id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,344,401 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ မြားမြောင်ကျယ်ဝန်းလှစွာသော အကျိုးဆက်များသည် နိဿန္ဒအကျိုး မည်၏။ |
1,344,402 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအကျိုးဆက်များသည် စကြာမင်းအုပ်စိုးသော တိုင်းနိုင်ငံ ကျွန်းကြီးကျွန်းငယ်တို့၌ နေထိုင်ကြကုန်သော သူတို့အားလည်း ချမ်းသာ စေခြင်းငှါဖြစ်၏။ |
1,344,403 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နိုင်ငံသူ နိုင်ငံသားတို့သည် ထိုအကျိုးဆက်များကိုမှီ၍ သုံးဆောင်ခံစားကြရကုန်၏။ |
1,344,404 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နန္ဒမင်းသား၏ ကုသိုလ်အကျိုးဆက်ကြောင့် ပဒေသပင်ပေါက်၍ နိုင်ငံတွင် ရှိရှိသမျှသောသူတို့မှာ ချမ်းသာကြလေ ကုန်၏။ |
1,344,405 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤကားကုသိုလ်ကံအတွက် ပြဆိုချက်တည်း။ |
1,344,406 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) အကုသိုလ်ကံအရာ၌ ရသေ့ငါးရာတို့အား ပြစ်မှားသော နာဠိကေရ မင်း၏ အကုသိုလ်ကံအကျိုးဆက်ကြောင့် တစ်တိုင်းလုံး တစ်ပြည် လုံး ပျက်စီးခြင်းစသော ဝတ္ထုများကို ထုတ်ဆောင်၍ ဟောကြားအပ် ကုန်၏။ |
1,344,407 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနိဿန္ဒအကျိုးဆက်ကိုရည်၍ |
1,344,408 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ။ |
1,344,409 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ လောကေ=လောက၌၊ ဧကပုဂ္ဂလော=တစ်ဦးသောပုဂ္ဂိုလ်သည်၊ ဥပ္ပဇ္ဇမာနော=ဖြစ်ပေါ်လာသည် ရှိသော်၊ ဗဟုဇနဟိတာယ=လူများအပေါင်း၏ အကျိုးစီးပွါးဖြစ်ခြင်းငှါ၊ ဗဟုဇနသုခါယ=လူများအပေါင်း၏ ချမ်းသာခြင်းငှါ၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ် လာ၏။ |
1,344,410 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘုန်းကံပါရမီ ကြီးမားသော ပုဂ္ဂိုလ်ကောင်း တစ်ဦးတစ်ယောက် ပေါ်ပေါက် ဖြစ်ထွန်းလာသည်ရှိသော် များစွာသော သူတို့မှာ အကျိုးစီးပွါး ဖြစ်ထွန်းကြကုန်၏၊ ချမ်းသာသုခကိုရရှိကြကုန်၏။ |
1,344,411 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ်ပါရမီကြီးလျှင် ကြီးသည့်အလျောက် များစွာသောသူတို့ ခိုကိုးကြရကုန်၏။ |
1,344,412 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာ သေဋ္ဌေးကြီးတစ်ယောက်ဖြစ်ထွန်းလျှင် ထိုသေဋ္ဌေးကိုမှီ၍ အသက်မွေး ကြကုန်သောသူတို့မှာ ချမ်းသာကြီးပွါးကြကုန်၏။ |
1,344,413 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မင်းကောင်းတစ်ပါး ပေါ်ထွန်းလာသည်ရှိသော် ထိုမင်း၏ တိုင်းနိုင်ငံမှာ ချမ်းသာကြီးပွါးကြ ကုန်၏။ |
1,344,414 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စကြဝတေးမင်းကြီး ပေါ်ပေါက်လာသောအခါ ကျွန်းငယ်များစွာ တို့နှင့်တကွ လေးကျွန်းလုံး၌ နေကြကုန်သောသူတို့မှာ ချမ်းသာကြီးပွါး ကြကုန်၏။ |
1,344,415 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတုမရှိ လောက၏အထွဋ်အထိပ်ဖြစ်တော်မူသော မြတ်စွာဘုရားပွင့်၍ လာသောအခါ ဇာတိ, အာဏာ, ဝိသယာဟုဆိုအပ် သော လောကဓာတ်သုံးပါး၌ နေထိုင်ကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့မှာ နိဗ္ဗာန်တိုင်အောင်သော အကျိုးထူးကိုရ၍ ချမ်းသာ ကြီးပွားကြကုန်၏။ |
1,344,416 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မကောင်းမှုအရာ၌ |
1,344,417 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ။ |
1,344,418 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ လောကေ=လောက၌၊ ဧကပုဂ္ဂလော=တစ်ဦးသော ပုဂ္ဂိုလ်ဆိုးသည်၊ ဥပ္ပဇ္ဇမာနော=ဖြစ်ပေါ်လာ သည်ရှိသော်၊ ဗဟုဇနအဟိတာယ=များစွာသောသူတို့၏ အကျိုးမဲ့စိမ့် သောငှါ၊ ဗဟုဇနအသုခါယ= များစွာသော သူတို့၏ မချမ်းမသာ လွန်စွာ ပူပန်ခြင်းငှါ၊ ဥပ္ပဇ္ဇတိ=ဖြစ်၏။ |
1,344,419 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကုသိုလ်ကံကြီးမားသော သူတစ်ယောက်ဖြစ်ထွန်းလာလျှင် များစွာသောသူတို့မှာ အကျိုးမဲ့ဖြစ်၍ ဆင်းရဲဒုက္ခရောက်တတ်ကြကုန်၏။ |
1,344,420 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောကတိဿသည် အိမ်ခြေတစ်ထောင်ရှိသော ရွာ၌ဖြစ်ပေါ်လာရာ ထိုသူ၏ အကုသိုလ်ကံ အကျိုးဆက်ကြောင့် တစ်ရွာလုံးငတ်မွတ်ခေါင်းပါး ကြလေကုန်၏။ |
1,344,421 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒေဝဒတ်ဖြစ်ပေါ်လာသည့်အတွက် အဇာတသတ် ကောကာလိကတို့မှစ၍ များစွာပင်အကျိုးမဲ့ကြလေကုန်၏။ |
1,344,422 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုရာဏ ကဿပ နာဋပုတ္တစသော ဒိဋ္ဌိလူဆိုးကြီး တစ်ဦးတစ်ဦး ဖြစ်ပေါ်လိုက် သည့်အတွက် နောက်လိုက်ဖြစ်သောသူတို့မှာ အလွန်တရာနစ်နာ ခြင်းနှင့်တကွ အပါယ်ငရဲတွင်းသို့ သက်ဆင်းကြ လေကုန်၏။ |
1,344,423 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အယုတ် သဖြင့် တစ်စုံတစ်ခုသော နယ်ပယ်မြို့ရွာမှာ တစ်ဦးတစ်ယောက်က ခေါင်းတည်၍ တိုင်းပြည်နိုင်ငံကို ပုန်ကန်လျှင် တစ်နယ်လုံးနစ်နာ ဆုံးရှုံးကြလေကုန်၏။ |
1,344,424 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ဖြစ်မှုကား အကုသိုလ်ဒုစ္စရိုက်၏ နိဿန္ဒ အကျိုးဆက်များ ပေတည်း။ |
1,344,425 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နိဿန္ဒ အကျိုးဆက်သည် သတ္တဝါများနှင့်သာ ဆက်ဆံသည် မဟုတ် မြေရေစသော ဩကာသလောက သင်္ခါရလောကကြီးများနှင့် လည်း ပျံ့နှံ့၍ဆက်ဆံသေး၏။ |
1,344,426 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားမှန်၏ မြတ်စွာဘုရားလောင်း သည် တုသိတာနတ်ပြည်မှစုတေ၍ အမိဝမ်းတိုက်၌ ပဋိသန္ဓေတည် နေသောအခါ နတ်နှင့်တကွသောလောကမှာ ကြီးကျယ်မွန်မြတ်စွာသော အရောင်အလင်းကြီးသည် ဖြစ်ပေါ်လာ၏။ |
1,344,427 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဇာတိခေတ်အပေါင်း စကြဝဠာတိုက်တစ်သောင်းသည် ပြင်းစွာတုန်လှုပ်၏။ |
1,344,428 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ဖြစ်ခြင်းကား အလွန်ဘုန်းကံသမ္ဘာ ပါရမီကြီးမားကုန်သော ပုဂ္ဂိုလ်ကြီးတို့၏ ကုသိုလ်အကျိုးဆက်ကြောင့် ဖြစ်သတည်း။ |
1,344,429 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောက၌ အကြင်အခါလူတို့သည် မကောင်းသောစိတ်ဖြင့် ယုတ်မာသောအမှုတို့ကို ပြုလုပ်ခြင်းများကြကုန်၏၊ အကုသိုလ်ဒုစ္စရိုက် တို့ကို များစွာလိုက်စားကြကုန်၏။ |
1,344,430 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါ အကုသိုလ်ကံတို့၏ နိဿန္ဒ အကျိုးဆက်တို့သည် မဟာပထဝီ မြေကြီးမှစ၍ နေလနက္ခတ် တာရာ တို့တိုင်အောင် ပျံ့နှံ့၍ မှန်ကန်သော နေသွား, လသွား, နက္ခတ်သွားတို့ကို ဖျက်ဆီးလေကုန်၏။ |
1,344,431 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အလုံးစုံသော ဩကာသလောကကြီးကို ချောက်ချားစေလျက် သမ္ပတ္တိအဖို့မှ ဝိပတ္တိအဖို့သို့ရောက်စေကုန်၏။ |
1,344,432 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အလုံးစုံသော တော တောင် သစ်ပင်အစရှိသည့် သင်္ခါရလောကကြီးကိုလည်း ချောက်ချား စေ၍ အစဉ်အတိုင်း သမ္ပတ္တိအဖို့ကို ကုန်ခန်းပျက် စီးစေလျက် ဝိပတ္တိ အဖို့ကိုသာ တိုးပွားစေကုန်၏။ |
1,344,433 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါဩကာသလောက သင်္ခါရလောက နှစ်ပါး၌ တည်၍အသက်မွေးကြရကုန်သော လူအပေါင်းတို့၏ အသက် တမ်းသည် အစဉ်အတိုင်းတို၍တို၍သွားလေ၏။ |
1,344,434 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အရုပ်အဆင်းများ လည်း ယုတ်လျော့လေ၏။ |
1,344,435 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုံပန်းသဏ္ဌာန်များလည်း သေးသိမ်ခြင်း မခန့် ညားခြင်းအနေအားဖြင့် ဆုတ်ယုတ်လေ၏။ |
1,344,436 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယခုခေတ်ကာလ၌ လူတို့သည်၎င်း သစ်ပင်တို့သည်၎င်း အလွန် သေးငယ်ကြကုန်၏။ |
1,344,437 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗုဒ္ဓဝင်ကျမ်း၌ အသက်တမ်းရှည်သောကာလ၌ ပွင့်တော်မူကြသော ဘုရားရှင်တို့၏ အရပ်တော်များသည် အတောင်ရှစ် ဆယ် အတောင်ကိုးဆယ် မြင့်သည်ဟူ၍ဆိုသည်။ |
1,344,438 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဆက္ကနိပါတ် အင်္ဂုတ္တိုရ် ဓမ္မိကဝဂ်၌ ရှေးအခါ ကုရုတိုင်း၌ ကောရဗျမင်းကြီး၏ သုပ္ပတိဋ္ဌမည်သော ပညောင်ပင်ကြီးသည် ၁၂-ယူဇနာအပြန့်ရှိ၏။ |
1,344,439 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပညောင်ပင်ကြီး၏ အသီးသည် ပြည်ဝင်အိုးမျှလောက်ရှိ၏ဟူ၍ ဆိုသည်။ |
1,344,440 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်အခါ၌ လူတို့သည် ကောင်းသောစိတ်ရှိကြကုန်၏။ |
1,344,441 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကောင်း သော ကုသိုလ်မှုတို့ကိုသာလျှင် အပြုများကြကုန်၏။ |
1,344,442 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါကုသိုလ်ကံ တို့၏ နိဿန္ဒအကျိုးဆက်တို့သည် မဟာပထဝီမြေကြီးမှစ၍ နေ-လနက္ခတ်တာရာတို့တိုင်အောင် ပျံ့နှံ့လေကုန်၏။ |
1,344,443 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နေသွား လသွား နက္ခတ် သွားတို့ကို ဖြောင့်မှန်စေကုန်၏။ |
1,344,444 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဩကာသလောကကြီးတစ်ခုလုံးကို ပျားရေတို့ဖြင့် ပြည့်သော ပျားလဘို့ကြီးကဲ့သို့ ကောင်းမြတ်သော သမ္ပတ္တိ အဖို့တို့ဖြင့်သာ ပြည့်စုံစေကုန်၏။ |
1,344,445 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တောတောင် သစ်ပင်ချုံနွယ်စသော သင်္ခါရ လောကကိုလည်း ဝိပတ္တိအဖို့မှလွတ်ကင်းစေ၍ သမ္ပတ္တိအဖို့သို့သာ ရောက်စေတတ်ကုန်၏။ |
1,344,446 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အသီးအနှံအမြစ်အဖုတို့ကို အဆီ အနှစ်တို့ဖြင့် ပြည့်နှက်စေကုန်၏။ |
1,344,447 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါ ဩကာသလောက သင်္ခါရလောကဟု ဆိုအပ်သော လောကနှစ်ပါး၌တည်၍ ထိုလောကနှစ်ပါးကိုမှီ၍ အသက် မွေးကြကုန်သောလူတို့၏ အသက်တမ်းသည် တိုးတက်ရှည်လျား၏။ |
1,344,448 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အရောင်အဆင်းလည်း ကြည်လင်၏။ |
1,344,449 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုံပန်းသဏ္ဌာန်သည် ခန့်ညား ကြီးထွား၏။ |
1,344,450 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောက၌ကောင်းမြတ်သော သမ္ပတ္တိစက်တို့သာလျှင် လည် ကုန်၏။ |
1,344,451 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ အကုသိုလ်ဓမ္မ၏ ဝိပတ္တိအကျိုးဆက်, ကုသိုလ်ဓမ္မ၏ သမ္ပတ္တိအကျိုးဆက်ကိုရည်၍ စတုက္ကနိပါတ်အဂ်င်္ုတ္တိုရ်၌ |
1,344,452 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယသ္မိံ ဘိက္ခဝေ သမယေ ရာဇာနော အဓမ္မိကာ ဟောန္တိ၊ ရာဇယုတ္တာပိ တသ္မိံ သမယေ အဓမ္မိကာ ဟောန္တိ၊ ဗြာဟ္မဏဂဟပတိကာပိ နေဂမ ဇနပဒါပိ၊ တဒါ ဝိသမံ စန္ဒိမာသူရိယာ ပရိဝတ္တန္တိ၊ ဝိသမံ နက္ခတ္တာနိတာရကရူပါနိ ပရိဝတ္တန္တိ။ |
1,344,453 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မိံသမယေ=အကြင် အခါ၌၊ ရာဇာနော=မင်းတို့သည်၊ အဓမ္မိကာ=တရားမစောင့်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ |
1,344,454 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တသ္မိံသမယေ=ထိုအခါ၌၊ ရာဇယုတ္တာပိ=မင်းမှီစိုး ကပ်ဖြစ်သောသူတို့သည်လည်း၊ အဓမ္မိကာ=တရားမစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ |
1,344,455 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗြာဟ္မဏဂဟပတိကာပိ=ပုဏ္ဏားသူကြွယ် တို့သည်၎င်း၊ နေဂမဇနပဒါပိ= နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား တို့သည်၎င်း၊ အဓမ္မိကာ=တရားမစောင့်ကြကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏။ |
1,344,456 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဒါ=ထိုအခါ၌၊ စန္ဒိမသူရိယာ=လနေတို့သည်၊ ဝိသမံ=မဖြောင့်မမတ်၊ ပရိဝတ္တန္တိ=လှည့်လည်သွားလာကြကုန်၏။ |
1,344,457 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နက္ခတ္တာနိ=ဂြိုဟ်နက္ခတ် တို့သည်၎င်း၊ တာရကရူပါနိ=ကြယ်တာရာတို့သည်၎င်း၊ ဝိသမံ=မဖြောင့် မမတ်၊ ပရိဝတ္တန္တိ=လည့်လှည်သွားလာကြကုန်၏။ |
1,344,458 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား အကုသိုလ်၏ နိဿန္ဒအကျိုးအတွက်နှင့် လောကကြီး ပျက်စီးပုံကို ဟောကြားသော ဒေသနာတော်ကြီးပေတည်း။ |
1,344,459 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယသ္မိံ ဘိက္ခဝေ သမယေ ရာဇာနော ဓမ္မိကာ ဟောန္တိ။ |
1,344,460 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရာဇယုတ္တာပိ တသ္မိံ ဓမ္မိကာ ဟောန္တိ။ |
1,344,461 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗြာဟ္မဏ ဂဟပတိကာပိ နေဂမ ဇနပဒါပ၊ိ တဒါ သမံ စန္ဒိမသူရိယာ ပရိဝတ္တန္တိ၊ သမံ နက္ခတ္တာနိ တာရကရူပါနိ ပရိဝတ္တန္တိ။ |
1,344,462 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မိံ သမယေ=အကြင် အခါ၌၊ ရာဇာနော=မင်းတို့သည်၊ ဓမ္မိကာ၊ တရားစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ |
1,344,463 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တသ္မိံသမယေ=ထိုအခါ၌၊ ရာဇယုတ္တာပိ=မင်းမှီစိုးကပ် ဖြစ်သောသူတို့သည်လည်း၊ ဓမ္မိကာ=တရားစောင့်ကြကုန်သည်၊ ဟောန္တိ= ဖြစ်ကြကုန်၏။ |
1,344,464 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗြာဟ္မဏဂဟပတိကာပိ=ပုဏ္ဏားသူကြွယ်တို့သည်၎င်း၊ နေဂမဇန ပဒါပိ=နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သားတို့သည်၎င်း၊ ဓမ္မိကာ=တရားစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ |
1,344,465 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဒါ=ထိုအခါ၌၊ စန္ဒိမသူရိယာ=လ နေတို့သည်။ |
1,344,466 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမံ=ဖြောင့်မတ်စွာ၊ ပရိဝတ္တန္တိ= လှည့်လည်ကြကုန်၏။ |
1,344,467 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နက္ခတ္တာနိ=ဂြိုဟ် နက္ခတ်တို့သည်၎င်း၊ တာရက ရူပါနိ=ကြယ်တာရာတို့သည်၎င်း၊ သမံ=ဖြောင့်မတ်စွာ၊ ပရိဝတ္တန္တိ= လှည့် လည်ကြကုန်၏။ |
1,344,468 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ကုသိုလ်ကံ၏ နိဿန္ဒ အကျိုးအတွက်နှင့် လောကကြီး တိုးတက်ဖြစ်ထွန်းပုံကို ဟောကြားသော ဒေသနာတော်ကြီးဖြစ်သည်။ |
1,344,469 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြဆိုအပ်ပြီးသောအတိုင်း ကုသိုလ်ကံ အကုသိုလိကံတို့၏ နိဿန္ဒ အကျိုးဆက်များသည် အလုံးစုံသော ဩကာသလောက သင်္ခါရလောက တို့နှင့် ပျံ့နှ့၍ ဆက်ဆံကြောင်းကို သိအပ်လေသည်။ |
1,344,470 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံအကျိုးကြောင့်ပြီးစီးသော ကမ္မဝိပါကဇိဒ္ဓိမည်သည်ကား--ဥပပတ်အားဖြင့် ပဋိသန္ဓေတည်နေကြကုန်သော သတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အတ္တဘောကိုရရှိသည်နှင့် တစ်ပြိုင်နက် ရှေးကံအစွမ်း ကြောင့် အလိုအလျောက်ပြီးစီးကုန်သော ကောင်းကင်သို့ ပျံသန်းသွား လာနိုင်ခြင်း, အဆင်းသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသောတန်ခိုး များပေတည်း။ |
1,344,471 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကမ္မဝိပါကဇိဒ္ဓိတန်ခိုးသည် အလွန်တရာများပြား စွာ၏။ |
1,344,472 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာတန်ခိုး, ဘီလူးတန်ခိုး, အပါယ် ဘုံ၌ ဥပပတ်ပဋိသန္ဓေ တည်နေကြကုန်သော နဂါးတို့၏ နဂါးတန်ခိုး, ဥပပတ် ဂဠုန်တို့၏ ဂဠုန်တန်ခိုး, ပြိတ္တာဘုံ၌ အကျွမ်းဝင်ကုန်သော ဥပပတ် သတ္တဝါတို့၏ ပြိတ္တာတန်ခိုး ဤသို့လျှင် ကမ္မဝိပါကဇိဒ္ဓိသည် လွန်စွာ များပြားလှ၏။ |
1,344,473 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပပတ် မဟုတ်သော အချို့သောလူတို့မှာလည်း အပ္ပကနည်း အားဖြင့် ကမ္မဝိပါကဇိဒ္ဓိကို ရရှိကြကုန်သေး၏။ |
1,344,474 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤတန်ခိုးတို့တွင် ဗြဟ္မာတို့၏တန်ခိုးသည် အလွန်ကြီးကျယ်၏။ |
1,344,475 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဗြဟ္မိဒ္ဓိကို အမြွက်မျှပြဆိုဦးအံ့။ |
1,344,476 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဇျွိမ ပဏ္ဏာသ သင်္ခါရူပပတ္တိသုတ်၌-- |
1,344,477 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဟဿဗြဟ္မာ ဒွိသဟဿဗြဟ္မာ တိသဟဿဗြဟ္မာ စတု သဟဿဗြဟ္မာ ပဉ္စသဟဿဗြဟ္မာ ဒသသဟဿဗြဟ္မာဟူ၍ ဗြဟ္မာ တန်ခိုးများကို ဟောကြားတော်မူ၏။ |
1,344,478 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားရပ်၌ သဟဿဗြဟ္မာဆို သည်ကား စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို မိမိကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော အစွမ်းရှိသည့် ဗြဟ္မာပေတည်း။ |
1,344,479 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအတူ စကြဝဠာ နှစ်ထောင်ကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာသည် ဒွိသဟဿဗြဟ္မာမည်၏။ |
1,344,480 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လ။ စကြဝဠာတစ်သောင်းကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာသည် ဒသသဟဿ ဗြဟ္မာမည်၏။ |
1,344,481 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြဆိုခဲ့ပြီးသော ဗြဟ္မာတို့သည်ကား ပထမစျာန်ဘုံ၌ အကြီးအမှုး ဖြစ်သော မဟာဗြဟ္မာကြီးတို့ပေတည်း။ |
1,344,482 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အောက် အောက်ဘုံ၌ နေကြကုန်သော နတ်လူတို့သည် ထိုမဟာ ဗြဟ္မာကို အလုံးစုံသော လောကကိုဖန်ဆင်းနိုင်သည်၊ အလုံးစုံသော လောကကိုအစိုးရသည်၊ မအိုမသေ ထာဝရတည်နေသည်၊ လောကီလူ များကို ကယ်တင်နိုင်သည်ဟူ၍ မှတ်ထင်ကြကုန်၏။ |
1,344,483 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ စွဲလန်းမှတ် ထင်သည်ကို အစပြု၍ လောက၌ ဣဿရနိမ္မာန ထာဝရ အယူဝါဒတို့ ဖြစ်ထွန်းလာကုန်သည်။ |
1,344,484 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မူလ ပဏ္ဏာသ ပထမ သုတ္တန်-- |
1,344,485 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဗြဟ္မံ ဗြဟ္မတော သဉ္ဇာနာတိ” စသည်ဖြင့် ထိုဗြဟ္မာအကြောင်းကို ဟောကြားတော်မူသည်။ |
1,344,486 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပါဠိတော်၏ အဓိပ္ပါယ်မှာ နာမ်ရုပ်တရား တို့ကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိကြကုန်သောကြောင့် လူအများတို့ ခေါ်ဝေါ် ပြောဆိုကြသည့်အတိုင်း အမှတ်သညာအားဖြင့် ဗြဟ္မာကို ဗြဟ္မာဟူ၍သာလျှင် မှတ်ထင်ကြကုန်၏။ |
1,344,487 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * မဟာဗြဟ္မာသည် တင့်တယ်၏ဟူ၍ တဏှာ မညနာအား ဖြင့်လည်း မှတ်ထင်ကြကုန်၏။ |
1,344,488 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဤမဟာ ဗြဟ္မာသည် လောက၌ အမြတ်ဆုံးဖြစ်၏၊ ချီးမွှမ်း ထိုက်၏ဟူ၍ မာနမညနာအားဖြင့်လည်း မှတ်ထင်ကြ ကုန်၏။ |
1,344,489 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * မဟာဗြဟ္မာသည် ပျက်စီးခြင်းမရှိ အမြဲတည်၏၊ နိစ္စ ထာဝရအရှင်ဖြစ်၏ဟူ၍ ဒိဋ္ဌိမညနာ အားဖြင့်လည်း မှတ် ထင်ကြကုန်၏။ |
1,344,490 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဟာဗြဟ္မာ၌ ဤကဲ့သို့သော အဆင်းရှိ၏၊ ဤကဲ့သို့သော အရောင်အလင်းရှိ၏၊ ဤကဲ့သို့သော တန်ခိုးအဆင်းရှိ၏ ဟူ၍လည်း မှတ်ထင်ကြကုန်၏။ |
1,344,491 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောကကြီးသည် မဟာဗြဟ္မာကြီးကြောင့် ဖြစ်ပေါ်ရ၏၊ မဟာဗြဟ္မာကြီးသည် ဤလောကကို ဖန်ဆင်း၏ ဟူ၍မှတ် ထင်၏။ |
1,344,492 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဟာဗြဟ္မာသည် ငါတို့၏ အရှင်သခင်ဖြစ်၏၊ ငါတို့ကို အစိုးရ၏၊ ငါတို့၏ ကိုးကွယ်ရာ မှီခိုရာ ဖြစ်၏ဟူ၍ မှတ်ထင်၏။ |
1,344,493 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဟာဗြဟ္မာသည် တန်ခိုးကြီးလေစွတကား၊ မဟာဗြဟ္မာသည် အာနုဘော်အစွမ်းနှင့် ပြည့်စုံ လေစွတကား ဟူ၍နှစ်သက်၏။ |
1,344,494 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ မှတ်ထင် နှစ်သက်ခြင်းသည် ရုပ်နာမ်တရားတို့ကို ပရိညာ သုံးပါးတို့ဖြင့် ပိုင်းခြား၍ မသိနိုင်ခြင်းကြောင့်သာလျှင် ဖြစ်လေသည်။ |
1,344,495 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * စင်စစ်အားဖြင့်ဆိုသော် ဗြဟ္မာမည်သည်မရှိ၊ ရုပ်နာမ် တရားတို့သာ ရှိကုန်၏။ |
1,344,496 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ ဉာတပရိညာအားဖြင့်လည်း မသိချေ။ |
1,344,497 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ထိုရုပ်နာမ်တရားတို့သည် အတည်မမြဲ ဆင်းရဲ၍ အစိုးမရ သော တရားတို့သာ ဖြစ်ကုန်သောကြောင့် အနိစ္စ ဒုက္ခ အနတ္တ တို့သာတည်းဟူ၍လည်း တိရဏပရိညာအားဖြင့် မပိုင်းခြားနိုင်ကြကုန်။ |
1,344,498 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ထိုမဟာဗြဟ္မာနှင့် စပ်လျဉ်းသမျှသော တဏှာ မာန ဒိဋ္ဌိ တို့ကိုလည်း ပဟာနပရိညာဖြင့် မပယ်နိုင်ကြကုန်။ |
1,344,499 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ ပရိညာသုံးပါးဖြင့် မပိုင်းခြားနိုင်ခြင်းသည် ဗြဟ္မာဟူ၍ မှတ်ထင်ခြင်း, စွဲလမ်းခြင်းတို့၏ အကြောင်းရင်းကြီးပင် ဖြစ်လေသည်။ |
1,344,500 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ဗြဟ္မာတန်ခိုးနှင့် စပ်လျဉ်း၍ ပြဆိုသော စကားရပ်ပေ တည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.