id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,345,401
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ မာနုဿိက ဝေဒနာ,
1,345,402
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဒိဗ္ဗ ဝေဒနာ,
1,345,403
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ သုံးပါးအပြား ရှိပြန်၏။
1,345,404
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ အပါယ်ဘုံ၌ ဖြစ်သော ဝေဒနာသည် အပါယိက ဝေဒနာမည်၏။
1,345,405
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ လူ့ပြည်လောက၌ ဖြစ်သော ဝေဒနာသည် မာနုဿိက ဝေဒနာမည်၏။
1,345,406
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ နတ်ဗြဟ္မာတို့၏ဘုံ၌ ဖြစ်သော ဝေဒနာသည် ဒိဗ္ဗ ဝေဒနာမည်၏။
1,345,407
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အပါယိကဝေဒနာသည် ငရဲ၏ ဒုက္ခဝေဒနာ, တိရစ္ဆာန်တို့၏ ဒုက္ခ ဝေဒနာ, ပြိတ္တာတို့၏ ဒုက္ခဝေဒနာ, အသုရကာယ်တို့၏ ဒုက္ခဝေဒနာဟူ၍ လေးမျိုးရှိ၏၊။
1,345,408
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သိဉ္ဇိုဝ်း ငရဲမှစ၍ အဝီစိတိုင်အောင် ငရဲဘုံတို့၌ဖြစ်သော ဆင်းရဲမှုကို ငရဲ၏ဒုက္ခဝေဒနာ ဆိုသည်။
1,345,409
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုငရဲ၏ဆင်းရဲသည် ဒုက္ခဝေဒနာ ဟူသမျှတို့တွင် အကြီးအကျယ်ဆုံးဖြစ်လေ၏။
1,345,410
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုငရဲ၏ဒုက္ခကို မြတ်စွာဘုရားက ဥပမာဖြင့် ဤသို့ပြဆိုတော်မူ၏
1,345,411
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယောကျ်ားတစ်ယောက်ကို နေ့တိုင်းနေ့တိုင်း တစ်နေ့လျှင် လှံချက်ပေါင်း သုံးရာတို့ဖြင့် အနှစ်တစ်ရာတိုင်တိုင် ထိုးရာ၏၊ ထိုကဲ့သို့ အနှစ်တစ်ရာတိုင်တိုင် နေ့စဉ် လှံချက်ပေါင်း သုံးရာတို့ဖြင့် အထိုးခံရသော ဒုက္ခဝေဒနာသည် လူ့ပြည်လောကမှာ လွန်စွာကြီးကျယ်သော ဆင်းရဲဒုက္ခဟူ၍ ဆိုကြကုန်ရာ၏၊ သို့ရာတွင် ယူဇနာငါးရာရှိသော ဟိမဝန္တာတောင်ကြီးနှင့် ...
1,345,412
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ငရဲ၏ ဒုက္ခဝေဒနာပေတည်း။
1,345,413
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တိရစ္ဆာန်တို့၏ ဒုက္ခဝေဒနာသည် ထင်ရှား၏။
1,345,414
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြိတ္တာတို့၏ ဒုက္ခဝေဒနာသည် လွန်စွာကြီးကျယ်၏၊ တစ်ခဏမျှ ချမ်းသာခွင့်ကိုမရဘဲ အန္တရကပ် တစ်ကပ် နှစ်ကပ် သုံးကပ်သို့တိုင်တိုင် တစ်ဟုန်တည်း တောက်လောင်သောကိုယ်တို့ဖြင့် ကျင်လည် ကျက်စားသွားလာကြကုန်လျက် သည်းထန် ထက်မြက်သောဒုက္ခဝေဒနာများကို ခံစားရှာကြရကုန်၏၊ ပေတဝတ္ထုပါဠိတော် လက္ခဏသံယုတ် စသည်များမှာ ပြိတ္တာတို့၏ ဆင်းရဲကို များစွာပြဆ...
1,345,415
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အသုရကာယ်တို့၏ ဆင်းရဲသည် ပြိတ္တာဆင်းရဲ၌ အကျုံးဝင်လေကုန်၏။
1,345,416
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား အပါယိက ဝေဒနာများပေတည်း။
1,345,417
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မာနုဿိကဝေဒနာဟုဆိုအပ်သော လူ့ဘုံ၌ဖြစ်သည့် ဝေဒနာသည် ချမ်းသာ ဆင်းရဲ တွဲဖက်ရောနှောလျက် ရှိလေ၏၊ “ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်“ဆိုသောစကားမှာ လူ့ဘုံ၌ဖြစ်သော ဝေဒနာကို ရည်၍ဆိုသော စကားဖြစ်လေသည်။
1,345,418
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယခုအခါ ဆုတ်ကပ်၏ အစွန်အဖျားနား၌ ဖြစ်ကြကုန်သော ပြည့်ရှင်မင်းမှစ၍ အလုံးစုံသော လူတို့၏ ချမ်းသာသည် လက်သီးဆုပ်မျှလောက်ရှိသော ကျောက်ခဲနှင့် တူ၏၊ ကပ်ဦး၌၎င်း, ကပ်အလယ်၌၎င်း ဖြစ်ကြကုန်သော စကြဝတေးမင်းမှစ၍ အလုံးစုံသောလူတို့၏ချမ်းသာသည် ဟိမဝန္တာတောင်ကြီးနှင့်တူ၏၊ ဤကဲ့သို့ လူ့ပြည်လောက၌ ခေတ်ကာလသို့လိုက်၍ ချမ်းသာအမျိုးမျိုး အစားစား ရှိက...
1,345,419
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုနတ်တို့၏ ချမ်းသာကို ဗြဟ္မာတို့၏ချမ်းသာနှင့် နှိုင်းစာလိုက်ပြန်သည်ရှိသော် နတ်တို့၏ချမ်းသာသည် လက်သီးဆုပ်မျှလောက်ရှိသော ကျောက်ခဲကဲ့သို့ သေးငယ်၏၊ ပထမစျာန် ဗြဟ္မာတို့၏ ချမ်းသာသည် ဟိမဝန္တာတောင်ကြီးကဲ့သို့ ကြီးကျယ်၏။
1,345,420
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့စသည်ဖြင့် အဆင့်ဆင့် နှိုင်းယှဉ်၍ ဘဝဂ်ဘုံသို့တိုင်အောင် သိရာ၏။
1,345,421
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ခဲ့ပြီးသော ချမ်းသာသုခများသည် ခံစားအပ်သော ဝေဒယိတသုခများ ဖြစ်လေသောကြောင့် ယုတ်ညံ့၏၊ သင်္ခတချမ်းသာဖြစ်၍ ထာဝရမဟုတ်ဘဲ ပျက်စီးတတ်၏၊ ကာလဖြင့်ပိုင်းခြားအပ်သော ချမ်းသာများဖြစ်၏၊ တစ်ခဏမျှ ချမ်းသာသည်ဟူ၍ ဆိုရ၏၊ အလွန်တိုသော ချမ်းသာများဖြစ်၏၊ ထိုလောကီချမ်းသာများ၏ နောက်ကလည်း ဆင်းရဲက ထက်ကြပ်ပါလျက်ရှိ၏၊ အခွင့်ရသောအခါ သတ်မည်ကြံ၍...
1,345,422
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုခဝေဒနာကို လိုလားရှာမှီးရသည့်အတွက်နှင့် အမျိုးမျိုးသော ဆင်းရဲတို့နှင့် တွေ့ကြုံရကုန်၏၊ သုခကိုရှာပါသော် ဒုက္ခတွင်းသို့သာ ဆင်းမိလျက် ငြားကြကုန်၏။
1,345,423
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဝေဒနာနှင့်စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း။
1,345,424
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် ဖဿကြောင့် ဝေဒနာဖြစ်ပေါ်သနည်း။
1,345,425
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ သုခဝေဒနာဖြစ်ပေါ်အောင် ကြိတ်နယ်ထိတွေ့သော ဖဿကိုအစွဲပြု၍ သုခဝေဒနာဖြစ်ပေါ်၏၊ ဒုက္ခဝေဒနာဖြစ်ပေါ်အောင် ကြိတ်နယ်တွေ့ထိသော ဖဿကိုအစွဲပြု၍ ဒုက္ခဝေဒနာဖြစ်ပေါ်၏၊ ဥပေက္ခာဝေဒနာကို ဖြစ်ပေါ်အောင် ကြိတ်နယ်တွေ့ထိသော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာဖြစ်ပေါ်၏၊ စက္ခုစသော ဒွါရခြောက်ပါးတို့ကို ဖြန့်၍ ဖဿကြောင့် ဝေဒနာဖြစ်ပုံကို သိရာ၏။
1,345,426
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဖဿကြောင့် ဝေဒနာဖြစ်ပေါ်ပုံတည်း။
1,345,427
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သောအား၊ စက်ရှိန် ဝါး၍၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုထွက်စီးသော်၊ ဓာတ်သီး ခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦး ရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘသုဘာ၊ သာမ...
1,345,428
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ သုခဝေဒနာ စွမ်းရည်တည်း။
1,345,429
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖဿပစ္စယာ ဝေဒနာပြီး၏၊
1,345,430
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
--- ဝေဒနာပစ္စယာ တဏှာ
1,345,431
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(ဝေဒနာကြောင့် တဏှာဖြစ်ပေါ်၏၊)
1,345,432
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“တဏှိယတီတိ တဏှာ”
1,345,433
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တဏှိယတိ=ငတ်မွတ်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ တဏှာ= တဏှာမည်၏။
1,345,434
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မည်သည့်အခါကာလမှာမှ အလိုပြည့်ဝသည်ဟု မရှိဘဲ အမြဲငတ်မွတ်လျက်ရှိနေသည်ကို တဏှာဟူ၍ဆိုသည်။
1,345,435
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနေရာ၌ မန္ဓတ်စကြာမင်းကြီး၏ တဏှာအတွက်နှင့် ငတ်မွတ်ပုံကို ထုတ်၍ပြရာ၏။
1,345,436
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“တဿတိ ပရိတဿတီတိ တဏှာ”
1,345,437
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တဿတိ ပရိတဿတိ=တောင့်တ လိုချင်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ တဏှာ=တဏှာမည်၏။
1,345,438
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မရှိသေးသောအရာကို တောင့်တမြှော်လင့်၍ တမ်းတမ်းစွဲ ဖြစ်နေမှုသည် တဏှာမည်၏ ဟူ၍ ဆိုလိုသည်။
1,345,439
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုတဏှာ၏ တောင့်တချက်သည် ကာလသုံးပါးကို အစွဲပြု၍ သုံးမျိုးရှိသည်။
1,345,440
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတိတ်ကိုအစွဲပြု၍ ရှေးအခါ ဤဝတ္ထုမျိုးကို ငါရဘူး၏၊ ထိုဝတ္ထုမျိုးသည် ယခုအခါ ငါ့မှာ မရှိခဲ့ပါတကား ဩော် ဆင်းရဲလေစွဟူ၍ တောင့်တ၏။
1,345,441
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနာဂတ်ကို အစွဲပြု၍ ဤကဲ့သို့သော ဝတ္ထုမျိုးသည် နောင်အခါ ငါ၌ရရှိပါမူကား ကောင်းလေစွဟူ၍ တောင့်တ၏။
1,345,442
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပစ္စုပ္ပန်ကိုအစွဲပြု၍ ယခုအခါ ဤဝတ္ထုမျိုးကို သူတစ်ပါးရရှိကြလေသည်၊ ငါ့မှာမူကား မရပါ၊ ရလျှင် ကောင်းလေစွဟူ၍ တောင့်တလေ၏။
1,345,443
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား တဏှာ၏ တောင့်တချက် သုံးပါးပေတည်း။
1,345,444
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုတဏှာသည်
1,345,445
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ရူပတဏှာ,
1,345,446
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သဒ္ဒတဏှာ,
1,345,447
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဂန္ဓတဏှာ,
1,345,448
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ရသတဏှာ,
1,345,449
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ ဖောဋ္ဌဗ္ဗတဏှာ,
1,345,450
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ ဓမ္မတဏှာ,
1,345,451
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာတို့၌ သာယာတပ်မက်ခြင်းကို ရူပတဏှာဆိုသည်။
1,345,452
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အသံတို့၌ သာယာတပ်မက်ခြင်းကို သဒ္ဒတဏှာဆိုသည်။
1,345,453
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနံ့တို့၌ သာယာတပ်မက်ခြင်းကို ဂန္ဓတဏှာဆိုသည်။
1,345,454
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အရသာတို့၌ သာယာတပ်မက်ခြင်းကို ရသတဏှာဆိုသည်။
1,345,455
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတွေ့အထိဟူသမျှတို့၌ သာယာတပ်မက်ခြင်းကို ဖောဋ္ဌဗ္ဗတဏှာဆိုသည်။
1,345,456
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(ဤတဏှာ ငါးပါးကား ကာမဂုဏ်ငါးပါး၌ တွယ်တာတပ်မက်သော တဏှာများပေတည်း။
1,345,457
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) ရူပါရုံစသော ကာမဂုဏ်အာရုံငါးပါးတို့မှတစ်ပါး ဓမ္မာရုံခေါ်သော တရားစု၌ သာယာတပ်မက်ခြင်းကို ဓမ္မတဏှာဆိုသည်။
1,345,458
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဓမ္မတဏှာ၏ အာရုံတို့ကား လွန်စွာနယ်ကျယ် များပြားကုန်၏၊ စက္ခုစသော အာယတနခြောက်ပါးတို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ စက္ခုဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးတို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ စသည်တို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ ယောကျ်ား မိန်းမ သားသမီး ရွှေ ငွေ ဥစ္စာ...
1,345,459
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် ဝေဒနာဟူသောအကြောင်းကြောင့် တဏှာဖြစ်ပေါ်ပါသနည်း။
1,345,460
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ စက္ခုသမ္ဖဿဇာ ဝေဒနာကြောင့် ရူပတဏှာဖြစ်၏၊ ထိုရူပတဏှာသည် မျက်စိတည်းဟူသော ဒွါရမှဖြစ်ပေါ်၏။
1,345,461
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤနည်းကိုမှီ၍ သဒ္ဒတဏှာ စသည်များကိုလည်း သိအပ်၏၊ ရူပတဏှာ၏သဘောမှာ အကြင်သူသည် မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာကို သာယာ၏၊ ထိုမျက်စိ အတွေ့ကြောင့်ဖြစ်သော ဝေဒနာသည် အဆင်းရူပါရုံနှင့် ကင်း၍မဖြစ်နိုင်၊ အဆင်းရူပါရုံသည်လည်း အသက်ရှိသော အသက်မဲ့သော ဝတ္ထုများနှင့် ကင်း၍မဖြစ်နိုင်၊ ထို့ကြောင့် မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာကို သာယာသည်ရှ...
1,345,462
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စင်စစ်အားဖြင့်ဆိုသည်ရှိသော် မျက်စိ၌ အဆင်းရူပါရုံ ထင်မြင်လာ၏၊ ထိုအခါ စက္ခုဝိညာဏ်ဟုဆိုအပ်သော အမြင်စိတ်ဖြစ်ပေါ်လာ၏၊ ဤသုံးပါးကို ပေါင်းစု၍ ကြိတ်နယ်သကဲ့သို့ဖြစ်သော ဖဿဖြစ်ပေါ်လာ၏၊ ဖဿကြိတ်နယ် မှုကြောင့်ဖြစ်သော အာရုံ၏အရသာကို ဝေဒနာခံစား၏၊ ထိုဝေဒနာကို တဏှာက သာယာ၏၊ ဝေဒနာသည် တဏှာ၏အစာ အာဟာရဖြစ်၏၊ သို့ရာတွင် ဝေဒနာကို သာယာသော်လည်း ရူ...
1,345,463
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တိုက်ရိုက်အားဆိုသော် စက္ခုဒွါရ၌ဖြစ်ပေါ်သော တဏှာသည် စက္ခုသမ္ဖဿဇာ ဝေဒနာကို သာယာ၏၊ ရူပါရုံသည် တဏှာကြိုက်နှစ်သက်တတ်သော ဝေဒနာတို့ကို တဏှာအရှင်အား ဆက်သွင်းလေ၏၊ ရူပါရုံက ဆက်သွင်းသော ဝေဒနာတို့ကို တဏှာကသိမ်းပိုက် သာယာ၏၊ ရူပါရုံသည် တဏှာသခင်၏ လိုသမျှကို ဆက်သွင်းနိုင်သော သေဋ္ဌေးကြီးနှင့်တူ၏၊ သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းအတိုင်း သိလ...
1,345,464
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား ဝေဒနာကြောင့် တဏှာဖြစ်ပေါ်ပုံတည်း ဤအဓိပ္ပါယ်ကို ရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
1,345,465
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာမြိန်ရွှန်း၊ အစိမ့်မွန်းက၊ သွန်းသွန်းဆူကြွ၊ ထိုသုခ၌၊ ပိယဟူသား၊ အချစ်ပွါး၍၊ ခြောက်ပါးဝေဒနာ၊ မြိန်ယှက်စွာကို၊ လွယ်ကာမနှေး၊ ကိုယ်တိုင်ပေးသည်၊ သေဋ္ဌေးရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ဝတ်စားရွှေငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်း ဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်းဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည...
1,345,466
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ခြောက်သင်းတဏှာ စွမ်းရည်တည်း။
1,345,467
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝေဒနာပစ္စယာ တဏှာပြီး၏။
1,345,468
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
--- တဏှာပစ္စယာ ဥပါဒါနံ
1,345,469
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(တဏှာကြောင့် ဥပါဒါန်ဖြစ်ပေါ်၏၊)
1,345,470
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဥပါဒိယတီတိ ဥပါဒါနံ”
1,345,471
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပါဒိယတိ=မြဲစွာစွဲလမ်းတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဥပါဒါနံ=ဥပါဒါန်မည်၏။
1,345,472
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ခိုင်မြဲကြပ်တည်းစွာ မလွတ်ရက်ပဲ စွဲလမ်းသောတရားကို ဥပါဒါန်ဆိုသည်။
1,345,473
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်တစ်စုံတစ်ရာသောဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားလှသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်လွတ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွတ်နိုင်၊ ဖားကို မြွေမြို၍ထားဘိသကဲ့သို့ အတင်းစွဲလမ်းသည်ကို ဥပါဒါန်မည်၏ဟူ၍ ဆိုလိုသည်။
1,345,474
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဥပါဒါန်သည်
1,345,475
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ကာမုပါဒါန်,
1,345,476
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ဒိဋ္ဌုပါဒါန်,
1,345,477
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ သီလဗ္ဗတုပါဒါန်,
1,345,478
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ အတ္တဝါဒုပါဒါန်,
1,345,479
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမအစွဲအလမ်း, ဒိဋ္ဌိအစွဲအလမ်း, အကျင့်မှောက် အကျင့်မှား အစွဲအလမ်း, အတ္တအစွဲအလမ်းဟူ၍ ဆိုလိုသည်။
1,345,480
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ချစ်ခင်နှစ်သက် စုံမက်သာယာဖွယ်ဖြစ်သော ရူပါရုံအစရှိသည့် ကာမဝတ္ထုတို့၌ မလွတ်ရက်ဘဲ ပြင်းစွာစွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန်မည်၏။
1,345,481
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ မှားယွင်းသောအယူတို့၌၎င်း, ဒိဋ္ဌိနှင့်ဆိုင်သော ဝတ္ထုတို့၌၎င်း, ကျမ်းဂန်တို့၌လည်းကောင်း, ဤအယူသာမှန်၏၊ အခြားအယူများကား အမှားချည်းသာတည်းဟူ၍ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသောဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန်မည်၏။
1,345,482
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ သမာဓိကိုဖြစ်စေတတ်သော ဘာဝနာ, ပညာကိုဖြစ်ပွါးစေတတ်သော ဘာဝနာလမ်းမှ ရှောင်ထွက်၍ မိမိကိုယ်ကို ပူပန်အောင် ကျင့်ခြင်းစသော အတ္တကိလမထာနုယောဂအကျင့်, အချည်းနှီးစက်ဆုပ်ဖွယ်ကျင့်သောအကျင့်, နွားတို့အကျင့် နွားတို့အလေ့သို့လိုက်သောအကျင့် ဤသို့သော ဗာဟိရကတိတ္ထိတို့၏ အကျင့်မျှနှင့် သံသရာမှ စင်ကြယ်စွာ ထွက်မြောက်နိုင်သည်၊ ဒုက္ခမှကင်းလွတ်...
1,345,483
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ သတ္တဝါတို့မှာ ခိုင်မြဲသောအတ္တရှိ၏၊ ထိုအတ္တဖြင့် တစ်ဘဝမှ တစ်ဘဝသို့ကူးပြောင်း၏၊ လူသေ၍ပြောင်းလဲသော်လည်း အတ္တမပြောင်းလဲ၊ ငါဧကန်ရှိသည်၊ သူတစ်ပါးဧကန်ရှိသည်၊ ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဧကန်ရှိသည်ဟူ၍ အတ္တကို အပြင်းအထန်စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးသည် အတ္တဝါဒုပါဒါန်မည်၏။
1,345,484
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအတ္တဝါဒုပါဒါန်ကို အတ္တဒိဋ္ဌိဟူ၍၎င်း, အတ္တာနုဝါဒဒိဋ္ဌိဟူ၍၎င်း, သက္ကာယဒိဋ္ဌိဟူ၍၎င်း ဆိုအပ်၏။
1,345,485
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“အာဒီယတိ အဇ္ဈတ္တသာရဘာဝေန ဂဏှီယတီတိ အတ္တာ”
1,345,486
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဇ္ဈတ္တသာရဘာဝေန=သတ္တဝါတို့၏ အတွင်းကျသော အနှစ်သာရအဖြစ်ဖြင့်၊ အာဒီယတိ ဂဏှီယတိ=စွဲလမ်းသိမ်းပိုက်အပ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အတ္တာ=အတ္တမည်၏။
1,345,487
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါတို့၏အတွင်း အနှစ်သာရအနေအားဖြင့် စွဲလမ်းတတ်သောသဘောကို အတ္တမည်၏ဟူ၍ဆိုလိုသည်။
1,345,488
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“အတ္တာဣတိ ဝဒန္တိစေဝ ဥပါဒိယန္တိစ ဧတေနာတိ အတ္တဝါဒုပါဒါနံ”
1,345,489
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတေန=ဤဒိဋ္ဌိအယူဖြင့်၊ အတ္တာဣတိ= အတ္တအနှစ်သာရဟူ၍၊ ဝဒန္တိစေဝ=ပြောလည်းပြောဆိုကြကုန်၏်၊ ဥပါဒိယန္တိစ=စွဲလည်းစွဲလမ်းကြကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အတ္တဝါဒုပါဒါနံ=အတ္တဝါဒုပါဒါန်မည်၏။
1,345,490
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနှစ်သာရ အတ္တဟူ၍လည်း ပြောဆိုကြကုန်၏၊ အတ္တဟုလည်း အခိုင်အမြဲ စွဲလမ်းကြကုန်၏၊ ထိုသို့ပြောဆို စွဲလမ်းကြောင်းဖြစ်၍ အတ္တဝါဒုပါဒါန်မည်၏ဟု ဆိုလိုသည်။
1,345,491
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတ္တဟူ၍ စွဲလမ်းပြောဆိုပုံမှာ- ငါသည် ငါ့ကို ငါနှင့် ငါ့အား ငါ၏ ငါ၌စသည်ဖြင့် ပြောဆိုသမျှသည် အတ္တကိုစွဲ၍ ပြောဆိုသည်မည်၏၊ ယောကျ်ားသွားလေသည်၊ မိန်းမစားသည်၊ မြင်းပြေးသည်စသော စကားများလည်း အတ္တကိုစွဲ၍ပြောဆိုသော စကားများပင် ဖြစ်လေသည်၊ လောက၌ အတ္တကိုများစွာ အစွဲပြု၍သာလျှင် ပြောဆိုသုံးစွဲကြကုန်၏၊ သမ္မုတိသစ္စာအားဖြင့် ပြောကြားသမျှသ...
1,345,492
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတ္တဟူ၍စွဲလမ်းပုံမှာ- အနမတဂ္ဂ သံသရာကစ၍ ယခုနေ့တိုင်အောင်ပင် အမြဲအမြံ စွဲလမ်းလျက်သာ ရှိနေကြကုန်၏၊ အတ္တဝါဒုပါဒါန် အတ္တဒိဋ္ဌိ အတ္တာနုဝါဒဒိဋ္ဌိများသည် ခန္ဓာငါးပါးတို့၌ အတ္တဟူ၍ ထင်မြင်ခြင်းများ ဖြစ်လေသည်။
1,345,493
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သက္ကာယဒိဋ္ဌိဆိုသောစကား၌ သက္ကာယတစ်ပုဒ်, ဒိဋ္ဌိတစ်ပုဒ် ခွဲ၍ ဆိုရာ၏။
1,345,494
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ပစ္စက္ခတော သန္တော သံဝိဇ္ဇမာနော ကာယောတိ သက္ကာယော”
1,345,495
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပစ္စက္ခတော=မျက်မှောက်ဒိဋ္ဌအားဖြင့်၊ သန္တော သံဝိဇ္ဇမာနော= ထင်ရှားရှိသော၊ ကာယော=ခန္ဓာငါးပါးအပေါင်းတည်း၊ ဣတိတသ္မာ= ထို့ကြောင့်၊ သက္ကာယော=သက္ကာယမည်၏။
1,345,496
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပစ္စက္ခအားဖြင့် ထင်ရှားရှိနေသော ပဉ္စုပါဒါနက္ခန္ဓာ ငါးပါးကို သက္ကာယခေါ်သည်။
1,345,497
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“သက္ကာယေ သော မေ အတ္တာတိ ပဝတ္တာ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ”
1,345,498
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သက္ကာယေ=ပဉ္စုပါဒါနက္ခန္ဓာဟုဆိုအပ်သော သက္ကာယ၌၊ သော= ထိုခန္ဓာငါးပါးသည်၊ မေ=ငါ၏၊ အတ္တာ=အတွင်းအနှစ်သာရ အတ္တအစစ်ပေတည်း၊ ဣတိ ပဝတ္တာ=ဤသို့စွဲလမ်းသောအားဖြင့်ဖြစ်သော၊ ဒိဋ္ဌိ=ဒိဋ္ဌိသည်၊ သက္ကာယဒိဋ္ဌိ=သက္ကာယဒိဋ္ဌိမည်၏။
1,345,499
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဉ္စုပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟူ၍စွဲလမ်းသော ဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိမည်၏ဟူ၍ ဆိုလိုသည်။
1,345,500
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသက္ကာယဒိဋ္ဌိသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးတစ်ပါး၌ စွဲလမ်းပုံ လေးပါးရှိသောကြောင့် နှစ်ဆယ်အပြားရှိ၏၊ ထိုသက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို “ရူပံ အတ္တတော သမနုပဿတိ“စသောအားဖြင့် ပြည့်စုံစွာ မြတ်စွာဘုရား ဟောကြားတော်မူသည်။