id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,349,501 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒီနေရာမှာ “ဓမ္မဒါန” လို့ ခေါ် တယ်။ |
1,349,502 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အားလုံးနားလည်နေကြတာတော့ တရားအလှူ ပေါ့နော်။ |
1,349,503 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နဲနဲခွဲပြီး တော့ကြည့်၊ နံပါတ်တစ်က အာမိသဒါန - အဆောက် အဦးပဲ လှူလှူ၊ စားစရာပဲလှူလှူ၊ ဝတ်စရာပဲလှူလှူ၊ ဆေးပဲလှူလှူ ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို “အာမိသဒါန” လို့ ခေါ်တယ်နော်။ |
1,349,504 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒါက တစ်ခု။ |
1,349,505 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီလိုအကောင်အထည်မရှိဘဲနဲ့ လူတစ်ယောက် ကို အသိဉာဏ်ပေးတယ်၊ ဓမ္မအသိပေးတယ်၊ လောက အသိပေးတယ်။ |
1,349,506 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီလို အသိဉာဏ်နဲ့ ပတ်သက်တာ တွေကို ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန၊ “ဓမ္မဒါန” ဆိုတာက အကောင်အထည်ကြီးရှိတာ မဟုတ်ဘူးနော်၊ အသိကိုပေးတာ၊ ဟိုတစ်ဖက်သားက ပစ္စည်းဝတ္ထု ရသွားတာမဟုတ်ဘူး၊ အသိဉာဏ်ပဲ ရသွား တာ။ |
1,349,507 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ် ဆိုလို့ရှိရင်တဲ့ သဗ္ဗဒါနံ ပေးတာတွေအားလုံးကို (ဘာပဲပေးပေး၊ ပစ္စည်း ဝတ္ထုတွေ ပေးတာတွေ၊ ပေးတာတွေအားလုံးကို) ဘယ် ဟာက အနိုင်ရထားတုန်း၊ ဘယ်အရာက အုပ်စီးထား တုန်းလို့ဆိုရင် ဓမ္မဒါနလို့ ခေါ်တဲ့ ဓမ္မအလှူက အနိုင် ရပါတယ်၊ ပညာအလှူက အနိုင်ရပါတယ်လို့ ပြော တယ်။ |
1,349,508 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နတ်တွေကတော့ မြတ်စွာဘုရား ဒီလောက် ဖြေလိုက်တာနဲ့ သူတို့ကျေနပ်သွားတယ်၊ ဘုန်းကြီးတို့ တစ်တွေက မကျေနပ်သင့်သေးဘူး။ |
1,349,509 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာဖြစ်လို့ ဓမ္မဒါန က ဒါနအားလုံးကို အုပ်စိုးထားနိုင်သလဲ၊ ဓမ္မဒါနက ဘာကြောင့်အမြတ်ဆုံးလဲဆိုတာ ဆက်ပြီး စဉ်းစား ရမယ်၊ ဆက်မစဉ်းစားလို့ရှိရင် မသိနိုင်သေးဘူးနော်။ |
1,349,510 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဓမ္မဒါန အမြတ်ဆုံးဖြစ်ရခြင်း |
1,349,511 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ အဋ္ဌကထာ ဆရာက ရှင်းထားတာ အချက်နှစ်ချက်ပေးထားတယ်။ |
1,349,512 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အချက်နှစ်ချက်က ဘာလဲလို့ဆိုရင် “လောကမှာ“တဲ့“လှူမှုတန်းမှု လုပ်နေကြတာတွေဟာ ဓမ္မဒါန ဆိုတဲ့ အသိဉာဏ်ပေးလို့ အသိဉာဏ် ရ,ထားတဲ့အပေါ်မှာ အခြေခံပြီးတော့ လှူကြတာ” တဲ့။ |
1,349,513 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဆိုလိုတာက တရားဓမ္မ နာယူကြရလို့ လူတွေဟာ ဒါန လုပ်နေကြတာ။ |
1,349,514 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တရားမှ မနာယူရရင် ဒါနမလုပ် ဘူး၊ ဒါ့ကြောင့် ဓမ္မဒါနက ပိုပြီးတော့ အရင်းခံကျတာ ပေါ့၊ ဒါတစ်ခု မှတ်ထားပေါ့နော်။ |
1,349,515 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါ အဋ္ဌကထာ ဆရာကြီးက ဖြေတာ၊ ပစ္စည်းဝတ္ထုတွေ ဘယ်လောက်ပဲ လှူလှူတဲ့၊ အခုလို တရားပွဲကြီးတွေ ကျင်းပပြီးတော့ အသိဉာဏ်ကို ပေးလှူလိုက်တာက၊ ဓမ္မအသိကို ပေးလှူ လိုက်တာက ပိုပြီးကောင်းတယ်တဲ့။ |
1,349,516 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာဖြစ်လို့ ကောင်း တာတုန်းဆိုတော့ လူတွေဟာ တရားနာရမှ သဒ္ဓါ တရားတွေ ဖြစ်လာပြီး ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု ဆိုတာတွေ လုပ်တာတဲ့။ |
1,349,517 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီတော့ ဒီဓမ္မဒါနဆိုတဲ့ ဓမ္မအသိဉာဏ်ကို ပေးလှူတာဟာ ဒါန အားလုံးကို ဖြစ်ပေါ်စေတတ်သည့် အတွက်ကြောင့် အကောင်းဆုံးလို့ ပြောရတယ်။ |
1,349,518 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါ အဋ္ဌကထာဆရာကြီးက ရှင်းတဲ့တစ်ချက်နော်။ |
1,349,519 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါဖြင့် သူရှင်းတာက အခြေခံကျတဲ့အကြောင်းကို ရည်ရွယ်ပြောတဲ့ စကားတစ်ခုပဲနော်။ |
1,349,520 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အခြေခံကျတယ်ဆိုတဲ့ အကြောင်းတစ်ခုပြောတာ။ |
1,349,521 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နောက်အကြောင်းတစ်ခု ပေးလိုက်တာ ရှိသေး တယ်။ |
1,349,522 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာတုန်းဆိုတော့ အသိပညာဓမ္မဒါနလို့ခေါ်တဲ့ တရားနာရလို့၊ တစ်ဦးတစ်ယောက်ကမှ တရားကို ရှင်းပြခြင်း (ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော်)၊ အသိပညာပေးခြင်း မရှိဘူးဆိုရင် ဘုရား၊ ပစ္စေကဗုဒ္ဓ ကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ တရားထူးတရားမြတ် မရနိုင် ဘူးတဲ့။ |
1,349,523 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရှင်သာရိပုတ္တရာမထေရ်မြတ်တောင် ရှင်အဿဇိ ရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကို လက်ခံရရှိမှ သောတာပန် ဖြစ်တာ။ |
1,349,524 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကြည့်လေ ရှင်သာရိပုတ္တရာရဲ့အလောင်း ဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရားကို လိုက်ရှာတယ်။ |
1,349,525 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်ကြီး ထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေတယ်။ |
1,349,526 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သူ့ဆီက ပညာတွေ သင်လိုက်တယ်။ |
1,349,527 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီ သင်ယူလိုက်တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို ပေးနိုင်စွမ်း မရှိဘူး။ |
1,349,528 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို လှည့်လည်ပြီး ရှာရင်း စောင့်စားနေတာ အကြာကြီးပဲ၊ နောက်ဆုံး ကျတော့ မြတ်စွာဘုရားပွင့်လို့ ပဉ္စဝဂ္ဂီ ငါးဦးကို တရား ဓမ္မဟော၊ တရားဟောပြီး သာသနာပြုတွေ စေလွှတ် လိုက်တဲ့နောက်မှာ ပဉ္စဝဂ္ဂီတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိက တစ်ပတ်ပြန်ကျော့ပြီးတော့ ရာဇဂြိုဟ်ကို ရောက်လာတယ်။ |
1,349,529 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿ ပရဗိုဇ်က သွားတွေ့တယ်။ |
1,349,530 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြင်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့ အနေအထားကို စိတ်ထဲမှာ ကျေနပ်သွား တယ်။ |
1,349,531 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရင်ထဲမှာ တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာ အနေ အထား၊ ကိုယ်ဣန္ဒြေအမူအရာနဲ့ တရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား၊ ကိုယ်ဣန္ဒြေအမူအရာက လုံးဝ မတူဘူး၊ ခြားနားတယ်။ |
1,349,532 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အကဲခတ်တတ်တဲ့ပုဂ္ဂိုလ်က သိတယ်။ |
1,349,533 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရင်ထဲမှာ အေးချမ်းနေလို့ရှိရင် မျက်နှာ မှာလည်း လာပြီး အရိပ်ထိုးနေတယ်၊ အေးချမ်းတယ်။ |
1,349,534 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရင်ထဲမှာ ပူနေလို့ရှိရင်လည်း မျက်နှာမှာ လာပြတယ်။ |
1,349,535 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အေးချမ်းမှုရှိမရှိ၊ တရားထူးတရားမြတ် ရှိမရှိ ဆိုတာ သူ့ရဲ့အမူအရာ ကြည့်တာနဲ့ အကဲခတ်လို့ရတယ်။ |
1,349,536 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရှင်အဿဇိကို မြင်လိုက်တာနဲ့ သူ့ဆရာကြီးထက် အဆပေါင်းများစွာသာတယ်၊ မျက်နှာအနေအထား ကြည့်လိုက်တာနဲ့ တရားထူးတရားမြတ် ရှိရမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ်။ |
1,349,537 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီ ရှင်အဿဇိနောက် လိုက်ပြီးတော့ မေးတယ်။ |
1,349,538 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | “ဘယ်သူ့ကို ဦးတည်ပြီး သင်္ကန်းဝတ်တာလဲ၊ သင့် ဆရာ ဘယ်သူလဲ၊ သင့်ဆရာက ဘာတွေဟောလဲ” ပေါ့၊ သူသိချင်တာကတော့ “ဘာတွေဟောလဲ၊ သင့် ဆရာရဲ့အယူဝါဒက ဘာတွေလဲ” ဒါ သိချင်တာ၊ ဓမ္မကို ရှယ်ယာလုပ်ခိုင်းတာပေါ့။ |
1,349,539 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရှင်အဿဇိက သူ ရဟန္တာ ဖြစ်နေပေမယ့်လို့ ထိုအချိန်မှာ ဓမ္မစကြာတို့၊ အနတ္တ လက္ခဏသုတ်တို့လောက်ပဲ မြတ်စွာဘုရား ဟောသေး တာနော်။ |
1,349,540 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သုတ္တန်တွေ မြောက်များစွာ မထွက်သေး ဘူး။ |
1,349,541 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါနဲ့ သူရှယ်ယာလုပ်တာ ဘာလုပ်လဲ၊ သစ္စာ လေးပါးပဲ။ |
1,349,542 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဓမ္မစကြာမှာ အဓိကဟောတာက သစ္စာ လေးပါးပဲမို့လား၊ အဲဒီ သစ္စာလေးပါးကို အကျဉ်းချုံးပြီး ပြောလိုက်တာ။ |
1,349,543 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒီဂါထာလေးက မြန်မာနိုင်ငံမှာ အခုခေတ် ပြည် လို့ခေါ်ပြီး ရှေးတုန်းက သရေခေတ္တရာရှိ ရှေးဟောင်း ဌာနတစ်ခု မှော်စာတို့ ခင်ဘကုန်းတို့မှာ တူးဖော်ရရှိတဲ့ ပုရပိုက်မှာ ဒီဂါထာလေး ရေးထားတာ တွေ့ရတယ်။ |
1,349,544 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြန်မာပြည် ဒီဂါထာလေး ရောက်လာတဲ့သဘောရှိတယ်ပေါ့။ |
1,349,545 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ယေ ဓမ္မာ ဟေတုပ္ပဘဝါ။ |
1,349,546 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တေသံ ဟေတုံ |
1,349,547 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တထာဂတော အာဟ။ |
1,349,548 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တေသဉ္စယောနိရောဓော၊ |
1,349,549 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဧဝံဝါဒီ မဟာသမဏော။ |
1,349,550 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြတ်စွာဘုရားဟောတဲ့ သစ္စာ တရားကို ဂါထာလေးတစ်ပုဒ်နဲ့ အကျဉ်းချုပ် ပြောလိုက်တာ။ |
1,349,551 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဆိုလိုတာက “အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး တရားတွေရဲ့ အကြောင်းကိုလည်း ဟောတယ်၊ အဲဒီ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ အကျိုးတရား တွေ ချုပ်ငြိမ်းသွားတာကိုလည်း ဟောတယ်” လို့။ |
1,349,552 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဩော်- အကြောင်းရှိနေလို့ အကျိုးရှိနေတယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်မယ်ဆိုတဲ့ ဒီ philosophy ကို ပြောလိုက်တာပဲနော်။ |
1,349,553 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒါသိဖို့ အင်မတန် ခက်တာ၊ အဲဒါပြောလိုက်တာ ဒါ ရှယ်ယာ လုပ်လိုက် တာပဲ၊ သူသိတဲ့ဓမ္မကို ပေးလိုက်တာ၊ အဲဒါ ဓမ္မဒါနလို့ ခေါ်တယ်။ |
1,349,554 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီဓမ္မဒါနကို လက်ခံရရှိလိုက်တဲ့အခါကျတော့မှ ရှင်သာရိပုတ္တရာ မထေရ်မြတ် အလောင်းဖြစ်တဲ့ ဥပတိဿဟာ အသိဉာဏ် ပွင့်သွားတယ်။ |
1,349,555 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အသိဉာဏ် ပွင့်သွားပြီး သံသယ ကင်းသွားတယ်၊ အမြင်မှားတွေ ပျောက်သွားတယ်၊အမြင်မှန်ရသွားတယ်၊“သောတာပန် ဖြစ်တယ်ဆိုတာ အမြင်မှန်ရတာနဲ့ သံသယကင်းတာ” ဒီနှစ်ခုကိုပြောတာ။ |
1,349,556 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အမြင်မှန်သွားပြီ၊ သံသယ ကင်း သွားပြီ။ |
1,349,557 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သောတာပန် မဖြစ်သေးရင် အမြင်မမှန် သေးဘူး၊ သံသယ မကင်းသေးဘူး၊ ဓမ္မနဲ့ ပတ်သက်လို့ သောတာပန်ဖြစ်မှ အမြင်မှန်ပြီးတော့ သံသယ ကင်းတာ။ |
1,349,558 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကြည့် - ရှင်အဿဇိက ဖြန့်ဝေလိုက်တဲ့ ဒီဓမ္မဒါန ကို ရရှိပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထူးခြားတဲ့ အသိဉာဏ်ကိုရတယ်။ |
1,349,559 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နောက်ဆုံးမှာ အဂ္ဂသာဝက ဉာဏ်တွေပါရပြီး သာသနာတော်မှာ အင်မတန်မှ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတာတဲ့။ |
1,349,560 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာ အသိဉာဏ်တွေ ရသွားအောင် ဓမ္မဒါနတွေ ပေးတာက ရှင်အဿဇိ။ |
1,349,561 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီ ဓမ္မဒါနကြောင့် အကျိုးဖြစ်ထွန်းသွားတာက ရှင်အဿဇိလား? ရှင်သာရိပုတ္တရာလား? (ရှင်သာရိပုတ္တရာ ပါ ဘုရား)၊ ကဲ- လှူတဲ့လူထက် ယူတဲ့လူက အကျိုးပိုရတယ်ဆိုတာ မှတ်ထားနော်။ |
1,349,562 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါနဆိုတာ ပေးသူအတွက် မဟုတ်ဘူး၊ ယူသူ အတွက်၊ ဟုတ်ကဲ့လား၊ ဒါ မျက်မြင်အားဖြင့်လည်း ယူတဲ့သူက ရတာလေ၊ ပေးတဲ့သူက ပါသွားပြီလေ။ |
1,349,563 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကိုယ့်ဆီကဟာ သူများပေးလိုက်တာကိုး၊ ယူတဲ့သူက ရတာ သေချာတာပေါ့။ |
1,349,564 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကုသိုလ်ရတာတွေ ဘာတွေ အသာထားနော်။ |
1,349,565 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အေး-ဒါနဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်း တာထက် ယူသူအတွက် အကျိုးဖြစ်ထွန်းတာကို စံထားပြီး မြတ်စွာဘုရားက အဖြေထုတ်တာ။ |
1,349,566 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာ့ကြောင့် ဓမ္မဒါနက မြတ်သလဲလို့ မေးလိုက်လို့ ရှိရင် ဥပမာမယ် - ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင်၊ မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့၊ ဟုတ်ရဲ့ လား၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ တစ်ရက်စာပဲ ရမှာပေါ့။ |
1,349,567 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။ |
1,349,568 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သင်္ကန်း အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိတယ်။ |
1,349,569 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဆောက်အဦး လှူလိုက်မယ်ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ်၊ ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ အကျိုးပြုတာ ကျတော့ သံသရာဝဋ်ကလည်း လွတ်သွားတယ်၊ အသိဉာဏ်တွေလည်း ရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်က အကျိုးတွေများ တုန်း၊ (ဓမ္မကို လှူတာက များတယ်၊) ဒါ့ကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလိုပြောတာနော်။ |
1,349,570 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီတော့ လှူသူနဲ့ယူသူ၊ ပေးသူနှင့်ရသူ အဲဒီ နှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့ အကျိုးဖြစ်ထွန်းသည့် အတွက်ကြောင့် ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။ |
1,349,571 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နှိုင်းစာလို့ မရဘူးနော်။ |
1,349,572 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဆိုပါစို့ - ဘုန်းကြီးတစ်ပါးကို ကျောင်းကြီးဆောက် လှူလိုက်မယ်၊ ဒီဘုန်းကြီးကတော့ ကျောင်းပေါ်မှာ ချမ်းချမ်းသာသာ နေရမယ်၊ ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မဂ်ဖိုလ် ရနိုင်ပါ့ မလား၊ မရနိုင်ဘူး။ |
1,349,573 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီဘုန်းကြီးကို တရားပြလို့၊ ဓမ္မဒါန အလှူလှူလိုက်လို့ အဲဒီဘုန်းကြီး တရားသိသွား လို့ရှိရင် သံသရာဝဋ်က လွတ်တယ်ဆိုတာ မဖြစ်နိုင် ဘူးလား (ဖြစ်နိုင်ပါတယ်ဘုရား)။ |
1,349,574 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါ့ကြောင့် ဓမ္မဒါနက မြတ်တယ်လို့ပြောတာ။ |
1,349,575 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဋ္ဌကထာ ဆရာကြီးက အကြောင်းနှစ်ခုပြတဲ့ အထဲမယ် ခု ဒုတိယအကြောင်းက ပိုပြီးတော့ သဘာဝ နှင့် ပိုနီးစပ်တယ်။ |
1,349,576 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဟုတ်ရဲ့လား၊ ဒါ့ကြောင့်မို့ လူတိုင်း သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ဒါနအားလုံးမှာ ဓမ္မဒါနဟာ အမြတ်ဆုံးလို့ပြောနေကြတယ်။ |
1,349,577 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာကြောင့်မြတ်သလဲ ဆိုတာ စဉ်းစားမယ်ဆိုရင် ပေးသူနှင့် ယူသူမှာ ယူသူမှာ အကျိုးတွေ အတိုင်းအဆ မရှိလောက်အောင် များပြား လို့ မြတ်တယ်လို့ ပြောရတာ။ |
1,349,578 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဟော အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ။ |
1,349,579 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားက တကယ်ကို reasonable ဖြစ်တယ်။ |
1,349,580 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အကြောင်း အကျိုး အင်မတန်မှ ဆီလျော်တယ်။ |
1,349,581 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘယ်လိုလှည့်ပြီး တွက်တွက် ဘုရား တရားက လုံးဝမမှားဘူး၊ လုံးဝ ကျေနပ်စရာကောင်းတယ်။ |
1,349,582 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘယ်ဘက်ကကြည့်ကြည့် ဘုရားတရားမှာ လိုသွားတယ်ဆိုတာ မရှိဘူး။ |
1,349,583 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကြည့် - ဓမ္မဒါနက ဒါနအားလုံးထက် မြတ်တယ် ဆိုတာ ဟုတ်တာပေါ့၊ ကျန်တဲ့ဒါနတွေ ခံစားပြီး နိဗ္ဗာန် ရတယ်လို့ ရှိမှမရှိတာ။ |
1,349,584 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကျန်တဲ့ဒါနကို ခံစားသုံးဆောင် ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီခံစားသုံးဆောင်မှုကို အကြောင်းပြုပြီး နိဗ္ဗာန်ရတယ်လို့ ရှိပါ့မလား၊ အေး ဓမ္မကို ရလိုက်ပြီဆိုရင်တော့ နိဗ္ဗာန်ရတာ သေချာ သွားပြီ။ |
1,349,585 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘုရားဟောတဲ့တရားဟာ အရင်းကျကျဟောတာ ချည်းပဲ။ |
1,349,586 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘယ်ဘက်က လှည့်တွေးတွေး မြတ်စွာဘုရား တရားတော်က အင်မတန်မှ ကျေနပ်စရာရှိတယ်။ |
1,349,587 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | လစ်ဟင်းသွားတယ်၊ ဟာသွားတယ်၊ ပြောစရာတွေ ဖြစ်သွားတယ်ဆိုတာ မရှိဘူး။ |
1,349,588 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကိုယ်မသိသေးရင်တော့ ဒါလေးတော့ လိုနေတယ်လို့ ထင်ကောင်းထင်မယ်၊ ဟောကြည့် - မြတ်စွာဘုရားက အဖြေလေးပေးလိုက် တာ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ “သဗ္ဗဒါနံ- ပေးတာတွေ အားလုံးကို၊ ဘာပဲပေးပေး တစ်ဦးတစ်ယောက်က နေပြီး လက်ဆောင်ပဲပေးပေး၊ ပစ္စည်းတွေပဲပေးပေး၊ ပေးချင်တာတွေပေး၊ ပေးစရာ အားလုံးကို၊ ဓမ္မဒါနံ ဓမ္မကို ပေးလှူခြင်းကသာလျှင်၊ ဇိနာတိ- အုပ်စိုးထား နိုင်တယ်” လို့ ဒီလိုဟောတာ။ |
1,349,589 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုး အမြတ် ရှုဒေါင့်က ဟောတာ။ |
1,349,590 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တန်ဖိုးကို ဘယ်ကနေ ကြည့်ဖြတ်တုန်းဆိုရင် အကျိုးအမြတ်ကနေ ကြည့်ဖြတ် တယ်။ |
1,349,591 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ရွှေကို တန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊ စိန်ကို တန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊ ဟော တန်ဖိုးဖြတ်ပုံ ခြင်းက မတူဘူးနော်၊ အခုဟာက လက်ခံရရှိသူမှာ ရလိုက်တဲ့ အကျိုးနှင့်ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့။ |
1,349,592 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်၊ လက်ခံ ရရှိတဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး တန်ဖိုး ဖြတ်လိုက်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါ မေးခွန်း တစ်ပုဒ် ရှင်းသွားပြီနော်။ |
1,349,593 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မေးခွန်း - ၂ |
1,349,594 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နောက်ထပ် မေးခွန်းတွေ ဆက်မေးတယ်၊ ဘာ မေးလဲလို့ဆိုတော့ လူတွေမှာ စိတ်ထဲက ခံစားချက် ကလေးတွေရှိတယ်။ |
1,349,595 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ခံစားချက်အမျိုးမျိုးတွေ ရှိကြ တယ်။ |
1,349,596 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နှစ်သက်စရာ၊ ကျေနပ်စရာ၊ ဝမ်းမြောက်စရာ အဲဒီခံစားချက်တွေ အရသာခံကြရတယ်။ |
1,349,597 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | “ခံစားချက် အရသာတွေထဲမှာ ဘယ်ခံစားချက် အရသာဟာ အကောင်းဆုံးလဲ?” လူတွေမှ မဟုတ်ဘူး၊ နတ်တွေမှာ လည်း ခံစားချက်ရှိတာပဲ၊ ရသလို့ ခေါ်တယ်၊ ရသ ဆိုတာ ကျေနပ်စရာ နှစ်သက်စရာ “ရသိယတေ အဿာဒိယတေတိ ရသော” လို့ ဆိုတယ်၊ စိတ်ထဲမှာ ကျေနပ်စရာပါ။ |
1,349,598 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | စာပေကျမ်းဂန်မှာ ရသနှင့် ပတ်သက်ပြီးတော့ ကိုးမျိုး ထုတ်ပြထားတာရှိတယ်။ |
1,349,599 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | လူတွေဟာ ရီတဲ့ အခါရော အရသာ မရှိဘူးလား (ရှိပါတယ် ဘုရား) အေး- ဟာသရသပဲ၊ လူတွေက ရီစရာ မောစရာ အလွန်ကြိုက်တယ်၊ တရားပွဲတောင် ရီစရာလေး ပြောမှ၊ ရီရတယ်ဆိုရင် အရသာခံတယ်၊ တချို့ တရား သွားနာတာ ဘာလို့လဲ၊ ရီရလို့တဲ့၊ အဲဒီလို ပြောတဲ့သူက ရှိသေးတယ်။ |
1,349,600 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တရားနာမှ ရီရမှာ မဟုတ်ပါဘူး၊ လူရွှင်တော်တွေပြောတာ သွားနားထောင်ရင်လည်း ရီရတာပါပဲနော်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.