id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,349,701 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒုက္ခခပ်သိမ်းက လွတ်မြောက်ချင်လို့ရှိရင် တဏှာကုန်အောင် လုပ်ရမယ်။ |
1,349,702 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဘုရား အဖြစ်သို့ ရောက်တဲ့အချိန်မှာ ဥဒါန်းကျူးတဲ့ စကား လေးကိုကြည့်၊ အားလုံး ကြားဖူးကြလိမ့်မယ်၊ အိမ်တွေ မှာ ဘုရားရုပ်ပွားတော်ပင့်ပြီး ကိုးကွယ်တဲ့အခါ “အနေကဇာတင်” တယ်ဆိုတာ ရှိတယ်နော်၊ အဲဒီ အနေကဇာ ဆိုတာ ပါဠိစကားကို ဖြတ်ခေါ်တာ။ |
1,349,703 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အနေကဇာတိ သံသာရံ ဆိုတဲ့ ဒီဂါထာကို ဖြတ်ပြီးတော့ အနေကဇာတင်တယ်လို့ ပြောနေကြတာ၊ မြတ်စွာ ဘုရားဖြစ်စက ဥဒါန်းကျူးတဲ့ ဂါထာလေး။ |
1,349,704 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘာကို ဥဒါန်းကျူးခဲ့တာလဲဆိုရင် “ငါ့ရဲ့ ခန္ဓာဒုက္ခကြီးကို ထပ်တလဲလဲဖြစ်စေတာ၊ ထပ်တလဲလဲ ဆောက်လုပ် နေတာ ဘယ်သူလဲဆိုတာ ငါရှာတာ မတွေ့ရလို့ ဘဝ ပေါင်းများစွာ သံသရာလည်ခဲ့ရတယ်” လို့ ပြောတယ် နော်။ |
1,349,705 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အနေကဇာတိ သံသာရံ သန္ဓာဝိဿံ- ဘဝတွေ မြောက်များစွာ သံသရာထဲမှာ ပြေးခဲ့ရတယ်၊ လည်ခဲ့ ရတယ်၊ ကျင်လည်ခဲ့ရတယ်၊ ဟိုဘဝကနေ ဒီဘဝ ရောက်ခဲ့ရတယ်၊ ဘယ်သူက လုပ်နေတာလဲဆိုတာ ရှာမတွေ့လို့တဲ့၊ ဘာဖြစ်လို့ရှာတုန်းဆိုတော့ ဒုက္ခာဇာတိ ပုနပ္ပုနံ - ထပ်ထပ်ပြီးတော့ မွေးနေတာဟာ ဒုက္ခ ဖြစ်လို့ပဲ။ |
1,349,706 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒုက္ခဖြစ်တယ်ဆိုတာ စဉ်းစားကြည့် - မွေးလာ ပြီးရင် ဒီအတိုင်း ရပ်နေတာမဟုတ်ဘူး၊ ကျန်တဲ့ ဒုက္ခ တွေ အသာထား စီးပွားရေးဒုက္ခ လူမှုရေးဒုက္ခ ဘာဒုက္ခ ညာဒုက္ခတွေအသာထား လူဟာ နေရင်း ထိုင်ရင်း အိပ်ရင်းနဲ့ ဘာဖြစ်လာလဲ၊ တဖြည်းဖြည်း အိုလာတာ မဟုတ်ဘူးလား။ |
1,349,707 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အိုလာတယ် ဆိုတာကို အိုလာတယ် လို့ မပြောချင်ဘူးဟုတ်လား။ |
1,349,708 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘယ်နှစ်နှစ် ဘယ်နှစ်နှစ် နဲ့ နှစ်ကလေးတွေလုပ်ပြီးတော့ မွေးနေ့ပွဲတွေ ကျင်းပ နေတယ်။ |
1,349,709 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တကယ်ကတော့ အိုလာတာပဲလေ getting older and older လူတွေက တဖြည်းဖြည်း အိုလာ တာပဲ။ |
1,349,710 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီလို အိုလာတာကို ရပ်တန့်လို့ ရမလား၊ (မရပါဘုရား)၊ အဲဒါကိုက ဒုက္ခကြီးပဲ။ |
1,349,711 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တစ်ခါ အိုလာပြီးတော့ မကြာခဏ နာရတယ် ဆိုတာကောမလာဘူးလား၊ နာလို့ ဆေးရုံတွေ ဆေးခန်း တွေ ပြည့်နေတာပဲ၊ သွားကြည့်နော် ဆေးရုံ ဆေးခန်း တွေ ဆေးတွေမလောက်ဘူး၊ ဒီဒုက္ခတွေ နောက်ဆုံး ကျတော့ ဘာဖြစ်တုန်းဆိုရင် မရဏ ဗြဟ္မစိုရ်အဖွဲ့က အကူအညီပေးရတဲ့အဆင့်ရောက်ရော၊ မရဏ ဒုက္ခ။ |
1,349,712 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကဲ- မွေးတယ်ဆိုတာ မွေးရုံနဲ့ရပ်နေမှာ မဟုတ် ဘူး၊ အိုမယ် နာမယ် သေမယ်၊ ဒီစခန်း ဒီလမ်းပဲ သွားနေတာဆိုတော့ အဲဒီလိုချည်း ဖြစ်နေတာ ဘယ် လောက်စိတ်ပျက်စရာကောင်းလဲ။ |
1,349,713 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါ ဘုရားစဉ်းစား တာ အဲဒီအတိုင်းပဲနော်၊ ဒုက္ခာဇာတိ ပုနပ္ပုနံ၊ ပုနပ္ပုနံ-ထပ်တလဲလဲ၊ ဇာတိ- မွေးဖွားလာရတာဟာ၊ ဒုက္ခာ- သိပ်စိတ်ပျက်စရာ ကောင်းတယ်တဲ့။ |
1,349,714 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒါကြောင့်မို့ ဒီလို ထပ်တလဲလဲမွေးနေအောင် ဘယ်သူလုပ်နေတာလဲလို့ ရှာလိုက်တာ နောက်ဆုံး ကျတော့ တွေ့သွားတယ်။ |
1,349,715 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဖြေက ဘာတုန်းဆိုရင် “ယာတံ တဏှာ ပေါနော- ဗ္ဘဝိကာ” ဘဝသစ်တွေကို တည်ဆောက်နေတာဟာ တဏှာပဲ ဆိုတာ သွားတွေ့ တယ်။ |
1,349,716 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | လိုချင်တာတို့၊ တွယ်တာတာတို့၊ မက်မောတာ တို့ ဆိုတဲ့ ဒီသဘာဝတရားလေးကို သွားတွေ့တယ်။ |
1,349,717 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | သွားတွေ့လိုက်တဲ့အခါကျတော့ ဒါကို ဖယ်ရမှာပဲ ဆိုတာ သဘောပေါက်သွားတယ်။ |
1,349,718 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တဏှာကို အဆင့် ဆင့် ဖယ်ရှားလိုက်တာ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်တဲ့အခါ တဏှာလုံးဝကုန်သွားပြီ။ |
1,349,719 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါ့ကြောင့်မို့ အဲဒီဂါထာမှာ နောက်ဆုံး ဘုရားက သူ ရလိုက်တာ ဘာတုန်းဆိုရင် တဏှာနံ ခယမဇ္ဈဂါ၊ တဏှာကုန်ဆုံးမှုကို သူရတယ်၊ ကုန်တာကို ရတာနော်။ |
1,349,720 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘုန်းကြီးတို့တစ်တွေဟာ ရှိတာလေး ကုန်သွားမှာ ကြောက်နေတာ။ |
1,349,721 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြတ်စွာဘုရားကတော့ ဒီအတွယ် အတာတဏှာလေးကို ကုန်အောင်လုပ်၊ ကုန်သွား တာလေး ရတာကိုပဲ သူ့မှာ သိပ်ဝမ်းသာရွှင်မြူးပြီး ဥဒါန်းကျူးစရာကြီးဖြစ်လာတယ်။ |
1,349,722 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တဏှာနံ ခယမဇ္ဈဂါ၊ တဏှာနံ ခယံ- တဏှာတို့ရဲ့ ကုန်ဆုံးမှု ဆိုတဲ့ ကုန်ဆုံး စေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ သဘာဝတရားကို၊ အဇ္ဈဂါ - ငါ ရလိုက်ပြီဆိုတာ ဒုက္ခကို ငါအနိုင်ရလိုက်ပြီလို့ပြောတာ၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအဖြေကိုပေးတာ၊ လောကမှာ လုံးဝ ချုပ်ငြိမ်းဖို့ဆိုရင် ဘာကို ပယ်ရမှာလဲ၊ (တဏှာကို ပယ်ရ မှာပါဘုရား) တဏှာကို မပယ်နိုင်သေးသမျှတော့ နိဗ္ဗာန်နဲ့ ဝေးနေဦးမှာပဲလို့ ဒီလိုဆိုလိုတယ်။ |
1,349,723 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အခုပြောခဲ့တဲ့ မေးခွန်းလေးခုဟာ ၁၂-နှစ်ကြာ အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေပဲ။ |
1,349,724 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | (၁) ပေးကမ်းခြင်း အထဲမယ် ဘယ်ပေးကမ်းခြင်းဟာ အကောင်းဆုံးလဲ တဲ့။ |
1,349,725 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | (၂) အရသာတွေထဲမှာ ဘယ်အရသာက အကောင်းဆုံးလဲ။ |
1,349,726 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | (၃) ပျော်မွေ့စရာတွေထဲမှာ ဘယ် ပျော်မွေ့မှုက အကောင်းဆုံးလဲ။ |
1,349,727 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | (၄) တဏှာကုန်ခြင်း ဟာ ဘာကြောင့် အကောင်းဆုံးဖြစ်ရသလဲ ဆိုတဲ့ အဲဒီမေးခွန်း လေးချက်ကို နတ်တွေ ဆွေးနွေးကြတာ ၁၂-နှစ်ကြာသွားတယ် အဖြေမရဘူးတဲ့။ |
1,349,728 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | မြတ်စွာဘုရား နှင့် တွေ့တဲ့အခါကျတော့မှ မှန်ကန်တဲ့ အဖြေတွေ ရသွားကြတယ်။ |
1,349,729 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘုန်းကြီးတို့တစ်တွေလည်း ဒီကနေ့ ဒီအဖြေ တွေကို မှတ်သားထားဖို့ပဲ။ |
1,349,730 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒီကနေ့ ဒီအဖြေတွေကို မှတ်သားထားပြီးတော့ ဘာ့ကြောင့် ဓမ္မဒါနသည် ဒါန အားလုံးမှာ အမြတ်ဆုံး ဖြစ်သလဲဆိုရင် ဓမ္မဒါနရဲ့ အကျိုးပြုမှုက ကျန်တဲ့ ဒါနတွေရဲ့ အကျိုးပြုမှုထက် သာလွန်တယ်။ |
1,349,731 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ကျန်တဲ့အရသာတွေထက် ဓမ္မရသဆိုတာ လုံးဝ ဒုက္ခခပ်သိမ်းကင်းငြိမ်းပြီး ရင်ထဲအေးမြစေတာဖြစ်လို့ သူက အကောင်းဆုံးဖြစ်တယ်။ |
1,349,732 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ပျော်မွေ့စရာတွေရဲ့ နောက်ကွယ်မှာ ပြဿနာ တွေ အများကြီး တက်လာတဲ့အတွက်ကြောင့် ဓမ္မရတိ လို့ဆိုတဲ့ တရားနဲ့ ပျော်မွေ့ခြင်းဟာ လုံးဝ ပြဿနာ မတက်တဲ့အပြင် ထာဝရပျော်မွေ့ရမယ့် ပျော်မွေ့မှု ဖြစ်သောကြောင့် ဒါ အကောင်းဆုံးဖြစ်တယ်။ |
1,349,733 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | နောက်ဆုံး ဒုက္ခတွေ ပြဿနာတွေ အားလုံးကို ငြိမ်းချင်လို့ရှိရင် အတွယ်အတာကို ဖယ်ရှားရမယ်။ |
1,349,734 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဒါပဲ၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မရဲ့ အကျဉ်းချုပ်က အဲဒါပဲ။ |
1,349,735 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | ဘုန်းကြီးတို့တစ်တွေဟာ နောက်ဆုံးမှာ တို့ တစ်တွေရဲ့ ဦးတည်ချက်က ဘာလဲဆိုရင် တဏှာ ကုန်ဖို့ပဲ။ |
1,349,736 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒီတဏှာ မကုန်သေးသမျှ သံသရာထဲမှာ တို့တစ်တွေ လည်နေကြဦးမှာပဲ။ |
1,349,737 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | တဏှာဆိုတာ ကုန်သွားမှ ဟောဒီ ဒီဘဝကနေ ဟိုဘဝ၊ ဒုက္ခမျိုးစုံ ထဲမှာ ကျင်လည်ရတဲ့ဘဝ၊ သံသရာက လွတ်မြောက်ပြီး နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရကြမှာ ဖြစ်တယ်။ |
1,349,738 | Uncategorized | ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ | အဲဒါကြောင့် တဏှာကုန်အောင် တို့တစ်တွေ ကြိုးစားအားထုတ်ကြရမယ်လို့ ကိုယ်စီ ကိုယ်ငှ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။ |
1,349,739 | မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ | ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | ၁။ ဤဥပဒေကို ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။ |
1,349,740 | မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ | ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | ၂။ ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းအုပ်ထိန်းသူအက်ဥပဒေ (The Custodian of Movable Property Act 1945) ကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ |
1,349,741 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာ သည်။ |
1,349,742 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | ကချင်ပြည်နယ် ယာယီကောင်စီ သဘာပတိအား၊ ပေးရန်ရှိသောလစာငွေများကို တရားဥပဒေဖြင့်သတ်မှတ်ရန်လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက် သည်။ |
1,349,743 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | အမည်တိုနှင့်အာဏာတည်မည့်နေ့။ |
1,349,744 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | (၁) ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ ဟုခေါ်ရမည်။ |
1,349,745 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | (၂) ဤအက်ဥပဒေသည်၊ ၁၉၄၈ ခုနှစ်၊ ဇန္နာဝါရီလ ၁၀ ရက်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူ ရမည်။ |
1,349,746 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | သဘာပတိလစာငွေ။ |
1,349,747 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | ကချင်ပြည်နယ်ယာယီကောင်စီသဘာပတိအား၊ လစဉ်ငွေကျပ် ၁,၂၅၀/- ကိုပြည်နယ်ကောင်စီက ပြဋ္ဌာန်းထားသောငွေများထဲမှ ထုတ်ပေးရမည်။ |
1,349,748 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | သဘာပတိသည်၊ အခြားမည်သည့်အတတ်ပညာဖြင့်ဥစ္စာရှာသောအသက်မွေးမှုမျိုးကိုမျှမပြုရ။ |
1,349,749 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | သဘာပတိသည် ရာထူးလက်ရှိကာလအတွင်းတွင်၊ သဘာပတိရာထူးဆိုင်ရာ တာဝန်ဝတ်တရား များကို ဆောင်ရွက်အပ်သည်မှတပါး၊ အတတ်ပညာဖြင့် ဥစ္စာရှာသော မည်သည့်အသက်မွေးဝမ်းကြောင်း ကိုမျှမပြုရ။ |
1,349,750 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ | သို့တည်းမဟုတ် မည်သည့်အလုပ်အကိုင်ကိုမျှ အခကြေးငွေဥစ္စာအတွက်၊ လုပ်ကိုင်ဆောင် ရွက်ခြင်းမပြုရ။ |
1,349,751 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား၊ ပေးရန်ရှိသော လစာငွေများနှင့် စရိတ်ကြေး ငွေများကို တရားဥပဒေဖြင့် သတ်မှတ်ရန်လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ |
1,349,752 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | အမည်တိုနှင့်အာဏာတည်သည့်နေ့။ |
1,349,753 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | (၁) ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေဟုခေါ်ရမည်။ |
1,349,754 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | (၂) ဤအက်ဥပဒေသည်၊ ၁၉၄၈ ခုနှစ်၊ဇန္နာဝါရီလ ၁၀ ရက်နေ့မှ စ၍၊ အာဏာတည်သည်ဟုမှတ်ယူရ မည်။ |
1,349,755 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ဤဥပဒေတွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဟူသောစကားရပ်များ၌၊ ကချင်ပြည်နယ်ယာ ယီအစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးအကျုံးဝင်စေရမည်။ |
1,349,756 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအားပေးအပ်သောလစာငွေ။ |
1,349,757 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးအသီးသီးအား၊ လစဉ်လစာငွေ ၁,၂၅၀/- တို့ကိုပြည်နယ် ကောင်စီက ပြဋ္ဌာန်းထားသော ငွေထဲမှထုတ်ပေးရမည်။ |
1,349,758 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးလက်ရှိကာလအတွင်းတွင်၊ မည်သည့် အတတ်ပညာဖြင့်ဥစ္စာရှာသော အသက်မွေးမှုမျိုးကိုမျှမပြုရ။ |
1,349,759 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်၊ မိမိတို့၏ ရာထူးလက်ရှိကာလအတွင်းတွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများရာထူးဆိုင်ရာ တာဝန်ဝတ်တရားများကိုဆောင်ရွက်အပ်သည် မှတပါး၊ အတတ်ပညာဖြင့် ဥစ္စာရှာသောမည်သည့် အသက်မွေးမှုမျိုးကိုမျှမပြုရ။ |
1,349,760 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | သို့တည်းမဟုတ် မည် သည့် ကုန်သွယ်ရောင်းဝယ်မှု၌မျှပါဝင်လုပ်ကိုင်ခြင်းမပြုရ။ |
1,349,761 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ | သို့တည်းမဟုတ် မည်သည့်အလုပ်အကိုင်မျိုး ကိုမျှ အခကြေးငွေဥစ္စာအတွက်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။ |
1,349,762 | Uncategorized | ၁၉၄၈ ခုနှစ်၊ ထုတ်ပြန်ကျေညာချက်အမှတ် ၁ | REDIRECT ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် |
1,349,763 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။ |
1,349,764 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ တံဆိပ်တော်နှင့်တကွ ထိုတံဆိပ်တော်နှင့်သက်ဆိုင် သောကိစ္စများအလို့ငှါ ပြဋ္ဌာန်းချက်များပြုလုပ်ရန် လိုအပ်သည်ဖြစ်သောကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။ |
1,349,765 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (က) ဤအက်ဥပဒေကို “ ၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော်အက်ဥပဒေ” ဟုခေါ်ရမည်။ |
1,349,766 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (ခ) ဤအက်ဥပဒေသည် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ စတင်အတည်ဖြစ်သည့်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူရမည်။ |
1,349,767 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | နိုင်ငံတော်သမတအတွက် ရာထူးတံဆိပ်တော်တခုရှိရမည်။ |
1,349,768 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ဤအက်ဥပဒေတွင် “နိုင်ငံတော်သမတ တံဆိပ်တော်”ဟု ခေါ်ရမည်။ |
1,349,769 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | နိုင်ငံတော်သမတ (နိုင်ငံတော်ယာယီသမတလည်းပါဝင်သည်) သည်ရာထူး၌ ရှိသောအခါတိုင်း၌၎င်း၊ ရှိနေသမျှကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ |
1,349,770 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ဆိုလို ရင်းမှာ- |
1,349,771 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (က) နိုင်ငံတော်သမတသည် နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။ |
1,349,772 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (ခ) နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရန်လိုအပ်သော အမိန့်စာလွှာမျိုးတွင် နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရမည်။ |
1,349,773 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ထိုစာလွှာမျိုးမှအပ အခြားစာလွှာများတွင် မခပ်မနှိပ်ရ။ |
1,349,774 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို၊ ဤပုဒ်မအရစာလွှာတခုတွင်ခပ်နှိပ်သောအခါ၊ ခိုင်လုံကြောင်း ထောက်ခံသည့်အနေနှင့် ထိုစာလွှာတွင် နိုင်ငံတော်သမတ၏ လက်မှတ်ရေးထိုးပါရှိရမည်။ |
1,349,775 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၆၄ အရ၊ ဖွဲ့စည်းထားသော နိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတ၏ အာဏာများနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်သောအခါတိုင်း၌၎င်း၊ သုံးစွဲဆောင်ရွက်နေသမျှ ကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ |
1,349,776 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (က) အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။ |
1,349,777 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (ခ) နိုင်ငံတော်သမတတံဆိပ်တော်ကို အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့ကပြုလုပ်သော အမိန့်စာလွှာများ တွင်ခပ်နှိပ်ရမည်။ |
1,349,778 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | အခြားစာလွှာများတွင် မခပ်မနှိပ်ရ။ |
1,349,779 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | (ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို ဤပုဒ်မအရ၊ စာလွှာတခုတွင် ခပ်နှိပ်သောအခါ၊ ဟုတ်မှန်ကြောင်း သက်သေဖြစ်စေရန် ထိုစာလွှာတွင် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့က အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး၏ လက်မှတ်များနှင့် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့မှ ထိုကိစ္စအလို့ငှါ အခွင့်အာဏာလွှဲအပ်ထားခြင်းခံရ သောအဆိုပါ နိုင်ငံတော်ဦးသျှောင်အဖွဲ့၏ အတွင်းဝန်၏ ၊ သို့တည်းမဟုတ် အခြားအရာရှိတဦး၏ လက်မှတ်များရေးထိုးပါရှိရမည်။ |
1,349,780 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | နိုင်ငံတော်သမတတံဆိပ်တော်ကို အစိုးရရုံးတော်များနှင့် တရားရုံးတော်များက အသိအမှတ်ပြုရမည်။ |
1,349,781 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ထို့ပြင်နိုင်ငံတော်သမတ တံဆိပ်တော်ခပ်နှိပ်ထားသော အမိန့်တိုင်းသည်၊ သို့တည်းမဟုတ် ခန့်အပ် လွှာတိုင်းသည်၊ သို့တည်းမဟုတ် စာချွန်သည်၊ သို့တည်းမဟုတ် အခြားစာလွှာတိုင်းသည်၊ ထိုသို့ခပ်နှိပ် သောတံဆိပ်တော်၌ ဤအက်ဥပဒေနှင့်အညီ ဟုတ်မှန်ကြောင်းသက်သေပါရှိလျှင် ထိုအမိန့်တိုင်းကို၊ သို့တည်းမဟုတ် ခန့်အပ်လွှာတိုင်းကို၊ သို့တည်းမဟုတ်စာချွန်တိုင်းကို၊ သို့တည်းမဟုတ်အခြားစာလွှာတိုင်းကို အတည်ယူရမည်။ |
1,349,782 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | နောက်ထပ်သက်သေပြရန်မလို။ |
1,349,783 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ |
1,349,784 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | သမတအိမ်တော်၊ ရန်ကုန်မြို့။ |
1,349,785 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ။ |
1,349,786 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | [၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၈။ |
1,349,787 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ] ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်။ |
1,349,788 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | (၁၉၄၈ ခု၊ နိုဝင်္ဘာလ ၁၃ ရက်။ |
1,349,789 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။ |
1,349,790 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | နိုင်ငံတော်အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးကို အလွဲသုံးသူများနှင့် ပြည်ထောင်စုနိုင်ငံတော်အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးကို ဂုဏ်သိမ်ပျက်ပြားအောင်ပြုသော၊ ဆုတ်ဖြတ်ဖျက်ဆီးသော၊ အဆင်းသဏ္ဌာန် ပျက်ပြားအောင်ပြုသော၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့် မထီမဲ့မြင်ပြုသောသူများကို ပြစ်ဒဏ်စီရင်နိုင်ရန်အလို့ငှါ၊ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဖြစ်သော ကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။ |
1,349,791 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | အမည်။ |
1,349,792 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံ အက်ဥပဒေဟု ခေါ်ရမည်။ |
1,349,793 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | အဓိပ္ပါယ်ဖေါပြချက်။ |
1,349,794 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ဤအက်ဥပဒေ၌ “အလံ” ဆိုသည့် စကားရပ်တွင်၊ မည်သည့် အရာဝတ္ထုဖြင့် မဆိုပြုလုပ်၍၊ သို့တည်းမဟုတ် မည်သည့် အရာဝတ္ထုပေါ်တွင်မဆို ဖေါ်ပြ၍၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြ ဋ္ဌာန်းထားသည့် နိုင်ငံတော်အလံသဘော သက်ရောက်သော၊ သို့တည်းမဟုတ် တည်ဆဲဥပဒေအရ၊ ပြ ဋ္ဌာန်းထားသည့် နိုင်ငံတော်တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးသဘော သက်ရောက်သော အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး အရွယ်အစားအမျိုးမျိုးဖြစ်စေ၊ ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်း မဟုတ် တလေးတခုခု၏ ရုပ်ပုံ၊ သို့တည်းမဟုတ် သဏ္ဌာန်ဖြစ်စေ၊ ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်း မဟုတ် တလေး၏ အစိတ်အပိုင်းဖြစ်စေ ပါဝင်သည်။ |
1,349,795 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ထို့ပြင် စေ့ငှသေချာစွာမကြည့်သော သာမန်ပုဂ္ဂိုလ် တဦးက၊ သာမန်ကြည့်ရုံမျှဖြင့် နိုင်ငံတော် အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး ဖြစ်သည်ဟု ယုံကြည်လောက်အောင် အရောင်များ၊ သို့တည်းမဟုတ် ကြယ်များဖြင့် တနည်းနည်း ဖေါ်ပြထားသည့် ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး၏ ရုပ်ပုံ၊ သို့တည်းမဟုတ် သဏ္ဌာန်ဖြစ်စေ၊ ယင်းသို့ ဖေါ်ပြထားသည့် ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး၏ အစိတ်အပိုင်း ဖြစ်စေပါဝင်သည်။ |
1,349,796 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | ပြစ်ဒဏ်။ |
1,349,797 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်း၌ - |
1,349,798 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | (က) ခင်းကျင်းဆင်ယင်ပြသရန် အလို့ငှါ အလံအပေါ်တွင်၊ မည်သည့်စာလုံး၊ မည်သည့်ဂဏန်း၊ မည် သည့် အမှတ်အသား၊ မည်သည့်ရုပ်ပုံ၊ မည်သည့်ပုံစံ၊ မည်သည့် ရေးဆွဲသော ပုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့်ကြော်ငြာအမျိုးအစားကိုမဆို၊ တနည်းနည်းနှင့် ရေးသားချယ်လယ် ပြုလုပ်ထားရှိလျှင်၊ သို့ တည်းမဟုတ် ထားရှိစေလျှင်၊ သို့တည်းမဟုတ် |
1,349,799 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | (ခ) ထိုအလံပေါ်တွင်၊ စာလုံး၊ ဂဏန်း၊ အမှတ်အသား၊ ရုပ်ပုံ၊ ပုံစံ သို့တည်းမဟုတ် ရေးဆွဲထားသောပုံ၊ သို့တည်းမဟုတ် ကြော်ငြာအမျိုးအစား တခုခုကို ပုံနှိပ်၍၊ ဆေးချယ်၍၊ သို့တည်းမဟုတ် အခြားတနည်း နည်းဖြင့် ထား၍ဖြစ်စေ၊ စာလုံး၊ ဂဏန်း၊ အမှတ်အသား၊ ရုပ်ပုံ၊ ပုံစံရေးဆွဲထားသောပုံ တခုခုကို၊ အလံ နှင့် ပူးတွဲဆက်စပ်တွယ်ကပ်၍ဖြစ်စေ၊ ထိုအလံကို အများမြင်သာအောင်ပြထားလျှင်၊ သို့တည်းမဟုတ် ပြထားစေလျှင်၊ သို့တည်းမဟုတ် |
1,349,800 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ | (ဂ) ကြော်ငြာရန်၊ အများသတိပြုမိစေရန်၊ မွမ်းမံချယ်လယ်ရန်၊ အမှတ်အသားပြုရန်၊ သို့တည်းမဟုတ် ကုန်ပစ္စည်းတခုနှင့်တခု ကွဲပြားခြားနားစေရန်၊ အလံ၏ပုံသဏ္ဌာန်ကို ပုံနှိပ်၊ ဆေးချယ်၊ ပူးတွဲ၊ သို့တည်း မဟုတ် အခြားတနည်းနည်းဖြင့် ထားရှိသည့် - |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.