id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,345,201
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အတ္တသည် သေးငယ်သော သညာရှိ၏,
1,345,202
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ အတ္တသည် အတိုင်းမသိ ကျယ်ဝန်းသော သညာရှိ၏,
1,345,203
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား စတုတ္ထ စတုက္က ပေတည်း။
1,345,204
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ အတ္တသည် စင်စစ်ချမ်းသာခြင်းရှိ၏,
1,345,205
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ အတ္တသည် စင်စစ်ဆင်းရဲခြင်းရှိ၏,
1,345,206
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အတ္တသည် ချမ်းသာဆင်းရဲ နှစ်ပါးရှိ၏,
1,345,207
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ အတ္တသည် ဆင်းရဲလည်းမရှိ၊ ချမ်းသာလည်းမရှိ,
1,345,208
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ပဉ္စမ စတုက္က ပေတည်း။
1,345,209
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(အတ္တပညတ်ပေါင်း နှစ်ဆယ်ဖြစ်သည်။
1,345,210
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) ထိုအတ္တပညတ်တို့တွင် ပထမ စတုက္က၌
1,345,211
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမဘုံ ရူပဘုံ၌ရှိသော သတ္တဝါတို့၏ အတ္တကိုရည်၍ “အတ္တ သည် ရုပ်ရှိ၏” ဟူ၍ပညတ်လေသည်။
1,345,212
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အရူပ ဗြဟ္မာတို့၏ အတ္တကို ရည်၍ “အတ္တသည် ရုပ်မရှို” ဟု ပညတ်လေသည်။
1,345,213
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမ ရူပ,အရူပ ဘုံသားတို့၏ အတ္တကိုရည်၍“အတ္တသည် ရုပ်လည်းရှိ၏၊ ရုပ်လည်းမရှိ” ဟု ပညတ်လေသည်။
1,345,214
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြဟ္မာတို့ ပကတိဖြစ်သော ရုပ်အဆင်းကိုမြင်၍ “အတ္တသည် ရုပ်ရှိသည်လည်းမဟုတ် ရုပ်မရှိသည် လည်း မဟုတ်” ဟူ၍ ပညတ်လေသည်။
1,345,215
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားမှန်၏၊ ဗြဟ္မာတို့၏ ပကတိရုပ်သည် အလွန် တရာ နူးညံ့လှစွာ၏၊ အလွန်ထင်ရှားသော ရုပ်ကိစ္စ မရှိ၊ ထို့ကြောင့် ဗြဟ္မာတို့၏ ရုပ်ကို ထင်ရှားရှိသည် ဟူ၍လည်း မဆိုနိုင်၊ ထင်ရှားမရှိဟူ၍ လည်း မဆိုနိုင်၊ ထိုဗြဟ္မာတို့ကို အတ္တဟူ၍ စွဲယူပြီးလျှင် “အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်” ဟူသော ဝါဒဖြစ် လေသည်။
1,345,216
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဒုတိယစတုက္က၌
1,345,217
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမဘုံသား, အသညသတ်ကြဉ်သော ရူပဘုံသား, နေဝသညာ နာသညာယတနကြဉ်သော အရူပဘုံသားတို့၏ အတ္တကိုရည်၍ “အတ္တသည် သညာရှိ၏ “ ဟူ၍ ပညတ်လေသည်၊ အသညသတ်ဘုံသား တို့၏ အတ္တကိုရည်၍ “အတ္တသည် သညာမရှိ” ဟူ၍ ပညတ်လေသည်။
1,345,218
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆိုခဲ့ပြီးသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ပင် “အတ္တသည် သညာလည်း ရှိ၏၊ သညာလည်းမရှိ” ဟူ၍ ပညတ်လေသည်။
1,345,219
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နေဝသညာ နာသညာ ယတနဘုံသားတို့၏ အတ္တကိုရည်၍ “အတ္တသည် သညာရှိသည် လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်”ဟူ၍ ပညတ်လေသည်။
1,345,220
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တတိယစတုက္က၌
1,345,221
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သေးငယ်သော ကသိုဏ်းဝန်းကို ရသောပုဂ္ဂိုလ်တို့၏ အတ္တကို ရည်၍ “ အတ္တသည် အဆုံးရှိ၏ “ ဟူ၍ပညတ်လေသည်။
1,345,222
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတိုင်းမသိ ပြန့်ကျယ်သော ကသိုဏ်းဝန်းကိုရသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အဆုံးမရှိ”ဟူ၍ပညတ်လေသည်။
1,345,223
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အောက်အထက်၌ အဆုံး ရှိ၍ ဖီလာအားဖြင့် အဆုံးမရှိသော ကသိုဏ်းဝန်းကိုရသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အဆုံးလည်းရှိ၏၊ အဆုံးလည်း မရှိ”ဟူ၍ ပညတ်လေသည်။
1,345,224
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတ္တသည် အဆုံးရှိသည်လည်းမဟုတ်၊ အဆုံးမရှိသည် လည်းမဟုတ် ဟူသောဝါဒသည်ကား ကြံဆသော တက္ကီပုဂ္ဂိုလ်တို့၏ အယူဝါဒဖြစ်သည်။
1,345,225
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသူတို့ကြံစည်ပုံမှာ အဆုံးရှိ သော ကသိုဏ်းဝန်း သည်လည်း အမြဲမဟုတ်၊ တစ်ဖန်ချဲ့အပ်သည်ရှိသော် အဆုံးမရှိ ကျယ်ဝန်းပြန်လေ၏၊ အဆုံးမရှိသော ကသိုဏ်းဝန်းလည်း အမြဲမဟုတ်၊ တစ်ဖန်အကျဉ်းချုံးအပ်ပြန်သည်ရှိသော် အဆုံးရှိအောင် ကျဉ်းမြောင်း ၍လာ၏၊ ဤသဘောကို ကြံဆရည်ရွယ်၍ “အတ္တသည် အဆုံးရှိသည် လည်းမဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်”ဟုပညတ်လေသည်။
1,345,226
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စတုတ္ထစတုက္က၌
1,345,227
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဂဗ္ဘသေယျက သံသေဒဇပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် သေးငယ်သော သညာရှိ၏”ဟူ၍ ပညတ်လေသည်။
1,345,228
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပပတ်ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အတိုင်းမသိ ကျယ်ဝန်းသော သညာရှိ၏” ဟူ၍ ပညတ်လေသည်။
1,345,229
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စျာန်ဝင်စား၍နေသော ပုဂ္ဂိုလ်တို့၏ အတ္တကို ရည်၍“အတ္တသည် တစ်ခုတည်းသော သညာရှိ၏”ဟူ၍ ပညတ်လေ သည်။
1,345,230
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စျာန်မဝင်စားသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် ထူးထွေများပြားသော သညာရှိ၏” ဟူ၍ ပညတ်လေသည်။
1,345,231
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဉ္စမစတုက္က၌
1,345,232
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အာဘဿရဗြဟ္မာ သုဘကိဏှဗြဟ္မာတို့၏ အတ္တကိုရည်၍ “အတ္တ သည် စင်စစ်ချမ်းသာ၏” ဟူ၍ ပညတ်လေသည်။
1,345,233
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ငရဲသားတို့၏ အတ္တကို ရည်၍ “အတ္တသည် စင်စစ်ဆင်းရဲ၏”ဟူ၍ ပညတ်လေသည်။
1,345,234
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူ့ဘုံသား တို့၏ အတ္တကိုရည်၍ “အတ္တသည် ဆင်းရဲ,ချမ်းသာ နှစ်ပါး ရှိ၏”ဟူ၍ ပညတ်လေသည်။
1,345,235
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝေဟပ္ဖိုလ်စသော ဥပေက္ခာဗြဟ္မာတို့၏ အတ္တကို ရည်၍ “အတ္တသည် ဆင်းရဲလည်းမရှိ၊ ချမ်းသာလည်းမရှိ”ဟူ၍ ပညတ် လေသည်။
1,345,236
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့သဘောရှိသော အတ္တကို အစွဲပြု၍ ပုဗ္ဗန္တကပ္ပိက ဒိဋ္ဌိဝါဒ တစ်ဆယ့်ရှစ်ပါး, အပရန္တကပ္ပိကဒိဋ္ဌိဝါဒလေးဆယ့်လေးပါး ဤသို့အားဖြင့် ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဝါဒတို့သည် ဖြစ်ကုန်၏၊ ဤကား အတ္တ ပညတ်နှင့်စပ်၍ဆိုသောစကားရပ်ပေတည်း။
1,345,237
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတ္တဟူ၍ ထင်မြင်စွဲလမ်းမှုသည်ကား “ရူပံ အတ္တတော သမနု ပဿတိ” စသည်ဖြင့် ဟောတော်မူသောအတိုင်း ရုပ်ကို အတ္တဟူ၍ စွဲလမ်းထင်မြင်၏၊ အတ္တသည် ရုပ်ရှိ၏ ဟူ၍စွဲလမ်းထင်မြင်၏၊ အတ္တ၌ ရုပ်ရှိ၏ ဟူ၍ စွဲလမ်းထင်မြင်၏၊ ရုပ်၌ အတ္တရှိ၏ ဟူ၍ စွဲလမ်းထင်မြင်၏၊ ဤသို့စသည်ဖြင့် ခန္ဓာငါးပါးတို့မှာ တစ်ပါးတစ်ပါးတို့၌ အတ္တ စွဲလမ်းပုံ လေးမျိုးစီ ရှိသောကြောင့...
1,345,238
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ရူပံ ဧတံ မမ, ဧသော ဟမသ္မိ, ဧသော မေ အတ္တာ” ဤပါဠိတော်သည်လည်း ရုပ်၌ အတ္တ စွဲလမ်းပုံကို ပြဆိုသော ပါဠိ တော်ပေတည်း။
1,345,239
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရူပံ=ရုပ်ကို၊ (ပဋိစ္စ=စွဲ၍) ဧတံ=ဤရုပ်သည်၊ မမ=ငါ၏ဥစ္စာတည်း၊ဧသော=ဤရုပ်ခန္ဓာသည်၊ အဟမသ္မိ=ငါကိုယ်တိုင်ပင် ဖြစ်၏၊ ဧသော=ဤရုပ်ခန္ဓာသည်၊ မေ=ငါ၏၊ အတ္တာ=အတ္တပေတည်း။
1,345,240
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတံ မမ-ကား ရုပ်ကို တဏှာဖြင့် အတ္တ စွဲလမ်းချက်ပေတည်း။
1,345,241
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧသောဟမသ္မိ-ကား ရုပ်ကို မာနဖြင့် အတ္တ စွဲလမ်းချက်ပေတည်း။
1,345,242
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧသော မေ အတ္တာ-ကား ရုပ်ကို ဒိဋ္ဌိဖြင့် အတ္တ စွဲလမ်းချက်ပေ တည်း။
1,345,243
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရူပက္ခန္ဓာ၌ တဏှာ မာန ဒိဋ္ဌိ ထိုသုံးပါးတို့ဖြင့် အတ္တဟူ၍စွဲလမ်း၏၊ ဝေဒနာက္ခန္ဓာစသည်တို့၌လည်း ဤနည်းအတိုင်း သုံးချက်စီပင် စွဲလမ်း လေ၏၊ ဤနည်းအားဖြင့်ဆိုလျှင် ခန္ဓာငါးပါး၌ အစွဲပေါင်း တစ်ဆယ့် ငါးပါးရှိ၏၊ ထိုအတ္တ စွဲလမ်းမှုသည် ပုထုဇ္ဇန်မှန်သမျှတို့နှင့် အလုံးစုံ ဆက်ဆံသော စွဲလမ်းခြင်းပေတည်း။
1,345,244
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အတ္တာနုပဿနာ အတ္တအစွဲ, အတ္တအထင်နှင့် စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း။
1,345,245
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဇီဝပညတ်ဆိုသည်ကား သတ္တဝါတို့၏ အသက်တည်နေမှုကို စွဲ၍ ပညတ်ခြင်းပေတည်း၊ ဤသတို့သားသည် ခုနစ်ရက် အသက်ရှည်၏၊ တစ်လအသက်ရှည်၏၊ တစ်နှစ်အသက်ရှည်၏၊ ဤသူသည် ဆယ်နှစ် အသက်ရှည်၏၊ ဤသူသည် အနှစ်နှစ်ဆယ် အသက်ရှည်၏၊ ဤသို့ စသည်ဖြင့် သမုတ်ပညတ်ရာ၌ ဇီဝပညတ်ဖြစ်သည်ကို သိရာ၏၊ တစ်နည်းအားဖြင့် ဤဇီဝပညတ်ကို အသက်တမ်းအမျိုးမျိုး ခြားနားကွဲပြား သည်၏ အစွမ်...
1,345,246
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အထက်နတ်ပြည်ခြောက်ထပ်တို့နှင့် ဗြဟ္မာနှစ်ဆယ်တို့မှာမူကား အသက်တမ်းမြဲ၏။
1,345,247
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နတ်သက် ဗြဟ္မာသက်များကား သဂြိုဟ်ဘုံပိုင်း၌ ထင်ရှားပြီ။
1,345,248
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အထူးမှာ မဟာဗြဟ္မာတို့သည် အလွန်ရှည်လျားသော အသက် တမ်းရှိလေသောကြောင့် မိမိတို့ဖြစ်လာသော အစအဆုံးကိုပင် မသိမမြင် နိုင်ကြလေကုန်၊ ထို့ကြောင့် ထိုမဟာဗြဟ္မာတို့သည် များသောအားဖြင့် သဿတဒိဋ္ဌိအယူရှိကြလေကုန်၏၊ အောက်ဘုံ၌ဖြစ်ကြကုန်သော လူနတ်ဗြဟ္မာတို့သည်လည်း ထိုမဟာဗြဟ္မာတို့ကို မအို မသေ အမြဲနေရ သော ပုဂ္ဂိုလ်တို့ဟူ၍၎င်း, နိစ္စထာဝရတည်သေ...
1,345,249
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့မှတ်ထင်ခြင်းကို အစပြု၍ လောကမှာ ထာဝရအယူဖြစ်ပေါ် လာသည်။
1,345,250
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဣဿရနိမ္မာနဒိဋ္ဌိ ထွန်းကားလာသည်။
1,345,251
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာအားဖြင့်
1,345,252
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အလွန်အသက်ရှည်သော အင်ကြင်းပင်ကြီးရှိ၏၊ ထိုအင်ကြင်းပင် ကြီးအောက်မှာ အသက်တိုသော မြက်သစ်ပင်တို့သည် ပေါက်ရောက်ကြ ကုန်၏၊ ထိုသို့ဖြစ်ရာ၌ မြက်သစ်ပင်အပေါင်းတို့က အချင်းချင်းပြောဆိုကြ ကုန်ရာ၏၊ “အင်ကြင်းပင်ကြီးသည် ပျက်စီးခြင်းမရှိ၊ အမြဲထာဝရ တည်၏၊ နိစ္စဓုဝ သဘောရှိ၏၊ ငါတို့၏ ဘိုး ဘေး ဘီ ဘင် အစဉ်အဆက်တို့ပင် သော်လည်း ဤအင်ကြင်းပင်ကြီး...
1,345,253
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ပြီးသော အင်ကြင်းပင်ကြီးနှင့် မြက်သစ်ပင်တို့၏ ဥပမာဖြင့် သိလေ။
1,345,254
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုနတ်ဗြဟ္မာ အပေါင်းတို့သည် ထိုထိုဘုံတို့၌ အသက်တမ်းရှိသည် အားလျော်စွာ တည်နေကြကုန်ပြီးလျှင် တစ်ဖန် ဤလူ့ပြည်သို့ပြန်လာကြ ရကုန်၏၊ တစ်ဖန် အပါယ်လေးဘုံသားဖြစ်၍ အပါယ်ဘုံတို့ကို ပြည့်နှက် စေကုန်၏၊ အဘယ်ကြောင့်နည်းဟူမူကား အတ္တဒိဋ္ဌိကိုမပယ်ရသေး သော ပုထုဇ္ဇန်တို့ ဖြစ်လေသောကြောင့်တည်း။
1,345,255
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဗြဟ္မာတို့သည် ရှေးဘဝ တို့၌ လူ့ပြည်လောကမှာ စျာန်ကိုရသော စျာနလာဘီပုဂ္ဂိုလ်, အဘိညာဏ် ကိုရသော အဘိညာလာဘီပုဂ္ဂိုလ်, ရှေးအစွန်းကိုကြံဆသော ပုဗ္ဗန္တကပ္ပိက ပုဂ္ဂိုလ်, နောက်အစွန်းကိုကြံဆသော အပရန္တကပ္ပိကပုဂ္ဂိုလ် တို့ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဤလူ့ပြည်မှ စုတေသည်ရှိသော် ပုညာဘိသင်္ခါရ ဟုဆို အပ်သော စျာန်ဘာဝနာ၏အစွမ်းကြောင့် အခြ...
1,345,256
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပမာဒတရားဖြင့် ဖုံးလွှမ်း၍ အတ္တဒိဋ္ဌိကို မပယ်ရကုန်သေးသော ပုထုဇ္ဇန်တို့မှာ အပါယ်လေးဘုံသည် မိမိတို့ အမြဲ နေထိုင်သော အိမ်ပိုင်ကြီး တွေကဲ့သို့ ဖြစ်ကုန်၏၊ ပြဆိုအပ်ပြီးသောအတိုင်း ပုထုဇ္ဇန်ဗြဟ္မာတိ့ု စုတေသောအခါ အပါယ်ဘုံသို့လည်း ကပ်ရောက်ဖြစ်ပွား ရလေသေး၏ ဟုဆိုခြင်းမှာ သုတ္တန်ဒေသနာတော်နည်းအားဖြင့် ပုထုဇ္ဇန် သတ္တဝါတို့ အဖြစ်များရာ...
1,345,257
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဘိဓမ္မာ ဒေသနာနည်းအားဖြင့် ဗြဟ္မာ့ပြည်က စုတေ၍ ဘဝ တစ်ဆက်တည်း အပါယ်ဘုံသို့ သွားနိုင်သည် မဟုတ်ချေ၊ ဘဝခြားရ မည်သာဖြစ်၏၊ သို့ရာတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ သွားသည်ဆိုရာ၌ လမ်းခရီးအကြားတွင်ရှိသော မြို့များသို့ ခေတ္တဝင်ရောက်နားနေသော် လည်း ထိုမြို့များသို့ သွားသည်ဟု မဆိုရဘဲ လိုရင်းပဓာနဖြစ်သော ရန်ကုန်မြို့သို့သွားသည် ဟူ၍...
1,345,258
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုပုထုဇ္ဇန်တို့မှာ အတ္တဒိဋ္ဌိလျှင် အရင်းရှိကုန်သော အလုံးစုံသော ဒိဋ္ဌိတို့ကိုလည်း မပယ်ရသေးကုန်၊ အောက်ဘုံသို့ ဆွဲဆောင်တတ်သော ဩရမ္ဘာဂိယသံယောဇဉ်နှင့် အောက်ဘုံသို့ သွားရောက်စေတတ်သော ဟေဋ္ဌာဂါမိကံတို့သည် ထိုပုထုဇ္ဇန်တို့သန္တာန်မှာ ပြည့်လျှံစွာ ရှိနေကြ ကုန်၏၊ ထို့ကြောင့် ပုထုဇ္ဇန်မှန်သမျှတို့သည် နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံသို့တ...
1,345,259
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဗြဟ္မာ့ပြည်မှာ၊ အရိယာ၊ အောက်ရွာဆင်း မရှိ” အဘယ်ကြောင့် နည်းဆို သော် ထိုအရိယာပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိဟူသမျှတို့နှင့် အောက်ဘုံသို့ ကျ ရောက်စေတတ်သော ဟေဋ္ဌာဂါမိကံတို့ကို အကြွင်းမဲ့ ပယ်အပ်ပြီးဖြစ် သောကြောင့်တည်း။
1,345,260
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုဒ္ဓါဝါသဘုံတို့သည်ကား ပုထုဇ္ဇန်တို့နှင့်ဆက်ဆံသော ဘုံများ မဟုတ်ကုန်၊ အထက်ဆုံးဖြစ်သော အရိယာပုဂ္ဂိုလ် သုံးပါးတို့နှင့်သာ ဆက်ဆံသော ဘုံများဖြစ်လေသည်။
1,345,261
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ပြဆိုခဲ့ပြီးသော နည်းအတိုင်း အသက်တမ်း၏ အစွမ်းအားဖြင့် ဇီဝပညတ်ကို သိအပ်၏။
1,345,262
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့လျှင် ဝိညာဏ်ပြဓာန်း ကြီးစိုးလျက် ရှိသောကြောင့် နာမ်ရုပ် သည် သတ္တဝါနှင့်ဆိုင်သော ပညတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ရာလမ်းကြီး ဖြစ်လေသည်။
1,345,263
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဝိညာဏပစ္စယာ နာမရူပံ” ဟူသောပုဒ်ဖြင့် သတ္တ ပညတ်အမျိုးမျိုးဖြစ်ပေါ်ပုံ, အတ္တပညတ် အမျိုးမျိုးဖြစ်ပေါ်ပုံ, ဇီဝပညတ် အမျိုးမျိုးဖြစ်ပေါ်ပုံကို သိရာ၏၊ သတ္တလောက၏ မူလအခြေတည်ကြီး ပေတည်း။
1,345,264
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဝိညာဏ်ကြောင့် နာမ် ရုပ်ဖြစ်ပေါ်ပုံကို ပြသောစကားရပ်ပေတည်း။
1,345,265
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအဓိပ္ပါယ်စုကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက်ကြပ် ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿဝေဒနာ၊ စေတနာနှင့်၊ သညာဝိတက်၊ ရောင်စုံယှက်သည်၊ အမျက်ကြောင်ဝယ်၊ ကြိုးစုံချယ်သို့၊ အသွယ်သွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကျယ်စွာလှ၊ နာမ် ကာယနှင့်။
1,345,266
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘူတဟူပေ၊ မြေ ရေ လေ မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးနှင့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု၊ နာမရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ပေါ်တုံလာ၍၊ နာနာကာယ၊ အနန္တလျှင်၊ ရူပရုပ်ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုးကုန်းမျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပ...
1,345,267
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ နှစ်သွယ် နာမ်ရုပ် စွမ်းရည်တည်း။
1,345,268
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍စပ်ဆိုတော်မူလေသည်။
1,345,269
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝိညာဏပစ္စယာ နာမရူပံ ပြီး၏။
1,345,270
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
--- နာမရူပပစ္စယာ သဠာယတနံ
1,345,271
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပေါ်၏၊)
1,345,272
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နာမ်ရုပ်အကြောင်းကို အောက်၌ ဖော်ပြအပ်လေပြီ။
1,345,273
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စက္ခုစသော တရားခြောက်ပါးကို ဤနေရာ၌ အာယတန ဟူ၍ဆိုသည်။
1,345,274
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့သော အနက်သဘောကြောင့် အာယတန မည်ပါသနည်း။
1,345,275
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ “တတော တတော အာဂန္တွာ ယတန္တိ ဃဋေန္တိ အတ္တနော အတ္တနော ကိစ္စာနိ ဧတ္ထာတိ အာယတနံ”
1,345,276
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတ္ထ=ဤအရာ၌၊ တတော တတော=ထိုထိုအရပ်မှ၊ အာဂန္တွာ=လာ ရောက်၍၊ အတ္တနော အတ္တနော=မိမိ မိမိတို့၏၊ ကိစ္စာနိ=ပြုဘွယ်ကိစ္စတို့ကို၊ ယတန္တိ ဃဋေန္တိ=အားထုတ်ရွက်ဆောင်ကြကုန်၏၊ ဣတိတသ္မာ=ထို့ ကြောင့်၊ အာယတနံ=အာယတနမည်၏။
1,345,277
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုထိုအရပ်မှ လာရောက်၍ မိမိတို့နှင့်ဆိုင်သော ကိစ္စတို့ကို ကြိုးစား အားထုတ် ပြုလုပ်ဆောင်ရွက်ကြရာ ဖြစ်သောကြောင့် အာယတနမည်၏ ဟူ၍ဆိုသည်။
1,345,278
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာအားဖြင့် ပြဆိုအပ်သည်ရှိသော်
1,345,279
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သမုဒ္ဒရာကမ်းဆိပ်၌၎င်း, မြစ်ကမ်းဆိပ်၌၎င်း ကြီးစွာသောမြို့ သည်ရှိ၏၊ ထိုမြို့၌ များစွာသော ကုန်သင်္ဘော ဆိပ်ကြီးတို့သည် ရှိကုန်၏၊ ထိုသင်္ဘောဆိပ်ကြီးတွေမှာ အလွန်များပြားလှစွာသော ကုန်စည်ပစ္စည်း တို့သည်လည်း အပြည့်အနှက်ရှိကုန်၏၊ များစွာသော သင်္ဘောကြီးငယ် တို့သည် ထိုထိုနိုင်ငံမြို့ပြတို့မှ လာရောက်ကြကုန်၍ ထိုသင်္ဘောဆိပ်တို့၌ ဆိုက...
1,345,280
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့အတူလျှင် သတ္တဝါတို့၏ ကိုယ်သန္တာန်၌ သင်္ဘောဆိပ်ကြီး များပမာ ဌာနခြောက်ပါးတို့သည် ရှိကုန်၏၊ အပ၌ရှိကြကုန်သော ရူပါရုံ အစရှိသည့် အာရုံခြောက်ပါးတို့သည် ထိုထိုအရပ်မှ လာရောက်ကြ၍ ထိုထိုဌာနတို့၌ တင်ကြကုန်ပြီးလျှင် အာရုံကိစ္စကို ဆောင်ရွက်ကြိုးစား ကြကုန်၏၊ သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်မှာရှိသော ဆဒွါရိကစိတ် စေတသိက်တို့သည်လည်း မိမိတ...
1,345,281
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအာယတနခြောက်ပါးကား
1,345,282
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ စက္ခာယတန,
1,345,283
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သောတာယတန,
1,345,284
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဃာနာယတန,
1,345,285
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဇိဝှါယတန,
1,345,286
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ ကာယာယတန,
1,345,287
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ မနာယတန,
1,345,288
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤခြောက်ပါးတို့ပေတည်း။
1,345,289
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မျက်စိတည်းဟူသော ဆိပ်ကမ်းကြီး, နားတည်းဟူသော ဆိပ်ကမ်း ကြီး, နှာခေါင်းတည်းဟူသော ဆိပ်ကမ်းကြီး, လျှာတည်းဟူသော ဆိပ် ကမ်းကြီး, ကိုယ်တည်းဟူသော ဆိပ်ကမ်းကြီး, စိတ်တည်းဟူသော ဆိပ် ကမ်းကြီး ဟူ၍ ဆိုလိုသည်။
1,345,290
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုခြောက်ပါးတို့တွင်
1,345,291
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ စက္ခုပသာဒရုပ်သည် စက္ခာယတနမည်၏၊
1,345,292
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သောတပသာဒရုပ်သည် သောတာယတနမည်၏၊
1,345,293
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဃာနပသာဒရုပ်သည် ဃာနာယတနမည်၏၊
1,345,294
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဇိဝှါပသာဒရုပ်သည် ဇိဝှါယတနမည်၏၊
1,345,295
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ ကာယပသာဒရုပ်သည် ကာယာယတနမည်၏၊
1,345,296
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ အလုံးစုံသော ဘဝင်စိတ်သည် မနာယတနမည်၏၊
1,345,297
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအာယတနခြောက်ပါးကို အပ၌ရှိသော ဗဟိဒ္ဓအာရုံခြောက်ပါး တို့၏ ဝင်ရာ, အတွင်း၌ရှိသော စိတ်စေတသိက်တို့၏ ထွက်ရာဖြစ်၍ တံခါးနှင့်တူသောကြောင့် ဒွါရဟူ၍ ဆိုအပ်ကုန်၏။
1,345,298
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာကား ဘုန်းကံပါရမီ ကြီးမားကုန်သော သူတို့၏အိမ်၌ များစွာကုန်သော အကြည်မှန်တံခါးတို့ကို တပ်၍ထားကြကုန်၏၊ အိမ်၏ပြင်ပ၌ ရှိကြကုန် သော သက်ရှိသက်မဲ့ဖြစ်သည့် အာရုံနိမိတ်တို့သည် ထိုအကြည်မှန်တံခါးမှ အိမ်တွင်းသို့ ထင်သောအားဖြင့် ဝင်လာကုန်ပြီးလျှင် အိမ်၌နေကြ ကုန်သော သူတို့၏ အာရုံပြုစရာအဖြစ်သို့ ရောက်ကြလေကုန်၏၊ အိမ် တွင်း၌ နေကြကုန်သ...
1,345,299
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအတူ သတ္တဝါတို့၏ ကိုယ်သန္တာန်၌ ကံကြောင့် ဖြစ်ပေါ်လာ ကြကုန်သော အဇ္ဈတ္တိကာယတနဓာတ် မှန်တံခါး ခြောက်ခုတို့သည် အပ၌ရှိသော အာရုံတို့၏ ဝင်ရာလည်း ဖြစ်ကုန်၏၊ အတွင်း၌ဖြစ်သော ဆဒွါရိကစိတ်တို့၏ ထွက်ရာလည်းဖြစ်ကုန်၏၊ အပအာရုံနှင့် အတွင်းစိတ် တို့သည် အာရုံအာရမ္မဏိကအဖြစ်ဖြင့် ပေါင်းသင်းဆက်ဆံ၍ ထိုအကြည် တံခါးတို့ဖြင့် ထွက်ဝင်ခြင်းကို ပြု...
1,345,300
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ ဒွါရဆိုသည်မှာ အကြည်တံခါးဟူ၍ ဆိုလိုသည်။