id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,901 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန်ဥပေက္ခာကို ဝိညာဏဉ္စာ ယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ် ကိုလည်း ပွါးငြားအံ့၊ ဤဝိညာဏဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ |
1,340,902 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤအာကိဉ္စညာ ယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ |
1,340,903 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါသည် ဤသို့ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာနာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤနေဝသညာ နာသညာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း”ဟု ( သိ၏ )။ |
1,340,904 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း ထိုရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို မပြုပြင် မစေ့ဆော်၊ ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း မတောင့်တ မပြုပြင် မစေ့ဆော်သော် လောက၌ တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မစွဲလမ်းသောသူသည် မတောင့်တ၊ မတောင့်တသောသူသည် အသီးအခြားသာလျှင် ပရိနိဗ္ဗာန် ပြု... |
1,340,905 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၃။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုသုခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏၊ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထို ဒုက္ခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ |
1,340,906 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုဥပေက္ခာဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ |
1,340,907 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၄။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုသုခဝေဒနာကို ရာဂါနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ |
1,340,908 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဒုက္ခဝေဒနာကို ပဋိဃာနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ |
1,340,909 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဥပေက္ခာဝေဒနာကို အဝိဇ္ဇာနုသယနှင့် မယှဉ်ဘဲသာလျှင် ခံစား၏။ |
1,340,910 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရဟန္တာပုဂ္ဂိုလ်သည် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား သည်ရှိသော် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှအထက်၌ ဤအာယတန တစ်ဆယ့်နှစ်ပါးတို့၌သာ လျှင် မန... |
1,340,911 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ဥပမာအားဖြင့် ဆီကိုလည်း စွဲ၍ မီးစာကိုလည်း စွဲ၍ ဆီမီးသည် တောက်ပ၏၊ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခြင်းကြောင့် တစ်ပါးသောဝတ္ထုကိုလည်း မစွဲယူခြင်း ကြောင့် အကြောင်းကင်း၍ ငြိမ်းသကဲ့သို့၊ ဤဥပမာအတူသာလျှင် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာ ကို ခံစားသည်ရှိသော် ခန္ဓာကိုလျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသ... |
1,340,912 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုကြောင့် ဤသို့ ( ဆိုခဲ့တိုင်း ) ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤအရဟတ္တဖိုလ် ပညာ ဟူသော တည်ရာနှင့် ပြည့်စုံ၏။ |
1,340,913 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ခပ်သိမ်းကုန်သော ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရာဖြစ်သော ဤ ဉာဏ်သည် အလွန်အကဲမြတ်သော ပညာပေတည်း။ |
1,340,914 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၆။ ထိုဆိုခဲ့တိုင်းပြည့်စုံသော ရဟန်းအား ထိုအရဟတ္တဖိုလ်ပညာသည် ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်အာရုံ၌ တည်၏၊ မပျက်စီး၊ ရဟန်း ပျက်စီးခြင်းသဘောရှိသောတရားသည် မှားယွင်းသော သဘောရှိ၏၊ မမှန်ကန်။ |
1,340,915 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မပျက်စီးခြင်းသဘောရှိသောတရားသည် မှန်ကန်သော နိဗ္ဗာန် ( နိရောဓသစ္စာ ) တည်း။ |
1,340,916 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့ကြောင့် ဤဆိုပြီး လက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤပရမတ္ထ သစ္စာဖြစ်သော နိဗ္ဗာန်ဟူသော တည်ရာနှင့် ပြည့်စုံ၏။ |
1,340,917 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း မပျက်စီးခြင်းသဘောရှိသော နိဗ္ဗာန်သည် အလွန်အကဲမြတ်သော အရိယသစ္စာသာတည်း။ |
1,340,918 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၇။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ပြည့် ပြည့်စုံစုံ ဆောက်တည်ထားသော ( ဆင်းရဲကိုဆောင်တတ်သော ) ဥပဓိတို့သည် ရှိကုန်၏။ |
1,340,919 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား ထိုဥပဓိတို့ကို ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီး ဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ နောင် တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ |
1,340,920 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ထို့ကြောင့် ဤဆိုပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိလေသာကို စွန့်ခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ |
1,340,921 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ခပ်သိမ်းသော ဥပဓိကို အရဟတ္တမဂ် ဉာဏ်ဖြင့် ဤစွန့်ခြင်းသည် အလွန်အကဲ မြတ်သော စွန့်ခြင်းတည်း။ |
1,340,922 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၆၈။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား သူ့ စည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈာ’ လိုချင်ခြင်း ‘ဆန္ဒ’ ပြင်းစွာ တပ်နှစ်သက်ခြင်း ‘သာရာဂ’ သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုအဘိဇ္ဈာ, ဆန္ဒ, သာရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပ... |
1,340,923 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ရန်ငြိုး ဖွဲ့ခြင်း ‘အာဃာတ’ သူတစ်ပါးအား ပျက်စီးစေခြင်း ‘ဗျာပါဒ'ခပ်သိမ်းသော အခြင်းအရာဖြင့် ပြစ်မှားခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုဒေါသသုံးမျိုးကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖ... |
1,340,924 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စင်စစ် ရှေးပုထုဇဉ် ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား မသိခြင်း ‘အဝိဇ္ဇာ’ ပြင်းစွာတွေဝေခြင်း'သမ္မောဟ'သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုမောဟတရားကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ |
1,340,925 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ထို့ကြောင့် ဤဆိုခဲ့ပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ်ဖြင့် ကိလေသာကို ငြိမ်းအေးစေခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ |
1,340,926 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ရာဂ ဒေါသ မောဟတို့၏ ဤငြိမ်းအေးခြင်းသည် အလွန်အကဲမြတ်သော ငြိမ်းအေး ခြင်းတည်း။ |
1,340,927 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ပညာကို မမေ့လျော့ရာ၊ ဝစီသစ္စာကို အစဉ်စောင့်ရှောက်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ကိလေသာငြိမ်းအေးခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ |
1,340,928 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ် ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာ ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ |
1,340,929 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ငါဟူသည် ထင်မှတ်ခြင်းတည်း၊ ဤဟာ ငါဖြစ်၏ ဟူသည် ထင်မှတ်ခြင်းတည်း၊ ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရုပ်ရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ် ခြင်းတည်း၊ ရုပ်မရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာမရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည... |
1,340,930 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ထင်မှတ်ခြင်းမညနာ (တဏှာ မာန ဒိဋ္ဌိ) အာလုံးတို့ကို လွန်မြောက်ခြင်းကြောင့် ကိလေသာ ငြိမ်းအေးသော ရဟန်းဟု ဆိုရ၏။ |
1,340,931 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း ကိလေသာငြိမ်းအေးသော ရဟန်းသည် ပဋိသန္ဓေမနေ မအို မသေ မပျက်စီး မတောင့်တ။ |
1,340,932 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း အကြင်ကံကြောင့် ပဋိသန္ဓေနေရာ၏၊ ထိုပဋိသန္ဓေ ပေးသောကံ သည် ထိုရဟန္တာအား မရှိ၊ ပဋိသန္ဓေမနေသူသည် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူသည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးသူသည် အဘယ်မှာ တောင့်တ လတ္တံ့နည်း။ |
1,340,933 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ |
1,340,934 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင်သည် အကျဉ်းအားဖြင့် ငါဟောသော ဤဓာတ်ခြောက်ပါးကို ဝေဖန်ရာ ဓာတုဝိဘင်္ဂသုတ်ကို ဆောင်လော့ဟု ( မိန့်တော်မူ၏ )။ |
1,340,935 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၀။ ထိုအခါ၌ အသျှင်ပုက္ကုသာတိမထေရ်သည် “ငါ့ထံသို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည့်အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ သစ္စာလေးပါးကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏”ဟု နှလုံးသွင်း၍ နေရာမှ ထလျက် လက်ဝဲပခုံးစွန်း၌ သင်္ကန်... |
1,340,936 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ |
1,340,937 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကြင်သူ သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း'အဆုံးအမ’၌ ကြီးပွါးခြင်းပင်တည်းဟု ( မိန့်တော် မူ၏ )။ |
1,340,938 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏ဟု ( လျှောက်၏ )။ |
1,340,939 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း သင့်အား သပိတ်သင်္ကန်းသည် ပြည့်စုံပြီလောဟု ( မေးတော်မူ၏ )။ |
1,340,940 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား အကျွန်ုပ်အား သပိတ် သင်္ကန်းသည် မပြည့်စုံသေးပါဟု ( လျှောက်၏ )။ |
1,340,941 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း မြတ်စွာဘုရား တို့သည် သပိတ်သင်္ကန်း မပြည့်စုံသူကို ရဟန်းပြုမပေးကုန်ဟု ( မိန့်တော်မူ၏ )။ |
1,340,942 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့နောက် အသျှင် ပုက္ကုသာတိမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာ ဖဲသွား၏။ |
1,340,943 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ သပိတ်သင်္ကန်းရှာ လှည့်လည်သော အသျှင်ပုက္ကုသာတိမထေရ်ကို နွားမသည် လှည့်ပတ်၍ အသက်ဇီဝိန်မှချပြီ။ |
1,340,944 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်နေကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုက္ကုသာတိမည်သော အမျိုးကောင်းသားအား မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူခဲ့၏၊ ထိုပုက္ကုသာတိ အမျိုးကေ... |
1,340,945 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ လောကုတ္တရာ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကိုလည်း လောကုတ္တရာတရားဟူသော အကြောင်းကြောင့် မပင် ပန်းစေ။ |
1,340,946 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ငါးပါးကုန်သော အောက်ကာမဘုံ၌ဖြစ်သော သံယောဇဉ် တို့၏ ကုန်ခြင်းကြောင့် ( အဝိဟာဘုံ၌ ) ပဋိသန္ဓေနေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုအဝိဟာ ဘုံမှ ပြန်လည်ခြင်း သဘောမရှိဟု ( မိန့်တော်မူ၏ )။ |
1,340,947 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဆယ်ခုမြောက် ဓာတုဝိဘင်္ဂသုတ် ပြီး၏။ |
1,340,948 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၁၁-သစ္စဝိဘင်္ဂသုတ် |
1,340,949 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,340,950 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ |
1,340,951 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ |
1,340,952 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်... |
1,340,953 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ ထွင်ခြင်း ထင်စွာပြုခြင်း။ |
1,340,954 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ |
1,340,955 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ |
1,340,956 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအား ဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။ |
1,340,957 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ငါဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်း ကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက် သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း... |
1,340,958 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ သာရိပုတြာမောဂ္ဂလာန်တို့ကို မှီဝဲကုန်လော့၊ ရဟန်းတို့ သာရိပုတြာ မောဂ္ဂလာန်တို့ကို ဆည်းကပ်ကုန်လော့၊ ထိုသာရိပုတြာ မောဂ္ဂလာန်တို့သည် ပညာရှိသော ရဟန်းတို့ ဖြစ်ကုန်၍ သီတင်းသုံး ဖော်တို့ကို ချီးမြှောက်တတ်ကုန်၏။ |
1,340,959 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဥပမာအားဖြင့် သာရိပုတြာသည် မွေးသော မိခင်နှင့် တူ၏၊ မောဂ္ဂလာန်သည် မွေးပြီးသူငယ်ကို ကျွေးမွေးသူနှင့် တူ၏။ |
1,340,960 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ သာရိပုတြာသည် သောတာ ပတ္တိဖိုလ်သို့ ဆောင်တတ်၏၊ မောဂ္ဂလာန်သည် အထက်ဖိုလ်တို့ကို ဆောင်တတ်၏။ |
1,340,961 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ သာရိပုတြာသည် လေးပါးသော အရိယသစ္စာတို့ကို အကျယ်အားဖြင့် ပြောကြားခြင်းငှါ ဟောကြားခြင်းငှါ အပြားအားဖြင့် သိစေခြင်းငှါ အပြားအားဖြင့် သိအောင် ထားခြင်းငှါ ဖွင့်ပြခြင်းငှါ ဝေဖန်ချဲ့ထွင်ခြင်းငှါ ထင်စွာပြုခြင်းငှါ စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကာ... |
1,340,962 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲကြွတော်မူ၍ မကြာမီ ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ( မိန့်ဆို၏ )။ |
1,340,963 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ငါ့သျှင်သာရိပုတြာ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ |
1,340,964 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်သာရိပုတြာသည် ဤစကားကို ပြောဆို၏ - |
1,340,965 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟော စ... |
1,340,966 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ |
1,340,967 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ |
1,340,968 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန် ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ |
1,340,969 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။ |
1,340,970 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၃။ ငါ့သျှင်တို့ ဒုက္ခဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ |
1,340,971 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပဋိသန္ဓေတည်နေခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲဒုက္ခတည်း၊ အိုခြင်း'ဇရာ'သည်လည်း ဆင်းရဲဒုက္ခတည်း၊ သေခြင်း'မရဏ'သည်လည်း ဆင်းရဲဒုက္ခတည်း၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ် ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည်လည်း ဆင်းရဲဒုက္ခတို့တည်း၊ အလိုရှိ အပ်သည်ကို မရခြင်းသည်လည်... |
1,340,972 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သည် အဘယ်နည်း။ |
1,340,973 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာ ဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း ( အမိဝမ်းတွင်း ဥခွံတွင်းသို့ ) သက်ဝင်ခြင်း ကိုယ် ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ |
1,340,974 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရား သဘောကို ပဋိသန္ဓေ တည်နေရခြင်း ‘ဇာတိ’ဟု ဆိုအပ်၏။ |
1,340,975 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ'သည် အဘယ်နည်း။ |
1,340,976 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်း၌ အိုခြင်း အိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ဆုတ်ယုတ်ခြင်း မျက်စိ စသော ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ |
1,340,977 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို အိုမင်းခြင်း ‘ဇရာ’ဟု ဆိုအပ်၏။ |
1,340,978 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ သေခြင်း'မရဏ'သည် အဘယ်နည်း။ |
1,340,979 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန် ခြင်း ခန္ဓာကိုယ်တို့၏ ပျက်စီးခြင်း အကောင်ပုပ်ကို ပြစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ |
1,340,980 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို သေခြင်း'မရဏ’ဟု ဆိုအပ်၏။ |
1,340,981 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်းသည် အဘယ်နည်း။ |
1,340,982 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သော အခြင်းအရာ စိုးရိမ်တတ်သူ၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ပြင်းစွာစိုးရိမ်ခြင်းတည်း။ |
1,340,983 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရား သဘောကို စိုးရိမ်ပူပန်ခြင်း ‘သောက’ဟု ဆိုအပ်၏။ |
1,340,984 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ငိုကြွေးခြင်းသည် အဘယ်နည်း။ |
1,340,985 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ငိုကြွေးခြင်း ပြင်းစွာ့ငိုကြွေးခြင်း ငိုကြွေးသောအခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသောသူ၏အဖြစ် ပြင်းစွာ ငိုကြွေးသူ၏အဖြစ်တည်း။ |
1,340,986 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို ငိုကြွေးခြင်း ‘ပရိဒေဝ’ဟု ဆိုအပ်၏။ |
1,340,987 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ'သည် အဘယ်နည်း။ |
1,340,988 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ကိုယ်၌ ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ |
1,340,989 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင် တို့ ဤတရား သဘောကို ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ဟု ဆိုအပ်၏။ |
1,340,990 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ'သည် အဘယ်နည်း။ |
1,340,991 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ စိတ်၌ဖြစ်သော ဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ |
1,340,992 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်၏။ |
1,340,993 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'သည် အဘယ်နည်း။ |
1,340,994 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပင်ပန်းသူ၏အဖြစ် ပြင်းစွာပင်ပန်းသူ၏အဖြစ်တည်း။ |
1,340,995 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤ တရားသဘောကို ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’ဟု ဆိုအပ်၏။ |
1,340,996 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အလိုရှိသည်ကို မရ၍ ဆင်းရဲခြင်းသည် အဘယ်နည်း။ |
1,340,997 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ'သဘော မရှိကြကုန်မူ ကောင်းလေစွ၊ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ'သည် ငါတို့ထံ မလာရောက်မူကား ကောင်း လေစွ”ဟု ဤသို့သာ တောင့်တခြင်းသည် ဖြစ်ပေါ်၏။ |
1,340,998 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့တောင့်တသော်လည်း ဤဇာတိမလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ |
1,340,999 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ'သဘောရှိကုန်သော သတ္တဝါတို့အား။ |
1,341,000 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ငါ့သျှင်တို့ ဖျားနာခြင်း ‘ဗျာဓိ'သဘောရှိ ကုန်သော သတ္တဝါတို့အား။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.