id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,345,101 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ချစ်သားရဟန်းတို့ အနှစ်အရာ အနှစ်အထောင်မှာမှ တစ်ကြိမ် တစ်ခါမျှသာလျှင် ဦးခေါင်းပြူ၍ ပေါ်လာသော ထိုလိပ်ကန်းသည် အပေါက်တစ်ခုတည်းသာရှိသော ထမ်းပိုး၌ လည်ပင်းကိုလျင်မြန်စွာ လျှိုသွင်းနိုင်သော်လည်း လျှိုသွင်းနိုင်ရာသေး၏၊ ချစ်သားရဟန်းတို့ စင်စစ်မူကား တစ်ကြိမ်တစ်ခါမျှ အပါယ်သို့ လားရလေသော သူမိုက်သည် လူ့ဘဝကို ရလွယ်မည်ဟူ၍ ငါဘုရားဟောကြ... |
1,345,102 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ မဟော ကြားခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူ၍ဆိုသော် ချစ်သား ရဟန်းတို့ ထိုအပါယ်ဘုံ၌ တရားသဖြင့် ကျင့်ခြင်းသည်လည်းမရှိ၊ ဖြောင့်မှတ်မှန်ကန်စွာ ကျင့် ခြင်းသည်လည်းမရှိ၊ ကုသိုလ်ပြုမှုလည်းမရှိ၊ ကောင်းမှုပြုခြင်းလည်းမရှိ၊ ချစ်သားရဟန်းတို့ ထိုအပါယ်ဘုံ၌ အချင်းချင်း နိုင်ရာစား တရားဆိုး တစ်ခုရှိသည်ဖြစ်၏၊ အားနည်းသူကို စားခြင... |
1,345,103 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလိပ်ကန်းဥပမာ ဒေသနာတော်အလိုအားဖြင့် အပါယ်သို့ တစ်ကြိမ်ကျရောက်သွားလေသော သူမိုက်သည် တစ်ဖန်လူပြန်၍ ဖြစ်ခြင်းငှါ လိပ်ကန်းထမ်းပိုး လျှိုဝင်မိသော အချက်ထက်ပင် ခက်လေ သည်၊ အဘယ့်ကြောင့်နည်းဆိုလျှင် ထိုအပါယ်ဘုံဘဝ၌ တရားကျင့်မှု စသော သုစရိုက်များသည် မရှိချေ၊ နိုင်ရာစား အဓမ္မအလေ့တို့ကသာလျှင် များကုန်၏၊ ထိုတရားဆိုးတို့က ထပ်ခါထပ်ခါ အက... |
1,345,104 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့အပါယ်ဘုံမှ မလွတ်မြောက်နိုင်အောင် အထပ်ထပ်ပြန်၍ အပါယ်သို့ ချ၍နေသော လက်သည်ကား အခြားမဟုတ်၊ စိတ်ဝိညာဏ်ပင်ဖြစ်လေ သည်။ |
1,345,105 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့သော အခြင်းအရာအားဖြင့် စိတ်ဝိညာဏ်၏ အထူးထူး အထွေထွေ သိတတ်သည်၏အဖြစ်, ဘေးဘယကိုဖြစ်ပွါး စေတတ်သော အားဖြင့် ဒုက္ခသစ္စာ၏အဖြစ်သည် လွန်စွာထင်ရှား၏၊ ဤကား ဝိညာဏ် ၏ အထူးထူးအပြားပြား သိတတ်ပုံနှင့်စပ်လျဉ်း၍ ပြဆိုအပ်သော စကား ရပ်ပေတည်း။ |
1,345,106 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝိညာဏ်သည် |
1,345,107 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ စက္ခု ဝိညာဏ်, |
1,345,108 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ မနောဝိညာဏ်, |
1,345,109 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် ခြောက်ပါးအပြားရှိ၏။ |
1,345,110 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မျက်စိ၌ဖြစ်ပေါ်သော ဝိညာဏ်စိတ်ကို စက္ခုဝိညာဏ်စိတ်ခေါ်၏၊ အမြင်စိတ်ပေတည်း။ |
1,345,111 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သောတဝိညာဏ်စသည်တို့၌လည်း ဤနည်း အတိုင်း သိရာ၏၊ ကာယဝိညာဏ်၌ ကာယအရကို တစ်ကိုယ်လုံးယူ၍ ကာယပသာဒတည်ရှိသမျှ တစ်ကိုယ်လုံးမှာဖြစ်သော ဝိညာဏ်ကို ကာယ ဝိညာဏ်ဆိုသည်။ |
1,345,112 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မနောဝိညာဏ်၌ ပဉ္စဝိညာဏ်မှ တစ်ပါးသော စိတ်ဝိညာဏ်တို့သည် မနောဝိညာဏ်မည်ကုန်၏။ |
1,345,113 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ကုသလ ဝိပါက်ဝိညာဏ်, |
1,345,114 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အကုသလ ဝိပါက်ဝိညာဏ်, |
1,345,115 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် နှစ်ပါးရှိ၏။ |
1,345,116 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ်ကြောင့်ဖြစ်သော အကျိုးဝိပါက်များသည် ကုသလဝိပါက် ဝိညာဏ်မည်၏၊။ |
1,345,117 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကုသလဝိပါက် ဝိညာဏ်သည်.. ၁။ |
1,345,118 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကာမကုသလ ဝိပါက်ဝိညာဏ်, |
1,345,119 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ရူပကုသလ ဝိပါက်ဝိညာဏ်, |
1,345,120 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အရူပကုသလ ဝိပါက်ဝိညာဏ်, |
1,345,121 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် သင်္ခါရကြောင့်ဝိညာဏ်ဖြစ်ပေါ်ပါ သနည်း။ |
1,345,122 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ရှေးဘဝ၌ ပြုလုပ်ဖြစ်ပေါ်ပြီးသော သင်္ခါရသုံးပါးတို့ကြောင့် နောက်ဘဝ၌ ဝိညာဏ်ဖြစ်ပေါ်သည်။ |
1,345,123 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထင်ရှားစွာပြဆိုဦးအံ့-သူ့အသက်ကိုသတ်ခြင်း 'ပါဏာတိပါတ' စသော ဆယ်ပါးသော အပြားရှိသည့်'ဒုစရိုက်' အပုညာဘိသင်္ခါရကြောင့် အပါယ်လေးဘုံတို့၌ အပါယ်ဇာတ်ရှိကုန်သော အကုသလဝိပါက် ဝိညာဏ်တို့သည် ဖြစ်ပေါ်ကုန်၏၊ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ် ရှောင်ခြင်း၊ 'ပါဏာတိပါတာဝေရမဏိ'စသော ဆယ်ပါးအပြားရှိသည့် 'သုစရိုက်'ပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ခုနစ်ဘုံတ... |
1,345,124 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ သင်္ခါရဟူသောစကား ကံဟူသောစကားသည် စေတနာဓာတ်တစ်ခု၏ အမည်ပေတည်း။ |
1,345,125 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤစောဒနာကို အောက်၌ ပြဆိုခဲ့ပြီးသော ကမ္မနိယာမ ကထာခန်း ၌၎င်း, ကမ္မဝိပါကဇိဒ္ဓိ ကထာခန်း၌၎င်း သုတ်သင်ရှင်းလင်းခြင်း ကိစ္စပြီး လေပြီ။ |
1,345,126 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့သော်လည်း အမြွက်မျှ အဖြေကိုပြဆိုဦးအံ့။ |
1,345,127 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံ၏ချုပ်ခြင်းသည် |
1,345,128 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ စေတနာ၏ ချုပ်ဆုံးခြင်း စေတနာနိရောဓ, |
1,345,129 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ကံအရှိန် ကံအဟုန် ကံအာနုဘော်၏ ချုပ်ဆုံးခြင်း ကမ္မဝေဂနိရောဓ-ဟူ၍ နှစ်မျိုးရှိ၏။ |
1,345,130 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုနှစ်ပါးတို့တွင် ရှေးဘဝ၌ ပြုလုပ်ပြီးသော စေတနာ၏ ချုပ်ဆုံး ခြင်းသည် စေတနာနိရောဓမည်၏၊ ဥပါဒ်ဖြစ်ပေါ်လေသော စေတနာ ဓာတ်၏ ဘင်အနေအားဖြင့် ချုပ်ခြင်းပေတည်း။ |
1,345,131 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့စေတနာချုပ် လေသော်လည်း ကံ၏ အရှိန်အဟုန်သည်ကား ချုပ်ဆုံးလေသည်မဟုတ်၊ နောင်ဘဝတို့၌ အခွင့်သင့်သောအခါ အကျိုးပေးရန်အနေနှင့်ကျန်ရှိ လေ၏၊ ထိုကံ၏ အရှိန်အဟုန်အာနုဘော်ကို ပဋ္ဌာန်းကျမ်းတွင် နာနက္ခဏိကကမ္မသတ္တိ ဟူ၍ဆို၏၊ ထိုကံ၏ အရှိန်အဟုန်သည် အဖန် ဖန် ပဋိသန္ဓေအကျိုး, ပဝတ္တိအကျိုးအဖြစ်သို့ ရောက်ပြီးမှသာလျှင် ချုပ်ဆုံး လေ၏။ |
1,345,132 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာအားဖြင့်- သရက်မျိုးစေ့ကို စိုက်ပျိုးသောသူသည် သရက်သီးကို အလိုရှိသောကြောင့်သာလျှင် စိုက်ပျိုး၏၊ သရက်ပင်ဖြစ် ပေါ် ပေါက်ပွါးလာသည်ရှိသော် သရက်သီးတို့သည် ဖြစ်ကုန်လတ္တံ့။ |
1,345,133 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သရက်မျိုးစေ့၏သဘောသည် သရက်ပင်ပေါက်စေမှုမှာ ကိစ္စတုံး၏၊ သရက်ပင်ကိုဖြစ်စေပြီးသောနောက် ထိုသရက်မျိုးစေ့ ပျက်စီး၍သွား သော်၎င်း, မပျက်စီးဘဲ နေသော်၎င်း ပမာဏမဟုတ်၊ နောင်အခါ၌ အကြင်မျှလောက် သရက်ပင်အသက်ရှည်၏၊ ထိုမျှလောက် သရက်သီး တို့ကို ရခြင်းသာလျှင် ပမာဏဖြစ်၏၊ ဤဥပမာကဲ့သို့ စေတနာနှင့် ကံအဟုန် ကံအာနုဘော်ကို မှတ်သားအပ်၏၊ သရက်မျိုးစေ... |
1,345,134 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကမ္မာဝေဂ ကမ္မာနုဘာဝသတ္တိကိုရည်၍ |
1,345,135 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နာဟံ ဘိက္ခဝေ သေဉ္စတနိကာနံ ကမ္မာနံ ကတာနံ ဥပစိတာနံ ဖလံ ဝိပါကံ အပဋိသံဝေဒိတွာ ဗျန္တိဘာဝံ ဝဒါမိ။ |
1,345,136 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ သေဉ္စတနိကာနံ=စေ့ဆော် စီရင်အပ်ကုန်ပြီးသော၊ ကတာနံ=ပြုအပ်ကုန်ပြီးသော၊ ဥပစိတာနံ= ဆည်းပူးအပ်ကုန်ပြီးသော၊ ကမ္မာနံ=ကံတို့၏၊ ဖလံဝိပါကံ=အကျိုးဝိပါက်ကို၊ အပဋိသံဝေဒိတွာ=မခံစားရမူ၍၊ ဗျန္တိဘာဝံ=ပျက်ပျောက်ခြင်းကို၊ အဟံ=ငါဘုရားသည်၊ န ဝဒါမိ=ဟောကြားတော်မမူ။ |
1,345,137 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနေရာ၌ စောဒနာဖွယ်ရှိသည်မှာ- သရက်မျိုးစေ့နှင့်တူ သော ကံစေတနာသည်မူကား ရှေးကချုပ်ကွယ်ခဲ့လေပြီ၊ သရက်ပင် နှင့်တူသော ကံ၏အရှိန်အဟုန် အာနုဘော်သည်ကား ထိုသတ္တဝါ၏ သန္တာန်မှာ တည်၏၊ ထိုကံကိုပြုလုပ်သော သတ္တဝါသည်ကား ဤလူ့ပြည်၌ သေလေ၏၊ ထိုသို့ဖြစ်ပါလျက် ထိုကံ၏အကျိုးသည် အလွန်တရာ ဝေးလှစွာသော အောက်ငရဲပြည်၌၎င်း, အထက်ဗြဟ္မာပြည်၌၎င်း အဘယ်သို့... |
1,345,138 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဤကား စောဒနာတည်း။ |
1,345,139 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဖြေကိုဆိုအံ့- ဝေးလွန်းသော အရပ်၌ဖြစ်စေ, နီးလွန်းသော အရပ်၌ပင်ဖြစ်စေ, အောက်အရပ်မှာဖြစ်စေ, အထက်အရပ်မှာ ဖြစ်စေ ကံအာနုဘော်၏ ပျံ့နှံ့ခြင်းမည်သည် မကြံစည်ကောင်းသော အရှိန် အဟုန်ရှိ၏၊ ဝိပါက်တို့မည်သည်လည်း မိမိတို့ ဖြစ်ထိုက်သော ဌာနမှာ သာလျှင် ဖြစ်ကြကုန်၏၊ ဌာနဘူမိလွှဲပြောင်း၍ ဖြစ်လေ့မရှိ၊ ငရဲဇာတ် ရှိသော ဝိပါက်သည် ငရဲဘုံ၌သာလျှင်ဖြစ... |
1,345,140 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ ကံ၏အဟုန်အရှိန် ပျံ့နှံ့ခြင်း၏ အစိန္တေယျဝေဂဖြစ် ကြောင်းကို ဆိုလတ္တံ့သောအတိုင်း ဥပမာဖြင့် ထင်စွာပြရာ၏၊ ပကတိဖြစ် သော လူသားတို့၏ အဆင်းအရောင်သည် အပသို့ထွက်လေ့မရှိ၊ ထိုလူရိပ်သည်မူကား ကြည်လင်သောမှန်အပြင် ရေအပြင်စသည်တို့၌ ထင်လေ၏၊ ကြေးမုံ,ဖန်,မှန်စသည်တို့ရှိခဲ့သော် ဆယ်တောင် အတောင် နှစ်ဆယ်ဝေးကွာသော ထိုဖန်,မှန်အကြည်ပေါ်မှာ ... |
1,345,141 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ကြောင့် လူတို့၏အဆင်းသည် ဖန်,မှန်စသော အကြည် အလင် မရှိခဲ့သည်ရှိသော် အနီးအရပ် ဌာနမှာသော်လည်း မထင်ချေ၊ အကြည်အလင်ရှိသည်ရှိသော် အနီးမှာသော်လည်း ထင်၏၊ အဝေးမှာ သော်လည်း ထင်၏၊ အလွန်ဝေးသော အရပ်မှာသော်လည်း ထင်၏၊ ထိုသို့ထင်သော်လည်း လူရိပ်၏သွားခြင်း လာခြင်းမည်သည် မရှိချေ။ |
1,345,142 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဥပမာကဲ့သို့ ကံ၏အကျိုးဝိပါက်များ ဖြစ်ပေါ်ပုံကို သိရာ၏၊ ထိုအရိပ်ထင်မှုမှာ လူ၏ ကိုယ်ကို၎င်း, ကြည်လင်သော ကြေးမုံ မှန်ပြင်ကို ၎င်း, အလည်စပ်ကြား၌တည်ရှိသော အလင်းကို၎င်း စွဲ၍ မှန်အပြင်၌ အရိပ်ထင်ခြင်းဖြစ်လေသည်။ |
1,345,143 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဆင်း၏ သွားခြင်း လာခြင်းမရှိသော ကြောင့် အနီးမှာ လျင်မြန်စွာ ထင်၏၊ အဝေးမှာ နှေးနှေးထင်သည်ဟူ၍ အထူး အပြားမရှိချေ၊ မှန်၏ ရှေ့ကနေ၍ရပ်လိုက်လျှင် ဝေးသောမှန်မှာ ဖြစ်စေ, နီးသောမှန်မှာဖြစ်စေ တစ်ပြိုင်နက် အရိပ်ထင်လေသည်သာ ဖြစ်၏၊ လူသည်ကံနှင့်တူ၏၊ မှန်၌ထင်သောအရိပ်သည် ကံ၏အကျိုး ဝိပါက်များ ဖြစ်ပေါ်လာသည်နှင့်တူ၏၊ ဝေးသောမှန်မှာဖြစ်စေ, န... |
1,345,144 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လူပုံလူရိပ်သည် ရုပ်တရားလျှင် အရင်းခံရှိလေသောကြောင့် အလည်ကြား၌ အကာအကွယ် ခြားနေလျှင် ထင်နိုင်သည် မဟုတ်ချေ၊ အကျိုးဝိပါက်များသည်ကား စေတနာတည်းဟူသော နာမ်တရားလျှင် အရင်းမူလရှိလေသောကြောင့် အကြားမှာ မြေကြီး သမုဒ္ဒရာ မြင့်မိုရ် တောင်စသော အဆီးအတား အကွယ်အကာဟူ၍ မရှိနိုင်ချေ။ |
1,345,145 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ ဖြစ်ပုံ အနက်သဘောကို ပဋိဌာန်းပစ္စည်းအားဖြင့် ပြဆိုအပ်၏၊ အာရမ္မဏ ပစ္စည်း ဥပနိဿယပစ္စည်း နာနာက္ခဏိက ကမ္မပစ္စည်း ဤပစ္စည်း သုံးပါး သည် ဝိပါက်ကို ဖြစ်ပေါ်စေရာ၌ အထူးဝိသေသကျေးဇူးပြုသော ပစ္စည်း များဖြစ်လေသည်၊ ဤပစ္စည်းသုံးပါးတို့က ကျေးဇူးပြုသောအခါ သွားခြင်း လာခြင်းကို ကြဉ်ထား၍ ကာလအားဖြင့် ကြာရှည်သည် အလွန်ကြာ ရှည်သည်ဖြစ်သော်... |
1,345,146 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့လျှင် သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ် တရား တို့သည် ဖြစ်ပွားကုန်၏။ |
1,345,147 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသင်္ခါရပစ္စယာ ဝိညာဏံ ဟူသောပုဒ်ကိုရည်၍ဝဋ်ခင်း ဝဋ်နွယ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွားတုံလျင်းသော်၊ လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာလူနတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဓာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဏ်ဟု၊ အရှင်ဓာတ်မင်း၊ပေါ်တုံလျင်း၍၊ ကိုယ်တွင်းကိုယ်ပြင်၊ ထွက်ဝင်တံခါး၊ အင်ခြောက်ပါး၌၊ အများရုပ... |
1,345,148 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ခြောက်ပါးဝိညာဏ်စွမ်းရည်တည်း။ |
1,345,149 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သင်္ခါရပစ္စယာ ဝိညာဏံပြီး၏။ |
1,345,150 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | --- ဝိညာဏပစ္စယာ နာမရုပံ |
1,345,151 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပေါ်သည်။ |
1,345,152 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ဝိညာဏ်၏သဘောအဓိပ္ပါယ်ကို ရှေ့၌ ပြဆိုအပ်ခဲ့လေပြီ။ |
1,345,153 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အာရမ္မဏေ နမတီတိ နာမံ” |
1,345,154 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာရမ္မဏေ=အာရုံ၌။ |
1,345,155 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နမတိ=ညွတ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ နာမံ=နာမ်မည်၏။ |
1,345,156 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာရုံ၌ ညွတ်တတ်သောကြောင့် နာမ်မည်၏ ဆိုလိုသည်။ |
1,345,157 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဝိရုဒ္ဓပစ္စယေ သတိ ရုပ္ပတိ ဝိကာရံ အာပဇ္ဇတီတိ ရူပံ” ဝိရုဒ္ဓပစ္စယေ=ဆန့်ကျင်ဖက်ဖြစ်သောအကြောင်းသည်၊ သတိ= ရှိသည်ရှိသော်၊ ရုပ္ပတိ=ဖောက်ပြန်တတ်၏၊ ဝိကာရံ=ဖောက်ပြန်ခြင်းသို့၊ အာပဇ္ဇတိ=ရောက်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ရူပံ=ရုပ်မည်၏၊ သီတ ဥဏှ စသော ဆန့်ကျင်ဘက်အကြောင်းများနှင့် တွေ့ဆုံလာ သည်ရှိသော် ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏ဟု ... |
1,345,158 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဤနာမ်ခန္ဓာသုံးပါးကို နာမ်ဆိုသည်၊ ရူပက္ခန္ဓာကို ရုပ်ဆိုသည်။ |
1,345,159 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်သနည်း။ |
1,345,160 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အထူးထူးအပြားပြား သိခြင်းကိရိယာကို ဝိညာဏ်ဟူ၍ ဆိုအပ်၏၊ ထိုဝိညာဏ်သည် ကြီးမားသော အရှိန်တန်ခိုးရှိ၏၊ ကြီးမား သော ပျံ့နှံ့ခြင်းရှိ၏၊ ထို့ကြောင့် ထိုဝိညာဏ်ဓာတ် ဖြစ်ပေါ်လေသည်ရှိ သော် နာမ်တရား ရုပ်တရားတို့သည်လည်း ဝိညာဏ်၏ အရှိန်ကြောင့် ဖြစ်ပေါ်ကြကုန်၏။ |
1,345,161 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာအားဖြင့်- မီးကို တောက်လောင်စေအပ်သည်ရှိသော် ထက်ဝန်းကျင်မှ မီး၏အရှိန်ကို၎င်း, မီးရောင်ကို၎င်း ဖြန့်လျက်သာ တောက်လောင်လေ၏၊ ထိုအတူ ဝိညာဏ်ဖြစ်ပေါ်သည်ရှိသော် သူ၏ တန်ခိုးအရှိန်ကြောင့် နာမ်ရုပ်တို့လည်း ဖြစ်ပေါ်ကြကုန်သည်၊ မီး တောက် မီးလျှံနှင့် ဝိညာဏ်တူ၏၊ မီး၏ အပူအရှိန်နှင့် နာမ်တရားတူ၏၊ မီးရောင်နှင့် ရုပ်တရားတူ၏၊ ဤသို့ ဥပမာ... |
1,345,162 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပဋိသန္ဓေဝိညာဏ် ပဝတ္တိဝိညာဏ် နှစ်ပါးရှိလေသည့်အနက် ပဋိသန္ဓေဝိညာဏ်သည် ထိုဘုံဘဝ၌ အလုံးစုံသော နာမ်တရားအစု ရုပ် တရားအစု၏ ဦးခေါင်းသဖွယ်ဖြစ်၏၊ မျိုးစေ့သဖွယ်ဖြစ်၏၊ ဥပမာ သရက်မျိုးစေ့ကို စိုက်ပျိုးလိုက်ရာ ရှေးဦးစွာ မျိုးစေ့မှပေါက်သော အညှောက်သည် နောင်ကြီးပွားလတ္တံ့သော သရက်ပင်ကြီး၏ ဦးခေါင် သဖွယ် ဖြစ်လေသကဲ့သို့တည်း။ |
1,345,163 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ပဋိသန္ဓေအခါ၌ ရှေးဦးစွာ ဖြစ်သောရုပ်သည် ထိုဘဝ၌ အလုံးစုံသော ရူပကာယ၏ ဦးခေါင်းသဖွယ် မျိုးစေ့သဖွယ်ဖြစ်၏၊ သေးငယ်သော ညောင်စေ့မှ ကြီးသော ညောင်ပင် ကြီး ဖြစ်လာရာတွင် ပဋိသန္ဓေနှင့် ညောင်စေ့ တူ၏၊ ညောင်ပင်ကြီးနှင့် ထိုပဋိသန္ဓေရုပ် အစဉ်အတိုင်း ဆက်လက်ဖြစ်ပွားသော သတ္တဝါတို့၏ ရူပကာယတူ၏၊ ဤသို့ မှတ်သားအပ်၏။ |
1,345,164 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဟာနိဒါနသုတ်ပါဠိတော်ကြီး၌ |
1,345,165 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိညာဏပစ္စယာပိ နာမရူပံ၊ နာမရူပပစ္စယာပိ ဝိညာဏံ၊ ဧတ္တာဝတာ ပညတ္တိပထော၊ ယဒိဒံ နာမရူပံ သဟ ဝိညာဏေန အညမညပစ္စယတာယ ပဝတ္တတိ။ |
1,345,166 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍မြတ်စွာဘုရားဟောကြားတော်မူသော ဒေသနာရှိ၏။ |
1,345,167 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိညာဏ ပစ္စယာပိ=ဝိညာဏ်ဟူသော အကြောင်း ကြောင့်လည်း၊ နာမရူပံ=နာမ်ရုပ်သည်၊ သမ္ဘဝတိ=ဖြစ်၏၊ နာမရူပ ပစ္စယာပိ=နာမ်ရုပ်ဟူသောအကြောင်းကြောင့်လည်း၊ ဝိညာဏံ=ဝိညာဏ် သည်၊ သမ္ဘဝတိ=ဖြစ်၏၊ ယဒိဒံနာမရူပံ=အကြင်နာမ်ရုပ်သည်၊ ဝိညာဏေန=ဝိညာဏ်နှင့်၊ သဟ=တကွ၊ အညမညပစ္စယတာယ=အချင်း ချင်းကျေးဇူးပြုသည်၏ အဖြစ်ဖြင့်၊ ပဝတ္တတိ= ဖြစ်၏၊ ဧတ္တာဝတာ= ဤသို့ နာမ်ရုပ... |
1,345,168 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နာမ်ရုပ်သည် ဝိညာဏ်နှင့် အချင်းချင်း ကျေးဇူးပြုသောအားဖြင့် ၎င်း, ဝိညာဏ်သည် နာမ်ရုပ်နှင့် အချင်းချင်း ကျေးဇူးပြုသောအားဖြင့်၎င်း သတ္တဝါတို့နှင့်စပ်ဆိုင်သော ပညတ်အမျိုးမျိုး ဖြစ်ပေါ်လာသည်ဟူ၍ ဆိုလိုသည်။ |
1,345,169 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သတ္တလောကကြီးသည် “ဝိညာဏပစ္စယာ နာမရူပံ” ဟူသော ပုဒ်မှ ဖြစ်ပေါ်လာ၏၊ သတ္တဝါဟူသမျှတို့နှင့်စပ်ဆိုင်သော ပညတ်သည် အနန္တအပ္ပမေယျဖြစ်၍ လွန်စွာများကုန်၏၊ သတ္တဝါအမျိုးမျိုးကို မဆို ထားနှင့်ဦး သတ္တဝါတစ်ဦးတစ်ယောက်မှာပင် ဦးခေါင်း ခြေလက်မှစ၍ သတ္တဝါနှင့်စပ်ဆိုင်သော ပညတ်တို့သည် လွန်စွာများ ကုန်၏၊ သတ္တဝါ အနန္တဖြစ်၍ ပညတ်လည်း အနန္တပင် ဖြစ်လ... |
1,345,170 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကျဉ်းချုပ်အားဖြင့်ဆိုသော် -- |
1,345,171 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သတ္တပညတ်, |
1,345,172 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တပညတ်, |
1,345,173 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဇီဝပညတ်, |
1,345,174 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ သုံးပါးရှိ၏။ |
1,345,175 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ထိုသုံးပါးတို့တွင် သတ္တပညတ်သည် ဘုံအပြားအားဖြင့် သုံးဆယ့် တစ်ပါးဖြစ်၏၊ ငရဲသူသတ္တဝါဟူ၍၎င်း, တိရစ္ဆာန်သတ္တဝါဟူ၍၎င်း, ပြိတ္တာသတ္တဝါဟူ၍၎င်း, အသုရကာယ်သတ္တဝါဟူ၍၎င်း ပညတ်ကြကုန်၏၊ ဤလေးပါးကား အပါယ်ဘုံနှင့်ဆိုင်သော သတ္တပညတ် လေးပါးပေတည်း။ |
1,345,176 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လူသတ္တဝါဟူ၍ ပညတ်ကြကုန်၏၊ ဘုမ္မစိုးနတ်, ရုက္ခစိုးနတ် အာကာသ စိုးနတ် နတ်ဘီလူး ရက္ခိုသ်နတ် ဂန္ဓဗ္ဗနတ် ကုမ္ဘဏ်နတ်ဟူ၍ ပညတ်ကြ ကုန်၏၊ ထိုနတ်များကား စတုမဟာရာဇ်နတ် ပြည် အပါအဝင်တို့ ပေတည်း။ |
1,345,177 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စတုမဟာရာဇ်နတ်, တာဝတိံသာ နတ်, ယာမာနတ်, တုသိတာ နတ်, နိမ္မာနရတိနတ်, ပရနိမ္မိတဝသဝတ္တိနတ် ဟူ၍ ပညတ်ကြကုန်၏၊ ဤခုနစ်ပါးကား ကာမသုဂတိခုနစ်ဘုံနှင့်ဆိုင် သော သတ္တပညတ်များပေ တည်း။ |
1,345,178 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗြဟ္မပါရိသဇ္ဇာစသော အထက်ဗြဟ္မာဘုံ နှစ်ဆယ်တို့၌လည်း ဘုံအားလျော်စွာ သတ္တပညတ် နှစ်ဆယ်တို့ ဖြစ်ကုန်သည်။ |
1,345,179 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တပညတ်အရာ၌ကား အတ္တကိုပညတ်ခြင်း, အတ္တဟူ၍ ထင်မြင်ခြင်းအားဖြင့် နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် အတ္တဟူ၍ပညတ်ခြင်း သည်ကား ရဟန်း ပုဏ္ဏားတို့၏ အလုပ်ကိစ္စကြီး ဖြစ်၏၊ အတ္တဟူ၍ထင်မြင် ခြင်းသည်ကား အလုံးစုံသော လောကနှင့်ဆက်ဆံ၏၊ အလုံးစုံသော ပုထုဇ္ဇန်သတ္တဝါတို့သည် အတ္တကို ထင်မြင်စွဲလမ်းကြကုန်၏၊ အယုတ် သဖြင့် ပိုးရွ ခြပုန်းတို့ပင်သ... |
1,345,180 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လာပုံကား |
1,345,181 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အတ္တသည် ရုပ်ရှိ၏, |
1,345,182 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တသည် ရုပ်မရှိ, |
1,345,183 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အတ္တသည် ရုပ်လည်းရှိ၏၊ ရုပ်လည်းမရှိ, |
1,345,184 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ |
1,345,185 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရုပ်မရှိသည်လည်းမဟုတ်, |
1,345,186 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား အတ္တပညတ်၌ ပထမ စတုက္ကပေတည်း။ |
1,345,187 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အတ္တသည် သညာရှိ၏, |
1,345,188 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တသည် သညာမရှိ, |
1,345,189 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အတ္တသည် သညာလည်း ရှိ၏၊ သညာလည်းမရှိ, |
1,345,190 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ အတ္တသည် သညာရှိသည်လည်း မဟုတ်၊ |
1,345,191 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သညာမရှိသည်လည်းမဟုတ်, |
1,345,192 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ဒုတိယ စတုက္က ပေတည်း။ |
1,345,193 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အတ္တသည် အဆုံးရှိ၏, |
1,345,194 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တသည် အဆုံးမရှိ, |
1,345,195 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အတ္တသည် အဆုံးလည်းရှိ၏၊ အဆုံးလည်းမရှိ, |
1,345,196 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ အတ္တသည် အဆုံးရှိသည်လည်းမဟုတ်၊ |
1,345,197 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဆုံးမရှိသည်လည်းမဟုတ်, |
1,345,198 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား တတိယ စတုတ္ထပေတည်း။ |
1,345,199 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အတ္တသည် တစ်ခုတည်းသောသညာရှိ၏, |
1,345,200 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တသည် ထူးထွေများပြားသော သညာရှိ၏, |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.