id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,801 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာ ပုထ်ကို ဖြစ်စေ၏၊ ငါသည် အကယ်၍ မေးရမူ ကောင်းပေစွ”ဟု ဤသို့ စိတ်အကြံဖြစ်၏။ |
1,340,802 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့နောက်၌ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသ နည်း၊ အဘယ်သူသည် သင်၏ ဆရာဖြစ်သနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း”ဟု ဤစကားကို မိန့်တော်မူ၏၊ ငါ့သျှင် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ရှိ၏၊ ထိုအသျှင် ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ဘဝဂ်မဆံ့ ပျံ... |
1,340,803 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်း ပြု၏၊ ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားကို နှစ်သက်ပါ၏ဟု (ပြောဆို၏)။ |
1,340,804 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရဟန်း ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်မှာ နေတော်မူသနည်းဟု (မေးတော်မူ၏)။ |
1,340,805 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင် ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ယခုအခါ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နေ တော်မူ၏ဟု (ပြောဆို၏)။ |
1,340,806 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို မြင်ဖူး၏လော၊ စင်စစ် မြင်သော် သိပါ အံ့လောဟု (မေး၏)။ |
1,340,807 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မမြင်ဖူးပါ၊ စင်စစ် မြင်သော်လည်း မသိရာပါဟု (ပြောဆို၏)။ |
1,340,808 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ငါ့ကိုသာလျှင် ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားအား ငါသည် တရားဟောရမူ ကောင်းပေမည်”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ |
1,340,809 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။ |
1,340,810 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်ပုက္ကုသာတိသည် မြတ်စွာဘုရားအား ပြန်ကြားပြောဆို၏။ |
1,340,811 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏- |
1,340,812 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၃။ ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏၊ ခြောက်ပါးသော ဖဿာယတန ရှိ၏၊ တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏၊ လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာ လေးပါးတို့၌ တည်သောပုဂ္ဂိုလ်သတ္တဝါအား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ တို့သည် မဖြစ် ကုန်။ |
1,340,813 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ မဖြစ်သော် ကိလေသာ ငြိမ်းသော ရဟန်း ဟူ၍ ဆိုရ၏၊ ဝိပဿနာ ပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ |
1,340,814 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိလေသာစွန့်ခြင်းကို အားထုတ် ရာ၏၊ ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏။ |
1,340,815 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤကား ဓာတုဝိဘင်္ဂသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ တည်း။ |
1,340,816 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၄။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ |
1,340,817 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ |
1,340,818 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ် ခြောက်ပါးရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။ |
1,340,819 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၅။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ |
1,340,820 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စက္ခုသမ္ဖဿာယတန သောတသမ္ဖဿာယတန ဃာနသမ္ဖဿာယတန ဇိဝှါသမ္ဖဿာယတန ကာယသမ္ဖဿာယတန မနောသမ္ဖဿာယတနသည် ရှိ၏။ |
1,340,821 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။ |
1,340,822 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၆။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ |
1,340,823 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ သောမနဿ၏အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင် သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏။ |
1,340,824 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြား၍။ |
1,340,825 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံ၍။ |
1,340,826 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်၍။ |
1,340,827 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိ၍။ |
1,340,828 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိ၍ သောမနဿ၏ အကြောင်း ဖြစ်သော သဘော ‘ဓမ္မာရုံ’ ကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော သဘော'ဓမ္မာရုံ'ကို ဆင်ခြင်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော သဘော'ဓမ္မာရုံ'ကို ဆင်ခြင်သုံးသပ်၏။ |
1,340,829 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သောမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဒေါမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဥပေက္ခာ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ |
1,340,830 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။ |
1,340,831 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ |
1,340,832 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပညာဟူသော တည်ရာ၊ သစ္စာဟူသော တည်ရာ၊ ကိလေသာကို စွန့်ခြင်း ဟူသော တည်ရာ၊ ကိလေသာငြိမ်းခြင်းဟူသော တည်ရာသည် ရှိ၏။ |
1,340,833 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။ |
1,340,834 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၈။ “ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ကိလေသာငြိမ်းခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ |
1,340,835 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အဘယ်သို့လျှင် ဝိပဿနာပညာကို မမေ့မလျော့သနည်း။ |
1,340,836 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဓာတ်တို့သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဤခြောက်ပါးတို့ တည်း။ |
1,340,837 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၄၉။ ရဟန်း မြေ ‘ပထဝီ’ ဓာတ်ဟူသည် အဘယ်နည်း။ |
1,340,838 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြေ ‘ပထဝီ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့အပသန္တာန်၌ ဖြစ်၏။ |
1,340,839 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အတွင်းသန္တာန်၌ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ သည် အဘယ်နည်း။ |
1,340,840 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်တည်း။ |
1,340,841 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤရုပ်ဟူသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊ ဤဆိုခဲ့ပြီးမှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်း တမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတိ... |
1,340,842 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ၍ ဆိုရ၏။ |
1,340,843 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း မြေ ‘ပထဝီ’ ဓာတ်သာပင်တည်း။ |
1,340,844 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြေ ‘ပထဝီ’ ဓာတ်ကို “ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါမဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤမြေ ‘ပထဝီ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေ ‘ပထဝီ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော့်မြေ ‘ပထဝီ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ ‘ပထဝီ'ဓာတ်၌ တပ်... |
1,340,845 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၀။ ရဟန်း ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ |
1,340,846 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရေ ‘အာပေါ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ |
1,340,847 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ |
1,340,848 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ |
1,340,849 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါ အဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇ ရုပ်သည် ရှိ၏။ |
1,340,850 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤရုပ်စုကို အတွင်း သန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်ဟူ၍ ဆိုရ၏။ |
1,340,851 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- အတွင်းသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရေ ‘အာပေါ'ဓာတ်သည်လည်းကောင်း ရေ ‘အာပေါ’ ဓာတ်သာပင်တည်း။ |
1,340,852 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရေ ‘အာပေါ’ ဓာတ်ကို “ဤရေ ‘အာပေါ’ ဓာတ်သည် ငါပိုင်မဟုတ်၊ ဤရေ ‘အာပေါ’ ဓာတ်သည် ငါမဟုတ်၊ ဤရေ ‘အာပေါ'ဓာတ် သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာ ပညာဖြင့် ရှုသင့်၏။ |
1,340,853 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ ‘အာပေါ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ ‘အာပေါ’ ဓာတ်၌ တပ်ခြင်းကင်း၏။ |
1,340,854 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၁။ ရဟန်း အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ |
1,340,855 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အပူအအေး ‘မီး’ ဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ |
1,340,856 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ |
1,340,857 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’ အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ |
1,340,858 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤရုပ်သည် အဘယ် နည်း၊ အကြင် အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ဆွေးမြည့်ရင့်ကျက်၏၊ အကြင်အပူအအေး ‘မီး'ဓာတ်ဖြင့်လည်း ထက်ဝန်းကျင်လောင်၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက် ခြင်းသို့ ရောက်၏၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ... |
1,340,859 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်ဟူ၍ ဆိုရ၏။ |
1,340,860 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတွင်းသန္တာန်၌ဖြစ်သော အကြင်အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း အပူအအေး ‘မီး’ ဓာတ်သာလျှင်တည်း။ |
1,340,861 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ဤအပူအ အေး ‘မီး’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါမဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ |
1,340,862 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို ကောင်းသောဝိပဿနာပညာဖြင့် အမှန် အတိုင်း ရှုမြင်သော် အပူအအေး ‘မီး’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူအအေး ‘မီး’ ဓာတ်၌ တပ်ခြင်း ကင်း၏။ |
1,340,863 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၂။ ရဟန်း လေဓာတ်သည် အဘယ်နည်း။ |
1,340,864 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | လေဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ |
1,340,865 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် အဘယ်နည်း။ |
1,340,866 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေဓာတ် လေဓာတ်အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ် သော ကမ္မဇရုပ်သည် ရှိ၏။ |
1,340,867 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သောလေ, အောက်သို့ သက် သောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ, အင်္ဂါကြီးငယ်သို့အစဉ်လျှောက်သောလေ, ထွက်သက် ဝင်သက်လေ၊ ဤလေတို့ပင်တည်း။ |
1,340,868 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေ လေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ |
1,340,869 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်ဟူ၍ ဆိုအပ်၏။ |
1,340,870 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း လေဓာတ်သာလျှင်တည်း။ |
1,340,871 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ လေဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ |
1,340,872 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ဤလေဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။ |
1,340,873 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အာကာသဓာတ်သည် အဘယ်နည်း။ |
1,340,874 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာကာသဓာတ် သည် အချို့ အတွင်းသန္တာန် ၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ |
1,340,875 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အတွင်းသန္တာန်၌ဖြစ်သော အာကာသဓာတ်သည် အဘယ်နည်း။ |
1,340,876 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင် အာကာသအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ် သည် ရှိ၏။ |
1,340,877 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤရုပ်သည် အဘယ်နည်း။ |
1,340,878 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာကို မျိုရာ အပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ တည်ရာအပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ အောက်အဘို့သို့ ထွက်ရာအပေါက် တို့တည်း။ |
1,340,879 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင်အာကာ အပါအဝင်ဖြစ်သော ရေးခြစ်မထင် ကောင်းကင်အာကာသ ကောင်းကင်အာကာသ၌ အတွင်းဝင်သော ဟင်းလင်းအပေါက် ဟင်းလင်းအပေါက်၌ အတွင်းဝင်သော အသားအသွေးတို့ဖြင့် မတွေ့ထိသော တဏှာဒိဋ္ဌိ တို့ဖြင့် စ... |
1,340,880 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အာကာသ ဓာတ်ဟူ၍ ဆိုအပ်၏။ |
1,340,881 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အပသန္တာန်၌ဖြစ်သော အာကာသ ဓာတ်သည်လည်းကောင်း အာကာသဓာတ်ချည်းပင်တည်း။ |
1,340,882 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ဤအာကာသဓာတ်သည် ငါပိုင် မဟုတ်၊ ဤအာကာသဓာတ်သည် ငါမဟုတ်၊ ဤအာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ အာကာသ ဓာတ်ကို အမှန်အတိုင်း ကောင်းသောဝိပဿနာပညာဖြင့် ရှုသင့်၏။ |
1,340,883 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ အာကာသဓာတ်ကို ကောင်း သော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသ ဓာတ်၌ တပ်ခြင်းကင်း၏။ |
1,340,884 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၄။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်သော ဝိညာဏ်သည်သာလျှင် ကြွင်း ကျန်၏။ |
1,340,885 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုဝိညာဏ်ဖြင့် အဘယ်ကို သိသနည်း။ |
1,340,886 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ချမ်းသာဟူ၍လည်း သိ၏၊ ဆင်းရဲဟူ၍လည်း သိ၏၊ ဥပေက္ခာဟူ၍လည်း သိ၏၊ ရဟန်း သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထို ဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သ... |
1,340,887 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၅။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို့ဖြစ်စေတတ်သော ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ... |
1,340,888 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၆။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်း ဝေဒနာကိုဖြစ်စေတတ်သော, ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥ... |
1,340,889 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၇။ ရဟန်း ဥပမာအားဖြင့် နှစ်ချောင်းကုန်သော ထင်းတို့၏ ထိခိုက်ခြင်း ပေါင်းဆုံခြင်းကြောင့် အငွေ့ဖြစ်ပေါ်၏၊ မီးဖြစ်ပေါ်၏၊ ထိုနှစ်ချောင်းကုန်သော ထင်းတို့၏သာလျှင် ( မထိခိုက်ဘဲ ) အသီးအသီး တခြားစီ ဖြစ်ခြင်းကြောင့် ကင်းခြင်းကြောင့် ထိုထင်းအားလျော်စွာဖြစ်သော အငွေ့သည် ချုပ်သကဲ့သို့ ငြိမ်းသကဲ့သို့ ဤဥပမာအတူသာလျှင် သုခဝေဒနာ၏ အကြောင်... |
1,340,890 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူ သည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်း ဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ် သော, ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချု... |
1,340,891 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၅၉။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေ... |
1,340,892 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၀။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ထက်ဝန်းကျင် ဖြူစင်သော စတုတ္ထဈာန် ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုး ပြက် အရောင်လည်း ရှိ၏။ |
1,340,893 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ဖိုကို ဖွဲ့စီရင်ရာ၏၊ ဖိုကို ဖွဲ့စီရင်၍ ဖိုဝကို လိမ်းကျံရာ၏၊ ဖိုဝကို လိမ်းကျံ၍ ညှပ်ဖြင့် ရွှေကို ကိုင်၍ ဖိုဝ၌ ထားရာ၏။ |
1,340,894 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရွှေကို ရံခါရံခါ မှုတ်ရာ၏၊ ရံခါရံခါ ရေဖြင့် ဖျန်းရာ၏၊ ရံခါရံခါ ရှုရာ၏၊ ဦးပြီးသော လှော်ပြီးသော ထင်ရှားသောအပြစ် သိမ်မွေ့ သောအပြစ်ကင်းသော ထိုရွှေသည် နူးညံ့လည်း နူးညံ့၏။ |
1,340,895 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ထွက်၏၊ ရွှေပြားအတွက်ဖြစ်စေ၊ နားတောင်းအတွက်ဖြစ်စေ၊ လည်ရွဲတန်ဆာအတွက် ဖြစ်စေ၊ ရွှေပန်းခိုင်အတွက်ဖြစ်စေ မည်သည့်တန်ဆာ ပြုလုပ်ရန်မဆို တန်ဆာအထူးကို အလိုရှိငြားအံ့၊ ထို ရွှေပန်းထိမ်သည်အား ထိုထိုအကျိုးကို ခံစားရသကဲ့သို့၊ ဤဥပမာအတူသာလျှင် ထက်ဝန်းကျင် စင်ကြယ် သော ထက်ဝန်းကျင် ဖြူစင်သော... |
1,340,896 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၁။ ထိုသူသည် ဤသို့ သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း့ကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန်ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင် ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကာသာနဉ္စာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကာသာနဉ္စာ ယတန... |
1,340,897 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုဝိညာဏဉ္စာယတနဈာန်ကို မှီသည် ဖြစ်၍ ထိုဝိညာဏဉ္စာယတနဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်... |
1,340,898 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကိဉ္စညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကိဉ္စညာယတနဈာန်ကို စွဲလန်းသည်ဖြစ်၍ ရှည်မြင့်စ... |
1,340,899 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာ နာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုနေဝသညာနာ သညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုနေဝသညာနာသညာယတန ဈာန်ကို စွဲလမ်းသည်ဖြစ... |
1,340,900 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၂။ ထိုသူသည် ဤသို့သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း ကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤ အာကာသာနဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.