id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,801
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့သာ လျှင် စွဲမြဲ၍ မှတ်သားအပ်၏။
1,344,802
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုထိုကမ္ဘာ့အဆောက်အဦဟူသမျှတို့၏ မျိုးစေ့သဖွယ်ဖြစ်ကုန် သော ဥတုတို့တွင်ရုန့်ရင်းကြမ်းတမ်းသော ဥတုအဖို့အစုတို့သည် ထိုက် သည်အားလျော်စွာ ရုန့်ရင်းကြမ်းတမ်း၍ ခိုင်မာတောင့်တင်းသော ကမ္ဘာ့အဆောက်အဦတို့ဖြစ်ပေါ်ခြင်းငှါ အကြောင်းညီညွတ်ကြလေ ကုန်၏၊ နူးညံ့သော ဥတုအဖို့အစုတို့နှင့် ရေအစုရေခဲအစုတို့သည် ထိုက် သည်အားလျော်စွာ နူးညံ့သော ကမ္ဘာ...
1,344,803
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အလုံးစုံသောသတ္တဝါရှိရှိသမျှတို့၏ ကံအကျိုးဆက်နှင့်တကွ ဖြစ်ကုန်သော ထိုဥတုဓာတ်သဘော အဖို့အစုတို့၏ အစွမ်းအားဖြင့် လူနတ်တို့၏ အဖိ့ုငှါ အရှင်မရှိသော လဗိမာန် နေဗိမာန် နက္ခတ်တာရာ ဗိမာန်တို့သည် လက်ဦးမဆွ စောစောကပင်လျှင် ပေါ်လာကြကုန်ဘိ သကဲ့သို့ ထို့အတူအထက်နတ်ပြည်ခြောက်ထပ်တို့၌၎င်း၊ ဗြဟ္မာ့ဘုံတို့၌၎င်း နတ်ဗြဟ္မာတို့၏ အလို့ငှါ အရှင်...
1,344,804
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် သုညဗိမာန်တို့ဟူ၍သာ ဆိုရကုန်၏၊ နောက် ကာလ၌မူကား အထက်အထက်ဘုံတို့မှ စုတေလာကြကုန်သော ပုထုဇ္ဇန် သတ္တဝါတို့သည် ထိုက်သည်အားလျော်စွာ ထိုသုညဗိမာန်တို့၌ ဖြစ်ကြ လေကုန်၏။
1,344,805
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပါဠိတော်၌ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။
1,344,806
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဝဋ္ဋမာနေ လောကေ သုညံ ဗြဟ္မဝိမာနံ ပါတုဗ္ဘဝတိ။
1,344,807
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ ကဒါစိ ကရဟစိ=တစ်ရံ တစ်ခါ၌၊ ဒီဃဿအဒ္ဓုနော=ရှည်လျားသော အဓွန့်ကာလ၏၊ အစ္စယေန= လွန်သောအခါ၌၊ အယံ လောကော=ဤကမ္ဘာလောကကြီးသည်၊ ယံ ဝိဝဋ္ဋတိ=အကြင်ဖြစ်ပေါ် တည်ထောင်လာ၏၊ သောသမယော=ထိုကမ္ဘာ လောကကြီးဖြစ်ပေါ်တည်ထောင်သောကာလသည်၊ ဟောတိ ခေါ= ရှိသည်သာလျှင်တည်း၊ လောကေ=ကမ္ဘာလောကကြီးသည်၊ ဝိဝဋ္ဋမာနေ= ဖြစ်ပေါ်တည်ထောင်၍လ...
1,344,808
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကသုံးပါးတို့တွင် သတ္တလောကသာလျှင် ပဓာနဖြစ်၍ ကြီးကဲပြဓာန်းလေသည်။
1,344,809
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တလောကမှတစ်ပါးကုန်သော ဩကာသ လောကနှင့် သင်္ခါရလောကတို့သည် သတ္တလောကအလို့ငှါသာလျှင် ဖြစ်ကြကုန်၏။
1,344,810
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာပထဝီမြေကြီးသည်လည်း သတ္တလောက အလို့ငှါသာလျှင် ဖြစ်ပေါ်ရကုန်၏၊ ဘုံဗိမာန်တို့မှာ ဆိုဖွယ်ရာအထူးမရှိချေ။
1,344,811
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အား ဖြင့် သတ္တလောကအလို့ငှါသာလျှင် ဖြစ်ပေါ်ကြကုန်သည်။
1,344,812
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တ လောက၌ အကျုံးဝင်ကုန်သော စိတ်စေတနာစသော နာမ်တရားတို့သည် အရူပ ဓာတ်တို့မည်ကုန်၏၊ ထိုအရူပဓာတ်တို့သည် အလွန်တန်ခိုးအစွမ်း ကြီးကျယ်လှကုန်၏၊ အလွန်တရာ အရှိန်အဟုန် ကြီးကျယ်လှကုန်၏၊ အစိန္တေယျကြီးလေးပါးတို့သည်လည်း ထိုအရူပဓာတ်တို့မှ ဖြစ်ကြကုန် သည်။
1,344,813
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆိုဖွယ်အထူးရှိပြန်သည်ကား- အသက်နှစ်ဆယ်တမ်းအခါ၌ သတ္ထန္တရကပ်တည်းဟူသော ဘေးကြီးဖြင့် ခြိမ်းခြောက်အပ်ကုန်သော လူတို့၏အဆင့်ဆင့် ပြုလုပ်ကြိုးစားအပ်ကုန်သော ကုသိုလ်ကံအကျိုးဆက် တို့သည် အလုံးစုံသောလောကဓာတ်ကို ပျံ့နှံ့စေ၍ အသက်အသင်္ချေယျ တမ်းသို့ ရောက်စေနိုင်ကုန်၏။
1,344,814
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌မူကား ကမ္ဘာကြီးတစ်ခုလုံး ပျက်ပြုန်းသော ဘေးကြီးဖြင့် ခြိမ်းချောက်အပ်ကုန်သော လူအပေါင်းတို့အား အထက်ဗြဟ္မာ့ဘုံသို့ တက်ခြင်းငှါ သံဝဋ္ဋကပ်ကြီး တစ်ကပ်ပတ်လုံး ပြုလုပ်ဆည်းပူးအပ်ကုန် သော ကုသိုလ်ကံတို့သည်လည်းရှိကုန်၏၊ ဗြဟ္မာ့ဘုံသို့ ရောက်ကြကုန်ပြီး သောအခါ အသင်္ချေယျကပ်နှစ်ကပ်တို့ပတ်လုံး နီဝရဏတရား ငါးပါးတို့ကို ပယ်ခွါ၍ ကောင်း...
1,344,815
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ခဲ့ပြီးသော ကောင်းကင်၌ တည်ကြကုန်သော နတ်ဗိမာန် ဗြဟ္မာ့ဗိမာန် အလုံးစုံတို့မည်သည် တစ်ခဲနက် ရတနာအတိတို့သာ ဖြစ်ကုန်၏၊ ဥပပတ်သတ္တဝါတို့၏ ကိုယ်ကာယတို့ကဲ့သို့ အလွန်တရာ ပေါ့လည်းပေါ့ကုန်၏၊ မလှုပ်မရှား သော လေဆိုင်လေခဲအပြင်တို့၌ တိမ်ထွတ်ကြီးတို့ကဲ့သို့ တည်၍နေကြ ကုန်၏၊ လဗိမာန် နေဗိမာန် ဂြိုဟ် နက္ခတ် တာရာဗိမာန်တို့လည်း လှုပ်လှ...
1,344,816
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဘုံဗိမာန်တို့သည် အဘယ်သို့သွားလာလှည့်လည်၍ နေကြကုန် သနည်းဟုဆိုလျှင် ထိုအထက်ကောင်းကင်ပြင်၌ မြင့်မိုရ်တောင် သတ္တရ ဘန်တောင်တို့မှ ပြင်ပသို့ တိုက်ခတ်သော လေဟုန်လေယဉ်တို့သည်၎င်း, စကြဝဠာတောင်မှ အတွင်းသို့ တိုက်ခတ်သောလေ အပသို့တိုက်ခတ်သော လေဟုန်လေယဉ်နှစ်ပါးတို့သည်၎င်း အချင်းချင်း တွေ့ဆုံပေါင်းသင်းမိကြ ကုန်သည် ရှိသော် အလွန်ကြီး...
1,344,817
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုလေပွေ,လေစကြာကြီးက တိုက်အပ်,လွှင့်အပ်သည်၏အဖြစ် ကြောင့် ပြဆိုအပ်ခဲ့ကုန်ပြီးသော လဗိမာန် နေဗိမာန်စသည်တို့သည် လေဟုန်အယဉ်ကိုစီး၍ မြင့်မိုရ်တောင်ကြီးကို လကျ်ာရစ်လှည့်လည် သွားလာလျက်နေကြကုန်သည်၊ ထိုဗိမာန်တို့တွင် အချို့ဗိမာန်တို့သည် အလွန်တရာ ပေါ့ပါးကုန်၏၊ အချို့ဗိမာန်တို့သည် အလွန်တရာမပေါ့ပါး ကုန်၊ ထို့ကြောင့် အချို့ဗိမာန်တို...
1,344,818
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆိုအပ်ခဲ့ပြီးသော လေဟုန် လေယဉ်နှစ်ပါးတို့သည်လည်း တစ်ရံ တစ်ခါ မျှတသော အင်အားရှိကြကုန်၏၊ တစ်ရံတစ်ခါ မျှတသော အင်အားမရှိကြကုန်၊ ထို့ကြောင့် အကြင်ဗိမာန်တို့သည် နှေးနှေးသွားကြ ကုန်၏၊ ထိုဗိမာန်တို့သည် လေပွေ လေစကြာကြီးတိ့ု၏ မညီမညွတ်ဆောင် သည်၏ အစွမ်းအားဖြင့် တောင်မြောက်ရွေ့ရှား ပြောင်းလွဲပြီးလျှင် တစ်ဖြင့် တစ်ပါး သွားလာလှည့်လည်က...
1,344,819
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ကမ္ဘာတည်ဆဲဖြစ်သော ဝိဝဋ္ဋကပ်နှင့်စပ် လျဉ်း၍ ပြဆို အပ်သော စကားရပ်ပေတည်း။
1,344,820
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နေလတို့ပေါ်သည်မှစ၍ ကမ္ဘာပျက်သည့်တိုင်အောင် ဤအတွင်း ၌ အန္တရကပ်ခြောက်ဆယ့်လေးကပ် ပမာဏဖြစ်၍ တည်သော စတုတ္ထ အသင်္ချေယျကပ်သည် ဝိဝဋ္ဋဋ္ဌာယီကပ်မည်၏၊ ဤဝိဝဋ္ဋဋ္ဌာယီကပ်၌ ကမ္ဘာ ပေါ်တွင် သတ္တလောကကြီးသည် ဖြစ်ထွန်းစည်ကားလျက် တည်နေကြ ကုန်သည်။
1,344,821
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဝဋ္ဋကပ် ဝိဝဋ္ဋဋ္ဌာယီ ကပ်နှစ်ပါးကို ဆိုသောစကားပြီး၏။
1,344,822
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့ဆိုအပ်ခဲ့ပြီးသော အသင်္ချေယျ လေးကပ်တို့တွင် စတုတ္ထဖြစ် သော ဤဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်၌ ရေ,မြေမဟာသမုဒ္ဒရာ မြင့်မိုရ် စသော ကမ္ဘာ့အဆောက်အဦတို့၏ အကြီးအကျယ်ဖြစ်မှုသည် နောင် အခါ ဖြစ်ပေါ်လတ္တံ့သော ကမ္ဘာပျက်သည့် ပထမသံဝဋ္ဋကပ်၌ ကမ္ဘာမီး အကြီးအကျယ် လောင်ခြင်း၏အကျိုးငှါသာ ဖြစ်လေ၏၊ ထိုသံဝဋ္ဋကပ်၌ ကမ္ဘာမီးအကြီးအကျယ် လောင်ခြင်း...
1,344,823
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ အသင်္ချေယျ ကပ်လေးပါးအစဉ်သည် တစ်ခုနှင့်တစ်ခု ကျေးဇူးပြု၍ အနမတဂ္ဂ အပရိယန္တအဆုံး အစမရှိ ကမ္ဘာအစဉ်အဆက် ဖြစ်ပျက်၍ သွားလေ၏၊ ဆိုအပ်ခဲ့ပြီး အသင်္ချေယျ ကပ်ကြီးလေးပါးသည် အစဉ်အတိုင်း စက်လည်ပြီးလျှင် မည်သည့်အခါမှာမှ ဆုံးနိုင်သည်ဟူ၍ မရှိဘဲ တဝဲလည်လည် ဖြစ်တည် ချုပ်ပျက်၍ နေကြလေကုန်၏၊ ဤသို့ ကပ်လေးပါးအစဉ် စက်လည်၍ နေမှုသည် တစ်စု...
1,344,824
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ အသင်္ချေယျကပ်ကြီးလေးပါးတို့၏ အစဉ် အဆက်ဖြစ်နေမှုသည်လည်း လောကကို အစိုးရသည်ဟု ခေါ်ကြသော ပုဂ္ဂိုလ်ပေါင်း ရာ,ထောင်,သိန်း,သောင်းတို့က မဖြစ်ရအောင် တားမြစ်နိုင် ကြသည်လည်း မဟုတ်ချေ၊ ဥတုနိယာမ, ဓမ္မနိယာမအတိုင်းသာလျှင် မဆိုင်းမတွဖြစ်ပေါ် ပျက်စီးကြလျက် မည်သည့်ပုဂ္ဂိုလ်၏အလိုသို့ လိုက်၍ လည်းမဖြစ်၊ မည်သည့်ပုဂ္ဂိုလ်က တားမြစ်သော်လ...
1,344,825
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဩကာသလောကကြီး ဖြစ်ပျက်ပုံ ပြီး၏။
1,344,826
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခါရလောကကြီး ဖြစ်ပျက်ပုံ
1,344,827
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ သစ်ပင် ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ်များကိုသင်္ခါရလောကဟုဆိုအပ်၏။
1,344,828
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗီဇဂါမ် ဘူတဂါမ်နှစ်ပါး အထူးကား--
1,344,829
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မျိုးစေ့ အခိုက်အတန့်၌ တည်နေကြကုန်သော သစ်ပင် စသည်တို့၏ အပေါင်းသည် ဗီဇဂါမ်မည်၏။
1,344,830
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မျိုးစေ့ အခိုက်အတန့်မှ လွန်၍ ကြီးပွားခြင်းသို့ရောက် လေပြီးသော သစ်ပင်စသည်တို့၏ အပေါင်းသည် ဘူတဂါမ် မည်၏။
1,344,831
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါတို့၏ စိတ်ဆန်းကြယ်မှုကို အစပြု၍ သညာဆန်းကြယ်ခြင်း သည်ဖြစ်၏၊ သညာဆန်းကြယ်မှုကို အစွဲပြု၍ ကံဆန်းကြယ်၏၊ ကံဆန်းကြယ်မှုကို အစွဲပြု၍ တိရစ္ဆာန် သတ္တဝါတို့၏ အမျိုးဇာတ်တို့သည် လွန်စွာဆန်းကြယ်ကုန်၏ဟူ၍ ရှေ့စိတ္တနိယာမခဏ်းတွင် ပြဆိုအပ်လေ ပြီးသော စကားကဲ့သို့ ဤသင်္ခါရလောကအရာ၌လည်း စိတ် သညာ ကံ ဆန်းကြယ်ခြင်းကို အစွဲပြု၍ သစ်ပင်စသည်တိ...
1,344,832
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗီဇဂါမ် ဘူတဂါမ်တို့၌မူကား ကံ၏နိဿန္ဒ အကျိုးဆက် ပြဓာန်းသည်။
1,344,833
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ မျိုးစေ့မည်သည်ကား သမ္မုတိသစ္စာဟု ဆိုအပ်သော ပညတ်အားဖြင့်ဆိုလျှင် ပြဆိုခဲ့ပြီးသော မူလဗီဇ ခန္ဓဗီဇ စသောမျိုးစေ့ တို့ပေတည်း၊ ပရမတ္ထသစ္စာအားဖြင့် ဥတုဝိသေသကို ဗီဇဟုဆိုသည်။
1,344,834
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားကို ထင်ရှားစွာပြဆိုဦးအံ့- သမ္မုတိသစ္စာ၏ အစွမ်းအားဖြင့် အကြင်မျိုးစေ့ကို သရက်မျိုးစေ့ သပြေမျိုးစေ့ စသည်ဖြင့် ခေါ်ဆိုသမုတ်အပ်၏၊ ထိုသို့ပညတ်အားဖြင့် အမျိုးမျိုး ခေါ်ဆိုသမုတ် အပ်သော မျိုးစေ့များသည် ပရမတ္ထသစ္စာသဘောသို့ ရောက်လေသော အခါ အလုံးစုံမျိုးစေ့တို့ မဟုတ်ကြလေကုန်။
1,344,835
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့် ဆိုသည် ရှိသော် ထိုသရက်မျိုးစေ့၌ ဓာတ်ရှစ်ပါးတို့ တည်ရှိကြကုန်၏၊ ထိုဓာတ် ရှစ်ပါးတို့ကား ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, ဝဏ္ဏဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဩဇာဓာတ်တို့ပေတည်း။
1,344,836
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဓာတ် ရှစ်ပါးတို့တွင် တေဇောဓာတ်တစ်ပါးသည်သာလျှင် မျိုးစေ့ကိစ္စကို ရွက် ဆောင်နိုင်၏၊ ထို့ကြောင့် ထိုတေဇောဓာတ်သည်သာလျှင် မျိုးစေ့ မည် သည်၊ ကြွင်းသော ဓာတ်ခုနစ်ပါးတို့သည်ကား ထိုတေဇောဓာတ်၏ အဆောက်အဦ အထောက်အပံ့မျှတို့သာ ဖြစ်ကုန်၏၊ မျိုးစေ့ကိစ္စကို ပြီးစီးစေနိုင်သည် မဟုတ်ကုန်။
1,344,837
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မျိုးစေ့ဟုဆိုအပ်သော ထိုဥတုအထူး သည်ကား ကမ္ဘာ၏ မျိုးစေ့သဖွယ်ဖြစ်၍ နေကုန်သော ဥတုအဆောက် အဦတို့တွင် အကျုံးဝင်၍ ပါရှိလေ၏။
1,344,838
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(ထိုဥတုဝိသေသသည် သံဝဋ္ဋကပ်စသည်တို့၌ အကြောင်းကို မရ ခြင်းကြောင့် ပေါက်ရောက်ခြင်းကိစ္စကို မပြီးစီးစေနိုင်ကြကုန်။
1,344,839
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဝဋ္ဋ ဋ္ဌာယီကပ်၌မူကား မြေတည်းဟူသော တည်ရာအကြောင်းနှင့် ရေတည်း ဟူသော အချီးအမြှောက်ကို ရရှိကြကုန်သောကြောင့် ပေါက်ရောက် ခြင်းကိစ္စကို ပြီးစီးစေနိုင်ကြကုန်၏၊)
1,344,840
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် ဤလူ့ပြည်လောက၌ ကမ္ဘာဦးအခါ အကြင်မျှလောက် သော ကာလပတ်လုံး မိန်းမ,ယောကျ်ားတို့ဟူ၍ မဖြစ်ပေါ်ကြကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ဥပပတ်လူတို့သည်သာလျှင် ဖြစ်ပေါ် ကြကုန်သကဲ့သို့ ထိုအတူ ဤလောက၌ ကမ္ဘာဦးအခါ ဗီဇဂါမ် ဘူတဂါမ် တို့သည် အကြင်မျှလောက်သော ကာလပတ်လုံး မူလဗီဇစသော မျိုးစေ့ ငါးပါးတို့ မဖြစ်ပေါ်ကြကုန်သေး၊ ထိုမျှလောက်...
1,344,841
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မျိုးစေ့ဓာတ်ဆိုသည်မှာ ယခင်က ပြဆိုခဲ့ပြီး သော တေဇောခေါ်သည့် ဥတုဝိသေသပေတည်း။
1,344,842
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဥတုဝိသေသနှင့် အတူတကွ ဖြစ်ကြကုန်သော ဓာတ်ခုနစ်ပါး တို့၏ ဓမ္မနိယာမအားဖြင့် ဆောင်ရွက်ကြပုံကို အမြွက်မျှ ပြဆိုဦးအံ့။
1,344,843
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သရက်မျိုးစေ့ဖြစ်ထိုက်သော တေဇောနှင့်အတူတကွ ဖြစ်ကြကုန် သော ဓာတ်ခုနစ်ပါးတို့သည် ဗီဇဂါမ်,ဘူတဂါမ်တို့ကို ဖြစ်ပွားစေရာ ဥတုဝိသေသ၏အလိုသို့ လိုက်ကြရကုန်၏၊ ဥတုဝိသေသသည် ပဓာနကြီး ဖြစ်၍ ပြဓာန်းစိုးမိုးလေ၏၊ သရက်မျိုးစေ့ဖြစ်သော ဥတုဝိသေသသည် ဓမ္မနိယာမအားဖြင့် သရက်ပင်ကိုသာ ပေါက်စေ၏၊ အခြားအပင်ကို မပေါက်စေ၊ ထိုဥတုဝိသေသနှင့် အတူတကွဖြစ်သော ...
1,344,844
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနည်းအတိုင်း သပြေပင် ပိန္နဲပင် စသည်တို့မှာလည်း ရုပ်ဓာတ် ရှစ်ပါးတို့၏ ဓမ္မနိယာမအားဖြင့် ကြံစည်ရာ၏။
1,344,845
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥတုဝိသေသအမျိုးမျိုးကိုစွဲ၍ ထိုဥတုနှင့်တကွဖြစ်သော ဓာတ် ခုနစ်ပါးတို့သည်လည်း မိမိတို့ကိစ္စကို အမျိုးမျိုး ရွက်ဆောင်ကြရကုန်၏၊ ဤကဲ့သို့ ဓမ္မနိယာမအားဖြင့် ဓာတ်သဘာဝတို့ ပြုပြင်ကြပုံကို ထင်ရှားစွာ သိမြင်သောအခါ သစ်ပင်,ချုံ,နွယ်စသော ဗီဇဂါမ်,ဘူတဂါမ်များကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ မည်သည့်ပုဂ္ဂိုလ်အရှင်မြတ်၏ တန်ခိုး အစွမ်းကြေ...
1,344,846
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကမ္ဘာတည်ဦးစ ပထမအခါ မြေအပြင်ထက်၌ မြှေးယှက်၍ ရသ ပထဝီမည်သော အရာသည် လက်မွန်စွာ တည်လာ၏၊ နွားနို့အပြင်၌ မလိုင်တက်သကဲ့သို့တည်း၊ ထိုရသပထဝီသည် အလုံးစုံသော ရေမျက်နှာ အပြင်ကို မြှေးယှက်၍နေ၏၊ ထိုရသပထဝီကို လျက်ခြင်းငှါတတ် ကောင်း ၏၊ အလွန်ကောင်းမြတ်သော မြေဆီအရသာဖြစ်သည်။
1,344,847
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအခါ ဗြဟ္မာ့ ပြည်မှ အောက်သို့ လျောသက်ကြကုန်သော ကမ္ဘာ့အဆောက်အဦ ဖြစ် သည့် ရေဆိုင်ရေခဲတို့သည် ရှေးဦးစွာ သိလာပထဝီ မြင့်မိုရ်တောင် သတ္တရဘန်တောင် စကြဝဠာတောင် ဟိမဝန္တာတောင်တို့ဖြစ်၍ တည်ကြ ကုန်၏၊ ကြွင်းသောအရပ်ဌာနတို့ကား တခဲနက် ရေအပြင်သို့သာ ဖြစ်လေကုန်၏၊ ထိုမှနောက်၌ ပြဆိုခဲ့ပြီးသော ရသပထဝီသည် ရင့်မာလေ သည်ရှိသော် ကြမ်းတမ်းသည်၏ ...
1,344,848
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤရသပထဝီနှင့် မြေချပ်လွှာတို့သည် ပံသုပထဝီ၏ ရှေးဦးမဆွဖြစ် သော အရာတို့ပေတည်း။
1,344,849
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပံသုပထဝီ၏ မျိုးစေ့တို့ဟူ၍ ဆိုအပ်ကုန်၏၊ ထိုမြေချပ်မြေလွှာသည် ပေါ်ဦးစအခါတွင် နူးညံ့၍ စားခြင်းငှါထိုက်၏၊ ရင့်မာခြင်းသို့ ရောက်လေသောအခါ၌မူကား စားသုံးခြင်းငှါမတတ် ကောင်းလေ၊ ထိုအခါ၌ ဗီဇဂါမ် ဘူတဂါမ်တို့တွင် ပဒါလတာမည်သော နွယ်မျိုးနှင့် ကောက်သလေးတို့သည် ရှေးဦးစွာ ပေါ်လာကြကုန်၏၊ ထိုမှ နောက်၌ မြက်အမျိုးမျိုး သစ်ပင်အမျိုးမျိုး နွယ...
1,344,850
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှ နောက်၌ ကာလရှည်မြင့်လေသောအခါ လောက၌ ပါပစိတ္တ ပါပဓမ္မ ဟုဆိုအပ်သော စိတ်ယုတ် စိတ်ဆိုး တရားယုတ် တရားဆိုးတို့ တိုးပွား ထွန်းကား လာကြကုန်သည်ရှိသော် ထိုစိတ်ယုတ်တရားဆိုးတို့၏ နိဿန္ဒ အကျိုးဆက်ကြောင့် သစ်ပင်စသည်တို့၌ အဆီ အစေး အရသာ ဩဇာ ဓာတ်တို့သည် အစဉ်အတိုင်း တရွေ့ရွေ့ ဆုတ်ယုတ်ကုန်ခန်းခြင်းသို့ ရောက်ကြလေကုန်၏၊ ထိုအခါ မျိုးစေ့...
1,344,851
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့စသည်ဖြင့် မျိုးစေ့ငါးပါးတို့သည် ထင်ရှားဖြစ်ပေါ် လာကြ ကုန်၏၊ အမြစ်မှ ပေါက်လေ့ရှိသော အပင်တို့သည် အမြစ်မှသာလျှင် ပေါက်ရောက်ကြကုန်၏၊ မျိုးစေ့မှ ပေါက်ရောက်လေ့ရှိသော အပင်မျိုး တို့သည် မျိုးစေ့မှသာလျှင် ပေါက်ရောက်ကြလေကုန်၏၊ ဤသို့စသည်ဖြင့် ဗီဇငါးပါးတို့ကို အနှံ့အပြား ဝေဖန်၍သိရာ၏။
1,344,852
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခါရလောကကြီး ဖြစ်ပျက်ပုံပြီး၏။
1,344,853
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တလောကကြီးဖြစ်ပျက်ပုံ
1,344,854
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တလောကကြီး၏ ဖြစ်ပုံမည်သည်ကား လွန်စွာနက်နဲလှ၏၊ လွန်စွာမြင်နိုင်ခဲလှ၏၊ သတ္တလောကကြီး ဖြစ်ပုံသည် အလုံးစုံသော ဒိဋ္ဌိဟူသမျှတို့၏ တည်ရာမှီရာကြီးဖြစ်၏၊ ထိုသတ္တလောကကိုစွဲ၍ ဒိဋ္ဌိဟူသမျှတို့သည် ဖြစ်ပွားကြကုန်၏၊ ထို့ကြောင့် သတ္တလောက၏ အကြောင်းကို ဆိုလိုသောသူသည် ရှေးဦးစွာ
1,344,855
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သမ္မုတိနာမ်,
1,344,856
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ သမ္မုတိအနက်သဘော,
1,344,857
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ပရမတ္ထသစ္စာ,
1,344,858
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ ပရမတ္ထနာမ်,
1,344,859
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ ပရမတ္ထအနက်သဘော,
1,344,860
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ဝေဖန်ခြင်းကို ရှင်းလင်းစွာ ပြု၍ထားရာ၏၊ ဤခြောက်ပါး သော ဝေဖန်ခြင်းတို့ကိုခြားနားစွာ သိရှိလေသည်ရှိသော် သတ္တလောကကြီး၏ ဖြစ်ပုံအကြောင်းကို ကောင်းမွန်ခြားနားစွာ သိနိုင်လေသည်။
1,344,861
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ သမ္မုတိသစ္စာနှစ်ပါးကို အောက်၌ ပြဆိုအပ်ခဲ့ပြီး၍ ဤအရာ၌ အထူး ချဲ့ထွင်၍ ပြောကြားရန်မလိုချေ။
1,344,862
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်သည် သမ္မုတိနာမ်မည်၏၊
1,344,863
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* သတ္တဝါတို့၏ ပုံသဏ္ဌာန် အားဖြင့် ဖြစ်၍နေသော သတ္တဝါ အစဉ်သည် သမ္မုတိအနက်မည်၏၊
1,344,864
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* နာမ်ရုပ်ဟူသောအမည်,ပထဝီ ဖဿစသောအမည်များ သည် ပရမတ္ထနာမ်မည်၏၊
1,344,865
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* နာမ်ရုပ်တို့၏ ကိုယ်စီကိုယ်င အသီးအသီးဖြစ်သော သဘောသည် ပရမတ္ထအနက်မည်၏။
1,344,866
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာဖြင့်ထင်စွာပြဦးအံ့- တစ်ယောက်သော ယောကျ်ား သည် မြေကြီးကိုတူး၍ မြေမှုန့်ပြုပြီးလျှင် ရေဖြင့်နယ်၍ အိုးလုပ်လေ၏၊ ထိုသို့ ပြုလုပ်ရာ၌ အိုးဟူသောအမည်သည် ပုံသဏ္ဌာန်၏အမည်ဖြစ်၏၊ အိုး၏ပုံသဏ္ဌာန်သည်ကား'အိုး'ဟူသော နာမ်၏အနက်ဖြစ်၏၊ မြေအိုးဟူ သောစကား၌ မြေဟူသည်ကား မြေမှုန့်တိ့ု၏အမည်ပေတည်း၊ ထိုမြေမှုန့် များသည်ပင်လျှင် 'မြေ'ဟူသော အမည်၏...
1,344,867
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤ အရာ၌ မြေမှုန့်နှင့်မြေဟူသော အမည်များသည် ရှေးဦးမဆွကပင်လျှင် ပကတိသဘောအားဖြင့် ပြီးစီးလျက်ရှိလေ၏၊ အိုး၏ပုံသဏ္ဌာန်နှင့် 'အိုး'ဟူသောအမည်သည်ကား အိုးလုပ်သမားက အိုးဖြစ်အောင် ပြုလုပ် သောအခါ၌သာလျှင် ဖြစ်လာကြကုန်၏။
1,344,868
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ဖန် ထိုအိုးကိုခွဲ၍ အမှုန့်ပြုလုပ်လိုက်ပြန်သည်ရှိသော် မြေမှုန့်များပင် ပြန်၍ဖြစ်လေ၏၊ မြေဟူသော အမည်သည်ကား မပျောက် ချေ၊ အိုး၏ပုံသဏ္ဌာန်နှင့် အိုးဟူသော အမည်နာမများသည်ကား ထိုအခါ၌ ကွယ်ပျောက်လေ၏၊ ပကတိသဘောမည်သည် မည်သို့ပင် ပြုလုပ်စီမံသော်လည်း ပျောက်ပျက်ခြင်း သဘောမရှိချေ၊ နဂိုရ်ပကတိ မဟုတ်သော အရာများသည်ကား တစ်မျိုးတစ်မည်...
1,344,869
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအမည်နှစ်ပါး, အနက်နှစ်ပါးကို ရောနှော၍ တစ်ခုတည်းကဲ့သို့ ဆိုလျှင် မှားယွင်းလေ၏၊ ဥပမာ,ဥပမေယျ စပ်ဟပ်သည်ရှိသော် အိုး၏ပုံ သဏ္ဌာန်ကဲ့သို့ သတ္တဝါ၏ပုံသဏ္ဌာန်ကို မှတ်သားအပ်၏၊ အိုးဟူသော အမည်ကဲ့သို့ သတ္တဝါ ဟူသောအမည်ကို မှတ်အပ်၏၊ မြေမှုန့်ကဲ့သို့ ရုပ်နာမ်တရားအစုကို မှတ်အပ်၏၊မြေဟူသောအမည်ကဲ့သို့ ရုပ်နာမ်တို့၏ အမည်ကို မှတ်ထားအပ်၏၊ အ...
1,344,870
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သဏ္ဌာန်နှင့် သန္တာန်နှစ်ပါးအထူးမှာ
1,344,871
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ခြေလက်အင်္ဂါ မျက်နှာ ဦးခေါင်းမှစ၍ အလုံးစုံသော ပုံပန်း များကို သဏ္ဌာန်ဆိုသည်။
1,344,872
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဘဝတစ်ခု၌ အစဉ်အဆက် ဖြစ်နေခြင်း တစ်ဘဝမှ တစ် ဘဝသို့ ကူးပြောင်းသွားလာ၍နေမှုကို သန္တာန်ဆိုသည်။
1,344,873
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုံပန်းကိုသဏ္ဌာန်ဆိုသည်၊ အစဉ်ကိုသန္တာန်ဆိုသည်။
1,344,874
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါဟူသည် ပညတ် သမ္မုတိသစ္စာမျှဖြင့်သာ ရှိလေသောကြောင့် ထိုသတ္တဝါမှာ ဥပါဒ်ဟူ၍၎င်း၊ ဘင်ဟူ၍၎င်း မရှိချေ၊ နာမ်ရုပ်တရားတို့မှာ ပရမတ္ထအားဖြင့် အထင်အရှားရှိနေသောကြောင့် ဥပါဒ်လည်းရှိ၏၊ ဘင်လည်းရှိ၏၊ သတ္တဝါဖြစ်သည်၊ သတ္တဝါအိုမင်းသည်၊ သတ္တဝါ သေလွန် စုတေသည်ဟူသော အကြင်ပညတ်ခြင်းသည်ရှိ၏၊ ထိုပညတ်သည် သတ္တဝါတို့၏ တစ်ခုသောဘဝမှာ တစ်ကြိမ်သ...
1,344,875
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိသန္ဓေနေသောအခါ၌ သတ္တဝါဖြစ်သည်ဟူ၍ တစ်ကြိမ်ဆိုရ၏၊ စုတိချုပ်ဆုံးသောအခါ၌ သတ္တဝါသေသည်ဟူ၍ တစ်ကြိမ်ဆိုရ၏၊ သတ္တဝါမှာ တစ်ခုသောဘဝ၌ အခါခါဖြစ်သည်ဟူ၍မရှိ။
1,344,876
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြိမ်ကြိမ် သေသည်ဟူ၍မရှိ။
1,344,877
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အထင်အရှားရှိသော နာမ်ရုပ်တရား သည်မူကား တစ်နေ့အတွင်းမှာ အသိန်းအသင်္ချေမက ဖြစ်လည်းဖြစ်၏၊ ရင့်လည်း ရင့်၏၊ ချုပ်လည်းချုပ်၏၊ သတ္တဝါသည် ပရမတ္ထသဘော ကဲ့သို့ အထင် အရှားရှိနေသည်ဆိုလျှင် ခဏခဏဖြစ်၊ ခဏခဏချုပ်၍ နေရာ၏၊ ထို သို့ကား မဟုတ်၊ သတ္တဝါမည်သည် စင်စစ်အားဖြင့်ရှိသော တရား မဟုတ်၍ ခဏခဏဖြစ်ခြင်း ချုပ်ခြင်းမရှိချေ၊ သတ္တဝါမှာ တစ်ဘဝလျှင...
1,344,878
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါ သေသည်ဟူသော စကားမှာ လောက၌ လူတို့၏ ဝေါဟာရ စကားမျှသာ ဖြစ်လေသည်။
1,344,879
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ သမ္မုတိနှင့် ပရမတ္ထကို ဝေဖန်၍သိရ၏။
1,344,880
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာတစ်နည်းအားဖြင့်- အဆုံးမရှိသော အနန္တာကာသ ကောင်း ကင်ကြီးသည် ရှိ၏ဟူ၍ဆိုသော် သမ္မုတိသစ္စာအားဖြင့် မှန်သော စကားဖြစ်၏၊ ထိုအနန္တာကာသ ကောင်းကင်ကြီးသည် သဘောအားဖြင့် ထင်ရှားကား မရှိဟူ၍ဆိုသော် ပရမတ္ထအားဖြင့် မှန်သော စကားဖြစ်၏၊ အနန္တာကာသ ကောင်းကင်ကြီး၏ ရှိ-မရှိဟူသော စကားသည် သူ့အရာ နှင့်သူ ဆိုသဖြင့် အချင်းချင်းဆန့်ကျင်ကြသည် မဟု...
1,344,881
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပရမတ္ထသစ္စာနှင့် သမ္မုတိသစ္စာသည် သူ့နေရာနှင့်သူ ထိုက်သည် အားလျော်စွာ ပြောဆိုသုံးစွဲရသော တရားများ ဖြစ်လေသောကြောင့် သတ္တဝါရှိသည်, သတ္တဝါမရှိဟူသော စကားနှစ်ခုသည် အချင်းချင်း ဆန့်ကျင်ဖက်မဖြစ်ချေ။
1,344,882
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ သမ္မုတိသစ္စာအားဖြင့်ဆိုသော် သတ္တဝါရှိ၏၊ ပရမတ္ထသစ္စာ အားဖြင့်ဆိုသော် သတ္တဝါမရှိဟူသော စကားသည် သူ့ အရာအားလျော်စွာ ဆိုသောကြောင့်မှန်သည်ချည်းသာဖြစ်၏။
1,344,883
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအတူ သတ္တဝါသည် တစ်ဘဝသို့ ကျင်လည်ပြောင်းသွားသည်, မကျင်လည် မပြောင်းသွားဆိုသော စကားသည်လည်း အရာအားလျော် စွာ သင့်လျော်ကြသော စကားများဖြစ်လေ၏၊ ထိုစကားရပ်၌ သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်ပြောင်းသွားသည်ဟူ၍ အမြဲအစွဲမှတ်ယူပြီးလျှင် နာမ်ရုပ်တရားသည်လည်း ပြောင်းသွား ကျင် လည်၏ဟူ၍ ယူလေသည်ရှိသော် သဿတဒိဋ္ဌိဖြစ်၏။
1,344,884
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ပါး နာမ်ရုပ်တရားသည် ပြောင်းသွားကျင်လည်ခြင်း မရှိဟူ၍ အမြဲအစွဲ အခိုင်အမာမှတ်ယူပြီးလျှင် သတ္တဝါသည်လည်း ပြောင်းသွားကျင်လည်လေ့မရှိ၊ တစ်ဘဝနှင့်သာ ကိစ္စတုံးလေ၏၊ တစ်ဘဝ နှင့် သတ္တဝါဇာတ်ပြတ်လေ၏၊ သစ်ပင်သည် သေသောအခါ ဘယ်သစ်ပင် ဖြစ်သည်ဟူ၍မရှိဘဲ ပြတ်လေဘိသကဲ့သို့တည်းဟု ယူပြန်သော် ဥစ္ဆေဒဒိဋ္ဌိဖြစ်၏။
1,344,885
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* သမ္မုတိသစ္စာဘက်သို့ လုံးလုံးလိုက်ပါလွန်းလျှင် သဿတဒိဋ္ဌိဖြစ်၏။
1,344,886
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ပရမတ္ထသစ္စာဘက်သို့ လုံးလုံး လိုက်ပါလွန်းလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တတ်၏ဟု ဆိုလိုသည်။
1,344,887
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သဿတဒိဋ္ဌိအယူကို ယူသည်ရှိသော် နိဗ္ဗာန်တံခါးကို ပိတ်ဆို့သည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုကဲ့သို့ ကျင်လည်ပြောင်းသွား၍ နေသော နာမ်ရုပ်တရားရှိသည်ရှိသော် သံသရာအပြင်၌ အမြဲပင် တည် သော သဘောရှိလေသောကြောင့်တည်း။
1,344,888
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥစ္ဆေဒဒိဋ္ဌိအယူကိုယူလျှင် နတ်ပြည်၏ တံခါးကိုပိတ်ဆို့သည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုဥစ္ဆေဒအယူဖြင့် ကုသိုလ်ကံ အကုသိုလ်ကံများကို တားမြစ်သောကြောင့်တည်း။
1,344,889
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့်သော်ကား ပြဆိုအပ်ခဲ့ပြီးသော ဒိဋ္ဌိနှစ်ပါးတို့၌လည်း နာမ်ရုပ်နှစ်ပါးတို့ကို အတ္တဟူ၍ စွဲလမ်းလျက်သာရှိကြလေ၏၊ အတ္တဟူ သည် အလုံးစုံသော ဒိဋ္ဌိတို့၏ အမြစ်မူလကြီးဖြစ်၏၊ အတ္တဒိဋ္ဌိမှ အမျိုးမျိုး သော ဒိဋ္ဌိဝါဒတို့သည် ပေါ်ပေါက်ကြကုန်၏၊ အတ္တရှိ၏ဟူ၍ ယူသည်ရှိ သော် အလုံးစုံသောဒိဋ္ဌိတို့၏ အမြစ်မူလကို တည်ထောင် စိုက်ထူသည် မည်...
1,344,890
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သစ္စာနှစ်ပါးကို ခြားနားဝေဖန်၍ မှန်ကန်စွာကျင့်လျှင် နတ်ရွာ နိဗ္ဗာန် တံခါးဖွင့်သည်ဟူ၍ ဆိုလိုသည်။
1,344,891
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သမ္မုတိသစ္စာနည်း-
1,344,892
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ခဲ့ပြီးသော သစ္စာနှစ်ပါးတို့တွင် ယခုအခါ သမ္မုတိသစ္စာနည်းအားဖြင့် သတ္တလောက၏ ဖြစ်ပုံကို ပြဆို ပေအံ့၊ ကမ္ဘာတည်ထောင်၍ လာသည်ရှိသော် ဤလောက၌ ပထမ စျာန်ဗြဟ္မာ့ဘုံမှစ၍ အောက်တစ်ပြင်လုံး၌ ဘုံစဉ်အဆင့်ဆင့်တို့သည် တည်ကြလေကုန်၏၊ ဗြဟ္မာဘုံ၌ အရှင်ကင်းမဲ့သော သုညဗိမာန် တို့သည် ဖြစ်ပေါ်ကြကုန်၏၊ နတ်ပြည်လောက၌ အရှင်ကင်းမဲ့သော သုညဗိမာန်...
1,344,893
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနေရာ၌ စောဒနာဖွယ်ရှိသည်ကား- သတ္တဝါတို့သည် အဘယ်ကြောင့် များသောအားဖြင့် အောက်အောက်ဘုံတို့၌ စုန်ဆင်း၍ ဖြစ်ကြကုန်သနည်း။
1,344,894
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမျှလောက် ရှည်ကြာလေးမြင့်သော အခါကာလပတ်လုံး အာဘဿရဘုံ၌ တည်နေကြရကုန်သောကြောင့် ထိုဘုံ၌ အထက်ထက် ဖြစ်သော စျာန်တရားတို့ကို ပွားများပြီးလျှင် ယေဘုယျအားဖြင့် ထိုအာဘဿရဗြဟ္မာ့ဘုံမှ အထက်ထက်ဖြစ်သော ဗြဟ္မာ့ဘုံတို့၌ ဖြစ်ကုန် ရာသည် မဟုတ်လော။
1,344,895
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ဤကား စောဒနာဖွယ်တည်း။
1,344,896
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဖြေကိုဆိုအံ့- ဒုကင်္ဂုတ္တရပါဠိတော် သမစိတ္တသုတ္တန်၌ အဇ္ဈတ္တ သံယောဇဉ်ရှိသောပုဂ္ဂိုလ်, ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ ပုဂ္ဂိုလ် နှစ်ပါးကို ဘုရားဟောတော်မူ၏။
1,344,897
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတွင်း၌ ငြိတွယ်သော ပုဂ္ဂိုလ်, အပ၌ ငြိတွယ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုလိုသည်။
1,344,898
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* သံယောဇဉ်တရား ဆယ်ပါးရှိလေသည်အနက် သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမစ္ဆန္ဒ ဗျာပါဒ ဤ သံယောဇဉ်ငါးပါး တို့သည် အဇ္ဈတ္တ သံယောဇဉ် မည်ကုန် ၏၊ ဩရမ္ဘာဂိယ သံယောဇဉ်ဟူ၍လည်း ဆိုအပ်ကုန်၏။
1,344,899
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ ဤသံယောဇဉ် ငါးပါးတို့သည် ဗဟိဒ္ဓသံယောဇဉ် မည်ကုန်၏၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ဟူ၍လည်း ဆိုအပ်ကုန်၏။
1,344,900
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ ကာမဘုံကို အဇ္ဈတ္တဆိုသည်၊ ဗြဟ္မာ့ဘုံကို ဗဟိဒ္ဓဆို သည်၊ ကာမဘုံသည် သတ္တဝါတို့နှင့် နှီးရင်း၍ အတွင်းကျသောဘုံမည်၏၊ ဗြဟ္မာ့ဘုံသည် သတ္တဝါတို့နှင့် များစွာမနှီးရင်းလှ၍ အပဘုံမည်၏၊ အဇ္ဈတ္တ ခေါ်သော ကာမဘုံ၌ ငြိတွယ်သည့် သံယောဇဉ်ကို အဇ္ဈတ္တ သံယောဇဉ် ခေါ်သည်၊ ရူပဘုံ၌ ငြိတွယ်သော သံယောဇဉ်ကို ဗဟိဒ္ဓ သံယောဇဉ် ခေါ်သည်ဟူ၍ ဆိုလို၏။