id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,401 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ |
1,340,402 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ |
1,340,403 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူ တို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ |
1,340,404 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ |
1,340,405 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါး သောအယူ သည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ |
1,340,406 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်... |
1,340,407 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် ရှိကုန်သတတ်၊ သုစရိုက်၏ အကျိုး့သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ |
1,340,408 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟု ဆို၏။ |
1,340,409 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ |
1,340,410 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ |
1,340,411 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ |
1,340,412 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင် သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆိုပြန်၏။ |
1,340,413 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ |
1,340,414 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၃) အာနန္ဒ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်း ကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်... |
1,340,415 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏၊ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်... |
1,340,416 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။ |
1,340,417 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ |
1,340,418 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ |
1,340,419 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် ဤအတိုင်းသိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ |
1,340,420 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားကိုသိကုန်၏”ဟုလည်း ဆိုပြန်၏။ |
1,340,421 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤ အယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ |
1,340,422 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၂။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့ သည် ရှိကုန်သတတ်၊ ဒုစရိုက်၏ အ ကျိုးသည် ရှိသတတ်” ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်ပြု၏။ |
1,340,423 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ |
1,340,424 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏။ |
1,340,425 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိ သော။ |
1,340,426 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသောအယူကို ယူလေ့ရှိသောသူ အားလုံးသည့်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ |
1,340,427 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,428 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအ ယူသည် အမှားချည်း တည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့် မပြု။ |
1,340,429 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ |
1,340,430 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၁) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်၏ အကျိုးသည် မရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်မပြု။ |
1,340,431 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏။ |
1,340,432 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ |
1,340,433 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသောအယူကို ယူလေ့ရှိ သော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်မပြု။ |
1,340,434 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိ ကုန်၏။ |
1,340,435 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာ အားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,436 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာ လျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံး သွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,437 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာ သော ကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သော ကြောင့်တည်း။ |
1,340,438 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၂) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မှန်သောကံတို့သည် ရှိကုန် သတတ်၊ သုစရိုက်၏ အကျိုးသည် ရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်ပြု၏။ |
1,340,439 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ |
1,340,440 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏၊ “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်း မှ ရှောင်ကြဉ်သော။ |
1,340,441 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ |
1,340,442 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,443 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ့အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ |
1,340,444 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ ကောင်းသော ကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်” ဟူ၍ ပြောဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်မပြု။ |
1,340,445 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင် ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏၊ “အချင်းတို့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ |
1,340,446 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ် ရောက်ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ |
1,340,447 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,448 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ |
1,340,449 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ |
1,340,450 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၄) ၃၀၃။ |
1,340,451 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ |
1,340,452 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ |
1,340,453 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ |
1,340,454 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ |
1,340,455 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သေခါနီး ကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသော အယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုယုတ်မာသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ |
1,340,456 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ |
1,340,457 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားယွင်းသောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်း ကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ |
1,340,458 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၁) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ |
1,340,459 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ |
1,340,460 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရှေး၌လည်း ထိုပုဂ္ဂိုလ် သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ |
1,340,461 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ |
1,340,462 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှန်သောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ |
1,340,463 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ် သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏။ |
1,340,464 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှားယွင်းသောအယူကို ယူလေ့ရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ |
1,340,465 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ |
1,340,466 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူကို ယူလေ့ ရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ |
1,340,467 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ |
1,340,468 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် ကောင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ |
1,340,469 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ ရှိ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ |
1,340,470 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူ ရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ |
1,340,471 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၃) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ |
1,340,472 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သော အယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ |
1,340,473 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုမကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ |
1,340,474 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ |
1,340,475 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှန်သောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ |
1,340,476 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၄) အာနန္ဒာ ဤသို့လျှင် အကြောင်းမမှန်ဘဲ အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းမမှန်ဘဲ အကြောင်းမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းလည်းမှန်လျက် အကြောင်း မှန်ကို ပြတတ်သော ကံလည်း ရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ |
1,340,477 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။ |
1,340,478 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ခုမြောက် မဟာကမ္မဝိဘင်္ဂသုတ် ပြီး၏။ |
1,340,479 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၇-သဠာယတနဝိဘင်္ဂသုတ် |
1,340,480 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - |
1,340,481 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ |
1,340,482 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား သဠာယတနဝိဘင်းကို ဟောပေအံ့၊ ထိုသဠာယတနဝိဘင်းကို နာယူကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို မိန့်တော်မူ၏။ |
1,340,483 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ့မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - |
1,340,484 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်၊ တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံး သပ်ခြင်းတို့ကို သိရမည်၊ သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝ... |
1,340,485 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဆိုခဲ့ပြီးသည်ကား သဠာယတနဝိဘင်း၏ အကျဉ်း ‘ဥဒ္ဒေသ'တည်း။ |
1,340,486 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၅။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနကို သိရမည်” ဟူ၍ ဤသို့လျှင် ထိုစကားကို ဆိုခဲ့၏၊ ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခာယတန သောတာယတန ဃာနာ ယတန ဇိဝှါယတန ကာယာယတန မနာယတနတို့တည်း။ |
1,340,487 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ ဖြစ် သော အာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ |
1,340,488 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၁) “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်ကုန်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ |
1,340,489 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ |
1,340,490 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၂) “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့ သနည်း၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်တို့ တည်း။ |
1,340,491 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကို သာလျှင် စွဲ၍ ဆိုခဲ့၏။ |
1,340,492 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | (၃) “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သ နည်း၊ စက္ခုဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, သောတဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ဃာနဝိညာဏ်နှင့်ယှဉ် သော သမ္ဖဿ, ဇိဝှါဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ကာယဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, မနောဝိညာဏ် နှင့်ယှဉ်သော သမ္ဖဿတို့တည်း။ |
1,340,493 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထို စကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ |
1,340,494 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို ရှုမြင်၍ သောမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏။ |
1,340,495 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားနာ၍။ |
1,340,496 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဃာန ဝိညာဏ်ဖြင့် ဂန္ဓာရုံကို နံ၍။ |
1,340,497 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ |
1,340,498 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ |
1,340,499 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ သောမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံး သပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဤသို့လျှင် ခြောက်ပါးကုန်သော သောမနဿနှင့်ယှဉ်သော ကြံစည်ခြင်းသုံး သပ်ခြင်း ခြောက်ပါးကုန်သော ဒေါမနဿနှင့် ယှဉ်သော ကြံစည်ခြင်းသုံးသပ်ခြင... |
1,340,500 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၆။ “သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရ မည်”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဒေါမန... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.