id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,001
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၂။ ဤအမိန့်ကို ထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍၊ သုံးလအပိုင်းအခြားအဘို့၊ ကျိုက္ခမီခရိုင်နှင့် သထုံ ခရိုင်များအတွင်း၌၊ စစ်ဥပဒေအတည်ဖြစ်စေရမည်။
1,350,002
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကိုတည်မြဲအောင် ဆောင်ရွက်ရာ၌ ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ၊ စစ်ဘက်ဆိုင်ရာ၊ အာဏာပိုင်များက၊ ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်း ဥပဒေများကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေ စောင့်သိရိုသေသော တိုင်းသူပြည်သားတို့ အား ဆင့်ဆိုလိုက်သည်။
1,350,003
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှု ကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာလွှမ်းမိုး မှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ရောက်ရှိနေသည်တကြောင်း။
1,350,004
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသောတိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့် ပြင်၊ ဥစ္စာပစ္စည်းလည်းအမြောက်အမြားဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်းတကြောင်း။
1,350,005
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တည်မြဲရေးအတွက်ဥပဒေ ထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။
1,350,006
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ ကျွန်ုပ်စပ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်းအမိန့်ထုတ်ပြန်သည်။
1,350,007
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၅၊ စစ်ဥပဒေ ထုတ်ပြန်ကျေညာချက် ဟုခေါ်ရမည်။
1,350,008
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၂။ ဤအမိန့်ကို ထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍၊ သုံးလအပိုင်းအခြားအဘို့၊ (၁) ရမည်းသင်းခရိုင်အတွင်းရှိ၊ ပျဉ်းမနားဆပ်ဒီဝီဇံ၊ မြင်းခြံခရိုင်အတွင်းရှိ (၂) မြင်းခြံဆပ်ဒီဝီဇံနှင့်၊ (၃) ပုဂံဆပ်ဒီဝီဇံများအတွင်း၌၊ စစ်ဥပဒေအတည်ဖြစ်စေရမည်။
1,350,009
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကိုတည်မြဲအောင် ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ၊ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက၊ ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသောတိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။
1,350,010
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
လူမသမာများနှင့်လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ထကြွသောင်းကျန်းမှုကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအာဏာ လွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ရောက်ရှိနေသည်တကြောင်း။
1,350,011
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသောတိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့်ပြင်၊ ဥစ္စာပစ္စည်းလည်း အမြောက်အမြား ဖျက်ဆီးခြင်းခံရသည် ဖြစ်သောကြောင့်လည်းတကြောင်း။
1,350,012
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေ ထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။
1,350,013
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ၊ ကျွန်ုပ်စဝ်ရွှေသိုက်က ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။
1,350,014
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၆၊ စစ်ဥပဒေထုတ်ပြန်ကျေညာချက် ဟုခေါ်ရမည်။
1,350,015
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၂။ ဤအမိန့်ကိုထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍ စစ်တွေခရိုင်၊ ဘူးသီးတောင်ဆပ်ဒီဝီဇံနယ်အတွင်း ၌၊ ထိုကျေညာချက်အမိန့်ကိုမရုပ်မသိမ်းသမျှကာလပတ်လုံး၊ စစ်ဥပဒေအတည်ဖြစ်စေရမည်။
1,350,016
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၃။ ငြိမ်ဝပ်ပိပြားရေးနှင့်ပြည်သူ့လုံခြုံရေးကို တည်မြဲအောင်ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ၊ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကိုလိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။
1,350,017
Uncategorized
၁၉၄၈ ခုနှစ်၊ အမှတ် ၆၊ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
REDIRECT ၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
1,350,018
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်း မှုကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအာဏာ လွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသည်တကြောင်း။
1,350,019
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ဤသို့ထကြွသောင်းကျန်းမှုကြောင့် များလှစွာသောတိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရ သည့်ပြင်၊ ဥစ္စာပစ္စည်းလည်း အမြောက်အမြားဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်းတကြောင်း။
1,350,020
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ တည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကျေညာရန်လိုအပ်သည်လည်းတကြောင်း။
1,350,021
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမတကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်းအမိန့်ထုတ်ပြန်သည်။
1,350,022
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ဟုခေါ်ရမည်။
1,350,023
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၂။ ၁၉၄၈ ခုနှစ်၊ စစ်ဥပဒေကျေညာချက်အမှတ် ၃ အရပြည်ခရိုင်၊ သရက်ခရိုင်၊ မင်းဘူးခရိုင်၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များတွင် ၁၉၄၈ ခုနှစ်၊ စက်တင်္ဘာလ ၁၀ ရက်နေ့မှစ၍ သုံးလအပိုင်းအခြား အဘို့ စစ်ဥပဒေအတည်ဖြစ်စေခဲ့ရာ၊ ၎င်းခရိုင်များတွင် ၁၉၄၉ ခုနှစ်၊ ဇန္နာဝါရီလကုန်ထိ စစ်ဥပဒေ ဆက်လက်အတည်ဖြစ်စေရမည်။
1,350,024
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကို တည်မြဲအောင် ဆောင်ရွက်ရာ၌ ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သား အားလုံးတို့အား ဆင့်ဆိုလိုက်သည်။
1,350,025
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှု ကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိနေသည်တကြောင်း။
1,350,026
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ဤသို့ ထကြွသောင်းကျန်းမှုကြောင့် များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့်ပြင်၊ ဥစ္စာပစ္စည်းများလည်း အမြောက်အမြား ဖျက်ဆီးခြင်း ခံရသည်ဖြစ်သော ကြောင့်လည်းတကြောင်း။
1,350,027
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေ ထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။
1,350,028
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်းအမိန့်ထုတ်ပြန်သည်။
1,350,029
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက် ဟုခေါ်ရမည်။
1,350,030
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၂။ ၁၉၄၈ ခုနှစ်၊ စစ်ဥပဒေကျေညာချက်အမှတ် ၄ အရ၊ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်များတွင်၊ ၁၉၄၈ ခုနှစ်၊ စက်တင်္ဘာလ ၁၅ ရက်နေ့မှစ၍၊ သုံးလအပိုင်းအခြားအဘို့ စစ်ဥပဒေအတည်ဖြစ်စေခဲ့ရာ၊ ၎င်းခရိုင်များတွင် ၁၉၄၉ ခုနှစ်၊ ဇန္နာဝါရီလကုန်ထိ၊ စစ်ဥပဒေဆက်လက်အတည်ဖြစ်စေရမည်။
1,350,031
မြန်မာဘာသာ, ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ
၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်
၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကို တည်မြဲအောင် ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန်ချက်အရ၊ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။
1,350,032
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အမှတ် ၁၉၈။
1,350,033
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
။ ၁၉၄၉ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ ပုဒ်မ ၄အရ၊ အပ်နှင်းသည့် အာဏာများကို ဆောင်ရွက်လျက်၊ နိုင်ငံတော်သမတက၊ ထိုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်အလို့ငှါ၊ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။
1,350,034
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေပုဒ်မ ၄ အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမတက၊ အောက်ပါနည်းဥပဒေများကိုပြဋ္ဌာန်းသည်။
1,350,035
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ဤနည်းဥပဒေများကို၊ ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် နည်းဥပဒေများဟု ခေါ်ရမည်။
1,350,036
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ဤနည်းဥပဒေများတွင်-
1,350,037
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(က) “အက်ဥပဒေ” ဆိုသည်မှာ၊ ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေကို ဆိုလိုသည်။
1,350,038
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(ခ) “အဖွဲ့” ဆိုသည်မှာ၊ အက်ဥပဒေ ပုဒ်မ ၂ အရ ဖွဲ့စည်းထားသောအာဇာနည်ဗိမာန်ထိန်းသိမ်းရေး အဖွဲ့ကိုဆိုလိုသည်။
1,350,039
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(ဂ) “အဖွဲ့ဝင်” ဆိုသည်မှာ၊ အက်ဥပဒေ ပုဒ်မ ၂ အရ ဖွဲ့စည်းထားသောအာဇာနည်ဗိမာန် ထိန်းသိမ်းရေး အဖွဲ့တွင်ပါဝင်သော အဖွဲ့ဝင်ကိုဆိုလိုသည်။
1,350,040
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(၁) အဖွဲ့ဝင်များသည်၊ သာမာန် အစည်းအဝေး၊ သို့တည်းမဟုတ် အထူးအစည်းအဝေးကျင်းပ၍၊ မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးနှင့်ဒုတိယဥက္ကဋ္ဌတဦး ရွေးချယ်ခန့်ထားရမည်။
1,350,041
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့၏ ရာထူးသက်တမ်းသည် သုံးနှစ်ဖြစ်စေရမည်။
1,350,042
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(၂) ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် သုံးနှစ်ဖြစ် စေရမည်။
1,350,043
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
နောက်ထပ်လည်းအရွေးခံနိုင်ခွင့် ရှိစေရမည်။
1,350,044
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(၁) ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်တဦးက၊ မိမိသည်ရာထူးမှနုတ် ထွက်လိုကြောင်းဖြင့် အဖွဲ့သို့စာဖြင့် အကြောင်းကြားလျှင်၊ အဖွဲ့သည်၊ ထိုအကြောင်းကြားစာကို၊ မှုခင်းကိစ္စမှတ်တမ်းများတွင်၊ ရေးမှတ်စေရမည်။
1,350,045
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ထိုအခါယင်းသို့အကြောင်းကြားစာပေးပို့သော အဖွဲ့ဝင် သည်၊ အဖွဲ့ဝင်အဖြစ်မှရပ်စဲရမည်။
1,350,046
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(၂) ရာထူးအလျောက် ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်တဦးသည်၊ သာမန်အစည်းအဝေးများ သို့ အဖွဲ့၏ခွင့်ပြုချက်မရရှိဘဲတက်ရောက်ရန် တဆက်တည်း သုံးကြိမ်တိုင်တိုင်ပျက်ကွက်လျှင်၊ ထိုသူ သည်အဖွဲ့ဝင်အဖြစ်မှရပ်စဲရမည်။
1,350,047
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ဥက္ကဋ္ဌသည်၎င်း၊ ဥက္ကဋ္ဌမရှိလျှင် ဒုတိယဥက္ကဋ္ဌသည်၎င်း၊ မိမိတို့တက်ရောက်သော အဖွဲ့၏သာမန်၊ သို့တည်းမဟုတ် အထူးအစည်းအဝေးများ၌ဖြစ်စေ၊ ကော်မီတီအစည်းအဝေးများ၌ဖြစ်စေ၊ သဘာပတိ အဖြစ် ဆောင်ရွက်ရမည်။
1,350,048
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အကယ်၍ ထိုသူနှစ်ဦးလုံး မတက်ရောက်လျှင်၊ အစည်းအဝေးတက်ရောက် သော အဖွဲ့ဝင်များသည် မိမိတို့အထဲမှ အဖွဲ့ဝင်တယောက်ကို အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ရမည်။
1,350,049
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့ဝင်တို့၏ အစည်းအဝေးများသည်၊ သာမန် အစည်းအဝေးများသော်၎င်း၊ အထူးအစည်းအဝေး များသော်၎င်းဖြစ်ရမည်။
1,350,050
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ထိုအစည်းအဝေးများကို ဥက္ကဋ္ဌကဘိတ်ခေါ်ရမည်။
1,350,051
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
သာမန်အစည်းအဝေးများကို သုံးလတကြိမ်ကျ၊ ဇန္နာဝါရီလ၊ ဧပြီလ၊ ဇူလိုင်လနှင့်အောက်တိုဘာလ များတွင် ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့ရက်နှင့်အချိန်တွင် သတ်မှတ်သည့်နေရာ၌ ကျင်းပရမည်။
1,350,052
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အစည်း အဝေးကျင်းပမည့် အကြောင်းနှင့်တကွ ထိုအစည်းအဝေး လုပ်ငန်းအစီအစဉ်ကို အဖွဲ့ဝင်အသီးသီးထံ အစည်းအဝေးမကျင်းပမီ အနည်းဆုံးငါးရက်ကြိုတင်ပေးပို့ရမည်။
1,350,053
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အထူးအစည်းအဝေးများကို ဥက္ကဋ္ဌက မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို ဘိတ်ခေါ်နိုင်သည်။
1,350,054
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
သို့ရာတွင် အစည်းအဝေးကျင်းပမည့် အကြောင်းနှင့်တကွ အစည်းအဝေးလုပ်ငန်းအစီအစဉ်ကို အဖွဲ့ဝင် အသီးသီးထံ အနည်းဆုံးသုံးရက် ကြိုတင်ပေးပို့ရမည်။
1,350,055
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
သို့သော် အဖွဲ့ဝင်ဦးရေအနည်းဆုံးထက်ဝက် လက်မှတ်ရေးထိုးသောစာဖြင့် အထူးအစည်းအဝေးဘိတ်ခေါ်ပေးရန် တောင်းဆိုလျှင်၊ ထိုတောင်းဆိုလွှာ တွင် အစည်းအဝေးလုပ်ငန်းအစီအစဉ်ကို အစုံအလင်ဖေါ်ပြထားပါက၊ ဥက္ကဋ္ဌသည် ထိုတောင်းဆိုလွှာကို ရသည့်နေ့မှ ဆယ့်ငါးရက်အတွင်း အထူးအစည်းအဝေးဘိတ်ခေါ်ရမည်။
1,350,056
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
သာမန်၊ သို့တည်းမဟုတ် အထူးအစည်းအဝေး အထမြောက်ရေးအတွက် လိုအပ်သည့်အဖွဲ့ဝင်ဦးရေ မှာ လေးယောက်ဖြစ်ရမည်။
1,350,057
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
မည်သည့် အစည်းအဝေး၌မဆို သဘာပတိသည်၊ အနိုင်မဲပေးနိုင်သည်။
1,350,058
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အစည်းအဝေးတိုင်း၌ လုပ်ငန်းနှင့် စပ်လျဉ်း၍၊ သဘာပတိ စည်းမျဉ်းသတ်မှတ်ရမည်။
1,350,059
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
စည်းကမ်းကျ မကျ အဆုံးအဖြတ် တောင်းဆိုချက် တခုခုနှင့် ပတ်သက်၍၊ သဘာပတိ၏ အဆုံးအဖြတ်သည် အပြီးသတ်ဖြစ်ရမည်။
1,350,060
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အစည်းအဝေး၌ ပဌမ ဦးဆုံးဆောင်ရွက်ရမည့်ကိစ္စမှာ လွန်ခဲ့သည့် နောက်ဆုံးအစည်းအဝေး၏ မှတ်တမ်းကိုဘတ်ကြား၍ ထိုမှတ်တမ်းမှန်ကန်လျှင် အတည်ပြုရန်၊ အကယ်၍ မမှန်ကန်လျှင် မှန်ကန်အောင် ပြင်ဆင်ပြီးနောက် အတည်ပြုရန်ဖြစ်သည်။
1,350,061
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အစည်းအဝေးလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ ပေါ်ပေါက်သောပြဿနာ တိုင်း၊ ထိုသဘာပတိမှတဆင့် အစည်းအဝေးသို့တင်ပြ၍၊ အစည်းအဝေး၏ဆန္ဒကိုယူစေလျက် ဆုံးဖြတ် ရမည်။
1,350,062
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဆိုတခု၏ အရှုံးအနိုင်နှင့်ပတ်သက်၍ သဘာပတိ၏ ကျေညာချက်နှင့် ထိုကျေညာချက် အတိုင်း၊ အစည်းအဝေးမှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားသော မှတ်တမ်းသည်၊ အဆို၏အရှုံးအနိုင် နှင့်ပတ်သက်၍ အပြီးသတ်သက်သေခံဖြစ်ရမည်။
1,350,063
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့ဝင်တဦးတယောက်သည်၊ အစည်းအဝေးကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ဆယ့်ငါး ရက်လုံးလုံး ကြိုတင်၍ ဥက္ကဋ္ဌထံသို့အစည်းအဝေး၌ တင်သွင်းလိုသောပြဿနာ၊ သို့တည်းမဟုတ် အဆို နှင့်ပတ်သက်၍ အကြောင်းကြားခြင်းမပြုလျှင်၊ အစည်းအဝေးလုပ်ငန်း အစီအစဉ်တွင် ဥက္ကဋ္ဌက၊ ထည့်သွင်းထားသောပြဿနာ၊ သို့တည်းမဟုတ် အဆိုမှတပါး အခြားမည်သည့်ပြဿနာကိုမျှ၊ သို့တည်...
1,350,064
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
သို့ရာတွင် အစည်း အဝေးသဘာပတိသည် အရေးကြီးသည်ဟု မိမိယူဆသောပြဿနာ၊ သို့တည်းမဟုတ် အဆိုကို အစည်း အဝေး အစီအစဉ်တွင်မပါသော်လည်း စဉ်းစားဆွေးနွေး ဆုံးဖြတ်ခွင့်ပြုနိုင်သည်။
1,350,065
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အစည်းအဝေး၌ တင်သွင်းသည့် အဆိုတိုင်းကိုဖြစ်စေ၊ အဆိုနှင့်ပတ်သက်သည့် ပြင်ဆင်ချက်တိုင်း ကိုဖြစ်စေ၊ ထောက်ခံသည့်သူရှိရမည်။
1,350,066
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အကယ်၍ ထောက်ခံသူမရှိလျှင်၊ ထိုအဆိုကို၊ သို့တည်းမဟုတ် ပြင်ဆင်ချက်ကို အစည်းအဝေး၌ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းမပြုရ။
1,350,067
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အာဇာနည်ဗိမာန်နှင့် ဗိမာန်ဥပစာနှင့် သက်ဆိုင်သည့်သာမာန်၊ သို့တည်းမဟုတ် အထူးကိစ္စ တရပ်ရပ်ကို ဆောင်ရွက်ရန်အလို့ငှါ၊ အဖွဲ့ဝင်များသည် ဆောင်ရွက်ရေးကော်မီတီနှင့်လိုအပ်လျှင် အခြား ကော်မီတီကို အခါကာလအားလျော်စွာ ခန့်ထားနိုင်သည့်ပြင်၊ ထိုကော်မီတီများသို့ လွှဲအပ်ရန်လိုအပ်သည် ဟု ထင်မြင်သော မိမိတို့၏ ငွေသုံးစွဲရေးနှင့်ဆောင်ရွက်ရေး အာ...
1,350,068
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့သည်-
1,350,069
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(က) အဖွဲ့ဝင်တဦးကို အကျိုးဆောင်အင်ဂျင်နီယာ အဖြစ်ဖြင့် အဆောက်အဦများ၊ လမ်းများနှင့် အခြား အင်ဂျင်နီယာ အလုပ်အားလုံးကိုဆောက်လုပ်ခြင်း၊ ဖေါက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံထားခြင်း စသောလုပ်ငန်းများကို ကြီးကြပ်စီမံရန်အတွက်၎င်း၊
1,350,070
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(ခ) အဖွဲ့ဝင်တဦးအား ငွေစာရင်းများနှင့် ဘဏ္ဍာရေး အခြေအနေကိုစစ်ဆေးရန် အတွက်၎င်း၊
1,350,071
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
(ဂ) အဖွဲ့ဝင်တဦးကို အာဇာနည်ဗိမာန်နှင့် ဗိမာန်ဥပစာထိန်းသိမ်းစောင့်ရှောက်စီမံခြင်း ကိစ္စအတွက်ခန့် ထားသော အမှုထမ်းများ၏ အလုပ်ဝတ္တရားများကို စီမံခန့်ခွဲရန်အတွက်၎င်း၊ အခါကာလအားလျော်စွာ ခန့်ထားနိုင်သည်။
1,350,072
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့၏ကြိုတင်ခွင့်ပြုချက်ကိုမရရှိဘဲ၊ ထိုအဖွဲ့ဝင်လူကြီးများက၊ အမှုထမ်းအား ပေးသည့်ညွှန်ကြားချက် အားလုံးကိုစာဖြင့် ရေးမှတ်ထားရမည်။
1,350,073
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အာဇာနည်ဗိမာန်ဥပစာအတွင်း အနေအထားခင်းကျင်းသတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့် ရှောက်စီမံခြင်းကိစ္စ၊ အာဇာနည်ဗိမာန်၊ သို့တည်းမဟုတ် ဗိမာန်ဥပစာအတွင်းထားရှိသည့်၊ သို့တည်းမဟုတ် ပေးအပ်ထားသည့် ဝတ္ထုပစ္စည်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းကိစ္စများအတွက်၊ အဖွဲ့သည်အခါကာလအားလျော်စွာ ဗိမာန်အုပ်တယောက်ကို ခန့်ထားနိုင်သည့်ပြင်၊...
1,350,074
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့သည် အတွင်းရေးမှူး၊ ဗိမာန်အုပ်နှင့်အကျိုးဆောင် အင်ဂျင်နီယာတို့၏ အာဏာများ၊ တာဝန် ဝတ္တရားများနှင့် အလုပ်ဝတ္တရားများကို ညွှန်ကြားချက်များဖြင့် အခါကာလအားလျော်စွာ ပြဋ္ဌာန်း နိုင်သည်။
1,350,075
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့သည်အဖွဲ့ဝင်တဦးကိုဖြစ်စေ၊ တဦးထက်ပိုသောအဖွဲ့ဝင်များကိုဖြစ်စေ၊ အာဇာနည်ဗိမာန်နှင့် ဥပစာများကိုကြည့်ရှုသူ၊ သို့တည်းမဟုတ် ကြည့်ရှုသူများအဖြစ်လာမည့် သုံးလပတ်အတွင်း တလ၊ သို့တည်းမဟုတ် တလထက်ပိုသော ကာလအပိုင်းအခြားအတွက်၊ ခန့်ထားနိုင်သည်။
1,350,076
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ကြည့်ရှုသော အဖွဲ့ဝင်များသည် ကြည့်ရှုသူတို့၏ မှတ်တမ်းစာအုပ်တွင် မည်သည့်မှတ်ချက်များကိုမဆို ရေးမှတ် နိုင်သည်။
1,350,077
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ထိုမှတ်ချက်များကို နောက်လာမည့် အဖွဲ့အစည်းအဝေး၌ ဆွေးနွေးရန်သော်၎င်း၊ အမိန့်ချမှတ်ရန်သော်၎င်း တင်ပြရမည်။
1,350,078
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့၏အခွင့်မရရှိဘဲ၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဗိမာန်ဥပစာအတွင်း ပေါက်နေသော သစ်ပင်ပန်းပင်များမှ အသီးကို၊ သို့တည်းမဟုတ် အပွင့်ကိုဆွတ်ခူးခြင်း၊ ကောက်ယူခြင်း၊ သစ်ပင်ကို၊ သို့တည်းမဟုတ် အကိုင်းအခက်ကိုခုတ်ခြင်း၊ ချိုးဖဲ့ခြင်း၊ ပန်းပင်များကိုချိုးနုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ သစ်ပင်ထိုင်ခုံ၊ ဝင်းခြံတံတိုင်း၊ သို့တည်းမဟုတ် အဆောက်အဦတ...
1,350,079
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အာဇာနည်ဗိမာန်ဥပစာ၏ ဝင်းခြံတံတိုင်းတခုခုပေါ်သို့ဖြစ်စေ၊ ဥပစာအတွင်းရှိဝင်းခြံ တံတိုင်း တခုခုပေါ်သို့ဖြစ်စေ၊ ဥပစာအတွင်းရှိအဆောက်အဦတခုခုပေါ်သို့ဖြစ်စေ၊ အဖွဲ့၏အခွင့်မရရှိဘဲမည်သူမျှ မတက်ရ၊ သို့တည်းမဟုတ် တက်ရန်အားထုတ်ခြင်းမပြုရ။
1,350,080
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အာဇာနည်ဗိမာန်အတွင်းရှိ ရေဘုံဘိုင်များ၌ အဖွဲ့၏ အခွင့်မရရှိဘဲ၊ မည်သူမျှရေချိုးခြင်း၊ အဝတ် ဖွပ်လျှော်ခြင်းမပြုရ။
1,350,081
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဥပစာအတွင်း သီချင်းဆိုခြင်း၊ ကခုန် ခြင်း၊ ကစားမြူးထူးခြင်း၊ အရောင်းအဝယ်တခုခုပြုလုပ်ခြင်း၊ စာကပ်ခြင်း၊ သို့တည်းမဟုတ် ဝေငှခြင်း၊ တရားဟောခြင်း၊ လူစုရုံးခြင်းမပြုရ။
1,350,082
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
အဖွဲ့ကပြဋ္ဌာန်းသည့် စည်းကမ်းများနှင့် အညီမှတပါး၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဥပစာအတွင်း သို့မည်သည့်တိရစ္ဆာန်ကိုမျှ ခေါ်ဆောင်၍မလာရ။
1,350,083
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
မည်သူမျှ အာဇာနည်ဗိမာန်ဥပစာအတွင်း၌၊ မည်သည့်တိရစ္ဆာန်ကိုမျှ စားကျက်ချခြင်းမပြုရ။
1,350,084
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
မည်သူမျှ အာဇာနည်ဗိမာန်အတွင်း၌ဖြစ်စေ၊ ဗိမာန်ဥပစာအတွင်း၌ဖြစ်စေ၊ ဖလ်ကွဲဖလ်စ၊ စက္ကူ၊ သို့တည်းမဟုတ် အခြားမည်သည့်အမှိုက်သရိုက်ကိုမျှစွန့်ပစ်ခြင်းမပြုရ။
1,350,085
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
မည်သည့်သေရည်မူးယစ်နေသူမျှ၊ အာဇာနည်ဗိမာန်ဥပစာအတွင်းသို့မဝင်ရ၊ သို့တည်းမဟုတ် ဥပစာအတွင်း၌မနေရ။
1,350,086
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
ထို့ပြင်မည်သူမျှစည်းမဲ့ ကမ်းမဲ့ကျင့်ခြင်း၊ ဆူပူလှုပ်ရှားစေခြင်း၊ သို့တည်းမဟုတ် ဆူပူလှုပ်ရှားမှု၌ပါဝင်ခြင်း၊ အာဇာနည်ဗိမာန်ဥပစာသို့လာရောက်သူများအား စိတ်ငြိုငြင်စေရန် ညစ်ညမ်း ယုတ်မာမဖွယ်မရာသော စကားပြောဆိုခြင်း၊ အာဇာနည်ဗိမာန်တွင် မြှုပ်နှံသင်္ဂြိုလ်ထားရှိသော အာဇာနည်များကိုသော်၎င်း၊ အာဇာနည်များ၏ ရုပ်ကလာပ် အရိုးပြာစသည် တို့က...
1,350,087
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
မည်သူမျှအများပြည်သူတို့ သုံးစွဲရန်သီးသန့်ထားသောရေဘုံပိုင်များမှ တပါး၊ အခြားမည်သည့်ရေ ဘုံပိုင်ကိုမျှ အဖွဲ့၏အခွင့်မရရှိဘဲမဖွင့်ရ။
1,350,088
ပါလီမန်ခေတ်, မြန်မာနိုင်ငံ၏ နည်းဥပဒေများ
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ
နည်းဥပဒေ ၁၉ မှ ၂၇ အထိ နည်းဥပဒေများအနက် နည်းဥပဒေတခုခုကိုဖေါက်ဖျက်သူ၊ မည်သူမဆို အာဇာနည်ဗိမာန်နှင့်ဗိမာန်ဥပစာမှ နှင်ထုတ်ခံရမည့်ပြင်၊ ရာဇဝတ်တရားသူကြီးတဦးက ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ခြောက်လထက်မပိုသောထောင်ဒဏ်ကိုဖြစ်စေ၊ ငါးရာအထိငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်။
1,350,089
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေ ညာသည်။
1,350,090
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
ပြည်ထောင်စုသမတနိုင်ငံတော်အတွက်၊ အာဇာနည်ပီသစွာ ထမ်းရွက်သွားကြကုန်သော ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်အဖြစ်ဖြင့်၊ အာဇာနည်ဗိမာန်ကို တည်ဆောက်ရန်၎င်း၊ ထိုအာဇာနည် ဗိမာန်ကို ခံ့ညားထည်ဝါစွာမွမ်းမံ စေရန်၎င်း၊အဓွန့်ရှည်စွာတည်မြဲအောင် ပြုပြင်စောင့်ရှောက်ရန်၎င်း၊ လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း၊ အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။
1,350,091
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
ဤအက်ဥပဒေကို ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ ဟုခေါ်ရမည်။
1,350,092
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၁) အဖွဲ့ပိုင်တံဆိပ်တခုနှင့်တကွ၊ အာဇာနည်ဗိမာန်ထိန်းသိမ်းရေးအဖွဲ့အမည်ဖြင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့တခု ရှိရမည်။
1,350,093
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
အဖွဲ့သည် ထိုအမည်ဖြင့် တရားစွဲဆိုနိုင်၍၊ တရားစွဲ ဆိုခြင်းကိုလည်းခံရမည့်အပြင်၊ ဤအက်ဥပဒေအလို့ငှါ၊ ထို့ပြင် ဤ အက်ဥပဒေနှင့်အညီ၊ ပစ္စည်းကိုရယူရန်၎င်း၊ ပစ္စည်းကိုလက်ရှိထားရန်၎င်း၊ ပဋိညာဉ်စာချုပ်များကို ချုပ်ဆိုရန်၎င်း၊ လိုအပ်သည့်အမှုကိစ္စများကို ဆောင်ရွက်ရန် ၎င်း အာဏာရှိရမည်။
1,350,094
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၂) အာဇာနည်ဗိမာန်ထိန်းသိမ်းရေးအဖွဲ့ဝင်များသည်၊ အောက်ပါအတိုင်းဖြစ်ရမည်။
1,350,095
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၁) ဝန်ကြီးချုပ် (ရာထူးအလိုက်)။
1,350,096
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၂) နိုင်ငံတော်တရားဝန်ကြီးချုပ် (ရာထူးအလိုက်)။
1,350,097
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၃) လွှတ်တော်တရားဝန်ကြီးချုပ် (ရာထူးအလိုက်)။
1,350,098
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၄) နိုင်ငံတော်ရှေ့နေချုပ် (ရာထူးအလိုက်)။
1,350,099
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၅) နိုင်ငံတော်စာရင်းစစ်ချုပ် (ရာထူးအလိုက်)။
1,350,100
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ
(၆) ရန်ကုန်မြူနီစီပါယ်အဖွဲ့၏ မြို့တော်ဝန်။