id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,340,701
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိ၍ အဇ္ဈ တ္တသန္တာန်၌ ချမ်းသာကို အဖန် တလဲလဲ အားထုတ်ရာ၏၊ မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချစကားကို မဆိုရာ၊ ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ ဆောလျင်စွာ မဆိုရာ၊ ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးစွဲမြဲ၍ မပြောဆိုရ...
1,340,702
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုး စီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ မလိုက်စား အားမ...
1,340,703
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့၍ ရွာသူတို့၏ အလေ့အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်ဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်း သဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့် တကွ ဖြစ်...
1,340,704
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်းမရ...
1,340,705
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ် စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ့်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်၏၊ မှားယွင်းသော အကျင့်ပင်တည်း။
1,340,706
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲ ခြင်း ညှဉ်းဆဲခြင်း နှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း။
1,340,707
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ”ဟူသ...
1,340,708
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၅။ “ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ် သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါဖြစ်၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,709
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင် တည်း။
1,340,710
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ ကြံခြင်း'သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက် မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဤသည်တိ...
1,340,711
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြု တတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် (သစ္စာ လေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ဆိုခဲ့၏။
1,340,712
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၆။ “မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ဟောပြောရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,713
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် အဘယ်သို့ ဖြစ်သနည်း။
1,340,714
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့ ၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်း ခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်...
1,340,715
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရ...
1,340,716
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ့်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲ ခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိ...
1,340,717
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြ...
1,340,718
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်း ဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိ ကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။
1,340,719
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။
1,340,720
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤသို့လျှင် မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် ဖြစ်၏။
1,340,721
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၇။ ရဟန်းတို့ မမြှောက်ပင့်ခြင်း မနှိပ်ချခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် အဘယ် သို့ ဖြစ်သနည်း။
1,340,722
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့် စပ်သော ပုဂ္ဂိုလ်၏ ဝမ်း မြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက် ခြင်း ရှိကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိ...
1,340,723
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိက...
1,340,724
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ မပ...
1,340,725
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့်မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိ...
1,340,726
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့် ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုးတဏှာကို မပယ်ရသေးသော် ဘဝကိုလည်း မပယ်ရသေး”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင်...
1,340,727
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော် ဘဝကိုလည်း ပယ်ပြီးဖြစ်၏”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင...
1,340,728
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤသို့လျှင် မမြှောက်ပင့်ခြင်း မနှိပ်ချ ခြင်းဟုတ်မှန်သော သဘောကို ပြောဆိုခြင်းသည် ဖြစ်၏။
1,340,729
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချ ခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မပြောရာ၊ နှိပ်ချ၍ မပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဟောရာ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။
1,340,730
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၈။ “ဆုံးဖြတ်အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ အဇ္ဈ တ္တ သန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,731
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်ငါးပါးတို့နည်းဟူမူ-လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ် ဖြင့် သိရသော အဆင်း။
1,340,732
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သောတဝိညာဏ်ဖြင့် သိရသော အသံ။
1,340,733
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ် ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။
1,340,734
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။
1,340,735
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ဖြစ်သော ဤချမ်းသာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ'ကို ကာမဂုဏ်ချမ်းသာဟူ၍လည်းကောင်း၊ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာဟူ၍လည်းကောင်း၊ ပုထုဇဉ်တို့၏ ချမ်းသာဟူ၍လည်းကောင်း၊ အရိယာမဟုတ် သူတို့၏ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မမှီဝဲရ၊ မပွါးစေရ၊ ကြိမ်ဖန်များစွာ မလေ့လာရ၊ ထိုချမ်းသာကို ...
1,340,736
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
1,340,737
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင် စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။
1,340,738
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်လျစ်လျူရှုလျက် နေ၏။
1,340,739
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ တတိယဈာန်သို့လည်းကောင်း။
1,340,740
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ စတုတ္ထဈာန်သို့လည်းကောင်း ရောက်၍ နေ၏။
1,340,741
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤချမ်းသာခြင်း ‘သုခ'ကို ကာမမှ ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ ချမ်းသာဟူ၍လည်းကောင်း၊ ကင်းဆိတ်ခြင်း ‘ပဝိဝေက’ ချမ်းသာဟူ၍လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ဥပသမ’ ချမ်းသာဟူ၍လည်း ကောင်း၊ ကောင်းစွာသိခြင်း ‘သမ္ဗောဓိ’ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မှီဝဲရမည်၊ ပွါးစေရ မည်၊ ကြိမ်ဖန်များစွာ လေ့လာရမည်၊ ထိုချမ်းသာမျိုးကို မကြောက်ရ”ဟု...
1,340,742
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဆုံးဖြတ် အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ မိမိသန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
1,340,743
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၂၉။ “မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်း ညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,744
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ မျက်ကွယ်အပြစ်ပြောခြင်းကိုလည်း မဆိုမိစေခြင်းငှါ ကျင့်ရာ၏။
1,340,745
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည်ဖြစ်ရာ၏။
1,340,746
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါး နှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကိုလည်း မဆိုမိ စေခြင်းငှါ ကျင့်ရာ၏။
1,340,747
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည် ဖြစ်ရာ၏။
1,340,748
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မျက်ကွယ်၌ အပြစ်ပြောဆိုခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
1,340,749
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၀။ “ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,750
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ကိုယ်သည်လည်း ပင်ပန်း၏၊ စိတ်သည်လည်း ဆင်းရဲ၏၊ အသံသည်လည်း ပျက်စီး၏၊ လည်ချောင်းသည်လည်း နာ၏၊ မသန့်ရှင်း မပြတ်သားသည်လည်း ဖြစ်၏၊ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ စကားသည် မသိလွယ်။
1,340,751
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဖြေးဖြေးသာသာ ပြောဆိုသောသူ၏ ကိုယ်သည်လည်း မပင်ပန်း၊ စိတ်သည်လည်း မဆင်းရဲ၊ အသံသည်လည်း မပျက်စီး၊ လည်ချောင်းသည်လည်း မနာ၊ သန့်ရှင်းပြတ်သားသည်လည်း ဖြစ်၏၊ ဖြေးဖြေးသာ သာ ပြောဆိုသောသူ၏ စကားသည် သိလွယ်၏။
1,340,752
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
1,340,753
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။
1,340,754
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သား တို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံးပညတ်ကို လွန်၍ သွားခြင်းဖြစ်သနည်း။
1,340,755
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထိုခွက်ကိုသာလျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏။
1,340,756
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် အားစွမ်းဖြင့် အမှားသုံးသပ်ခြင်းဖြင့် “ဤငါ့အယူသာလျှင် မှန်၏၊ သူတစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု နှလုံးသွင်း စွဲမြဲ၍ ပြောဆို၏။
1,340,757
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း့လောကသုံးပညတ်ကို လွန်၍ သွားခြင်းသည် ဖြစ်၏။
1,340,758
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၂။ ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်သနည်း။
1,340,759
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤလောက၌ ထိုခွက်ကိုသာ လျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏၊ ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ “ဤအသျှင်တို့သည်လည်း ဤခွက်ကို ရည်ရွယ်၍ ခေါ်ဝေါ်ကုန်သတတ်”...
1,340,760
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်း စွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်၏။
1,340,761
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဇနပုဒ်သားတို့၏ ဘာသာ ကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
1,340,762
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၃။ ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ် ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင...
1,340,763
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ် တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ် ကာမချမ်း သာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည...
1,340,764
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
1,340,765
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၄။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,766
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤသဘော တရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။
1,340,767
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာ တို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,768
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
1,340,769
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူသော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ် ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏၊ ဤသဘော တရား သည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်...
1,340,770
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၆။ ရဟန်းတို့ မြှောက်ပင့်ပြောခြင်း နှိပ်ချပြောခြင်း မဟုတ်မမှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,771
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။
1,340,772
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ မြှောက်ပင့်မပြောခြင်း နှိပ်ချမပြောခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,773
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤသဘောတရား့သည် (ကိလေသာ) မြူမှ ကင်း၏။
1,340,774
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၇။ ရဟန်းတို့ ကာမဂုဏ်ချမ်းသာ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာ ပုထုဇဉ်တို့၏ ချမ်းသာ အရိယာမဟုတ်သော သူတို့၏ ချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ် စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,775
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။
1,340,776
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထွက်မြောက်ခြင်းချမ်းသာ ကင်းဆိတ် ခြင်းချမ်းသာ ငြိမ်းအေးခြင်း ချမ်းသာ သိခြင်းချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,777
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၈။ ရဟန်းတို့ မဟုတ်မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်း သဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,778
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,779
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ဟုတ် သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,780
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၃၉။ ရဟန်းတို့ မဟုတ်သော မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,781
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤသဘောတရား သည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။
1,340,782
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,783
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်မှောက်၌ ကိလေသာတို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘော သည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန် သော အကျင့်တည်း။
1,340,784
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,785
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဖြေးဖြေသာသာ ပြောဆို သူ၏ ပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,786
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၄၁။ ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာစကားကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ ပြေးသွားပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ် စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။
1,340,787
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့် တကွ ဖြစ်၏။
1,340,788
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာ စကားကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ မပြေးသွား့မပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။
1,340,789
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထို့ကြောင့် ဤလောက၌ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း၊ သိရာ၏၊ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း သိ၍ (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်ကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ရမည်။
1,340,790
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ သုဘူတိမည်သော အမျိုးကောင်းသားသည် (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်၏ဟု (မိန့်တော်မူ၏)။
1,340,791
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုးခုမြောက် အရဏဝိဘင်္ဂသုတ် ပြီး၏။
1,340,792
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၁၀- ဓာတုဝိဘင်္ဂသုတ်
1,340,793
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,340,794
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသော် ရာဇဂြိုဟ် ပြည်သို့ ဆိုက်ရောက်တော်မူ၍ ဘဂ္ဂဝမည်သော အိုးထိန်းသည်ထံသို့ ချဉ်းကပ်ပြီးလျှင် ဘဂ္ဂဝမည်သော အိုးထိန်းသည်ကို “ဘဂ္ဂဝ အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။
1,340,795
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ဝန်မလေးပါ၊ ဤအိုးလုပ်ရာ တင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ်ရောက်နှင့်သော ရဟန်းသည် ရှိပါသေး၏၊ ထိုရှေးဦးစွာ နေနှင့်သော ရဟန်းသည် အကယ်၍ ခွင့်ပြုမူ မြတ်စွာဘုရား ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။
1,340,796
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ပုက္ကုသာတိမည်သော အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ရည်ရွယ်၍ သဒ္ဓါယုံကြည်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ခဲ့၍ ထိုအိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ် ရောက်နှင့်၏။
1,340,797
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ၌ မြတ်စွာဘုရားသည် ပုက္ကုသာတိထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ပုက္ကုသာတိကို “ရဟန်း အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။
1,340,798
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် အိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်သည် ကျယ်ပြန့်ပါ၏၊ အသျှင်သည် ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။
1,340,799
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရားသည် အိုးထိန်းသည်၏ အိုးလုပ်ရာ တင်းကုပ်သို့ ဝင်၍ တစ်ခုသော နေရာ၌ မြက်အခင်းကို ခင်းပြီးလျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကို ဖြစ်စေ၍ ထိုင်နေ၏။
1,340,800
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရားသည် ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏၊ အသျှင်ပုက္ကုသာတိသည်လည်း ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏။