id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,344,301 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့သဘောရှိသော ဉာဏ်ပညာကြီးကျယ်မြင့်မြတ်ခြင်းအားဖြင့် ဤပုဂ္ဂိုလ်ကား ဘုရားဟူ၍ သမုတ်ထိုက်လေသည်။ |
1,344,302 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးကြီးမား ကာမျှ ဖြင့် ဘုရားဟူ၍ သမုတ်ထိုက်သည် မဟုတ်ချေ။ |
1,344,303 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားမှန်၏၊ လူအပေါင်းကို ကယ်တင်တော်မူသော ဘုရားမည်သည်-- |
1,344,304 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဇာတိမဟတ္တ' အမျိုးဇာတ်၏ ကြီးမြတ်ခြင်း, |
1,344,305 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုညမဟတ္တ' ဘုန်းသမ္ဘာ ကုသိုလ် ပါရမီတော်၏ ကြီးမြတ်ခြင်း, |
1,344,306 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သီလမဟတ္တ' အကျင့်သီလတော်၏ ကြီးမြတ်ခြင်း, |
1,344,307 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမာဓိမဟတ္တ' တည်ကြည်ခိုင်ခံ့သော သမာဓိတော်၏ ကြီးကျယ် မြင့်မြတ်ခြင်း, |
1,344,308 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဣဒ္ဓိမဟတ္တ' တန်ခိုးတော်၏ ကြီးကျယ်မြင့်မြတ်ခြင်း, |
1,344,309 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗုဒ္ဓိမဟတ္တ' ဉာဏ်ပညာ၏ ကြီးကျယ်မြင့်မြတ်ခြင်း, |
1,344,310 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့သော လောကတွင် ရှိရှိသမျှသော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ထက် မြင့်မြတ်ကြီးကျယ်ခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမှသာလျှင် ဘုရားဟုသမုတ်ထိုက်လေသည်။ |
1,344,311 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့မဟုတ်ဘဲ တန်ခိုးအာနုဘော် ကြီးရုံမျှနှင့် ဘုရားဟူ၍ မဆိုထိုက်ချေ။ |
1,344,312 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးအရာနှင့် ဉာဏ်အရာသည် တစ်လမ်းစီသာဖြစ်၏၊ တန်ခိုးနှင့်မသက်ဆိုင်သော အရာဌာန တို့သည် လွန်စွာများပြားကုန်၏၊ တန်ခိုးကြီးကျယ်ရုံမျှသာရှိ၍ ဉာဏ်ပညာ ကြီးကျယ်ခြင်းကင်းမဲ့လေသည်ရှိသော် ပညာနှင့်သာ သက်ဆိုင်သော အရာဌာနတို့၌ အကန်းအတိသို့သာလျှင် ဖြစ်လေကုန်၏၊ တန်ခိုးမျှသာ ကြီး၍ ဉာဏ်ပညာအရာတို့၌ အကန်းအတိ ဖြစ်၍နေပါလျှင် များစွာသော သတ္တဝါ... |
1,344,313 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဣဒ္ဓိဂရုကာ ဟိ ဗာလာ၊ ဗုဒ္ဓိဂရုကာ ပဏ္ဍိတာ။ |
1,344,314 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟိ=စင်စစ်၊ဗာလာ=မလိမ္မာသော သူတို့သည်၊ ဣဒ္ဓိဂရုကာ=တန်ခိုး အစွမ်းကိုသာ အလေးအမြတ်ပြုကြလေကုန်၏၊ ပဏ္ဍိတာ=ပညာရှိသော သူတို့သည်၊ ဗုဒ္ဓိဂရုကာ=ဉာဏ်ပညာကိုသာ အလေးအမြတ်ပြုလေ့ရှိကြ ကုန်၏။ |
1,344,315 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောကကြီးတစ်ခွင်လုံးမှာ တန်ခိုးကိုသာ အလေးအမြတ်ပြုသူ ပေါများသဖြင့် ဉာဏ်ပညာကင်း၍ တန်ခိုးအစွမ်းမျှနှင့် လောကကို ကယ်တင်မည်ဆိုလျှင် များစွာသောသူတို့သည် မှောက်မှားချွတ်ချော်၍ ကုန်ကြရာ၏၊ ပညာကင်းမဲ့သော လူမလိမ္မာတို့သည် တန်ခိုးအစွမ်းကိုပြ၍ ဟောကြားညွန်ပြလျှင် လွယ်ကူစွာ ယုံကြည်လေ့ရှိကြကုန်၏၊ အဟုတ် အမှန်သိသော ဉာဏ်မှကင်း၍ တန်ခိုးအစွ... |
1,344,316 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးကိုသာ အလေးမူ၍ တန်ခိုးမျှသာ ရှိသောသူ၏ ပြောစကားတိုင်းကို လိုက်နာ ယုံကြည်လျှင် အဘယ်မှာ မမှောက်မှာဘဲ ရှိပါချေတုံအံ့နည်း။ |
1,344,317 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤပညာနှင့် တန်ခိုးအကြောင်းကို သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ္တန်ဖြင့်ထုတ်ပြရာ၏။ |
1,344,318 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ဉာဏ်ပညာကင်းမဲ့၍ တန်ခိုးအစွမ်းကိုသာ အလေးပြု သော သုနက္ခတ္တ ရဟန်းလည်းမြတ်စွာဘုရားထံမှ ထွက်ခွာ၍သွားလေရာ ပျက်စီးခြင်းကြီး ပျက်စီးဘူးလေသည်။ |
1,344,319 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနေရာ၌ ဆိုဖွယ်စကားရှိသည်မှာ ပညာဉာဏ်ကြီးကျယ် မြင့် မြတ်ခြင်းကို တန်ခိုးအစွမ်းကြီးကျယ်မြင့်မြတ်ခြင်းငှာသာ အလိုရှိအပ် လေ၏၊ အကြင်ပုဂ္ဂိုလ်သည် တန်ခိုးကြီးကျယ်ခြင်းမျှဖြင့် အလုံးစုံသော လောကအကျိုးကို သည်ပိုးရွက်ဆောင်နိုင်၏၊ ထိုပုဂ္ဂိုလ်၏ သာသနာမှာ ဟောကြားသော တရားဒေသနာ၏ ကြီးကျယ်များပြားရန် ကိစ္စလည်း မလိုတော့ပြီ၊ ဒေသနာကြီးကျယ်မျ... |
1,344,320 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်ပုဂ္ဂိုလ်သည်မူကား ထိုသို့တန်ခိုး အစွမ်းနှင့် လောက၏အကျိုးကို မရွက်ဆောင်နိုင်ချေ။ |
1,344,321 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပုဂ္ဂိုလ်၏ သာသနာ တော်မှာသာလျှင် တန်ခိုးကြီးကျယ်ခြင်း, ဉာဏ်ပညာကြီးကျယ်ခြင်းကို လိုလားအပ်၏ဟူ၍ ဉာဏ်ပညာကို ပယ်ရှား၍ တန်ခိုးဘက် သက်သက် အားဖြင့်သာ ဆိုရာ၏။ |
1,344,322 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးအစွမ်းသက်သက်မျှနှင့် အလုံးစုံလောကကြီး၏ အကျိုးကို သည်ပိုးရွက်ဆောင်နိုင်သည်ဟု ဆိုသောစကားရပ်၌ ဤကဲ့သို့ တန်းခိုး အစွမ်းမျှနှင့် အလုံးစုံသော လောကအကျိုးကို ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်မည်သည် အညစ်အကြေး ကင်းစင်သော ကောင်းကင်ပြင်၌ နေ ဝန်းလဝန်းကြီးများကဲ့သို့ ရှေးကာလ၌၎င်း, ယခုမျက်မှောက် ပစ္စုပ္ပန် ကာလ၌၎င်း အချင်းခပ်သိမ်း အလ... |
1,344,323 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကဲ့သို့ လောက၏ အလုံးစုံသောအကျိုးစီးပွားကို ရွက်ဆောင်၍နေသောတန်ခိုးနှင့် ပြည့်စုံ သောအရှင်သည် အထင်အရှားမရှိပါဘဲလျက်နှင့် တန်ခိုးအမျိုးမျိုးကို စိုးပိုင်၍နေသောအရှင်သည် မည်သည့်ဌာနမှာတည်ရှိသည် လောကကြီး ကို မည်သို့ပြုပြင်၍နေသည် စသောအားဖြင့် အရမ်းမဲ့ပြောကြား၍ တန်ခိုးရှိသောပုဂ္ဂိုလ်ကို အမည်တပ်ပြီးလျှင် ထင်ရှားမရှိသောတန်ခိုးရ... |
1,344,324 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်မှာမူကား ဉာဏ်ပညာ ကြီးကျယ် မြင့်မြတ်ခြင်းသည်သာ လျှင် ဧကန္တယုံကြည်လေးမြတ်ထိုက်သော အရာဖြစ်လေ၏၊ အကြင် သူသည် ဤကဲ့သို့ ကြီးကျယ်နက်နဲသော ဘုရားနှင့်ဆိုင်သည့် အရာဌာန၌ ပညာကြီးမြင့်သည်ကို မရှာမှီးဘဲ တန်ခိုးအစွမ်း ကြီးကျယ် သည်ဆိုသော စကားမျှနှင့်သာ ယုံကြည်စိတ်ချ၍ နေ၏၊ ထိုသူသည် ပကတိ သဘော အားဖြင့် မလိမ္မာသော လူ့ဗာလဟူ၍သာလျှင် ထင... |
1,344,325 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗုဒ္ဓဝိသယ အစိန္တေယျ ပြီး၏။ |
1,344,326 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဣဒ္ဓိဝိသယ အစိန္တေယျ |
1,344,327 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးအရာမည်သည်ကို ဤနေရာဌာန၌ ဘာဝနာပွါးများမှု ကြောင့် ဖြစ်ပေါ်သောတန်ခိုးကိုသာ လိုလားအပ်၏၊ ထိုတန်ခိုးကို ဘာဝနာမယိဒ္ဓိခေါ်ဆိုသည်။ |
1,344,328 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဘာဝနာမယိဒ္ဓိသည် ရှေးအသက်တမ်း ရှည်လျားသော ခေတ်အခါတွင် သာသနာပဖြစ်သော ရဟန်း ပုဏ္ဏား ရသေ့များတို့သည် ငါးပါးသော တန်ခိုးကို ရရှိကြလေကုန်၏၊ တန်ခိုးငါးပါးကား-- |
1,344,329 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဣဒ္ဓိဝိဓ အဘိညာဏ်, |
1,344,330 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဒိဗ္ဗစက္ခု အဘိညာဏ်, |
1,344,331 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဒိဗ္ဗသောတ အဘိညာဏ်, |
1,344,332 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ စေတောပရိယ အဘိညာဏ်, |
1,344,333 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ပုဗ္ဗေနိဝါသာ နုဿတအဘိညာဏ်, |
1,344,334 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောကီ အဘိညာဏ်ငါးပါးပေတည်း။ |
1,344,335 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအဘိညာဏ်များကိုပင်လျှင် ဘာဝနာကြောင့်ပြီးစီးသော “ဘာဝနာမယိဒ္ဓိတန်ခိုး”ဟူ၍ ဆိုသည်။ |
1,344,336 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မြတ်စွာဘုရား ထင်ရှားပွင့်တော် မူသော သာသနာတွင်း အခါများ၌မူကား ဆိုခဲ့ပြီးသော အဘိညာဏ် ငါးပါးတို့တွင် အာသဝက္ခယ အဘိညာဏ်ကို ထည့်၍ တန်ခိုးအဘိညာဏ် ခြောက်ပါးဖြစ်၏။ |
1,344,337 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကိလေသာအာသဝေါတရားတိ့ုကို ကုန်ခန်းစေနိုင်သော အရဟတ္တ ဖိုလ်သည် အာသဝက္ခယ အဘိညာဏ်မည်၏။ |
1,344,338 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုတန်ခိုးအဘိညာဏ်နှင့် ပြည်စုံသော ရဟန်း ပုဏ္ဏားတို့သည် ဣဒ္ဓိဝိဓအဘိညာဏ်တန်ခိုးဖြင့် မြေလျှိုးမိုးပျံခြင်းကို စွမ်းနိုင်ကြ၍ အထက်နတ်ပြည် ဗြဟ္မာပြည်များသို့ ခဏချင်းသွားရောက်နိုင်ကြကုန်၏၊ အောက်ငရဲပြည်သို့လည်း ခဏချင်း သွားရောက်နိုင်ကြကုန်၏၊ ဤ စကြဝဠာမှတစ်ပါး အခြားစကြဝဠာတိုက်သို့လည်း ခဏချင်းသွား ရောက် နိုင်ကြကုန်၏၊ ဆင်တပ် မြင်... |
1,344,339 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကဲ့သို့ လောကီအဘိညာဏ်ငါးပါးကို ရရှိကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အထက်အဖို့ အောက်အဖို့ ဖီလာအဖို့အားဖြင့် ပျံသန်း သွားလာကြကုန်သည်ရှိသော် တစ်မဟုတ်မျှ တစ်ခဏမျှနှင့် ဤမျှ လောက်သော ယူဇနာခရီးတို့ကို ဆိုက်ရောက်ကုန်ပြီဟူ၍ သိရှိမှတ်သားနိုင်ကြ ကုန်၏၊ ထိ့ုကြောင့် ကမ္ဘာဦးကာလမှစ၍ ကမ္ဘာအပြင်၌ ယူဇနာမှစ၍ အထူးထူးသော အတိုင်းအရှည် ပမာဏ... |
1,344,340 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုရဟန်း ပုဏ္ဏားတို့သည် ကာမဂုဏ်တရားတို့၌ ငြီးငွေ့၍ အပြစ် မြင်ကြကုန်ပြီးလျှင် တောတောင်ဆိတ်ငြိမ်ရာ ဌာနသို့ကပ်၍ စုတေသည်မှ နောက်ဘဝ၌ ဗြဟ္မာဘုံသို့ ရောက်ခြင်းငှာ ကသိုဏ်းစျာန် ဗြဟ္မဝိဟာရ စျာန်တို့ကို ပွားများကြကုန်လျက် ဣဒ္ဓိဝိဓအစရှိသော အဘိညာဏ် ငါးပါးတို့၌ နိုင်နိုင်နင်းနင်း ဝသီဘော်မြောက်ခြင်းသို့ ရောက်ကြလေ ကုန်၏။ |
1,344,341 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုလောကီ အဘိညာဏ်ငါးပါးကို ရရှိကြသောအခါ သာသနာပ ၌ ဖြစ်ကြကုန်သော ရဟန်းပုဏ္ဏားတို့အား မိမိတို့အတွက်နှင့် တိုးတက်၍ ပြုလုပ်ကြိုးစားဖွယ် လမ်းမရှိကြလေကုန်။ |
1,344,342 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောကီစခန်းတွင် လမ်းဆုံးသို့ ရောက်၍ ပါရဂူမြောက်သည် မည်ကြလေကုန်၏၊ ထိုအခါတွင်မှ အဘိညာဏ်ငါးပါးကို ရရှိကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အနှစ် ရာပေါင်းများစွာသော ကာလတို့ပတ်လုံး, အနှစ်ထောင်ပေါင်းများစွာ သော ကာလတို့ပတ်လုံး, အနှစ်သိန်းပေါင်း များစွာသော ကာလတို့ပတ် လုံး ဤလူ့ပြည်လောက၌ တည်၍ လောက၏အကျိုးစီးပွားတို့ကိုသာလျှင် ရှာမှီး ကြ... |
1,344,343 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဤနေရာ၌ ဂဏန်းအတတ်, ဆင်စီး မြင်းစီး အတတ်မှစ၍ အဋ္ဌာရသ သိပ္ပအပြားနှင့် များလှစွာ သော အတတ်မျိုးကို သိပ္ပါယတန ခေါ်သည်။ |
1,344,344 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဗေဒင်ကျမ်းတို့၌ သိမြင်သော ဝေဒပညာ, မြေကြီး၏ ကြန် အင်လက္ခဏာကိုသိသော ဘူမိဝိဇ္ဇာ, လူတို့၏ ရုပ် လက္ခဏာကိုမြင်သဖြင့် အကျိုးပေးမပေးကို သိနိုင်သော အင်္ဂဝိဇ္ဇာ, ကြယ်နက္ခတ် တာရာတို့ကို မြင်သဖြင့် လောက၌ မည်သို့ အကျိုးအပြစ် ဖြစ်မည်ဟု သိ်စွမ်းနိုင်သော နက္ခတ္တ ဝိဇ္ဇာ ဤသို့စသည်ဖြင့် များလှစွာသောပညာအမျိုးမျိုးတို့ကို ဝိဇ္ဇာဌာနဆိုသည်... |
1,344,345 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတတ်ကို သိပ္ပါယတန, ပညာကို ဝိဇ္ဇာဌာနဟူ၍ ခွဲခြမ်းဝေဖန် ရာ၏၊ ဝိဇ္ဇာဌာနသည် အတတ်မျိုးဖြစ်သော သိပ္ပါယတနထက် နူးညံ့ သိမ်မွေ့၍ နက်နဲခက်ခဲ၏။ |
1,344,346 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတတ်ပညာဟူ၍ မြန်မာလူမျိုးတို့ပြောဆိုကြသော စကားမှာ လည်း သိပ္ပါယတနနှင့် ဝိဇ္ဇာဌာနကိုရည်၍ဆိုသော စကားဖြစ်လေသည်။ |
1,344,347 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးအရာ၌သိဒ္ဓိမြောက်၍ လောကီလမ်းပေါက်ကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အားလပ်ခွင့် ရကြကုန်သဖြင့် အချို့က သိပ္ပါယတန ဖက်က ကြံစည်ကြပြီးလျှင် လောက၌ နည်းနာနိဿယတို့ကို ထားခဲ့ကြ ကုန်၏၊ အချို့က ဝိဇ္ဇာဌာန ဖက်ကနေ၍ ဉာဏ်ပညာ ဝိဇ္ဇာနည်းလမ်းတို့ ကို ချန်ထားခဲ့ကြကုန်၏ဟူ၍ ဆိုလိုသည်။ |
1,344,348 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြဆိုအပ်ခဲ့ပြီးသောအတိုင်း ငါးပါးကုန်သော အဘိညာဏ်ကိစ္စ တို့ကို ဣဒ္ဓိဝိသယတန်ခိုးအရာဟူ၍ ဆိုသည်။ |
1,344,349 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ကြောင့် တန်ခိုး အဘိညာဏ်နှင့် ပြည့်စုံကုန်သော စျာနလာဘီ ပုဂ္ဂိုလ်တို့၏ တန်ခိုးအရာ၌ ထိုပုဂ္ဂိုလ်တို့၏ ဉာဏ်သာလျှင် ပမာဏဖြစ်၏၊ ပကတိလူသာမန်တို့၏ ဉာဏ်အရာ မဟုတ်ချေ။ |
1,344,350 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပကတိလူသားတို့သည် တန်ခိုးရှင်များ၏ တန်ခိုးအရာကို မကြံစည်ထိုက်။ |
1,344,351 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသူတို့ ဉာဏ်အရာ မဟုတ်ဟူ၍ဆိုလို သည်။ |
1,344,352 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်မူကား သာမန်လူသားတို့မှာ တန်ခိုးရှင်များ ပြောကြားသော အတိုင်း မှတ်သားနာယူကြရန် တာဝန်မျှသာရှိလေသည်။ |
1,344,353 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးရှင် များက တာဝတိံသာနတ်ပြည်ရှိသည်၊ ထိုနတ်ပြည်သည် မြင့်မိုရ်တောင် ထိပ်မှာတည်သည်၊ ထိုနတ်ပြည်မှာ သုဓမ္မာဇရပ် ဝေဇယန္တာ နတ်ရထား ကြီးရှိသည် စသောအားဖြင့် ပြောကြားလျှင် ပြောသောအတိုင်း မှတ်သား ရာ၏၊ မိမိတို့ဉာဏ်မမီသော တန်ခိုးရှင်တို့၏ အရာမှာပါဝင်၍ ကြံစည် လျှင် ဉာဏ်မထောက်မီသောကြောင့် စိတ်ပင်ပန်းခြင်း, စိတ်ဖောက် ပြန်ခြင်းတို... |
1,344,354 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအဓိပ္ပါယ်ကိုရည်၍ ဒသဝတ္ထုက သမ္မာဒိဋ္ဌိအရာတို့၌အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စလောကံ ပရဉ္စလောကံ သယံ အဘိညာယ သစ္ဆိကတွာ ပဝေဒေန္တိ။ |
1,344,355 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယေ=အကြင်ရဟန်း ပုဏ္ဏားတို့သည်၊ ဣမဉ္စ လောကံ=ဤပစ္စုပ္ပန်လောကကြီးကို၎င်း၊ ပရဉ္စလောကံ=တစ်မလွန် လောကကြီးကို၎င်း၊ သယံ=ကိုယ်တိုင်၊ အဘိညာယ=ထူးသောဉာဏ်ဖြင့် သိ၍၊ သစ္ဆိကတွာ=ကိုယ်တိုင်မျက်မှောက်ပြု၍၊ ပဝေဒေန္တိ=ဟောကြား မိန့်ဆိုတော်မူနိုင်ကြကုန်၏၊ သမဂ္ဂတာ=အညီအညွတ် ကျင့်ကြကုန်သော၊ သမ္မာပဋိပန္နာ=ကောင်းစွာ ကျင့်ကြကုန်သော၊ တေသမဏ ဗြာဟ္မဏာ... |
1,344,356 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပစ္စုပ္ပန်လောက တမလွန်လောကကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြု၍ ဟောပြောနိုင်သောအကျင့် ပဋိပတ် နှင့်ပြည့်စုံ၍ တန်ခိုးရှိသော ရဟန်း ပုဏ္ဏားတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟူ၍ ဆိုလိုသည်။ |
1,344,357 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ ဉာဏ်ပညာ မနှံ့မပြန့်သောသူသည် ဤသို့ဆိုရာ၏၊ ဤလောက၌ ပြဆိုခဲ့ပြီးသောအတိုင်း တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ သည့် ရဟန်း ပုဏ္ဏားတို့မည်သည် ထင်ရှားရှိကြကုန်လိမ့်မည်ဟူ၍ ကျွန်ုပ် မယုံကြည်နိုင်၊ အကြောင်းမူကား ယခုခေတ်အခါ ထိုကဲ့သို့ တန်ခိုး အစွမ်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို မတွေ့မမြင်စဖူး မကြားစဖူးသောကြောင့် ဖြစ်သတည်း ဟူ၍ ဆိ... |
1,344,358 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ဖြေကြားရာ၏-- |
1,344,359 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တန်ခိုးရှင်များကို မတွေ့မမြင်စဖူးသော သင်၏စကားမှန်ပေလိမ့် မည်။ |
1,344,360 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြောင်းမူကား သင်သည် ဆုတ်ကပ် ကာလ၏ နောက်အစွန်းမှာ လူဖြစ်၍လာသော သူပေတည်း။ |
1,344,361 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ဖြစ်၍ တန်ခိုးရှင်များကို မမြင်စဖူး ဆိုသော စကားမှန်ပေ လိမ့်မည်။ |
1,344,362 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ပြင် တန်ခိုးရှင်များကို မကြားစဘူး ဆိုသော သင်၏စကားလည်း မှန်ပေလိမ့်မည်။ |
1,344,363 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြောင်းမူကား သင် သည် မွန်မြတ်သော အရိယာလူမျိုးတို့၏ နေထိုင်ဖြစ်ပွားရာဒေသ၌ ကမ္ဘာဦးကစ၍ အစဉ်အဆက်လာသော ကမ္ဘာဦး လက်ရိုးတရားကြီးများ နှင့်လည်း ဝေးကွာ၏၊ ကမ္ဘာဦးကာလမှ အစဉ်အဆက် ဆင်းသက် လာသော ကျမ်းဂန်အစူအစည် တို့မှလည်း ဝေးကွာ၏၊ 'အနရိယ ဒေသ' ကမ္ဘာ၏ အစွန်အနားမှာ ဖြစ်ပွားသော သူပေတည်း။ |
1,344,364 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ကြောင့် မကြားစဖူးဟူသော သင်၏စကားလည်း မှန်ပေလိမ့်မည်။ |
1,344,365 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သင်မမြင်ဖူး မကြားဖူးရုံမျှနှင့် လောကတွင် တန်ခိုးအဘိညာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များမရှိဟူ၍ မပစ် ပယ်လေနှင့်၊ သင်ဉာဏ်မမီသော အရာတို့သည် လွန်စွာ များပြားကုန်၏၊ သင့်ဉာဏ်နှင့် မသက်ဆိုင်သော အရာ မထောက်မီသော အရာများကို ဉာဏ်စွမ်းအားကိုး မကြံစည်လေ လင့်၊ သင်သည် ဤသို့သာလျှင် ဆင်ခြင် စဉ်းစားထိုက်လေ၏၊ ဤလောကကြီးသည် ရှေးအခါလွန်စွာကေ... |
1,344,366 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား တန်ခိုးအရာကို မကြံစည်ထိုက်ဟူသော စကားနှင့်စပ် လျဉ်း၍ ဆိုအပ်သော စကားရပ်ပေတည်း။ |
1,344,367 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဣဒ္ဓိဝိသယ အစိန္တေယျ ပြီး၏။ |
1,344,368 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မဝိပါက အစိန္တေယျ |
1,344,369 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ ကုသိုလ်စေတနာ အကုသိုလ် စေတနာများကို ကံ ဟူ၍ခေါ်ဆိုရ၏။ |
1,344,370 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကံကြောင့် ဖြစ်ပေါ်သောအကျိုးကို ဝိပါကဟူ၍ ခေါ်ဆိုရ၏။ |
1,344,371 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ” ဝိပစ္စတီတိ ဝိပါကော၊ ဖလတိ နိပ္ဖတ္တိံ ပါပုဏာတီတိ အတ္ထော” ဝိပစ္စတိ=ရင့်ကျက်သောအားဖြင့် အကျိုးပေးတတ်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဝိပါကော=ဝိပါက်မည်၏၊ ဖလတိ=ပြီးစီးတတ်၏၊ နိပ္ဖတ္တိံ=ပြီးစီးခြင်းသို့၊ ပါပုဏာတိ=ရောက်တတ်၏၊ ဣတိအယံ=ဤ သည်ကား၊ အတ္ထော=ဝိပါကသဒ္ဒါ၏ အနက်တည်း။ |
1,344,372 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကံ၏အကျိုးသည် |
1,344,373 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ မျက်မှောက်ဘဝ၌ ခံစားရသော ဒိဋ္ဌဓမ္မအကျိုး, |
1,344,374 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ တမလွန်ဘဝ၌ ခံစားရသော သမ္ပရာယိကအကျိုး, |
1,344,375 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ် အကုသိုလ်စေတနာတို့၏ အကျိုးပြီးဆုံးခြင်းသို့ရောက် ရာ၌ ဥပမာမှာ တစ်ယောက်သောသူသည် လက်ဖြင့် လုပ်ဆောင်ရသော 'ဟတ္ထကမ္မ' အလုပ်တစ်ခုကို လုပ်ဆောင်၍ ထိုအလုပ်ကို ပြုလုပ်သည့် အတွက် ငွေတစ်ကျပ်ရ၏။ |
1,344,376 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအလုပ်သမားသည် အလုပ်လုပ်၍ ရရှိသော ငွေတစ်ကျပ်ဖြင့် အလိုရှိရာဝယ်ခြမ်း၍ သုံးဆောင်၏။ |
1,344,377 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါ ထိုအလုပ် သည် ပြီးဆုံးခြင်းသို့ ရောက်သည်မည်၏။ |
1,344,378 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနေရာ၌ လက်မှုပညာ 'ဟတ္ထကမ္မ' အလုပ်သည် ကံမည်၏။ |
1,344,379 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအလုပ်အတွက်ရရှိသော ငွေတစ်ကျပ်နှင့် သုံးဆောင်ခံစားရသော အရာများသည် အကျိုးဝိပါက်မည်၏။ |
1,344,380 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မည်သည့်အလုပ်များမှာမဆို အသီးအသီး အကျိုးဝိပါက် ရှိလေ၏။ |
1,344,381 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ် အကုသိုလ်စေတနာတို့၏ အကျိုးပြီးဆုံးခြင်းသို့ရောက်ရာ၌ ဥပမာမှာ တစ်ယောက်သောသူသည် လက်ဖြင့် လုပ်ဆောင်ရသော 'ဟတ္ထကမ္မ' အလုပ်တစ်ခုကို လုပ်ဆောင်၍ ထိုအလုပ်ကို ပြုလုပ်သည့် အတွက် ငွေတစ်ကျပ်ရ၏။ |
1,344,382 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ် အကုသိုလ်အရာ၌ ကံသည် ကမ္မပထမြောက်အောင် တစ်ကြိမ် ပြုလုပ်သည်ရှိသော် အကြင်မျှလောက် အကျိုးမပေးသေး၊ ထိုမျှလောက် ထိုကံသည် အပြီးအဆုံးသို့ရောက်သည်မမည်ချေ။ |
1,344,383 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္ဘာတစ်သိန်းတို့ တိုင်အောင်သော်လည်း ထိုကဲ့သို့ ပြုလုပ်သောသူ၏ သန္တာန်သို့ အစဉ် တစိုက်လိုက်၍နေလေ၏။ |
1,344,384 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားကြီးသောအကုသိုလ်ကံသည် အပါယ် လေးဘုံတို့၌ ပဋိသန္ဓေအားဖြင့် အကျိုးပြီးဆုံးခြင်းသို့ ရောက်စေ၏။ |
1,344,385 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားကြီးသော ကုသိုလ်ကံသည် ပဋိသန္ဓေအားဖြင့် သုဂတိဘုံတို့၌ အကျိုး ပြီးဆုံးခြင်းသို့ ရောက်စေ၏။ |
1,344,386 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တနည်းအားဖြင့် ကံ၏အကျိုးသည်... |
1,344,387 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ နှစ်မျိုးရှိပြန်သည်။ |
1,344,388 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * အကျိုးရင်းသည် မုချအကျိုးမည်၏။ |
1,344,389 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * အကျိုးဆက် အကျိုးဖျားသည် နိဿန္ဒအကျိုးမည်၏။ |
1,344,390 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုနှစ်ပါးတို့တွင် အကုသိုလ်ကံကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေစွဲ၍ ဘဝဇာတ်တစ်ခုထွက်ရခြင်း, တစ်ဘဝလုံး ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကိုယ်တိုင်ကြုံတွေ့ရခြင်းသည် အကုသိုလ်ကံ၏ မုချအကျိုးမည်၏။ |
1,344,391 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ်ကံကြောင့် သုဂတိဘဝ၌ ပဋိသန္ဓေစွဲ၍ ဘဝဇာတ်တစ်ခုထွက် ရခြင်း, ထိုဘဝ၌ ချမ်းသာအမျိုးမျိုးနှင့် ကိုယ်တိုင်ကြုံတွေ့ရခြင်းသည် ကုသိုလ်ကံ၏ မုချအကျိုးမည်၏။ |
1,344,392 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမုချအကျိုးသည် ကံကိုပြုလုပ်ခဲ့သော သူတစ်ဦးတည်းနှင့်သာ တိုက်ရိုက်သက်ဆိုင်လေ၏၊ သူတစ်ပါးတို့နှင့် မသက်ဆိုင်။ |
1,344,393 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံအားလျော်စွာ ပဋိသန္ဓေစွဲ၍ ဘဝအတ္တဘောကိုယ် မရှိပြီးနောက် ထိုသူကို ချမ်းသာစေခြင်းငှါ၎င်း, ဆင်းရဲစေခြင်းငှါ၎င်း ကံ၏တန်ခိုး အာနုဘော်ကြောင့် ပြီးစီးကြကုန်သော ကိုယ်မှအပဖြစ်ကုန်သော ပြည့်စုံ ခြင်း၏အကြောင်း, ချို့တဲ့ခြင်း၏ အကြောင်းတို့သည် ထင်ရှားဖြစ်ပေါ် ကုန်၏။ |
1,344,394 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအကျိုးသည် နိဿန္ဒအကျိုးမည်၏။ |
1,344,395 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ်ကံ၏အတွက် သုဂတိဘဝ၌ ဖြစ်ပေါ်လာသောအခါ ချမ်းသာခြင်းအကြောင်းဖြစ်သော ရွှေငွေဘဏ္ဍာရတနာတို့၏ ပေါများ ကြွယ်ဝခြင်း, နေရာထိုင်ခင်း၏ ခမ်းနားကြီးကျယ်စွာဖြစ်ခြင်း, လယ်ယာ ဆင်မြင်း ကျွန်သင်းပင်း အခြွေအရံတို့၏ ပေါများခြင်း စသည်များကား ကုသိုလ်၏ နိဿန္ဒအကျိုးဆက်မည်၏။ |
1,344,396 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကုသိုလ်ကံအတွက်ကြောင့် အပါယ်ဘုံ၌ဖြစ်သောအခါ ဆင်းရဲ ငြိုငြင်စွာ ဖြစ်ရခြင်း၏ အကြောင်းဖြစ်သော အမျိုးမျိုးသော ယုတ်ညံ့ခြင်း, ချို့တဲ့ခြင်းမျာသည်ကား အကုသိုလ်ကံ၏ နိဿန္ဒအကျိုး ဆက်မည်၏။ |
1,344,397 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုနိဿန္ဒအကျိုးဆက်သည် သူတစ်ပါးတို့နှင့်လည်း ဆက်ဆံ၏။ |
1,344,398 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာအားဖြင့် မဟာသုဒဿန စကြာမင်းကြီး၏ ဘဝကိုရမှုသည် ကုသိုလ်ကံ၏ မုချအကျိုးရင်းမည်၏။ |
1,344,399 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကုသိုလ်ကံ၏ အစွမ်းကြောင့် ဘုံဗိမာန် အခြွေအရံတို့သည် များစွာထင်ရှားဖြစ်ပေါ်လာကုန်၏။ |
1,344,400 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုထိုအရပ်ဌာနသော်မှလည်း ဆိုက်ရောက် လာကြရကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.