id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,101
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စသည်ဖြင့် ဟောကြားတော်မူသည်။
1,344,102
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ ကပ္ပဿအသင်္ချေယျာနိ= အသင်္ချေယျကပ်တို့သည်၊ သံဝဋ္ဋော=သံဝဋ္ဋကပ်၎င်း၊ သံဝဋ္ဋဋ္ဌာယီ=သံဝဋ္ဋ ဋ္ဌာယီကပ်၎င်း၊ ဝိဝဋ္ဋော=ဝိဝဋ္ဋကပ်၎င်း၊ ဝိဝဋ္ဋဋ္ဌာယီ=ဝိဝဋ္ဋဋ္ဌာယီကပ်၎င်း၊ ဣတိ ဣမာနိ စတ္တာရိ=ဤလေးပါးတို့တည်း။
1,344,103
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ ယဒါ= အကြင်အခါ၌၊ ကပ္ပေါ=ကမ္ဘာသည်၊ သံဝဋ္ဋတိ=ပျက်၏၊ တံ=ထိုကမ္ဘာပျက် သော သံဝဋ္ဋကပ်ကို၊ ဧတ္တကာနိဝဿသတသဟဿာနီတိ=ဤမျှလောက် နှစ်အသိန်းပေါင်းရှိ ကုန်၏ဟူ၍၊ သင်္ခါတုံ=ရေတွက်ခြင်းငှါ၊ နသုကရံ= မလွယ်ချေ။
1,344,104
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ကမ္ဘာပျက်သည်ကို သံဝဋ္ဋကပ်ခေါ်၏။
1,344,105
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ပျက်ပြီးသောအတိုင်း တည်နေသည်ကို သံဝဋ္ဋဋ္ဌာယီကပ် ခေါ်၏။
1,344,106
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ကမ္ဘာ ဖြစ်ပေါ်လာသည်ကို ဝိဝဋ္ဋကပ်ခေါ်၏။
1,344,107
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဖြစ်ပေါ်ပြီးသောအတိုင်း တည်နေသည်ကို ဝိဝဋ္ဋဋ္ဌာယီကပ် ခေါ်၏။
1,344,108
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“သံဝဋ္ဋတိ ဝိနဿတီတိ သံဝဋ္ဋော”
1,344,109
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သံဝဋ္ဋတိ ဝိနဿတိ=ကမ္ဘာပျက်စီး၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံဝဋ္ဋော=သံဝဋ္ဋကပ်မည်၏။
1,344,110
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ယထာသံဝဋ္ဋံ တိဋ္ဌတီတိ သံဝဋ္ဋဋ္ဌာယီ”
1,344,111
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယထာသံဝဋ္ဋံ=ပျက်စီးပြီးသောအတိုင်း၊ တိဋ္ဌတိ=တည်နေ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံဝဋ္ဋဋ္ဌာယီ=သံဝဋ္ဋဋ္ဌာယီကပ်မည်၏၊ “ဝိဝဋ္ဋတိ ပုန သဏ္ဌဟတီတိ ဝိဝဋ္ဋော”
1,344,112
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဝဋ္ဋတိ ပုန သဏ္ဌဟတိ=တစ်ဖန်ကမ္ဘာပြန်၍တည်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဝိဝဋ္ဋော=ဝိဝဋ္ဋကပ်မည်၏။
1,344,113
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ယထာဝိဝဋ္ဋံ တိဋ္ဌတီတိ ဝိဝဋ္ဋဋ္ဌာယီ”
1,344,114
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယထာ ဝိဝဋ္ဋံ=ကမ္ဘာတည်ပြီးသောအတိုင်း၊ တိဋ္ဌတိ=တည်နေ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိဝဋ္ဋဋ္ဌာယီ=ဝိဝဋ္ဋဋ္ဌာယီ ကပ်မည်၏။
1,344,115
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သံဝဋ္ဋကပ်သည်
1,344,116
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ တေဇောသံဝဋ္ဋကပ်၊
1,344,117
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ အာပေါသံဝဋ္ဋကပ်၊
1,344,118
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဝါယောသံဝဋ္ဋကပ်၊
1,344,119
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့် သုံးပါးရှိ၏။
1,344,120
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* မီးဖြင့်ပျက်သော ကပ်သည် တေဇောသံဝဋ္ဋကပ်မည်၏၊
1,344,121
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ရေငန်ဖြင့်ပျက်သော ကပ်သည် အာပေါသံဝဋ္ဋကပ် မည်၏။
1,344,122
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* လေဖြင့်ပျက်သောကပ်သည် ဝါယောသံဝဋ္ဋကပ်မည်၏။
1,344,123
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မီးတို့တွင် ကမ္ဘာကိုလောင်သောမီးသည် အကြီးအကျယ်ဆုံးဖြစ်၏၊ ကမ္ဘာမီးလောင်သည်ရှိသော် ပထမစျာန် ဗြဟ္မာသုံးဘုံနှင့်တကွ အောက် တစ်ခွင်လုံး ရှိရှိသမျှဘုံတွေကို အကုန်လောင်လေ၏။
1,344,124
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သော ရေသည် အကြီး အကျယ်ဆုံးဖြစ်၏၊ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက် မြက်၏၊ ကမ္ဘာကိုပျက်စေသော ရေသည်ကား ရေငန်တည်း။
1,344,125
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရေသို့ကျ သော ဆားခဲသည် မြေ့မြေ့ ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကျေမွပျက်စီး ကြလေကုန်၏၊ ရေဖျက်သောအခါ ဒုတိယစျာန် ဗြဟ္မာသုံး ဘုံတို့နှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီး ကြလေကုန်၏။
1,344,126
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးအကျယ်ဆုံး ဖြစ်၏၊ မြင့်မိုရ်တောင်ကြီးကိုပင် လွင့်စင်အောင် တိုက်ခတ်နိုင်၏၊ ကမ္ဘာ ဖျက်လေကြမ်းကြီး ထ၍လာသောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှ တို့သည် ပြောင်းရွှေ့ လွင့်စင်ကြကုန်လျက် အချင်းချင်းတိုက်ခိုက်ပြီးလျှင် ကျေမွပျက်စီး ကြလေကုန်၏၊ ဤအရာ၌ လေအစွမ်းသည် မီးရေတို့ထက် ထက်မြက်၏၊ လေဖျက်သောအခါ တတိယစျ...
1,344,127
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် အသင်္ချေယျကပ် တစ်ကပ်သည် မည်မျှလောက် ရှည်မြင့်ပါသနည်းဆိုလျှင် မဟာကပ်၏ လေးပုံတစ်ပုံရှိသည်ဟူ၍ ဖြေကြားရာ၏၊ ကမ္ဘာမြေပေါ်၌ သတ္တဝါတို့ နေထိုင်ကြရသော ခေတ် ကာလသည်ကား မဟာကပ်၏ လေးပုံတစ်ပုံဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ တစ် ကပ်မျှသာဖြစ်သည်။
1,344,128
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကြွင်းသော အသင်္ချေယျကပ် သုံးကပ်တို့မှာ ကမ္ဘာ မြေ၌တည်နေသော သတ္တဝါဟူ၍မရှိချေ။
1,344,129
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ ဤမျှလောက် ကြီးကျယ်သော ကမ္ဘာလောကကြီးကို လောင်စွမ်းနိုင်သောမီးကို အဘယ်မှရအပ်သနည်း၊ ဤမျှ ကြီးကျယ်သော ကမ္ဘာလောကကြီးကို မြေ့မြေ့ကျေမွစေနိုင်သော ရေကို အဘယ်မှရအပ် သနည်း၊ ဤမျှကြီးကျယ်သော ကမ္ဘာလောကကြီးကိုပျက်စီးအောင် မှုတ် လွင့်နိုင်သောလေကို အဘယ်မှရအပ်သနည်းဟု မကြံစည်အပ်။
1,344,130
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကမ္ဘာလောကကြီးသည်ကား ဓာတ်လေးပါး အစုအဝေးမျှသာ တည်း။
1,344,131
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကမ္ဘာလောကကြီးသည် အမြဲမပြတ် တေဇောဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ အာပေါဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ ဝါယောဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ ဤမဟာပထဝီ မြေကြီးသည် အမြဲမပြတ် နိစ္စပတ်ကာလ ပတ်လုံး တေဇောဓာတ်ဖြင့် ပြည့်၍နေ၏၊ အာပေါဓာတ်ဖြင့် ပြည့်၍ နေ၏၊ ဝါယောဓာတ်ဖြင့် ပြည့်၍နေ၏၊ ထို့အတူပင်လျှင် မြင့်မိုရ်တောင်၊ သတ္တရဘန်တောင်စဉ်ခုနစ်ထပ်၊ စကြဝဠာတောင်၊ သ...
1,344,132
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာဆိုသည်ရှိသော်
1,344,133
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အိမ်တစ်ခုကို မီးလောင်သည်ရှိသော် မီးတောက်မီးလျှံတို့သည် အနီးအပါးမှာ ရှိသောအိမ်တို့ကို ဆက်ကာဆက်ကာ ကူးပြောင်း၍ တောက်လောင်သကဲ့သို့တည်း။
1,344,134
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ တစ်အိမ်မှာ လောင်၍နေ သောမီးသည် စင်စစ်အားဖြင့် တစ်အိမ်သို့ ကူးပြောင်းသည်မဟုတ်။
1,344,135
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်အိမ်မှာရှိသော တေဇောဓာတ်တို့ကို အားရှိအောင် ထကြွအောင် နှိုး၍ပေးလေ၏၊ ထိုသို့ တေဇောဓာတ် တစ်ခုကနှိုး၍ ပေးသောအခါ တစ်အိမ်မှာရှိသော တေဇောဓာတ်သည် အားရှိ၍ ထကြွတောက်လောင် လေ၏၊ တစ်စုံတစ်ခုသောဝတ္ထုကို မီးတောက်လောင်သည် ဆိုရာ၌ အခြားမီးကလာ၍ တောက်လောင်သည်မဟုတ်။
1,344,136
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဝတ္ထုထဲမှာ အမြဲရှိနေ ရင်းဖြစ်သော တေဇောဓာတ်ကသာလျှင် ထကြွ၍ တောက်လောင်လေ သည်ချည်းသာ ဖြစ်၏ဟူ၍ မှတ်ယူထိုက်လေသည်။
1,344,137
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် ဤဥပမာနှင့်လျော်စွာ ကမ္ဘာမီးတောက်လောင်သည် ဆိုရာ၌ မဟာပထဝီမြေကြီးစသည်တို့၌ အပြည့်အနှက် အမြဲအစွဲ တည်ရှိ ၍နေသော တေဇော,အာပေါ,ဝါယောဓာတ်တို့သည် မိမိတို့အစွမ်းရှိသ လောက် ထကြွလှုပ်ရှားကြရန် ကမ္ဘာကြီးကို ပုန်ကန်သောင်းကျန်းကြ ရန် အခွင့်ကိုသာ မြှော်လင့်၍ နေကြကုန်၏။
1,344,138
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်အခါ၌ လှုပ်ရှားထကြွခွင့်ကို ရကြကုန်၏၊ ထိုအခါ မြေကြီး၌ စွဲမှီနေကြကုန်သော မီးဓာတ်တို့သည် ထိုမှီရာမြေ ကြီးကို ပျက်စီးအောင် တောက်လောင်ကြလေကုန်၏၊ မြင့်မိုရ်တောင် ဟိမဝန္တာတောင် စကြဝဠာတောင်စသည်တို့၌ မှီသော မီးဓာတ်တို့လည်း ထိုထို မိမိတို့မှီရာ ဝတ္ထုတို့ကို တောက်လောင်ကြလေကုန်၏၊ ထိုအတူပင်လျှင် မြေကြီး စသည်တို့၌ တည်ရှိကြကုန်သ...
1,344,139
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့်ကမ္ဘာပျက်စီးသည်ဆိုသည်မှာ အခြားတစ်ပါးက မီး လာ၍လောင်သည် မဟုတ်။
1,344,140
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်စုံတစ်ဦးသောပုဂ္ဂိုလ်လာ၍ မီးရှို့သည် မဟုတ်၊ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်၏ တန်ခိုးအစွမ်းဖြင့် မီးတောက် လောင်သည်မဟုတ်။
1,344,141
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာလောကကြီးမှာ အပြည့်အနှက်တည်ရှိသော တေဇောဓာတ်တို့ကသာလျှင် ထ၍တောက်လောင်ကြလေကုန်သည်။
1,344,142
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ရေဖျက်သောကပ် လေဖျက်သောကပ်တို့၌လည်း ထိုအတူပင်လျှင် ကမ္ဘာ လောကကြီးမှာ ရှိနေရင်းဖြစ်သော အာပေါဓာတ် ဝါယောဓာတ်တို့က ထကြွ၍ ဖျက်ဆီးကြလေကုန်သည်။
1,344,143
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့် ပရမတ္ထသို့ ထိခိုက်အောင် ဆိုလိုက်သည်ရှိသော် ကမ္ဘာပျက်ခြင်းဆိုသည်မှာ တေဇောဓာတ် အာပေါဓာတ် ဝါယောဓာတ် တို့၏ အကြီးအကျယ် ထကြွသောင်းကျန်းမှုကြီးတို့သာလျှင်တည်း။
1,344,144
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပရမတ္ထဓာတ်သဘောတို့မည်သည် နေရာဌာနတစ်ခုမှ နေရာဌာနတစ်ခု သို့ ပြောင်းရွှေ့ရိုးမရှိ။
1,344,145
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဓာတ်သဘောတူအချင်ချင်း အဆင့်ဆင့် ကျေးဇူး ပြု၍ အဆင့်ဆင့်ထိခိုက်ခြင်း အဆင့်ဆင့်တိုးပွါးခြင်း အဆင့်ဆင့်နိုးအောင် နှိုးခြင်းတို့သာလျှင်ရှိကုန်သည်။
1,344,146
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ထိုကဲ့သို့ ဓာတ်အဆင့်ဆင့် ကျေးဇူးပြု၍ ထိခိုက်ခြင်း တိုးပွားခြင်း နှိုးခြင်းများကိုပင်လျှင် မီးကူး၍ လောင်သည်၊ ရေအဟုန်ဖြစ်၍ စီးသည်၊ လေကြီးတိုက်သည်ဟူ၍ ပြော ဆိုကြလေကုန်သည်။
1,344,147
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ ဓာတ်သဘာဝတို့၏သဘောကို သိမြင်သောအခါ ကမ္ဘာ ပျက်မှုသည် မည်သည့်ပုဂ္ဂိုလ်ကြောင့်ဖြစ်ရသည်၊ ကမ္ဘာလောကကို အစိုးရ သောသူက ဖျက်ဆီးသည်စသောအားဖြင့် ဣဿရနိမ္မာနဒိဋ္ဌိဝါဒကို ပယ်ရှားနိုင်လေ၏၊ အသင်္ချေယျကပ်လေးခုရှိ၍ မဟာကပ်တစ်ခုပြည့် သည်ရှိသော် တစ်ဖန်ကမ္ဘာပျက်စီးပြန်လေ၏၊ ကမ္ဘာပျက်စီးသည့်နောက် တစ်ဖန် ကမ္ဘာတည်ပြန်လေ၏၊ ကမ္ဘာတည်သည်မှ...
1,344,148
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာပျက်သည်ရှိသော် စကြဝဠာကမ္ဘာကုဋေ တစ်သိန်း တစ်ပြိုင်နက်တည်း ပျက်စီးလေသည်။
1,344,149
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တည်သောအခါတွင် လည်း ထိုအတူပင်လျှင် တစ်ပြိုင်နက်တည်း တည်ကြကုန်သည်၊ ဖြစ်အတူ ပျက်အတူဖြစ်သော စကြဝဠာကုဋေတစ်သိန်းကို အာဏာခေတ်ဟူ၍ ဆိုသည်။
1,344,150
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အသင်္ချေယျကပ်နှင့်စပ်၍ ဆိုသောစကားရပ်ပေတည်း။
1,344,151
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အသင်္ချေယျကပ်ပြီး၏။
1,344,152
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အန္တရကပ်
1,344,153
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာပေါ်၌ သတ္တဝါတို့တည်နေကြသော ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခု၏အတွင်း လူတို့၏ အသက်တမ်းအဆုတ်အတက် အနိမ့် အမြင့်အားဖြင့် ဖြစ်နေသော ကပ်ငယ်များကို အန္တရကပ်ဟူ၍ဆိုသည်။
1,344,154
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျဿ အဗ္ဘန္တရေ သန္ဒိဿမာနော ကပ္ပေါ အန္တရကပ္ပေါ” ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျဿ=ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ်၏၊ အဗ္ဘန္တရေ=အတွင်း၌၊ သန္ဒိဿမာနော=ထင်ရှားသော၊ ကပ္ပေါ= ကပ်သည်၊ အန္တရကပ္ပေါ=အန္တရကပ်မည်၏။
1,344,155
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထင်ရှားစွာ ပြဆိုဦးအံ့
1,344,156
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာဦးကာလ၌ လူတို့သည် အသက်အသင်္ချေရှည်ကြကုန်၏၊ ထိုသို့ အသက်အသင်္ချေရှည်သော လူတို့သည် အဆက်ဆက်အားဖြင့် များစွာတည်လျက်ရှိကြကုန်၏၊ နောက်ကာလ၌ လူတို့အား အကုသိုလ် တရား ပွါးများကြကုန်သည်ရှိသော် အစဉ်အတိုင်းအသက်တမ်း ဆုတ် ယုတ်၍လာကြကုန်၏၊ အသိန်း အသန်း နှစ်ပေါင်းများစွာ အဆင့်ဆင့် လွန်၍ သွားကုန်သည်ရှိသော် လူတို့၏အသက်သည် ဆယ်နှစ်တမ်းသ...
1,344,157
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အသင်္ချေယျတမ်းမှ ဆုတ်၍ ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တမ်းမှတက်၍ အသင်္ချေယျတမ်းသို့ တက်သော အသက်တမ်း တစ်စုံသည် အန္တရကပ်တစ်ကပ်မည်၏ ဟူ၍ ဆိုလိုသည်။
1,344,158
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိ၏။
1,344,159
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် အသင်္ချေယျကပ် တစ်ကပ်ဖြစ်၏ဟူ၍ ဆိုလိုသည်။
1,344,160
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အန္တရကပ်တစ်ခုသည် မည်မျှလောက် ရှည်လျှားသနည်းဟုဆိုလျှင် အသင်္ချေယျကပ်ကို ခြောက်ဆယ့်လေးပုံပုံလျှင် တစ်ပုံခန့်ရှိ၏ဟူ၍ ဆို အပ်၏၊ တစ်နည်းကား ဂင်္ဂါမြစ်ကြီးတွင် တစ်ယူဇနာတိုင်တိုင် အရပ်ရပ် မှာရှိသော သဲတို့ကိုစုပုံ၊ တစ်နှစ်လျှင် သဲတစ်ပွင့်အားဖြင့် ရေတွက် သည်ရှိသော် တစ်ယူဇနာရှိသော သဲသောင်ပြင်ကြီးသည် ကုန် လေရာ၏၊ အန္တရကပ်တစ်ခု၏ နှ...
1,344,161
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အန္တရကပ်နှင့် စပ်လျဉ်း၍ ဆိုသောစကားရပ်ပေတည်း။
1,344,162
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အန္တရကပ် ပြီး၏။
1,344,163
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ အာယုကပ်
1,344,164
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့၏ အသက်တမ်းများကို အာယုကပ်ဟူ၍ဆိုသည်။
1,344,165
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆုတ် ကပ်၌ အသက်အသင်္ချေယျမှစ၍ ဆယ်နှစ်တမ်းတိုင်အောင် လူတို့၏ အသက်တမ်းသည် အဆင့်ဆင့် အစားစားများစွာရှိကုန်၏၊ တက်ကပ်၌ ဆယ်နှစ်တမ်းမှစ၍ အသင်္ချေယျတိုင်အောင် လူတို့၏ အသက်တမ်းသည် လည်း များစွာပင်ရှိကုန်၏။
1,344,166
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အန္တရကပ် တစ်ခုအတွင်းမှာ အာယုကပ်ပေါင်းသည် အဆင်ဆင့် အစားစားများစွာရှိသည်ဟု ဆိုလို၏။
1,344,167
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘုမ္မဇိုဝ်းနတ်တို့နှင့် အပါယ်လေးဘုံတို့မှာ အသက်တမ်းအမြဲမရှိ။
1,344,168
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စတုမဟာရာဇ် စသော ကာမာဝစရနတ်ပြည် ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ်တို့မှာ အသီးအသီးမြဲသော အသက်တမ်းရှိကုန်၏၊ ထို့ပြင် အရှေ့ကျွန်း, အနောက်ကျွန်း,မြောက်ကျွန်းတို့၌လည်း မြဲသောအသက် တမ်းရှိ၏၊ သမ္မော အဋ္ဌကထာ ဓမ္မဟဒယဝိဘင်းတွင် အကျယ်ပြလျက်ရှိ လေသည်။
1,344,169
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အာယုကပ်နှင့်စပ်လျဉ်း၍ဆိုသော စကားရပ်ပေတည်း။
1,344,170
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အာယုကပ်ပြီး၏။
1,344,171
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ အန္တရာယကပ်
1,344,172
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မနုဿလောကေ ကတ္ထစိ ကဒါစိ မနုဿာနံ ဥပ္ပန္နော ဇီဝိတန္တရာယော ဣဓ အန္တရာယကပ္ပေါတိ ဝုစ္စတိ။
1,344,173
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မနုဿလောကေ=လူ့ပြည်လောက၌၊ ကတ္ထစိ=တစ်စုံတစ်ခုသော အရပ်၌၊ ကဒါစိ=တစ်ခါတစ်ရံ၌၊ မနုဿာနံ=လူတို့အား၊ ဥပ္ပန္နော= ဖြစ်ပေါ်လာသော၊ ဇီဝိတန္တရာယော=အသက်၏ အန္တရာယ်ဆိုး ရောဂါ ဥပဒ်ဆိုးများကို၊ ဣဓ=ဤအရာ၌၊ အန္တရာယကပ္ပေါတိ=အန္တရာယကပ် ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။
1,344,174
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့၏အသက်ကို ဖျက်ဆီးတတ်သော ရောဂါဆိုး ဥပဒ်ဆိုးများ ကို အန္တရာယကပ်ဟူ၍ဆိုသည်။
1,344,175
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အန္တရာယ်ကပ်လည်းမည်၏၊ ထို အန္တရာယ်ကပ်သည် အခါခပ်သိမ်း ဖြစ်ပေါ်လာသည်မဟုတ်။
1,344,176
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရပ်ရွာမြို့ ပြတိုင်းမှာ ဖြစ်ပေါ်လာသည်လည်း မဟုတ်။
1,344,177
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်ရံတစ်ခါ တစ်စုံတစ်ခု သောအရပ်ဌာနများမှာ ဖြစ်ပေါ်လာတတ်၏။
1,344,178
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအန္တရာယ်ကပ်သည်
1,344,179
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ သတ္ထန္တရာယ်ကပ်၊
1,344,180
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ဒုဗ္ဘိက္ခန္တရာယ်ကပ်၊
1,344,181
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ရောဂန္တရာယ်ကပ်၊
1,344,182
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးကို ကပ်ဆိုးကြီးသုံးပါးဟူ၍ ဆိုသည်။
1,344,183
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဓား လှံ သေနတ်အစရှိသော လက်နက်များအတွက်နှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို သတ္ထန္တရာယ်ကပ် ဆိုသည်။
1,344,184
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အစားဆန်ရေရှားပါးသော ငတ်မွတ်ခေါင်းပါးမှုနှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို ဒုဗ္ဘိက္ခန္တရာယ်ကပ်ဆိုသည်။
1,344,185
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ရောဂါဆိုး ဥပဒ်ဆိုးဖြစ်ပေါ်သည့်အတွက်နှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဆို သည်။
1,344,186
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကပ်ကြီးသုံးပါးနှင့်စပ်၍ မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဗြာဟ္မဏပညာရှိတစ်ယောက်က မြတ်စွာဘုရား ထံသို့ဝင်၍ လျှောက်ထား သည်မှာ- “အို-ဂေါတမနွယ်ဖွား မြတ်စွာဘုရား ရှေးပညာရှိဗြာဟ္မဏ လူမျိုးဆရာကြီးတို့၏ စကား အစဉ်အဆက်ကို ကျွန်ုပ်ကြားရဘူးသည်မှာ ဤဇမ္ဗူဒီပါကျွန်းဟု ဆိုအပ်သောလောကသည် ရှေးအခါ၌ လွန်စွာစည် ကားလှ၏၊ မြို့ရွာနိဂုံးများသည် ကွက်လပ...
1,344,187
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှေးက ဇနပုဒ်နယ်ကြီးများသည်လည်း ယခုအခါ ဇနပုဒ်နယ်များမဟုတ်ကြကုန်။
1,344,188
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တော ချုံအတိသာလျှင် ဖြစ်လေကုန်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်ပါနည်း” ဟူ၍လျှောက်ထားလေ၏။
1,344,189
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုဏ္ဏား လျှောက်ထားသော စကား၌ 'ကြက်ပျံတကျ' ဆိုသည်ကိုကုက္ကုဋသံပါတိကာတိ ဣဓ ဂါမူပစာရတော ဥပ္ပတန္တာ ကုက္ကုဋာ အညဿ ဂါမဿ ဥပစာရေ သံပတန္တိ။
1,344,190
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧဝရူပေန ကုက္ကုဋသံပါတေန ယုတ္တာ။
1,344,191
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူသောပါဌ်ဖြင့် သိမှတ်ရာ၏။
1,344,192
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကုက္ကုဋ သံပါတိကာတိ='ကြက်ပျံတကျ' ဆို သည်ကား၊ ဣဓ=ဤရွာ၌၊ ဂါမူပစာရတော=ရွာဥပစာမှ၊ ဥပ္ပတန္တာ= ပျံကြလေကုန်သော၊ ကုက္ကုဋာ=ကြက်တို့သည်၊ အညဿဂါမဿ=တစ်ပါး သောရွာ၏၊ ဥပစာရေ=ဥပစာအတွင်း၌၊ သံပတန္တိ=သက်ဆင်းကျရောက် ကြလေကုန်၏၊ ဧဝရူပေန ကုက္ကုဋသံပါတေန=ဤသို့သဘောရှိသော 'ကြက်ပျံတစ်ကျ' နှင့်၊ ယုတ္တာ=ယှဉ်ကုန်၏။
1,344,193
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆိုလိုရင်းအဓိပ္ပါယ်မှာ...
1,344,194
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရွာတစ်ခု၏ ဥပစာကြက်ပျံလေသည်ရှိသော် ရွာတစ်ခု၏ ဥပစာ အတွင်းကျရောက်နိုင်လေ၏၊ ဤကား ကြက်ပျံတစ်ကျ၏ အဓိပ္ပါယ် တည်း။
1,344,195
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ကြက်ပျံတစ်ကျဟူသော စကားဖြင့် ရွာချင်းချင်းများစွာ နီးစပ်၍ စည်ကားကြောင်းကို ပြဆိုသည်။
1,344,196
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ “ ကြက်ပျံတစ်ကျ “ ဆိုရမည်ကို တချို့က“ကြက်ပျံမကျ”ဟူ၍လည်း ဆိုကြကုန်၏၊ ဤသို့ပုဏ္ဏားကြီး လျှောက်ထားလာသောအခါ ဘုန်းတော်ကြီး သော မြတ်စွာဘုရားက
1,344,197
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတရဟိ ဗြာဟ္မဏ မနုဿာ အဓမ္မရာဂရတ္တာ ဝိသမလောဘာ ဘိဘူတာ မိစ္ဆာဓမ္မ ပရေတာ တိဏှာနိ သတ္ထာနိ ဂဟေတွာ အညမညံ ဇီဝိတာ ဝေါရောပေန္တိ။
1,344,198
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တေန ဗဟူ မနုဿာကာလင်္ကရောန္တိ။
1,344,199
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အယံ ခေါ ဟေတု အယံ ပိ ပစ္စယော။
1,344,200
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယေန ဧတရဟိ မနုဿာနံ ခယော ဟောတိ။