id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,349,401
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတို့ စာပေထဲမှာ ရဟန်းတော် တစ်ပါး ဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေ ကို လိုက်ရှာလိုက်တာ အခုခေတ်စကားနှင့်ပြောရရင် ကမ္ဘာအနှံ့ပေါ့နော်။
1,349,402
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ စျာန်အဘိညာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာတယ်၊ သူသည် မေးခွန်းရဲ့အဖြေကို နောက်ဆုံးကျတော့ ဘယ်မှာ ရသွားသလဲဆိုတော့ လူ့ပြည်မှာပဲ အဖြေမှန် ရသွားတယ်။
1,349,403
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီမေးခွန်းက ဘာတုန်းဆိုလို့ရှိရင် “ဓာတ်ကြီး ၄-ပါး၊ မဟာဘုတ် ၄-ပါးလို့ ခေါ်တဲ့ ပထဝီ အာပေါ တေဇော ဝါယော ဆိုတာ ဘယ်နေရာမှာ အပြီးသတ် ချုပ်ငြိမ်းသွားသလဲ” ဆိုတဲ့ မေးခွန်းပဲ။
1,349,404
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီမေးခွန်းရဲ့ အဖြေကို သူရှာလိုက်တာ၊ ဒီမေးခွန်းကို သူ့အနီးအနားမှာရှိတဲ့ မြတ်စွာဘုရားဆီ မမေးဘူး၊ ဒီမေးခွန်းရဲ့ အဖြေကို သူစဉ်းစားလို့လည်း အဖြေမထွက်ဘူး။
1,349,405
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဖြေ မထွက်သည့်အတွက်ကြောင့် တန်ခိုးကြီးတဲ့နတ်တွေ (နတ်ကို အထင်ကြီးတာတော့ ရှေးတုန်းကတည်းက ရှိတယ်နော်)၊ တန်ခိုးကြီးတဲ့ နတ်တွေကတော့ ဒီအဖြေ ပေးနိုင်လောက်တယ်ဆိုပြီး နတ်တွေဆီ သွားအဖြေရှာ တယ်။
1,349,406
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီမေးခွန်း မေးလိုက်တိုင်း သူတို့ မသိပါဘူး၊ မသိပါဘူးပဲဖြေကြတယ်။
1,349,407
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်ဆုံးမှာ စတုမဟာရာဇ် ကနေ တာဝတိံသာရောက်၊ တာဝတိံသာကနေ အဆင့် ဆင့် တက်သွားတာ နတ်ပြည်ခြောက်ထပ်သာကုန်ရော အဖြေမရခဲ့ဘူး။
1,349,408
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဖြေမရတော့ ဒီရဟန်းက မလျော့သေးဘူး၊ ဗြဟ္မာတွေက ဒီ့ထက် တန်ခိုးကြီးတယ်။
1,349,409
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဗြဟ္မာ့ပြည် တက်ပြီး အဖြေရှာဦးမယ်လို့ဆိုပြီး ဗြဟ္မာ့ပြည်တက်ပြီး အဖြေရှာပြန်တယ်။
1,349,410
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဖြေရှာတဲ့အခါမှာ (ဗြဟ္မာတွေမှာ သာမန် ဗြဟ္မာနဲ့ မဟာဗြဟ္မာ ဆိုတာရှိတယ်) အဲဒီ သာမန်ဗြဟ္မာတွေဆီ မေးလိုက်တဲ့အခါကျတော့ သာမန် ဗြဟ္မာတွေက အဖြေမပေးနိုင်ဘူး၊ ဗြဟ္မပါရိသဇ္ဇာတို့၊ ဗြဟ္မပုရောဟိတာ တို့လို့ဆိုတဲ့ အဲဒီဗြဟ္မာတွေက အဖြေ မပေးနိုင်ဘူး။
1,349,411
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မပေးနိုင်တော့သူတို့ကဘယ်ကိုညွှန်းတုန်း ဆိုတော့ မဟာဗြဟ္မာကြီးကို မေးရင်တော့ သိကောင်း သိမယ်တဲ့။
1,349,412
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ မဟာဗြဟ္မာကြီးဆိုတာ ဒီကနေ့ခေတ်က God ဆိုပြီး ကိုးကွယ်နေကြတာကြီးပဲ။
1,349,413
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အမှန်ကတော့ ဗုဒ္ဓဘာသာကျမ်းစာမှာ အဲဒီဗြဟ္မာကြီးက သူ့ကိုယ်သူ လည်း Creater လို့ ယူဆတယ်။
1,349,414
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေကလည်း သူ့ကို Creater အဖြစ် ဖန်ဆင်းရှင်အဖြစ် ယုံကြည်နေကြတယ်။
1,349,415
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီကနေ့ခေတ်မှာ ကမ္ဘာ့လူသားတွေရဲ့ ၅-ပုံ ၄-ပုံလောက် က God ကိုယုံကြည်နေကြတာ၊ ဖန်ဆင်းရှင် ကို လက်ခံနေကြတယ်။
1,349,416
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အေး-အဲဒီဗြဟ္မာကြီးဘယ်နေတုန်းဆိုတာ ကျန်တဲ့ ဗြဟ္မာတွေက မသိဘူးတဲ့။
1,349,417
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါဖြင့် ဘယ်မှာနေတယ် ဆိုတာ မသိဘူးဆိုရင် ဒီဗြဟ္မာကြီးနှင့်တွေ့ဖို့ ဘယ်လို လုပ်ရမလဲဆိုတော့ ဗြဟ္မာကြီးလာရင် အရောင်အလင်း တွေက အရင်ပေါ်လာတယ်၊ သူဘယ်နေတယ် ဆိုတာ တော့ မသိဘူးတဲ့၊ အရောင်အလင်းတွေ ပေါ်လာလိမ့် မယ်၊ ပေါ်လာလို့ရှိရင်တော့ ဗြဟ္မာမင်းကြီး ရောက်လာ တတ်တယ်။
1,349,418
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီရဟန်းက အလင်းရောင်လေး ပေါ်တဲ့အချိန် စောင့်လိုက်တယ်။
1,349,419
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မကြာခင် အလင်းရောင် ပေါ်လာ တယ်၊ ပေါ်လာပြီးတာနဲ့ ဗြဟ္မာကြီးလည်း သူတို့ရှေ့ ဘွားကနဲပေါ်လာတယ်။
1,349,420
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပေါ်တဲ့အခါ အဲဒီရဟန်းက သူ့မေးခွန်းကိုမေးတယ်။
1,349,421
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“မဟာဘုတ် ၄-ပါး ဓာတ်ကြီး ၄-ပါး ဘယ်မှာ အပြီးသတ်ချုပ်တုန်း”
1,349,422
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဗြဟ္မာကြီးက ဒီမေးခွန်းရဲ့အဖြေ သူမသိဘူး၊ မသိ တာကို မသိဘူးလို့ သူပြောရမှာရှက်တယ်။
1,349,423
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေသာ ရှက်တာ မဟုတ်ဘူး၊ ဗြဟ္မာလည်းရှက်တယ်လို့ ပြောရ မယ်။
1,349,424
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘာဖြစ်လို့တုန်းဆိုတော့ ပတ်ဝန်းကျင်က သူ့ကို အထင်သေးသွားမှာစိုးသည့်အတွက်ကြောင့် မသိဘူး လို့ မပြောချင်ဘူး။
1,349,425
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မပြောချင်တော့ သူက ဘာတွေ ပြောတုန်းဆိုတော့ “ကျွန်ုပ်ဟာ ကမ္ဘာကြီးကို ဖန်ဆင်း တဲ့ မဟာဗြဟ္မာဖြစ်ပါတယ်” ဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေတယ်။
1,349,426
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ရဟန်းကလည်း မရဘူး ဇွတ်မေးတယ်၊ “သင့်ကို မဟာဗြဟ္မာလား၊ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင် လားလို့ ငါမေးတာ မဟုတ်ဘူး၊ မေးတာက ဓာတ်ကြီး ၄-ပါး မဟာဘုတ် ၄-ပါး ဘယ်မှာချုပ်တုန်း ငါသိချင် တာ” အဲဒီလို အတင်းအကြပ်မေးတဲ့အခါ ဗြဟ္မာကြီးက သူမသိဘူးလို့လည်း ပြောချင်တယ်၊ သူ့ပရိသတ်ရှေ့မှာ လည်း သူအဖြေမပေးချင်ဘူး။
1,349,427
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒါနဲ့ အဲဒီရဟန်းကိုလက်ဆွဲပြီးတော့ တစ်နေရာ ခေါ်သွားတယ်တဲ့။
1,349,428
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခေါ်သွားပြီးတဲ့အခါ သူက တိုးတိုး ပြောတယ်၊ “ဒီအဖြေ သူလည်းမသိဘူး” တဲ့၊ “ဒါ ကိုယ်တော့်အမှားပဲ” တဲ့၊ “ဒီမေးခွန်းရဲ့ အဖြေကို ဖြေနိုင်တာက ကိုယ်တော်တို့ ဘုရားပဲရှိတယ်၊ အဲဒီကို ပြန်မေးပါ” လို့ဆိုပြီး လူ့ပြည်ပြန်လွှဲချလိုက်တယ်။
1,349,429
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ မေးခွန်းဟာလည်းပဲ မြတ်စွာဘုရားကလွဲရင် မည်သူမျှ အဖြေမပေးနိုင်တဲ့ မေးခွန်းတစ်ခုဖြစ်တယ်။
1,349,430
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မြတ်စွာဘုရားဆီ ပြန်ရောက်သွားတဲ့အခါ သူ့ မေးခွန်းရဲ့ မပြည့်စုံမှု၊ မှားယွင်းမှုကို မြတ်စွာဘုရားက ပြင်ဆင်ပေးတယ်။
1,349,431
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပြီးတဲ့အခါကျမှ အဖြေပေးလိုက် တယ်တဲ့။
1,349,432
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ သုတ္တန်ဟာ ဒီဃနိကာယ်မှာ ပါတယ် ပေါ့။
1,349,433
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီလိုပဲ လောကကြီးမှာ လူတွေပဲဖြစ်ဖြစ်၊ နတ် တွေပဲဖြစ်ဖြစ် ဘဝအရေးနဲ့ပတ်သက်ပြီး ကြံတွေးတဲ့ အခါ ကိုယ်သိချင်တဲ့ မေးခွန်းတွေ ရင်ထဲမှာ ပေါ်လာ တတ်တယ်။
1,349,434
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သူတော်စင် ပရိသတ်တို့ရင်ထဲမှာလည်း မေးခွန်းတွေရှိနေမှာပါ။
1,349,435
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘာသာရေးဖြစ်ဖြစ်၊ လူမှုရေး ဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေ ရှိနေမှာပါ။
1,349,436
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အခု ၁၂-နှစ်ကြာသည်ထိအောင် အဖြေကို ရှာခဲ့ ရတဲ့ မေးခွန်းဆိုတာ ဘာတွေလဲ? ဘယ်သူတွေက ၁၂-နှစ်ကြာအောင် ရှာခဲ့တာလဲ? ဆိုတော့ စတုမဟာရာဇ်, တာဝတိံသာမှာနေကြတဲ့ နတ်တွေ၊ လူ့ဘုံလူ့လောကနှင့် ဆက်ပြီးနေတဲ့ နတ်တွေပဲ။
1,349,437
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မေးခွန်းတွေ ဖြစ်ပေါ်လာပြီး ထိုမေးခွန်းရဲ့ အဖြေ ကို ရှာကြတယ်။
1,349,438
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဖြေနိုင်မယ့်ပုဂ္ဂိုလ်ရှိမယ်ထင်တဲ့နေရာ၊ ဖြေနိုင်တဲ့ပုဂ္ဂိုလ်လို့ ထင်တဲ့သူတွေကို မေးခွန်းတွေ မေးတယ်။
1,349,439
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကျေနပ်လောက်တဲ့အဖြေ မရဘူး၊ နောက်ဆုံး ဒီမေးခွန်းက ဘယ်ထိရောက်သွားတုန်း ဆိုတော့ အောက်ခြေနတ်တွေ သာမန်နတ်တွေက မေးလိုက်တာ နောက်ဆုံး သိကြားမင်းကြီးထိအောင် ဒီမေးခွန်း ရောက်သွားတယ်။
1,349,440
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သိကြားဆိုတော့ အခြားနတ်တွေထက် သူက ဉာဏ်ရည် ဉာဏ်သွေး သာတာကိုး။
1,349,441
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သိကြားမင်းက သိတယ်၊ “ဒီမေးခွန်းက သာမန်ပုဂ္ဂိုလ်တွေ ဖြေနိုင်တဲ့ မေးခွန်းမျိုးမဟုတ်ဘူးတဲ့၊ ဘုရားဆီ သွားမေးမှဖြစ်မယ်” နတ်ပရိသတ်တွေ အားလုံးကိုခေါ်ပြီး မြတ်စွာဘုရားဆီ သွားပြီး မေးတာတဲ့။
1,349,442
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သူတို့ ဒီမေးခွန်းရဲ့အဖြေကို ရှာနေတာ ဘယ် လောက် ကြာတုန်းဆို ၁၂-နှစ်ကြာတယ်နော်။
1,349,443
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ ၁၂-နှစ်ကြာတဲ့ မေးခွန်းဟာ အကယ်၍များ ဘုရား မပွင့်ဘူးဆိုလို့ရှိရင် ဒီမေးခွန်းကြီးဟာ မေးခွန်းအနေနဲ့ပဲ ရပ်နေမှာပဲ။
1,349,444
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဖြေမှန်ထွက်လာမှာမဟုတ်ဘူး။
1,349,445
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မြတ်စွာ ဘုရားဆီရောက်တဲ့အခါကျတော့မှ အဖြေမှန်ထွက်လာ တယ်။
1,349,446
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီကနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ကြားမှာ အဖြေအနေနှင့် လူတိုင်းတော်တော်များများ ဒီမေးခွန်း ရဲ့အဖြေတွေကို သိနေကြတယ်၊ သို့သော် ရင်ထဲမှာ မေးခွန်းရှိချင်ရှိမယ်။
1,349,447
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မေးခွန်း - ၁
1,349,448
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နံပါတ်(၁) မေးခွန်းက ဘာတုန်းလို့ဆိုရင် “လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ?” ဟောဒီမေးခွန်းပဲ။
1,349,449
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြပြီဆိုရင် ပေးကြ ကမ်းကြတယ်ဆိုတာ ရှိတယ်မဟုတ်လား။
1,349,450
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီကနေ့ခေတ်မှာ အပေးအကမ်းတွေ ပိုတောင်များလာ သေးတယ်နော်၊ ပေးရ ကမ်းရတယ် ဆိုတာတွေက အများကြီးဖြစ်လာတဲ့အခါ ပေးရတဲ့အထဲမှာ ဘာ ပေးတာ ပိုကောင်းလဲ၊ ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းပဲ။
1,349,451
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီမှာ လူတွေသာမက နတ်တွေ လည်းပဲ ပေးလို့သာ သူတို့ဒီအတွေးပေါ်တာပေါ့။
1,349,452
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နတ်တွေလည်း တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးတာ မျိုး ရှိမှာပေါ့။
1,349,453
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပေးတာကမ်းတာကို ပါဠိစာပေမှာ “ဒါန” လို့ ပြောကြတယ်၊ ဒါနဆိုတဲ့ စကားလုံးလေး တွေ့လို့ရှိရင် ၂-မျိုး မှတ်ထားဖို့လိုတယ်။
1,349,454
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါနနှစ်မျိုး
1,349,455
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါနဆိုတာ လှူစရာ ပစ္စည်းကိုလည်း ဒါန လို့ ခေါ်တယ်၊ ဒါက နံပါတ်တစ်။
1,349,456
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်တစ်ခုက အဲဒီ လှူစရာပစ္စည်းတွေကို လှူစေတတ်တဲ့ စေတနာကို လည်း ဒါန လို့ခေါ်တယ်။
1,349,457
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဟော - ဒါန ဆိုတဲ့ စကားလုံးလေးမှာ ဒီလို အဓိပ္ပာယ်နှစ်မျိုးရှိတယ်ဆိုတာ ကိုလည်း မှတ်ထားပါ။
1,349,458
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“ဒါနံ ဒတွာ - ဒါနကို လှူ၍” ဆိုတဲ့နေရာမှာ စေတနာကို လှူတာမဟုတ်ဘူး၊ လှူစရာပစ္စည်းကို လှူတာ၊ ဒါနံ ဒတွာ ဆိုတဲ့စကားမှာ ဒါနံ-အလှူဒါနကို၊ ဒတွာ-ပေးလှူသောကြောင့်၊ အဲဒီစကားရပ်မှာ လှူစရာ ကို လှူသောကြောင့်လို့၊ ဒါနဝတ္ထုကို လှူသောကြောင့်လို့ ဆိုလိုတာ။
1,349,459
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါနဆိုတာ လှူစရာ ပစ္စည်းဝတ္ထုကို လှူသော ကြောင့်လို့ ဒီလိုအဓိပ္ပာယ်ယူရမယ်။
1,349,460
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“ဒါနတော ဘောဂဝါ - ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်“ဆိုတာကျတော့ အဲဒီဒါနက စေတနာကို ပြောတာ၊ ကံတရားကိုပြောတာ၊ လှူလိုက်တဲ့ လှူစေ တတ်တဲ့ စေတနာစွမ်းအား ကံတရားသည် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း ဆိုတဲ့ အကျိုးကိုပေးတယ်။
1,349,461
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့ ဒါနလို့ ဆိုတဲ့နေရာမှာ စကားလုံး ဆက်သွယ်မှုကို ကြည့်ပြီးတော့ ဒီဒါနရဲ့ အဓိပ္ပာယ်ကို မှတ်သားရမယ်ပေါ့။
1,349,462
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါနဆိုတာ တစ်ဦးနှင့်တစ်ဦး လက်ဆောင်အဖြစ် ပေးကြတယ်၊ ကမ်းကြတယ်။
1,349,463
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကိုယ့်ရှိတဲ့ ပစ္စည်းကို အများအတွက် စွန့်ကြဲတယ်။
1,349,464
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီလို ကိုယ့်ပစ္စည်း ကိုယ့်ရှိတာကိုပေးတယ် ဆိုတဲ့နေရာမှာ ပေးတာ ကမ်းတာတွေ မြောက်များစွာ အမျိုးမျိုးရှိတယ်ပေါ့။
1,349,465
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ငွေကြေးပေးတာ ရှိတယ်၊ ပစ္စည်းဥစ္စာပေးတာ ရှိတယ်၊ မြေပေးတာ ရှိတယ်၊ တိုက်အိမ်ပေးတာ ရှိတယ်၊ ပေးစရာတွေ အများကြီးပေါ့။
1,349,466
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတွေကျတော့ လှူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သုံးတယ်ပေါ့။
1,349,467
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သင်္ကန်း လှူတယ်၊ ကျောင်းလှူတယ်ပေါ့။
1,349,468
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လှူတာက ပေးတာ တွေချည်းပဲ။
1,349,469
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ ပစ္စည်းဝတ္ထုတွေပေးတဲ့ အပေး လောကမှာ ရှိနေတယ်။
1,349,470
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်တစ်ခု ဘာတုန်း၊ ခုခေတ် သုံးကြတယ် မဟုတ်လား။
1,349,471
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပညာဒါနတဲ့၊ အသိပညာကို ပေးကြ တယ်။
1,349,472
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မသိသေးတဲ့လူကို သိအောင် ပြောပြတယ်၊ အသိဉာဏ်ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးတယ်၊ ဒါလည်း ပေးတာပဲ။
1,349,473
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပညာပေးတယ်၊ အသိဉာဏ်ပေးတယ်၊ ကျန်းမာ ရေး စောင့်ရှောက်မှုပေးတယ် စသည်ဖြင့် ပေးမှုတွေ များစွာရှိတဲ့ အထဲမှာ ပစ္စည်းဥစ္စာပေးတာနဲ့ အသိပညာ ပေးတာ ဘယ်ဟာက ကောင်းသလဲ? ဆိုတဲ့ မေးခွန်းပဲ။
1,349,474
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပေးတာတွေ မြောက်များစွာ ရှိတဲ့အထဲမှာ အတူတူ ပဲလား၊ ပစ္စည်းဥစ္စာပေးတာနဲ့ ပညာပေးတာ ဒီနှစ်ခုဟာ အတူတူပဲလား စဉ်းစားလာတော့ ဘယ်ဟာ ပိုကောင်း လဲ? ဒါ လူ့လောကမှာ စဉ်းစားထိုက်တဲ့ဟာတစ်ခုပဲ။
1,349,475
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သာမန်နေလို့ရှိရင်တော့ မစဉ်းစားမိဘူးပေါ့။
1,349,476
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကျကျ နန အလေးအနက်ထားလို့ရှိရင် ဘာပေးတာဟာ ပိုကောင်းသလဲ၊ ပညာပေးတာဟာ ပိုကောင်းတယ် ဆိုတော့ ဘာဖြစ်လို့ ကောင်းသလဲ? ဆိုတဲ့ နောက် မေးခွန်းတစ်ခု ထပ်တက်လာတယ်။
1,349,477
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကောင်းပုံ ကောင်း နည်းကျတော့ မတူပြန်ဘူးနော်၊ အဲဒီတော့ ကောင်း တယ်ဆိုတာ ဘယ်ဘက်က ကြည့်တာလဲ? ရတဲ့လူ ဘက်က ကြည့်တာလား၊ ပေးတဲ့လူဘက်က ကြည့်တာ လား၊ နှစ်မျိုးကြည့်ရမယ်။
1,349,478
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခု ဒါနကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်တွေကြည့်လေလှူတဲ့ ပုဂ္ဂိုလ်ဘက်က ကြည့်တာလား၊ သို့မဟုတ် ရတဲ့ ပုဂ္ဂိုလ်ဘက်က ကြည့်တာလား၊ ကောင်းတယ်ဆိုတာ ဘယ်ဟာနဲ့ တိုင်းတာမှာလဲလို့ ဒီလိုပြောတယ်။
1,349,479
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ သဘောတရားတစ်ခု စဉ်းစားကြည့်ပေးတယ်ဆိုတာ ပေးတဲ့လူ အတွက်လား၊ ယူတဲ့လူ အတွက်လား? သေချာစဉ်းစားကြည့်လိုက်နော်၊ ပစ္စည်း တစ်ခု ပေးလိုက်တယ်ဆိုရင် ဘယ်သူ့မှာ တိုက်ရိုက် အကျိုးရှိသွားသလဲ၊ ပေးတဲ့သူက ပါသွားပြီလေ၊ ယူတဲ့ လူက ရတာပေါ့မဟုတ်ဘူးလား။
1,349,480
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပေးတဲ့လူက ကုန်သွား တာပဲလေ၊ ယူတဲ့လူက ရတာလေ။
1,349,481
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ ယူတဲ့လူ အတွက် အကျိုးလား၊ ပေးတဲ့လူတွေအတွက် အကျိုး လား (ပေးတဲ့လူအတွက် အကျိုးပါဘုရား)၊ အေး- ဒါန ဆိုတာ ပေးတဲ့သူအတွက် မဟုတ်ဘူး၊ ယူတဲ့လူအတွက် နော်၊ ဥပမာမယ် ပစ္စည်းဥစ္စာတစ်ခု ပေးလိုက်ပြီဆိုရင် ဒီလူက သူ့ဆီက လျော့သွားပြီး ဟိုလူက ရလိုက်တာ၊ ဒါ လက်တွေ့ကို ပြောပြတာပါ။
1,349,482
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ ဒါနဆိုတာ ယူမယ့်ပုဂ္ဂိုလ်အတွက် အကျိုးပြုတဲ့ ပစ္စည်းတစ်ခုပဲ၊ အကျိုးပြုတဲ့ လုပ်ရပ် တစ်ခုပဲ။
1,349,483
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လှူတယ် ဆိုကတည်းက တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ပေးတာ မဟုတ်လား။
1,349,484
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
စားစရာ မရှိတဲ့သူကို စားစရာ ပေးလိုက်တယ်။
1,349,485
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ယူတဲ့သူက ရမသွားဘူးလား၊ နေစရာမရှိလို့နေစရာပေးလိုက်တယ်၊ ယူတဲ့သူ ရသွားတယ်။
1,349,486
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အသိပညာမရှိလို့ အသိပညာ ပေးလိုက်တယ်၊ ယူတဲ့သူ ရသွားတာပဲ။
1,349,487
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ ကိုယ်ပေးလိုက်တာ၊ ကိုယ့်ရဲ့ပေးခြင်းဟာ ပေးသူကို အကျိုးပြုသလား၊ ယူသူကို အကျိုးပြုသလားဆိုရင် ယူသူကို အကျိုးပြု တာနော်။
1,349,488
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အေး- တစ်ချို့ကတော့ ပြောမှာပေါ့၊ လှူတာ ကုသိုလ်ရတယ်။
1,349,489
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကုသိုလ်ဆိုတာ အသာထားလိုက်ပါ၊ ကိုယ့်ဆီက အရင်ကုန်သွားတာတော့ သေချာတယ်။
1,349,490
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တကယ်လက်တွေ့ ခံစားရတာကတော့ ကြည့်- လှူတဲ့ သူလား၊ ယူတဲ့သူလား၊ ရတဲ့သူက တကယ်ရသွား တာလေ။
1,349,491
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့ ဒါနကောင်းမှုနဲ့ ပတ်သက်ပြီး ဘယ်စံနဲ့ ဆုံးဖြတ်မလဲတဲ့။
1,349,492
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပညာပေးတာနဲ့ ပစ္စည်းဝတ္ထု ပေးတာ ဘယ်ဟာပိုကောင်းလဲဆိုတာကို အဲဒီစံနှစ်ခုနဲ့ ဆုံးဖြတ်မယ်၊ ကဲ- အဲဒီမေးခွန်းလေးကို နတ်တွေက မေးလိုက်ကြတာ။
1,349,493
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အချင်းချင်းမေးလို့ အဖြေမထွက်ဘူး၊ စတုမဟာ ရာဇ် နတ်မင်းကြီးတွေဆီ သွားမေးလည်း အဖြေမထွက် ဘူး၊ သိကြားမင်း သွားမေးတော့လည်း အဖြေမထွက် ဘူး။
1,349,494
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အားလုံးစုပြီးတော့ ဘုရားဆီ သွားလျှောက်တဲ့အခါ ကျတော့ ဘုရားက အဖြေပေးလိုက်တယ်။
1,349,495
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီစကားလုံး လေးကိုအားလုံးသိတယ်၊ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် တွေတင် မကဘူး၊ နိုင်ငံခြားက ဗုဒ္ဓဘာသာဝင်တွေ လည်း သိနေကြတယ်။
1,349,496
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ' တဲ့။
1,349,497
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုရားက အဖြေ ပေးလိုက်တဲ့စကားလေး။
1,349,498
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သဗ္ဗဒါနံ-အားလုံးသော ပေးမှု တွေကို၊ ဓမ္မဒါနံ-ဓမ္မကိုပေးခြင်းက၊ ဇိနာတိ-အနိုင် ရတယ်လို့ ပြောတာ။
1,349,499
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘာပဲပေးပေး၊ ပေးတာတွေအားလုံးကို ဘယ်ဟာ က အနိုင်ရတုန်း၊ ဘယ်ဟာက အုပ်စိုးထားနိုင်တုန်း ဆိုရင် ဓမ္မကိုပေးခြင်းက အုပ်စိုးထားနိုင်တယ်လို့ ဆိုလို တယ်။
1,349,500
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မလို့ဆိုတဲ့အထဲမယ် ခုနက ပညာပေးတာ လည်း ပါတယ်ပေါ့။