထိတ်လန့်ခြင်းကို သည်းခံနိုင်၏၊ ထိုကြောက်ခြင်း ထိတ်လန့်ခြင်းကို သည်းမခံနိုင်စေ ကာမူ ဖြစ်ပေါ်လာသော ကြောက်ခြင်း ထိတ်လန့်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။ |
1,338,868 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်းသန်းအတွေ့တို့ကိုလည်း သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ ကိုလည်းကောင်း၊ ကိုယ်၌ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သော အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်... |
1,338,869 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) အထူးသဖြင့် စင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာ သာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏။ |
1,338,870 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ထိုပုဂ္ဂိုလ်သည် တစ်ပါးမက များသော အပြားရှိသော ဣဒ္ဓိဝိဓအဘိညာဏ်ကို ပြီးစေနိုင်၏၊ တစ် ယောက်တည်းဖြစ်လျက်လည်း အများအပြား ဖြစ်သွား၏၊ အများအပြားဖြစ်လျက်လည်း တစ်ယောက် တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏။ |
1,338,871 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလို အတိုင်း ဖြစ်စေနိုင်၏။ |
1,338,872 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ထိုပုဂ္ဂိုလ်သည် အတူးသဖြင့် သန့်ရှင်းစင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ် ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ |
1,338,873 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တိုပုဂ္ဂိုလ်သည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟု သိ၏။ |
1,338,874 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိ၏။ |
1,338,875 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အမျက်ထွက်ခြင်း ‘ဒေါသ'နှင့် တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ဟု သိ၏။ |
1,338,876 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ဟု သိ၏။ |
1,338,877 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တွေဝေခြင်း ‘မောဟ'နှင့် တကွသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ'နှင့် တကွသော စိတ်ဟု သိ၏။ |
1,338,878 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ဟု သိ၏။ |
1,338,879 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကျုံ့သော ‘သံခိတ္တ'စိတ်ကိုလည်း ကျုံ့သော ‘သံခိတ္တ’ စိတ်ဟု သိ၏၊ ပျံ့လွင့်သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း ပျံ့လွင့်သော'ဝိက္ခိတ္တ’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်'စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမ... |
1,338,880 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ဟု သိ၏။ |
1,338,881 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) ထိုပုဂ္ဂိုလ်သည် များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ |
1,338,882 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ |
1,338,883 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို့အောက်မေ့နိုင်၏။ |
1,338,884 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပုဂ္ဂိုလ်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်း သောလားရာရှိသောသတ္တဝါကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ... |
1,338,885 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၉) အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ် သမာဓိနှင့် အရဟတ္တဖိုလ် ပညာကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ဝင်စား၍ နေနိုင်၏။ |
1,338,886 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁၀) ရဟန်းတို့ ကာယဂတာသတိကို အဖန်ဖန် မှီဝဲအပ်သော် ပွါးများလေ့လာအပ်သော် ယာဉ်ကဲ့သို့ ပြုအပ်သော် တည်ရာကဲ့သို့ ပြုအပ်သော် အဖန်ဖန်ဖြစ်စေအပ်သော် လေ့ကျက်အပ်သော် ကောင်းစွာ အား ထုတ်အပ်သော် ဤဆယ်ပါးသော အကျိုးတို့သည် မချွတ်ဖြစ်ကုန်လတ္တံ့ဟု ( မိန့်တော်မူ၏ )။ |
1,338,887 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ |
1,338,888 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကိုးခုမြောက် ကာယဂတာသတိသုတ် ပြီး၏။ |
1,338,889 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁။ အကြားစကားဟူသည် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်းစသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလ သုတ်ဖွင့် အဋ္ဌကထာ)။ |
1,338,890 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါဘုရားမလာမီ အကြား၌ ဖြစ်သော စကား (ပေါဋ္ဌပါဒသုတ်အဖွင့် အဋ္ဌကထာ)။ |
1,338,891 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၁၀-သင်္ခါရုပပတ္တိသုတ် |
1,338,892 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,893 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား သင်္ခါရတို့၏ ဖြစ်ခြင်းကို ဟောပေအံ့၊ ထိုစကားကို နာကြ ကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,338,894 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင် ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ |
1,338,895 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၁။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာနှစ်ရှိသော မင်းမျိုး အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,896 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို ဆောက်တည်၏၊ ထိုစိတ်ကို ပွါးများ၏။ |
1,338,897 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း ထို (ဘဝအထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန ၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,898 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,899 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုး အဖြစ်သို့။ |
1,338,900 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.