id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,340,601
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခြောက်ခုမြောက်အရပ်မည်၏။
1,340,602
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန် သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခုနစ်ခုမြောက် အရပ်မည်၏။
1,340,603
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍နေ၏။
1,340,604
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤဝိမောက္ခသည် ရှစ်ခု မြောက် အရပ်မည်၏။
1,340,605
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော် မူသော မြတ်စွာဘုရားသည် သင်ကြားပြီး ယဉ်းကျေးပြီး သောယောကျ်ားသည် ဤအရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏၊ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူ၍ အကြင်စကားကို ဆိုခဲ့၏၊ ထိုစကားကို ဤဆ...
1,340,606
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ခုနစ်ခုမြောက် သဠာယတနဝိဘင်္ဂသုတ် ပြီး၏။
1,340,607
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၈-ဥဒ္ဒေသဝိဘင်္ဂသုတ်
1,340,608
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
1,340,609
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့် တော်မူ၏။
1,340,610
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား အကျဉ်းဒေသနာ အကျယ်ဒေသနာကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်း ကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို့မိန့်တော်မူ၏။
1,340,611
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ရဟန်းတို့ အကြင်အကြင်သို့ သဘောရှိသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း အား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း မတပ် မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။
1,340,612
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အပအာရုံ တို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမတပ် မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ”ဟု (မိန့်တော်မူ၏)။
1,340,613
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထတော်မူလျက် ကျောင်း တွင်းသို့ ဝင်တော်မူ၏။
1,340,614
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၁၄။ ထိုအခါ ထိုရဟန်းတို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမီ ဤဆိုလတ္တံ့သော အကြံသည် ဖြစ်ပေါ်လာ၏ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာ ရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော ...
1,340,615
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှား သော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ’ ဟူ၍ ဤတရားကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ မြတ်စ...
1,340,616
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှ...
1,340,617
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ထို့နောက် ရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စာနနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံး စေကာ တစ်ခုသောအရပ်၌ ထိုင်နေကုန်လျက် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို ပြောဆို လျှောက်ထားကုန်၏။
1,340,618
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ကစ္စာန ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာ အားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်း အာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။
1,340,619
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာ မှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့...
1,340,620
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်း တို့၏ ဖြစ်ခြင်းသည် မရှိ’ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေ ဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ အဘယ်သူသည် ...
1,340,621
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ကစ္စာန ထိုငါတို့အား ဤသို့ အကြံဖြစ်ပေါ်ပြန်ပါ၏ “ဤအသျှင်ကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အ...
1,340,622
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ကစ္စာနသည် ဝေဖန်တော်မူပါလော့ဟု (ပြောဆိုလျှောက်ထားကြကုန်၏)။
1,340,623
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၁၅။ ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိသော အနှစ်ကို ရှာမှီးသော ယောကျ်ားသည် အနှစ်ရှာ လှည့်လည်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်အရင်းကိုလည်း ကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်မှတ် ရာသကဲ့သို့ ဤအတူ ဤဥပမာ၏ ပြည့်စုံခြင်းကို သိအပ်၏၊ အသျှင်တို့သည် မြတ်စွာဘု...
1,340,624
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြား တော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တ...
1,340,625
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ငါ့သျှင်ကစ္စာန စင်စစ် မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော် မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ် သောမဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရ...
1,340,626
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုကြမူ နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန် လော့၊ ဟောကြားပေအံ့ဟု (ပြောဆို၏)။
1,340,627
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာ ကစ္စာနအား ပြန်ကြားလျှောက်ထားကုန်း၏။
1,340,628
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်မဟာကစ္စာနသည် ဤဆိုလတ္တံ့သော စကားကို ပြောဆို၏ -
1,340,629
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။
1,340,630
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့သ...
1,340,631
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၁၆။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုရ သနည်း။
1,340,632
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဉ်လျှောက်ပြေး သွားသော ရူပါရုံကို သာယာမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် ဖွဲ့သော ရူပါရုံကို သာယာခြင်း သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏။
1,340,633
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။
1,340,634
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နားဖြင့်အသံကို ကြား၍။
1,340,635
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဉ် လျှောက်ပြေးသွားသော ဓမ္မာရုံကို သာယာမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့်ဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ်သည် အပ အာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။
1,340,636
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။
1,340,637
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၁၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ် သနည်း။
1,340,638
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဉ် မလျှောက် မပြေးသွားသော ရူပါရုံကို မသာယာ မမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် မဖွဲ့သော ရူပါရုံကိုသာ ယာခြင်းသံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏။
1,340,639
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်ကို အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ နားဖြင့်အသံကို ကြား၍။
1,340,640
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဉ်မလျှောက်မပြေးသွားသော ဓမ္မာရုံကို မသာယာ မမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့် မဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ် သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံ တို့၌ မပ...
1,340,641
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်သနည်း။
1,340,642
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာ လျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍့နေ၏။
1,340,643
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်လျှောက်ပြေးသွား သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာမက်မောသော နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် နှောင်ဖွဲ့သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိ သုခကို သာယာခြင်းဟူသော သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (...
1,340,644
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ငြိမ်းခြင်းကြောင့် အတွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်းသမာဓိကို ဖြစ်ပွါးစေတတ်သော ဝိတက်ဝိစာရ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏၊ ထိုပုဂ္ဂိုလ် အား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်လျှောက်ပြေးသွားသော...
1,340,645
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာသုခကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ဟူသော အကြောင်းကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသော သူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု (အရိယာပုဂ္ဂိုလ်တို့သည...
1,340,646
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
1,340,647
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုဂ္ဂိုလ်အား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာသို့ အစဉ်လျှောက်ပြေးသွားသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာမက်မောသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာ ခြင်းဖြင့်ဖွဲ့သော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာခြင်းဟူသော သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအ...
1,340,648
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။
1,340,649
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်သနည်း။
1,340,650
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်။
1,340,651
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ပဌမဈာန် သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ် မလျှောက် မပြေးသွားသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက် မောသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော နီဝရဏ တို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခ...
1,340,652
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့ သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည် ဟူ၍ ဆိုအပ်၏။
1,340,653
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်။
1,340,654
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဒုတိယဈာန်သို့ရောက်၍နေ၏၊ ထိုရဟန်းအား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်မလျှောက် မပြေးသွား သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက်မောသော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို သာယာ ခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိ...
1,340,655
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။
1,340,656
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ တတိယ ဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဥပေက္ခာသို့ အစဉ်မလျှောက် မပြေးသွားသော ဥပေက္ခာကို မသာယာ မမက်မောသော ဥပေက္ခာကို သာယာခြင်းဖြင့် မဖွဲ့သော ဥပေက္ခာကို သာယာခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။
1,340,657
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒန...
1,340,658
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။
1,340,659
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၀။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်မက်ခြင်းသည် ဖြစ်သနည်း။
1,340,660
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရားတို့၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရားတို့၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ'ကိုယ်’ဟု ရှု၏။
1,340,661
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
( ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ရုပ်ဟုလည်း ကောင်း, ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။
1,340,662
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ထိုရုပ်သည် ဖောက်ပြန်၏။
1,340,663
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
တစ်မျိုး တစ်မည်အားဖြင့် ဖြစ်တတ်၏။
1,340,664
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ဤရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။
1,340,665
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ဖြစ်သော စိတ်ကြောင့်ဖြစ်ကုန်သော တပ်နှစ်သက်ခြင်းတို့သည်လည်း ကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။
1,340,666
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြာင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်းခြင်းရှိသည်လည်း ကောင်း၊ ကပ်ငြိခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏၊ ခံစားမှု ‘ဝေဒနာ’ ကို။
1,340,667
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သိမှု ‘ဝိညာဏ်'ကို အတ္တ ‘ကိုယ်’ဟု ရှု၏။
1,340,668
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း, ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏။
1,340,669
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။
1,340,670
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုထုဇဉ် ပုဂ္ဂိုလ်အား ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ့်သက်ခြင်းတို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန် ခန်းစေ၍ တည်ကုန်၏။
1,340,671
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြောင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်း ခြင်းရှိသည်လည်းကောင်း၊ ငြိကပ်ခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏။
1,340,672
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်နှစ်သက်ခြင်းသည် ဖြစ်၏။
1,340,673
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၁။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့ ၌ မတပ်နှစ်သက်ခြင်းသည် ဖြစ်သ နည်း။
1,340,674
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့် သာဝကသည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ...
1,340,675
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည် အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ...
1,340,676
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဝေဒနာကို မရှု။
1,340,677
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သညာကို မရှု။
1,340,678
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သင်္ခါရတို့ကို မရှု။
1,340,679
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဝိညာဏ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဉ်၌ အတ္တဟု မရှု။
1,340,680
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည်အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့် အား ဝိညာဏ်၏ ဖောက်ပြန် ခြင်းသို့ အစဉ်လိုက်၍ဖြစ်သော စိတ်ကြောင့် ဖြစ်ကု...
1,340,681
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ မတပ်နှစ်သက်ခြင်းသည် ရှိ၏။
1,340,682
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင် ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မ...
1,340,683
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် ငါနား လည်ပါ၏၊ အသျှင်တို့ အလိုရှိကြကုန်သော် အသျှင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန် မေးမြန်းကြကုန်ရာ၏၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့် အတိုင်း ထိုအနက်သဘောကို့မှတ်ကုန်ရာ၏ဟု (မ...
1,340,684
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်း မြောက်ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြ ကုန်လျက် လျောက်ပတ်သောအရပ်၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကြကုန်၏- မြတ်စွာဘုရား အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင...
1,340,685
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရားသည် ကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင် သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်း...
1,340,686
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင် ရာသနည်း”ဟု ဤသို့ အကြံအစည်သည် ဖြစ်ပေါ်ပါ၏။
1,340,687
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးအမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်များ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ ဤအနက်သဘောကို ...
1,340,688
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ကုန်၍ အသျှင်မဟာကစ္စာနအား ဤအနက်သဘော ကို မေးမြန်းကြပါကုန်၏။
1,340,689
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျအက္ခရာတို့ဖြင့် အနက်သဘောကို ဝေဖန်ပြပါ၏ဟု (လျှောက်ထားကြကုန်၏)။
1,340,690
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ရဟန်းတို့ မဟာကစ္စာနသည် ပညာကြီး၏၊ ရဟန်းတို့ ငါ့ကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ တစ်ဖန် မေးမြန်းကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသ၏ အနက်သဘောသည် ဤသည်ပင်တည်း။
1,340,691
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။
1,340,692
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရှစ်ခုမြောက် ဥဒ္ဒေသဝိဘင်္ဂသုတ် ပြီး၏။
1,340,693
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၉-အရဏဝိဘင်္ဂသုတ်
1,340,694
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,340,695
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။
1,340,696
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏၊ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား အရဏဝိဘင်္ဂသုတ်ဒေသနာကို ဟောကြားပေအံ့၊ ထို အရဏဝိဘင်္ဂသုတ်ဒေသနာကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။
1,340,697
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော တရားစကားကို မိန့်တော်မူ၏-
1,340,698
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဉ်သော ကိုယ်ပင် ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ။
1,340,699
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထိုအစွန်း နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကို သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။
1,340,700
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောတရားကိုသာလျှင် ဟောပြောရာ၏။