id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,201 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | 'အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ |
1,340,202 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏' |
1,340,203 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဟူသော ဤညွှန်ပြခြင်း ဥဒ္ဒေသ၏ အကျဉ်းချုပ် အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ |
1,340,204 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်သူသည် မြတ်စွာဘုရားအကျဉ်းချုပ်ညွှန်ပြ၍ အကျယ် အားဖြင့် အနက်သဘောကို မဝေဖန်သော ဤညွှန်ပြချက်ဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော အကြံသည် ဖြစ်ပေါ်လာပါ၏။ |
1,340,205 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်ကစ္စာန ထိုငါတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အနက်သဘောကို ... |
1,340,206 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်မဟာကစ္စာနသည် ဝေဖန်တော် မူပါလော့ဟု (ပြောဆိုလျှောက်ထားကုန်၏)။ |
1,340,207 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောက်ျားသည် အနှစ်ရှာ လှည့်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်ရင်းကိုလည်းကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက် အရွက်၌ အနှစ်ကို ရှာသင့်၏ဟု မှတ်ထင်ရာသကဲ့သို့ ဤ ဥပမာအတူ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက်ထင်ရှားဖြစ်ပါလျက် ထိုမြတ်... |
1,340,208 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ငါ့သျှင်ကစ္စာန စင်စစ်အားဖြင့်သော်ကား မြတ်စွာဘုရားသည် သိသင့်သိထိုက်သည်ကို သိတော်မူ၏၊ မြင်သင့်မြင်ထိုက်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူ တတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်သဘောကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမ... |
1,340,209 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သို့သော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်များ၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ အသျှင်မဟာကစ္စာနသည် ဝန်မလေးသည်ကို ပြု၍ ဝေဖန်ပါလော့ဟု (လျှောက်ကုန်၏)။ |
1,340,210 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုမူ နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်ဆို၏)၊ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနအား ပြန်ကြားလျှောက်ထားကြကုန်၏။ |
1,340,211 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်မဟာကစ္စာနသည် ဤစကားကို မိန့်ဆို၏ - |
1,340,212 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် |
1,340,213 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းမြတ် သော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏" |
1,340,214 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဟူသော ဤဥဒ္ဒေသကို မြတ်စွာဘုရားသည် အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ် မဝေဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏။ |
1,340,215 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို ဤသို့ အကျယ်အားဖြင့် ငါ သိပါ၏။ |
1,340,216 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၈၂။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ |
1,340,217 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ+ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခု ပသာဒ+ ရူပါရုံတို့ကို အလွန်နှစ်သက်၏၊ ထိုစက္ခုပသာဒ+ရူပါရုံတို့ကို အလွန်နှစ်သက့်သောသူသည် အတိတ်ခန္ဓာသို့ အစဉ်လိုက... |
1,340,218 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ |
1,340,219 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ အတိတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ |
1,340,220 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ |
1,340,221 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ |
1,340,222 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်သောသူသည် အတိတ... |
1,340,223 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။ |
1,340,224 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ |
1,340,225 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ + ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်သောသူသည် အတိတ် ခန္ဓာသို့ အစဉ်မလိုက်။ |
1,340,226 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံ တို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ |
1,340,227 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်။ |
1,340,228 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်။ |
1,340,229 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်သော သူသည် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ |
1,340,230 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၈၃။ ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ |
1,340,231 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော စက္ခု ပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် အနာဂတ်ဖြစ် သော စက္ခုပသာဒ + ရူပါရုံကို တောင့်တ၏။ |
1,340,232 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရ လိုကုန်၏ ဟူ၍။ |
1,340,233 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ အနာဂတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ |
1,340,234 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ |
1,340,235 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ ကာယပသာဒ သည် ဤသို့ ဖြစ်ရလို၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ |
1,340,236 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံ ကို နှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရုံကိ... |
1,340,237 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ |
1,340,238 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ စက္ခု့ပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ဟူ၍ မရသေးသော စက္ခုပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သော သူသည် အနာဂတ် ဖြစ်သော စက္ခုပသာဒ + ရူပါရုံကို မတောင့်တ။ |
1,340,239 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ် ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ |
1,340,240 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရအပ်သေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထိုမနာယတန+ ဓမ္မာရုံ ကို မနှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရု... |
1,340,241 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသို့ လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ |
1,340,242 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ စက္ခု ပသာဒ+ ရူပါရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်'သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ် သည်၏ အဖြစ်ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲပစ္စုပ္ပန်... |
1,340,243 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ သောတပသာဒ + သဒ္ဒါရုံ။ |
1,340,244 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ငါ့သျှင်တို့ ဃာနပသာဒ + ဂန္ဓာရုံ။ |
1,340,245 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဇိဝှါပသာဒ+ ရသာရုံ။ |
1,340,246 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ။ |
1,340,247 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန +ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန် သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်သ... |
1,340,248 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ |
1,340,249 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ |
1,340,250 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ စက္ခုပသာဒ + ရူပါရုံ၊ ထို နှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့် စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့် မစပ်သည်၏အဖြစ် ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သောသူသည် ဖြစ်ဆဲ ပစ္စ... |
1,340,251 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန + ဘုံသုံးပါး၌ဖြစ် သောဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ် သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်'သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့် မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထို မနာယတန + ဓမ္မာရုံကို မနှစ... |
1,340,252 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသို့ လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ |
1,340,253 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၈၅။ ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ |
1,340,254 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု |
1,340,255 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ခဲ့ဘဲ နေရာမှထကာ ကျောင်း တွင်းသို့ ဝင်တော်မူခဲ့၏။ |
1,340,256 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ငါသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့အကျယ်အားဖြင့် ငါ သိပါ၏၊ ငါ့သျှင်တို့ အလိုရှိကြကုန်သော် သင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန်မေးလျှောက်ကြကုန်လော့၊ မြတ်စွာဘုရားသည် သင်တို့အား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ယူကြကုန်လ... |
1,340,257 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်းမြောက်ကြ ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြကုန်လျက် လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်၏၊ လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ ဆိုလတ္တံ့သောစကားကို လျှောက်ထားကြကုန... |
1,340,258 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်းဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏” ဟူ၍ ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ |
1,340,259 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရား ဖဲကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့ အား မြတ်စွာဘုရားသည်- |
1,340,260 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- 'အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။ |
1,340,261 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ - |
1,340,262 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ |
1,340,263 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏။ |
1,340,264 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံဖော်များ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန် ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ ဤအနက်သဘောကို ... |
1,340,265 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ကုန်၍ ဤအနက်သဘောကို မေးမြန်းကြပါကုန်၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျ အက္ခရာတို့ဖြင့်ဤအနက်သဘောကို ဝေဖန်ပြပါ၏ဟု ဤစကားကို လျှောက်ထားကြကုန်၏။ |
1,340,266 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ပညာကြီး၏၊ ရဟန်းတို့ ငါဘုရားကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ မေးမြန်းကြကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသတရားတော်၏ အနက်သဘောသည် ဤသည်ပင်တည်း၊ ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။ |
1,340,267 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရဟန်းတို့သည် ဝမ်းမြောက် ဝမ်းသာ စိတ်ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို လွန်စွာနှစ်သက်ကုန်ပြီ။ |
1,340,268 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သုံးခုမြောက် မဟာကစ္စာနဘဒ္ဒေကရတ္တသုတ် ပြီး၏။ |
1,340,269 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၄-လောမသကင်္ဂိယဘဒ္ဒေကရတ္တသုတ် |
1,340,270 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,340,271 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ အသျှင်လောမသကင်္ဂိယသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေ၏၊ ထိုအခါ စန္ဒနနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ် ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အသျှင်လောမသကင်္ဂိယရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် သင့်လျော်ရာအရပ်၌ ရပ် တည်၏၊ သင့်လ... |
1,340,272 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လောဟု (ပြန်လှန်မေးမြန်း၏)။ |
1,340,273 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။ |
1,340,274 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက် ထား ပြန်၏)။ |
1,340,275 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင် နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု ( ပြန်လှန်မေးမြန်း ပြန်၏ )။ |
1,340,276 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်၏)။ |
1,340,277 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်၏)။ |
1,340,278 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရား သည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တာဝတိံသာနတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်းကိုလည်းကောင်း၊ အကျယ်ကိုလည်းကောင်း ဟောတော်မူပါ၏- |
1,340,279 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့် တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။ |
1,340,280 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါ့တို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့်ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။ |
1,340,281 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ဟု (ဟောတော်မူ၏)။ |
1,340,282 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ |
1,340,283 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေ... |
1,340,284 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၈၇။ ထိုအခါ အသျှင်လောမသကင်္ဂိယသည် ထိုညဉ့်ကို လွန်သဖြင့် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွ၏၊ အစဉ်အတိုင်း ဒေသ စာရီလှည့်လည်ကာ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထ... |
1,340,285 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား အကျွန်ုပ်သည် အခါတစ်ပါး၌ သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေပါ၏၊ မြတ်စွာဘုရား ထိုအခါ၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊... |
1,340,286 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လော”ဟု ဤစကားကို ပြန်လှန်မေးမြန်းပါ၏။ |
1,340,287 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်ဆိုပြန်ပါ၏)။ |
1,340,288 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်နတ်သား ငါသည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထား ပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု (မေး မြန်းပြန်၏)။ |
1,340,289 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်ပါ၏)။ |
1,340,290 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင် နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်ပါ၏)။ |
1,340,291 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ခင်းထားသော ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူစဉ် တာဝတိံသာနတ်ပြည်၌ နေကုန်သော နတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါ၏။ |
1,340,292 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု (ဟောကြားတော်မူပါ၏)။ |
1,340,293 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ |
1,340,294 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေ... |
1,340,295 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောတော်မူပါလော့ဟု (လျှောက်ထား၏)။ |
1,340,296 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင်သည် ထိုနတ်သားကို သိ၏လောဟု (မေးတော်မူ၏)။ |
1,340,297 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား အကျွန်ုပ် သည် ထိုနတ်သားကို မသိပါဟု (လျှောက်ထား၏)။ |
1,340,298 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ထိုနတ်သားသည် စန္ဒနမည်၏၊ ရဟန်း စန္ဒနနတ်သားသည် ရိုရိုသေသေ အလုံးစုံကို စိတ်ဖြင့် နှလုံးသွင်းနားစိုက်ကာ တရားနာ၏။ |
1,340,299 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ |
1,340,300 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.