id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,349,201
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သင်တို့ ဆင်းရဲက လွတ်အောင် ချမ်းသာသုခရအောင် သင်တို့သာ အားထုတ်ကြိုးစားရမယ်လို့ အမှန်တရားကို ဟောပြောတော်မူတယ်။
1,349,202
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီအခါမှာ လူသားဟာ ဆင်းရဲလွတ်အောင် ဘယ်လိုနေထိုင် ပြောဆိုကြံစည်ရမယ်၊ နတ်ရွာနိဗ္ဗာန်ချမ်းသာကို ရအောင် ဘယ်လိုကျင့်ကြံ အားထုတ်ရမယ်ဆိုတာကို မသိနိုင်ဘဲ ယောင်လည်လည် ဖြစ်နေတယ်။
1,349,203
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီအခါမှာ ဘုရားရှင်က ဒီလိုနေထိုင် လုပ်ကိုင်ပြောဆို ကြံစည်တာဟာ ဆင်းရဲလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း ဖြစ်တယ်လို့ နည်းကောင်း လမ်းမှန်ကို ညွှန်ပြတော်မူခဲ့တယ်။
1,349,204
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားရှင် ညွှန်ပြတော်မူတဲ့အတိုင်း လူသားတွေ ကျင့်ကြံအားထုတ်ကြတဲ့အခါ ဘုရားရှင်ဟောတဲ့အတိုင်း ချမ်းသာသုခကို ရရှိကြတယ်။
1,349,205
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆင်းရဲဒုက္ခတွေက ကင်းလွတ်ကြတယ်။
1,349,206
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီလိုဆင်းရဲက ကင်းလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း တရားလမ်းမှန်ကို ညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူအနေနဲ့ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်တယ်။
1,349,207
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဗုဒ္ဓဘာသာမှာ ဆုတောင်းလို့ မရဘူး။
1,349,208
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကိုယ်တိုင် အားထုတ်ယူမှ ရတယ်ဆိုရင် ဆုတောင်းဖို့ လိုပါသေးသလား။
1,349,209
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုတောင်းလို့ မရပေမယ့် ဆုတောင်းဖို့တော့ လိုပါတယ်။
1,349,210
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါပေမယ့် ဆုတောင်းရုံ သက်သက်နဲ့ လိုတဲ့အကျိုးကို မရဘူးဆိုတာလဲ သိထားရမယ်။
1,349,211
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုတောင်းတယ်ဆိုတာက မိမိစိတ်မှာ ဖြစ်ပေါ်တဲ့ လိုအင်ဆန္ဒတစ်ခုကို နှုတ်မြွက်ပြောဆိုခြင်း ဖြစ်တယ်။
1,349,212
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
စိတ်ထဲမှာရှိတာကို နှုတ်ကမြွက်ဆို အဓိဋ္ဌာန်ပြုပြီးနောက် လက်တွေ့ကျင့်ကြံ အားထုတ်လိုက်တဲ့အခါ မူလစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အကျိုးတရားကို ရရှိခံစားနိုင်တယ်။
1,349,213
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါကြောင့် လက်တွေ့ လုပ်ဆောင်မှုရဲ့ ရှေ့သွားဖြစ်တဲ့ ဆုတောင်းခြင်းဟာ လိုအပ်ပါတယ်။
1,349,214
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လောကမှာ လူသားတွေ မလိုလား မနှစ်သက်တဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အကျိုးတရားတွေ ရှိတယ်။
1,349,215
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီအပါယ်လေးပါး၊ ကပ်သုံးပါး စသည်မှ လွတ်ရပါလို၏လို့ မကြာမကြာ ဆုတောင်းနေခြင်းဖြင့် ဒီအပါယ်လေးပါး၊ ကပ်သုံးပါးနဲ့ ကြုံတွေ့ရမှာကို ကြောက်လန့်မှု သံဝေဂရမယ်။
1,349,216
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီလိုမကြာခဏဆုတောင်းလို့ မကြာခဏသတိရပြီး ကြောက်လာတဲ့အခါမှာ ဒီအပါယ်လေးပါး စသည်ကို ရောက်စေမယ့် မကောင်းတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေက ရှောင်ကြဉ်မယ်။
1,349,217
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လောကလူသားတွေ အလွန်လိုချင် တောင့်တနေတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတွေ ရှိတယ်။
1,349,218
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီချမ်းသာတွေဟာ အကျိုးတရားတွေ ဖြစ်တယ်။
1,349,219
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီချမ်းသာသုခ အကျိုးတရားတွေကို ရပါလို၏လို့ မကြာခဏ ဆုတောင်းခြင်းဖြင့် ပို၍ပို၍ လိုချင် ရောက်ချင်လာမယ်။
1,349,220
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ရောက်ချင်စိတ်တွေ များလာရင် ထိုချမ်းသာတွေ ရရာရကြောင်း ကောင်းမြတ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းတွေကို ကြိုးစားအားထုတ် ကျင့်ကြံလာကြမယ်။
1,349,221
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကောင်းတဲ့ အပြုအမူ အပြောအဆို အကြံအစည်တွေကို လက်တွေ့ လုပ်ဆောင်လာရင် လူ နတ် နိဗ္ဗာန် ချမ်းသာသုခတွေကို တကယ်မုချ ရောက်နိုင်ကြမယ်။
1,349,222
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီလို အပါယ်လေးပါးစတဲ့ ဆင်းရဲတွေကို ကြောက်လန့်လာပြီး မကောင်းမှု ဒုစရိုက်တွေကို ရှောင်ကြဉ်မှု အကျင့်တွေဖြစ်လာမှာနဲ့ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တလာပြီး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လာကြမယ်ဆိုတဲ့ အကျိုးတရားကို မျှော်မှန်းပြီး ရှေ့ဆရာတော်ကြီးများက သြကာသ ဘုရားရှိခိုးမှာ ဆုတောင်းကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
1,349,223
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သို့သော် ရပါလို၏ အရှင်ဘုရား ဆိုရုံနှင့်မရ။
1,349,224
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာကိုရမယ်လို့ သတိပြုကြရမယ်။
1,349,225
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုတောင်းရုံနဲ့မရဘူးလို့ ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တာ ရှိပါသလား။
1,349,226
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ရှိပါတယ်။ တစ်နေ့မှာ ဘုရားရှင်ဟာ နာဠန္ဒမြို့ ပါဝါရိကာသူဌေး၏ ဥယျာဉ်မှာ သီတင်းသုံး နေပါတယ်။
1,349,227
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ထိုအခါ အဘိဗန္ဓက၏သား ရွာသူကြီးက အချို့သော ဗြဟ္မဏတွေဟာ သေတဲ့အခါ နတ်ပြည်ရောက်အောင် လုပ်ပေးနိုင်တယ်လို့ သတင်းကြီးနေပါတယ်။
1,349,228
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သူတို့ပြောတဲ့အတိုင်း သူတို့လုပ်ပေးနိုင်ပါ့မလားလို့ လျှောက်တော့ ဘုရားက ဥပမာပေးပြီး ဖြေတယ်။
1,349,229
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကျောက်တုံးကြီးကို ရေထဲပစ်ချပြီး “ဟဲ့ကျောက်တုံး ပေါ်စမ်း ပေါ်စမ်း”လို့ အမိန့်ပေးရုံနဲ့ ပေါ်ပါ့မလား၊ မပေါ်ဘူး၊ မြုပ်တဲ့သဘောရှိတဲ့ ကျောက်တုံးကတော့ မြုပ်မှာပဲ။
1,349,230
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ထောပတ်အိုးကို ပင်လယ်ရေအောက် သွားခွဲပြီး “ထောပတ်တွေ ရေအောက်မှာပဲ မြုပ်နေရမယ်”လို့ အမိန့်ပေးနေလို့ကော ရမလား၊ မရဘူး။
1,349,231
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ပေါ်တဲ့သဘောရှိတဲ့ ထောပတ်ကတော့ ပေါ်မှာပဲ။
1,349,232
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ထိုနည်းတူပဲ ဒုဂ္ဂတိဘုံကို ရောက်စေမယ့် အကုသိုလ် ဒုစရိုက်တွေကို ပြုကျင့်သူဟာ သေရင် အပါယ်လေးပါးဘုံကို ရောက်မှာပဲ။
1,349,233
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘယ်သူကမှ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်အောင် မတင်နိုင်ဘူး။
1,349,234
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်စေမယ့် ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို အားထုတ်ဖြည့်ကျင့်ထားတဲ့ ပုဂ္ဂိုလ်သေရင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်မှာပဲ။
1,349,235
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘယ်သူကမှ အပါယ်ရောက်အောင် တွန်းမချနိုင်ဘူးလို့ ဟောပါတယ်။
1,349,236
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါသလား။
1,349,237
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါတယ်။
1,349,238
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာအမှန်ပဲ။
1,349,239
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါပေမယ့် ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။
1,349,240
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ကောင်းမှု ပြုပြီးရင် ဆုတောင်းတာက ပိုကောင်းပါတယ်။
1,349,241
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ပြဆိုတာက “ကောင်းမှုပြပြီးရင် ဆုတောင်းမှ ဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ချမ်းသာကို ရနိုင်တယ်။
1,349,242
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး (ကတိမမြဲဘူး)။
1,349,243
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမှုကို လက်တွေ့မလုပ်ပြန်ရင်လဲ တောင်းတဲ့အတိုင်း မရဘူး။
1,349,244
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါကြောင့် ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။
1,349,245
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ တိုက်တွန်းထားပါတယ်။
1,349,246
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီ ဥပရိဏ္ဏာသ အဋ္ဌကထာ တိုက်တွန်းချက်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။
1,349,247
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။
1,349,248
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုလဲ တောင်းကြပါ။
1,349,249
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကို ရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုပြုပြီး ဘာဖြစ်လို့ ဆုတောင်းနေကြသလဲ။
1,349,250
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုတောင်းတာ အပိုဖြစ်မနေဘူးလား။
1,349,251
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆုတောင်းဖို့ လိုပါသေးသလား။
1,349,252
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးရင် ဆုတောင်းဖို့ လိုတာလဲရှိတယ်။
1,349,253
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
မလိုတာလဲ ရှိတယ်။
1,349,254
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အဘိဓမ္မာသဘောအရ ကုသိုလ်တရားကို ၂၁-မျိုး ခွဲတယ်။
1,349,255
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကာမာဝစရကုသိုလ်က (၈)မျိုး၊ မဟဂ္ဂုတ်ကုသိုလ်က (၉)မျိုး၊ မဂ်ကုသိုလ်က (၄)မျိုး ဖြစ်တယ်။
1,349,256
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
မဟဂ္ဂုတ်စျာန်ကုသိုလ် ၉-မျိုးကို ပြုလုပ်ရရှိသူဟာ ဆုတောင်းနေစရာ မလိုဘူး။
1,349,257
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သေရင် ဗြဟ္မာ့ဘုံ ၂၀ မှာ စျာန်ချမ်းသာကို ခံစားရမယ်။
1,349,258
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ပထမစျာန်ကုသိုလ်ရသူက ပထမစျာန်ဗြဟ္မာ့ဘုံ၊ စတုတ္ထစျာန်ရတဲ့သူက စတုတ္ထစျာန် ဗြဟ္မာ့ဘုံမှာ စျာန်ချမ်းသာကို ခံစားရတယ်။
1,349,259
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဝိပဿနာကျင့်လို့ မဂ်ကုသိုလ် ၄-ပါးရတဲ့သူဟာလဲ ဖိုလ်ကုသိုလ် ၄-ပါး အကျိုးခံစားရမယ်။
1,349,260
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သောတာပတ္တိမဂ် ကုသိုလ်ရတဲ့သူက သောတာပတ္တိဖိုလ်၊ အရဟတ္တမဂ် ရတဲ့သူက အရဟတ္တဖိုလ် အကျိုးခံစားတယ်။
1,349,261
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကာမာဝစရကုသိုလ် ၈-မျိုးကို ပြုလုပ်ထားတဲ့ သူကတော့ လူ့ဘုံနဲ့ နတ်ပြည် ၆ ထပ်လို့ ခေါ်တဲ့ ကာမသုဂတိ ၇ ဘုံမှာ လူချမ်းသာ နတ်ချမ်းသာကို ခံစားရတယ်။
1,349,262
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီလိုခံစားရတဲ့နေရာမှာ ဘယ်ကုသိုလ်ဟာ ဘယ်ဘုံမှာ ခံစားရမယ်လို့ ပိုင်းခြားကန့်သတ်မှု မရှိဘူး။
1,349,263
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကာမာဝစရကုသိုလ်တစ်ခုဟာ လူ့ဘုံ စတုမဟာရာဇ် တာဝတိံသာ စတဲ့ သုဂတိ ၇ ဘုံလုံးမှာ ဖြစ်နိုင်တယ်။
1,349,264
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လူ့ဘဝတစ်ခုတည်းမှာလဲ လူချမ်းသာတွေက အမျိုးအစားအားဖြင့် မရေမတွက် နိုင်လောက်အောင် များပြားတယ်။
1,349,265
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
နတ်ပြည်မျာလဲ နတ်ချင်းတူပေမယ့် ချမ်းသာသုခ မတူကြဘူး။
1,349,266
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုံဘဝ ၇-ခုမှာ မရေမတွက်နိုင်တဲ့ သုခတွေ ရှိတဲ့အနက်ထဲက ယနေ့ ယခု ပြုရသော ကုသိုလ်ကောင်းမှု ကံကြောင့် ဘယ်ဘုံမှာ ဘယ်လို ချမ်းသာသုခတွေ ခံစား စံစားရပါလို၏လို့ တိကျတဲ့ ဘုံဌာနဲ့ တိကျတဲ့ချမ်းသာကို ထုတ်ဖော် ဆုတောင်းဖို့ လိုတယ်။
1,349,267
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဇောတိက သူဌေးအလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ဝါးခြမ်းစိပ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခု ဇောတိကသူဌေး ဖြစ်တဲ့အခါ သူ့ပစ္စည်းတွေကို ဘယ်သူမှ ခိုးယူလို့ မရဘူး။
1,349,268
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘဝက တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတာဟာ ပိဋကတ်တော်မှာ နေရာအများ တွေ့နိုင်တယ်။
1,349,269
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခု ပြုပြီးရင် မိမိလိုတဲ့ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရမယ်။
1,349,270
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါန၊ သီလ စတဲ့ ကာမာဝစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမယ့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံ မေ ပုညံ အာသာက္ခယံ ဝဟံ ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ကို ပေးဆောင်နိုင်ပါစေသတည်း။
1,349,271
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာ ဖြစ်တယ်။
1,349,272
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ရှေ့မှာ ပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ဝိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊ နိဗ္ဗာန် အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်။
1,349,273
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်လေးပါးဆိုတာ ဘာလဲ။
1,349,274
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်လေးပါးဆိုတာ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အခါမရ ချမ်းသာသုခမရှိတဲ့ -
1,349,275
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ငရဲ တိရစ္ဆာန်
1,349,276
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ပြိတ္တာ အသူရကယ်
1,349,277
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လေးမျိုးကို ခေါ်တယ်။
1,349,278
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ငရဲဆိုတာ ဘာလဲ။
1,349,279
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ငရဲဆိုတာ နိရိယပါဠိက နိရဲ၊ နရဲ၊ ငရဲလို့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ပုဒ်ဖြစ်တယ်။
1,349,280
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အကုသိုလ်ဒုစရိုက် ပြုတဲ့လူတွေ သေတဲ့အခါ ရောက်ရှိရတဲ့ ချမ်းသာသုခ လုံးဝမရှိ။
1,349,281
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
မီးတောက်မီးလျှံတွေ အမြဲလောင်ကျွမ်းနေတဲ့ ဒီကမ္ဘာမြေကြီးရဲ့အောက် ယူဇနာ တစ်သောင်းငါးထောင် အကွာမှာရှိတဲ့ သိဇ္ဇိုဝ်းငရဲ၊ ကာလာသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲဆိုပြီး ငရဲကြီး ရှစ်ထပ်ရှိတယ်။
1,349,282
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ငရဲကြီး တစ်ထပ် တစ်ထပ်မှာ ငရဲငယ် ၅-ထပ် ကာရံနေတယ်။
1,349,283
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
တိရစ္ဆာန်ဆိုတာ ဘာလဲ။
1,349,284
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
တိရစ္ဆာန်ဆိုတာကတော့ ယခုမျက်မြင်ဖြစ်နေတဲ့ ငါး၊ လိပ်၊ ခွေး၊ နွား၊ ကြက်၊ ငှက် စတဲ့ တိရစ္ဆာန်အားလုံးကို ခေါ်တယ်။
1,349,285
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
တိရစ္ဆာန်ဘဝမှာ ချမ်းသာကင်းပုံကတော့ အများမျက်မြင်ပဲ ဖြစ်ပါတယ်။
1,349,286
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
တိရစ္ဆာန် ဖြစ်ရမှုကို အင်မတန် ကြောက်ဖို့ ကောင်းတယ်။
1,349,287
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ပြိတ္တာဆိုတာ ဘာလဲ။
1,349,288
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
တစ္ဆေ၊ မှင်စာ၊ သူရဲသဘက်၊ ဖုတ်ကောင်၊ ကျတ်ကောင်တွေကို ပြိတ္တာလို့ ခေါ်တယ်။
1,349,289
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သုဿာန်၊ အိမ်ကြိုအိမ်ကြား စသည်မှာ ထမင်းဟင်းကျန်၊ တံတွေး၊ အံဖတ်၊ အပုပ်အစပ်တွေကို ရှာစားနေတဲ့ သတ္တဝတွေ ဖြစ်တယ်။
1,349,290
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အသူရကာယ်ဆိုတာ ဘာလဲ။
1,349,291
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစား တစ်မျိုးပဲ။
1,349,292
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လူတွေနဲ့ ဝေးကွာတဲ့ သမုဒ္ဒရာမြစ်ကမ်းမှာ နေကြတယ်။
1,349,293
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သူတို့ရဲ့ အကုသိုလ်ကြောင့် ရေမသောက် အစာမစားရတဲ့ သတ္တဝါတွေ ဖြစ်တယ်။
1,349,294
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကပ်သုံးပါးဆိုတာ ဘာလဲ။
1,349,295
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကပ်ဆိုတာ ပါဠိလို့ ကပ္ပကို မြန်မာလို ကပ်လို့ ခေါ်တယ်။
1,349,296
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အကြီးအကျယ် ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။
1,349,297
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီပျက်စီးခြင်း ကပ်သုံးမျိုးရှိတယ်။
1,349,298
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ သေနတ်၊ စိန်ပြောင်း၊ အမြောက်၊ ဗုံး၊ ဒုံးကျည်လက်နက်တွေကို ထိမှန်ပြီး လူအများ သေကြေနေကြတာကို သတ္တန္တရကပ် ဆိုက်တယ်လို့ ခေါ်ပါတယ်။
1,349,299
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လက်နက်ထိမှန်၍ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
1,349,300
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကျောက်ရောဂါ၊ ဝမ်းရောဂါ၊ ပုလိပ်ရောဂါစတဲ့ ရောဂါဆိုးကြီးတွေဟာ ရပ်ကွက်တစ်ကွက်၊ မြို့ရွာနယ်ပယ် တစ်ခု၊ တိုင်းပြည်တစ်ခုလုံးမှာ ကျရောက်ဖြစ်ပျက်ပြီး လူအများ သေကြေပျက်စီးရတာကို ရောဂန္တရကပ် ဆိုက်ရောက်တယ်လို့ ခေါ်ပါတယ်။