id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,345,501 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရူပက္ခန္ဓာ၌ စွဲလမ်းသော သက္ကာယဒိဋ္ဌိလေးပါး၏ အဓိပ္ပါယ်ကို အမြွက်မျှ ပြဆိုဦးအံ့ |
1,345,502 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ “ရုပ်ကို အတ္တဟူ၍ ထင်မြင်သည်“ဆိုသော ပထမအချက်၌ ရူပက္ခန္ဓာနှင့် အတ္တကိုမကွဲမပြားဘဲ တသားတည်း ထား၍ ထင်မြင်၏၊ ကျောက်ရုပ်နှင့်ကျောက်သားကို မကွဲမပြားဘဲ ရှုသကဲ့သို့တည်း။ |
1,345,503 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ “အတ္တကို ရုပ်ရှိ၏”ဟူ၍ထင်မြင်သည်ဆိုသော ဒုတိယအချက်၌ ငါ၏အတ္တသည် ရုပ်နှင့်ပြည့်စုံ၏၊ ရုပ်ရှိ၏ဟူ၍ ထင်မြင်သည်၊ သစ်ပင်ကို အရိပ်ရှိ၏ဟူ၍ထင်မြင်ရှုစားဘိသကဲ့သို့တည်း။ |
1,345,504 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ “အတ္တ၌ရုပ်ရှိ၏”ဟူသော တတိယအချက်၌ ငါ၏ ရူပက္ခန္ဓာသည် အတ္တပေါ်မှာတည်၏ဟူ၍ထင်မြင်သည်၊ ပန်းနံ့သည် ပန်းပွင့်မှာ တည်သည်ဟု ရှုဆင်ခြင်သကဲ့သို့တည်း။ |
1,345,505 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ “ရုပ်၌အတ္တရှိသည်”ဟူသော စတုတ္ထအချက်၌ ငါ၏အတ္တသည် ရုပ်ပေါ်မှာတည်၏ဟူ၍ထင်မြင်သည် ကြုတ်ထဲမှာ ပတ္တမြားရှိ၏ဟူ၍ ရှုဆင်ခြင်သကဲ့သို့တည်း။ |
1,345,506 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝေဒနက္ခန္ဓာစသည်တို့၌လည်း ဤနည်းအတိုင်း သိလေ။ |
1,345,507 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သတ္တဝါတို့၏ ထင်မြင်စွဲလမ်းချက် အမျိုးမျိုးကို အစွဲပြု၍ဆိုသဖြင့် သက္ကာယဒိဋ္ဌိပေါင်းနှစ်ဆယ်အပြားကို ဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ကိုအတ္တဟူ၍စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အတ္တကို ရုပ်ရှိ၏ဟူ၍ စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အတ္တ၌ ရုပ်ရှိ၏ဟူ၍စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်၌ အတ္တရှိ၏ဟူ၍စွဲလမ်းထင်မြင်၏... |
1,345,508 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝေဒနက္ခန္ဓာစသည်တို့မှာလည်း ဤနည်းအတိုင်း သိလေထိုသက္ကာယဒိဋ္ဌိအရာ၌ ငါသည်ချမ်းသာ၏, ငါသည်ဆင်းရဲ၏ ဟုဆိုရာ၌ ဝေဒနာက္ခန္ဓာကို အတ္တဟူ၍ စွဲလမ်းချက် ပေတည်း၊ ငါသည် ဤအရာများကို မှတ်သား၏ဟုဆိုရာ၌ သညာက္ခန္ဓာကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း၊ ငါသည် ဤအမှုကိုပြု၏, ငါသည် ဤစကားကိုဆို၏, ငါသည် ဤအကြံကို ကြံ၏, ငါသည် လိုချင်၏, ငါသည် သိစွမ်းနိုင်၏ဟု ... |
1,345,509 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ပ)။ ငါသည်တွေ့ထိ၏ဟုဆိုရာ၌ ကာယဝိညာဏ်ကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း။ |
1,345,510 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့စသည်ဖြင့် ခန္ဓာငါးပါးတို့၌ အတ္တစွဲလမ်းချက်တို့သည် များကုန်၏။ |
1,345,511 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မူလပဏ္ဏာသ အလဂ္ဂဒ္ဒူပမသုတ်၌ ဒိဋ္ဌိဖြစ်ပေါ်ရာဖြစ်သော ဌာနခြောက်ပါးကို “ဆယိမာနိ ဘိက္ခဝေ ဒိဋ္ဌိ ဌာနာနိ“စသည်ဖြင့် ဟောကြားတော်မူသည်။ |
1,345,512 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ခြောက်ပါးဟူသည်ကား |
1,345,513 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ရူပက္ခန္ဓာ, |
1,345,514 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဝေဒနာက္ခန္ဓာ, |
1,345,515 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သညာက္ခန္ဓာ, |
1,345,516 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ သင်္ခါရက္ခန္ဓာ, |
1,345,517 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ဒိဋ္ဌ သုတ မုတ ဝိညာတ ဟုဆိုအပ်သော စိတ်၏ အာရုံဟူသမျှ, |
1,345,518 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ နိစ္စထာဝရအမြဲတည်နေသည်ဟုဆိုအပ်သော တမလွန်လောက, |
1,345,519 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤခြောက်ပါးပေတည်း။ |
1,345,520 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒိဋ္ဌိဌာနဖြစ်ပုံမှာ |
1,345,521 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ “ရူပံ ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာတိ သမနုပဿတိ” ဤရုပ်သည် ငါ့ဥစ္စာတည်း, ရုပ်သည်ပင်လျှင် ငါဖြစ်၏, ထိုရုပ်သည် ငါ၏ကိုယ် အတ္တပေတည်းဟူ၍ ထင်မြင်၏၊ ဤစွဲလမ်းမှုသည် ရုပ်၌မီ၍ဖြစ်သောကြောင့် ထိုရုပ်သည် ဒိဋ္ဌိဖြစ်ရာဌာနဖြစ်လေသည်။ |
1,345,522 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂-၃-၄ ဝေဒနာ သညာ သင်္ခါရတို့၌လည်း ထိုအတူပင်လျှင် စွဲလမ်းလေသည်။ |
1,345,523 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ဖြစ်၍ ဒိဋ္ဌိဌာနဖြစ်လေ၏။ |
1,345,524 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ မြင်အပ်သော အာရုံ ဟူသမျှတို့ကို ဒိဋ္ဌ, ကြားအပ်သော အာရုံဟူသမျှကို သုတ, နံအပ် လျက်အပ် တွေ့ထိအပ်သော အာရုံဟူသမျှကို မုတဆိုသည်။ |
1,345,525 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒိဋ္ဌ သုတ မုတ ဟူသောစကားဖြင့် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ယူခြင်းကိစ္စ ပြီးလေ၏၊ ဝိညာတဆိုသည်မှာ ထိုအာရုံငါးမျိုးတို့မှတစ်ပါး စိတ်ဖြင့်သိအပ်သမျှသော အာရုံဟူသမျှ အလုံးစုံကို သိမ်းရုံး၍ဆိုသည်၊ ထိုဒိဋ္ဌ သုတ မုတ ဝိညာတ တို့ကိုစွဲ၍လည်း ငါ့ဟာဖြစ်သည်, ငါဖြစ်သည်, ငါ၏ကိုယ်, ငါ၏ အတ္တဖြစ်သည်ဟူ၍ မှတ်ယူထင်မြင်သ... |
1,345,526 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ ဒိဋ္ဌိဖြစ်ရာဖြစ်သော တမလွန်လောကဆိုသည်မှာ တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကို ယူ၍ ထိုဒိဋ္ဌိအယူ၌ ပညတ်ချက်တို့ကို ကျင့်ကြံ၍ စုတေသည်ရှိသော် ထိုတမလွန်လောက၌ဖြစ်၏၊ ဦးခေါင်းထက်၌ရှိသော ကောင်းကင်ဘုံသည်ရှိ၏၊ အလွန်ချမ်းသာ၏၊ ထိုကောင်းကင်ဘုံ၌ ဖြစ်ရလေသောအခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့ကို လွန်မြောက်နိုင်ကုန်၏၊ ဤအကျင့်ကို ကျင့်ကြံသည... |
1,345,527 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဒိဋ္ဌိအရာ၌ |
1,345,528 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အတ္တ, |
1,345,529 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အတ္တနိယ |
1,345,530 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတ္တဆိုသည်မှာ ယခင်က ပြဆိုခဲ့ပြီးသောအတိုင်း အတွင်း အနှစ်သာရကဲ့သို့ မှတ်ယူ၍ ငါ သူတစ်ပါး ယောကျ်ား မိန်းမအစရှိသည့် အမှတ်အထင်များပေတည်း။ |
1,345,531 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတ္တနိယဆိုသည်မှာ အတ္တနှင့်စပ်သမျှ အတ္တပိုင်ဆိုင်သမျှသော အရာများကိုဆိုသည်။ |
1,345,532 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတ္တရှိသည်ရှိသော် အတ္တနိယရှိရာ၏၊ အတ္တမရှိလျှင် အတ္တနိယလည်းမရှိရာ။ |
1,345,533 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အတ္တနိယရှိသည်ရှိသော် အတ္တရှိရာ၏၊ အတ္တနိယမရှိလျှင် အတ္တလည်းမရှိတန်ရာ၊ ဥစ္စာရှိမှသာ ဥစ္စာရှင်ရှိ၏၊ ဥစ္စာမရှိလျှင် အဘယ်မှာ ဥစ္စာရှင်ရှိပါအံ့နည်း။ |
1,345,534 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်အားဖြင့်ဆိုသော် မျက်မှောက်ဘဝမှာသော်လည်း အတ္တဟူ၍ စင်စစ်မရှိ၊ အတ္တနိယဟူ၍လည်း စင်စစ်မရှိ၊ အတ္တ အတ္တနိယ ဆိုသောစကားမှာ သက္ကာယဒိဋ္ဌိကြောင့်ဖြစ်ပေါ်သော ထင်မြင်ချက်များဖြစ်လေသည်။ |
1,345,535 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့မျက်မှောက် ဘဝမှာပင် စင်စစ်အားဖြင့် အတ္တ အတ္တနိယဟူ၍ မရမရှိခဲ့ပါလျှင် တမလွန်လောက၌ဖြစ်သော အတ္တသည်မြဲ၏၊ ထာဝရတည်၏၊ ဧကန္တချမ်းသာ၏ဟု ကြံစည်၍ ထာဝရမြဲ၍ ချမ်းသာသော တမလွန်ဘဝသို့ရောက်နိုင်ရန် ဒိဋ္ဌိပညတ်ချက်များကို ကျင့်ကြံအားထုတ်ခြင်းသည် အဘယ်မှာဖြောင့်မှန်နိုင်ပါမည်နည်း၊ ထိုသို့ တမလွန်လောက၏ နိစ္စ ထာဝရ ဧကန္တချမ်းသာဟူ၍ ထင်မြင... |
1,345,536 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား သက္ကာယဒိဋ္ဌိနှင့် စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း |
1,345,537 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် တဏှာကြောင့် ကာမုပါဒါန်ဖြစ်ပေါ်ပါသနည်း။ |
1,345,538 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ တဏှာနှင့် ကာမုပါဒါန်သည် တရားကိုယ်အားဖြင့် ကွဲပြားသည်မဟုတ် အတူတူပင်ဖြစ်၏၊ သာယာတပ်မက်သော တဏှာသည်ပင်လျှင် ပြင်းထန်ခိုင်မြဲစွာ တပ်မက်စွဲလမ်းခြင်းသို့ ရောက်သောအခါ ကာမုပါဒါန်ဖြစ်လေ၏၊ နုသောတဏှာအခိုက်မှ ရင့်ခိုင်သော တဏှာအဖြစ်သို့ ရောက်လေသည်ကိုပင် ကာမုပါဒါန်ခေါ်သည်။ |
1,345,539 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဏှာနှင့်ကာမုပါဒါန်အထူးကို ဤသို့ပြဆိုကြကုန်သေး၏ |
1,345,540 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မရသေးသော အာရုံကို တောင့်တခြင်းသည် တဏှာမည်၏၊ ရရှိပြီးသောအာရုံကို စွဲလမ်းသိမ်းပိုက်၍ သာယာခြင်းသည် ကာမုပါဒါန်မည်၏။ |
1,345,541 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဏှာသည် အလိုနည်းသော အပိစ္ဆဂုဏ်နှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ကာမုပါဒါန်သည် ရောင့်ရဲလွယ်သော သန္တုဋ္ဌိဂုဏ်နှင့် ဆန့်ကျင်ဖက်ဖြစ်၏။ |
1,345,542 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဏှာသည် မရသေးသည်ကို ရှားမှီးရသော ဆင်းရဲ၏ အကြောင်းမူလဖြစ်၏၊ ကာမုပါဒါန်သည် ရပြီးသော အရာကို မြဲမြံစွာ စောင့်ရှောက်ရသော ဆင်းရဲ၏ အကြောင်းမူလဖြစ်၏။ |
1,345,543 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ တဏှာနှင့် ကာမုပါဒါန်အထူးတို့ကို ပြဆိုကြကုန်၏၊ စင်စစ်အားသေးသော တဏှာနှင့် အားကြီးသော တဏှာများပေတည်း။ |
1,345,544 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် တဏှာဟူသော အကြောင်းကြောင့် ဒိဋ္ဌုပါဒါန်ဖြစ်ပါသနည်း။ |
1,345,545 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဤလောက၌ ကာမဂုဏ်ကို အမြတ်တနိုးပြု၍ ခံစားလေ့ရှိကြကုန်သောသူတို့သည် ကာမဂုဏ်နှင့်စပ်ဆိုင်သော လမ်းတို့၌သာလျှင် အကြံအစည်များကြကုန်၏၊ ထို့ကြောင့် ထိုကာမဘောဂီသမားတို့မှာ ကာမုပါဒါန် များကြကုန်၏။ |
1,345,546 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ကာမဂုဏ်တို့၌ အပြစ်ဒေါသကိုမြင်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်ကြကုန်သော ပုဂ္ဂိုလ်တို့သည်ကား နောင်ဘဝ၌ ကောင်းစေရန်အတွက်နှင့် ဘဝသမ္ပတ္တိဖက်သို့ များစွာလေ့ကျက် ကြံစည်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့တွင် အကြင်သူတို့မှာ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်အထုသည် ထူကဲစွာ ပိတ်ဆို့လျက်ရှိ၏၊ ဝိပလ္လာသတရားတို့သည် အားကြီးစွာ ဖိစီးနှိပ်စက်ကုန်၏... |
1,345,547 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြင်ရဟန်းပုဏ္ဏားတို့သည်ကား တဏှာလျှင်အကြောင်းရင်းရှိသော အတ္တဝါဒုပါဒါန်၌တည်၍ အတိတ်ဖြစ်သော ရှေ့အစွန်း၌ ထိုအတ္တ၏ဖြစ်ခဲ့သော ဂတိတို့ကို ရှာကြံစုံစမ်းကြကုန်၏၊ အနာဂတ်ဖြစ်သော နောက်အဖို့၌လည်း ထိုအတ္တ၏ ဖြစ်မည့်ဂတိတို့ကို ရှာမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အတ္တ၏ရှေ့အစွန်းကို ရှာမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပုဗ္... |
1,345,548 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ဆယ့်ရှစ်ပါးအပြားရှိသော ဒိဋ္ဌိဖြစ်ရန်အကြောင်းတို့ကို ရှုမြင်ကြလေကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် အတ္တ၏နောက်အစွန်းကို ရှားမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အပရန္တကပ္ပိကဒိဋ္ဌိဖြစ်ကုန်၏။ |
1,345,549 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လေးဆယ့်လေးပါး အပြားရှိကုန်သော ဒိဋ္ဌိဖြစ်ရန်အကြောင်းတို့ကို ရှုမြင်ခြင်းတို့သည် ထိုပုဂ္ဂိုလ်တို့သန္တာန်မှာ လက်ခံခြင်း နှစ်သက်ခြင်း ဟုဆိုအပ်သော ခမနရောစန တဏှာ၏အစွမ်းအားဖြင့် ခိုင်ခံ့မြဲမြံသည်၏အဖြစ်သို့ ရောက်ကြလေကုန်၏၊ ဤကဲ့သို့သော အကြောင်းအားဖြင့်လည်း တဏှာကြောင့် ဒိဋ္ဌုပါဒါန်ဖြစ်တတ်လေသည်။ |
1,345,550 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် တဏှာဟူသော အကြောင်းကြောင့် သီလဗ္ဗတုပါဒါန်ဖြစ်ပါသနည်း။ |
1,345,551 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အချို့သောပုဂ္ဂိုလ်တို့သည် တဏှာလျှင် အကြောင်းရင်းရှိသော အတ္တဝါဒုပါဒါန်၌တည်၍ နောင်လာလတ္တံ့သော အနာဂတ်အဖို့၌ မိမိအတ္တဘော၏ စင်ကြယ်ရန် လမ်းပေါက်ကို ရှာကြံကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာဖုံးလွှမ်းခြင်းရှိကုန်သည်ဖြစ်၍ စင်ကြယ်ကြောင်း မဟုတ်သော နွားအလေ့ နွားအကျင့်စသည်တို့ကို စင်ကြယ်ကြောင်း ဧကန်ဖြစ်သည်ဟူ၍ ထင်မြင်ကြကုန်၏၊... |
1,345,552 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် တဏှာဟူသောအကြောင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်ပါသနည်း။ |
1,345,553 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဤသက္ကာယဒိဋ္ဌိမည်သည် ခန္ဓာငါးပါးတို့၌ သာယာစွဲလမ်းသော တဏှာလျှင် အကြောင်းရင်းရှိ၏၊ သာယာသော တဏှာနှင့်ကင်း၍ မဖြစ်နိုင်၊ သက္ကာယဒိဋ္ဌိဆိုသည်လည်း အတ္တဝါဒုပါဒါန်ပင်လျှင်တည်း၊ ထို့ကြောင့် တဏှာကြောင့် အတ္တဝါဒုပါဒါန်ဖြစ်ပုံသည် လွန်စွာထင်ရှားလှစွာ၏။ |
1,345,554 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤပြဆိုအပ်ပြီးသော စကားရပ်သည်ကား တဏှာကြောင့် ဥပါဒါန်လေးပါးဖြစ်ပုံကို ပြဆိုသောစကားရပ်တည်း |
1,345,555 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဏှာခြောက်မည်၊ အရင်းတည်၍၊ အရှည်များလျား၊ အစဉ်ပွါးက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံကို၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ အသင်းပွါးများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမာဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်။ |
1,345,556 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူမှောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ။ |
1,345,557 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစိထိုမှ၊ ဂေါသီလကို၊ ဝဋ်မှထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်။ |
1,345,558 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ခန္ဓာငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည်၊ အတ္တဝါဒုပါဒါန်။ |
1,345,559 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အထန်အပြင်း၊ အယူတင်း၍၊ ဝဋ်ခင်းဝဋ်နွယ်၊ ဝဋ်ပင် လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်။ |
1,345,560 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ လေးပါးဥပါဒါန် စွမ်းရည်တည်း။ |
1,345,561 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍စပ်ဆိုတော်မူသည်။ |
1,345,562 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တဏှာပစ္စယာ ဥပါဒါနံ ပြီး၏။ |
1,345,563 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဥပါဒါန်ကြောင့် ဘဝဖြစ်ပေါ်သည်) |
1,345,564 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအရာ၌ “ဘဝ” သဒ္ဒါသည် ကြီးပွါးခြင်းအနက်ကို ဟော၏၊ ကြီးပွါးခြင်းမည်သည် ဤအရာ၌ သတ္တဝါတို့၏ ဘဝ အတ္တဘောကို ရရှိခြင်းပေတည်း၊ ထို့ကြောင့် အတ္တကိုရမှုသည်ပင်လျှင် ဤနေရာ၌ ဘဝမည်လေသည်။ |
1,345,565 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဘဝသည် ၁။ |
1,345,566 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံအစု, ၂။ |
1,345,567 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိပါက်အစု, |
1,345,568 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် နှစ်ပါးအပြား ရှိ၏။ |
1,345,569 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံအစုကို ကမ္မဘဝဆိုသည်။ |
1,345,570 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံ၏ အကျိုးဖြစ်သော ဝိပါက်အစုကို ဥပပတ္တိဘဝ ခေါ်သည်။ |
1,345,571 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဘဝ နှစ်မျိုးတွင် အကုသလ ကမ္မပထဆယ်ပါး, ကုသလ ကမ္မပထဆယ်ပါးတို့သည် ကမ္မဘဝမည်ကုန်၏၊ ကုသိုလ်ကံ အကုသိုလ် ကံများကို ကမ္မဘဝဆိုသည်။ |
1,345,572 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံ၏အကျိုးဖြစ်သော ဝိပါက်များကို ဥပပတ္တိဘဝဆိုသည်။ |
1,345,573 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပါဏာတိပါတ အဒိန္နာဒါနစသော အကုသလကမ္မပထ တရား ဆယ်ပါး, ဒါန သီလ ဘာဝနာစသော ကုသလကမ္မပထတရား ဆယ်ပါးတို့ ကား ထင်ရှားပြီ။ |
1,345,574 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မဘဝတွင်ပါဝင်သော ကုသိုလ်ကံများနှင့်စပ်၍ သိမှတ်ဖွယ် ကောင်းသော အချက်ကို အမြွက်မျှ ပြဆိုဦးအံ့ |
1,345,575 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဝဋ္ဋနိဿိတ ကုသိုလ်, |
1,345,576 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဝိဝဋ္ဋနိဿိတ ကုသိုလ်, |
1,345,577 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ ကုသိုလ်နှစ်မျိုးနှစ်ပါးရှိ၏၊။ |
1,345,578 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုနှစ်ပါးတို့တွင်* ဤမျက်မှောက်ဘဝ၌ ဂုဏ်ပကာသန ကျော်ဇောကိတ္တိကို ရရှိခြင်းငှာလည်းကောင်း, နောင်တမလွန်ဘဝ၌ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ တို့၌ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရရှိခြင်းငှာလည်း ကောင်း ပြုလုပ် အားထုတ်အပ်သော ဒါန သီလစသော ကုသိုလ်မျိုးသည် ဝဋ္ဋနိဿိတကုသိုလ်မည်၏၊ လောကီဝဋ်ဘုံထဲ၌ တစ်ဝဲလည်လည် ကျင်လည်စေတတ်သော ကုသိုလ... |
1,345,579 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝဋ္ဋနိဿိတ ကုသိုလ်ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာဟူသောပုဒ်၌ သင်္ခါရထဲသို့ ထည့်သွင်းအပ်၏၊ ဤဘဝအရာ၌လည်း ကမ္မဘဝ၌ ထည့်သွင်းအပ်လေ၏။ |
1,345,580 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ယခုမျက်မှောက်ဘဝ၌ ဂုဏ်ပကာသနနှင့် ကျော်ဇောကိတ္တိ ကို မငဲ့မူ၍လည်းကောင်း, နောင်တမလွန်လောက၌ ဘဝ သမ္ပတ္တိကို မငဲ့မူ၍လည်းကောင်း, |
1,345,581 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဣဒံ မေ ပုညံ အာယတိံ တဏှာက္ခယာယ ပစ္စယော ဟောတု” |
1,345,582 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေ=ငါ၏၊ ဣဒံပုညံ=ဤကောင်းမှုသည်၊ အာယတိံ=နောင်အခါ၌၊ တဏှာက္ခယာယ=တဏှာကုန်ခန်း နိဗ္ဗာန်လမ်းပေါက်ခြင်း၏၊ ပစ္စယော= အကြောင်းသည်၊ ဟောတု=ဖြစ်ပါစေသတည်း။ |
1,345,583 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ရည်ရွယ်၍ ဝဋ်ကင်းရာ တဏှာချုပ်ရာဖြစ်သော နိဗ္ဗာန်ကို တိုက်ရိုက်တောင့်တ၍ ပြုလုပ်အပ်သော ဒါန သီလစသည့် ကုသိုလ်မျိုးသည် ဝိဝဋ္ဋနိဿိတ ကုသိုလ်မည်၏၊ လောကီဝဋ်မှ လွတ်ထွက်နိုင်သော ကုသိုလ်ဆိုလိုသည်။ |
1,345,584 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝိဝဋ္ဋနိဿိတ ကုသိုလ်ကိုမူကား သင်္ခါရပုဒ်၌လည်း မထည့်သွင်း အပ်။ |
1,345,585 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မဘဝ၌လည်း မထည့်သွင်းအပ် အဘယ်ကြောင့်နည်းဆိုသော် ပဋိစ္စသမုပ္ပါဒ် ဒေသနာသည် ဝဋ်လည်ပုံကိုရည်၍ ဟောအပ်သော ဝဋ္ဋကထာဒေသနာ ဖြစ်လေသောကြောင့်တည်း။ |
1,345,586 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝိဝဋ္ဋနိဿိတ ကုသိုလ်သည်လည်း |
1,345,587 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ပါရမီပက္ခိယ ကုသိုလ်, |
1,345,588 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဗောဓိပက္ခိယ ကုသိုလ်, |
1,345,589 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ နှစ်မျိုးရှိပြန်၏။ |
1,345,590 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပါရမီအသင်းအပင်းသို့ ပါဝင်သောကုသိုလ်, မဂ်ဉာဏ် အသင်း အပင်းသို့ ပါဝင်သောကုသိုလ် ဟူ၍ဆိုလိုသည်။ |
1,345,591 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ နောင်အခါ ဗောဓိဆုလေးပါးတို့တွင် တစ်ပါးပါးကို ရည်ရွယ်၍ ပါရမီ ဖြည့်ဆည်းပူးသော အနေအားဖြင့် ပြုလုပ်အပ်သော ဒါနစသည့်ကုသိုလ်များကို ပါရမီပက္ခိယကုသိုလ်ခေါ်သည်၊ ပါရမီဖြည့် ဆည်းပူးအပ်သော ပုဂ္ဂိုလ်တို့၏ ကုသိုလ်မျိုးပေတည်း။ |
1,345,592 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ယခု မျက်မှောက်ဘဝ၌ပင်သော်လည်းကောင်း, ဤဘုရား သာသနာ၌သော်လည်းကောင်း မဂ်ဉာဏ်ကိုရခြင်းငှာ ပြုလုပ်အပ်သော သီလစသည့် ကုသိုလ်မျိုးကို ဗောဓိပက္ခိယကုသိုလ်ခေါ်သည်။ |
1,345,593 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာအားဖြင့် ဘုရားလောင်း သုမေဓာဘဝမှစ၍ ပြုလုပ် ဆည်းပူးအပ်သော ဒါနစသော ကုသိုလ်မျိုးသည် ပါရမီပက္ခိယကုသိုလ် မည်၏၊ သိဒ္ဓတ္ထမင်းသားဘဝ၌ တောထွက်တော်မူပြီး၍ ဘုရားဖြစ်ခြင်းငှါ ကျင့်ကြံအားထုတ်အပ်သော ကုသိုလ်မျိုးသည် ဗောဓိပက္ခိယ ကုသိုလ် မည်၏၊ ဤသို့ ဝေဖန်၍သိလေ။ |
1,345,594 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဗောဓိပက္ခိယကုသိုလ်ကိုရည်၍ ထိုထိုပါဠိတော်ကြီးတို့၌သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါသဂ္ဂပရိဏာမိတံ။ |
1,345,595 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စသော ဒေသနာများကို ဟောကြားတော်မူသည်။ |
1,345,596 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝိဝေကနိဿိတံ=ကိလေသာမှ ဆိတ်ရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ ဝိရာဂနိဿိတံ=ရာဂ ကင်းရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ နိရောဓနိဿိတံ=ဘေးဒုက္ခကင်းချုပ်ရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ ဝေါသဂ္ဂပရိဏာမိတံ=ကိလေသာတို့ကို စွန့်လွှတ်ရာဖြစ်သည့် နိဗ္ဗာန်သို့ ကိုင်းရှိုင်းသော၊ သတိသမ္ဗောဇ္ဈင်္ဂံ=သတိသမ္ဗောဇ္ဈင်တရားကို၊ ဘာဝေတိ= ပွါးများ၏။ |
1,345,597 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါးလည်း သောတာပတ္တိယင်္ဂတရားလေးပါးတို့ကို ထိုထိုပါဠိတော်တို့၌ ဟောတော်မူအပ်ကုန်၏၊ သောတာပန်ဖြစ်ရန် အခြေခံဖြစ်သော ဤသောတာပတ္တိယင်္ဂတရား လေးပါးတို့ကိုလည်း ဗောဓိပက္ခိယကုသိုလ်၌ ထည့်သွင်းအပ်ကုန်၏၊ ထိုမှတစ်ပါးလည်း နာမ်ရုပ်နှင့်စပ်ဆိုင်သော သုညတတရားတို့ကို ဖော်ပြသည့်သုတ္တန်တို့ကို ကြားနာခြင်း, ဆောင်ရွက်ကျက်မှတ်ခြင်း, မေးမြ... |
1,345,598 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မာ ဘိက္ခဝေ ပုညာနိ ဘာယိတ္ထ၊ သုခေဿတံ အဓိဝစနံ ယဒိဒံ ပုညာနီတိ။ |
1,345,599 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အစရှိသော ဒေသနာတော်များသည် ပါရမီပက္ခိယ ကုသိုလ်ကို ရည်စူး၍ ဟောကြားတော်မူအပ်သော ဒေသနာ တော်များ ဖြစ်လေသည်။ |
1,345,600 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ပုညာနိ=ကုသိုလ်ကောင်းမှု တို့ကို၊ မာ ဘာယိတ္ထ=မကြောက်ကြကုန်လင့်၊ ယဒိဒံ ပုညာနီတိ=အကြင် ကုသိုလ်ကောင်းမှုဟူသောစကားသည်၊ အတ္ထိ=ရှိ၏၊ ဧတံ=ထိုကုသိုလ် ဟူသောစကားသည်၊ သုခဿ=ချမ်းသာအပေါင်း၏၊ အဓိဝစနံ=အမည် စကားရင်းပေတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.