id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,344,901 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ကာမလောကကို အဘယ်ကြောင့် အဇ္ဈတ္တဆိုပါသနည်း၊ ဗြဟ္မာ့လောကကို အဘယ်ကြောင့် ဗဟိဒ္ဓဆိုပါသနည်း။ |
1,344,902 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အလုံးစုံသော သတ္တဝါတို့၏ ပဋိသန္ဓေတည်နေခြင်းသည် ကာမလောက၌ အကြိမ်များ၏၊ ဤသို့ ကာမလောကသည် သတ္တဝါတို့နှင့် နှီးရင်း၍ အတွင်းကျသောကြောင့် အဇ္ဈတ္တမည်လေ၏၊ ဗြဟ္မာ့ဘုံ၌မူကား သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည်နည်းပါး၏၊ ပဋိသန္ဓေနည်းပါး သောဘုံသည် သတ္တဝါတို့နှင့်များစွာမနှီးရင်း အတွင်းမကျ၊ ထို့ကြောင့် ဗြဟ္မာ့လောကကိုဗဟိဒ္ဓဟူ၍ဆိုရလေသည... |
1,344,903 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားကို ထင်ရှားစွာ ပြဆိုဦးအံ့- အကြင်ဘုံဌာန၌ သတ္တဝါ တို့သည် ပဋိသန္ဓေယူခြင်း အကြိမ်ကြိမ်များကြကုန်၏၊ ထိုဘုံဌာန၌ အမျိုးမျိုးသော အာရုံတို့မှာ တဏှာသည် များစွာကျက်စားရလေ၏၊ တဏှာ၏ စားကျက် နယ်ကျယ်သောနေရာမှာ သတ္တဝါတို့၏ ဝါသနာ လည်းစွဲလမ်း လေ၏၊ ကာမဘုံမှာ အကြိမ်ကြိမ်အခါခါ ပဋိသန္ဓေတည် နေ၍ ဖြစ်ဖန်များသောကြောင့် တဏှာသည်လည်း ကာမဘုံတ... |
1,344,904 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “တဏှာ ဒုတိယော ပုရိသော” |
1,344,905 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုရိသော=သတ္တဝါသည်၊ တဏှာ ဒုတိယော=တဏှာသာလျှင် အဖော်သဟဲရှိ၏။ |
1,344,906 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့မြတ်စွာဘုရားဟောကြားတော် မူအပ်သောအတိုင်း သတ္တဝါတို့သည် တဏှာကို အဖော်ပြုလုပ်၍ သံသရာအပြင်မှာ ကျင် လည်ကြရကုန်၏၊ ပဋိသန္ဓေအကြိမ်ကြိမ်နေရသော ကာမဘုံမှာ တဏှာက ကျွမ်းကျင်လမ်းသိ၍နေသောကြောင့် တဏှာအဖော်က သတ္တဝါကို ကာမဘုံသို့သာ များစွာဆွဲဆောင်လေ၏၊ ဆွဲဆောင်သော အတိုင်းလည်း ကာမဘုံမှာ အကြိမ်ကြိမ်အခါခါ ပဋိသန္ဓေတည်လာရ၏၊ ထို့ကြောင့် က... |
1,344,907 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသဘောအဓိပ္ပါယ်မှပြန်သောအားဖြင့် ဗြဟ္မာ့ဘုံ၏ ဗဟိဒ္ဓမည်ကြောင်း ကိုသိရာ၏။ |
1,344,908 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဓိပ္ပါယ်တစ်နည်းသော်ကား- ဤသတ္တဝါတို့သည် ကာမ အာရုံ ကာမဂုဏ်ဝတ္ထု အာလယအစု၌သာလျှင် မွေ့လျော်ပျော်ပါးလေ့ရှိ ကြကုန်၏၊ ကာမအာရုံ ကာမဂုဏ်တို့နှင့်တွေ့လျှင် ဆွေ့ဆွေ့ခုန်ရွှင်မြူး ဝမ်းမြောက်ကြကုန်၏၊ ကာမဘုံသည်လည်း ကာမဝတ္ထုတို့၏ တည်ရာ ဖြစ်၏၊ ကာမဘုံတစ်ခုလုံးသည် ကာမဂုဏ်တို့ဖြင့် ထက်ဝန်းကျင် ပြည့် လျှံ့၍နေ၏၊ ထိုကာမအာရုံတို့က သတ္တဝါတို... |
1,344,909 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာကား- နွားသတ္တဝါတို့သည် မြက်တောကြီးရာမှာသာ ပျော်ပိုက်၏၊ သန့်ရှင်းသော တလင်းမြေပြင်ပေါ်မှာ မပျော်ပိုက်၊ ကျွဲ သတ္တဝါသည်ရွှံ့ညွံထူထပ်ရာမှာသာ ပျော်ပိုက်၏၊ ခြောက်သွေ့သန့်ပြန့် သော ကွင်းမြေပေါ်မှာ မပျော်ပိုက်၊ ထိုအတူပင်လျှင် သတ္တဝါတို့သည် ကာမဂုဏ်မြက် ကာမဂုဏ်ညွန်ဗွက် ထူထပ်ပေါများသော ကာမဘုံမှာသာ များစွာပျော်ပိုက်ကြလေကုန်၏၊ က... |
1,344,910 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗြဟ္မာ့ဘုံမှာမူကား ထိုကဲ့သို့ သတ္တဝါတို့ကြိုက် နှစ်သက် တတ်သော ကာမအာရုံတို့သည် မရှိကြလေကုန်၊ ရွှံ့ညွန်မြက်တောတို့မှ ရှင်းလင်းသော ကွင်းပြင်မြေပြန့်ကြီး နှင့်သာတူလေသည်၊ ထို့ကြောင့်ဗြဟ္မာ့ ဘုံ၌ တည်နေကြကုန်သော အလုံးစုံသောပုထုဇ္ဇန်သတ္တဝါတို့သည် မိမိတို့ ဝါသနာ ပါရင်းရှိနေသည့်အတိုင်း အောက်ကာမဘုံကိုသာ ငုံ့လျှိုးသော သဘောဖြင့် နေ... |
1,344,911 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာ ဆိုသည်ရှိသော်- သူပုန်ထကြွခြင်း, စစ်မက်ဖြစ်ပွါးခြင်း စသည်တို့ဖြင့် နိုင်ငံတုန်လှုပ်ချောက်ချားလေသည်ရှိသော် တိုင်းပြည်မြို့ ရွာ၌ နေထိုင်ကြသောလူအပေါင်းတို့သည် တောကြီးအတွင်းသို့ထွက်၍ နေကြရကုန်၏၊ ထိုတောကြီးသည် လွန်စွာလည်း မွေ့လျော်ပျော်ဖွယ်ရာ ရှိ၏၊ ဘေးကင်းချမ်းသာ၏၊ အရိပ်ရေမိုးတို့နှု့်လည်း ပြည့်စုံ၏၊ ဤသို့ပင် ပြည့်စုံညီ... |
1,344,912 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဥပမာနှင့်အတူ ပုထုဇ္ဇန်သတ္တဝါတို့သည် ဗြဟ္မာ့ပြည်သို့ ရောက် ၍တည်နေကြရကုန်သော်လည်း ကာမဘုံသို့သာ မျှော်၍နေကြ လေကုန် သည်၊ မြို့ရွာသည် ကာမဘုံနှင့်တူ၏၊ တောကြီးသည်ဗြဟ္မာ့ဘုံ နှင့်တူ၏၊ တိုင်းပြည်ချောက်ချားခိုက်တွင် ခေတ္တမျှ တောတွင်းမှာနေကြရ သောသူ တို့သည် အဇ္ဈတ္တသံယောဇဉ် ဩရမ္ဘာဂိယ သံယောဇဉ်များကို မဂ်ဖြင့် မပယ်ရှားအပ်ကုန်သေးသော ... |
1,344,913 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တရားသဘောအားဖြင့် ပြဆိုအပ်သည်ရှိသော် အဇ္ဈတ္တ သံယောဇဉ်ငါးပါးက ဆွဲငင်သည့်အတွက် ကြောင့် သတ္တဝါတို့သည် ကာမဘုံတွင်း၌သာ တစ်ရစ်ဝဲဝဲ ကျရောက်ကျင် လည်၍ နေကြသည်ဟူ၍ဆိုလိုသည်။ |
1,344,914 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ထိုအဇ္ဈတ္တသံယောဇဉ်ငါးပါးကို ဩရမ္ဘာဂိယခေါ်သည်မှာ ယုတ်နိမ့်အောက်ကျသော ကာမဘုံဟူ၍ ဆိုအပ်သည့် ဤမှာဖက်သို့သာ ဆွဲဆောင်တတ်သော သဘောအဖို့ ရှိသောကြောင့် ဩရမ္ဘာဂိယဟူ၍ခေါ်သည်။ |
1,344,915 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗဟိဒ္ဓသံယောဇဉ် ငါးပါးကို ဥဒ္ဓံဘာဂိယသံယောဇဉ်ဟူ၍ ဆိုရသည်မှာ မြင့်မြတ်သော အထက်ဗြဟ္မာ့ ဘုံသို့ မြှင့်မြှောက်တတ်သော သဘောရှိသောကြောင့် ဥဒ္ဓံဘာဂိယဟူ၍ ဆိုသည်။ |
1,344,916 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကျဉ်းချုပ်အားဖြင့်ဆိုသော် ဩရမ္ဘာဂိယ သံယောဇဉ်သည် အောက်သို့သက်ဆင်းရန် ညွတ်ကိုင်းသော သဘောရှိ၏၊ ဥဒ္ဓံဘာဂိယ သံယောဇဉ်သည် အထက်သို့တက်ကြွရန် မြှင့်မြှောက်သောသဘောရှိ၏။ |
1,344,917 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဩရမ္ဘာဂိယသံယောဇဉ်ကင်းကုန်ပြီးသော အရိယာပုဂ္ဂိုလ်တို့ သည်ကား- ထိုဗြဟ္မာ့ပြည်သို့ရောက်လေသည့်အခါ ကာမဘုံသို့ ပြန်လှည့် သော သဘောမရှိကြလေကုန်၊ သောတာပန် သကဒါဂါမ်တို့သည် ဩရမ္ဘာဂိယ သံယောဇဉ်ကို အလုံးစုံမပယ်သတ်နိုင်သေးသော်လည်း ဗြဟ္မာ့ဘုံသို့ရောက်လေသောအခါ ပုဂ္ဂလဂတိအားဖြင့် ကာမဘုံသို့ ပြန်လည်လေ့မရှိကြလေကုန်။ |
1,344,918 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥဒ္ဓံဘာဂိယသံယောဇဉ် ကင်းရှင်းပြီးသော အခါ၌မူကား အလုံးစုံသော ဘုံသုံးပါးတို့မှ ကျွတ်လွတ် ထွက်မြောက်၍ နိဗ္ဗာန်သို့ပေါက်ရောက်ကြလေကုန်၏၊ ပြဆိုခဲ့ပြီးသော အတိုင်း ကမ္ဘာ တည်သောအခါ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် သက်ဆင်း လာကြကုန် သော ပုဂ္ဂိုလ်တို့သည် ဤလူ့ပြည်လောက၌ ဖြစ်ကြကုန် သည်ရှိသော် ဥပပတ်လူသားတို့သာလျှင် ဖြစ်ကြလေကုန်၏၊ ထိုအခါ ဗြဟ္... |
1,344,919 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ကမ္ဘာစ၍တည်ထောင်ရာ၌ လူ့ဘုံလောကမှာ လူသတ္တဝါ တို့စသည်ဖြစ်ပေါ်လာပုံကို သမ္မုတိသစ္စာအားဖြင့် ပြဆိုခြင်းပေတည်း။ |
1,344,920 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မုတိသစ္စာအာဖြင့် သတ္တလောကဖြစ်ပျက်ပုံပြီး၏။ |
1,344,921 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထသစ္စာနည်း- |
1,344,922 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထ သစ္စာနည်းအားဖြင့် သတ္တလောက ကြီး၏ ဖြစ်ပုံမှာ အလုံးစုံသော ပဋိစ္စသမုပ္ပါဒ် စက်ကြီးပင်ဖြစ်လေသည်။ |
1,344,923 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ကြောင့် သတ္တလောကကြီး၏ ဓမ္မနိယာမဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရား တော်ကြီးကို ဤနေရာ၌ ထုတ်ဖော် ပြဆိုအပ်လေသတည်း။ |
1,344,924 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်သည်။ |
1,344,925 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) အဝိဇ္ဇာဆိုသော စကားသည် ဝိဇ္ဇာဆိုသောစကားမှ 'န' သဒ္ဒါမြစ်၍ ဖြစ်လာသောကြောင့် ဝိဇ္ဇာကိုရှေးဦးစွာ ပြဆိုသင့်၏။ |
1,344,926 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဝိဒတိ ဇာနာတီတိဝိဇ္ဇာ” |
1,344,927 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိဒတိ ဇာနာတိ=သိတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိဇ္ဇာ= ဝိဇ္ဇာမည်၏။ |
1,344,928 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အသိအလိမ္မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ အမောဟ” ဟူ၍ဆိုအပ်သော အတိုင်း သိမြင်လိမ္မာသောတရားကို ဝိဇ္ဇာဆိုသည်၊ တရားကိုယ်ကောက် လျှင် ပညာစေတသိက်ကိုရ၏။ |
1,344,929 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ဝိဇ္ဇာသည် ဘယ်နေရာကို သိတတ်ပါနည်း။ |
1,344,930 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ သိထိုက် သိအပ်သည်ကို သိပါသည်။ |
1,344,931 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ သိထိုက် သိအပ်သော အရာသည် အဘယ်နည်း။ |
1,344,932 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ မှန်သော သစ္စာတရားသည် သိထိုက်သိအပ်သော အရာ ဖြစ်သည်။ |
1,344,933 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အမှန်တရားဟူသည် အဘယ်နည်း။ |
1,344,934 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အကြင်တရားသည် အလုံးစုံသော အခါကာလပတ်လုံး ထင်ရှားရှိ၏၊ သဘောအားဖြင့် မှန်ကန်၏၊ ဖောက်ပြန်လေ့မရှိ၊ အခြင်း အရာတစ်ပါးပြောင်းလဲ၍လည်း မသွား၊ ဤတရားမျိုးသည် 'သစ္စာ' အမှန် တရားဖြစ်၏၊ |
1,344,935 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ထိုအမှန်တရားသည် ဘယ်နှစ်ပါးရှိပါသနည်း။ |
1,344,936 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ လေးပါးရှိပါသည်။ |
1,344,937 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ လေးပါးဟူသည်ကား အဘယ်နည်း။ |
1,344,938 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယ အရိယသစ္စာ၊ ဒုက္ခနိရောဓ အရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီ အရိယသစ္စာ၊ ဤကား သစ္စာလေးပါး ပေတည်း။ |
1,344,939 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသစ္စာလေးပါးကို မဖောက်မပြန် မှန်ကန်သောကြောင့် အရိယသစ္စာ၊ သဘောအားဖြင့် လှုပ်ရှားပြောင်းလဲခြင်း မရှိသောကြောင့် အစလသစ္စာဟူ၍လည်းခေါ်သည်။ |
1,344,940 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ထိုသစ္စာ လေးပါးတို့တွင် ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ |
1,344,941 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော ခန္ဓာငါးပါး ကို ဒုက္ခသစ္စာခေါ်သည်။ |
1,344,942 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာကို အဘယ်ကြောင့် ဒုက္ခသစ္စာ ခေါ်ပါသနည်း၊ ထိုရူပက္ခန္ဓာသည် နတ်ပြည်၌ဖြစ်သော ရူပက္ခန္ဓာ၊ ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာများလည်းရှိသေးသည် မဟုတ်ပါလော၊ ထိုနတ်ပြည် ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာများကို ဆင်းရဲအမှန်ဟု ဆိုထိုက်ပါမည်လော။ |
1,344,943 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ရူပက္ခန္ဓာမှန်လျှင် အမှန်ဆင်းရဲရမည်ဖြစ်၍ ဒုက္ခသစ္စာ သဘောကို မလွန်မြောက်နိုင်ချေ၊ နတ်ပြည်ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာ ဖြစ်စေကာမူ ပဋိသန္ဓေနေခြင်း ဇာတိဓမ္မကို မလွန်မြောက်နိုင်၊ အိုခြင်း ဇရာဓမ္မကို မလွန်မြောက်နိုင်၊ စုတိသေဆုံးခြင်း မရဏဓမ္မကို မလွန် မြောက်နိုင်၊ စိုးရိမ်ပူဆွေးခြင်း သောကဓမ္မကို မလွန်မြောက်နိုင်၊ ငိုကြ... |
1,344,944 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထင်ရှားစွာပြဆိုဦးအံ့- ဇာတိဓမ္မရှိသော ထိုရုပ်တရားသည် ပဋိသန္ဓေနေခြင်းကိစ္စကို ဆောင်ရွက်ရ၏၊ ငရဲပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ တိရစ္ဆာန်ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ ပြိတ္တာ ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ အသုရကာယ်ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ အဘယ်သို့ ဆောင်ရွက်သနည်းဆိုလျှင် ထိုထိုဘုံဘဝ တို့၌ ပဋိသန္ဓေ တည်နေသောအခါ ရုပ်သည်ပါဝင်၍ ဆေ... |
1,344,945 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုရူပက္ခန္ဓာသည် အလုံးစုံသော ကိလေသာတို့၏ ဇာတိကိုလည်း ဆောင် ရွက်ရ၏၊ အလုံးစုံသော ဒုစ္စရိုက်တို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏၊ အလုံးစုံသော ရောဂါတို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏၊ အလုံးစုံ သော အနာတို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏။ |
1,344,946 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဘယ်ကဲ့သို့ ဆောင်ရွက်သနည်းဆိုလျှင် ထိုကိလေသာ ဖြစ်ပေါ် မှု ဒုစ္စရိုက်ဖြစ်ပေါ်မှု အနာရောဂါဖြစ်ပေါ်မှုတို့၏ အကြောင်း အဖြစ်ဖြင့် ဆောင်ရွက်သည်၊ ဥပမာ တစ်စုံတစ်ခုသော ရူပါရုံအဆင်းကို သာယာ သောအခါ ထိုအဆင်းတည်းဟူသော ရုပ်သည် တဏှာ ကိလေသာကို ဖြစ်အောင် ထူထောင်မှု၏ အကြောင်းဖြစ်လေသည်၊ ဒုစ္စရိုက်ကို ထူထောင်မှု၊ အနာရောဂါကို ထူထောင်မှုတို... |
1,344,947 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်သို့သော အခြင်းအရာအားဖြင့် ငရဲပဋိသန္ဓေကို ဆောင် ရွက်လေ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ငရဲနှင့်ဆိုင်သော စိုးရိမ် ခြင်း၊ ငရဲနှင့်ဆိုင်သော ငိုကြွေးခြင်း၊ ငရဲနှင့်ဆိုင်သော ဆင်းရဲခြင်း၊ ငရဲနှင့်ဆိုင်သော နှလုံးမသာခြင်း၊ ငရဲနှင့်ဆိုင်သော ပင်ပန်းခြင်းကြီးများကို လည်း ဆောင်ရွက်လေ၏၊ ငရဲပဋိသန္ဓေကို ဆောင်ရွက်သည့်အတွက် ငရဲဖြစ်သ... |
1,344,948 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုရူပက္ခန္ဓာသည် ဇရာဓမ္မဖြစ်၏၊ မရဏဓမ္မဖြစ်၏၊ သုဂတိဘုံ ဘဝတို့၌ ရုပ်နှင့်ပြည့်စုံကြကုန်သော အကြင်လူ နတ် ဗြဟ္မာတို့သည်၎င်း၊ အကြင်စည်းစိမ်ချမ်းသာတို့သည်၎င်း ရှိကြလေကုန်၏၊ ထိုရူပက္ခန္ဓာသည် ကိုယ်တိုင် အိုခြင်းသဘောကို ရွက်ဆောင်သဖြင့် ထိုလူနတ်ဗြဟ္မာ စည်းစိမ် ချမ်းသာတို့၏ အိုမင်း ရွေ့လျောခြင်းကို ရွက်ဆောင်လေ၏၊ ကိုယ်တိုင် သေခြင်း... |
1,344,949 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်သူသည် ထိုရူပက္ခန္ဓာကို သာယာစွဲလမ်း၏၊ သာယာသော သူသည်လည်း ပြဆိုအပ်ခဲ့ပြီးသော ဆင်းရဲဒုက္ခတို့မှ မလွတ်နိုင်ရာ၊ ရူပက္ခန္ဓာကို နှစ်သက်လျှင် ထိုရူပက္ခန္ဓာနှင့် စပ်ဆိုင် သမျှသော ဒုက္ခတွေကို နှစ်သက်သည်မည်၏၊ ထို့ကြောင့် ရူပက္ခန္ဓာသည် ကိုယ်တိုင်လည်း ဘေးဖြစ်သောအနက်၊ လူနတ်ဗြဟ္မာတို့၏ ဘေးကိုလည်း ဖြစ်စေ တတ်သော အနက်ကြောင့် စင်စစ် ... |
1,344,950 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝေဒနက္ခန္ဓာ စသော အကြွင်းခန္ဓာတို့၌လည်း ဤနည်းအတိုင်း ဒုက္ခသဘောကို သိရာ၏။ |
1,344,951 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခ သမုဒယ၌- ခန္ဓာငါးပါး၏ ဆင်းရဲကိုပင် ဒုက္ခဟူ၍ဆိုသည်၊ ထိုဒုက္ခကို ပွားစီးစေတတ်သောကြောင့် ဒုက္ခသမုဒယမည်၏၊ “ဒုက္ခံ သမုဒေတီတိ ဒုက္ခသမုဒယော”။ |
1,344,952 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခံ=ဆင်းရဲဒုက္ခကို၊ သမုဒေတိ=ဖြစ်ပွားစေတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဒုက္ခသမုဒယော=ဒုက္ခသမုဒယမည်၏။ |
1,344,953 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခသမုဒယဆိုသည်မှာ တရားကိုယ်အားဖြင့် တဏှာလောဘ ပေတည်း။ |
1,344,954 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်သူသည် ထိုသမုဒယဖြစ်သော တဏှာလောဘကို ပိုင်းခြား၍မသိနိုင်သေး၊ မပယ်နိုင်သေး၊ ထိုသူအား ခန္ဓာနှင့်စပ်ဆိုင် သမျှသော ဒုက္ခကို ဖြစ်ပွားစေလိမ့်မည်သာ အမှန်ဖြစ်၏၊ အလုံးစုံသော ဆင်းရဲဒုက္ခဟူသမျှသည် တဏှာလောဘကြောင့်သာလျှင် ဖြစ်ရ၏၊ တဏှာလောဘသည် ဆင်းရဲဒုက္ခ၏ အရင်းမူလဖြစ်၏၊ ဒုက္ခမျိုးစေ့ဖြစ်၏၊ ထို့ကြောင့် တဏှာကို ဒုက္ခသမုဒယဟူ၍ ဆိုသည်၊... |
1,344,955 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခ နိရောဓ၌- ခန္ဓငါးပါး၏ဆင်းရဲမှုကိုပင် ဒုက္ခဟူ၍ ဆိုသည်။ |
1,344,956 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “နိရုဇ္ဈနံ နိရောဓော” |
1,344,957 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နိရုဇ္ဈနံ=ချုပ်ခြင်း၊ နိရောဓော=ချုပ်ခြင်း။ |
1,344,958 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နိရောဓဆိုသည်ကား ဒုက္ခ၏ချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်ပေတည်း။ |
1,344,959 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုချုပ်ခြင်း နိရောဓသည် ဥပ္ပါဒနိရောဓ၊ အနုပ္ပါဒနိရောဓအားဖြင့် နှစ်ပါးအပြားရှိ၏။ |
1,344,960 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုနှစ်ပါးတို့တွင် ဖြစ်ပေါ်၍ ဥပါဒ်ခြင်းသို့ ရောက်ပြီးသော သင်္ခတတရားတို့၏ ဘင်၏ အစွမ်းအားဖြင့် ချုပ်ခြင်းသည် ဥပ္ပါဒနိရောဓ မည်၏။ |
1,344,961 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ဖန် ဖြစ်ပေါ်မှု၏ မရှိခြင်းသည် အနုပ္ပါဒနိရောဓမည်၏။ |
1,344,962 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပ္ပါဒနိရောဓမှာ ဖြစ်ပေါ်ဥပါဒ်ခြင်း အစရှိသေး၏၊ |
1,344,963 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အနုပ္ပါဒနိရောဓမှာ ဖြစ်ပေါ်ဥပါဒ်ခြင်း အလျင်းမရှိချေ။ |
1,344,964 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပ္ပါဒနိရောဓသည် သင်္ခတတရား တို့နှင့်ဆိုင်၏၊ အနုပ္ပါဒ နိရောဓသည် အသင်္ခတနိဗ္ဗာန်နှင့်ဆိုင်၏။ |
1,344,965 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဒုက္ခသစ္စာအရာ၌ကား- အနုပ္ပါဒနိရောဓကိုသာ အလိုရှိ အပ်၏။ |
1,344,966 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဒုက္ခဿ နိရောဓော ဒုက္ခနိရောဓော” |
1,344,967 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခဿ=ခန္ဓာဝန်ဆင်းရဲကြီး၏၊ နိရောဓော=ချုပ်ငြိမ်းခြင်းတည်း၊ ဒုက္ခနိရောဓော=ခန္ဓာဝန်ဆင်းရဲကြီး၏ ချုပ်ငြိမ်းခြင်း။ |
1,344,968 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ ဒုက္ခနိရောဓဟူသည် အဘယ်နည်း။ |
1,344,969 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဒုက္ခကို ဖြစ်ပွားစေတတ်သော တဏှာလောဘ၏ တစ်ဖန် ပြန်၍ မဖြစ်ပေါ်သော အနေအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းပေတည်း။ |
1,344,970 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်သို့သော အကြောင်းကြောင့် တဏှာ၏ ချုပ်ခြင်းသည် ဒုက္ခချုပ်ခြင်းအလို့ငှါသာဖြစ်၏၊ ဒုက္ခချုပ်ခြင်းသာလျှင် လိုရင်းပဓာန ဖြစ်၏၊ ထို့ကြောင့် ဒုက္ခနိရောဓဟူ၍ ဆိုရလေသည်၊ ထိုဒုက္ခဟူသမျှသည် တဏှာချုပ်ငြိမ်းမှသာလျှင် ချုပ်ငြိမ်းခြင်းသို့ရောက်၏၊ တဏှာမချုပ်ငြိမ်း သည်ရှိသော် ဒုက္ခမချုပ်ငြိမ်း၊ တဏှာချုပ်ငြိမ်းသည်ရှိသော် ဒုက္ခမချုပ်ငြိမ... |
1,344,971 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခချုပ်ငြိမ်းခြင်းကို အလိုရှိသောပုဂ္ဂိုလ်တို့သည် လည်း တဏှာ၌သာလျှင် အလုပ်ဖွင့်၍ လုပ်ကိုင်ကြရ၏၊ တဏှာကို အနည်းနည်းအားဖြင့် ပယ်ဖြတ်ကြရ၏၊ ဒုက္ခကို ချုပ်ငြိမ်းစေလိုသည့် အတွက်နှင့် ဒုက္ခအပေါ်မှာ အလုပ်ဖွင့်၍ မလုပ်ကိုင်ကြရကုန်၊ ဒုက္ခကို အရေးပြု၍ ပယ်ဖြတ်ခြင်း မပြုကြရကုန်။ |
1,344,972 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခကို ချုပ်ငြိမ်းစေလိုသည့် အတွက်ကြောင့် ဒုက္ခပေါ်မှာသာ အရေးစိုက်နေသော်လည်း အရာ မဟုတ် ၍ ဒုက္ခချုပ်မည်မဟုတ်၊ ဒုက္ခ၏ အမြစ်မူလဖြစ်သော တဏှာကို အရေး စိုက်၍ပယ်နိုင်မှ ဒုက္ခချုပ်ငြိမ်းခွင့်ကို ရနိုင်သည်၊ ထို့ကြောင့် ဒုက္ခနိရောဓ သည်ကား ဒုက္ခ၏အကြောင်းရင်းဖြစ်သော တဏှာ၏အကြွင်းမဲ့ ချုပ်ခြင်းဖြစ်သည်ဟူ၍ ပြဆိုခဲ့ပေသည်။ |
1,344,973 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာကား- ကောက်ရိုးပုံကို မီးလောင်၍နေရာ မီးငြိမ်းစေလိုသ ဖြင့် မီးတောက်ကိုသာ ဂရုစိုက်၍ ငြိမ်းသတ်နေမည်ဆိုလျှင် မြန်စွာမီးငြိမ်း နိုင်တဲ့မည်မဟုတ်၊ မီးစာဖြစ်သော ကောက်ရိုးတို့ကို အကြွင်းမဲ့ကုန်အောင် ယူပစ်လိုက်ပါလျှင် ထိုတောက်လောင်၍နေသော မီးသည် အပြီးတိုင် ချုပ်ငြိမ်းလိမ့်မည် အမှန်ဖြစ်လေ၏။ |
1,344,974 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မီးကိုငြိမ်းစေလိုသည့်အတွက်နှင့် မီးတောက်ကို ဂရုစိုက်မနေနှင့်၊ မီး၏လောင်စာကို ဂရုစိုက်၍ အလုပ်လုပ်ပါဟု ဆိုလိုသည်။ |
1,344,975 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာတစ်နည်းအားဖြင့်- တစ်ခုသော အရပ်ဌာနမှာ အဆိပ်ပင် နှစ်ပင်တို့သည်ရှိကုန်၏၊ ထိုအဆိပ်ပင်တို့ကို ပယ်သတ်ခြင်းငှါ နှစ်ယောက်သောသူတို့သည် အသီးအသီး တစ်ပင်စီခုတ်ဖြတ်ကြကုန်၏၊ တစ်ယောက်သောသူသည် အမြစ်ကို ဂရုစိုက်၍ ခုတ်ဖြတ်၏၊ အပင်ကိုမူ ကား မခုတ်ဖြတ်၊ တစ်ယောက်သောသူသည်မူကား အပင်ကိုသာခုတ် ဖြတ်၏၊ အမြစ်ကိုမခုတ်ဖြတ်၊ ထိုသူနှစ်ယောက်တို့တွင်... |
1,344,976 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားမှန်၏၊ အမြစ်ကို ခုတ်ဖြတ်အပ်သည်ရှိသော် အပင်ကို မခုတ်ဖြတ်သော်လည်း ထိုအရပ်၌ အဆိပ်ပင် သေဆုံးပျက်စီးလေ၏၊ အမြစ်ကိုမဖြတ်ဘဲ အပင်ကိုသာ ခုတ်ဖြတ်သည်ရှိသော် ထိုအရပ်၌ အဆိပ်ပင်မျိုးမပြတ်ဘဲ ထပ်၍သာ ပေါက်ရောက်စိမ်းရှင်မည်ဖြစ်၏၊ ဤကဲ့သို့ ပြဆိုအပ်ပြီးသော အနက်သဘောကြောင့် တဏှာ၏ ချုပ်ခြင်း သည်သာလျှင် စင်စစ်ဒုက္ခကင်းငြိမ်းကြောင်းဖြစ်၍... |
1,344,977 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ” ဟူသော စကား၌ ဒုက္ခ ချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်သို့ရောက်စေတတ်သော အကျင့်ကို ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ ဆိုသည်။ |
1,344,978 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဒုက္ခနိရောဓံ အဝဿံ ဂမေတိ သမ္ပာပေတီတိ ဒုက္ခနိရောဓဂါမိနီ” ဒုက္ခနိရောဓံ=ဒုက္ခချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်သို့၊ အဝဿံ=မချွတ်၊ ဂမေတိ သမ္ပာပေတိ=ရောက်စေတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒုက္ခ နိရောဓဂါမိနီ=ဒုက္ခနိရောဓဂါမိနီမည်၏။ |
1,344,979 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဒုက္ခနိရောဓဂါမိနီကိုပင်လျှင် ဒုက္ခချုပ်မှုကို အလိုရှိသောသူတို့ ကျင့်အပ်သောကြောင့် ပဋိပဒါခေါ်သည်။ |
1,344,980 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဒုက္ခနိရောဓံ ဣစ္ဆန္တေဟိ ပဋိပဇ္ဇိတဗ္ဗာတိ ပဋိပဒါ” |
1,344,981 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒုက္ခနိရောဓံ=ဒုက္ခချုပ်ငြိမ်းမှုကို၊ ဣစ္ဆန္တေဟိ=အလိုရှိသော ပုဂ္ဂိုလ် တို့သည်၊ ပဋိပဇ္ဇိတဗ္ဗာ=ကျင့်အပ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ပဋိပဒါ= ပဋိပဒါ မည်၏။ |
1,344,982 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နှစ်ပုဒ်တွဲစပ်သောအခါ ဒုက္ခနိရောဓဂါမိနီပဋိပဒါဖြစ်၏၊ ဒုက္ခ ချုပ်ငြိမ်းမှုသို့ရောက်စေတတ်သော အကျင့်ပဋိပတ်ဟူ၍ ဆိုလိုသည်။ |
1,344,983 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်သဘောအားဖြင့် တဏှာချုပ်ငြိမ်းမှုသို့ ရောက်စေတတ်သော အကျင့်ပင်တည်း၊ ထိုအကျင့်ပဋိပတ်သည် ဒုက္ခသစ္စာဖြစ်သော ခန္ဓာငါးပါး တို့၌ ဒုက္ခသဘောကို ထင်ရှားစွာ သိမြင်ခြင်းငှါ ကျင့်ကြံအားထုတ်သော ကျင့်လမ်းဖြစ်သည်။ |
1,344,984 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဒုက္ခနိရောဓဂါမိနီ ပဋိပဒါကို 'မဂ္ဂင်'ဟူ၍လည်း ခေါ်သည်။ |
1,344,985 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကျင့်လမ်းဟူ၍ ဆိုအပ်သောမဂ္ဂင်သည် အောက်၌ ဖေါ်ပြ အပ်သောအတိုင်း ရှစ်ပါးအပြားရှိ၏။ |
1,344,986 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သမ္မာဒိဋ္ဌိ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ မြင်ခြင်း၊ |
1,344,987 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ သမ္မာသင်္ကပ္ပ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ကြံဖန်ခြင်း၊ |
1,344,988 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သမ္မာဝါစာ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ပြောဆိုခြင်း၊ |
1,344,989 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ သမ္မာကမ္မန္တ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ပြုလုပ်ခြင်း၊ |
1,344,990 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ သမ္မာအာဇီဝ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အသက်မွေးခြင်း၊ |
1,344,991 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ သမ္မာဝါယာမ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အားထုတ်ခြင်း၊ |
1,344,992 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၇။ သမ္မာသတိ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အောက်မေ့ခြင်း၊ |
1,344,993 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ သမ္မာသမာဓိ---မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ တည်ကြည်ခြင်း။ |
1,344,994 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမဂ္ဂင်ရှစ်ပါးတို့တွင် |
1,344,995 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဤနှစ်ပါးသည် ပညာက္ခန္ဓမည်၏၊ |
1,344,996 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပညာသဘော၌ အကျုံးဝင်၏။ |
1,344,997 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဤသုံးပါးသည် သီလက္ခန္ဓမည်၏၊ အကျင့်သဘော၌အကျုံးဝင်၏။ |
1,344,998 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဤသုံးပါးသည် သမာဓိက္ခန္ဓမည်၏၊ တည်ကြည် ခိုင်ခံ့ခြင်း ဈာန်သဘော၌ အကျုံးဝင်၏။ |
1,344,999 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား မဂ္ဂင်ရှစ်ပါးကို သီလ သမာဓိ ပညာ သုံးပါးတို့၌ သဘော တူရာသွင်း၍ ပြဆိုပုံတည်း။ |
1,345,000 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားရပ်၌- သီလက္ခန္ဓမည်သည်ကား အကျဉ်းချုပ်အားဖြင့် အာဇီဝဋ္ဌမက သီလပေတည်း၊ အာဇီဝဋ္ဌမက သီလဆိုလျှင် အလုံးစုံသော သီလတို့ကို အုပ်ချုပ်မိလေ၏၊ ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်း၊ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း၊ မကောင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်းများကို အာဇီဝဋ္ဌမက သီလဆိုသည်၊ ထိုအာဇီဝဋ္ဌမက သီလကို ရှေးဦးစွာ ဖြည့်ကျင... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.