id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,349,801
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
(၁) ကုန်စည်ပစ္စည်းတစုံတရာကိုဖြစ်စေ၊
1,349,802
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
(၂) ကုန်စည်ပစ္စည်းတစုံတရာ ထားသိုရာ စည်၊ သေတ္တာစသည်များကို ဖြစ်စေ၊
1,349,803
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
(၃) ကုန်စည်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အသုံးပြုသည့် အရာဝတ္ထုတစုံတရာကို ဖြစ်စေ၊ ပြုလုပ် လျှင်၊ သို့တည်းမဟုတ် ရောင်းချလျှင်၊ သို့တည်းမဟုတ် ​ရောင်းချရန်သော်၎င်း၊ အများမြင်သာအောင် သော်၎င်း၊ ခင်းကျင်း ဆင်ယင်ပြသထားလျှင်၊ သို့တည်းမဟုတ် ပေးကမ်းလျှင်၊ သို့တည်းမဟုတ် ရောင်း ချရန် အတွက်သော်၎င်း၊ ပေးကမ်းရန်အတွက်သော်၎င်း၊ အခြားကိစ္စတစုံတရာအတွက်သော်၎င်း လက်ရှိ ထားလျှင်၊
1,349,804
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
ထိုသူသည်၊ ၆လထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီ ရင်ခြင်းခံရမည်။
1,349,805
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်း၌ လူအများရှေ့တွင် အလံတစုံတခုကို ဆုတ်ဖြတ်ဖျက်ဆီး လျှင်၊ အဆင်းသဏ္ဌာန်ပျက်ပြားအောင် ပြုလျှင်၊ ဂုဏ်သိမ်ပျက်ပြားအောင် ပြုလျှင်၊ မလေးစားလျှင်၊ ခြေ ဖြင့်နင်းလျှင်၊ သို့တည်းမဟုတ် နှုတ်အမူအရာဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ မထီမဲ့မြင်ပြုလျှင်၊ ထိုသူသည် အလုပ်ကြမ်းဖြင့် တနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေတထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
1,349,806
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
နိုင်ငံတော်သမတသည် အလံနှင့် စပ်လျဉ်းသည့် ကိစ္စအရပ်ရပ်ကို စည်းမျဉ်းသတ်မှတ်ရန် နည်းဥပ ဒေများ ပြုလုပ်နိုင်သည်။
1,349,807
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
ထိုကိစ္စအရပ်ရပ်တွင် နိုင်ငံတော်အလံ အသုံးပြုခြင်းနှင့် လွှင့်ထူခြင်းများလည်း ပါဝင်သည်။
1,349,808
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
စဝ်ရွှေသိုက်၊
1,349,809
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
နိုင်ငံတော်ယာယီသမတ၊
1,349,810
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံတော်။
1,349,811
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်။
1,349,812
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
အမိန့်အရ၊ ရွှေဘော်၊
1,349,813
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
နိုင်ငံတော်သမတအတွင်းဝန်။
1,349,814
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ
[အမှတ် ၂၃၁]
1,349,815
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
{{center|သမတအိမ်တော်၊ ရန်ကုန်မြို့။
1,349,816
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
1,349,817
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၆။
1,349,818
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
)(၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်။
1,349,819
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
)}}၁။ (၁) ဤအက်ဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေဟု ခေါ်ရမည်။
1,349,820
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) ဤအက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးနှင့် သက်ဆိုင်ရမည်။
1,349,821
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဤအက်ဥပဒေသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်နေ့) မှစ၍၊ အာဏာတည်သည်ဟု မှတ်ယူရမည်။
1,349,822
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၂။ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကို ထောက်ထားရန်မလိုလျှင် ဤအက်ဥပဒေ၌ ပါရှိသည့်-
1,349,823
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“နိုင်ငံသားလက်မှတ်” ဆိုသည်မှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ရေး အက်ဥပဒေအရ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပေးအပ်သော လက်မှတ်ကို ဆိုလိုသည်။
1,349,824
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“နိုင်ငံသားပြုမှုလက်မှတ်” ဆိုသည်မှာ ဤအက်ဥပဒေအရ ပေးအပ်သည့် နိုင်ငံသားပြုမှု အခွင့်အရေး ပေးသော လက်မှတ်ကို ဆိုလိုသည်။
1,349,825
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“သားသမီး” ဆိုသော စကား၌ တရားဥပဒေအရ မွေးစားသော သားသမီးလည်း ပါဝင်သည်။
1,349,826
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“အခြေခံဥပဒေ” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆိုလို သည်။
1,349,827
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“ပြည်ထောင်စုနိုင်ငံ၏ ကောင်စစ်ဝန်ရုံး” ဆိုသောစကား၌ ဤအက်ဥပဒေအရ မှတ်ပုံတင်ရန် နိုင်ငံတော်သမ္မတက ခန့်ထားသောရုံးလည်း ပါဝင်သည်။
1,349,828
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“အရည်အချင်းချို့ငဲ့သူ” ဆိုသည်မှာ အရွယ်မရောက်သေးသူ၊ သို့တည်းမဟုတ် သူရူး၊ သို့တည်းမဟုတ် ဝမ်းတွင်းရူးကို ဆိုလိုသည်။
1,349,829
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“အဘ” ဆိုသည်မှာ တရားဥပဒေအရ တရားဝင်သော ကလေး၏ အဘကို ဆိုလိုသည်။
1,349,830
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“ဝန်ကြီး” ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဤအက်ဥပဒေအလို့ငှာ တာဝန်လွှဲအပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးကို ဆိုလိုသည်။
1,349,831
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“မိဘ” ဆိုသောစကား၌ အရွယ်မရောက်သေးသော ကလေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တွင်ထိုက လေးကို မွေးစားသော မိဘတစ်ပါးပါးနှင့် [တရားမဝင်သောကလေး] ၏အမိလည်းပါဝင်သည်။
1,349,832
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာ တွင် ထိုမွေးစားသော မိဘတစ်ပါးပါးသည်၊ သို့တည်းမဟုတ် ထိုအမိသည် ထိုကလေးကို တရားဥပဒေအ ရ အုပ်ထိန်းနေသူ ဖြစ်ရမည်။
1,349,833
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
“ပြည်ထောင်စု” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ဆိုလိုသည်။
1,349,834
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၃။ (၁) အခြေခံဥပဒေပုဒ်မ ၁၁ အလို့ငှာ “မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုး” ဆိုသည်မှာ ကချင်၊ ကရင်၊ [ကယား]၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ်၊ (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်းကောင်း ဆိုလို သည်။
1,349,835
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) အခြေခံဥပဒေ ပုဒ်မ ၁၁ နှင့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက် ဥပဒေ ပုဒ်မ ၃ တို့အလို့ငှာ “ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပျံ့နှံ့ရာနယ်မြေ” ဆိုသည်မှာ၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော်လွတ်လပ်ရေး အက်ဥပဒေ ပုဒ်မ ၂ (၂) တွင် ဖော်ပြထားသည့် နယ်မြေများကို ဆိုလိုသည်။
1,349,836
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၄။ (၁) အခြေခံဥပဒေ ပုဒ်မ ၁၁ (က)၊ (ခ) နှင့် (ဂ) အရ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ခဲ့သောသူသည်၊ သို့တည်းမဟုတ် အခြေခံဥပဒေ ပုဒ်မ ၁၁ (ဃ) အရ နိုင်ငံသားအဖြစ် ရွေးချယ်ခွင့်ရရှိ၍ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေအရ နိုင်ငံသားလက်မှတ်ကို ရရှိ သောသူသည် [သို့တည်းမဟုတ် ဤအက်ဥပဒေအရ နိုင်ငံသားပြုမှုလက်မှတ်ကိုဖြစ်စေ၊ နိုင်ငံသားလက် မှတ်ကိုဖြစ်စေ ရရှိသော သူသည် သို့တည်းမဟုတ် ဤအက်ဥပဒေအရ အခြားနည်းဖြင့် ပြည်ထောင်စု နိုင်ငံသားအဖြစ်ကို ပေးအပ်ခြင်းခံရသူသည်] ဤအက်ဥပဒေပြဋ္ဌာန်းချက်များအရ နိုင်ငံသားအဖြစ်ကို မဆုံးရှုံးလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် တည်နေသည်ဟု မှတ်ယူရမည်။
1,349,837
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်ပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်။
1,349,838
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၅။ အခြေခံဥပဒေစတင်အာဏာတည်ပြီးမှ မွေးဖွားသည့်အောက်၌ ဖော်ပြသောသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ရမည်-
1,349,839
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(က) ပြည်ထောင်စုနိုင်ငံသားဖြစ်သည့် မိဘတစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသောသူ၊
1,349,840
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် [ထိုသူ၏အဘသည် နိုင်ငံခြားတစ်ခုခု၏ နိုင်ငံသားဖြစ်ခဲ့သော်] ထိုသူသည် အရွယ်ရောက် ပြီးနောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသား အဖြစ် တည်မြဲတည်စေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသော အခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
1,349,841
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ခ) ပြည်ထောင်စုနိုင်ငံသားဖြစ်သောအဘမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသောသူ၊
1,349,842
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ဤအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့် ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခြင်းခံရသူ ဖြစ်ရ မည်။
1,349,843
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ဂ) ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုကို ထမ်းနေဆဲဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသောသူ၊
1,349,844
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ထိုသူ၏ မိဘတစ်ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည် အရွယ်ရောက်ပြီးနောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ် တည်မြဲ တည်စေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုနှစ်ကုန်ဆုံးသောအခါ ပြည်ထောင် စုနိုင်ငံသားအဖြစ်မှ ရပ်စဲမည်။
1,349,845
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ရှင်းလင်းချက်(၁)။
1,349,846
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသော သင်္ဘောသည်၊ သို့တည်းမဟုတ် လေယာဉ် ပျံသည် မည်သည့်နေရာ၌ရှိနေစေကာမူ ထိုသင်္ဘော၊ သို့တည်းမဟုတ် လေယာဉ်ပျံတို့အပေါ်တွင် မွေးဖွား လျှင် ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသည်ဟု မှတ်ယူရမည်။
1,349,847
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ရှင်းလင်းချက်(၂)။
1,349,848
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ပြည်ထောင်စုနိုင်ငံမှတစ်ပါး အခြားအရပ်ဒေသတွင် မှတ်ပုံတင်ထားသော သင်္ဘော သည်၊ သို့တည်းမဟုတ် လေယာဉ်ပျံသည် ပြည်ထောင်စုနိုင်ငံ ပိုင်နက်တွင်ရှိစေကာမူ၊ ထိုသင်္ဘောပေါ် တွင် သို့တည်းမဟုတ် ထိုလေယာဉ်ပျံပေါ်တွင် မွေးဖွားလျှင်၊ ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသည်ဟု မမှတ်ယူရ။
1,349,849
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ရှင်းလင်းချက်(၃)။
1,349,850
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
တရားဝင်သော အိမ်ထောင်ပြုခြင်းမရှိသည့် မိဘမှ မွေးဖွားသောသူသည် နောင်အ ခါတွင် ထိုမိဘတို့ တရားဝင်သော အိမ်ထောင်ခြင်းကို ပြုသောအခါ ဤပုဒ်မအလို့ငှာ တရားဝင်သော အိမ် ထောင်ခြင်းကိုပြုသည့် မိဘမှ မွေးဖွားသော သားသမီး၏ အခွင့်အရေးအားလုံးကို ရရှိရမည်။
1,349,851
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၆။ (၁) ဝန်ကြီးသည် မိမိသင့်လျော်သည့် ထင်မြင်သည့် ကိစ္စများတွင် ပြည်ထောင်စုနိုင်ငံသားဟုတ်မ ဟုတ်နှင့် စပ်လျဉ်း၍ ဒွိဟဖြစ်ခြင်းခံရသောသူတစ်ဦးဦးအား သော်လည်းကောင်း၊ ထိုသူ၏ အခွင့်အရေး များကို ဆက်ခံသူအားလည်းကောင်း နိုင်ငံသားလက်မှတ်ကို မိမိ၏ သဘောအတိုင်း ပေးအပ်နိုင်သည်။
1,349,852
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ထို့ပြင် ထိုသူအား လက်မှတ်ပေးခြင်းသည် ဒွိဟဖြစ်နေသည်ကို ကင်းရှင်းစေလိုသောကြောင့် ပေးအပ် ခြင်း ဖြစ်သည်ဟု ထိုလက်မှတ်ပေါ်တွင် ရေးသားဖော်ပြရမည်။
1,349,853
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
[(၂) ဝန်ကြီးသည် ပုဒ်မ ၄ (၂)၊ ပုဒ်မ ၅၊ ပုဒ်မ ၉ (၂) နှင့် ပုဒ်မ ၁၁ (၄) တစ်ခုခုအရသော်လည်းကောင်း၊ အခြေခံဥပဒေ၏ ပုဒ်မ ၁၁၊ အပိုဒ် (ခ) နှင့် (ဂ) တစ်ခုခုအရ သော်လည်းကောင်း ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်သည့်၊ သို့တည်းမဟုတ် ဖြစ်သည်ဟု မှတ်ယူခြင်းခံရသည့်၊ သို့တည်းမဟုတ် ဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံရသည့် သူအား နိုင်ငံသားလက်မှတ်ထုတ်ပေးနိုင်သည်။
1,349,854
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ယင်းသို့ ထုတ်ပေးသည့် လက်မှတ်ပေါ်တွင် ပုဒ်မ ၆ (၂) အရ ထုတ်ပေးကြောင်းကို ဖော်ပြရမည်။
1,349,855
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
အရွယ်မရောက်သေးသော ကလေးများ၌ အရွယ်ရောက်ပြီးနောက် တစ်နှစ်အတွင်း ပြည်ထောင်စုနိုင်ငံ သားအဖြစ်ကိုသော်လည်းကောင်း၊ အခြားနည်းမိမိရရှိသော နိုင်ငံခြားသားအဖြစ်ကိုသော်လည်းကောင်း စွန့်လွှတ်ရန် တာဝန်ရှိလျှင် ထိုသို့ စွန့်လွှတ်ရမည်ဖြစ်ကြောင်းကို၊ သို့တည်းမဟုတ် စွန့်လွှတ်ပြီးဖြစ် ကြောင်းကို၊ ထိုလက်မှတ်ပေါ်တွင် ရေးသားဖော်ပြရမည်။
1,349,856
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
[(၃) ပုဒ်မခွဲ (၁) နှင့် ပုဒ်မခွဲ (၂) တစ်ခုခုအရ ထုတ်ပေးသောလက်မှတ်သည်] ထိုသူနိုင်ငံသားဖြစ် ကြောင်း အပြီးသတ်သက်သေခံဖြစ်စေရမည်။
1,349,857
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ထို့ပြင် လက်မှတ်ပေးအပ်ခြင်းခံရသောသူသည် လက် မှတ်တွင် ထိုကိစ္စအလို့ငှာ၊ ဖော်ပြထားသောနေ့မှစ၍၊ ပြည်ထောင်စုနိုင်ငံတော်သားဖြစ်သည်ဟု မှတ်ယူရ မည်။
1,349,858
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ထိုလက်မှတ်ကို အကြောင်းပြု၍၊ ထိုလက်မှတ်၌ ဖော်ပြထားသောနေ့မတိုင်မီက ထိုသူ သည် နိုင်ငံသားမဖြစ်ဟု ဝန်ခံရာ မရောက်စေရ။
1,349,859
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၇။ (၁) နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားပြုမှုလက်မှတ်ကို အောက်ပါအကြောင်းများကို ဖော်ပြ လျှောက်ထားနိုင်သည်။
1,349,860
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဝန်ကြီးက ထိုသို့ ဖော်ပြသောအကြောင်းများကို ကျေနပ်လက်ခံလျှင် ထိုလျှောက် သူအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည်-
1,349,861
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ကြောင်း။
1,349,862
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက်မနည်း အဆက်မပြတ် ပြည်ထောင်စုနိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း။
1,349,863
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ဂ) မိမိသည် အကျင့်စာရိတ္တကောင်းမွန်၍ [မြန်မာနိုင်ငံ တိုင်းရင်းဘာသာစကားတစ်မျိုးမျိုးကို] ပြောတတ်ကြောင်း။
1,349,864
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ဃ) မိမိအား နိုင်ငံသားပြုလက်မှတ်ပေးအပ်လျှင်၊ မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန်၊ သို့တည်း မဟုတ် ပြည်ထောင်စု အစိုးရ၌သော်လည်းကောင်း၊ ပြည်နယ်တစ်ခုခု၏ အစိုးရ၌သော်လည်းကောင်း အမှုထမ်းရန်၊ ဆက်လက်အမှုထမ်းရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင်ရွက်ရန်၊ ဆက်လက်ဆောင်ရွက်ရန်ကြံရွယ်ကြောင်း။
1,349,865
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင်ထိုသူသည် နိုင်ငံသားပြုမှုလက်မှတ် ရလိုကြောင်း မလျှောက်ထားမီ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ ကြိုတင်၍ ဤအက်ဥပဒေအရ ပြဋ္ဌာန်းထားသော နည်းဥပဒေများ၌ ပါရှိသည့်ပုံစံအ တိုင်း နိုင်ငံသားပြုမှုလက်မှတ်တောင်းယူရန် ကြံရွယ်ကြောင်းကို စာဖြင့် အကြောင်းကြားပြီး ဖြစ်ရမည်။
1,349,866
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဤပုဒ်မအလို့ငှာ အဆက်မပြတ် နေထိုင်သည့် ငါးနှစ်ကို ရေတွက်ရာတွင်၊ ပြည်ထောင်စုပြင်ပ၌ နေထိုင်စေကာမူ ပြည်ထောင်စု အစိုးရ အမှုထမ်း အဖြစ်ဖြင့် နေထိုင်လျှင် ထိုသို့ နေထိုင်သောကာလကို ထည့်သွင်းရေတွက်ခွင့်ရှိသည်။
1,349,867
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ပြည်ထောင်စု အစိုးရအမှုထမ်းအဖြစ်ဖြင့် နေထိုင် ခြင်းမပြုလျှင်၊ ခြောက်လအထိသာ ထည့်သွင်းရေတွက်ခွင့်ရှိသည်။
1,349,868
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဤပုဒ်မအလို့ငှာ ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသော သင်္ဘောပေါ်၌ သင်္ဘောသားအဖြစ်ဖြင့် ပြည်ထောင်စုပြင်ပတွင် အမှုထမ်းနေစေကာမူ ထိုသူသည်၊ ပြည်ထောင်စုအတွင်း ၌ နေထိုင်နေသည်ဟု မှတ်ယူရမည်။
1,349,869
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) နိုင်ငံသားပြုမှုလက်မှတ်ရနိုင်ရန် အရည်အချင်းရှိ၍ ထိုလက်မှတ်ကို ရရန် လျှောက်ထားသော သူသည် လျှောက်ထားသည့်နေ့မှစ၍ လက်မှတ်ပေးအပ်သည့်နေ့အထိ ပြည်ထောင်စု နိုင်ငံအတွင်းတွင် အဆက်မ ပြတ် နေထိုင်ရမည်။
1,349,870
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ဝန်ကြီးက လုံလောက်သည့် အကြောင်းများရှိသည်ဟု ယူဆလျှင် ဤပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမှ ခွင့်လွှတ်နိုင်သည်။
1,349,871
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၃) ထိုနိုင်ငံခြားသားအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်ခြင်းသည်၊ ဝန်ကြီး၏ သဘောအတိုင်း ဖြစ်စေရမည်။
1,349,872
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဝန်ကြီးသည် အကြောင်းပြ၍ဖြစ်စေ၊ မပြဘဲဖြစ်စေ အများပြည်သူအတွက် ကောင်းကျိုး ဖြစ်စေရမည်ဟု ထင်လျှင် ထိုလက်မှတ်ကို ပေးအပ်နိုင်သည်၊ သို့တည်းမဟုတ် ငြင်းဆိုနိုင်သည်။
1,349,873
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဝန်ကြီး ၏ အဆုံးအဖြတ်ကို အယူခံခွင့် မရှိစေရ။
1,349,874
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၄) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် [ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း] ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး၊ နိုင်ငံသားပြုလက်မှတ်သည် အတည် မဖြစ်စေရ။
1,349,875
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၈။ မြန်မာပြည်သားပြုမှု အက်ဥပဒေ (The Burma Naturalization Act) ပုဒ်မ ၅ အရ၊ ထုတ်ပေးခဲ့ သော မြန်မာပြည်သား ပြုမှုလက်မှတ်ရသူနှင့် ထိုလက်မှတ်၌ အမည်ပါဝင်သူသည်၊ အကျင့်စာရိတ္တ ကောင်းသူဖြစ်၍ အရည်အချင်းချို့ငဲ့သူ မဟုတ်လျှင်၊ ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း၊ ပြည်ထောင် စုမြန်မာနိုင်ငံ၏ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသား အဖြစ်ကို ရွေးချယ်ကြောင်း ကြေညာလျှင် ဤအက်ဥပဒေအရ ပြည်ထောင်စု နိုင်ငံသားပြုမှု လက်မှတ်ရ လိုကြောင်း လျှောက်ထားနိုင်သည်။
1,349,876
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု (ပြင်ဆင်ချက်) အက်ဥပဒေ ထုတ်ပြန်ကြေညာခြင်းမပြုမီ မူလ ပုဒ်မ ၈ အရ လက်မှတ်ရသူနှင့် သက်ဆိုင်ခြင်း မရှိစေရ၊ သို့ရာတွင် ထိုသူ၏သားသမီးများနှင့် သက်ဆိုင်ရမည်။
1,349,877
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၉။ (၁) ဝန်ကြီးသည် နိုင်ငံခြားသားတစ်ဦးအား၊ ပြည်ထောင်စု နိုင်ငံသားပြုမှု လက်မှတ်ကို၊ [သို့တည်းမ ဟုတ် နိုင်ငံသားလက်မှတ်ကို] ပေးအပ်ရာ၌ ထိုလက်မှတ်ပါနေ့မတိုင်မီက၊ မွေးဖွားသည်လည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံသား မဟုတ်သေးသည်လည်းဖြစ်သော ထိုလျှောက်ထားသူ၏ အရွယ် မရောက်သေး သည့် ကလေးများသည် (က) ထိုသူတစ်ဦးတည်း၏ တရားဥပဒေအရ အုပ်ထိန်းခြင်းခံရသူများဖြစ်လျှင်၊ သို့တည်းမဟုတ် (ခ) ပြည်ထောင်စုနိုင်ငံသားတစ်ဦးဦး၏ တရားဥပဒေအရ အုပ်ထိန်းခြင်းကို ခံရသူများ ဖြစ်လျှင် ထိုကလေးများ၏ အမည်များကို လက်မှတ်၌ထည့်သွင်းနိုင်သည်။
1,349,878
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) လက်မှတ်တွင် အမည်ပါဝင်သောအရွယ်မရောက်သေးသည့် ကလေးများသည် လက်မှတ်ပါနေ့ရက်မှ အစပြု၍ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို ရသည်ဟု မှတ်ယူရမည်။
1,349,879
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ထိုသို့ အမည်ပါဝင်သော ကလေးတစ်ယောက်သည် အရွယ်ရောက်သည်မှ တစ်နှစ်အတွင်း ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာနိုင်သည်။
1,349,880
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ထိုသို့ ကြေညာသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ပြည်ထောင်စု နိုင်ငံသား အဖြစ်မှရပ်စဲရမည်။
1,349,881
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၃) အရွယ်မရောက်မီက ဤပုဒ်မအရ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို ရရှိလာသောသူသည် အရွယ် ရောက်ပြီးသည့်နောက် ထိုသူ၏ နိုင်ငံသားအဖြစ်ကို ဝန်ကြီးက ရုပ်သိမ်းနိုင်သည်။
1,349,882
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ထိုသို့ ရုပ်သိမ်းသော အခါ နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူ၏ နိုင်ငံ သားအဖြစ်ကို ရုပ်သိမ်းရာတွင် လိုက်နာအပ်သော အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ်ရမည်။
1,349,883
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၁၀။ အိမ်ထောင်ရှိသော မိန်းမသည် အိမ်ထောင်မရှိဘိသကဲ့သို့ နိုင်ငံသားအဖြစ် ရယူခြင်း၊ စွန့်လွှတ်ခြင်း တို့ကို၊ ဤအက်ဥပဒေနှင့် မဆန့်ကျင်စေဘဲ ပြုနိုင်ခွင့် ရှိရမည်။
1,349,884
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
အိမ်ထောင်ပြုခါမျှနှင့် မည်သည့်မိန်းမမျှ၊ ပြည်ထောင်စု နိုင်ငံသားအဖြစ်ကို ရရှိခြင်း၊ ဆုံးရှုံးခြင်း မဖြစ်စေရ။
1,349,885
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
၁၁။ (၁) ပြည်ထောင်စုနိုင်ငံသားနှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက်မှတ် ရလိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင် သည်။
1,349,886
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) ဝန်ကြီးသည် ထိုလျှောက်ထားသူ၏ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံကြောင်း ကျေနပ်လက်ခံ လျှင် ထိုလျှောက်ထားသူအား နိုင်ငံသားလက်မှတ်ကို ပေးအပ်နိုင်သည်-
1,349,887
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(က) လျှောက်ထားသူသည် အရည်အချင်းချို့ငဲ့သူ မဟုတ်ခြင်း။
1,349,888
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ခ) ပြည်ထောင်စုနိုင်ငံသားနှင့် အိမ်ထောင်ပြုသူ ဖြစ်ခြင်း။
1,349,889
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ဂ) လျှောက်လွှာတင်သွင်းသောနေ့မှ အထက်အခြားမဲ့သော တစ်နှစ်မျှသော ကာလအတွင်း ပြည်ထောင်စုတွင် နေထိုင်ခဲ့သူဖြစ်ခြင်း။
1,349,890
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ဃ) နိုင်ငံသားလက်မှတ်ကိုရရှိလျှင် လျှောက်ထားသူသည် မိမိ၏ အခြားနိုင်ငံသားအဖြစ်ကို စွန့်လွှတ်မည်ဟု ဝန်ခံကတိထားရှိခြင်း။
1,349,891
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
[(င) လျှောက်ထားသူသည် အများပြည်သူ၏ အကျိုးထိခိုက်အောင် အကျင့်စာရိတ္တပျက်ပြားသူ မဟုတ်ခြင်း။
1,349,892
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၃) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် [ပြည်ထောင်စု မြန်မာနိုင်ငံကို ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေကြောင်း] ကြေညာခြင်း မပြုသမျှကာလပတ်လုံး နိုင်ငံသားလက်မှတ်သည် အတည်မဖြစ်စေရ။
1,349,893
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၄) ပုဒ်မခွဲ (၂) အရ နိုင်ငံသား လက်မှတ်ပေးခြင်းခံရသူနှင့် ထိုသူ၏လင်က လျှောက်ထားလျှင် နိုင်ငံ သားအဖြစ်ကို ပေးအပ်ခြင်းခံရသည့်နေ့မတိုင်မီက မွေးဖွား၍ ပြည်ထောင်စုနိုင်ငံသားမဖြစ်သေးသော အရွယ်မရောက်သေးသည့် ကလေးကို၊ [ပြည်ထောင်စုနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်၊ ထိုကလေး၏ အမည်ကို မိခင်အား ထုတ်ပေးသော နိုင်ငံသားလက်မှတ်တွင် ထည့်သွင်းရမည်။
1,349,894
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
ပုဒ်မ ၉ ပါ ပြဋ္ဌာန်း ချက်များသည် ထိုကလေးနှင့် သက်ဆိုင်စေရမည်။
1,349,895
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
]၁၂။ (၁) နိုင်ငံသားဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော ကလေးသည် နိုင်ငံ သားမဖြစ်သေးလျှင် အရွယ်မရောက်သေးသည်လည်းဖြစ်၍ ထိုမိဘ၏ အအုပ်အထိန်းကို ခံယူနေသူ လည်းဖြစ်လျှင် ထို့ပြင် ထိုကလေး၏ ထိုမိဘသည် ပြည်ထောင်စုသို့ပြန်လာ၍ ထာဝစဉ်နေထိုင်လျက် လျှောက်ထားသောအခါ ထိုကလေးသည် နိုင်ငံသားလက်မှတ်ကို ရခွင့်ရှိရမည်။
1,349,896
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
[အရွယ်မရောက်သေး သည့် ကလေး၏ မိဘသည် ထိုကလေးအတွက် လျှောက်လွှာမတင်သွင်းမီသေဆုံးလျှင် ထိုကလေးကို အုပ်ထိန်းသူက ဤပုဒ်မခွဲအရ လျှောက်လွှာတင်သွင်းနိုင်သည်။
1,349,897
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
သို့ရာတွင် ထိုကလေးသည် အရွယ်ရောက်ပြီးသည့်နောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
1,349,898
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၂) ပုဒ်မခွဲ (၁) ၌ ရည်ညွှန်းထားသော ကလေးသည် အရွယ်ရောက်သူဖြစ်လျှင် ဝန်ကြီးသည် အောက်ပါအချက်များနှင့် ညီညွတ်သည်ဟု ယူဆပါက နိုင်ငံသားလက်မှတ်ကို ထိုသူအား ပေးအပ်နိုင်သည်-
1,349,899
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(က) အကျင့်စာရိတ္တကောင်းခြင်း၊
1,349,900
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(ခ) ပြည်ထောင်စုတွင် ထာဝစဉ်နေထိုင်ရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုအစိုးရ၌ဖြစ်စေ၊ ပြည်နယ် အစိုးရ၌ဖြစ်စေ အမှုထမ်းရန်၊ ဆက်လက်အမှုထမ်းရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုတွင် တည်ထောင် ထားသော ဘာသာ၊ သာသနာရေး၊ ကုသိုလ်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့တစ်ခုခု၌ ပါဝင်ဆောင်ရွက် ရန်၊ ဆက်လက်ဆောင်ရွက်ရန် ကြံရွယ်ခြင်း။