id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,341,001 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ သေခြင်း ‘မရဏ'သဘောရှိကုန်သော သတ္တဝါတို့အား။ |
1,341,002 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ'စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောမရှိကြ... |
1,341,003 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့တောင့်တသော်လည်း ဤသောကစသည်တို့ မလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ |
1,341,004 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသောဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟူသည် အဘယ်တို့နည်း၊ ဤ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။ |
1,341,005 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာ ဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့ပေတည်း။ |
1,341,006 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤ( ဥပါဒါနက္ခန္ဓာ ငါးပါး ) တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟု ဆိုအပ်ကုန်၏။ |
1,341,007 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤ တရားသဘောအလုံးစုံကို ဒုက္ခဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ |
1,341,008 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာသည် အဘယ်နည်း၊ တစ်ဖန် ဘဝသစ် ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ |
1,341,009 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤတဏှာသည် အဘယ်နည်း၊ ကာမဘုံ၌ တပ်မက်ခြင်း ‘ကာမတဏှာ’၊ ရူပ, အရူပဘုံ တို့၌ တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း ‘ဝိဘဝတဏှာ'တို့တည်း။ |
1,341,010 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ |
1,341,011 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ အရိယသစ္စာသည် အဘယ်နည်း။ |
1,341,012 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်း့ချုပ်ရာ တဏှာကို စွန့်ရာ တဏှာကို ဝေးစွာစွန့်ရာ တဏှာမှ လွန်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်တည်း။ |
1,341,013 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ |
1,341,014 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၅။ ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ |
1,341,015 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်သောအင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်ပင်တည်း။ |
1,341,016 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤမဂ်အကျင့်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ'တို့ပေတည်း။ |
1,341,017 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'သည် အဘယ်နည်း။ |
1,341,018 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ |
1,341,019 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသိမြင်ခြင်းကို မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။ |
1,341,020 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ'သည် အဘယ်နည်း။ |
1,341,021 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာမအာရုံမှ လွတ်ကင်းသော ကြံခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံခြင်းတည်း၊ ငါ့သျှင် တို့ ဤကြံခြင်းကို မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။ |
1,341,022 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'သည် အဘယ်နည်း။ |
1,341,023 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မုသားဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်း သော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ |
1,341,024 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။ |
1,341,025 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'သည် အဘယ်နည်း။ |
1,341,026 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း တည်း။ |
1,341,027 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။ |
1,341,028 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည် အဘယ်နည်း။ |
1,341,029 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသော အသက်မွေးခြင်းကို ပယ်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏၊ ငါ့သျှင်တို့ ဤအသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။ |
1,341,030 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ငါ့သျှင်တို့ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ'သည် အဘယ်နည်း။ |
1,341,031 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ... |
1,341,032 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ'သည် အဘယ်နည်း။ |
1,341,033 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,341,034 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ခံစားခြင်း ‘ဝေဒနာ'တို့၌ ခံစားခြင်း'ဝေဒနာ’ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,341,035 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ စိတ်၌ စိတ်ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,341,036 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြင်းစွာ အားထုတ့်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက ၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ခန္ဓာစသော သဘောတရားတို့၌ ခန္ဓာစသော သဘောတရားတို့ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ |
1,341,037 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤအောက်မေ့ခြင်း ‘သတိ'ကို မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟု ဆိုအပ်၏။ |
1,341,038 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ'သည် အဘယ်နည်း။ |
1,341,039 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည် ခြင်း ‘ဝိတက်'နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့်တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ် ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ |
1,341,040 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ'ကို ပွားစေတတ်သော ကြံစည်ခြင်း ‘ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'မရှိသော တည် ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ |
1,341,041 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ တတိယဈာန်သို့။ |
1,341,042 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤစတုက္ကနည်းဈာန်လေးပါးကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’ဟု ဆိုအပ်၏။ |
1,341,043 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ဤအင်္ဂါရှစ်ပါးရှိသော မဂ်ကို ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ |
1,341,044 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ငါ့သျှင်တို့ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်း... |
1,341,045 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်သာရိပုတြာသည် ဤတရားဒေသနာတော်ကို မိန့်တော်မူ၏။ |
1,341,046 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရဟန်းတို့သည် အသျှင် သာရိပုတြာ၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ |
1,341,047 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | တစ်ဆယ့်တစ်ခုမြောက် သစ္စဝိဘင်္ဂသုတ် ပြီး၏။ |
1,341,048 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၁၂-ဒက္ခိဏာဝိဘင်္ဂသုတ် |
1,341,049 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,341,050 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ “မြတ်စွာဘုရား အကျွန်ုပ်သည် အသစ် ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင် ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို... |
1,341,051 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာ ပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,341,052 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထား ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါလော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ |
1,341,053 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,341,054 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤ အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါ လော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ |
1,341,055 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,341,056 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၇။ ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော်မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေးဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော်နတ်ရွာစံ... |
1,341,057 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူများပါ၏”ဟု ဤစကာ... |
1,341,058 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာ ဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်း သို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ |
1,341,059 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤ တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။ |
1,341,060 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင် ကြဉ်၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို့သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတ... |
1,341,061 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့ နှင့် ပြည့်စုံ၏။ |
1,341,062 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်း သော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။ |
1,341,063 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း ‘သမုဒယသစ္စာ’၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ ‘နိရောဓသစ္စာ’၌ ယုံမှား ကင်း၏၊ ဒုက္ခ၏ ချုပ်ရာ ( နိဗ္ဗာန် )သို့ ရောက်ကြောင်းအကျင့်ဖြစ်သော ‘မဂ္ဂသစ္စာ’၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ... |
1,341,064 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၇၉။ အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။ |
1,341,065 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ် တစ်ဆယ့် လေးပါးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊ ဤကား ရှေးဦးစွာသော ပုဂ္ဂလိက အလှူတည်း။ |
1,341,066 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,067 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဘုရား၏တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် ပုဂ္ဂလိကအလှူ တည်း။ |
1,341,068 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,069 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,070 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,071 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,072 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ရှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,073 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ကိုးခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,074 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့် သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ဆယ်ခုမြောက် ပုဂ္ဂလိကအလှူ တည်း။ |
1,341,075 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်တစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,076 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,077 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်သုံးခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,078 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။ |
1,341,079 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင် တိရစ္ဆာန်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) အရာ မချွတ်ဖြစ်လတ္တံ့။ |
1,341,080 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး့အဆ (ဘဝ) အထောင် မချွတ်ဖြစ်လတ္တံ့။ |
1,341,081 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သီလရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏အကျိုး အဆ (ဘဝ) အသိန်း မချွတ်ဖြစ်လတ္တံ့။ |
1,341,082 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) ပေါင်း ကုဋေအသိန်း မချွတ်ဖြစ်လတ္တံ့။ |
1,341,083 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ ကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏အကျိုး မချွတ်ဖြစ်လတ္တံ့။ |
1,341,084 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတာပန်ပုဂ္ဂိုလ် အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,085 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သကဒါ ဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,086 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,087 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ |
1,341,088 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆို ဖွယ်ရာရှိအံ့နည်း။ |
1,341,089 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,090 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန္တာအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,091 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပစ္စေကဗုဒ္ဓါအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,092 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ |
1,341,093 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၈၀။ အာနန္ဒာ သံဃိကဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။ |
1,341,094 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်ခုနစ်ပါးတို့ဟူမူ- ဘုရားအမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမသံဃာအား အလှူကို ပေးလှူ၏၊ ဤ ကား ရှေးဦးစွာသော သံဃိကအလှူတည်း။ |
1,341,095 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် သံဃိကအလှူ တည်း။ |
1,341,096 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် သံဃိကအလှူ တည်း။ |
1,341,097 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် သံဃိကအလှူတည်း။ |
1,341,098 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ ကိုလည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် သံဃိက အလှူတည်း။ |
1,341,099 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်း ချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် သံဃိကအလှူတည်း။ |
1,341,100 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းမိန်းမတို့ကို သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် သံဃိကအလှူတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.