id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,349,301 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ရောဂါဆိုးတွေ ကျရောက်ပြီး လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ |
1,349,302 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မိုးခေါင်၍ဖြစ်စေ၊ ရေကြီး၍ဖြစ်စေ၊ စစ်မက်ထူပြော၍ မစိုက်မပျိုးနိုင်သောကြောင့် ဖြစ်စေ၊ စိုက်ပျိုးပြီး စပါးသီးနှံများ ကြက်ငှက် ပိုးမွှား ဖျက်ဆီး၍ ဖြစ်စေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကို ဒုဗ္ဘိက္ခန္တရကပ် ဆိုက်တယ်လို့ ခေါ်တယ်။ |
1,349,303 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ငတ်မွတ်ခေါင်းပါးလို့ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ |
1,349,304 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ။ |
1,349,305 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ရပ်ပြစ်ရှစ်ပါးဆိုတာက အပြစ်ရှိတဲ့ အရပ် (၈)ပါးကို ခေါ်တယ်။ |
1,349,306 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ထိုအရပ်၊ ထိုဘဝ (၈)မျိုးသို့ ရောက်နေလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါမရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ ဘဝလို့ ဆိုရတယ်။ |
1,349,307 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ပါဠိတော်မှာ အက္ခဏလို့ ခေါ်တယ်။ |
1,349,308 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ကလာ (ဒေသ)လို့ ဆိုလိုတယ်။ |
1,349,309 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အပါယ်လေးပါး ရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာ အမျိုးအစားထဲ ထည့်ပြီး … |
1,349,310 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၁) ငရဲ (၂) တိရစ္ဆာန် |
1,349,311 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၃) ပြိတ္တာ |
1,349,312 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၄) အသညသတ်နဲ့ အရုပဗြဟ္မာဘုံ |
1,349,313 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၅) သာသနာတော် မရောက်နိုင်တဲ့ နယ်စွန်နယ်ဖျား လူရိုင်းဒေသ |
1,349,314 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၆) သာသနာကို မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိ လူမျိုးဖြစ်ခြင်း |
1,349,315 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၇) တရားတော်ကို နားလည်နိုင်သောဉာဏ် မရှိသူဖြစ်ခြင်း |
1,349,316 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း |
1,349,317 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အဲဒီ အရပ်ရှစ်မျိုးမှ ရောက်နေတဲ့ သတ္တဝါတွေဟာ တရားတော်ကို နာကြားခွင့်၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရတဲ့အတွက် ထိုဒေသတွေကို ရောက်မှာကို ဗုဒ္ဓဘာသာဝင်တွေ ကြောက်ကြတယ်။ |
1,349,318 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဒါကြောင့် ဒီသြကာသ ဆုတောင်းထဲမှာ ထည့်ပြီး ဆုတောင်းထားခြင်း ဖြစ်တယ်။ |
1,349,319 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ရန်သူမျိုးငါးပါးဆိုတာ ဘာလဲ။ |
1,349,320 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၁) ရေ၊ (၂) မီး၊ (၃) ခိုးသူ၊ (၄) အမွေခံသားဆိုး၊ (၅) မင်းဆိုး၊ ဤငါးမျိုးကို ရန်သူမျိုးငါးပါးလို့ ခေါ်တယ်။ |
1,349,321 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဝိပတ္တိတရားလေးပါးဆိုတာ ဘာလဲ။ |
1,349,322 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၁) ကာလဝိပတ္တိ = မင်းဆိုးမင်းညစ် အုပ်စိုးသောခေတ်နှင့် ကြုံရခြင်း။ |
1,349,323 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း။ |
1,349,324 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၃) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ လက္ခဏာ ဖောက်ပြန်ချွတ်ယွင်းခြင်း။ |
1,349,325 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၄) ပယောဂဝိပတ္တိ = ကောင်းသောအမှုကိစ္စ၌ အားထုတ် လုံ့လမပြုခြင်းဟု ဝိပတ္တိ ခေါ် ဖောက်ပြန်ချွတ်ယွင်း ပျက်စီးမှုဟာ လေးမျိုးရှိတယ်။ |
1,349,326 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဗျသနတရား ငါးပါးဆိုတာ ဘာလဲ။ |
1,349,327 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ပျက်စီးဆုံးပါးခြင်းကို ဗျသနတရားလို့ ခေါ်တယ်။ |
1,349,328 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၁) ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း။ |
1,349,329 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။ |
1,349,330 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၃) ရောဂဗျသန = အနာရောဂါဖြစ်၍ ကျန်းမာမှု ပျက်စီးခြင်း။ |
1,349,331 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၄) ဒိဋ္ဌိဗျသန = မှားသောအယူကို ယူခြင်း။ |
1,349,332 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (၅) သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း။ |
1,349,333 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ်တရားဆိုတာ ဘာလဲ။ |
1,349,334 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ်တရားဆိုတာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄-ပါးကိုလဲ ခေါ်တယ်။ |
1,349,335 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အဲဒီလေးပါးကို လောကုတ္တရာကုသိုလ် ၄-ပါးလို့လဲ ခေါ်တယ်။ |
1,349,336 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အဲဒီ မဂ်ကုသိုလ် ၄-ပါးရတဲ့ ပုဂ္ဂိုလ်ကို မဂ္ဂဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။ |
1,349,337 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဖိုလ်တရားဆိုတာ ဘာလဲ။ |
1,349,338 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဖိုလ်တရားဆိုတာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် လေးပါးဖြစ်တယ်။ |
1,349,339 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အဲဒီ ဖိုလ်လေးပါးကို ရနေတဲ့ ပုဂ္ဂိုလ်လေးယောက်ကို ဖလဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။ |
1,349,340 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | တစ်ယောက်စီကိုတော့ အစဉ်အတိုင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တယ်။ |
1,349,341 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ ဘယ်လိုခေါ်သလဲ။ |
1,349,342 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ လောကုတ္တရာစိတ် ၈-ပါးလို့ ခေါ်တယ်။ |
1,349,343 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက် ပေါင်း (၈)ယောက်ကို အရိယာပုဂ္ဂိုလ် ၈ ယောက်လို့လဲ ခေါ်တယ်။ |
1,349,344 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အရိယာသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ |
1,349,345 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ပရမတ္ထသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ |
1,349,346 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | သံဃာတော် ၈-ပါးလို့လဲ ခေါ်တယ်။ |
1,349,347 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (သံဃံ သရဏံ ဂစ္ဆာမိမှာ သံဃအရ ဒီပရမတ္ထသံဃာ ၈-ပါးကို ယူရတယ်။ |
1,349,348 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ။ နိဗ္ဗာန်တရားဆိုတာ ဘာလဲ။ |
1,349,349 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | နိဗ္ဗာန်ဆိုတာ နိဗ္ဗာန = နိဝါနဆိုတဲ့ ပါဠိက ပြောင်းလာတဲ့ စကားဖြစ်တယ်။ |
1,349,350 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | နိ = ကင်းခြင်း မရှိဘူး + ဝါန = လိုချင်တပ်မက်မှု တဏှာ + နိဗ္ဗာန = လိုချင်တပ်မက်မှု တဏှာမရှိသဖြင့် ဆင်းရဲဒုက္ခလဲ မရှိတော့ဘဲ အေးငြိမ်းချမ်းသာမှုကို နိဗ္ဗာန်လို့ ခေါ်တယ်။ |
1,349,351 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ထားကာ အလိုလားအပ်ဆုံးဖြစ်တဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တယ်။ |
1,349,352 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ် ၄-ပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို ဘယ်လိုခေါ်သလဲ။ |
1,349,353 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို လောကုတ္တရာတရား ၉-မျိုးလို့ ခေါ်တယ်။ |
1,349,354 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဓမ္မ = တရားတော်လို့လဲ ခေါ်တယ်။ |
1,349,355 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | အဲဒီ ၉-မျိုးထဲကို ပိဋကတ်သုံးပုံ ပရိယတ္တိတစ်ပါး ထပ်ဖြည့်ပြီး ဓမ္မ = တရားတော် ၁၀-ပါးလို့လဲ ခေါ်တယ်။ |
1,349,356 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | (ဓမ္မံ သရဏံ ဂစ္ဆာမိမှာ ဓမ္မအရ ဒီတရား ၁၀-ပါးကို ယူရတယ်။ |
1,349,357 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ။ လောကုတ္တရာကိုးပါးကို ဆုတောင်းယူလို့ မရ၊ ကျင့်ကြံအားထုတ်မှ ရတယ်ဆိုရင် ဘယ်တရားတွေကို အားထုတ်ရမလဲ။ |
1,349,358 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ရှေးဦးစွာ သီလဖြူစင်အောင် စောင့်ထိန်းရမယ်၊ ပြီးတော့ သမာဓိ တည်ကြည်အောင် သမထဘာဝနာကို အားထုတ်ရမယ်။ |
1,349,359 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | သမာဓိ အားကောင်းလာတဲ့အခါ ရုပ်နာမ်တရားတွေရဲ့ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုကို သုံးသပ်ဆင်ခြင်ကာ ဝိပဿနာ ဘာဝနာကို ပွားများရမယ်။ |
1,349,360 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | တရားအားထုတ်နည်း အကျယ်ကိုသိချင်ရင် ဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းတွေကို ဖတ်ရမယ်။ |
1,349,361 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | လက်တွေ့ တရားအားထုတ်ချင်ရင် ရိပ်သာတစ်ခုခုကို သွားပြီး ဆရာတော်ထံ ချဉ်းကပ်၍ ဇွဲလုံ့လကောင်းကောင်းနဲ့ အားထုတ်ကြရမယ်။ |
1,349,362 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း အားထုတ်သွားရင် မဂ်ဖိုလ်နိဗ္ဗာန် အကျိုးထူးကို ခံစားရမယ်။ |
1,349,363 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | လူတွေက သြကာသနဲ့ ရှိခိုးကန်တော့ပြီးတဲ့အခါ ဘုန်းတော်ကြီးများက ဆုပေးကြတယ်။ |
1,349,364 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုဟာ ပေးလို့ရပါသလား။ |
1,349,365 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုတောင်းခန်းမှ ပြခဲ့တဲ့အတိုင်းပဲ ဆုဟာ တောင်းလို့မရသလို ဘုန်းတော်ကြီးများကလဲ ပေးလို့မရပါဘူး။ |
1,349,366 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | လူ နတ် နိဗ္ဗာန် သုံးတန်သော ကောင်းကျိုးတရားကို ရယူချင်တဲ့သူဟာ ထိုတရားတွေကို ရရာရကြောင်း ကောင်းမှုကုသိုလ်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှသာ ရမှာဖြစ်တယ်။ |
1,349,367 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဘုန်းကြီးတွေက ဆုပေးပေမယ့် ပေးတိုင်းမရဘူးဆိုရင် ဘာဖြစ်လို့ ဆုပေးတဲ့ အစဉ်အလာကို ရှေးဆရာတော်ကြီးများ တီထွင်ခဲ့ပါသလဲ။ |
1,349,368 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုပေးတယ်ဆိုတဲ့ ဝေါဟာရက တွင်ကျယ်နေပေမယ့် အမှန်မှာတော့ ဆုပေးတာ မဟုတ်ပါဘူး။ |
1,349,369 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဒီလို ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးရတဲ့အတွက် ဒီအကျိုး-ဒီအကျိုးတွေကို ရနိုင်တယ်လို့ နည်းညွှန်လမ်းပြ ဟောပြောတာပဲ ဖြစ်ပါတယ်။ |
1,349,370 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | တစ်နည်းအားဖြင့်တော့ ရှိခိုးကန်တော့တဲ့ ပုဂ္ဂိုလ် တောင်းတဲ့ဆုတွေဟာ ပြည့်စုံပါစေလို့ ထပ်ဆင့် ဆန္ဒပြုပေးတာပဲ ဖြစ်တယ်။ |
1,349,371 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | တစ်နည်းအားဖြင့် တစ်စုံတစ်ရာကို ရချင်လုပ်ချင်နေတဲ့ ပုဂ္ဂိုလ်ကို လုပ်ဖြစ်သွားအောင် အားပေးတိုက်တွန်းတဲ့ သဘောပဲ ဖြစ်တယ်။ |
1,349,372 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုတောင်းခန်းမှာ ဆုဟာ တောင်းလို့ မရပေမယ့် တကယ်ရစေမယ့် လက်တွေ့ လုပ်ဆောင်မှုကို နှိုးဆော်ပေးသလို ဖြစ်လို့ ဆုတောင်းလိုက်တာလိုပဲ ဆုဟာ ပေးလို့မရပေမယ့် ဆုပေးခံရတဲ့ ပုဂ္ဂိုလ်က ဒီဆုတွေကို လိုချင်စိတ်ဖြစ်လာပြီး လက်တွေ့ လုပ်ဆောင်ချင်တဲ့ စိတ်ကို နှိုးဆွပေးရာ ရောက်တဲ့အတွက် ဒီနှိုးဆွချက်အရ လက်တွေ့ တကယ်လုပ်ဆောင် တကယ်အကျိုးရနိုင်တဲ့အတွက် ဆုဟာ ပေးသင့်ပါတယ်။ |
1,349,373 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုပေးမှုဟာ တိုက်ရိုက်အကျိုး မရစေပေမယ့် အခုလို သွယ်ဝိုက်တဲ့နည်းနဲ့ အကျိုးရစေတာကို မြော်မြင်ပြီး ရှေးဆရာတော်များက ဆုပေးတဲ့ အစဉ်အလာကို တီထွင်ထားခဲ့တာ ဖြစ်ပါတယ်။ |
1,349,374 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဘုန်းကြီးက ဆုပေးပြီးတဲ့အခါ ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရားလို့ ဆိုတာကော ပြည့်စုံနိုင်ပါ့မလား။ |
1,349,375 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဆုဟာ တောင်းလို့လဲမရ၊ ပေးလို့လဲ မရဘူးဆိုရင် ပေးတာကို ခံယူလို့လဲ ဘယ်ရမလဲ။ |
1,349,376 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသဆုတောင်းခန်း | ဒါပေမယ့် အထက်မှာ ပြခဲ့တဲ့အတိုင်း ဆရာတော် ညွှန်ပြတဲ့အတိုင်း ကြိုးစားပါ့မယ်လို့ ဝန်ခံတဲ့သဘော မှတ်ယူပြီး ကြိုးစားရင် အကျိုးကို ဧကန်မုချရနိုင်ပါတယ်။ |
1,349,377 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ပညာဝံ ပညဝါ ဗုဒ္ဓ၊ သုတဝံ သုတဝါ တုလ၊ |
1,349,378 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘဂဝံ ဘဂဝါ ဘောန္တံ၊ ဘောန္တံ ဝန္ဒာမိ ဘောန္တဂုံ။ |
1,349,379 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ပညာဝံ ပညဝါ- ပညာရှိသူ နတ်လူတို့ထက် အထူးပညာရှိတော်မူထသော။ |
1,349,380 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | သုတဝံ သုတဝါ- သုတရှိသူ နတ်လူတို့ထက် အထူးသုတ ရှိတော်မူထသော။ |
1,349,381 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘဂဝံ ဘဂဝါ- ဘုန်းကံရှိသူ နတ်လူတို့ထက် အထူးဘုန်းကံ ရှိတော်မူထသော။ |
1,349,382 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | အတုလံ- တုဘက်လွတ်ကင်း သုံးလူ့မင်းလည်း ဖြစ်တော်မူပေထသော။ |
1,349,383 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဗုဒ္ဓ- သဗ္ဗညု မြတ်စွာဘုရား။ |
1,349,384 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘောန္တံ (အဘဝန္တံ)- သံသရာဘဝ မဆုံးနိုင်သူ နတ်လူဗြဟ္မာအပေါင်းတို့ကို။ |
1,349,385 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘောန္တံ (ဘဝန္တံ)- ဆုံးသော ဘဝရှိသည်ကို။ |
1,349,386 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘဝန္တံ ဘာဝန္တံ- ဖြစ်စေတော်မူတတ်ထသော။ |
1,349,387 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘောန္တဂုံ ဘဝန္တဂုံ- ဘဝဆုံးရာ နိဗ္ဗုတာသို့ ရှေးဦးစွာ ရောက်တော်မူပြီး ထသော။ |
1,349,388 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဘောန္တံ- ကိုယ်တော့်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ |
1,349,389 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဝန္ဒာမိ- လက်စုံမိုးကာ ရှိခိုးပါ၏။ |
1,349,390 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | ၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ | ဝန္ဒာမိ- ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား ... |
1,349,391 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ |
1,349,392 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပေါင်းလဲတိုက်၊ မဟာအောင်မြေ ရွှေသာလျောင်း ဓမ္မ ဗိမ္မာန်တော်ကြီးအတွင်း မန်းမြို့စျေး မိသားစု တို့၏ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အမတဒါန၊ ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “၁၂-နှစ်ကြာ အဖြေရှာ ခဲ့ရသော မေးခွန်းများ” အကြောင်း တရားဒေသနာ တော်။ |
1,349,393 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | “၁၂-နှစ်ကြာ အဖြေရှာခဲ့ရသောမေးခွန်းများ” တဲ့၊ ၁၂-နှစ်ကြာ အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေက ဘာတွေ လဲ? ဘယ်သူတွေ ဒီမေးခွန်းရဲ့ အဖြေကို ရှာနေကြ တာလဲ? ဘုန်းကြီးတို့အားလုံး ကြားဖူးကြလိမ့်မယ်၊ လောကမှာ မင်္ဂလာဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုလည်းပဲ ၁၂-နှစ်ကြာအောင် စဉ်းစားခဲ့ကြရ တယ်၊ အဖြေရှာမတွေ့ခဲ့ဘူး။ |
1,349,394 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နောက်ဆုံးမှာ မြတ်စွာ ဘုရားထံ ရောက်လာကြတဲ့အခါကျမှ ထိုမေးခွန်းရဲ့ အဖြေဟာ ထွက်လာတယ်။ |
1,349,395 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒီကနေ့ တရားချစ်ခင်သူတော်စင်တို့ရဲ့ ရင်ထဲမှာ လည်းပဲ မေးချင်နေတဲ့ မေးခွန်းတွေ ရှိပါလိမ့်မယ်။ |
1,349,396 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သိချင်တဲ့အချက်တွေ၊ လူတိုင်းလူတိုင်းမှာ သိချင်တဲ့ မေးခွန်းတွေ ရှိနေတတ်တယ်၊ လူတွေမှာသာ ဒီလို မေးခွန်းတွေရှိတာ မဟုတ်ဘူး၊ နတ်တွေမှာလည်း မေးခွန်းတွေ ရှိကြတာပဲ။ |
1,349,397 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မေးခွန်းဆိုတာ တစ်ခါတစ်ရံအဖြေက လွယ်လွယ် ကူကူနဲ့ ထွက်မလာဘူး။ |
1,349,398 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘုန်းကြီးတို့တစ်တွေ သာသနာ တော်နှင့် ကြုံကြိုက်နေသည့်အတွက်ကြောင့် အမေးကို မတွေ့ရမီ အဖြေတွေနဲ့ အရင်တွေ့နေကြတာမျိုးလည်း ရှိတယ်။ |
1,349,399 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အကယ်၍ ဘုရားမပွင့်ဘူး ဆိုလို့ရှိရင် ဒီမေးခွန်းပုစ္ဆာတွေဟာ အဖြေတွေ့ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်နော်။ |
1,349,400 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဖြေကို အရင်သိနေသည့် အတွက်ကြောင့် ခက်ခဲတဲ့အဖြေ မဟုတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.