id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,201
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တနုတ္တံ ပညာယတိ။
1,344,202
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ဧတရဟိ=ယခုအခါ၌၊ မနုဿာ=လူတို့သည်၊ အဓမ္မရာဂ ရတ္တာ= မတရားသော ကာမရာဂဖြင့် တပ်မက်ကြကုန်သည်ဖြစ်၍၊ ဝိသမလောဘာဘိဘူတာ=သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌ အဘိဇ္ဈာဖြင့် တပ်မက်သောလောဘသည် နှိပ်စက်အပ် ကုန်သည်ဖြစ်၍၊ မိစ္ဆာဓမ္မပရေတာ=မိုက်မှားသော မိစ္ဆာတရားတို့ဖြင့် နှိပ်စက် အပ်ကုန်သည်ဖြစ်၍၊ တိဏှာနိ=ထက်မြက်ကုန်သော၊ သတ္ထာ...
1,344,203
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အယံ=ဤသတ္ထန္တရာယ်ကပ်ကြီးတိုက်မှုသည်၊ ပစ္စယော= သတ္တဝါတို့နည်းပါးခြင်း၏ အထောက်အပံ့ပေတည်း။
1,344,204
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့သည် အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတို့ဖြင့် ဖိစီးနှိပ်စက် အပ်သောအခါ မေတ္တာ ကရုဏာကင်းမဲ့ကြပြီးလျှင် ဓား လှံ သေနတ် စသော လက်နက်တို့ကိုကိုင်၍ ရဲဝံ့စွာအချင်းချင်း သတ်ဖြတ်ကြကုန်၏၊ ထိုအခါ လူတို့သည် အသေအပျောက် များကုန်၏၊ ထို့ကြောင့် ယခုအခါ ရှေးကကဲ့သို့ လူမစည်ကား၊ မြို့ပြပြည်ရွာတို့ မစည်ကားပဲ နည်းပါး ယုတ် လျော့ကြသည်ဟူ၍ ဆိုလ...
1,344,205
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဓမ္မရာဂရတ္တာတိ ကာမေသုမိစ္ဆာစာရ ရာဂေနရတ္တာ။
1,344,206
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဓမ္မရာဂရတ္တာတိ=အဓမ္မရာဂရတ္တာဆိုသည်ကား-ကာမေသုမိစ္ဆာ စာရရာဂေန=ကာမဂုဏ်တို့၌မှားသောအားဖြင့် ကျင့်သောကာမရာဂ ဆိုးဖြင့်၊ ရတ္တာ=တပ်နှစ်သက်ကြကုန်၏။
1,344,207
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ဆိုသောကြောင့် ကာမဂုဏ်မှုတို့၌ အကြူးအလွန်လိုက်စား တပ်မက်မှုကို အဓမ္မရာဂဆိုသည်။
1,344,208
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ အဓမ္မရာဂဖြင့် တပ်မက်နှစ်သက် လေသည်ရှိသော် သူ၏သားမယားဟူ၍လည်း မထောက်ထားနိုင်၊ မိကြီး မိထွေး နှမသားချင်းဆွေရင်းမျိုးချာဟူ၍လည်း မထောက်ထားနိုင်ပဲ ရာဂနှိုးဆော်တိုင်း လိုက်စားမှားယွင်းလေ၏၊ သူရဲသံဘက် စီး၍နေ သောသူသည် တစ်စုံတစ်ရာကိုမျှ ပကတိသဘောအတိုင်း မသိသကဲ့သို့ အဓမ္မရာဂတည်းဟူသော တရားဆိုးကြီး ဖိစီးနှိပ်စက်၍ လာသောအခါ မည်သည့်အရာ...
1,344,209
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအဓမ္မရာဂပူးဝင်၍ လာသောအခါ ဘယ်မှာတရားရှိနိုင်ပါတော့မည်နည်း၊ တိရစ္ဆာန်၏ အလေ့အလာသို့သာ သက်ဝင်လေတော့၏။
1,344,210
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိသမလောဘာဘိဘူတာတိ ဝိသမလောဘော နာမ ပရသန္တကေသု အဘိဇ္ဈာလောဘောစ ဝိသမေန ကာယဝစီပယောဂေန ပရသန္တကာနံ ဂဟဏလောဘောစ၊ တေန အဘိဘူတာ။
1,344,211
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိသမလောဘာဘိဘူတာတိ=ဝိသမလောဘာ ဘိဘူတာဆိုသည်ကား၊ ပရသန္တကေသု=သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌၊ အဘိဇ္ဈာလောဘောစ=မတရားသဖြင့် လိုလားသော လောဘသည်၎င်း၊ ဝိသမေန=မညီညွတ်သော၊ ကာယဝစီ ပယောဂေန=ကာယကံဆိုး ဝစီကံ ဆိုးဖြင့်၊ ပရသန္တကာနံ=သူတစ်ပါးတို့ပစ္စည်းဥစ္စာတို့ကို၊ ဂဟဏ လော ဘောစ=အနိုင်အထက် ရအောင်ယူသော လောဘသည်၎င်း၊ ဝိသမလော ဘောနာမ=ဝိသမလောဘမည်၏...
1,344,212
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ဆိုသည်နှင့်အညီ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းကိုမြင်လျှင် လိုခြင်အားကြီးစွာနှင့် မတရားသဖြင့် တပ်မက်ခြင်းသည် ဝိသမလောဘ မည်၏၊ (အဘိဇ္ဈာလည်းခေါ်သည်)။
1,344,213
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသူတစ်ပါး၏ ဥစ္စာပစ္စည်းကို ကိုယ်ဖြင့်လိမ်လည် လှည့်ပတ်၍သော်၎င်း၊ နှုတ်ဖြင့် လိမ်လည် လှည့်ပတ် ၍သော်၎င်း မရ ရအောင်ကြံဆောင်၍ယူခြင်း အနိုင်အထက်လုယက်၍ ယူခြင်းများသည်လည်းဝိသမလောဘမည်၏၊ ထိုဝိသမလောဘဖြင့် နှိပ်စက်ဖိစီး၍လာသောအခါ တရားသည်, မတရားသည်ဟူ၍ မစဉ်းစား နိုင်ဘဲ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကိုသာ ရအောင်ယူလေ၏၊ သက်သက် သာသာနှင့် မ...
1,344,214
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အဓမ္မရာဂသည် ကာမဂုဏ်အရာ၌ မတရားသဖြင့် ကျူး လွန်မှုနှင့် စပ်ဆိုင်၏။
1,344,215
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဝိသမလောဘသည် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌ မတရားသဖြင့် လိုချင်တတ်မက်မောမှုနှင့်စပ်ဆိုင်၏၊ မိစ္ဆာဓမ္မပရေတာတိ မိစ္ဆာဓမ္မပရာယနာ၊ မိစ္ဆာဓမ္မောနာမ သေသ ဒုစ္စရိတာနိ ပါဏဃာတ ပဋိသံယုတ္တာနိ နာနာယညကမ္မာနိစ။
1,344,216
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနက်ကား။ မိစ္ဆာဓမ္မပရေတာတိ=မိစ္ဆာဓမ္မပရေတာဆိုသည်ကားမိစ္ဆာဓမ္မပရာယနာ=မှားသောတရားသို့သာလျှင် သက်ဝင်ကြလေကုန် ၏၊ သေသဒုစ္စရိတာနိစ=အဓမ္မရာဂ ဝိသမလောဘမှ ကြွင်းကုန်သော ဒုစ္စရိုက် တို့သည်၎င်း၊ ပါဏဃာတ ပဋိသံယုတ္တာနိ=သူ့အသက်ကို သတ်ဖြတ်မှုနှင့် စပ်ဆိုင်ကုန်သော၊ နာနာယညကမ္မာနိစ=အထူးအထူးသော ယဇ်ပူဇော်မှု တို့သည်၎င်း၊ မိစ္ဆာဓမ္မောနာမ=မိစ...
1,344,217
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ဆိုသောကြောင့် ဒုစ္စရိုက်တရားစုနှင့် သူ့အသက်ကို သတ် ဖြတ်၍ ယဇ်နတ်ပူဇော်ခြင်း စသည်များသည် မိစ္ဆာဓမ္မမည်၏၊ ထိုမိစ္ဆာဓမ္မ များ ဝင်ရောက်ဖိစီးလာသောအခါ မှန်သော တရားဘက်သို့ မလိုက်ပါ နိုင်ဘဲ ဆိုးဝါးညစ်ညမ်းသော ဘက်သို့သာ မျက်နှာလှည့်၍ ပြုမိပြုရာပြု လေ၏။
1,344,218
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ပြီးသော အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မဟုဆိုအပ် သည့် တရားဆိုးကြီးသုံးပါးတို့သည် လောကပေါ်မှာ ဖိစီးတိုက်ခိုက် လာသောအခါ လူတို့သည် တရားလက်လွတ်ကြလေကုန်၏၊ ကိုယ်အမူ အရာ နှုတ်အမူအရာတို့သည် ကြမ်းထမ်း ရက်ရောစွာ ဖြစ်ကြလေကုန်၏၊ အမျိုးမျိုးသော လက်နက်အထူးထူးတို့သည် လောကမှာ ပေါ်ပေါက်လာ ကြကုန်၏၊ ခေတ်အားလျော်စွာ ထိုလက်နက်တို့သည် ထ...
1,344,219
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး တိုက်သည်မည်၏၊ ထိုသို့ နိုင်ငံအချင်းချင်း စစ်တိုက်မှုသည် ဆိုအပ်ခဲ့ပြီးသော တရားဆိုးကြီးသုံးပါးတို့ နှိပ်စက် ဖိစီးမှုကြောင့်သာလျှင် ဖြစ်လေသည်။
1,344,220
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့ စစ်ပွဲကြီးများ ဖြစ်သောအခါ ထောင်ပေါင်းများ စွာသော လူတို့သည် သေကျေပျက်စီးကြကုန်၏၊ မြို့ရွာပေါင်း များစွာ တို့သည်လည်း ပြုန်းတီး ကျေပျက်ကြလေကုန်၏၊ ထိုစစ်ပွဲများသည် အချို့မှာ နှစ်နှစ်,သုံးနှစ်ကြာ၏၊ အချို့မှာလေးငါးခြောက်နှစ်ကြာ၏၊ အချို့မှာ ဆယ်နှစ် ဆယ့်နှစ်နှစ် စသည်ကြာမြင့်ကုန်၏၊ စစ်ပွဲကြာလေလေ လူသတ္တဝါတွေ သေကျေ ပျက်စီ...
1,344,221
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား သတ္ထန္တရာယ်ကပ်နှင့် စပ်၍ဆိုသော စကားရပ်ပေတည်း။
1,344,222
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်ဖန်ထပ်၍ ဟောကြားတော်မူပြန်သည်မှာ
1,344,223
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုနစ ပရံ ဗြာဟ္မာဏ ဧတရဟိ တေသံ အဓမ္မရာဂရတ္တာနံ ဒေဝေါ သမ္မာဓာရံ န အနုပဝစ္ဆတိ။
1,344,224
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တေန ဒုဗ္ဘိက္ခံ ဟောတိ။
1,344,225
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တေန ဗဟူ မနုဿာ ကာလံကရောန္တိ။
1,344,226
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ပုနစ ပရံ=တစ်ဖန်တုံ၊ ဧတရဟိ=ယခုဆုတ်ကပ် ကာလ၌၊ တေသံ=ထိုလူများအပေါင်းတို့သည်၊ အဓမ္မရာဂရတ္တာနံ=မတရားသော ကာမရာဂဖြင့်တပ်မက်ကြကုန်စဉ်၊ ဒေဝေါ=မို်းသည်၊ သမ္မာရာဓံ=ကောင်းသော မိုးရေအယဉ်ကို၊ န အနုပ ဝစ္ဆတိ=မပေး (ဝါ=မိုးမရွာ)၊ တေန=ထိုသို့ကောင်းစွာ မိုးမရွာမှုကြောင့်၊ ဒုဗ္ဘိက္ခံ=ငတ်မွတ် ခေါင်းပါးခြင်းသည်၊ ဟောတိ=ဖြစ...
1,344,227
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကမ္ဘာလောက၌ လူတို့၏ အသက်ရှင်နေမှုသည် ဤအစား အစာပေါ်မှာသာ တည်နေ၏၊ အစားအစာ ပြတ်လပ်ကြပါလျှင် အလုံးစုံ ပျက်စီးကြကုန်မည်သာဖြစ်၏၊ ဤကမ္ဘာလောကကြီးမှာ လူတို့သည် ခုနစ်ရက်တိတိ တညီတညွတ်တည်းသာ ငတ်မွတ်၍ နေကြပါလျှင် တစ်ကမ္ဘာလုံး လူတွေပြုန်းတီးသေဆုံးကြမည်သာဖြစ်၏၊ လူတို့၏အစာ သည် စပါးဆန်ရေတို့သာ ဖြစ်၏၊ ထိုစပါးဆန်ရေတို့၏ ကောင်းသည့် ခေတ်ကာ...
1,344,228
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဓမ္မရာဂစသော တရားဆိုးသုံးပါးတို့သည် လောကကို ဖိစီး နှိပ်စက်ကြကုန်သည်ရှိသော် မိုးကောင်းစွာမရွာသွန်းချေ။
1,344,229
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့သန္တာန်မှ ဖြစ်ပေါ်သော တရားဆိုးတို့၏ အငွေ့အရှိန်တို့သည် မိုးရေမိုးပေါက်တို့ကို ခန်းခြောက်စေတတ်ကုန်၏၊ ကောင်းစွာနှစ်စဉ်အတိုင်း မိုးမရွာခဲ့သည် ရှိသော် လူတို့၏ အစားအစာတို့ကို မလုပ်မဆောင်နိုင်ကြကုန်။
1,344,230
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအစား အစာ ခေါင်းပါးခြင်းတည်းဟူသော ဒုဗ္ဘိက္ခန္တရကပ်ကြီး တိုက်လေ၏၊ ဒုဗ္ဘိက္ခန္တရကပ် တိုက်သောအခါ များစွာသော လူတို့သည် သေကျေ ပျက်စီး ကြလေကုန်၏၊ တိုင်းပြည်မြို့ရွာတို့သည်လည်း ပျက်စီး ပြုန်းတီးကြ လေကုန်၏၊ ထိုသို့ ဒုဗ္ဘိက္ခန္တရာယ်ကပ်ကြီး တိုက်ခိုက်မှုသည် လူနည်းပါး ကြောင်း မြို့ရွာပျက်ပြားကြောင်းပင် ဖြစ်လေသည်။
1,344,231
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဒုဗ္ဘိက္ခန္တရာယ်ကပ်နှင့် စပ်၍ဆိုသော စကားပေတည်း။
1,344,232
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်ဖန်ထပ်၍ဟောကြားတော်မူသည်မှာ
1,344,233
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုန စ ပရံ ဗြာဟ္မဏ ဧတရဟိ တေသံ အဓမ္မရာဂရတ္တာနံ ယက္ခာ ဝါဠေ အမနုေဿ ဩသဇ္ဇန္တိ၊ တေန ဗဟူ မနုဿာ ကာလံကရောန္တိ။
1,344,234
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ပုနစပရံ=တစ်ဖန်တုံ၊ ဧတရဟိ=ယခုဆုတ်ကပ်ကာလ၌၊တေသံ=ထိုလူတို့သည်၊ အဓမ္မရာဂ ရတ္တာနံ=မတရားသော ကာမရာဂဖြင့် တပ်မက်ကြကုန်စဉ်၊ ယက္ခာ=နတ် မင်းကြီးတို့သည်၊ ဝါဠေ=ကြမ်းထမ်းသော သူရဲသံဘက်တို့ကို၎င်း၊ အမနုေဿ=မြေဘီလူး၊ ရေဘီလူး၊ အသားစားကြူးသော အဆိုးအဝါး တို့ကို၎င်း၊ ဩသဇ္ဇန္တိ=လွှတ်ကြလေကုန်၏၊ တေန=ထိုဘီလူးသံဘက်တို့ ကြောင့...
1,344,235
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောက၌ အလွန်ကြမ်းတမ်းကုန်သော သူရဲသံဘက် မြေဘီလူး ရေဘီလူး ကုန်းဘီလူး ကောင်းကင် ဘီလူးတို့မည်သည် ရှိကုန်၏၊ ထို မြေဘီလူး စသည်တို့ကိုပင်လျှင် အမနုဿဟူ၍၎င်း၊ အဝရုဒ္ဓိကဟူ၍၎င်း၊ သူရဲသံဘက်တို့ဟူ၍၎င်း၊ အစိမ်းအဝါးတို့ဟူ၍၎င်း ခေါ်ဆိုကြကုန်၏၊ ထိုနတ်ဆိုးနတ်ဝါးတို့သည် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စု နယ်တွင် အပါအဝင် ဖြစ်ကြကုန်၏၊။
1,344,236
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားတို့ကို သောက်စားတတ်ကြကုန်၏၊ အလွန်ဆိုးသွမ်း ကြမ်းတမ်းသော သဘောရှိကြကုန်သောကြောင့် ထိုဘီလူး သံဘက်တို့ကို အခါခပ်သိမ်း သူတို့သဘော အားလျော်စွာလွှတ်၍ မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့က ဩဇာအာဏာဖြင့် ထိန်းသိမ်း စောင့် ရှောက်၍ ထားကြရကုန်၏၊ ကျားများ ခြင်္သေ့များကို နှောင်အိမ် အတွင်း မှာ လ...
1,344,237
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောက၌ လူတို့သည် တရားပျက်ယွင်းကြသောအခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက်ဘီလူး ရက္ခိုသ် များကို လူ့ပြည်လောကသို့ စေလွှတ်ကြလေကုန်၏၊ ထိုအခါ ဘီလူး သံဘက်များသည် သံချိုင့်မှထွက်ရသော ကျားခြင်္သေ့ ကြီးတွေကဲ့သို့ ဆိုးဝါးကြမ်းတမ်းချင်သမျှ ဆိုးဝါးကြမ်းတမ်းကြပြီးလျှင် လူ့ပြည်လောကသို့ ချဉ်နင်းဝင်ရောက်ကြ၍ အခွင့်ရရှိတ...
1,344,238
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဘီလူးသံဘက်တို့သည် လူပြည်လောကသို့ ဝင်ရောက်ခွင့်ကို ရသောအခါ အရာမက အထောင်မက အသောင်းမက စုရုံးကြကုန်၍ သမုဒ္ဒရာထဲမှသော်လည်း တောထဲတောင်ထဲမှသော်လည်း လူ့ပြည် လောကသို့ ဝင်ရောက်ကြကုန်၏၊ သမုဒ္ဒရာမှ တက်လာသော မကောင်း ဆိုးဝါးတို့ကို ရေဘီလူး ရေသံဘက်တို့ဟူ၍ ဆိုရကုန်၏၊ တော တောင်မှ ထွက်လာသော မကောင်းဆိုးဝါးတို့ကို ကုန်းဘီလူး ကုန်းသံဘက်...
1,344,239
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့ကိုတွေ့ရှိ၍ သတိလစ်ခွင့်ကို ရရှိကြသောအခါ အတင်းပူးဝင် ကြပြီးလျှင် လူတို့၏အသွေးအဆီတို့ကို သောက်စားတတ်ကြကုန်၏၊ ထိုမကောင်းဆိုးဝါးတို့၏ အသွေးအဆီစုတ်ခြင်း သောက်ခြင်းတို့ကိုမူကား လူသားတို့မမြင်နိုင်ကြကုန်။
1,344,240
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လတ်တလော ရောဂါစွဲကပ်၍ အလျင်အမြန် သေဆုံးခြင်းအားဖြင့်သာလျှင် ထိုမကောင်းဆိုးဝါးတို့၏ အစွမ်းကိုသိကြ ရကုန်သည်။
1,344,241
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့၏ အဆီ အသွေးတို့ကို သောက်စားတတ်ကုန်သော ကြောင့် ထိုမကောင်းဆိုးဝါးတို့ကို သွေးစိမ်းစား သွေးစိမ်းသောက် တို့ဟူ၍ ခေါ်ဆိုကြရကုန်၏။
1,344,242
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့၏ အသွေးအဆီတို့ကို စားသောက်ခွင့် မရကြကုန်သည်ရှိ သော် နွား,ကျွဲစသည်တို့၏ အသွေးအဆီတို့ကို စားသောက်ကြလေ ကုန်၏၊ ထိုအခါ နွား ကျွဲစသည်တို့၌ ကပ်ရောဂါ ကျရောက်သည်ဟူ၍ ဆိုရ၏၊ တစ်ခုသောတိုင်းနိုင်ငံ၌ ရောဂါအန္တရာယ်ကျရောက်သည်ရှိသော် ခြောက်နှစ် ခုနစ်နှစ် စသည်ဖြင့်ဖြစ်၍ နေတတ်လေ၏၊ ထိုမကောင်း ဆိုးဝါးဖြစ်သော ကုန်းဘီလူး ရေဘီလူးတို့သည်...
1,344,243
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုကပ်ရောဂါမျိုးတို့ကို လောက၌ တန်ခိုးသတ္တိ အစွမ်းနှင့် ပြည့် စုံသော မန္တာန်ဆေးဝါး အင်းအိုင်များတို့ဖြင့် ကွယ်ကာ၍ ကင်းငြိမ်း စေနိုင်ကုန်၏၊ မြတ်စွာဘုရား၏ ပရိတ်တော်ဂုဏ်တော် စသည်များဖြင့် လည်းကင်းငြိမ်းစေနိုင်ကုန်၏၊ ထိုမှတစ်ပါး ဗလိနတ်စာ ကျွေးမွေးခြင်း အားဖြင့်လည်း ထိုရောဂါအန္တရာယ်မျိုးတို့ကိုကင်းငြိမ်းစေနိုင်ကုန်၏၊ ဗလိနတ်စ...
1,344,244
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သူရဲသံဘက်တို့အား ကျွေးမွေးခြင်း၊ သူရဲသံဘက် မကောင်းဆိုးဝါး တို့ ကြိုက်နှစ်သက်သော အစာအာဟာရများကိုပေးခြင်းပင်တည်း။
1,344,245
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသူရဲသံဘက်တို့ ကြိုက်နှစ်သက်သော အစာအာဟာရမည်သည်ကား အသားငါးတို့ဖြင့် ဖြုန်းဆတ်ကျို၍ ထားသောအစာပေတည်း။
1,344,246
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသား ပြွမ်းဖြုန်းဆတ်ကို ဖက်စိမ်းခွက်တို့၌ ထည့်ပြီးလျှင် နီသောပန်းတို့ဖြင့် ခြံရံ၍ ကျွေးမွေးလျှင် များစွာကြိုက်နှစ်သက်တတ်ကုန်၏၊ ဤကဲ့သို့ ဗလိနတ်စာကျွေးမွေးမှုကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိသော လက်ထက် တော်အခါကပင်လျှင် ပြုလုပ်လေ့ရှိကြကုန်၏၊ ထို့ကြောင့် ရတနသုတ် ပါဠိတော်တွင်“ဟရန္တိ ယေဗလိံ“ စသည်ဖြင့် ဟောတော်မူ သည်။
1,344,247
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဗလိနတ်စာ ကျွေးမွေးသောအခါ မေတ္တာစိတ်ဖြင့် ကျွေးမွေးပြီး လျှင်- “ငါတို့သည် သင်တို့အား မေတ္တာစိတ်ဖြင့် ကျွေးမွေးပါကုန်၏၊ ငါတို့ကျွေးမွေးအပ်သော ဗလိနတ်စာကို ဝစွာစားသောက်ကြပြီးလျှင် ဤမြို့ ဤရွာမှ ဖဲခွါကြကုန်လော့၊ ဤမြို့ ဤရွာ၌ တစ်စုံတစ်ရာသော အန္တရာယ်ကို မပြုကြကုန်လင့်၊ ငါတို့သည် သင်တို့အား မေတ္တာစိတ်ဖြင့် ကျွေးမွေးဘိသကဲ့သိ...
1,344,248
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ ဗလိနတ်စာကျွေးမွေးမှုနှင့် စပ်လျဉ်း၍ မဟာဝင်ကျမ်းတွင် လာရှိသော သံဃဗောဓိမင်း၏ ဝတ္ထုကို ဤနေရာ၌ ထုတ်ဆောင်၍ ပြသင့်လေ၏။
1,344,249
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤ ဆိုအပ်ခဲ့ပြီးသော ကပ်သည်ကား ရောဂန္တရာယ်ကပ် မည်၏၊ ဤလောက၌ အမျိုးမျိုးသော အန္တရာယ်ကပ်တို့သည် ဒိဋ္ဌအားဖြင့် ထင်ရှားလျက် ရှိကြကုန်၏။
1,344,250
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြေငလျင်ကြီးစွာ တုန်လှုပ်သဖြင့် မြို့ရွာပျက်စီး၍ လူတို့အန္တရာယ် ဖြစ်မှုသည်လည်း အန္တရာယ်ကပ်ပင် မည်၏၊ လေပြင်းမုန်တိုင်း ကျရောက် သဖြင့် လူတို့ အသက်အန္တရာယ် ဖြစ်မှုသည်လည်း အန္တရာယ်ကပ်ပင် မည်၏၊ ရေလွမ်းမိုးခြင်း အားဖြင့်၎င်း, မီးတောင်ပေါက်ကွဲခြင်းအားဖြင့်၎င်း, ရွာမြဲတိုင်းထက် လွန်ကဲ၍ သည်းထန်စွာ ကပ်မိုးကြီးရွာခြင်းအားဖြင့်၎င်...
1,344,251
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ ပြဆိုအပ်ပြီးသော သတ္ထန္တရာယ်ကပ်, ဒုဗ္ဘိက္ခန္တရာယ်ကပ်, ရောဂန္တရာယ်ကပ်တို့သည် ဤကမ္ဘာလောကပေါ်တွင် မည်သည့် ခေတ် အခါကစ၍ ဖြစ်ပေါ်ပါသနည်း။
1,344,252
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ အသင်္ချေယျတမ်းမှ ဆုတ်၍လာသောအခါ အနှစ်ငါးရာ တမ်းမှာမှ ဤကပ်ဆိုးကြီးသုံးပါးဖြစ်ပေါ်ကြောင်း ဖြစ်သော အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတရားဆိုးသုံးပါးတို့ ဖြစ်ပေါ်လာသည်။
1,344,253
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤတရားဆိုးကြီးသုံးပါးသည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းရင်းပေတည်။
1,344,254
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စက္ကဝတ္တိသုတ်ပါဠိတော်၌---
1,344,255
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဉ္စဝဿသတာယုကေသု ဘိက္ခဝေ မနုေဿသု တယော ဓမ္မာ ဝေပုလ္လံ အဂမံသု။
1,344,256
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဓမ္မရာဂေါ ဝိသမလောဘော မိစ္ဆာဓမ္မော။
1,344,257
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ မနုေဿသု=လူတို့သည်၊ ပဉ္စဝဿသတာယုကေသု=အနှစ်ငါးရာတမ်းတို့၌ တည်ကြကုန်သည် ရှိသော်၊ အဓမ္မရာဂေါ=မတရားသဖြင့် တပ်မက်သော အဓမ္မရာဂ၎င်း၊ ဝိသမလောဘော=စည်းကမ်းကို ကျော်လွန်၍ လိုချင်မက်မောသော ဝိသမလောဘ၎င်း၊ မိစ္ဆာဓမ္မော=မှားယွင်းသော ဒုစ္စရိုက်တရားစု၎င်း၊ ဣတိဣမေ တယောဓမ္မာ= ဤတရားဆိုးကြီးသုံးပါးတို့သည်၊ ဝေပုလ္လံ= ပြန့်ပြ...
1,344,258
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဆိုအပ်ပြီးသော စကားရပ်ကား အန္တရာယ်ကပ်နှင့်စပ်လျဉ်း သော စကားရပ်ပေတည်း။
1,344,259
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အန္တရာယကပ်ပြီး၏။
1,344,260
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကပ်ငါးပါးပြီး၏။
1,344,261
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အစိန္တေယျကြီးလေးပါး
1,344,262
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဗုဒ္ဓဝိသယ အစိန္တေယျ,
1,344,263
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ဣဒ္ဓိဝိသယ အစိန္တေယျ,
1,344,264
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ကမ္မဝိပါက အစိန္တေယျ,
1,344,265
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ လောကစိန္တာ အစိန္တေယျ,
1,344,266
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စတုက္ကနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်ကြီး၌...
1,344,267
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စတ္တာရိမာနိ ဘိက္ခဝေ အစိန္တေယျာနိ န စိန္တေတဗ္ဗာနိ။
1,344,268
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယာနိ စိန္တေန္တော ဥမ္မာဒဿ ဝိဃာတဿ ဘာဂီ အဿ။
1,344,269
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကတမာနိ စတ္တာရိ ဗုဒ္ဓါနံ ဗုဒ္ဓဝိသယော အစိန္တေယျော, စျာယီနံ စျာနဝိသယော အစိန္တေယျော, ကမ္မဝိပါကော အစိန္တေယျော, လောကစိန္တာ အစိန္တေယျာ။
1,344,270
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ ယာနိ=အကြင်လေးပါးတို့ကို၊ စိန္တေန္တော=ကြံစည်သည်ရှိသော်၊ ဥမ္မာဒဿ= ရူးသွပ်ခြင်း၏၊ ဝိဃာတဿ= စိတ်ပင်ပန်းခြင်း၏၊ ဘာဂီ=အဖို့ရှိသည်၊ အဿ=ဖြစ်ရာ၏၊ နစိန္တေတဗ္ဗာနိ= မကြံစည်ထိုက်ကုန်သော၊ ဣမာနိ အစိန္တေယျာနိ=ဤအစိန္တေယျတရား တို့သည်၊ စတ္တာရိ=လေးပါးတို့တည်း။
1,344,271
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကတမာနိစတ္တာရိ=အဘယ်လေးပါး တို့နည်းဟူမူကား၊ ဗုဒ္ဓါနံ=မြတ်စွာဘုရားတို့၏၊ ဗုဒ္ဓဝိသယော=ဘုရားအရာ ကို၊ အစိန္တေယျော=မကြံစည်အပ်၊ စျာယီနံ=စျာန်ရပုဂ္ဂိုလ်တို့၏၊ စျာန ဝိသယော=စျာန်တန်ခိုးအရာကို၊ အစိန္တေယျော=မကြံစည်အပ်၊ ကမ္မ ဝိပါကော=ကံ၏အကျိုးကို၊ အစိန္တေယျော=မကြံစည်အပ်၊ လောကစိန္တာ= လောကီရေးနှင့်ဆိုင်သော အရာကို၊ အစိန္တေယျာ=မကြံစည်အပ်...
1,344,272
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အစိန္တေယျလေးပါးနှင့်စပ်၍ မြတ်စွာဘုရား ဟောကြား တော်မူအပ်သော ဒေသနာတော်ပေတည်း။
1,344,273
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပါကတိကေဟိ လောကိယဇနေဟိ စိန္တိတုံ
1,344,274
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အသက္ကုဏေယျတ္တာ အစိန္တေယျာနိ နာမ။
1,344,275
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပါကတိကေဟိ=ပကတိရိုးရိုးဖြစ်ကုန်သော၊ လောကိယဇနေဟိ= လောကီလူအပေါင်းတို့သည်၊ စိန္တိတုံ=ပေါက်ရောက်အောင် ကြံစည်ခြင်းငှါ၊ အသက္ကုနေယျတ္တာ=မတတ်စွမ်းနိုင်ကုန်သောကြောင့်၊ အစိန္တေယျာနိ နာမ=အစိန္တေယျတို့မည်ကုန်၏။
1,344,276
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပကတိလူသားတို့ ထိုးထွင်းပေါက်ရောက်အောင် မကြံနိုင်သော ကြောင့် အစိန္တေယျမည်၏ဟူ၍ဆိုလိုသည်။
1,344,277
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ပကတိဉာဏ်ဖြင့်ထောက်၍ မမီနိုင်သော အစိန္တေယျကြီး တို့ကို ငါသည် ကိုယ်တိုင်ထိထိရောက်ရောက် မျက်မှောက်ပြုမည်ဟု ကြီးစွာသောလုံ့လဝီရိယဖြင့် ကြံစည်လျှင် မပေါက်ရောက် မကူးခတ်နိုင် သော အရာဖြစ်၍ ကြံစည်ရသောဝိတက်ကနှိပ်စက် နှလုံးသွေးပျက်လျက် ရူးသွပ်ရာ၏၊ မရူးသော်လည်း စိတ်ပင်ပန်းကြီးပင်ပန်းလျက် ဆင်းရဲဒုက္ခ ရောက်တတ်လေ၏။
1,344,278
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာ ယုန်သူငယ်သည် ပင်လယ်သို့ ကျရောက်လေရာ ငါသည် ပင်လယ်ကို အောက်သို့မီအောင် ထောက်မည်ဟု အားခဲ၍ ထောက်သော် လည်း မီနိုင်မည်မဟုတ်။
1,344,279
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ်းတစ်ဖက်သို့ ရောက်အောင် ကူးခတ်မည်ဟု ကူးသော်လည်း တစ်ဖက်ကမ်းသို့ ရောက်နိုင်မည်မဟုတ်။
1,344,280
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သမုဒ္ဒရာထဲတွင် ပျက်စီးဆုံးပါးရုံမျှသာ ရှိလေရာသကဲ့သို့၎င်း, သူရူးသူနှမ်းတစ်ယောက် သည် ကောင်းကင်မှာရှိသော နေနှင့်လကို အရမီအောင်လှမ်း၍ ဆွတ်ယူ မည်ဟု လက်ကိုဆန့်တန်းသော်လည်း ပင်ပန်းရုံရှိသကဲ့သို့၎င်း အစိန္တေယျ လေးပါးတို့ကို သာမညပကတိဉာဏ်မျိုးနှင့် ကြံစည်မည်ဆိုလျှင် စိတ်ပင် ပန်းရုံ ရူးနှမ်းရုံမျှသာ ဖြစ်လေသည်။
1,344,281
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဗုဒ္ဓဝိသယအစိန္တေယျ
1,344,282
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အစိန္တေယျ လေးပါးတို့တွင် ဗုဒ္ဓဝိသယဘုရားအရာဆိုသည် ကား...
1,344,283
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
က။ စတုဝေသာရဇ္ဇဉာဏ်တော်လေးပါး,
1,344,284
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ခ။ အသာရဏဉာဏ်တော်ခြောက်ပါး,
1,344,285
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဂ။ ဒသဗလဉာဏ်တော်ဆယ်ပါး,
1,344,286
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဉာဏ်တော်များသည် ဘုရားအရာမည်၏၊ သာဝကစသည် တို့နှင့် မသက်ဆိုင်ချေ။
1,344,287
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘုရားအရာမှာ ဘုရားတို့၏ဉာဏ်တော်သာလျှင် ပမာဏရှိ၏၊ ဘုရားဉာဏ်တော်မှသာလျှင် ထောက်မီနိုင်၏၊ သာဝက တို့၏ဉာဏ်အရာ မဟုတ်။
1,344,288
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှင်သာရိပုတ္တရာစသော သာဝကတို့၏ဉာဏ်အရာမဟုတ်။
1,344,289
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှင်သာရိပုတ္တရာစသော သာဝကတို့၏ ဉာဏ်အရာကိုလည်း တစ်ပါးသော လူ, နတ်, ဗြာဟ္မာတို့၏ဉာဏ်ဖြင့် ထောက်မီနိုင်မည်မဟုတ်ချေ။
1,344,290
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သာဝက အရာမှာ သာဝကဉာဏ်သာ ပမာဏဖြစ်၏။
1,344,291
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သာဝကတို့သည်ဘုရားအရာမှာ မြတ်စွာဘုရားဟောတော်မူသော အတိုင်းသာလျှင် မှတ်သားဆောင်ရွက်လိုက်နာကျင့်ကြံမည်ဟူ၍ စိတ်ကို ဆုံးဖြတ်၍ ထားရာ၏၊ ဤကဲ့သို့ မြတ်စွာဘုရား ဟောကြားတော်မူသော အတိုင်း မသွေမလှန်လိုက်နာ ကျင့်ကြံလျှင် သာဝကတို့၏ကိစ္စပြီးစီး၏၊ သာဝကတို့ပြုဖွယ်ကိစ္စကို ကောင်းစွာလိုက်နာဆောင်ရွက်သည် မည်၏၊ မြတ်စွာဘုရားဟောကြားတော်မူသောအတို...
1,344,292
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနေရာ၌ဆိုလတ္တံ့သောအတိုင်း အမေးပုစ္ဆာနှင့်အဖြေ ဝိဿဇ္ဇနာ တို့ကို ထုတ်ဆောင်ရာ၏။
1,344,293
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုစ္ဆာ။ မြတ်စွာဘုရား၏ ဉာဏ်တော်အရာမှာ ဘုရာ့ဉာဏ် သာလျှင် ပမာဏဖြစ်သည်၊ ဘုရားဉာဏ်တော်သာ မီနိုင် သည်ဆိုလျှင် ဘုရားမှတစ်ပါးသော သာဝက စသည်တို့သည် ဤပုဂ္ဂိုလ်ကား ဘုရား ဖြစ်သည် ဟူ၍ မည်သို့သိနိုင်ပါသနည်း။
1,344,294
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဿဇ္ဇနာ။ အကျိုးကိုမြင်သဖြင့် အကြောင်းကို သိနိုင်ရာသကဲ့ သို့ ဉာဏ်တော်၏ကြီးကျယ်ပုံကို သိမြင်ရသဖြင့် ဤပုဂ္ဂိုလ်ကား ဘုရားစင်စစ်ဖြစ်သည်ဟူ၍ သိနိုင် လေသည်။
1,344,295
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုစ္ဆာ။ ကြီးကျယ်သော ဉာဏ်တော်ဆိုသည်ကား အဘယ် ဉာဏ်တော်ဖြစ်သနည်း။
1,344,296
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဿဇ္ဇနာ။ ရှိရှိသမျှ သိသင့်သိထိုက်သော ေဥယျဓံတရားတို့ကို တစ်ခုမကျန် ဖြောင့်မှန်စွာ အလုံးစုံသိနိုင်သော သဗ္ဗညုတဉာဏ်တော်ကို ကြီးကျယ်သော ဉာဏ် တော်ဟူ၍ဆိုသည်။
1,344,297
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုစ္ဆာ။ ထိုသဗ္ဗညုတဉာဏ်တော်ကို အဘယ်နည်းအားဖြင့် သိနိုင်သနည်း။
1,344,298
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဿဇ္ဇနာ။ ဟောကြားတော်မူသော ဒေသနာတော်၏ များပြား ဆန်းကြယ် ကြီးကျယ်မြင့်မြတ်ပုံကို ထောက်ဆ သောအားဖြင့် သဗ္ဗညုတဉာဏ်တော်ကို သိနိုင် သည်။
1,344,299
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုစ္ဆာ။ ဒေသနာတော်၏ ကြီးကျယ်မြင့်မြတ်ပုံကား အ ဘယ်နည်း။
1,344,300
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဿဇ္ဇနာ။ ဟောကြားတော်မူအပ်သော ဓမ္မက္ခန္ဓာအပေါင်း ရှစ်သောင်းလေးထောင်သည် ဒေသနာတော်၏ ကြီးကျယ် မြင့်မြတ်ပုံ မည်၏။