id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,349,901 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၃) ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာအောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသားမဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့်စာရိတ္တကောင်း သူဖြစ်၍ အရည်အချင်း ချို့ငဲ့သူမဟုတ်လျှင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက် ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သည်။ |
1,349,902 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် ထိုသူ သည် ထိုအခါက ပြည်ထောင်စုတွင် ထာဝစဉ်နေသူဖြစ်ရမည်။ |
1,349,903 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | လျှောက်ထားရမည့် အချိန်အခါ၌ မိဘနှစ်ဦးလုံးသော်လည်းကောင်း၊ တစ်ဦးဦးသော် လည်းကောင်း နိုင်ငံသားလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားပြုမှုလက်မှတ်ကို ရယူပြီးဖြစ်လျှင်လည်း ထိုသူသည် နိုင်ငံသားလက်မှတ်ကို လျှောက်ထားနိုင်သည်ဟု မှတ်ယူရမည်။ |
1,349,904 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၄) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း [နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း] ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး၊ ပုဒ်မခွဲ (၂) အရ၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၃) အရ ပေးအပ်သည့် နိုင်ငံသားလက်မှတ်သည် အတည်မဖြစ်စေရ။ |
1,349,905 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) (၁) အခြေခံဥပဒေ စတင်အာဏာမတည်မီက ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော ပိုင်နက် အတွင်း မွေးဖွားသူ၏ မိဘတစ်ပါးပါးမှာ အခြေခံ ဥပဒေပုဒ်မ ၁၁၊ အပိုဒ် (ခ) အရ ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်လျှင်၊ သို့တည်းမဟုတ် ထိုမိဘမှာ အခြေခံဥပဒေ စတင်အာဏာတည်သည့်နေ့တွင် အသက် ရှင်နေသည်ဖြစ်ပါက အခြေခံဥပဒေပုဒ်မ ၁၁၊ အပိုဒ် (ခ) အရ သော်လည်းကောင်း၊ အပိုဒ် (ဂ) အရသော် လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ကို ရယူခွင့်ရှိလျှင် ထိုသူသည် အရည်အချင်း ချို့ငဲ့သူ မဟုတ်လျှင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီးတစ်နှစ်အတွင်းဖြစ်စေ နိုင်ငံသားလက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သည်။ |
1,349,906 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် ထိုသူသည် ပြည်ထောင်စုတွင် ထာဝစဉ်နေသူဖြစ်ရမည်။ |
1,349,907 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၂) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး ပုဒ်မခွဲ (၁) အရ ပေးအပ်သည့်နိုင်ငံသား လက်မှတ်သည် အတည်မဖြစ်စေရ။ |
1,349,908 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု (ပြင်ဆင်ချက်) အက်ဥပဒေထုတ်ပြန်ကြေညာ ခြင်းမပြုမီက ထုတ်ပေးပြီးဖြစ်သော နိုင်ငံသားပြုလက်မှတ်တွင်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေပါမည်ဟူသော ကြေညာချက်မပါ သောကြောင့် ထိုလက်မှတ်သည် ပျက်ပြယ်သည်ဟု မမှတ်ယူရ။ |
1,349,909 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၃။ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များတွင် ကာလအပိုင်းအခြား ဆက်လျက်ဖြစ်စေ၊ မဆက်ဘဲဖြစ်စေ စုစုပေါင်းသုံးနှစ်ထက်မနည်း သစ္စာ ရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေစဉ်၌ သော်လည်းကောင်း၊ အမှုထမ်းရပ်စဲပြီး နောက် ခြောက်လအတွင်း၌သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါခြွင်းချက်များမှတစ်ပါး ဤအက်ဥပဒေရှိ အခြားပြဋ္ဌာန်း ချက်အားလုံး ကို အပြည့်အစုံလိုက်နာလျှင် ထိုသူအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည်- |
1,349,910 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၁) ကြံရွယ်ခြင်းကို တင်ကြိုအကြောင်းကြားရန်မလို။ |
1,349,911 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၂) ပြည်ထောင်စုအတွင်းတွင် နေထိုင်ခဲ့ရန်မလို။ |
1,349,912 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၄။ အရည်အချင်း ချို့ငဲ့သူမဟုတ်သော ပြည်ထောင်စု နိုင်ငံသားသည် နိုင်ငံခြား၏ နိုင်ငံသားပြုမှုလက် မှတ်ကို ရလျှင်၊ သို့တည်းမဟုတ် အိမ်ထောင်ပြုခြင်းကြောင့် မဟုတ်ဘဲ မိမိအလိုအတိုင်း ပြုမူသော ကြောင့်ဖြစ်စေ၊ နည်းလမ်းတကျ ပြုမူသောကြောင့် ဖြစ်စေ နိုင်ငံခြား၏ နိုင်ငံသားပြုခြင်းကိုခံရလျှင် ထိုသူသည် ပြည်ထောင်စုနိုင်ငံသား အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ |
1,349,913 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် ဤပုဒ်မအရ မိဘတစ်ပါးပါးက၊ သို့တည်းမဟုတ် မိဘနှစ်ပါးစလုံးက ပြည်ထောင်စုနိုင်ငံသား အဖြစ်ကို ဆုံးရှုံးသောအကြောင်းကြောင့် သားသမီးများပါ မိမိတို့၏ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို မဆုံးရှုံးစေရ။ |
1,349,914 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၄-က။ (၁) ပြည်ထောင်စုနိုင်ငံသားဖြစ်လျက် နိုင်ငံခြားတစ်ခုခု၏ တရားဥပဒေကြောင့် ထိုနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုလည်း ရရှိသူသည်- |
1,349,915 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊ |
1,349,916 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) အရွယ်ရောက်ပြီး တစ်နှစ်အတွင်းဖြစ်စေ၊ |
1,349,917 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဂ) နိုင်ငံခြားအစိုးရက ထိုတရားဥပဒေကို ပြဋ္ဌာန်းသည့်နေ့မှ တစ်နှစ်အတွင်း ဖြစ်စေ၊ |
1,349,918 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ဤသုံးရပ်အနက် မိမိအတွက် အချိန်အများဆုံးရသည့် ကာလအတွင်း ထိုနိုင်ငံခြားသားအဖြစ်ကို သက်ဆိုင်ရာ နိုင်ငံခြား၏တရားဥပဒေနှင့်အညီ စွန့်လွှတ်ပြီးကြောင်း ဝန်ကြီးထံသို့ အစီအရင်ခံစာတင်သွင်းခြင်းမရှိလျှင် ထိုကာလ ကုန်ဆုံးသည့်အခါ၌ ထိုသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်၊ |
1,349,919 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် တစ်ဦးတစ်ယောက်သောသူသည် လုံလောက်သော အကြောင်းကြောင့် အချိန်မီအစီရင်ခံစာ မတင်သွင်းနိုင်ဟု ဝန်ကြီးကထင်မြင်လျှင် ဝန်ကြီးသည် ထိုသူအတွက် သင့်လျော်သော အချိန်တိုး၍ ပေးနိုင်သည်။ |
1,349,920 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၂) အခြေခံဥပဒေပုဒ်မ ၁၁၊ အပိုဒ် (က)၊ (ခ) နှင့် (ဂ) တစ်ခုခုအရသော်လည်းကောင်း၊ ဤအက်ဥပဒေ ပုဒ်မ ၄(၂)နှင့် ပုဒ်မ ၅ (ခ) တစ်ခုခုအရသော်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံရသူသည် နိုင်ငံခြားသံရုံးတွင် နိုင်ငံခြားသားအနေနှင့် မှတ်ပုံတင်ခြင်း၊ သို့တည်းမ ဟုတ် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရထံမှ နိုင်ငံခြားသားအနေနှင့် နိုင်ငံကူးလက်မှတ် ရယူခြင်းမရှိလျှင် ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များသည် ထိုသူနှင့် သက်ဆိုင်ခြင်း မရှိစေရ။ |
1,349,921 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၃) ပုဒ်မခွဲ (၂) ၌ ရည်ညွှန်းသောသူသည် အရည်အချင်း ချို့ငဲ့သူလည်း မဟုတ်မှု၍ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့ ဆိုက်ရောက်ပြီးသည့်နောက် နိုင်ငံခြားသံရုံးတွင် နိုင်ငံခြားသားအနေနှင့် မှတ်ပုံတင်သွင်းခြင်း၊ သို့တည်းမဟုတ် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရထံမှ နိုင်ငံခြားသားအနေနှင့် နိုင်ငံကူးလက်မှတ်ရယူခြင်း ကိုပြုလျှင် ယင်းသို့ပြုသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲပြီဟု မှတ်ယူရ မည်။ |
1,349,922 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၄-ခ။ ပုဒ်မ ၁၄ အရသော်လည်းကောင်း၊ ပုဒ်မ ၁၄-ကအရသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံသား အဖြစ်မှရပ်စဲခြင်း ခံရသူသည်- |
1,349,923 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၁ အပိုဒ် (က)၊ သို့တည်းမဟုတ် အပိုဒ် (ခ)၊ သို့တည်းမ ဟုတ် အပိုဒ် (ဂ)၊ သို့တည်းမဟုတ် ဤအက်ဥပဒေပုဒ်မ ၅ (ခ) ပါ အရည်အချင်းနှင့် ပြည့်စုံလျှင်၊ ထို့ပြင် |
1,349,924 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ထာဝစဉ် ပြန်လည် နေထိုင်ပါမည်၊ နိုင်ငံခြားသားအဖြစ်ကို သက်ဆိုင်ရာနိုင်ငံခြား၏ တရားဥပဒေနှင့် အညီ စွန့်လွှတ်ပါမည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူး သစ္စာတော်ကို စောင့်သိရိုသေပါမည်ဟူ၍ ဝန်ခံချက်ပေးလျှင်၊ ဝန်ကြီးက မိမိသဘောအတိုင်း ထိုသူအားပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ကို ပြန်လည်ရယူစေရန် ခွင့်ပြုနိုင်သည်။ |
1,349,925 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။ |
1,349,926 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၅။ မည်သည့်ပြည်ထောင်စုနိုင်ငံသားမျှ ပြည်ထောင်စုတွင် နေထိုင်လျက်ရှိစဉ်၊ သို့တည်းမဟုတ် ပြည်ထောင်စုပါဝင်နေသော စစ်မက်ကာလအတွင်းတွင် ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့် မရရှိစေရ။ |
1,349,927 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၆။ အခြေခံဥပဒေအာဏာစတင်တည်သည့်နေ့တွင် ထိုအခြေခံဥပဒေကြောင့် ပြည်ထောင်စုနိုင်ငံသား ဖြစ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော် လွတ်လပ်ရေးအက်ဥပဒေပုဒ်မ (၂) အရ ဗြိတိသျှနိုင်ငံ သားအဖြစ်ကို နောက်မှ ရွေးချယ်သောကြောင့် ဗြိတိသျှနိုင်ငံသားဖြစ်သည်ဟု မှတ်ယူခြင်းခံရသောသူ သည် ပြည်ထောင်စု၏ နိုင်ငံသားအဖြစ်မှရပ်စဲရမည်။ |
1,349,928 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၇။ အခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်လျက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော်လွတ်လပ် ရေးအက်ဥပဒေ၏ ပထမဇယား အပိုဒ် ၂ နှင့် ၃ပါ ပြဋ္ဌာန်းချက်များအရ ဗြိတိသျှနိုင်ငံသားအဖြစ်လည်း တည်ရှိသောသူသည် အရည်အချင်းချို့ငဲ့သူမဟုတ်လျှင် ထိုသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာနိုင်သည်။ |
1,349,929 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ထိုသို့ ကြေညာသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ပြည်ထောင်စုနိုင် ငံသားအဖြစ်မှ ရပ်စဲရမည်။ |
1,349,930 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၈။ ဝန်ကြီးကပေးအပ်သည့် ပြည်ထောင်စုနိုင်ငံသားပြုမှု လက်မှတ်ကို၊ သို့တည်းမဟုတ် နိုင်ငံသားလက် မှတ်ကို မဟုတ်မမှန် ဖော်ပြခြင်းဖြင့်ဖြစ်စေ၊ လှည့်ဖြားခြင်းဖြင့် ဖြစ်စေ၊ အရေးပါသော အကြောင်းများကို ဖုံးကွယ်ထားခြင်းဖြင့် ဖြစ်စေ ရရှိခဲ့သည်ဟုသော်လည်းကောင်း၊ ထိုလက်မှတ်ရရှိသောသူသည် ပြည်ထောင်စုကို အကြည်အညိုမဲ့ကြောင်း၊ သို့တည်းမဟုတ် သစ္စာမဲ့ကြောင်း ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ ပြသည်ဟုသော်လည်းကောင်း ဝန်ကြီးက ထင်မြင်ယူဆလျှင် ထိုလက်မှတ် ရရှိ သူအား မိမိရရှိထားသော လက်မှတ်ကို မည်သည့်အကြောင်းကြောင့် ပြန်လည်မရုပ်သိမ်းသင့်ကြောင်း အကြောင်းပြရန် ဆင့်ဆို၍ ထိုအကြောင်းပြချက်အပေါ်တွင် သင့်တော်သည် ထင်မြင်သည့် အတိုင်း စုံစမ်း စစ်ဆေးစေပြီးလျှင် ထိုလက်မှတ်ကို ဝန်ကြီးက ရုပ်သိမ်းသင့်သည်ဟု ထင်မြင်ယူဆပါက ပြန်လည် ရုပ်သိမ်းရန် အမိန့်ချနိုင်သည်။ |
1,349,931 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၁၉။ ပုဒ်မ ၁၈ အရ ရရှိသော အဏာများကို မထိခိုက်စေဘဲအောက်ပါကိစ္စတစ် ရပ်ရပ်ဖြစ်ပေါ်လာလျှင် ဝန်ကြီးသည် ပြည်ထောင်စုနိုင်ငံသားပြုမှု လက်မှတ်ကို [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ကို] ရုပ် သိမ်းနိုင်မည်။ |
1,349,932 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည်၊ ပြည်ထောင်စု ပါဝင်နေသော စစ်မက်ကာလ အတွင်းတွင် ရန်သူနှင့် ဖြစ်စေ ရန်သူနိုင်ငံ၏ နိုင်ငံသားနှင့် ဖြစ်စေ တရားဥပဒေနှင့်မညီသော ကုန်သွယ်ခြင်း ဆက်သွယ်ခြင်းကို၊ သို့တည်းမဟုတ် ထိုကဲ့သို့သော စစ်မက်ကာလ အတွင်းတွင် ရန်သူကို အကူအညီပေးရာရောက်အောင် ဆောင်ရွက်နေသည်ဟု ထိုသူကိုယ် တိုင် သိရှိသော လုပ်ငန်းတစ်ခုခု၌ ပါဝင်ခြင်း ဆက်ဆံခြင်း၊ သို့တည်းမဟုတ် |
1,349,933 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည် လက်မှတ်ပေးသည့်နေ့မှစ၍ ငါးနှစ်အတွင်းတွင် ကိုယ်ကျင့်တရားပျက်ယွင်းသော ပြစ်မှုတစ်ခုခုကြောင့် ပြည်ထောင် စုရှိ တရားရုံးတစ်ခုခုက ပြစ်မှုထင်ရှား စီရင်၍ [၁၂လအောက် မနည်းသည့် ထောင်ဒဏ် သော်လည်းကောင်း၊ ကျပ်ငွေ ၁,၀၀၀အောက်မနည်းသည့် ငွေဒဏ်သော်လည်းကောင်း] အပြစ်ပေးခံရ ခြင်း၊ သို့တည်းမဟုတ် |
1,349,934 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဂ) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည် လက်မှတ် ပေးအပ်သည့်နေ့မှစ၍ ပြည်ထောင်စုအစိုးရ၌သော်လည်းကောင်း၊ အသင်းဝင်အဖြစ်ဖြင့် ပြည်ထောင်စု ပါဝင်သော ပြည်ထောင်အချင်းချင်း အဖွဲ့တစ်ခု၌သော်လည်းကောင်း အမှုထမ်းလျက် မဟုတ်ဘဲ မိမိအလိုလျောက် ပြည်ထောင်စုပြင်ပ၌ အနည်းဆုံးငါးနှစ် အဆက်မပြတ် နေထိုင်ရာတွင် တစ်နှစ်ကြာနေထိုင်ပြီးနောက် ပြည်ထောင်စု ၏ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံး၌ နှစ်စဉ် မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း [သို့တည်းမဟုတ်] |
1,349,935 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဃ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်ခြင်းခံရသူသည် သတ်မှတ် ထားသည့် အချိန်ကာလအတွင်း နိုင်ငံခြာသားအဖြစ် စွန့်လွှတ်ရန် ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် |
1,349,936 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (င) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်ခြင်း ခံရသည့်အခါ၌ ထိုသူ သည် အများပြည်သူ၏ အကျိုးထိခိုက်အောင် အကျင့်စာရိတ္တပျက်ပြားခြင်း၊ သို့တည်းမဟုတ် |
1,349,937 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (စ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်ခြင်း ခံရသူအား ဆက်လက် ၍ ထိုလက်မှတ် ပေးအပ်ထားလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုံခြုံမှုကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိ ပြားရေးကိုသော်လည်းကောင်း၊ အကျိုးစီးပွားကို သော်လည်းကောင်း ပျက်ပြားနစ်နာစေမည်ဖြစ်ခြင်း၊ သို့တည်းမဟုတ် |
1,349,938 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဆ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်ခြင်း ခံရသူသည် ထိုနိုင်ငံ သားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်သည့် နေ့ကစ၍ မည်သည့်အချိန်တွင် မဆို ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း။ |
1,349,939 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်သည့်နေ့ မှစ၍ သုံးနှစ်ကျော်လွန်ပြီးနောက် အပိုဒ် (င) ပါ ကိစ္စကြောင့် အရေးယူခြင်း မရှိစေရ။ |
1,349,940 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | သို့ရာတွင် နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်သည့်နေ့မှစ၍ ငါးနှစ် ကျော်လွန်ပြီးနောက် အပိုဒ် (စ) ပါ ကိစ္စကြောင့် အရေးယူခြင်း မရှိစေရ။ |
1,349,941 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ဝန်ကြီးက ပြည်ထောင်စုနိုင်ငံသားပြုမှုလက်မှတ်ကို၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ကို] ပြန် လည် ရုပ်သိမ်းသောအခါ ထိုသို့ရုပ်သိမ်းခြင်းသည် ဝန်ကြီးက ညွှန်ကြားသည့်နေ့မှစ၍ အတည်ဖြစ်စေရ မည်။ |
1,349,942 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ထိုအခါ ထိုလက်မှတ်ကို ဖျက်သိမ်းပြီးဖြစ်သော လက်မှတ်အဖြစ်ဖြင့် ပြန်၍ အပ်နှံစေရမည်။ |
1,349,943 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ထို လက်မှတ်ကို အကြောင်းယုတ္တိမရှိဘဲ ပြန်အပ်နှံရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ပြန်၍ အပ်နှံရန် ပျက်ကွက်လျှင် ထိုသူကို ခြောက်လထက်မများသော ထောင်ဒဏ်၊ သို့တည်းမဟုတ် ငွေဒဏ် ထိုက်သင့် စေရမည်။ |
1,349,944 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) ပြည်ထောင်စုနိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသား လက်မှတ်ကို ပြန်လည်ရုပ် သိမ်းသောအခါ ယခင် ထိုလက်မှတ်ရရှိသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည့်အပြင် ထိုသူ သည် ထိုလက်မှတ်ပေးအပ်စဉ်က ထိုသူအား စိုးပိုင်သည့် နိုင်ငံ၏ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်။ |
1,349,945 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၂၂။ မည်သူမဆို ဤအက်ဥပဒေ၏ ကိစ္စများ အလို့ငှာ အရေးပါသော အကြောင်းတစ်ခုခုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်ကြောင်းကို သိလျက်နှင့် ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့် ဖြစ်စေ မဟုတ်မမှန် ဖော်ပြထွက်ဆိုလျှင်၊ သို့တည်းမဟုတ် အရေးပါသော အကြောင်းတစ်ခုခုကို ဖုံးကွယ်ထားလျှင် ထိုသူကို [ခုနစ်နှစ်] ထက်မများသော ထောင်ဒဏ် ထိုက်သင့်စေရမည့်အပြင် ငွေဒဏ်ကိုလည်း ထိုက်သင့်စေနိုင် သည်။ |
1,349,946 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၂၃။ ''' နိုင်ငံတော်သမ္မတသည် ဤအက်ဥပဒေ၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင် ဆောင်ရွက်စေရန် လည်းကောင်း၊ အထူးသဖြင့် အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စည်းမျဉ်း ဥပဒေများ ပြုလုပ်နိုင်သည်- |
1,349,947 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (က) နိုင်ငံသားလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားပြုမှုလက်မှတ်ပုံစံနှင့် မှတ်ပုံတင်ခြင်း၊ ထိုလက် မှတ်များအတွက် လျှောက်လွှာပုံစံ။ |
1,349,948 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) နိုင်ငံခြားသားအဖြစ် စွန့်လွှတ်သောပုံစံ၊ နိုင်ငံသားပြုမှု လက်မှတ်ကို၊ [သို့တည်းမဟုတ် နိုင်ငံသား လက်မှတ်ကို] ပေးအပ်ပြီးနောက် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ရမည့် ကာလအပိုင်းအခြား ကျမ်းသစ္စာကို၊ သို့တည်းမဟုတ် ကတိသစ္စာကို ဆိုရမည့်ကိစ္စ။ |
1,349,949 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဂ) နိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍၊ သို့တည်းမဟုတ် ကြေညာချက်ပြုခြင်းနှင့် စပ်လျဉ်း၍၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပြုလုပ်ပေးအပ်ရမည့် နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ နိုင်ငံသားပြုမှုလက်မှတ်ကိုဖြစ်စေ ပေးအပ်ခြင်း၊ ထို့ပြင် ကျမ်းသစ္စာ၊ ကတိသစ္စာတို့နှင့် စပ်လျဉ်း၍ အခကြေးငွေ စည်းကြပ်ကန့်သတ်ခြင်း။ |
1,349,950 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | မှတ်စု |
1,349,951 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၂။ [တရားမဝင်သော ကလေး] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရအစားထည့်သွင်းသည်။ |
1,349,952 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၃။ (၁) [ကယား] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေ အမှတ် ၁၆ အရ အစားထည့်သွင်းသည်။ |
1,349,953 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၄။ (၁) [သို့တည်းမဟုတ် ဤအက်ဥပဒေအရ ......... ပေးအပ်ခြင်းခံရသူသည်] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရထည့်သွင်းသည်။ |
1,349,954 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၅။ (က) [ထိုသူ၏ အဘသည် နိုင်ငံခြားတစ်ခုခု၏ နိုင်ငံသားဖြစ်ခဲ့သော်] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရ အစားထည့်သွင်းသည်။ |
1,349,955 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၆။ (၂) [(၂) ဝန်ကြီးသည် ....ရေးသားဖော်ပြရမည်။ |
1,349,956 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၆ အရထည့်သွင်းသည်။ |
1,349,957 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၆။ (၃) [(၃) ပုဒ်မခွဲ (၁)နှင့် ........ လက်မှတ်သည်]၊ ပုဒ်မ ၇ (၁) (ဂ) [မြန်မာနိုင်ငံ .......] = အထက်ပါဥပဒေအရ အစားထည့်သွင်းသည်။ |
1,349,958 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၇။ (၄) [ ပြည်ထောင်စုမြန်မာနိုင်ငံ၏ .... ရိုသေကြောင်း ] ၊ Sec ၉။ |
1,349,959 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၁) [သို့တည်းမဟုတ် ....] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။ |
1,349,960 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၁။ (၂) (င)၊ ပုဒ်မ ၁၁။ |
1,349,961 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (၃) [ ပြည်ထောင်စု .... ရိုသေကြောင်း] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရအားထည့်သွင်းသည်။ |
1,349,962 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၁။ (၄) [ ပြည်ထောင်စု.... ကလေးနှင့်သက်ဆိုင်စေရမည်။ |
1,349,963 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၆အရ အစားထည့်သွင်းသည်။ |
1,349,964 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၂။ (၁) [အရွယ်မရောက်သေးသည့် ....... တင်သွင်းနိုင်သည်။ |
1,349,965 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေ အမှတ်၄၃အရ ထည့်သွင်းသည်။ |
1,349,966 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ၁၂။ (၃) = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရ အစားထည့်သွင်းသည်။ |
1,349,967 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၂။ (၄) = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ အစားထည့်သွင်းသည်။ |
1,349,968 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၂။ (၄)၊ ပုဒ်မ ၁၂ (က)၊ ၁၂ (ခ)။ |
1,349,969 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။ |
1,349,970 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၄-က၊ ၁၄-ခ = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။ |
1,349,971 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၈။ = ၁၉၅၈ခုနှစ်၊ အက်ဥပဒေအမှတ် ၂၀အရ အစားထည့်သွင်းသည်။ |
1,349,972 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၉။ [ သို့တည်းမဟုတ် .... နိုင်ငံသားလက်မှတ်ကို] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ ထည့်သွင်းသည်။ |
1,349,973 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၉။ (က) [ သို့တည်းမဟုတ် ... လက်မှတ်] ၊ ပုဒ်မ ၁၉။ |
1,349,974 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) [ သို့တည်းမဟုတ် ... လက်မှတ်]၊ ပုဒ်မ ၁၉။ |
1,349,975 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဂ) [ သို့တည်းမဟုတ် ] ၊ ပုဒ်မ၁၉။ |
1,349,976 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဃ) = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ ထည့်သွင်းသည်။ |
1,349,977 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၉။ (ခ) [ ၁၂ လအောက် ..... ငွေဒဏ်သော်လည်းကောင်း] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရ အစားထည့်သွင်းသည်။ |
1,349,978 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၉။ (င)၊ ပုဒ်မ ၁၉။ |
1,349,979 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (စ)၊ ပုဒ်မ ၁၉။ |
1,349,980 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ဆ) ခြွင်းချက်။ |
1,349,981 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | .... = အထက်ပါဥပဒေအရ ထည့်သွင်းသည်။ |
1,349,982 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၁၉။ (ဆ) = အထက်ပါဥပဒေအရ ရှိရင်း (င) ကို (ဆ)အဖြစ် ပြန်လည်အမှတ်စဉ်သည်။ |
1,349,983 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၂၀။ = ၁၉၅၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၀ အရပယ်ဖျက်သည်။ |
1,349,984 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၂၁။ [သို့တည်းမဟုတ် .....] ၊ပုဒ်မ ၂၁ (က)။ |
1,349,985 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ၊ပုဒ်မ ၂၃။ |
1,349,986 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | (ခ) [သို့တည်းမဟုတ် ..... ] = ၁၉၄၉ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရထည့်သွင်းသည်။ |
1,349,987 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၂၂။ [ခုနစ်နှစ်] = ၁၉၅၈ ခုနှစ်၊ အက်ဥပဒေမှတ် ၁၀ အရ အစားထည့်သွင်းသည်။ |
1,349,988 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ | ပုဒ်မ ၂၃။ စည်းမျဉ်းဥပဒေများ = ဤအက်ဥပဒေအရ စည်းမျဉ်းဥပဒေများကို မြန်မာနိုင်ငံပြန်တမ်း၊ ၁၉၄၉ ခုနှစ် အပိုင်း ၁၊ စာမျက်နှာ ၄၃၉ တွင် ထုတ်ပြန်ကြေညာသည်။ |
1,349,989 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | လူမသမာများနှင့်လူမသမာများပါဝင်သည့်အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှုကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့် အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသည်တကြောင်း။ |
1,349,990 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့် ပြင် ဥစ္စာပစ္စည်းလည်း အမြောက်အမြား ဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်းတကြောင်း။ |
1,349,991 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ တည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။ |
1,349,992 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ထိုအကြောင်းများကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။ |
1,349,993 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ဟုခေါ်ရမည်။ |
1,349,994 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ဤအမိန့်ကိုထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍ ကရင်နီပြည်နယ်အတွင်း၌ ထိုကျေညာချက်အမိန့် ကို မရုပ်သိမ်းသမျှကာလပတ်လုံး စစ်ဥပဒေအတည်ဖြစ်ရမည်။ |
1,349,995 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ငြိမ်ဝပ်ပိပြားရေးနှင့်ပြည်သူလုံခြုံရေးကိုတည်မြဲအောင် ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။ |
1,349,996 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှုကြောင့်၊ ပြည် ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ရောက်ရှိနေသည်တကြောင်း။ |
1,349,997 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရ သည့်ပြင်၊ ဥစ္စာပစ္စည်းလည်းအမြောက်အမြားဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်း တကြောင်း။ |
1,349,998 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။ |
1,349,999 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့်အာဏာများအရ၊ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။ |
1,350,000 | မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက် | ၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ဟုခေါ်ရမည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.