id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,340,101
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
1,340,102
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၇၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။
1,340,103
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,104
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်ဖူး၏”ဟု ထိုဝေဒနာ ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,105
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သား မှု ‘သညာ’ သည် ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,106
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ သည် ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,107
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ သည် ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,108
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။
1,340,109
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။
1,340,110
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။
1,340,111
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။
1,340,112
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။
1,340,113
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော သင်္ခါရရှိသူ ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။
1,340,114
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ် ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။
1,340,115
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။
1,340,116
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။
1,340,117
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အနာဂတ်ကာလ၌ ဤသို့ နှစ်သက် ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,118
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်လို၏။
1,340,119
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်လို၏။
1,340,120
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နှစ်သက်ဖွယ်ကောင်းသော သင်္ခါရရှိသူ ဖြစ်လို၏။
1,340,121
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။
1,340,122
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။
1,340,123
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။
1,340,124
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာ ရှိသူ ဖြစ်လို၏။
1,340,125
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ် စေ။
1,340,126
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။
1,340,127
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။
1,340,128
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်း တရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာ ကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း အတ္တ၌ ရု...
1,340,129
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ခံစား မှု ‘ဝေဒနာ'ကို။
1,340,130
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ကို။
1,340,131
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ် ၌ အတ္တဟုလည်းကောင်း ရှု၏။
1,340,132
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
့ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။
1,340,133
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။
1,340,134
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ လိမ္မာသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်း တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု...
1,340,135
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ခံစားမှု ‘ဝေဒနာ’ ကို။
1,340,136
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သိမှု ‘ဝိညာဏ်'ကို အတ္တဟု မရှု၊ (ကြွင်း ခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။
1,340,137
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။
1,340,138
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါး များရာ၏။
1,340,139
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု ( ပြောဟောပါ၏ )။
1,340,140
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟောပါ၏ဟု (လျှောက်ထား၏)။
1,340,141
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ သင်သည် ကောင်းစွာသာလျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြပေ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော ပေ၏။
1,340,142
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။
1,340,143
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ထိုရဟန်းကို ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော ငါဘုရားသည် ဟော ကြား၏”။
1,340,144
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။
1,340,145
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။
1,340,146
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။
1,340,147
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။
1,340,148
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။
1,340,149
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။
1,340,150
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ်သို့လျှင် အနာဂတ် ခန္ဓာကို မတောင့်တသနည်း။
1,340,151
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။
1,340,152
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ် သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။
1,340,153
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။
1,340,154
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။
1,340,155
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာနန္ဒာ ဤသို့ လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တို။
1,340,156
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။
1,340,157
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။
1,340,158
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှစ်ခုမြောက် အာနန္ဒဘဒ္ဒေကရတ္တသုတ် ပြီး၏။
1,340,159
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃-မဟာကစ္စာနဘဒ္ဒေကရတ္တသုတ်
1,340,160
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,340,161
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,340,162
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သမိဒ္ဓိသည် လင်းအားကြီးအခါ အိပ်ရာမှ ထ၍ ကိုယ်တို့ကို ရေသွန်းဖျန်းရန် တပေါဒါမြစ်ရှိ ရာ အရပ်သို့ ချဉ်းကပ်လေ၏။
1,340,163
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တက်ပြီးလျှင် ကိုယ်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်၏။
1,340,164
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့် အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော တပေါဒါ မြစ်ကို ထွန်းလင်းတောက်ပစေလျက် အသျှင်သမိဒ္ဓိထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အသျှင်သမိဒ္ဓိကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျ...
1,340,165
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေက ရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပေ၊ ငါ့သျှင်နတ်သား သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါသလောဟု (ပြန်လှန်၍ မေး၏)။
1,340,166
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပါ၊
1,340,167
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်၏)။
1,340,168
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု ( ပြန်လှန်၍ မေးမြန်း၏ )။
1,340,169
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေ...
1,340,170
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၈၀။ ထိုအခါ အသျှင်သမိဒ္ဓိသည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော အသျှင်သမိဒ္ဓိ သည် မြတ်စွာဘုရားအား ဤဆိုလတ္တံ့သော စကားကို လျှောက်ထား၏-
1,340,171
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရား အကျွန်ုပ်သည် လင်းအားကြီးအခါ၌ တပေါဒါမြစ်ရှိရာ အရပ်သို့ ကိုယ်တို့ကို ရေသွန်းဖျန်းရန် ချဉ်းကပ်ပါ၏။
1,340,172
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တစ်ဖန် တက်ပြီးလျှင် ကိုယ် တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်ပါ၏။
1,340,173
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ နတ်သားတစ်ယောက် သည် ညဉ့်အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ အလုံးစုံသော တပေါဒါမြစ်ကို ထွန်းလင်းတောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ် တည်ပါ၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အကျွန်ုပ်ကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိ...
1,340,174
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူ ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လော”ဟု (ဤ စကားကို ပြန်လှန်မေးပါ၏)။
1,340,175
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။
1,340,176
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင် ထားပါ၏လောဟု (လျှောက်ထားပြန်ပါ၏)။
1,340,177
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ သလောဟု (ပြန်လှန်မေးမြန်းပါ၏)။
1,340,178
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ရွတ်အံ သရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒ...
1,340,179
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤစကားကို လျှောက်ထားပြီးလျှင် ထိုအရပ်၌သာလျှင် ကွယ်လေ၏။
1,340,180
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။
1,340,181
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။
1,340,182
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထား၏။
1,340,183
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤတရားစကားကို မိန့်တော်မူ၏-
1,340,184
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။
1,340,185
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
1,340,186
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် “ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း” ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု-
1,340,187
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူ၏။
1,340,188
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူပြီး၍ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏။
1,340,189
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရား ဖဲကြွသွား၍ မကြာမြင့်မီ ထိုရဟန်းတို့အား ဤသို့သော အကြံသည် ဖြစ်ပေါ်၏၊ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား-
1,340,190
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။
1,340,191
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်သူသည် နက်ဖန်၌သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
1,340,192
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု-
1,340,193
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤတရားကို အကျဉ်းအားဖြင့် ညွှန်ပြပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ညွှန်ပြအပ်သော အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူအပ်သော ဤဥဒ္ဒေသတရား၏အနက်အဓိပ္ပါယ်ကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံသည်ဖြစ်၏)။
1,340,194
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်ကို မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စာနအား ...
1,340,195
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့နောက် ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာ ကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေကာ တစ်ခုသော အရပ်၌ ထိုင်နေကုန်၏။
1,340,196
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
တစ်ခုသော အရပ်၌ ထိုင်နေကုန်ပြီးသော ထိုရဟန်း တို့သည် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို လျှောက်ထားကုန်၏ -
1,340,197
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ကစ္စာန မြတ်စွာဘုရားသည်
1,340,198
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏"
1,340,199
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ်အားဖြင့် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။
1,340,200
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ကစ္စာန မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ထိုငါတို့အား “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား-