id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,701
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စကြဝဠာတိုက်ပေါင်း တစ်သောင်းသည် 'ဇာတိခေတ် လောကဓာတ်' မည်၏။
1,344,702
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြတ်စွာဘုရားတို့၏ ဖြစ်ပွင့်တော်မူရာ ခေတ်ဟူ၍ဆိုလိုသည်။
1,344,703
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဇာတိခေတ်အတွင်း၌ ရှိကြကုန်သော နတ် ဗြဟ္မာတို့သည် မြတ်စွာ ဘုရား၏ ပရိသတ်တို့သာ ဖြစ်ကြကုန်၏၊ မြတ်စွာဘုရား ဖွားမြင်တော် မူသောအခါ မြေငလျင်တုန်လှုပ်ခြင်း, အရောင်အလင်း ဖြစ်ပေါ်ခြင်း စသည်တို့၌ ဇာတိခေတ်အတွင်းမှာ တစ်ပြိုင်နက် ဖြစ်ရိုးဓမ္မတာရှိသည်။
1,344,704
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာသဟဿီ လောကဓာတ်ဟုဆိုအပ်သော စကြဝဠာ တိုက်ပေါင်း ကုဋေတစ်သိန်းသည် အာဏာခေတ်လောက ဓာတ်မည်၏။
1,344,705
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြတ်စွာဘုရား၏ ပရိတ်တော်နှင့် အာဏာစက်များ ပျံ့နှံ့ရာဌာန ဟူ၍ဆိုလိုသည်။
1,344,706
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအာဏာခေတ်အတွင်း၌ ရှိနေကြကုန်သော နတ် ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ အာဏာစက်ကို ခံယူနိုင်ကြကုန်၏။
1,344,707
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဆုံးမရှိသော အနန္တစကြဝဠာ ကမ္ဘာလောက ဓာတ်များ သည် 'ဝိသယခေတ် လောကဓာတ်' မည်၏။
1,344,708
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြတ်စွာဘုရားတို့၏ ဉာဏ်တော် ပျံ့နှံ့ရာဌာနဆိုလိုသည်။
1,344,709
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို ဝိသယခေတ် အတွင်းမှာ ရှိရှိသမျှသော အာရုံတို့ကို မြတ်စွာဘုရား၏ ဉာဏ်တော်ဖြင့် သိတော်မူနိုင်၏။
1,344,710
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ကာမလောကဓာတ်,
1,344,711
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ရူပလောကဓာတ်,
1,344,712
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အရူပလောကဓာတ်,
1,344,713
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍လောကဓာတ်သုံးပါးရှိပြန်၏။
1,344,714
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမ ၁၁-ဘုံသည် ကာမလောကဓာတ်မည်၏၊ * ရူပ ၁၆-ဘုံသည် ရူပလောကဓာတ်မည်၏၊ * အရူပ ၄-ဘုံသည် အရူပလောကဓာတ်မည်၏၊ ဤသုံးပါးသည်လည်း ဩကာသလောကပင်မည်၏၊ ဘုံအားဖြင့်---
1,344,715
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ကာမဘုံ,
1,344,716
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ရူပဘုံ,
1,344,717
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အရူပဘုံ,
1,344,718
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ လောကုတ္တရာဘုံ,
1,344,719
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ လေးပါးရှိ၏။
1,344,720
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝီစိမှ ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်တိုင်အောင် အတွင်း မှာရှိသော ဘုံများသည် ကာမဘုံမည်၏။
1,344,721
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပထမစျာန်ဘုံမှစ၍ သုဒ္ဓါဝါသ အကနိဋ္ဌဘုံတိုင်အောင် အတွင်းမှာရှိသော ဘုံများသည် ရူပဘုံမည်၏။
1,344,722
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရုပ်မရှိသော အထက်လေးဘုံသည် အရူပဘုံမည်၏။
1,344,723
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားများသည် လောကုတ္တရာဘုံမည်၏။
1,344,724
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကုတ္တရာဘုံကိုကား ဩကာသလောကဟူ၍ မဆိုနိုင်။
1,344,725
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကြွင်းသော ဘုံသုံးပါးကိုသာ ဩကာသလောကဆိုသည်။
1,344,726
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဩကာသလောကပြီး၏။
1,344,727
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သင်္ခါရလောက
1,344,728
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခါရလောကဆိုသည်မှာ ဩကာသလောကပေါ်တွင် ပြုပြင်ဖြစ် ပျက်၍ နေကြကုန်သော သစ်ပင်ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ် အပေါင်းတို့သည်၎င်း, အိမ် ကျောင်း လှည်း ရထား ရွှေ ငွေ ရတနာ အဝတ်ပုဆိုးစသော အတွင်းအသုံးအဆောင် အပအသုံးအဆောင်တို့ သည်၎င်း သင်္ခါရလောကမည်ကုန်၏။
1,344,729
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကျဉ်းအားဖြင့်ဆိုသည်ရှိသော် ခန္ဓာငါးပါး, အာယတန တစ်ဆယ့် နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါး ပဋိစ္စသမုပ္ပါဒ်တရားတို့သည် သင်္ခါရ လောကမည်၏။
1,344,730
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခါရလောကပြီး၏။
1,344,731
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ သတ္တလောက
1,344,732
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တလောကဆိုသည်ကား သတ္တဝါတစ်ဦး, ပုဂ္ဂိုလ်တစ်ဦး ဟူ၍ ဆိုအပ်ကုန်သော ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် လူ နတ် ဗြဟ္မာ ဟူသမျှသည် သတ္တလောကမည်၏။
1,344,733
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ် တိဟိတ်ဟု ဆိုအပ်သော ပုဂ္ဂိုလ်လေးယောက်၊ အရိယာရှစ်ယောက် ဤတစ်ကျိပ်နှစ်ယောက်သော ပုဂ္ဂိုလ်များသည်လည်း သတ္တလောကပင်မည်၏။
1,344,734
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှ တစ်ပါး ကုန်း၌ကျက်စားသော သတ္တဝါ၊ ရေ၌ကျက်စားသော သတ္တဝါ၊ ကောင်းကင်၌ကျက်စားသော သတ္တဝါတို့သည်၎င်း, ဥ၌ ပဋိသန္ဓေနေသော အဏ္ဍဇသတ္တဝါ၊ အမိဝမ်းတိုက်အတွင်း သားအိမ်၌ ပဋိသန္ဓေနေသော သတ္တဝါ၊ အညှိကိုစွဲ၍ ပဋိသန္ဓေနေသော သံသေဒဇ သတ္တဝါ၊ ကိုယ်ထင်ရှား ဖွားကနဲဖြစ်ပေါ်လာသော ဩပပါတိက သတ္တဝါ တို့သည်၎င်း, အခြေ မရှိသော သတ္တဝါ၊ အခြေနှစ်ချောင်းရ...
1,344,735
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့် ဆိုသည်ရှိသော် အလုံးစုံသော ဩကာသလောက၊ သတ္တလောကဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်ကုန်၏၊ အဘယ် ကြောင့်နည်းဆိုလျှင် ပြုပြင်ခြင်း ဖြစ်ပျက်ခြင်းတို့မှ မလွတ်ကင်းကြကုန် သောကြောင့်တည်း။
1,344,736
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သို့ရာတွင် တည်ရာဘုံဟူသော အမည်, ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်အားဖြင့် တစ်သီးတစ်ခြားစီ ဝေဖန်ပြီးလျှင် ဩကာသလောက, သတ္တလောကဟူ၍ဆိုရသည်။
1,344,737
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တလောကပြီး၏။
1,344,738
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဩကာသလောကကြီးတည်ပုံ
1,344,739
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤမဟာပထဝီ မြေကြီးသည် အောက်ရေအပြင်ကြီးပေါ်၌ တည်၏၊ ရေအပြင်ကြီးသည် လေအပြင်ကြီးပေါ်၌တည်၏၊ ထိုလေအပြင် ကြီးသည် အောက်အဇဋာကာသ ကောင်းကင်ပြင်ကြီးပေါ်၌တည်၏၊ ထိုအောက် အဇဋာကာသ ကောင်းကင် ပြင်ကြီးသည်ကား အောက်အဖို့ အားဖြင့်၎င်း, ဖီလာအဖို့အားဖြင့်၎င်း အနန္တအဆုံးအစ မရှိသည်သာ ဖြစ်၏၊။
1,344,740
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအောက် ကောင်းကင်အပြင်ကြီးမှာ မလှုပ်မရှားသော လေဆိုင်ကြီးတို့ဖြင့်သာလျှင် ပြည့်၍နေ၏၊ ထိုလေဆိုင်အထုကြီးသည် ယူဇနာပေါင်း ကိုးသိန်းခြောက်သောင်း ရှိသည်ဖြစ်၍ လေးသိန်းရှစ် သောင်း အထုရှိသော ရေအပြင်ကြီးကို ရွက်ဆောင်၍ နေ၏၊ ထိုရေ အပြင် ကြီးသည် နှစ်သိန်းလေးသောင်း အထုရှိသော မြေအပြင်ကြီးကို ရွက်ဆောင်၍ နေလေ၏၊ ထိုလေ ရေ မြေတို့ကို ကမ္ဘ...
1,344,741
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်ကြီး၌--
1,344,742
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ ဩကာသလောက တည်ပုံကို ဟောကြားတော်မူသည်။
1,344,743
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အာနန္ဒ=ချစ်သားအာနန္ဒာ၊ အယံ မဟာပထဝီ= ဤမြေကြီးသည်၊ ဥဒကေ=ရေပေါ်၌၊ ပတိဋ္ဌိတာ=တည်၏၊ ဥဒကံ=ရေ သည်၊ ဝါတေ=လေပေါ်၌၊ ပတိဋ္ဌိတံ=တည်၏၊ ဝါတော=လေသည်၊ အာကာသဋ္ဌော=အောက်ကောင်းကင်၌ တည်လေ၏။
1,344,744
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဩကာသလောကကြီး တည်နေပုံတည်း။
1,344,745
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဩကာသလောကကြီး ဖြစ်ပျက်ပုံ
1,344,746
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရုပ်ကလာပ်တို့၌ သဟဇာတ်တည်ရှိသော တေဇောဓာတ်နှင့် ဇာတိ ဇရာ မရဏတို့သည် ဩကာသလောကကြီး၏ ဖြစ်ပွါးကြောင်း ပျက်ပြား ကြောင်းမည်၏၊ ပါဠိတော်ကြီးများ၌ တေဇောဓာတ်သည် ပူလောင် စေတတ်၏၊ ရင့်ရော်အိုးမင်းစေတတ်၏၊ ရင့်ကျက်ခြင်းသို့ ရောက် စေတတ်၏ဟူ၍ ဟောတော်မူ၏၊ ထို့ကြောင့် တေဇောဓာတ် သည် မိမိနှင့် အတူတကွဖြစ်သော ရုပ်တို့ကို အမြဲမပြတ် လောင်မြိုက်၏၊...
1,344,747
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခတတရားတို့၏ ဖြစ်ပေါ်မှု ဇာတိတစ်ခုမှာ သဘောလေးမျိုးရှိ၏။
1,344,748
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသဘောလေးမျိုးကား
1,344,749
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဇာတိ
1,344,750
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ အာစယ
1,344,751
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဥပစယ
1,344,752
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ သန္တတိ
1,344,753
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤလေးမျိုးပေတည်း။
1,344,754
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုလေးပါးတို့တွင် သင်္ခတ တရားတို့၏ အစဖြစ်ပေါ်မှုသည် ဇာတိ မည်၏၊ ဖြစ်ပေါ်ပြီးသော တရားတို့၏ အစပထမ ကြီးပွါးလာခြင်းသည် အာစယမည်၏၊ ကြီးပွားသောတရားတို့၏ အဆင့်ဆင့်ကြီးပွားမှုသည် ဥပစယမည်၏၊ အဆင့်ဆင့် ကြီးပွါးပြီးသော တရားတို့၏ တိုးတက်၍ ကြီးပွားမှုရပ်စဲပြီးလျှင် ထိုကြီးပွားပြီးသော အနေအားဖြင့် အစဉ်ဆက် လက်ကာ ဖြစ်၍နေမှုသည် သန္တတိမည်၏။
1,344,755
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှနောက်ကာလ၌ အိုမင်းရင့်ရော်စေတတ်သော ဇိရဏ တေဇောဓာတ်ဒဏ်ချက်၏ နှိပ်စက်ခြင်းကို ခံလျက်သာလျှင် တစ်ဆင့် တစ်ဆင့် ရင့်ရော်အိုမင်းခြင်း ဇရာခေတ်သို့ ရောက်လေကုန်၏၊ အိုမင်း တိုင်း အိုမင်းတိုင်း ဆုတ်ယုတ်၍ ဆုတ်ယုတ်၍ လာလေ၏၊ အဆုံးစွန်၌မူ ကား သေဆုံးပျက်စီးသော မရဏခေတ်တွင်းသို့ ကျရောက်၍ ပျက်စီးကုန် ဆုံးခြင်းသို့ ရောက်လေကုန်၏၊ ဤသို့ဖြစ...
1,344,756
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာကား- သရက်ပင်၌ မျိုးစေ့မှ အညှောက်ထွက်၍ လာခြင်း သည် ဇာတိသဘောနှင့်တူ၏၊ အညှောက်မှ အကိုင်းအခက်ဖြာ၍ မထွက်မီ ကြီးပွားမှုသည် အာစယသဘောနှင့်တူ၏၊ အကိုင်းအခက်ဖြာ ထွက်သည်မှ သရက်ပင်လက္ခဏာ အင်္ဂါစုံညီ၍ အပွင့်အသီးကို ဆောင် သည့်တိုင်အောင် အစဉ်တစိုက် ကြီးပွားမှုသည် ဥပစယသဘောနှင့်တူ၏၊ အပွင့်အသီးကို ဆောင်သည်တိုင်အောင် ကြီးပွားပြီးသောအခ...
1,344,757
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကြီးပွားပြီးသော အနေနှင့်သာ အစဉ်တည်တံ့လျက် ဖြစ်ပွားစည်ပင်၍ နေမှုသည် သန္တတိသဘောနှင့် တူ၏၊ ထို့နောက် သရက်ပင်၏ ထုံးတမ်းဓမ္မတာအား လျော်စွာ ထွားကြိုင်းစိုပျိုသောခေတ်မှ ဆုတ်ယုတ်၍ အိုမင်းပြီးလျှင် တရွေ့ရွေ့အားနည်း ပျက်စီးခြင်းသို့ ရောက်လေ၏။
1,344,758
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား သရက်ပင်၏ဇာတိသဘောမှစ၍ မရဏသဘောတိုင် အောင် ဖြစ်ပျက်သော အခိုက်အတန့်တို့ကို ပြဆိုခြင်း ပေတည်း။
1,344,759
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနည်းအတိုင်း သင်္ခတမှန်သော အရာဝတ္ထုတိုင်းမှာ ဉာဏ်ဖြင့် ဆင်ခြင်၍ ကြည့်လေ။
1,344,760
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့ ဇာတိသဘောအားဖြင့် အဆုံးသတ်မှု သည် အလုံးစုံသော သင်္ခတတရားတို့၏ ဓမ္မနိယာမ သဘောရိုး ကြီးပေ တည်း။
1,344,761
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤမဟာပထဝီမြေကြီးမှာ လောင်မြိုက်ရင့်ရော်စေတတ်သော တေဇောဓာတ်သည် အပြီးပါရှိလျက်နေ၏၊ သီတ ဥဏှဟုဆိုအပ်သော ထိုတေဇောဓာတ်နှစ်ပါးဖြင့် အမြဲမပြတ် လောင်မြိုက်အပ်သည်ဖြစ်၍ ပူလောင်ခြင်း, ဆွေးမြေ့ခြင်း, ရင့်ရော်ခြင်းသို့ အစဉ်အတိုင်း ရောက်၍ နေ၏၊ ထို့ကြောင့် ဤကမ္ဘာမြေကြီးသည် ဇာတိ အာစယ ဥပစယ သန္တတိ ဇရာ မရဏဟု ဆိုအပ်သော ဤခေတ်ခြောက်ပါးမှ လွတ်မ...
1,344,762
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိသဘောမှစ၍ တစ်ဆင့်တစ်ဆင့် တက်ပြီးလျှင် အဆုံး စွန်မှာ မရဏသဘောဖြင့် လက်စသိမ်းရလိမ့်မည်သာ ဖြစ်လေ၏။
1,344,763
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအတူ မြင့်မိုရ်, စကြဝဠာ, သမုဒ္ဒရာ, သီတာခုနစ်တန် သတ္တရ ဘန်စသော သင်္ခတဝတ္ထုတို့သည်လည်း ပြဆိုခဲ့သော ခေတ်ကြီးခြောက် ပါးကို မလွန်မြောက်နိုင်ကြလေကုန်။
1,344,764
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် ဤဝိဝဋ္ဋဋ္ဌာယီ မဟာကပ် ကြီး၌ ထင်ရှားဖြစ်ပေါ်ကြကုန်သော အလုံးစုံသောမြေကြီး, မြင့်မိုရ်တောင်, စကြဝဠာတောင် စသည်တို့သည် ရှေးဦးအစ၌ ဇာတိ အာစယ ဥပစယ သန္တတိ ဟုဆိုအပ်သော ခေတ်ကြီးလေးခုအစဉ်အားဖြင့် ဖြစ်ပေါ်ကြီးပွား တည်တံ့လျက် ကာလရှည်မြင့်စွာ သွားပြီးမှ ဆုတ်ယုတ်သော ဟာယန ခေတ်တွင်းသို့ သက်ဆင်းကြကုန်လတ္တံ့။
1,344,765
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဇရာ ခေတ်ကို ဟာယနခေတ် ဆိုသည်“၊ ဟာယနခေတ်၌ အလုံးစုံသော တေဇောဓာတ်၏ ကိစ္စဟုဆို အပ်သော မီးရှိန်တို့သည် ထိုမဟာပထဝီစသော သင်္ခတဝတ္ထုတို့ကို အထင်အရှား လွှမ်းမိုးကြကုန်လတ္တံ့။
1,344,766
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအခါမှစ၍ တေဇောတည်း ဟူသော မီး၏ လောင်မြိုက်ရင့်ကျက် စေမှုကြောင့် ထိုသင်္ခတဝတ္ထု ဟူသမျှတို့၌ အနှစ်သာရမဟုတ်သော အဖို့တို့သည် ချို့ယွင်း ကုန်ဆုံးခြင်း သို့ ရောက်ကြ ကုန်လတ္တံ့။
1,344,767
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနှစ်သာရရှိသော အဖို့တို့သာလျှင် ကြွင်းကျန် တည်ရှိရစ်ကုန်လတ္တံ့။
1,344,768
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့နောက် တေဇောဓာတ်က ရှည်မြင့်စွာ လောင် မြိုက် ဆွေးမြေ့စေအပ်သည်ရှိသော် အတော်အတန် အနှစ်သာရအဖို့ရှိ သော အရာတို့သော်လည်း ကုန်ဆုံးခြင်းသို့ ရောက်ကြကုန်လတ္တံ့။
1,344,769
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုထက် သာလွန်၍ အနှစ်သာရရှိသော အဖို့အစုတို့သည်သာလျှင် ကြွင်းကျန် တည်ရှိရစ်ကုန်လတ္တံ့။
1,344,770
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့သောနည်းအားဖြင့် ကာလကြာမြင့်စွာ တေဇောဓာတ် လောင်မြိုက်အပ်သည်ရှိသော် အဆုံးစွန်၌ ဤကမ္ဘာ လောကကြီးသည် အလွန်ရင့်ရော် ဆွေးမြေ့သည်၏အဖြစ်သို့ ရောက်ပြီးလျှင် ယခုအခါ အစိုးရမင်းတို့၏ စစ်သည်တော်များ အသုံးပြုသော ယမ်းတောင့်တွေကို အနည်းငယ်သောမီးဖြင့် ညှိလိုက်ဘိသကဲ့သို့၎င်း, ယမ်းတိုက်ကြီးကို အနည်းငယ်သော မီးဖြင့် တို့လိုက်ဘိသကဲ့သို့...
1,344,771
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအခါ သတ္တသူရိယ သုတ္တန်တွင် မြတ်စွာ ဘုရားဟောကြားတော်မူသောအတိုင်း ဤဝိဝဋ္ဋဋ္ဌာယီ မည်သော ကမ္ဘာ လောကကြီးသည် တေဇောဓာတ်တည်းဟူသော မီးဖြင့်ပျက်စီး လတ္တံ့။
1,344,772
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သံဝဋ္ဋကပ်ကြီးဆိုက် ရောက်လတ္တံ့။
1,344,773
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကမ္ဘာမီးသည် ကမ္ဘာကိုခံသော အောက်ရေအပြင်မှ ပထမစျာန် ဗြဟ္မာ့ဘုံတိုင်အောင် ဤအတွင်း၌ ရှိရှိသမျှသော သင်္ခတတို့ကို အဏုမြူမျှ မကျန်မကြွင်းအောင် လောင်မြိုက်လေ၏၊ မီးသွေးဟူ၍ ပြာဟူ၍ အကြွင်း အကျန်မရှိစေရ။
1,344,774
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြေလွှာနှစ်ထပ်ရှိသည့်အနက် ကျောက်မြေလွှာကြီးကို ကမ္ဘာမီးလောင်အပ်သည်ရှိသော် ထိုသိလာပထဝီနေရာ၌ နောင်အခါ သိလာပထဝီ ဖြစ်ပေါ်စေရန် တေဇောဓာတ်အထူးဟု ဆိုအပ်သော ဥတုတို့သည် ကြွင်းကျန်ရစ်ကုန်၏၊ ထိုဥတုဝိသေသသည် နောင်ကမ္ဘာ အသစ် တည်သောအခါ သိလာပထဝီဖြစ်ပေါ်ရန် မျိုးစေ့အနေနှင့် တည်ရှိလေ၏၊ ထို့အတူ မြေဆိုင်မြေလွှာကြီးကို ကမ္ဘာမီးလောင် အပ်သည်...
1,344,775
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပျက်ပြီးသောအတိုင်း တည်တံ့၍ နောင်ကမ္ဘာအသစ်ကို ဖြစ်စေရန် အားယူသော အနေအားဖြင့် တည်ရှိ၍ နေသော ကပ်သည် သံဝဋ္ဋဋ္ဌာယီ ကပ် မည်၏။
1,344,776
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား သံဝဋ္ဋကပ် သံဝဋ္ဋဋ္ဌာယီကပ် နှစ်ပါးကို ပြဆိုသော စကား ရပ်ပေတည်း။
1,344,777
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ပြီးသော ဥတုဓာတ်ကြွင်းတို့သည် ဝိဝဋ္ဋကပ်သို့ ရောက် သောအခါ အလွန်အေးမြသော သီတလေဖြင့် ပတ်ဖွဲ့ သိမ်းရုံး အပ်ကုန် သည်ဖြစ်၍ မိမိတို့ တည်မြဲအတိုင်း တည်နေကြကုန်ပြီးလျှင် အကြင်အခါ ရင့်မာထက်သန်ခြင်းသို့ ရောက်ကြလေကုန်၏၊ အားအစွမ်းနှင့် ပြည့်စုံကြ ကုန်သည်ဖြစ်၍ ဥဏှသဘောသို့ သက်ဝင်ကြလေကုန်၏၊ ထိုအခါ တိုးပွားလာကြကုန်၍ တိမ်လွှာ တိမ...
1,344,778
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုကမ္ဘာပြုမိုးကြီးသည် ကမ္ဘာပျက်သော သံဝဋ္ဋကပ်အခါ အလုံးစုံ သော မီးလောင်ရာဌာနဟူသမျှကို တစ်ခဲနက် ရေဖြင့် ပြည့်စေ၍ ရွာသွန်း လေ၏၊ ထိုသို့ရွာသွန်းလေသမျှသော မိုးရေတို့သည် အလွန်အေးမြသော လေဖြင့် ထိတွေ့ကြကုန်သည်ရှိသော် များသောအားဖြင့် အဆိုင်အခဲ အဖြစ်သို့ ရောက်ကြလေကုန်၏၊ အကြင်အခါ အောက်၌ ကမ္ဘာကိုထမ်း ဆောင်သော ရေအပြင်ကြီး လေနိုင်ကု...
1,344,779
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝါယောခေါ်သော လေဓာတ်တို့မည်သည် ဝိတ္ထမ္ဘနသတ္တိရှိ သော ကြောင့် အခြားဓာတ်များကို ထမ်းဆောင်၍ ထားနိုင်သောအလေ့ရှိ၏၊ ထို့ကြောင့် အောက်၌ရှိသော ကမ္ဘာလေထုကြီးသည် ရေမြေတို့ကို ထမ်း ဆောင်၍ ထားနိုင်လေသည်။
1,344,780
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာပြုမိုးကြီး၏ အဆောက်အဦဟူသမျှတို့သည် ကမ္ဘာသစ် တည်ထောင်ခြင်း အကျိုးငှါသာဖြစ်ကုန်၏၊ ထိုကမ္ဘာပြုမိုးကြီး၏ အဆောက်အဦများရှိသည့်အနက် အဆိုင်အခဲအဖြစ်သို့ ရောက်ကြကုန် ပြီးသော မိုးအဆောက်အဦတို့သည် သိလာပထဝီနေရာ၌ ကျောက်ဖြင့်ပြီး သော ကမ္ဘာမြေကြီးဖြစ်ရန် အလို့ငှါ ဖြစ်ကြကုန်၏၊ ရေအစုမျှသာ ဖြစ်သော မိုးအဆောက်အဦတို့သည်ကား ပံသုပထဝီနှင့်...
1,344,781
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာပြု မိုးကြီးကပင်လျှင် သိလာပထဝီ ဖြစ်သင့်သောအရာ၌ သိလာပထဝီဖြစ်စေသည်, ပံသုပထဝီ ဖြစ်သင့်သော နေရာ၌ ပံသုပထ ဝီဖြစ်စေသည်, သမုဒ္ဒရာဖြစ်သင့်သောနေရာ၌ သမုဒ္ဒရာ ဖြစ်စေ သည်, ကမ္ဘာပြုမိုးကြီးသည်ပင် ကမ္ဘာကြီး၏ အဆောက်အဦတို့ကို ထူထောင်လေ သည်ဟူ၍ ဆိုလိုသည်။
1,344,782
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ ဖြစ်ခြင်း၏ အရင်းမူလမှာလည်း ဥတုခေါ်သော တေဇော ဓာတ်၏ အစွမ်းပင်ဖြစ်လေသည်။
1,344,783
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥတုနိယာမ ၏ အစွမ်းကြောင့်သာလျှင် ကျောက်မြေ မြေဆိုင် သမုဒ္ဒရာစသော ကမ္ဘာ့အဆောက်အဦများ ဖြစ်ပေါ် လာရ၏၊ တစ်စုံတစ်ဦးသော တန်ခိုးရှင်၏ ဖန်ဆင်းစီရင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည် မဟုတ်ချေ။
1,344,784
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဥတုနိယာမ၏ သဘောကို ကောင်းစွာ မသိမြင်လျှင် ဤကမ္ဘာ ကြီးသည် ဖန်ဆင်းတတ်သော တန်ခိုးရှင်က ဖန်ဆင်း၍ ဖြစ်သည်ဟူ၍ အယူဖောက်ပြန်တတ်လေသည်၊ ဥတုနိယာမသဘောကို သိမြင်နိုင်လျှင် ထိုကဲ့သို့ ဣဿရနိမ္မာန ဒိဋ္ဌိဖြစ်နိုင်မည် မဟုတ်ချေ။
1,344,785
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာလောကကြီး၏ အဆောက်အဦဟူသမျှတို့သည် တည်၍ လာကြကုန်သည်ရှိသော် ဓမ္မနိယာမ အစီအရင် အားဖြင့်သာလျှင် တည် ထောင်ကြကုန်၏၊ ဓမ္မနိယာမသည် ကမ္ဘာကြီးကို တည်ထောင်ရာ၌ လက်သမားဆရာကြီးသဖွယ် ဖြစ်လေ၏၊ ဓမ္မနိယာမအစီအရင် မည်သည်ကား ပထဝီစသော ပရမတ္ထဓာတ်တို့၏ အညီအညွတ် ရွက် ဆောင်ခြင်း, မညီမညွတ် ရွက်ဆောင်ခြင်းများပေတည်း၊ အညီ အညွတ် ရွက်ဆောင်ခြင်းသည်...
1,344,786
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပကတိသဘောအားဖြင့် ရွက်ဆောင် ပြုပြင်သည်ရှိသော် အညီ အညွတ် ရွက်ဆောင်ပြုပြင်လေ၏၊ ဝိကတိသဘောအားဖြင့် ရွက်ဆောင် သည်ရှိသော် မညီမညွတ်ရွက်ဆောင် ပြုပြင်လေ၏၊ ကမ္ဘာ လောကပေါ် ၌ ရှိရှိသမျှသော ကမ္ဘာ့အဆောက် အဦဟူသမျှတို့၏ ပုံပန်းသဏ္ဌာန်သည် အဝန်းအဝိုင်းတွေသာများ၏၊ ပုံသဏ္ဌာန်တို့တွင် အဝန်းအဝိုင်းတည်း ဟူသော သဏ္ဌာန်သည်ကား ပကတိသဏ္ဌာန်ဖြစ်၏၊ ထ...
1,344,787
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ဖြစ်ခြင်းသည် ဓမ္မနိယာမ၏ အားအစွမ်းကြောင့်ဖြစ်ခြင်း မည်၏၊ ထို့ကြောင့် ကမ္ဘာကြီးကို တည်ထောင်ရာတွင် ဓမ္မနိယာမက စီရင်သော အတိုင်းသာဖြစ်ကြရသည်ဟူ၍ ပြဆိုခဲ့ပေသည်။
1,344,788
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အထူးအား ဖြင့် ပထဝီစသောဓာတ်တို့၏ အညီအညွတ် ဆောင်ရွက်ခြင်း, မညီမညွတ် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆိုဖွယ်ရှိပြန်သည်မှာ သတ္တဝါတို့၏ သဏ္ဌာန်၌ ပညောင်ပင်၏ အဝန်းကဲ့သို့ ကိုယ်ရပ်နှင့်အလံတို့၏ ညီညွတ် ခြင်းသည်ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်းမည်၏၊ ဆိုခဲ့သော အတိုင်း မညီမညွတ်ခြင်းသည် ဓာတ်တို့၏ အညီအညွတ် ဆောင်ရွက်ခြင်း မဟုတ်ချေ။
1,344,789
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကျဉ်းအားဖြင့်ဆိုသည်ရှိသော် သုံးဆယ့် နှစ်ပါးသော ယောကျ်ားမြတ်တို့၏ 'မဟာပုရိသ' လက္ခဏာကြီးတို့သည် ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်း အစွမ်းကြောင့်ဖြစ်ကုန်၏၊ ပြဆိုခဲ့ပြီးသော လက္ခဏာတို့နှင့် မပြည့်စုံခြင်းသည် ဓာတ်တို့၏ မညီမညွတ် ဆောင်ရွက် ခြင်းကြောင့်ဖြစ်သည်။
1,344,790
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကောင်းသောစိတ်ဓာတ်အစဉ်နှင့် ပြည့်စုံခြင်းသည် ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်းမည်၏၊ မကောင်း ယုတ်မာ ဆိုးညစ်စွာသောစိတ်နှင့် ပြည့်စုံခြင်းသည် ဓာတ်တို့၏ မညီမညွတ် ဆောင်ရွက်ခြင်းမည်၏။
1,344,791
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဓာတ်တို့၏အညီအညွတ်ဆောင်ရွက်မှုကို သမဓာရဏ ဆိုသည်။
1,344,792
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* မညီမညွတ်ဆောင်ရွက်မှုကို ဝိသမဓာရဏဆိုသည်။
1,344,793
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အညီအညွတ်ဆောင်ရွက်မှုဆိုသည်ကား အမျိုးမျိုးသော အကြောင်းပစ္စည်းတို့၏ ပြည့်စုံညီညွတ်မှုကြောင့် ပထဝီစသော ဓာတ်တို့၏ အနှောင့်အယှက်မရှိ ပြေပြစ်ချောမောစွာ ဖြစ်ပေါ်ခြင်းကိုဆိုသည်။
1,344,794
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မညီ မညွတ်ဆောင်ရွက်ခြင်းဆိုသည်ကား အကြောင်းအမျိုးမျိုးချို့တဲ့သဖြင့် ပထဝီစသောဓာတ်တို့၏ အနှောင့်အယှက်နှင့်တကွ ဖြစ်ပေါ်လာရခြင်း ကိုဆိုသည်။
1,344,795
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗဟိဒ္ဓဖြစ်သော သစ်ပင်စသည်တို့၌ ပညောင်ပင်ကဲ့သို့ အညီ အညွတ်ဝန်းဝိုင်းသော သဏ္ဌာန်နှင့်ပြည့်စုံမှုသည် သမဓာရဏကိစ္စမည်၏၊ ဤကဲ့သို့ ညီညွတ်ဝန်းဝိုင်းသော သဏ္ဌာန်နှင့် မပြည့်စုံမှု ချို့တဲ့မှုသည် ဝိသမဓာရဏကိစ္စမည်၏၊ ပင်စည် အကိုင်းအခက် အရွက် အညွန့် အဖူး အပွင့် အသီး အခိုင် စသည်တို့၌ ဤနည်းအတိုင်းပင်လျှင် သမဓာရဏကိစ္စ ဝိသမဓာရဏကိစ္စကိုသိ...
1,344,796
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ ကမ္ဘာလောကပေါ်၌ ရှိရှိသမျှသော ကမ္ဘာ့အဆောက်ဦဟူသမျှတို့၏ အနန္တဆန်းကြယ်ပုံ, ဓာတ် တို့၏ဆောင်ရွက်ဖြစ်ပေါ်မှု ဆန်းကြယ်ပုံများသည် သဗ္ဗညုမြတ်စွာ ဘုရား တို့၏ အနေကဓာတုဉာဏ် နာနာဓာတုဉာဏ်တော်တို့၏အရာသာလျှင် ဖြစ်လေသည်။
1,344,797
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အခြားပုဂ္ဂိုလ်တို့၏ ဉာဏ်အယူ မဟုတ်ကြလေကုန်။
1,344,798
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်သူတို့သည်ကား ပရမတ္ထဓာတ်တို့၏ ဤသို့သဘောရှိသော ဆောင်ရွက်ဖြစ်ပေါ်မှု၏ အနန္တဆန်းကြယ်ပုံကို မသိကြလေကုန်၊ ထို သူတို့သည် အထင်အမြင် လွှဲမှားပြီးလျှင် လောကကိုပြုပြင်စီရင်နိုင် သော ပုဂ္ဂိုလ်များကို ရှာမှီးကြံစည်ကြလေကုန်၏၊ စိန္တာမယဉာဏ်ဖြင့် ကြံဖန် မှတ်ယူကြပြီးလျှင် လောကကို ဖန်ဆင်းစီရင်ပြုပြင်စီမံတတ်သော ပုဂ္ဂိုလ် အရှင်မြတ်ကြီ...
1,344,799
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့် ပရမတ္ထဓာတ်သဘာဝတို့မှတစ်ပါး ကမ္ဘာလော ကိုပြုပြင်ဖန်ဆင်းတတ်သော ပြုပြင်စီရင်တတ်သော သူဟူ၍ တစ်စုံတစ် ယောက်မျှ မရှိချေ။
1,344,800
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပရမတ္ထဓာတ်သဘာဝတို့သာလျှင် ပြုပြင်စီရင်ကြ ကုန်၏၊ ပြုပြင်ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်အရှင်ဟူ၍ ပြောဆိုကြသည် မှာ စကားအဖြစ်မျှသာရှိလေ၏၊ စင်စစ်မှာ ရှိသည်မဟုတ်ချေ။