id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,501
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နတ်တန်ခိုးအစရှိသည်တို့သည်မူကား ဒေဝတာသံယုတ်, ဒေဝပုတ္တ သံယုတ်, သက္ကသံယုတ်, ဗြဟ္မာသံယုတ်, ယက္ခသံယုတ်, နာဂသံယုတ်, သုပဏ္ဏသံယုတ်, လက္ခဏသံယုတ်, ပေတဝတ္ထုစသည်တို့၌ ထင်ရှား ကုန်၏။
1,344,502
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဥပပတ် သတ္တဝါတို့မည်သည် စိတ်ဆောင်တိုင်း သွားလာ လှည့်လည်နိုင်သော အစွမ်းရှိကြကုန်၏။
1,344,503
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စိတ်အဟုန်အားဖြင့် ကိုယ် ကာယကို ရွက်ဆောင်နိုင်ကြကုန်၏။
1,344,504
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့ထက်လည်း ပေါများ လှစွာ ကုန်၏။
1,344,505
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့သည် ထိုဥပပတ်ပုဂ္ဂိုလ်တို့ သွားလာကြစဉ် ကိုယ်ကာယကို လည်း မတွေ့ မမြင်နိုင်ကြကုန်။
1,344,506
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တန်ခိုးကြီးသော ရဟန်း ပုဏ္ဏားတို့နှင့် မန္တန်အတတ်၌ လေ့ကျက်တတ်ကျွမ်းသော ဝိဇ္ဇာဓိုရ်တို့ သာလျှင် သိနိုင် မြင်နိုင်ကြကုန်၏။
1,344,507
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် ကံအကျိုး၏ တန်ခိုး အစွမ်းဟုဆိုအပ်သော ဤကမ္မဝိပါကဇိဒ္ဓိသည် ပကတိသာမညဖြစ်သော လူသားတို့၏ အရာ မဟုတ်။
1,344,508
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုကမ္မဝိပါကဇိဒ္ဓိကို မကြံစည်ထိုက်။
1,344,509
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဓိပ္ပါယ်တစ်နည်းသော်ကား--
1,344,510
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္မဝိပါကဇိဒ္ဓိမည်သည် အလုံးစုံသော သတ္တဝါတို့နှင့် ဆက်ဆံ၏။
1,344,511
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယခု ပြဆိုလတ္တံ့သော ကမ္မဝိပါကဇိဒ္ဓိသည်ကား ယခင်ပြဆိုခဲ့သော ဥပပတ်ပုဂ္ဂိုလ်တို့၏ ကမ္မဝိပါကဇိဒ္ဓိတန်ခိုးကို ဆိုသည်မဟုတ်။
1,344,512
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကံအကျိုး ပေးပုံဆန်းကြယ်၍ တန်ခိုးဖြင့် ဖန်ဆင်းသကဲ့သို့ ဖြစ်ပုံကိုဆိုသည်။
1,344,513
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထင်စွာပြဦးအံ့--
1,344,514
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အလုံးစုံသော သတ္တဝါတို့သည် အစမထင်သော အနမတဂ္ဂ သံသရာပြင်၌ ကျင်လည်ကျက်စား ကြသောအခါ အောက်အဖို့အားဖြင့် အဝီစိ, အထက်အဖို့အားဖြင့် ဘဝဂ် ဤအတွင်းမှာ ကျင်လည်ကြရကုန်၏။
1,344,515
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝီစိနှင့် ဘဝဂ်အတွင်းမှာ ဘုံပေါင်း ၃၁-ဘုံရှိ၏။
1,344,516
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဘုံများသည် သတ္တဝါတို့၏ တည်းခိုရန် ဇရပ်ကြီးတွေကဲ့သို့ ဖြစ်ကုန်၏။
1,344,517
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါ တို့သည် ကံအားလျော်စွာ ကျင်လည်ကြရကုန်သည်ရှိသော် နတ်အဖြစ် သို့လည်း ရောက်ကုန်၏။
1,344,518
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။
1,344,519
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာ ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။
1,344,520
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှ အထက်၌ ဒုတိယစျာန်ဗြဟ္မာ တတိယစျာန်ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။
1,344,521
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှအထက် ဝေဟပ္ဖိုလ်ဗြဟ္မာအဖြစ် အသညသတ်ဗြဟ္မာအဖြစ်သို့လည်း ရောက် ကုန်၏။
1,344,522
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှအထက် အရူပဗြဟ္မာ အဖြစ်သို့လည်း ရောက်ကုန်၏။
1,344,523
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုဒ္ဓါဝါသဘုံသည်ကား အနာဂါမ်စသော အရိယာများ၏ နေထိုင်ရာ ဌာနဖြစ်သောကြောင့် သံသရာ၌ ကျင်လည်ကြသော ပုထုဇန်တို့နှင့် မသက်ဆိုင်ချေ။
1,344,524
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့ အထက်အထက် ဘုံတို့၌ ဖြစ်ကုန်သော်လည်း စိတ်မချရသေးဘဲ တစ်ဖန် အပါယ်ငရဲသို့ ကျရောက် ရပြန်ကုန်၏။
1,344,525
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့ ကမ္မဝိပါကတန်ခိုးဖြင့် မြေလျှိုး မိုးပျံ ကျင်လည် ကြရပုံသည် အလွန်ဆန်းကြယ်လှသောကြောင့် ထိုကံ၏အစွမ်းကို သာမန်လူသားတို့ ကြံစည်ခြင်းငှါ ထိုက်သောအရာမဟုတ်။
1,344,526
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယနေ့ပင်လျှင် တန်ခိုး အာနုဘော်ကြီးသော နတ်မင်းကြီး ဗြဟ္မာမင်ကြီးဖြစ်၍ ခမ်းနားစွာ ခံစား စံစား၍နေရ၏။
1,344,527
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နက်ဖြန်ကျလျှင် ခွေး ဝက် ကြက်ငှက်တိရစ္ဆာန်ဖြစ်နိုင်၏ ဟူ၍ ဆိုထိုက်၏။
1,344,528
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ ဖြစ်ရခြင်းမှာ ကံအကျိုးပေးပုံအစွမ်းက အစိန္တေယျကြီးဖြစ်၍ နေသောကြောင့် ထိုသို့ကျင်လည် ဆန်းကြယ်ပုံကို လူသာမန်တို့ မကြံစည်နိုင်ကုန်။
1,344,529
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အပါယ်ဘုံတွင် အကျုံးဝင်သော ပြိတ္တာဘုံ, တိရစ္ဆာန်ဘုံတို့၌ သတ္တဝါတို့၏ အထူးထူးအထွေအထွေ ဖြစ်နေကြပုံကို ဆင်ခြင်လျှင်သာ၍ပင် ကံအကျိုးပေးပုံဆန်းကြယ်၍ ကြံနိုင်ဖွယ်ရာ အကြောင်းမရှိသောအချက်တို့သည် ထင်ရှားကုန်၏။
1,344,530
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှ တစ်ပါးလည်း လူ တိရစ္ဆာန်တို့၏ကိုယ်၌ ရှေးကံအတွက် ကြောင့် ဖြစ်ပွား၍နေကြကုန်သော ကမ္မဇရုပ်တရားတို့သည် ရှိကုန်၏။
1,344,531
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုကမ္မဇရုပ်တို့သည် အစိန္တေယျ ရုပ်တို့သာတည်း။
1,344,532
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္မဇရုပ်တရားတို့ အကြွင်းမဲ့ ချုပ်ဆုံးကြကုန်သည်ရှိသော် သေလေပြီးသော ကိုယ်ကောင်ကို တစ်ဖန်ပြန်၍ ရှင်အောင်ပြုမည် ဟူ၍၎င်း, ချုပ်ဆုံးစုတေလေပြီးသော စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝတို့ကို တစ်ဖန်ပြန်၍ ရှင်အောင် ပြုမည်ဟူ၍၎င်း ကြံစည် အားထုတ်သော သူသည် ရူးသွပ် ဖောက်ပြန်ခြင်း သို့ ရောက်လေရာ၏။
1,344,533
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြောင်းမူကား ကံကြောင့်ဖြစ်သော ဣန္ဒြိယ ရုပ်တရားတို့သည် ပစ္စုပ္ပန်၌ဖြစ်သော လူတို့အစွမ်းနှင့်မဆိုင်ဘဲ ရှေးကံ၏ အရာသာဖြစ်သောကြောင့်တည်း။
1,344,534
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ပါးလည်း ကံ၏အစွမ်း ကြောင့် ဖြစ်ကုန်သော သတ္တဝါတို့၏သန္တာန်၌ ရုပ်နာမ်တို့၏ တည်ထောင် ဖြစ်ပွား၍ နေပုံသည်လည်း လွန်စွာဆန်းကြယ်၏။
1,344,535
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုံပန်းသဏ္ဌာန်နှင့် တကွ တည်ရာဌာနအားဖြင့် ထိုရုပ်နာမ်တို့၏ ဖြစ်နေပုံသည်လည်း သာမန် လူသားတို့ ကြံစည်ဆင်ခြင်နိုင်သော အရာမဟုတ်။
1,344,536
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘုရားတို့၏ ဉာဏ် တော်အရာသာဖြစ်လေသည်။
1,344,537
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် “ကမ္မဝိပါကော အစိန္တေယျော” ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူပေသတည်း။
1,344,538
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္မဝိပါက အစိန္တေယျပြီး၏။
1,344,539
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ လောကစိန္တာ အစိန္တေယျ
1,344,540
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာဝဂ္ဂသံယုတ် သစ္စာလေးပါးအခဏ်း၌--သဿတော လောကောတိဝါ အသဿတော လောကောတိဝါ။
1,344,541
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကကြီးသည်မြဲ၏၊ လောကကြီးသည် မမြဲစသည်ဖြင့် ဆယ်ပါး အပြားရှိသော ဒိဋ္ဌိစိန္တာကို လောကစိန္တာဟူ၍ ဆိုသည်။
1,344,542
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကျမ်း၌ဆို လတ္တံ့သော လောကစိန္တာသည် ဒိဋ္ဌိစိန္တာကိုဆိုလိုသည် မဟုတ်ဘဲ တန်ခိုးအဘိညာဏ်နှင့်ပြည့်စုံကုန်သော ရဟန်း ပုဏ္ဏားတို့သည်၎င်း, ထိုရဟန်း ပုဏ္ဏားတို့၏ သိဿာနုသိဿ တပည့်အစဉ်အဆက်တို့သည် ၎င်း, အဋ္ဌက ဝါမကစသော ရသေ့တို့သည်၎င်း ကြံစည်စီရင်အပ်ကုန် သော ရှေး၌ပြဆိုအပ်ပြီးသော ဝိဇ္ဇာဌာနနှင့် ထိုမှတစ်ပါးကုန်သော ဝေဒင်္ဂ မန္တင်္ဂတို့ကို...
1,344,543
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗေဒင် ဆေးဝါး မန္တရားတို့ကို လောကစိန္တာဟူ၍ ဆိုလိုသည်။
1,344,544
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝေဒင်္ဂဆိုသည်ကား- ရှေးအခါ ပုဏ္ဏား ရသေ့တို့သည် ဗေဒင် သုံးပုံတို့ကို အစွဲပြု၍ ထားအပ်ကုန်သော ဗေဒင်အဆောက်အဦဟူသမျှ တို့ကို ဆိုသည်။
1,344,545
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝေဇ္ဇင်္ဂဆိုသည်ကား- ဆေးအမျိုးမျိုးတို့ကို စီရင်သော အတတ် ပညာတို့ပေတည်း။
1,344,546
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မန္တင်္ဂဆိုသည်ကား- ပထဝီဇယ မန္တန် ဝေဒဗ္ဗမန္တန် စိန္တာမဏိမန္တန် စသော မန္တန်များပေတည်း။
1,344,547
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ပြင် သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်၌လာသော မနိကာဝိဇ္ဇာ ဂန္ဓာရီဝိဇ္ဇာများသည်လည်း လောကစိန္တာပင်မည်၏။
1,344,548
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မနိကာဝိဇ္ဇာဆိုသည်ကား- စေတောပရိယ အဘိညာဏ်ကဲ့သို့ သူတစ်ပါးတို့၏ စိတ်အကြံ အစည်ကိုသိသော ဝိဇ္ဇာအတတ်မျိုးပေတည်း။
1,344,549
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဂန္ဓာရီဝိဇ္ဇာဆိုသည်ကား-ဣဒ္ဓိဝိဓ အဘိညာဏ်ကဲ့သို့ ကောင်း ကင်သို့ပျံခြင်း, အမျိုးမျိုးဖန်ဆင်းနိုင်ခြင်းစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ပြီးစေနိုင်သော ဝိဇ္ဇာအတတ်ပေတည်း။
1,344,550
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဂန္ဓာရီဝိဇ္ဇာသည်
1,344,551
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ မူလဝိဇ္ဇာ,
1,344,552
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ မန္တဝိဇ္ဇာ,
1,344,553
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အင်္ကဝိဇ္ဇာ,
1,344,554
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဓာတုဝိဇ္ဇာ,
1,344,555
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စသည်ဖြင့် များသောအပြားရှိ၏။
1,344,556
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ထိုစကားရပ်၌ ဆေးမြစ်တို့ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် မူလဝိဇ္ဇာမည်၏။
1,344,557
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* မန္တရားတို့ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် မန္တဝိဇ္ဇာမည်၏၊
1,344,558
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* စမ္ပာနဝင်း သုံးကွက်အင်း, လေးကွက်အင်း, ငါးကွက် ခြောက်ကွက်ခုနစ်ကွက်အင်း, ရှစ်ကွက်အင်း, ကိုးကွက် အင်းစသော အင်းတို့၏တန်ခိုးဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် အင်္ကဝိဇ္ဇာမည်၏။
1,344,559
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(အင်းဝိဇ္ဇာ ဆိုလိုသည်။
1,344,560
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) * သံပြဒါးဓာတ် စသည်ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် ဓာတုဝိဇ္ဇာ မည်၏။
1,344,561
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(သံဝိဇ္ဇာ, ပြဒါးဝိဇ္ဇာဆိုလိုသည်။
1,344,562
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး၌--
1,344,563
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တတ္ထ ကတမာ ဝိဇ္ဇာ ဣဒ္ဓိမယာ ဝိဇ္ဇန္ဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ အာကာသေ အန္တလိက္ခေ ဟတ္ထိံပိ ဒေဿန္တိ၊ အဿံပိ ဒေဿန္တိ၊ ရထံပိ ဒေဿန္တိ၊ ပတ္တိံပိ ဒေဿန္တိ၊ ဝိဝိဓံပိ သေနာဗျူဟံ ဒေဿန္တိ။
1,344,564
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စသည်ဖြင့် အရှင်သာရိပုတ္တရာ မထေရ်ဟောကြားတော်မူသည်။
1,344,565
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တတ္ထ=ထိုစကားရပ်၌၊ ဝိဇ္ဇာ=ဝိဇ္ဇာဟူသည်၊ ကတမာ=အဘယ်နည်း၊ ဣဒ္ဓိမယာ=တန်ခိုးအစွမ်းဖြင့် ပြီးကြကုန်သော၊ ဝိဇ္ဇန္ဓရာ=ဝိဇ္ဇာဓိုရ်တို့သည်၊ ဝိဇ္ဇံ=အတတ်ကို၊ ပရိဇပ္ပေတွာ=ရွတ်ဖတ်နိုးကြား ကြကုန်၍၊ အန္တလိက္ခေ=ရေးခြစ်မထင်သော၊ အာကာသေ=ကောင်းကင် ပြင်၌၊ ဟတ္ထိံပိ=ဆင်တပ်ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြကုန်၏၊ အဿံပိ= မြင်းတပ်ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြ...
1,344,566
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပါဠိတော်ဖြင့် ဝိဇ္ဇာတန်ခိုးအစွမ်းကို ဟောတော်မူသည်။
1,344,567
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတတ်ပညာ အထူးကို ဝိဇ္ဇာဆိုသည်။
1,344,568
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုပညာကို ဆောင်သောပုဂ္ဂိုလ် ကို ဝိဇ္ဇာဓိုရ်ဟူ၍ဆိုသည်။
1,344,569
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဇ္ဈိမ ပဏ္ဏာသ ဥပါလိ သုတ္တန်၌လည်း
1,344,570
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တံ ကိံ မညသိ ဂဟပတိ၊ ပဟောတိ နုခေါ သော သမဏော ဝါ ဗြာဟ္မဏောဝါ ဣဒ္ဓိမာ စေတော ဝသီပတ္တော ဧကေန မနောပဒေါသေန ဣမံ နာဠန္ဒံ ဘသ္မံ ကာတုန္တိ။
1,344,571
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဟောတိ ဘန္တေ။
1,344,572
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ ဟောကြားတော်မူသည်။
1,344,573
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဂဟပတိ=ဥပါလိသူကြွယ်၊ တံ=ထိုပြောကြားလတ္တ့ သော အကြောင်းကို၊ ကိံ မညသိ=အသို့မှတ်ထင်သနည်း။
1,344,574
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဣဒ္ဓိမာ= လောကစိန္တာ ဝိဇ္ဇာတန်ခိုးနှင့်ပြည့်စုံသော၊ စေတောဝသီပတ္တော= စိတ်ကြံ တိုင်း ပြီးမြောက်သော၊ သမဏောဝါ=ရဟန်းသည်၎င်း၊ ဗြာဟ္မဏောဝါ= ပုဏ္ဏားသည်၎င်း၊ ဧကေနမနောပဒေါသေန=စိတ်တစ် ချက်ညှို့လိုက်ရုံ မျှနှင့်၊ ဣမံနာဠန္ဒံ=ဤနာဠန္ဒမြို့ကြီးကို၊ ဘသ္မံ ကာတုံ=ချက်ခြင်းပြာဖြစ်၍ သွားအောင်ပြုခြင်းငှါ၊ ပဟောတိနုခေါ=စွမ်းနိုင်ပါ မည်လော၊ ဣတိ...
1,344,575
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘန္တေ=အရှင်ဘုရား၊ ပဟောတိ= စွမ်းနိုင်ပါ၏၊ ဣတိ=ဤသို့ ဥပါလိသူကြွယ်က ဖြေကြားလျှောက်ထား လေ၏။
1,344,576
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပါဠိတော်၌ဆိုလိုရင်းအဓိပ္ပါယ်အချုပ်မှာလောကစိန္တာ ဝိဇ္ဇာတန်ခိုးနှင့်ပြည့်စုံ၍ စိတ်ကြံတိုင်းပြီးမြောက် အောင်မြင်သောပုဂ္ဂိုလ်သည် စိတ်တစ်ချက် ညှို့လိုက်ရုံမျှနှင့် နာဠန္ဒမြို့ ကြီးတစ်ခုလုံးကို ဖွဲပြာဖြစ်အောင်စွမ်းနိုင်၏ဟု ဆိုလိုရင်းဖြစ်သည်။
1,344,577
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပါဠိတော်ဖြင့် လောကစိန္တာ ဝိဇ္ဇာတန်ခိုး အစွမ်းသည် ဤမျှလောက် ကြီးကျယ်ကြောင်းကိုပြတော်မူ၏။
1,344,578
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပြဆိုအပ်ပြီးသောလောကစိန္တာသည် သာမညလူသားတို့၏ ကြံစည်နိုင်သော အရာမဟုတ်၊ လောကစိန္တာလမ်း တွင် ဆုံးခန်းတိုင်မြောက် ပေါက်ရောက်အောင်မြင်သော ပုဂ္ဂိုလ်၏အရာ သာလျှင် ဖြစ်လေသည်။
1,344,579
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကစိန္တာသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ အစွမ်းသတ္တိနှင့် ပြည့်စုံကြောင်း, ဤမျှလောက် တန်ခိုးရှိကြောင်း ကို သာမန်လူသားတို့ မကြံစည်ထိုက်ချေ၊ ကြံစည်လျှင် စိတ်ပင်ပန်းရုံမျှသာ ဖြစ်လေရာ၏။
1,344,580
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား လောကစိန္တာနှင့် စပ်၍ဆိုသောစကားရပ်ပေတည်း။
1,344,581
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအစိန္တေယျကြီး လေးပါးတို့တွင် ဗုဒ္ဓဝိသယသည် အကြီးကျယ် ဆုံး အမြတ်ဆုံးဖြစ်၏။
1,344,582
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့အောက်ဣဒ္ဓိဝိသယ ကြီးကျယ်၏။
1,344,583
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့အောက် ကမ္မဝိပါကဇိဒ္ဓိ ကြီးကျယ်၏။
1,344,584
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္မဝိပါကဇိဒ္ဓိနှင့်ပြည့်စုံကုန် သော အထက်နတြ်ပည်၌ ဥပပတ်ဖြစ်ကြသည့် နတ်မင်းတို့သည်၎င်း, လောကကိုအစိုးရသည့် လောကအရှင်ဖြစ်သည်ဟူ၍ မှတ်ထင်လျက် ရှိနေကြကုန်သောဗြဟ္မာတို့သည်၎င်း ဤလူ့ပြည်၌ ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၏ ခြေရင်းအလုပ်အကျွေးတို့သာ ဖြစ်ကုန်၏။
1,344,585
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိ့ုအတူ နတ်ပြည်ခြောက်ထပ်၌ ရှိကြကုန်သော ကမ္မဝိပါကဇိဒ္ဓိနှင့် ပြည့်စုံကြသည့် နတ်တို့သည်လည်း တန်ခိုးအရာ၌သိဒ္ဓိ ပေါက်၍ ဝသီဘော်မြောက်ကြကုန်သော သာသနာပ ဗာဟိရက ရသေ့ ရဟန်းတို့၏ ခြေရင်းအလုပ် အကျွေးတို့သာ ဖြစ်ကုန်၏။
1,344,586
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဘယ်ကြောင့်နည်းဆိုလျှင် ကမ္မဝိပါကဇိဒ္ဓိမည်သည် အပါယ်ဘုံသားတို့မှာသော်လည်း ပြည့်စုံနိုင်၏။
1,344,587
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုကမ္မဝိပါကဇိဒ္ဓိနှင့်ပြည့်စုံသော အပါယ်ဘုံသားတို့သည် ပစ္စုပ္ပန်၌ ကြိုး စားအားထုတ်၍ ပွါးများအပ်ကုန်သော သီလသမာဓိပညာဂုဏ်တို့နှင့် ပြည့်စုံကြမည် မဟုတ်ကြကုန်။
1,344,588
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအကြာင်းကို ထောက်သဖြင့်--
1,344,589
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္မဝိပါကဇိဒ္ဓိသည်ဣဒ္ဓိဝိသယ၏ အောက်သို့ နိမ့်ကျ၏။
1,344,590
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဣဒ္ဓိဝိသယသည်ဗုဒ္ဓဝိသယ၏ အောက်သို့ နိမ့်ကျသည် ဟူ၍ သိသာလေသည်။
1,344,591
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကစိန္တာသည်ကား လွန်စွာဆန်းကြယ်၏ ထိုလောကစိန္တာ ဝိဇ္ဇာအရာ၌ ကမ်းဆုံးတိုင်ရောက် သိဒ္ဓိမြောက်ကြ ကုန်သော ဂန္ဓာရီဝိဇ္ဇာဓိုရ်တို့မည်သည် ရှိကုန်၏။
1,344,592
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အောက်၌ဖြစ်ကုန်သော အချို့ဘုမ္မစိုးနတ် အချို့ရုက္ခစိုးနတ်တို့သည်၎င်း၊ အလုံးစုံသော ဘီလူး သူရဲသံဘက် ရက္ခိုသ်တို့သည်၎င်း ထိုဂန္တာရီ ဝိဇ္ဇာဓိုရ်တို့၏ အစေခံတို့သာ ဖြစ်ကုန်၏။
1,344,593
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤလောက၌ အစွမ်းသတ္တိ တန်ခိုးအာနုဘော်နှင့် ပြည့်စုံ ကုန်သော မန္တရားတို့သည် ရှိကုန်၏။
1,344,594
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမန္တရားတို့သည် ပြဆိုခဲ့ပြီး သော အောက်နတ်တို့နှင့် ဘီလူးရက္ခိုသ်တို့ကို နှိမ်နင်းခြင်းငှါ ဖြစ်ကုန်၏။
1,344,595
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမန္တန် တို့ဖြင့် နှိမ်နင်းနိုင်ကုန်၏။
1,344,596
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောက၌ ထိုမန္တန်အစွမ်းကိုတတ်၍ အောက်နတ်တို့နှင့် ဘီလူး ရက္ခိုသ်တို့ကို နိုင်နင်း သောသူတို့သည် ဤတိုင်း နိုင်ငံမှာသော်လည်း တစ်ရံတစ်ခါ ပေါ်ပေါက်လာကြကုန်၏။
1,344,597
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသူတို့သည် ဆိတ်ငြိမ် သော တော,တောင်ဌာနသို့ဝင်၍ ရှည်မြင့်စွာသော နေ့ညဉ့်ရက်လတို့ ပတ်လုံး မန္တရားတို့၌ လေ့ကျက်အားထုတ်၍ အစီအရင်ရှိသည့်အတိုင်း ပြု လုပ်ကြိုးစားကြကုန်၍ သိဒ္ဓိမြောက်ကြလေကုန်၏။
1,344,598
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သိဒ္ဓိပေါက်မြောက် ကြကုန်သောအခါ လူတို့နေထိုင်ရာ ရွာနိဂုံးတို့၌ လှည့်လည်ကြကုန်၍ သူနာတို့ကို ခဏချင်းပျောက်ကင်း ချမ်းသာစေနိုင်ကြကုန်၏။
1,344,599
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ပါး များပြား ဆန်းကြယ်သော အံ့ဖွယ်သရဲတို့ကိုလည်း ပြကြလေကုန်၏။
1,344,600
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူအပေါင်းတို့အား ထိုထိုအံ့ဖွယ်သရဲတို့ကို ပြောကြားကြကုန်၏။