id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,345,301 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အပေါက်ဟင်းလင်းတံခါး မဟုတ်ကြကုန်။ |
1,345,302 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအာယတန ခြောက်ပါးတို့တွင် မနာယတနဟုဆိုအပ်သော ဘဝင်စိတ်သည် ကြည်လင်ရုံမျှသာ မဟုတ်သေး။ |
1,345,303 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကောင်းစွာ သွေးအပ် သော စိန်ကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပလေသည်လည်းဖြစ်၏။ |
1,345,304 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အနက်ကား။ ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံစိတ္တံ=ဤစိတ်သည်၊ ပဘဿရံ=ပြိုးပြိုးပြက်ပြက် တလက်လက် ထွန်းလင်းတောက်ပလျက်ရှိ၏။ |
1,345,305 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာယတန ခြောက်ပါးတို့တွင် မနာယတန တစ်ပါးသာလျှင် နာမ် အာယတနဖြစ်၏၊ အကြွင်းငါးပါးတို့သည် ရုပ်အာယတနတို့ ဖြစ်ကုန်၏၊ နာမ်အာယတနသည်လည်း အကြည်လင်ဆုံး အထွန်းပဆုံး ဖြစ်လေ၏၊ ထိုအာယတနအရာ၌ သံသေဒဇပုဂ္ဂိုလ်, ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့မှာ ရှိသော ထိုအာယတနတို့သည် နုန့်ကုန်၏၊ အလွန်မကြည်လင်ကြကုန်၊ ဥပပတ်ပုဂ္ဂိုလ်တို့သန္တာန်မှာရှိသော အာယတနတို့သည်မ... |
1,345,306 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပပတ် ပုဂ္ဂိုလ်တို့တွင် စတုမဟာရာဇ်နတ်တို့၏ အာယတနထက် တာဝတိံသာနတ်တို့၏ အာယတနသည် ထက်မြက်ကြည်လင်ထွန်းပ၏၊ ဤသို့စသည်ဖြင့် အကနိဋ္ဌဗြဟ္မာ့ဘုံတိုင်အောင် အာယတနတို့၏ အဆင့် ဆင့် ထက်မြက်၍ တန်ခိုးရှိပုံ ထွန်းလင်းတောက်ပပုံကို သိရာ၏၊။ |
1,345,307 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပုထုဇဉ်သတ္တဝါတို့၏ အသိဉာဏ်မည်သည် ပဉ္စဒွါရ အစဉ်လျှောက်၍ သိရခြင်းသာ များလေ၏၊ မျက်စိမှ အစဉ်လျှောက်၍ အသိဉာဏ်ပေါ် ပေါက်သည်, နားမှစ၍ အသိဉာဏ်ပေါ်ပေါက်သည်စသောအားဖြင့် ဆိုလေ။ |
1,345,308 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အရူပဗြဟ္မာတို့မှာမူကား ပဉ္စဒွါရတို့ပင် မရှိကြလေကုန်၊ ထို့ကြောင့် ထိုအရူပပုထုဇ္ဇန် ဗြဟ္မာတို့မှာ လွန်စွာထက်မြက်၍ ထွန်းပ သော မနာယတန ရှိပါသော်လည်း ပဉ္စဒွါရမှ ကင်းသည့်အတွက် များစွာ အသိဉာဏ်ပေါ်ပေါက်ခြင်း မရှိကြလေကုန်။ |
1,345,309 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ပုထုဇ္ဇန်တို့မှာ ပဉ္စဒွါရမှ အစဉ်လျှောက်၍ သိရခြင်းသာလျှင် များသောကြောင့် အလွန်တန်ခိုးကြီးသော သဟဿမည်သည့် ဗြဟ္မာ ကြီးတို့ အသိဉာဏ်သည်လည်း မိမိတို့၏မျက်စိ, နားကျက်စား ကျင် လည်ရာတို့မှာသာလျှင် အသိဉာဏ် များစွာဖြစ်၏၊ စက္ခုသောတ၏ အရာ မဟုတ်ကုန်သော အတိုင်းမသိများပြားစွာကုန်သော တရားသဘာဝတို့၌ မူကား ထိုးထွင်း၍ အသိဉာဏ် မပေါ်ပေါ... |
1,345,310 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ရာတွင် မိမိတို့၏အထက်၌ ဖြစ်ကြကုန်သော အထက်အထက် ဘုံသားတို့၏ ပကတိအဆင်းတို့ကိုမူကား မမြင်နိုင်ကြကုန်၊ ပကတိ အသံ တို့ကိုလည်း မကြားနိုင်ကြကုန်၊ စိတ်အကြံအစည်တို့ကိုမူကား အဘယ်မှာ သိနိုင်ကြကုန်မည်နည်း၊ အထက်အထက်ဘုံသားတို့က ရုံ့ရင်းကြမ်း တမ်းသော အဆင်းကို ဖန်ဆင်း၍ ပြလျှင်သာ မြင်စွမ်းနိုင်ကြကုန်၏။ |
1,345,311 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အောက်အောက် ဘုံသားတို့၏ အဆင်း အသံ စိတ်အကြံတို့ကိုသာ သိမြင်နိုင်၍ အထက်အထက် ဘုံသားတို့၏ ပကတိဖြစ်သော အဆင်း အသံ စိတ်အကြံကို မသိမမြင်နိုင်ခြင်းကား နတ်ပြည် ဗြဟ္မာ့ပြည်တို့၏ ဓမ္မတာပေတည်း။ |
1,345,312 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ဆိုဖွယ်ရှိပြန်သည်မှာ-- |
1,345,313 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မနာယတနတို့တွင် အဟိတ်ဘဝင်သည် နုန့်၏၊ ထို့ထက် ဒွိဟိတ် ဘဝင်သည် ထက်မြက်၏၊ ထို့ထက် တိဟိတ်ဘဝင်သည် ထက်မြက်၏၊ တိဟိတ် ဘဝင်တို့တွင်လည်း သာဝကဗောဓိဟုဆိုအပ်သော ဗောဓိဉာဏ် ကိုရခြင်းငှါ ပါရမီအရင်းခံ မရှိကုန်သော အဘဗ္ဗပုဂ္ဂိုလ်တို့၏ တိဟိတ်ဘဝင် သည် နုန့်၏၊ ထို့ထက် ဗောဓိဉာဏ်ကိုရခြင်းငှါ ပါရမီအရင်းခံ ရှိကြ ကုန်သော ဘဗ္ဗပုဂ္ဂိုလ်တို့၏ တိဟိတ်... |
1,345,314 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ပြဆိုခြင်းကား ဇာတ်အမျိုးမျိုးဖြင့် ပြီးစီးထူးခြားသော အာယတနတို့၏အရာကို ဝေဖန်ခွဲခြမ်း၍ ပြဆိုခြင်းပေတည်း။ |
1,345,315 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗုဒ္ဓဝိသယ ဘုရားအရာ, ဣဒ္ဓိဝိသယ တန်ခိုးအရာ, လောကစိန္တာ ဝိသယ လောကီအကြံအစည် အရာတို့သည်မူကား အာယတန၏ အရာ တို့ မဟုတ်ကုန်၊ စိတ်ပညာ ဘာဝနာတို့၏ အရာဌာနတို့သာဖြစ် ကုန်၏၊ အာယတနတို့၏ ပကတိအရာကို လွန်မြောက်ကြကုန်၏၊ မေး။ |
1,345,316 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဘယ်သို့လျှင် နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သနည်း။ |
1,345,317 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဥပပတ်ပုဂ္ဂိုလ် သံသေဒဇပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေအခါ၌ ပင်လျှင် အလုံးစုံသော အင်္ဂါကြီးငယ်တို့သည် ပြည့်စုံကြကုန်၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါ၌ဖြစ်သော မဟာဘုတ် ရုပ်တို့ကိုအမှီပြု၍ စက္ခာယတန အစရှိသော ရုပ်အာယတန ငါးပါးတို့သည် ဖြစ်ကုန်၏၊ ဟဒယဝထ္ထုကိုအမှီပြု၍ မနာယတနသည်ဖြစ်၏၊ ဤသို့လည်း အာယတနခြောက်ပါးတို့သည် ဖြစ်ကု... |
1,345,318 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပဋိသန္ဓေအခါ၌ ဥပပတ်ပုဂ္ဂိုလ်တို့မှာ လုံးရပ်သဏ္ဌာန်မှစ၍ အလုံးစုံသော သတ္တဝါတို့၏ အင်္ဂါ အဆောက်အဦးတို့သည် အပြည့်အစုံ ဖြစ်ကုန်၏၊ တစ်ဖန်တိုးပွါးဘွယ်ကိစ္စမရှိ။ |
1,345,319 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သံသေဒဇ ပုဂ္ဂိုလ်တို့မှာမူကား ပဋိသန္ဓေအခါ၌ အင်္ဂါကြီးငယ် မျှတို့သာလျှင် ပြည့်စုံကြကုန်၏၊ လုံးရပ်သဏ္ဌာန်စသော သတ္တဝါတို့၏ အင်္ဂါအလုံးစုံတို့သည် မပြည့်စုံကြကုန်သေး၊ ထိ့ုကြောင့် တစ်ဖန်ကြီးပွါးခြင်း ကိစ္စကို အလိုရှိအပ်ကုန်၏၊ တစ်ဖန် တစ်ဆင့် ကြီးပွါးမှသာလျှင် လုံးရပ် သဏ္ဌာန်စသည်တို့ ပြည့်စုံကုန်၏။ |
1,345,320 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဂဗ္ဘသေယျကပုဂ္ဂိုလ်မှာမူကား ပဋိသန္ဓေအခါ နှလုံးအိမ်တည်ရာ ဌာနမျှသည်သာလျှင် ရှေးဦးအစဖြစ်ပေါ်လေ၏၊ ပဋိသန္ဓေစိတ်နှင့်တကွ ဝတ္ထုဒသက, ကာယဒသက, ဘာဝဒသက သုံးပါးတို့သာလျှင် ဖြစ်ပေါ် ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါမှာ ကာယာယတန မနာယတန နှစ်ပါးတို့သာလျှင် ဖြစ်ပေါ်ခွင့်ကို ရရှိကုန်၏၊ ကြွင်းသော အယာတန လေးပါးတို့သည်မူကား ခုနစ်ဆယ့်ခုနစ်ညဉ... |
1,345,321 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ခုနစ်ဆယ့်ခုနစ်ညဥ့်မြောက်ဆိုသောစကားမှာ ဧကာဒသမ သတ္တာ ဟ၏ နောက်ဆုံးဖြစ်သောရက်ကို ရည်၍ဆိုသော စကား ဖြစ်လေသည်။ |
1,345,322 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့၏ အာယတနဖြစ်ပေါ်ပုံကို ဆိုဦးအံ့-- |
1,345,323 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ပဋိသန္ဓေတည်နေစဖြစ်သော ပထမသတ္တာဟ၌ ဇာတိ ဥဏ္ဏာမည်သော အလွန်နူးညံ့သည့် သားမွေး သုံးမျှင်တို့ဖြင့် ပြုလုပ်အပ် သော ကြိုးငယ်အဖျား၌တည်သော အလွန်ကြည်လင်လှသော ဆီပေါက် ငယ်မျှ ပမာဏရှိသည့် ကလလရေကြည်သည် ဖြစ်ပေါ်၏။ |
1,345,324 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဒုတိယ သတ္တာဟ၌ ထိုကလလ ရေကြည်မှ သားဆေးရေ အဆင်းရှိသော အမြှုပ်ဆိုင်သည် ဖြစ်ပေါ်၏၊ ထိုအခါ ကလလရေကြည် ဟူသောအမည် ကွယ်ပျောက်လေ၏။ |
1,345,325 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ တတိယ သတ္တာဟ၌ ထိုအမြှုပ်မှ ပေသိမည်သော အသား တစ် ဖြစ်ပေါ်လာ၏၊ ထိုအသားတစ်သည် မီးဖြင့်ကြိုအပ်သည်ဖြစ်၍ ကြေမွမှုန့်ညက်၍နေသော ကြေးနီမှုန့်တို့နှင့်တူ၏၊ များစွာမမာသေး၊ ထိုအခါ အမြှုပ်ဟူသောအမည် ကွယ်ပျောက်လေ၏။ |
1,345,326 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ စတုတ္ထသတ္တာဟ၌ ဃနမည်သော အသားအဆိုင် အခဲ သည် ဖြစ်ပေါ်လာ၏၊ ထိုအသားအဆိုင်အခဲသည် ကြက်ဥသဏ္ဌာန်ရှိ၏၊ ရင့်မာ၏၊ ထိုအခါ အသားတစ်ဟူသောအမည်သည် ကွယ်ပျောက်လေ၏။ |
1,345,327 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ပဉ္စမသတ္တာဟ၌ ထိုအသားအဆိုင်အခဲမှာ လက်နှစ်ဖက် ခြေနှစ်ဖက် ဦးခေါင်းဖြစ်ပေါ်ခြင်းအကျိုးငှါ အဖုအညှောက် ငါးခုဟုဆိုအပ် သော ခက်မငါးဖြာတို့သည် ဖြစ်ပေါ်လာကုန်၏။ |
1,345,328 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ ၉။ |
1,345,329 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၀။ ပဉ္စမသတ္တာဟ၏နောက်၌ ငါးသတ္တာဟ တို့ပတ်လုံးဖြစ်ပြီးသော ရုပ်ကာယတို့သည် ရင့်၍ ပွါးစီး၍ နေကြကုန်၏။ |
1,345,330 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဆဋ္ဌ သတ္တာဟမှ ဒသမသတ္တာဟတိုင်အောင် ငါးသတ္တာဟတို့ကို ဆိုလိုသည်။ |
1,345,331 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ဆယ့် တစ်သတ္တာဟမြောက်ဟုဆိုအပ်သော ဧကာ ဒသမသတ္တာဟ၌ အဖုငါးခုတို့တွင် ဦးခေါင်းသဏ္ဌာန်သည် အတန်ငယ် ပြည့်စုံကြီးရင့်၍လာ၏၊ မျက်စိတွင်းမျက်လုံးတို့သည်၎င်း, နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက်တို့၌ လျှာသဏ္ဌာန်တို့သည်၎င်း ပြည့်စုံ၍ လာကြကုန်၏၊ အကြင်အခါ၌ ဆိုအပ်ကုန်ပြီးသော မျက်စိသဏ္ဌာန်စသည် တို့သည် ရင့်မာခြင်းသို့ရောက်ကြလေကုန်၏၊ ထ... |
1,345,332 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နားပေါက် အတွင်း၌ အသံသဒ္ဒါရုံထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို သောတပသာဒ ဆိုသည်၊ ထိုအကြည်ကိုပင်လျှင် သောတာယတန ဟူ၍ဆို၏၊ နားအကြည်ပေတည်း။ |
1,345,333 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ နှာခေါင်းတွင်း၌ အနံ့ဂန္ဓာရုံကို ထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို ဃာနပသာဒ ဆိုသည်၊ ထိုအကြည်ကိုပင်လျှင် ဃာနာယတနဆို၏၊ နှာခေါင်းအကြည် ပေတည်း။ |
1,345,334 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ လျှာအပြင်၌ ရသာရုံကို ထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို ဇိဝှါပသာဒဆိုသည်၊ ထိုအကြည်ကိုပင်လျှင် ဇိဝှါယတန ဆို၏၊ လျှာအကြည်ပေတည်း။ |
1,345,335 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဤအာယတနလေးခုတို့သည် ဧကာ ဒသမ သတ္တာဟ၏ အဆုံးရက်၌ ဖြစ်ပေါ်ကြကုန်သည်။ |
1,345,336 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကာယာယတနသည်မူကား ပဋိသန္ဓေနှင့် အတူအကွ ဖြစ်ပေါ် ကြောင်းကို အောက်၌ပြဆိုခဲ့ပြီ။ |
1,345,337 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဆံပင် မွေးညင်း ခြေသည်း လက်သည်း စသည်တို့ကား လေး ဆယ့်နှစ်သတ္တာဟမြောက်၌ ဖြစ်ကုန်၏ဟူ၍ဆိုသည်။ |
1,345,338 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့လျှင် နာမ်ရုပ်ဟူသောအကြောင်းကြောင့် သဠာယတန တို့သည်ဖြစ်ကုန်၏၊ သဠာယတန ဆိုသောအရာမှာ အဇ္ဈတ္တိကာယတန ခြောက်ပါးကို ယူရသည်။ |
1,345,339 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပုံကိုရည်၍ ပဋိစ္စသမုပ္ပါဒ် လင်္ကာ၌-- |
1,345,340 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည်တုံနာမ်ရုပ်၊ ကိုယ်သမုတ်သား၊ အထုပ် အထည်၊ ကြီးငယ်ကာယ၊ ပေါ်ပြန်ကလည်း၊ ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက်မျိုး၊ ကိုယ်လုံးဖြိုးလျက်၊ အရိုးစီစဉ်၊ အမြင်စက္ခု၊ ကြားမှု သောတ၊ ဃာနအနံ၊ လျက်ရန်ဇိဝှါ၊ ကာယာတွေ့ထိ၊ အသိမနော၊ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ ကြည်သို့၊ ခြောက်မည်အာရုံ၊ အ... |
1,345,341 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နာမရူပပစ္စယာ သဠာယတန ပြီး၏။ |
1,345,342 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (အာယတနခြောက်ပါးကြောင့် ဖဿဖြစ်ပေါ်၏၊) “ဖုသတီတိ ဖေဿာ” |
1,345,343 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖုသတိ=တွေ့ထိကြိတ်နယ်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဖေဿာ=ဖဿမည်၏။ |
1,345,344 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိညာဏ်စိတ်သည် အကြင်အာရုံစုကိုသိ၏၊ ထိုအာရုံစုကိုသိခြင်း မျှနှင့် ရပ်တန့်၍မနေဘဲ အာရုံ၏အရသာကို ပေါ်ထွက်စိမ့်သောငှါ ကြိတ် ဘနယ်သောအားဖြင့် တွေ့ထိတတ်သော သဘောကို ဖဿဟူ၍ ဆို သည်။ |
1,345,345 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကြံကြိတ်စက်ဖြင့် ကြံရည်ကိုထွက်အောင် ကြိတ်နယ်ဘိသကဲ့သို့ အာရုံ၏အရသာ ပေါ်ထွက်အောင် ကြိတ်နယ်သော အားဖြင့် တွေ့ထိမှု သဘောပေတည်း။ |
1,345,346 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောက၌ တစ်စုံတစ်ရာသော အရာဝတ္ထုနှစ်ခုတို့၏ ပေါင်း၍ ထားမှုကို ထိသည် တွေ့သည်ဟူ၍ဆိုကြ၏၊ အဘိဓမ္မာသဘောအရာ၌မူ ကား ထိုကဲ့သို့ ထိရုံမျှကို ဖဿ ဖုသန မခေါ်သေးဘဲ အာရုံ၏အရသာ ပေါ်ထွက်အောင် ကြိတ်နှိပ်မှုကိုသာ ဖဿဟူ၍ဆိုသည်။ |
1,345,347 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ ကြိတ်နှိပ်အပ်သည်ရှိသော် ကြိတ်နှိပ်အပ်သောဝတ္ထုတို့၏ ပေါင်းဆုံခြင်း စုဝေးခြင်းသည်ဖြစ်၏၊ ထိုသို့ပေါင်းဆုံ စုဝေးခြင်းဖြစ်သည်ရှိသော် ကိစ္စ အမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကုန်၏၊ ဤအရာ၌ ကိစ္စအမျိုးမျိုးဆို သည်မှာ အာရုံခြောက်ပါးတို့၌ ဝေဒနာ သညာစသော စေတသိက်တို့၏ ကိစ္စအမျိုးမျိုးတို့ပေတည်း၊ ဖဿဓာတ်က ဝတ္ထု အာရုံ စိတ် သုံးပါးတ... |
1,345,348 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ခုသော ရွာမှု မြို့မှု ကိစ္စကြောင့် အကြီးအကဲဖြစ်သော လူတို့ သည် တစ်ခုသောနေရာဌာနမှာ လာရောက်ကြကုန်၍ တစ်စုံတစ်ခုကိုမျှ မပြောမဆိုကြကုန်ဘဲ ဆိတ်ဆိတ် နေကြကုန်သည်ရှိသော် အစည်းအဝေး မမည်ကုန်၊ အဘယ်ကြောင့်နည်းဆိုသော် ထိုမြို့ရွာ ကိစ္စတို့၌ အချင်းချင်း အညီအညွတ်ပေါင်းသင်း၍ မပြုလုပ် မရွက်ဆောင်ကြကုန်သောကြောင့် တည်း။ |
1,345,349 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်အခါ၌ ထိုသို့စည်းဝေးကြကုန်၍ တိုင်ပင်ညှိနှိုင်း သင့် သမျှကို တိုင်ပင်ညှိနှိုင်းကြကုန်၏၊ ပြုလုပ်ဆောင်ရွက်ဖွယ်တို့ကို ပြုလုပ် ဆောင်ရွက်ကြရန် ဆုံးဖြတ် ပြဓာန်းကြကုန်၏၊ ထိုအခါ၌သာလျှင် အစည်း အဝေး ထမြောက်သည်မည်လေ၏၊ ထိုအစည်းအဝေး ထမြောက်သည် ရှိသော်သာလျှင် မြို့သားရွာသားတို့မှာ မိမိတို့ဆိုင်ရာကိစ္စတို့၌ အသီးအသီး ပြုဖွယ်ကိစ္စတ... |
1,345,350 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဥပမာ၌ အစည်းအဝေး ထမြောက် အောင်မြင်မှုသည် ဖဿ သဘောနှင့်တူ၏၊ လူအများတို့သည် မိမိတို့ကိစ္စ၌ ကိုယ်စီကိုယ်င ထကြွ လုပ်ဆောင်ခြင်းသည် ဖဿတွေ့ထိပေးမှုကြောင့် ဝေဒနာ သညာ စသော စေတသိက်တို့သည် မိမိတို့ ကိစ္စများကို အသီးအသီး ဆောင် ရွက်ကြသည်နှင့်တူ၏၊ ဤဥပမာအတိုင်း ဖဿသဘောကို သိရာ၏။ |
1,345,351 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပါဠိတော်များ၌ |
1,345,352 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖေဿာဟေတု၊ ဖေဿာ ပစ္စယော၊ ဝေဒနာက္ခန္ဓဿ ပညာ ပနာယ၊ သညာက္ခန္ဓဿ ပညာပနာယ၊ သင်္ခါရက္ခန္ဓဿ ပညာပနာယ။ |
1,345,353 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အနက်ကား။ ဝေဒနာက္ခန္ဓဿ=ဝေဒနာက္ခန္ဓာ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ သညာက္ခန္ဓဿ=သညာက္ခန္ဓာ ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ သင်္ခါရက္ခန္ဓဿ=သင်္ခါရက္ခန္ဓာ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ ဖေဿာ=ဖဿသည်၊ ဟေတု=အထောက် အပံ့ဖြစ်သော ဥပတ္ထမ္ဘကအကြောင်းမည်၏၊ ဖေဿာ=ဖဿသည်၊ ပစ္စယော=တိုက်ရိုက်ဖြစ်ပေါ် စေတတ်သော ဇနကအကြောင်း မည်၏။ |
1,345,354 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤပါဠိတော်ဖြင့် ဖဿသည် စေတသိက် ခန္ဓာတရားသုံးပါးတို့၏ အကြောင်းပစ္စည်းဖြစ်သည်ဟူ၍ ဟောတော်မူသည်။ |
1,345,355 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာဟာရလေးပါး တို့တွင် ဖဿသည်ကား အာဟာရတစ်ပါးဖြစ်၏၊ ဖဿ အာဟာရသည် စေတသိက်ခန္ဓာသုံးပါးတို့ကို ဖြစ်ပေါ်အောင် ရွက်ဆောင်လေ၏။ |
1,345,356 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဖဿသည် ၁။ |
1,345,357 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စက္ခု သမ္ဖဿ, |
1,345,358 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ သောတ သမ္ဖဿ, |
1,345,359 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဃာန သမ္ဖဿ, |
1,345,360 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ ဇိဝှါ သမ္ဖဿ, |
1,345,361 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ကာယ သမ္ဖဿ, |
1,345,362 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ မနော သမ္ဖဿ, |
1,345,363 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ ခြောက်ပါးရှိ၏။ |
1,345,364 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စက္ခုဒွါရ၌ဖြစ်သော ဖဿသည် စက္ခုသမ္ဖဿမည်၏၊ ဤနည်း အတိုင်း သောတသမ္ဖဿ စသည်တို့ကိုလည်း သိလေ။ |
1,345,365 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် အာယတနခြောက်ပါးကြောင့် ဖဿဖြစ် ပေါ်ပါသနည်း။ |
1,345,366 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ စက္ခုသမ္ဖဿ ဖြစ်ပုံ၌ စက္ခာယတနဟုဆိုအပ်သော မျက်စိ, ထိုမျက်စိ၌ထင်သော ရူပါရုံ, ထိုရူပါရုံကိုအာရုံပြု၍ မျက်စိ၌ဖြစ်ပေါ်လာ သော စက္ခုဝိညာဏ်စိတ် ဤတရားသုံးပါးတို့သည် မိမိတို့၏ ကိစ္စအသီး သီးတို့ကို ရွက်ဆောင်လျက် ဖြစ်ပေါ်ကြကုန်၏၊ ထိုအခါ ထိုတရားတို့ ပေါင်းစု စည်းဝေးမိခြင်းဟုဆိုအပ်သော တွေ့ထိကြိတ်နယ်မှု သဘော သည် ဖြစ်ပေါ်လာ၏၊ ထိုအ... |
1,345,367 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မျက်စိ၌အဝန်းအစရှိသော အဆင်းနိမိတ် ထင်သည်ရှိသော် မျက်စိ ကိုမှီ၍ အဆင်းကိုအာရုံပြုလျက် မြင်တတ်သော စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာသည်ရှိသော် အာရုံ၌မြဲမြံထက်မြက်စွာ စူးစိုက် ကျရောက်ခြင်း ဟုဆိုအပ်သော အဟုန်သည်လည်း ထိုစိတ်နှင့်တကွဖြစ်ပေါ်လာ၏၊ ထိုအဟုန်သည် မျက်စိဝန်း၌ တစ်ပြိုင်နက် ဖြစ်ပေါ်ကြကုန်သော တရား သုံးပါးတို့ကို အချင်းချင်း ရောန... |
1,345,368 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဖဿ အဟုန်အရှိန်ကိုစွဲ၍ အာရုံအရသာတို့သည် ထွက်ပေါ်ကြ ကုန်၏၊ ထိုဖဿ အဟုန်အရှိန်ကြောင့် ဝေဒနာစသော ဓာတ်တို့သည် လည်း မိမိတို့၏ကိစ္စကို အသီးအသီး ဆောင်ရွက်လျက် ဖြစ်ပေါ်ကြ ကုန်၏၊ အာရုံ၏ ထိခိုက်ပုံ အနုန့် အထက်သို့လိုက်၍ ဖဿအရှိန်လည်း အနုန့် အထက်ရှိလေ၏၊ ဖဿအနုန့် အထက်ကို စွဲ၍ ဝေဒနာစသည် တို့မှာလည်း အနုန့် အထက်ရှိပြန်လေ၏၊ မျက်စိစသည်... |
1,345,369 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သတ္တဝါ အပေါင်းတို့ သုခဝေဒနာကို ခံစားကြရာ၌ ထက်မြက်သော ဖဿအဟုန်အရှိန်ကိုလိုလား ရှာမှီးကြကုန်၏၊ ဒုက္ခဝေဒနာကို ခံစားရာ ၌ကား နုန့်သော ဖဿအရှိန်ကို လိုလားကြကုန်၏၊ သုခဝေဒနာ ဖြစ်ပေါ် အောင်ပြုလုပ်ရာ၌ သတ္တဝါတို့သည် ဖဿအဟုန်အရှိန် ထက်မြက် အောင် ကြိုးစားကြကုန်၏၊ ဒုက္ခဝေဒနာအရာ၌မူကား ဖဿအရှိန်ကို သက်သာနိုင်စေသမျှ သက်သာ နုန့်နှေးအောင် ပြ... |
1,345,370 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာ ချစ်ခင်အပ်သော သား သမီး စသည်တို့ကို လက်ဖြင့် ပိုက်ဖက်ရာ၌ အရှိန်အဟုန်နှင့်တကွ အားရှိသမျှ ပိုက်ဖက်ကြကုန်၏၊ အဆူးပါသော သစ်တုံးကိုဖြစ်စေ, ပူသောရေ နွေးအိုးကိုဖြစ်စေ အတင်းအဓမ္မ ပိုက်ဖက် ရမည်ဆိုလျှင် ထိုသို့အရှိန်အဟုန်နှင့်တကွ အားရှိသမျှ ပိုက်ဖက်ကြမည် မဟုတ်ကုန်၊ ဤသို့စသည်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာအရာတို့၌ သတ္တဝါတို့ လိုလားန... |
1,345,371 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့လျှင် သဠာယတနကြောင့် ဖဿတို့သည် ဖြစ်ပေါ်ကြကုန်၏။ |
1,345,372 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအချက်စုကို ရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ဓာတ်မှန်အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံးထင်၍၊ ဝိညာဉ် ခြောက်ဆင့်၊ ဖွါးဖွါးပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြာ့းစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွပ်ရွပ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်း ထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို... |
1,345,373 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ စပ်ဆိုတော်မူလေသည်။ |
1,345,374 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဠာယတန ပစ္စယာ ဖဿော ပြီး၏။ |
1,345,375 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဖဿကြောင့် ဝေဒနာဖြစ်ပေါ်သည်။ |
1,345,376 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ” ဝေဒယတီတိ ဝေဒနာ “ |
1,345,377 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝေဒယတိ=ခံစားတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝေဒနာ= ဝေဒနာမည်၏။ |
1,345,378 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖဿဓာတ်၏ ကြိတ်နယ် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အာရုံ၏အရသာကို ခံစားတတ်သောတရားသည် ဝေဒနာမည်၏ဟု ဆိုလိုသည်။ |
1,345,379 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာရုံ၏အရသာမည်သည်ကား ပိယ သာတဟုဆိုအပ်သော ချစ်ခင်နှစ်သက်ဖွယ် သာယာမြတ်နိုးဖွယ်များကို ဆိုသည်၊ ဤပိယ သာတများသည် သုခဝေဒနာ၏ အစာဖြစ်၍ ထိုသုခဝေဒနာက ခံစားလေသည်၊ အပ္ပိယ အဿာတဟုဆိုအပ်သော မုန်းဖွယ် မသာယာ မမြတ်နိုးဖွယ်များသည်လည်း ဒုက္ခဝေဒနာ၏အစာဖြစ်သော အာရုံ အရသာမည်၏၊ ထိုအပ္ပိယ အဿာတ အာရုံအရသာများကို ဒုက္ခဝေဒနာက ခံစားလသည်။ |
1,345,380 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝေဒနာသည် |
1,345,381 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ, |
1,345,382 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ သောတသမ္ဖဿဇာ ဝေဒနာ, |
1,345,383 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဃာနသမ္ဖဿဇာ ဝေဒနာ, |
1,345,384 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ, |
1,345,385 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ကာယသမ္ဖဿဇာ ဝေဒနာ, |
1,345,386 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ မနောသမ္ဖဿဇာ ဝေဒနာ |
1,345,387 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် ခြောက်ပါး အပြားရှိ၏။ |
1,345,388 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မျက်စိ၌ ဖြစ်ပေါ်သော ဖဿ အရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို စက္ခုသမ္ဖဿဇာ ဝေဒနာဆိုသည်၊ အကျဉ်းအားဖြင့် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာ ဝေဒနာမည်၏။ |
1,345,389 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သောတာသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း ဤအတိုင်း သိရာ၏။ |
1,345,390 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သုခ ဝေဒနာ, |
1,345,391 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဒုက္ခ ဝေဒနာ, |
1,345,392 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အဒုက္ခမသုခ ဝေဒနာ, |
1,345,393 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ချမ်းသာသဖြင့် ခံစားသော ဝေဒနာသည် သုခဝေဒနာမည်၏။ |
1,345,394 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဆင်းရဲသဖြင့် ခံစားသော ဝေဒနာသည် ဒုက္ခဝေဒနာမည်၏။ |
1,345,395 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ချမ်းသာ ဆင်းရဲနှစ်ပါးမှ အလွတ်ဖြစ်၍ ခံစားသော ဝေဒနာသည် အဒုက္ခမသုခဝေဒနာမည်၏။ |
1,345,396 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သောမနဿ ဝေဒနာ, |
1,345,397 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ ဒေါမနဿ ဝေဒနာ, |
1,345,398 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ဥပေက္ခာ ဝေဒနာ, |
1,345,399 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် ငါးပါးအပြား ရှိပြန်၏။ |
1,345,400 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အပါယိက ဝေဒနာ, |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.