id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,345,001
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သမာဓိက္ခန္ဓမည်သည်ကား ရူပါဝစရဈာန် အရူပါဝစရဈာန်တို့ ပေတည်း၊ ဈာန်သမာဓိဆိုသည် ထိုရူပဈာန် အရူပဈာန်တို့ကို ပြည့်စုံ ထမြောက်အောင် မစွမ်းဆောင်နိုင်လျှင် ကာယဂတာသတိ၊ အာနာ ပါနဿတိမျှကို ဖြည့်ဆည်းပူး ခြင်းသည်လည်း သမာဓိက္ခန္ဓပင် မည်၏။
1,345,002
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပညာက္ခန္ဓမည်သည်ကား ခန္ဓာစသောတရားတို့၌ ပိုင်ပိုင်နိုင်နိုင် အသိဉာဏ်ပေါ်ပေါက်မှုတို့ကို ပြည့်စုံစေခြင်းတည်း၊ ထိုရုပ် နာမ်ခန္ဓာတို့၌ ပိုင်နိုင်စွာ အသိဉာဏ်ပေါ်ပေါက်မှုကို ပရိညာဆိုသည်၊ ဉာဏ်၏ကိစ္စကို ပြီးစီးမှုပေတည်း။
1,345,003
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုပရိညာသည်
1,345,004
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဉာတပရိညာ၊
1,345,005
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ တိရဏပရိညာ၊
1,345,006
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ပဟာနပရိညာ၊
1,345,007
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ သုံးပါးအပြားရှိ၏။
1,345,008
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုပရိညာသုံးပါးတို့တွင်
1,345,009
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဝိပဿနာ၏အာရုံဖြစ်သော ခန္ဓာ အာယတန စသောတရား တို့၌ တရားကိုယ် အသီးအသီးခွဲခြားဝေဖန်နိုင်သော ဉာဏ်၏ ကိစ္စပြီး မြောက်မှုသည် ဉာတပရိညာမည်၏၊ အယုတ်သဖြင့် ပထဝီ အာပေါ တေဇော ဝါယောဟုဆိုအပ်သော မဟာဘုတ်တရား လေးပါးကိုပင် တရား ကိုယ် အသီးအသီး ခွဲခြား၍မြင်နိုင်လျှင် ဉာတပရိညာကိစ္စ ပြီးမြောက် လေ၏။
1,345,010
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ထိုသို့ဉာတပရိညာဖြင့် တရားကိုယ် အသီးအသီးခွဲခြားအပ် ကုန်ပြီးသော ရုပ်နာမ်တရားတို့၌ လက္ခဏာရေးသုံးပါးဖြင့် ထင်ရှားစွာမြင် စွမ်းနိုင်သော ဉာဏ်၏ကိစ္စပြီးမြောက်ခြင်းသည် တိရဏပရိညာမည်၏။
1,345,011
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ထိုသို့လက္ခဏာရေးသုံးပါးတို့ဖြင့် ပိုင်းခြားထင်မြင်အပ်ကုန်ပြီး သော ရုပ်နာမ်တရားတို့၌ သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသ ဟုဆိုအပ်သော ဖောက်ဖောက်ပြန်ပြန် ထင်မြင်မှတ်ယူတတ်သည့် ဝိပလ္လာသတရားတို့ကို ပယ်နိုင်ခြင်း၏ ကိစ္စပြီးမြောက်မှုသည် ပဟာန ပရိညာမည်၏။
1,345,012
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကျဉ်းအားဖြင့်ဆိုသော်
1,345,013
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရုပ်နာမ် တရားတို့၏ တရားကိုယ်အသီးအသီး သဘော အသီးအသီးကို ပိုင်ပိုင်မြင်နိုင်ခြင်းသည် ဉာတပရိညာ မည်၏။
1,345,014
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တရားကိုယ် အသီးအသီးတို့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးတို့ကို ပိုင်ပိုင် မြင်နိုင်ခြင်းသည် တိရဏပရိညာ မည်၏။
1,345,015
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လက္ခဏာရေး သုံးပါးတို့ဖြင့် ပိုင်းခြား၍ မြင်အပ်ပြီးသော တရားတို့၌ ဝိပလ္လာသတရားတို့ကို ပယ်ရှားနိုင်ခြင်းသည် ပဟာနပရိညာ မည်၏။
1,345,016
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပရိညာသုံးပါး ကိစ္စထမြောက်အောင်မြင် ပြီးစီးလေသည်ရှိသော် ဤအရိယာမဂ်သည် (သောတာပတ္တိမဂ်နှင့် သကဒါဂါမိမဂ်သည်) ရှေးဦး စွာ အတ္တဒိဋ္ဌိကို ပယ်ခြင်းကိစ္စ ပြီးမြောက်ခြင်းကြောင့် အပါယ်ဘေး ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ အမြဲရောက်စေ၏။
1,345,017
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နှစ်ကြိမ်မြောက်၌ အရိယာမဂ်သည် (အနာဂါမိမဂ်သည်) ကာမ တဏှာကို ပယ်ခြင်းကိစ္စ ပြီးမြောက်ခြင်းကြောင့် ကာမဘုံ၌ ဖြစ်သမျှသော ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့အမြဲရောက်စေ၏။
1,345,018
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုံးကြိမ်မြောက်၌ အရိယာမဂ်သည် (အရဟတ္တမဂ်သည်) ဘဝ တဏှာကို ပယ်ခြင်းကိစ္စ ပြီးမြောက်လေသောကြောင့် ရူပဘုံ အရူပဘုံ တို့၌ အလုံးစုံသောဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ အမြဲရောက်စေ၏။
1,345,019
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သို့ဖြစ်၍ အရိယာမဂ်သည် ဝဋ်ဒုက္ခတို့မှ ထွက်မြောက်တတ်သော နိယျာနဋ္ဌ အနက်သဘောကြောင့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါလည်း မည်၏၊ ထိုအရိယာမဂ်၏ ဝဋ်ဒုက္ခမှ ထွက်မြောက်တတ်သော နိယျာနဋ္ဌ သဘောသည် အခါခပ်သိမ်း ထင်ရှားရှိ၏၊ ဟုတ်မှန်၏၊ ဖောက်ပြန်ခြင်းမရှိ၊ သဘောတစ်မျိုး ပြောင်းလဲ၍ မသွား၊ ထို့ကြောင့် အရိယသစ္စာလည်း မည်သည်။
1,345,020
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ပြီးသော သစ္စာလေးပါးတို့တွင် တတိယသစ္စာကို သုခသစ္စာဟူ၍ ဆိုသင့်ပါလျက် ထိုသို့မဆိုဘဲ နိရောဓ သစ္စာဟူ၍ ဆိုခြင်း မှာ သန္တိသုခမျိုးကို ပြခြင်းငှါ နိရောဓသစ္စာဟူ၍သာ ဆိုလေသည်။
1,345,021
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထင်ရှားစွာပြဆိုဦးအံ့- ချမ်းသာသုခမျိုးသည် ဝေဒယိတသုခ၊ သန္တိသုခဟူ၍ နှစ်ပါးရှိသည်။
1,345,022
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုနှစ်ပါးတို့တွင်- သုဂတိဘုံဘဝ တို့၌ စည်းစိမ်သမ္ပတ္တိကိုရ၏၊ ခံစားကြကုန်သော ပုဂ္ဂိုလ်တို့သန္တာန်မှာ ဖြစ်ပေါ်လာသော သုခဝေဒနာသည် ဝေဒယိတသုခမည်၏၊ စံစားအပ် သော ချမ်းသာဆိုလိုသည်။
1,345,023
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အရိယာမဂ်ကို ပွါးများသဖြင့် ရအပ်သော အပါယ်ဘေး ဒုက္ခ စသည်တို့မှ ကင်းငြိမ်းမှုသည် သန္တိသုခမည်၏။
1,345,024
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဒုက္ခအမျိုးမျိုးတို့မှ ကင်းငြိမ်းသောချမ်းသာ ဆိုလိုသည်။
1,345,025
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုချမ်းသာသုခ နှစ်မျိုးတို့တွင် ဝေဒယိတသုခသည် တဏှာ အလိုသို့ လိုက်ကြကုန်သော သတ္တဝါတို့၏ ချမ်းသာမည်၏၊ ဉာဏ်အလိုသို့ လိုက်ကြကုန်သော သူတို့သည်မူကား ထိုဝေဒယိတသုခကိုပင်လျှင် ဒုက္ခဟူ၍ ထင်မြင်ကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် သန္တိသုခမှ ကင်း၍ ထိုဝေဒယိတသုခကို ခံစားကြကုန်သော သတ္တဝါတို့အား အပါယ် ဘေးဒုက္ခစသည်တို့သည် ရှေ့၌ ထင်လျက်နေကြကုန...
1,345,026
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာ- ရာဇဝတ်မှုရောက်၍ သတ်ခါနီးတွင် ကောင်းမြတ်သော ဘောဇဉ်တို့ကို ကျွေးမွေး၏၊ ထိုဘောဇဉ် ထမင်းပွဲကြီး၏ရှေ့၌ သတ်ဖြတ် ရန်ဖြစ်သော ဓား လှံ သေနတ်တို့ကိုလည်း အသင့်ပြင်ဆင်၍ထား၏၊ မိမိကိုသတ်ရန်ဖြစ်သော ဓား လှံ သေနတ်တို့ကို ကြည့်ရှု ထင်မြင်၍နေ ရင်း ကောင်းမြတ်သော ဘောဇဉ် ထမင်းတို့ကို ချမ်းချမ်းသာသာ အရသာ ခံစား၍ မစားမသောက်နိုင်သကဲ့သို့တည...
1,345,027
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သန္တိသုခသည် ဉာဏ်အလိုသို့လိုက်ကြကုန်သော သူတို့၏ ချမ်းသာ မျိုးဖြစ်လေသည်။
1,345,028
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တဏှာအလိုသို့ လိုက်ကြကုန်သောသူတို့သည်မူကား ထိုသန္တိသုခကို ကောင်းမြတ်ချမ်းသာသည်ဟူ၍ မထင်၊ ဆင်းရဲဒုက္ခဟူ၍ ထင်မှတ်ကြကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုသန္တိသုခမှာ တဏှာ ကြိုက်နှစ်သက်သော အစာအာဟာရများ မရှိသောကြောင့်တည်း။
1,345,029
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုတဏှာ၏ အစာအာဟာရမျိုးဖြစ်သော ဝေဒနာသည်လည်း နိဗ္ဗာန်မရှိ။
1,345,030
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သန္တိသုခမျိုးသည်လည်း ဘုံသုံးပါးတည်းဟူသော လောက၌ မရှိ။
1,345,031
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသုခနှစ်ပါးသည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏၊ လောကီသမားတို့သည် ဝေဒယိတသုခကို လိုလားလိုက်စားကြကုန်၏၊ လောကုတ္တရာသမားတို့သည် သန္တိသုခကို လိုလားလိုက်စားကြကုန်၏။
1,345,032
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့သည်ကား ဉာဏ်အလိုသို့ လိုက်စားကြကုန်သော ပုဂ္ဂိုလ်တို့အား ဤသန္တိသုခ၏ အထွတ်အစွန်းအပြီး အဆုံးသို့ ရောက်စေတော်မူခြင်းငှါ ဤသစ္စာလေးပါး တရားဒေသနာကို ဟောကြားပြသတော် မူကြပေကုန်သည်၊ ဤကဲ့သို့ ပြဆိုအပ်ပြီးသော သစ္စာအမှန်တရားတို့သည် သိသင့်သိထိုက်သော တရားဖြစ်၏၊ ဝိဇ္ဇာသည် ထိုသစ္စာလေးတန် တရားမှန်တို့ကို ...
1,345,033
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာဆိုသည်ကား
1,345,034
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“န ဝိဒတိ န ဇာနာတီတိ အဝိဇ္ဇာ”
1,345,035
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နဝိဒတိ နဇာနာတိ=မသိတတ်၊ ဣတိတသ္မာ=ထို့ကြောင့်၊ အဝိဇ္ဇာ= အဝိဇ္ဇာမည်၏။
1,345,036
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မသိတတ်သော အမိုက်အမဲတရား ဆိုလိုသည်။
1,345,037
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“န ဝိဇ္ဇာ အဝိဇ္ဇာ”ဟူ၍လည်း ဝိဇ္ဇာနှင့်ပြန်ဘက်ပြု၍ ဝိဂြိုဟ်ဆိုသင့် သေး၏၊ ဝိဇ္ဇာ=သိတတ်သောတရားသည်၊ န=မဟုတ်၊ အဝိဇ္ဇာ= သိတတ် သောတရား မဟုတ်။
1,345,038
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်တရားကို မသိတတ်သနည်း။
1,345,039
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ သိသင့်သိထိုက်သောတရားကို မသိတတ်။
1,345,040
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ သိသင့်သိထိုက်သောတရားဟူသည် အဘယ်နည်း။
1,345,041
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ အမှန်လေးချက် တရားနက်ဟု ဆိုအပ်သော သစ္စာလေး ပါးတရားပေတည်း။
1,345,042
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့စသည်ဖြင့် ဝိဇ္ဇာဟူသော ပုဒ်အဖွင့်တွင် ဆိုခဲ့ပြီးသော နည်း တို့ဖြင့် ပြန်ဘက်ပြု၍ အဝိဇ္ဇာသဘောကို သိရာ၏။
1,345,043
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သင်္ခါရဆိုသောစကား၌
1,345,044
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“သင်္ခရောန္တိ သတ္တာ ဧတေဟီတိ သင်္ခါရာ”
1,345,045
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတေဟိ=ထိုတရားတို့ဖြင့်၊ သတ္တာ=သတ္တဝါတို့သည်၊ သင်္ခရောန္တိ= ပြုလုပ်စီရင်ကြကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သင်္ခါရာ=သင်္ခါရမည် ကုန်၏၊ သတ္တဝါတို့ ပြုလုပ်စီရင်ကြောင်းဖြစ်သော တရားကို သင်္ခါရဆို သည်၊ တရားကိုယ်အားဖြင့် စေတနာစေတသိက်ပေတည်း။
1,345,046
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ ဘယ်အမှုကို ပြုပြင်စီရင်တတ်သနည်း။
1,345,047
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ အကျိုးရှိသောအမှု၊ အကျိုးမဲ့သောအမှု၊ ကောင်းမှု၊ မကောင်းမှုများကို ပြုပြင်စီရင်တတ်သည်။
1,345,048
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားရပ်၌ အကျိုးရှိသောအမှု၊ အကျိုးမဲ့သော အမှုဆိုသည် ကား လောက၌ မျက်မှောက်ဒိဋ္ဌခံစားရသော အမှုများပေတည်း။
1,345,049
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကောင်းမှု၊ မကောင်းမှုဆိုသည်ကား နောင်တမလွန်ဘဝ၌ ခံစားရသော အမှုများပေတည်း။
1,345,050
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လိုရင်းဖြစ်သော သဘောအဓိပ္ပါယ်အားဖြင့် ပစ္စုပ္ပန် ခန္ဓာ၏ အကျိုးငှါသော်၎င်း၊ အနာဂတ်ခန္ဓာ၏ အကျိုးငှါသော်၎င်း၊ ထိုခန္ဓာ နှစ်ပါးစုံ၏ အကျိုးငှါသော်၎င်း ပြုလုပ်အပ်ကုန်သော အကြင်ကာယကံမှု ဝစီကံမှု မနောကံမှုတို့သည် ရှိကုန်၏၊ ထိုကာယကံ ဝစီကံ မနောကံ အလုံးစုံတို့သည် သင်္ခါရမည်ကုန်၏။
1,345,051
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသင်္ခါရတို့သည်
1,345,052
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ပုညာဘိသင်္ခါရ၊
1,345,053
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ အပုညာဘိသင်္ခါရ၊
1,345,054
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အာနေဉ္ဇာဘိသင်္ခါရ၊
1,345,055
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့် သုံးပါးရှိကုန်၏၊ ထိုသင်္ခါရသုံးပါးကား ထင်ရှားပြီ။
1,345,056
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်ပါသနည်း။
1,345,057
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ အကြင်သတ္တဝါတို့သည် အမှန်လေးချက် သဘောနက်ဟု ဆိုအပ်သော သစ္စာလေးပါးတို့ကို ထင်ရှားစွာ မသိ၊ မမြင်ကြကုန်၊ ထို သတ္တဝါတို့အား အဝိဇ္ဇာမှောင်တိုက်ကြီး ကာဆီးဟန့်တားသဖြင့် ခန္ဓာ ငါးပါးတို့၌ ဖောက်ပြန်မှားယွင်း ထင်မှတ်ခြင်းဟု ဆိုအပ်သော ဝိပလ္လာသ တရားတို့သည် ဖြစ်ပွါးကြလေကုန်၏၊ ထိုဝိပလ္လာသတည်းဟူသော အကြောင်းကြောင့် ခန္ဓာငါးပါးတို့၌...
1,345,058
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပစ္စုပ္ပန်ခန္ဓာကိုယ်ကို ငဲ့ကွက်သောအားဖြင့် အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရဖြစ်တတ်သည်။
1,345,059
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနာဂတ် ခန္ဓာအတွက်နှင့် ပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရများ ဖြစ်တတ်သည်။
1,345,060
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြစ်ပုံမှာ- ဤကိုယ်ခန္ဓာကြီးသည် အမြဲမရှိသောအနိစ္စ၊ ဆင်းရဲ တတ်သောဒုက္ခ၊ အစိုးမရအလိုသို့ မလိုက် အနှစ်သာရမရှိသော အနတ္တ၊ မတင့်တယ်မဖွယ်ရာသော အသုဘစင်စစ်ကြီးဖြစ်ပါလျက် အဝိဇ္ဇာဖုံးလွှမ်း မှုကြောင့် အထင်အမြင်ဖောက်ပြန်၍ ဝိပလ္လာသတရားလွှမ်းမိုးပြီးလျှင် နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟူ၍ မှတ်ထင်လေ၏၊ ထိုအခါ ငါ့ကိုယ် ငါ့ကိုယ် ဟူ၍ ခင်မင်စွဲလမ်း...
1,345,061
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြစ်ပုံမှာ- လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာများသည် သစ္စာဒေသနာတော်အလိုအားဖြင့် ဒုက္ခသစ္စာ အမှန်ဖြစ်သော်လည်း အဝိဇ္ဇာဖုံးလွှမ်းသည့် အတွက်ကြောင့် သုခအနေအားဖြင့် မှတ်ထင်လေ၏၊ ဝိပလ္လာသတရား လွှမ်းမိုးသောကြောင့် သုခသုဘအနေအားဖြင့် မှတ် ထင်သည်ရှိသော် ထိုဘုံဘဝများသို့ ရောက်လိုသောဆန္ဒရှိလေ၏၊ ထိုအခါ ထိုသုဂတိဘုံဘဝများသို့ ရောက်ရ...
1,345,062
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
1,345,063
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဗောဓိရတနာ၊ ယဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်း ပတ်သည်၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်။
1,345,064
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတပ်သိရန်၊ နိဒါန်းပြန်ပိမ့်။
1,345,065
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အမှန်လေးချက်၊ သဘောနက် ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျ၍၊ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်း ပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ် ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်။
1,345,066
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလို၍၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုး ကြိုးစားစား၊ ပြုတုံငြားက၊ ဆယ်ပါးပုည၊ အာနေဉ္ဇဟု၊ ဘဝနှီးရင်း၊ ပွါးတုံလျင်းသည်။
1,345,067
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝဋ်ခင်းဝဋ်နွယ် ရှည်သတည်း”
1,345,068
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို ပြဆိုခြင်းပြီး၏။
1,345,069
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပေါ်သည်။
1,345,070
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) သင်္ခါရ၏ သဘောအဓိပ္ပါယ်ကို အောက်၌ပြဆိုခဲ့ပြီ။
1,345,071
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိညာဏ်ဆို သော စကား၌--
1,345,072
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဝိဝိဓာ ကာရေန ဇာနာတီတိ ဝိညာဏံ”
1,345,073
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိဝိဓာ ကာရေန=အထူးထူးအပြားပြား များသောအခြင်းအရာ အားဖြင့်၊ ဇာနာတိ=သိတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိညာဏံ= ဝိညာဏ် မည်၏။
1,345,074
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အထူးထူးအပြားပြား များသောအခြင်းအရာအားဖြင့် သိတတ် သောကြောင့် ဝိညာဏ်မည်၏ ဟူ၍ဆိုလိုသည်။
1,345,075
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိညာဏ်ဆိုသည်ကား စိတ်ပင်လျှင်တည်း။
1,345,076
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် အထူးထူးအပြားပြား များသော အခြင်းအရာအားဖြင့် သိပါသနည်း။
1,345,077
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။
1,345,078
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဆင်းကိုမြင်မှု အခြင်းအရာအားဖြင့် သိတတ်၏၊ ဤစိတ်ကို အမြင်စိတ်ဟူ၍ ခေါ်ဝေါ်ကြကုန်၏။
1,345,079
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အသံကိုကြားမှုအခြင်းအရာ အားဖြင့်သိ၏၊ ဤ စိတ်ကို အကြားစိတ်ဟူ၍ခေါ်ဝေါ်ကြကုန်၏။
1,345,080
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အနံ့ကိုနံမှုအခြင်းအရာအားဖြင့်သိ၏၊ ဤစိတ်ကို အနံ့စိတ်ဟူ၍ခေါ်ဝေါ်ကြကုန်၏။
1,345,081
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အရသာကို လျက်မှုအခြင်းအရာအားဖြင့် သိ၏။
1,345,082
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤစိတ်ကိုလျက်စိတ်ဟူ၍ခေါ်ဆိုကြကုန်၏။
1,345,083
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* တွေ့ထိဘွယ် အာရုံများကို တွေ့ထိမှုအခြင်းအရာ အားဖြင့် သိ၏၊ ဤစိတ်ကို အတွေ့အထိစိတ်ဟူ၍ ခေါ်ဝေါ်ကြကုန်၏။
1,345,084
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဆိုခဲ့ပြီးသော အာရုံငါးပါးတို့မှ တစ်ပါးသောတရား များကို သိမှု ကြံစည်မှု အခြင်းအရာအားဖြင့် သိ၏၊ ထိုစိတ်ကို အသိစိတ် အကြံစိတ်ဟူ၍ခေါ်ဝေါ်ကြ ကုန်၏။
1,345,085
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ပါးလည်း ဝိညာဏ်သည် ဟုတ်မှန်သောအရာကို မဟုတ် မမှန်သောအားဖြင့်လည်းသိ၏၊ မဟုတ်မမှန်သည်ကိုလည်း ဟုတ်မှန် သော အခြင်းအရာ အားဖြင့်သိ၏၊ ဖြောင့်မှန်တရားသည်ကို လည်း မဖြောင့်မတရားသော အခြင်းအရာအားဖြင့် သိ၏၊ မဖြောင့် မမှန်သည် ကိုလည်း ဖြောင့်မှန်သော အနေအားဖြင့်သိ၏။
1,345,086
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကျိုးရှိသည်ကိုလည်း အကျိုးမဲ့သော အနေအားဖြင့်သိ၏၊ အကျိုးမဲ့ သည်ကိုလည်း အကျိုးရှိသော အနေအားဖြင့်သိ၏၊ ဤသို့စသည် ဖြင့် သတ္တဝါအပေါင်းတို့သည် ဤကဲ့သို့ဟုတ်သည်ဖြစ်စေ, မဟုတ်သည် ဖြစ်စေ အထူးထူးအပြားပြား သိမြင်ခြင်း ကိစ္စအားဖြင့် ရူးသွပ်သော အခြင်းအရာ၌သာ တည်နေကြကုန်၏၊ ထို့ကြောင့် “ပုထုဇ္ဇနော ဥမ္မတ္တကော”ဟူသော စကားကိုဆိုကြကုန်သည်။
1,345,087
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤစိတ်ဝိညာဏ်ကို မျက်လှည့်မှုနှင့်တူသည်ဟူ၍လည်း မြတ်စွာ ဘုရားဟောကြားတော်မူသည်။
1,345,088
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့စိတ်၏ ပုထုဇ္ဇန် သတ္တဝါတို့ကို ရူးသွပ်စေမှု၏ ဆန်းကြယ်ပုံ, မျက်လှည့်ကဲ့သို့ လှည့်ပတ်ဖျားယောင်းမှု၏ ဆန်းကြယ်ပုံများကို တိရစ္ဆာန် သတ္တဝါတို့၏ အနန္တ အပ္ပမေယျ အတိုင်းမသိ ဆန်းကြယ်ပုံကို မြင်သော အားဖြင့် သိအပ်၏၊ လောက၌စိတ်ဝိညာဏ်ကို ယဉ်ကျေးအောင် ပြုလုပ် နိုင်ရန် ခဲယဉ်း၏၊ လုံခြုံအောင်ပြုလုပ်ခြင်းငှါ ခဲယဉ်း၏၊ စောင့်ရှောက် ...
1,345,089
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကျယ်စွာသော တောနက်ကြီးအတွင်း၌ သူအလိုရှိသမျှ ကျက်စားချင် တိုင်းကျက် စားခွင့် ကို ရသော မျောက်ကို စောင့်ရှောက် လုံခြုံစေခြင်းငှါ ခဲယဉ်းစွာ ဖြစ်ဘိသ ကဲ့သို့တည်း။
1,345,090
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စိတ်၏ အာရုံခြောက်ပါး တည်းဟူသော ကျက်စားရာ နယ်သည် လည်း အလွန်ကျယ်၏၊ စိတ်၏တည်နေ ကိန်းအောင်းရာဖြစ်သော ဒွါရဝတ္ထုများသည်လည်း အလွန်နယ်ကျယ်၏၊ စက္ခုဒွါရ တစ်ခုကိုပင်လျှင် သမုဒ္ဒရာကြီးကဲ့သို့ နက်နဲကျယ်ဝန်းကြောင်းကို မြတ်စွာဘုရား ဟောကြား တော်မူခဲ့လေသည်၊ သောတစသည်ကိုလည်း ထိုအတူ သောတသမုဒ္ဒရာ စသော ဒေသနာကိုဟောကြားတော်မူ၏၊ ဤကဲ့သို့ စိတ်၏...
1,345,091
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ စိတ်၏ အကျိုးမဲ့ဖြစ်စေပုံကို မြတ်စွာဘုရားဟောကြား တော်မူအပ်သော နခသိခသုတ္တန်, ကာဏကစ္ဆပေါပမ သုတ္တန်တို့ဖြင့် ပြဆိုအပ်၏၊ ထိုသုတ္တန်များ၏ပါဠိအနက်ကို မရေးဘဲ မြန်မာပြန် သက် သက်ကို ရေးသားပြဆိုပေအံ့။
1,345,092
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နခသိခသုတ္တန်မြန်မာပြန်- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူပြီးသောအခါ၌ ကိုယ်တော်မြတ်၏ လက်သည်းဖျားပေါ်တွင် မြေမှုန့်ကိုတင်၍ ရဟန်းတို့ကို ဤသို့ ပြောကြား မိန့်ဆိုတော်မူ၏။
1,345,093
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ချစ်သားရဟန်းတို့ သင်တို့ အဘယ်သို့ မှတ်ထင်ကြကုန်ဘိသ နည်း၊ ငါဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့် လည်းရှိ၏၊ ဤမဟာပထဝီမြေကြီးလည်းရှိ၏၊ ထိုမြေနှစ်ပါးတို့တွင် အဘယ်မြေက သာလွန် များပြားသနည်း'ဤသို့မြတ်စွာဘုရား မိန့်ကြား တော်မူ၏။
1,345,094
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဘုန်းတော်ကြီးသော အရှင်မြတ်ဘုရား ဤမြေကြီးကသာလျှင် သာလွန်များပြားပါသည်“ဤသို့ရဟန်းတို့က လျှောက်ထားကြကုန်၏၊ “ချစ်သားရဟန်းတို့ ဤဥပမာအတူသာလျှင် အကြင်လူတို့သည် လူ့ဘဝမှ စုတေကြကုန်သည်ရှိသော် တစ်ဖန်ပြန်၍ လူဖြစ်ကြကုန်၏၊ ထိုလူတစ်ဖန် ပြန်၍ဖြစ်သောလူတို့သည်ကား လက်သည်းဖျားပေါ်၌ရှိသော မြေမှုန့် ကဲ့သို့အလွန်တရာနည်းပါးကုန်၏၊ စင်စစ်သော်က...
1,345,095
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူ့ဘဝမှစုတေသော လူတို့သည် လူပြန်၍ဖြစ်သည်မှာ နည်းပါး ကြ၍ အပါယ်ဘုံသို့ အသွားများကြသည်မှာ တစ်ခြား ကြောင့် မဟုတ်ပါ။
1,345,096
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ပါပသ္မိံ ရမတေ မနော” ဟူ၍ ဟောတော်မူသောအတိုင်း မကောင်းမှု ၌သာ ပျော်မွေ့၍ ယဉ်ကျေးခြင်း လုံခြုံခြင်းကင်းမဲ့သော စိတ်က ဆောင်ရွက်မှုကြောင့်ပင် ဖြစ်လေသည်။
1,345,097
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာဏကစ္ဆပေါပမသုတ္တန် မြန်မာပြန်ကား
1,345,098
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ချစ်သားရဟန်းတို့ ဥပမာအားဖြင့် တစ်ဦးသောယောကျ်ားသည် လည်ပင်းလျှိုဝင်ရန် အပေါက်ငယ်တစ်ခုသာရှိသော ထမ်းပိုးကို မဟာ သမုဒ္ဒရာကြီးထဲ၌ ချ၍မျှောလေရာ၏၊ ထိုမဟာသမုဒ္ဒရာကြီးထဲ၌ မျက်စိကန်းသော လိပ်ငယ်တစ်ကောင်သည်ရှိ၏၊ ထိုလိပ်ငယ်သည် နှစ်ပေါင်းအရာအထောင် လွန်သောအခါမှ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေပေါ်သို့ ဦးခေါင်းပြူ၍ပေါ်လာ၏၊ ချစ်သားရဟန်းတို့ ...
1,345,099
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နှစ်ပေါင်းအရာ အထောင် လွန်ပါမှ တစ်ကြိမ်တစ်ကြိမ်သာ ရေပေါ်သို့ ဦးခေါင်းပြူ၍ ပေါ်လာတတ် သော ထိုလိပ်ကန်းသည် လည်ပင်းလျှိုဝင်ရန် အပေါက်တစ်ခုသာရှိသော ထို ထမ်းပိုး၌ လည်ပင်းကို တည့်တည့်ဝင်အောင် လျှိုသွင်းနိုင်ပါမည်လော” ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသည်။
1,345,100
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဘုန်းတော်ကြီးသော အရှင်ဘုရား ကာလအဓွန့်ရှည်မြင့်စွာ လွန်လေသည်ရှိသော် တစ်ရံတစ်ခါ တည့်တည့်ဝင်အောင် လျှိုသွင်းနိုင်ပါ မည်လား မသိပါဘုရား” ဤသို့ ရဟန်းတို့က လျှောက်ထားကြကုန်၏။