id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,344,601 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင် တိုင်းနိုင်ငံ မြို့ရွာဇနပုဒ်တို့၌ လောကစိန္တာမှတစ်ပါးသော အစိန္တေယျတို့ကို မသိကြလေကုန်။ |
1,344,602 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုတိုင်းနိုင်ငံ မြို့ရွာ ဇနပုဒ်တို့၌ ဤလောကစိန္တာမျှကို ဘုရားဉာဏ်တော်အရာကဲ့သို့ မှတ်ထင်ယုံကြည်ကြ ကုန်၏။ |
1,344,603 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောကစိန္တာလမ်းသို့ ပေါက်ရောက်သောသူများကို ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်တတ်ကြကုန်၏။ |
1,344,604 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အချို့သောသူတို့သည်လည်း သားငါးတိရစ္ဆာန်တို့ကို သတ်ဖြတ်၍ ကမ္မဝိပါကဇိဒ္ဓိအစွမ်းဖြင့် တန်ခိုးကြီးကုန်သော သူရဲသံဘက်ကြီးတို့ကို အမြဲနိစ္စပတ် ကျွေးမွေးကြကုန်၏။ |
1,344,605 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယဇ်နတ်ပူဇော်မှုကို ပြုကြကုန်၏။ |
1,344,606 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ကျွေးမွေးခြင်းဖြင့် သူရဲသံဘက်တို့ကို မိမိအလိုသို့လိုက်အောင် သွေးဆောငြ်ကကုန်၏။ |
1,344,607 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသူရဲသံဘက်တို့သည်လည်း နိစ္စပတ်ကျွေးမွေး သော သူ၏အလိုသို့ လိုက်ပါတတ်ကြကုန်၏။ |
1,344,608 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသူတို့စေခိုင်းတိုင်း ပြုလုပ် တတ်ကြကုန်၏။ |
1,344,609 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အံ့ဖွယ်သရဲတို့ကို ပြုကြကုန်၏။ |
1,344,610 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမြို့ရွာ ဇနပုဒ်တို့၌ ဗဟုသုတနည်းပါးသောသူတို့သည် သူရဲ,သံဘက်တို့၏ ကမ္မဝိပါကဇိဒ္ဓိမျှကို ဘုရားအရာကဲ့သို့ ယုံကြည် မြတ်နိုးကြလေကုန်၏။ |
1,344,611 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သူရဲသံဘက်ကိုမွေး၍ အဆန်းတကြယ် အံ့ဖွယ်သရဲပြုလုပ် ခိုင်းစေနိုင်သောသူကိုပင် ဘုရား ကဲ့သို့မှတ်ထင် ရိုသေကြလေကုန်၏။ |
1,344,612 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အစိန္တေယျကြီးလေးပါး ပြီး၏။ |
1,344,613 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သစ္စာ ၂-ပါး |
1,344,614 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဖောက်မပြန် မှန်ကန်သည်ကို သစ္စာဟူ၍ဆိုသည်။ |
1,344,615 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသစ္စာသည်... |
1,344,616 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ပရမတ္ထသစ္စာ, |
1,344,617 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သမ္မုတိသစ္စာ-- သမ္မုတိသစ္စာဆိုသည်ကား လောကီလူများ အပေါင်းတို့ သမုတ်အပ်သောအတိုင်း လောကအခေါ်အဝေါ် ဝေါဟာရ အားဖြင့်ပြီးစီးမှန်ကန်သော သစ္စာပေတည်း။ |
1,344,618 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတ္တ ဇီဝ ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမ ဦးခေါင်း ကိုယ် လက် ခြေ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုးအစရှိသော ပုဂ္ဂိုလ် သတ္တဝါတို့၏သဏ္ဌာန်နှင့်ဆိုင်သော အခေါ်အဝေါ် ပညတ်ချက်တို့ သည်၎င်း, သတ္တဝါတို့၏ကိုယ်သဏ္ဌာန်မှအပ၌ သစ်ပင် နွယ်ချုံ အိမ် ကျောင်း ညောင်စောင်း အင်းပျဉ် တောတောင် သမုဒ္ဒရာစသော ခေါ်ဝေါ်ပညတ် ချက်... |
1,344,619 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုလောကသမ္မုတိ အမည်တို့၏ အနက်ဒြဗ်တို့သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရကောင်း သော တရားတို့မဟုတ်ကုန်။ |
1,344,620 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဏ္ဌာနပညတ် သန္တတိပညတ်မျှတို့သာဖြစ် ကုန်၏၊ ထိုလောကသမ္မုတိအမည်တို့နှင့် အနက်ဒြဗ်တို့သည်လည်း လောကသမ္မုတိမျှသာဖြစ်၍ စင်စစ်အားဖြင့် သဘာဝဓမ္မများကို မရ ကောင်း၊ ပညတ်မျှတို့သာတည်း၊ ထိုပညတ်မျှသည်ပင်လျှင် လောက သမ္မုတိ မည်လေသည်။ |
1,344,621 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာကား မိန်းမမြုံ၏သား ဟူသောစကားသည်ရှိ၏၊ စင်စစ်မိန်းမမြုံ၏ သားရှိပါသလောဆိုလျှင် မုချမရှိလေသကဲ့သို့တည်း။ |
1,344,622 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ထိုသို့ဖြစ်လျှင် လောကသမ္မုတိအားဖြင့် ပြီးစီးသော အရာကို အဘယ်ကြောင့် သစ္စာဆိုသနည်း။ |
1,344,623 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ သတ္တဝါရှိ၏ ပုဂ္ဂိုလ်ရှိ၏ လူရှိ၏ ယောကျ်ားရှိ၏ မိန်းမရှိ၏ နတ်ရှိ၏ သစ်ပင်ရှိ၏ တောတောင်ရှိ၏စသည်ဖြင့် လောကီလူတို့ ခေါ်ဝေါ်ပြောဆိုကြမြဲအတိုင်းသုံးစွဲခေါ်ဝေါ် ပြောဆိုလျှင် မုသာဝါဒ မဖြစ်။ |
1,344,624 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမှန်ကိုသာ ပြောဆိုသည် မည်သောကြောင့် သစ္စာမည်သည်။ |
1,344,625 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြောဆိုသောပုဂ္ဂိုလ်သည်လည်း သစ္စာဝါဒီမည်၏။ |
1,344,626 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဘယ့်ကြောင့်နည်းဆိုသော် ထိုသို့ပြောဆို ခြင်းအားဖြင့် တစ်စုံ တစ်ယောက်သောသူအား ပျက်ပြား ချွတ်ယွင်းခြင်းကို မဖြစ်စေတတ် သောကြောင့်တည်း။ |
1,344,627 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စာကို ပြောဆိုသောအခါ ပရမတ္ထဘက်သို့ မလှည့်ဘဲ လောကီလူတို့ အပြောအဆို အခေါ်အဝေါ်အမှတ်အထင် အားဖြင့်သာလျှင် ပြောကြားရာ၏။ |
1,344,628 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသမ္မုတိသစ္စာသည် သူ့ဆိုင်ရာဌာန၌ များစွာအကျိုးရှိ၏၊ ဗောဓိလောင်းဟူသမျှတို့သည် ထိုသမ္မုတိသစ္စာကို လက်ကိုင်ပြုသဖြင့် သာလျှင် ဗောဓိဆုကိုဖြည့်ဆည်းပူးတော်မူကြရကုန်၏၊ လောကသမ္မုတိ အစွမ်းကြီးကျယ်စွာနှင့် မှန်ကန်ပုံမှာ အမိအဖနှင့် အခြားသူများသည် လူ့ဘုံသားချင်းချင်းတူကြ၏၊ အမိ အဖဟူ၍ လောကသမ္မုတိ ပညတ်ချက် ရှိလေသောကြောင့် အခြားသောသူက... |
1,344,629 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကုသိုလ်တရား ကုသိုလ်တရားတို့၌ သမ္မုတိသစ္စာနှင့်ဖြန့်၍ နှံ့စပ် အောင်ကြည့်လေ။ |
1,344,630 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စာပြီးပြီ။ |
1,344,631 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ပရမတ္ထ သစ္စာ |
1,344,632 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘောအားဖြင့် ထင်ရှားပြီးသောသစ္စာသည် ပရမတ္ထသစ္စာမည်၏၊ မေး။ |
1,344,633 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသစ္စာဟူသည် အဘယ်ကိုခေါ်သနည်း။ |
1,344,634 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားများကို ပရမတ္ထဆိုသည်။ |
1,344,635 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားတို့ကား စိတ် စေတသိက် ရုပ် နိဗ္ဗာန် ခန္ဓာ အာယတနဓာတ်တို့ပေတည်း။ |
1,344,636 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုတရား အပေါင်းတို့သည် ပညတ်မျှမဟုတ်ဘဲ သဘောအားဖြင့် ထင်ရှားရှိသော ကြောင့်၎င်း, ထိုထက်လွန်ကဲ၍ နူးညံ့သိမ်မွေ့ နက်နဲသော သဘောမရှိ သောကြောင့်၎င်း ပရမတ္ထမည်သည်။ |
1,344,637 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘာဝတော ဝိဇ္ဇမာနဋ္ဌေန တတော ဥတ္တရိ တရဿ အတ္ထဿ အဘာဝတော ပရမတ္ထောနာမ။ |
1,344,638 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘာဝတော=သဘောအားဖြင့်၊ ဝိဇ္ဇမာနဋ္ဌေန=ထင်ရှားရှိသော အနက်ကြောင့်၎င်း၊ တတော=ထိုတရားထက်၊ ဥတ္တရိတရဿ=ကဲလွန်နက်နဲသော၊ အတ္ထဿ=သဘာဝတရားမျိုး၏၊ အဘာဝတော=မရှိခြင်းကြောင့်၎င်း၊ ပရမတ္ထောနာမ=ပရမတ္ထမည်၏။ |
1,344,639 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ပရမတ္ထအားဖြင့် ပြီးစီးသော သစ္စာကား အဘယ်နည်း။ |
1,344,640 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အာရုံကိုကြံတတ် သိတတ်သော စိတ်ရှိ၏၊ တွေ့ထိတတ် သော ဖဿရှိ၏၊ ခံစားတတ်သော ဝေဒနာရှိ၏၊ခက်မာသော ပထဝီရှိ ၏၊ ဖွဲ့စေးခြင်း အာပေါရှိ၏၊ ချုပ်ငြိမ်းခြင်း နိဗ္ဗာန်ရှိ၏၊ ဤသို့စသည်ဖြင့် တရား သဘောရှိတိုင်း ပြောဆိုသည်ရှိသော် မှန်ကန် ခြင်းသို့ရောက်၏၊ ဤသို့စသည်ဖြင့်ဆိုသော ပုဂ္ဂိုလ်လည်း သစ္စာဝါဒီမည်၏၊ ပြောဆို သော စကားသည်လည်း သစ္စာစကားဖြ... |
1,344,641 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဘယ်ကြောင့်နည်းဟူမူ သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိ ဝိပလ္လာသတို့နှင့် မစပ်ယှက် သက်သက်မှန်ကန်သော သဘောဖြစ်လေ သောကြောင့်တည်း။ |
1,344,642 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ပရမတ္ထသစ္စာကိုပြသော စကားရပ်ပေတည်း။ |
1,344,643 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စာသည် မဟုတ်မမှန်ပြောခြင်းတည်းဟူသော မုသာဝါဒနှင့်ဆန့်ကျင်ဖက်ဖြစ်၏။ |
1,344,644 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသစ္စာသည် ဖောက်ပြန်ထင်မှားခြင်း တည်းဟူသော ဝိပလ္လာသတရားနှင့် ဆန့်ကျင်ဖက်ဖြစ်၏။ |
1,344,645 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စံ မုသာဝါဒ ပဋိပက္ခံ။ |
1,344,646 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသစ္စံ ဝိပလ္လာသ ပဋိပက္ခံ။ |
1,344,647 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စံ=သမ္မုတိသစ္စာသည်၊ မုသာဝါဒ ပဋိပက္ခံ=မုသာဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ပရမတ္ထသစ္စံ=ပရမတ္ထသစ္စာသည်၊ ဝိပလ္လာသ ပဋိပက္ခံ=ဝိပလ္လာသနှင့် ဆန့်ကျင်ဖက်ဖြစ်၏။ |
1,344,648 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားကို ထင်စွာပြဦးအံ့ |
1,344,649 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘောအားဖြင့် မှန်သည်ဖြစ်စေ, မမှန်သည်ဖြစ်စေ, မိစ္ဆာဒိဋ္ဌိ အရာပင်ဖြစ်စေ, သမ္မာဒိဋ္ဌိ အရာပင်ဖြစ်စေ သမ္မုတိသစ္စာ ဘက်ကနေ၍ အတ္တရှိ၏ ဇီဝရှိ၏ ပုဂ္ဂိုလ်ရှိ၏ သတ္တဝါရှိ၏ ယောကျ်ားရှိ၏ မိန်းမရှိ၏ ဤသို့စသည်ဖြင့် ပြောဆိုသောသူအား မုသာဝါဒမဖြစ်နိုင်၊ အဘယ် ကြောင့်နည်းဆိုသော် တစ်စုံတစ်ယောက်သော သူကိုမျှ လိမ်လည်လှည့် ပတ်၍ပြောခြင်း မဟုတ်သောက... |
1,344,650 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသမ္မုတိသစ္စာအားဖြင့် ပြောကြားသည်ရှိသော် ဖောက်ပြန်ထင်မှားခြင်း ဝိပလ္လာသမူကားဖြစ်၏၊ အဘယ်ကြောင့်နည်းဆိုသော် အတ္တမဟုတ်သောတရားတို့ကို အတ္တ စသည်ဖြင့်စွဲလမ်း၍ ပြောဆိုခြင်းကြောင့်တည်း။ |
1,344,651 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသစ္စာ ဘက်၌ တည်၍ အတ္တမရှိ ဇီဝမရှိ ပုဂ္ဂိုလ်မရှိ သတ္တဝါမရှိ ယောကျ်ားမရှိ မိန်းမမရှိ သဘာဝဓမ္မတို့သာရှိကုန်၏၊ ထိုသဘာဝဓမ္မတို့သည် အတ္တ မဟုတ်ကုန်၊ အနတ္တတို့သာလျှင်တည်းဟူ၍ ပြောဆိုသည်ရှိသော် မုသာ ဝါဒလည်း မဖြစ်နိုင်။ |
1,344,652 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိပလ္လာသလည်း မဖြစ်နိုင်။ |
1,344,653 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မှားယွင်းဘောက်ပြန်သည်ကို ဝိပလ္လာသ ဆိုသည်။ |
1,344,654 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဝိပရိတတော အသနံ ဥပဂမနံ ဝိပလ္လာသော” |
1,344,655 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိပရိတတော=မှားယွင်းသောအားဖြင့်၊ အသနံ ဥပဂမနံ=ကပ် ရောက်ခြင်းသည်၊ ဝိပလ္လာသော=ဝိပလ္လာသမည်၏။ |
1,344,656 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အနိစ္စကို နိစ္စ, ဒုက္ခကို သုခ, အနတ္တကို အတ္တ, အသုဘကို သုဘ ဟူ၍ ဖောက်ပြန်ထင်မှားခြင်း ဝိပလ္လာသ တရားလေးပါးရှိသည်။ |
1,344,657 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိပလ္လာသလေးပါးကို သညာ, စိတ္တ, ဒိဋ္ဌိသုံးပါးနှင့် မြှောက်ပွား သည်ရှိသော် ဝိပလ္လာသတရား ၁၂-ပါးဖြစ်၏။ |
1,344,658 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမှတ်အထင် ဖောက်ပြန်မှုကို သညာ ဝိပလ္လာသဆိုသည်။ |
1,344,659 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အသိအကြံ ဖောက်ပြန်မှုကို စိတ္တ ဝိပလ္လာသ ဆိုသည်။ |
1,344,660 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမြင်အယူ ဖောက်ပြန်မှုကို ဒိဋ္ဌိ ဝိပလ္လာသ ဆိုသည်။ |
1,344,661 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရုပ် နာမ် တရားတို့၌ အမှတ်သညာ၏ ဖောက်ပြန်ခြင်း, အသိ အကြံ၏ ဖောက်ပြန်ခြင်း, အမြင်အယူ၏ ဖောက်ပြန်ခြင်းများ ဆိုလိုသည်။ |
1,344,662 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသက်သက်မျှသာဖြစ်သော ရုပ်နာမ်တရားတို့ကို သတ္တဝါ ဟူ၍၎င်း, ပုဂ္ဂိုလ်ဟူ၍၎င်း မှတ်ထင်စွဲလမ်း၍ ယူသည် ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူစွဲလမ်းသည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် သတ္တဝါပုဂ္ဂိုလ်ဟူသည် ပညတ်မျှသာဖြစ်၏၊ စင်စစ်ရှိသော တရားမျိုး မဟုတ်၊ စင်စစ်ထင်ရှားမရှိသော ပညတ်တရားမှာ ပျက်စီးချုပ် ကွယ်ခြင်း သဘောမရှိ၊ ပုဂ္ဂိုလ်သတ္တဝါတ... |
1,344,663 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကြောင့် နာမ် ရုပ်တရားကို ပုဂ္ဂိုလ် သတ္တဝါဟူ၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူဖောက်ပြန်သည် မည်လေ၏၊ နာမ်ရုပ်တရားသည် မြဲသော သဘောမရှိ၍ အနိစ္စဖြစ်၏၊ ခဏခဏဖြစ်၍ ခဏခဏ ပျက်စီးတတ်၏၊ သတ္တဝါမှာ ထိုသို့သဘောမရှိ၊ သို့ဖြစ်၍ နာမ်ရုပ်တို့ကို သတ္တဝါဟု မှတ်ယူ သောအခါ သဘောချင်း ကန့်လန့်ဆန့်ကျင်၍ ဝိပလ္လာသမည်လေသည်။ |
1,344,664 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခသစ္စာတွင် အကျုံးဝင်၍ ဖြစ်ပျက်ခြင်းတိ့ုဖြင့် နှိပ်စက် အပ်သော ကြောင့် ချမ်းသာမဖက် သက်သက်ဒုက္ခအတိသာ ဖြစ်သော ရုပ်နာမ် တို့ကို ချစ်ခင်ဖွယ်, နှစ်သက်ဖွယ်, သာယာမြတ်နိုးဖွယ်း, ချမ်းသာဖွယ် ဟူ၍ မှတ်ယူစွဲလမ်းသည်ရှိသော် ဒုက္ခ၌သုခဟူ၍ မှတ်ယူဖောက်ပြန် သည်မည်၏၊ အသုဘ၌ သုဘဟူ၍ မှတ်ယူ ဖောက်ပြန်သည်လည်း မည်၏၊ သတ္တဝါမည်သည် ပညတ်မျှသာရှိ၏၊... |
1,344,665 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ယောကျ်ားသည် မျက်စိဖြင့် အဆင်းကိုမြင်၏” ဟူသောစကား၌ မြင်ခြင်းမည်သည်ကား စက္ခုဝိညာဏ်စိတ် ပင်လျှင်တည်း။ |
1,344,666 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစက္ခု ဝိညာဏ်စိတ်သည် အဆင်းကိုအာရုံပြု၏၊ အဆင်းမည်သည်လည်း ဝဏ္ဏာယတနခေါ်သော ရူပါရုံ ဓာတ်တရားဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်ကမြင်သည်မဟုတ်။ |
1,344,667 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဆင်းကိုမြင်ပြီးသော အခါတစ်ဖန် မနောဝိညာဏ်စိတ်တို့ဖြင့် သတ္တဝါဟူ၍မှတ်ထင်၏၊ ယောကျ်ားဟူ၍ မိန်းမဟူ၍ ဦးခေါင်းဟူ၍ မျက်နှာဟူ၍ ခြေလက်အင်္ဂါ ဟူ၍ မှတ်ထင်၏၊ သစ်ပင်ဟူ၍ ရထားဟူ၍ အိမ်ဟူ၍ ကျောင်းဟူ၍ မှတ်ထင်၏၊ ဤသို့ဖြစ်ရခြင်းကား မြင်ခြင်းဒဿနလျှင် အကြောင်း ရင်းရှိသော စိတ္တဝိပလ္လာသမျိုးပေတည်း။ |
1,344,668 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကြားခြင်းသဝန, နံခြင်း ဃာယန, လျက်ခြင်းသာယန, တွေ့ထိခြင်းဖုသနလျှင် အရင်းရှိသော စိတ္တဝိပလ္လာသ တို့၌လည်း ထိုနည်းအတူပင်တည်း။ |
1,344,669 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်လျှင် အရင်းရှိသော စိတ္တ ဝိပလ္လာသသည်ကား လွန်စွာအရာကျယ်၏။ |
1,344,670 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား စိတ္တဝိပလ္လာသမှုပေတည်း။ |
1,344,671 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်သို့သော အခြင်းအရာအားဖြင့် မနောဝိညာဏ်စိတ်က မှတ် ၍ထား၏၊ ထိုသို့သော အခြင်းအရာအားဖြင့် သညာက မြဲစွဲစေ၏၊ နောက် အခါ၌ မေ့လျော့ခြင်း ပျက်စီးခြင်းကို မဖြစ်စေ။ |
1,344,672 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား သညာဝိပလ္လာသမှုပေတည်း။ |
1,344,673 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုထိုသို့သော အခြင်းအရာအားဖြင့် သညာက အမြဲအစွဲ မှတ်၍ ထားအပ်ကုန်သော သတ္တဝါ ပုဂ္ဂိုလ် စသည်တို့၌ အတ္တရှိ၏၊ ဇီဝရှိ၏၊ ထိုအတ္တဇီဝသည် ဤသို့သဘောရှိ၏၊ ဤသို့အခြင်းအရာရှိ၏ စသည်ဖြင့် ဒိဋ္ဌိက ကြံစည်၏။ |
1,344,674 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ဒိဋ္ဌိဝိပလ္လာသမှုပေတည်း။ |
1,344,675 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သုတ္တန်တို့၌မူကား သညာဝိပလ္လာသက သတ္တဝါ၌ ထင်ရှားသော ကြောင့် ထိုသညာဝိပလ္လာသကို ရှေးဦးစွာ ဟောကြားတော်မူသည်။ |
1,344,676 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ရာတွင် ထိုသညာဝိပလ္လာသသည် ဒိဋ္ဌိ၏နောက်သို့ပင် အစဉ်လိုက် လျက်ရှိလေသေး၏။ |
1,344,677 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဝိပလ္လာသ တရားတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်းရှိကြ ကုန်၏၊ အဝိဇ္ဇာကြောင့်ဖြစ်ကုန်၏၊ သစ္စာလေးတန်ကို မှန်သောအတိုင်း မသိမှုကြောင့် အဖောက်ဖောက်အပြန်ပြန် ဝိပလ္လာသတရားတွေ ဖြစ်၍ နေသည်၊ ထိုဝိပလ္လာသတို့တွင် သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ နှစ်ပါး တို့ကို လောကီကုသိုလ် စိတ္တုပ္ပါဒ်တို့၌လည်း ရအပ်ကုန်၏၊ထိုဝိပလ္လာသ တရားတို့ကြောင့် တ... |
1,344,678 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သစ္စာနှစ်ပါးပြီး၏။ |
1,344,679 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောကသုံးပါး |
1,344,680 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဩကာသလောက, |
1,344,681 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ သင်္ခါရလောက, |
1,344,682 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သတ္တလောက, |
1,344,683 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အနိစ္စဘူတေန လုဇ္ဇတီတိ လောကော” |
1,344,684 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အနိစ္စဘူတေန=အမြဲထာဝရ တည်နေတတ်သည့် သဘောမရှိ သောကြောင့်၊ လုဇ္ဇတိ=ပျက်စီးတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ လောကော=လောကမည်၏။ |
1,344,685 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမြဲတည်လေ့မရှိ ပျက်စီးတတ်သောကြောင့် လောကမည်၏ ဆိုလိုသည်။ |
1,344,686 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဩကာသလောက |
1,344,687 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဟာပထဝီမြေကြီး, မဟာသမုဒ္ဒရာအပြင် ပတ်ဝန်းကျင်၌ စကြဝဠာတောင်, အလယ်၌မြင့်မိုရ်တောင်, ထိုမြင့်မိုရ်တောင်၏ အပြင် ပ၌ အသီးအသီး သီတာ သမုဒ္ဒရာခုနစ်တန်ဖြင့် ဝန်းရံအပ်ကုန်သော သတ္တရဘန်တောင်စဉ်ခုနစ်ထပ်, ထိုမှ ပြင်ပ၌ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ်များစွာတို့သည်၎င်း, အထက်နတ်ပြည် ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ် တို့သည်၎င်း တစ်ခုသေ... |
1,344,688 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဩကာသလောကနှင့် စပ်လျဉ်း၍ တိကင်္ဂုတ္တရပါဠိတော် အာနန္ဒဝဂ်၌ |
1,344,689 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ စူဠသဟဿီ လောကဓာတ်, |
1,344,690 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ မဇ္ဈိမသဟဿီ လောကဓာတ်, |
1,344,691 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ မဟာသဟဿီ လောကဓာတ်, |
1,344,692 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ လောကဓာတ်သုံးပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။ |
1,344,693 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသုံးပါးတို့တွင် စကြဝဠာတစ်ထောင်သည် စူဠသဟဿီ လောကဓာတ်မည်၏။ |
1,344,694 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကြဝဠာတစ်ထောင်ကို တစ်ထောင်ဖြင့် မြှောက်၍ စကြဝဠာတိုက်ပေါင်းတစ်သန်းသည် မဇ္ဈိမသဟဿီ လောကဓာတ် မည်၏။ |
1,344,695 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကြဝဠာ တစ်သန်းကို တစ်သန်းဖြင့်မြှောက်၍ စကြ ဝဠာ တိုက်ပေါင်း ကုဋေတစ်သိန်းသည် မဟာသဟဿီ လောက ဓာတ်မည်၏။ |
1,344,696 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောကဓာတ်သုံးပါးသည်လည်း ဩကာသလောကပင် မည် ပေ၏။ |
1,344,697 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဇာတိခေတ်လောကဓာတ်, |
1,344,698 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အာဏာခေတ်လောကဓာတ်, |
1,344,699 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဝိသယခေတ်လောကဓာတ်, |
1,344,700 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ လောကဓာတ် သုံးပါးရှိပြန်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.