id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,350,101 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၇) ပြည်သူ့လွှတ်တော်မှ ရွေးကောက်သည့်ပုဂ္ဂိုလ် ၂ ဦး။ |
1,350,102 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၈) အစိုးရကရွေးကောက်သော ပုဂ္ဂိုလ် ၂ ဦး (၎င်းတို့အနက် တဦးမှာ၊ အဆောက်အဦ အတတ်ပညာ တွင်၊ သိကျွမ်းကျင်သောပုဂ္ဂိုလ်ဖြစ်စေရမည်)။ |
1,350,103 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၃) ဤအက်ဥပဒေအာဏာမတည်မီကဖြစ်စေ၊ တည်ပြီးမှဖြစ်စေ၊ အာဇာနည်ဗိမာန်အတွက်ရရှိသော၊ သို့တည်းမဟုတ် သူတပါးကပေးအပ်သော၊ သို့တည်းမဟုတ် မသေမီကမှာထား၍ပေးသော သို့တည်း မဟုတ် အခြားနည်းဖြင့် လွှဲပြောင်းပေးသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအားလုံး၊ ထို့ပြင်ဤအက်ဥပဒေအတည် မဖြစ်မီက၊ ဖွဲ့စည်းထားသည့်၊ “အာဇာနည်ဗိမာန် တည်ဆောက်ရေးအဖွဲ့ကော်မီတီ”၏ လက်ရှိဖြစ်သော၊ သို့တည်းမဟုတ်၊ ပိုင်ဆိုင်သောငွေပစ္စည်း အခွင့်အရေး စသည်တို့သည်၊ အဆိုပါထိန်းသိမ်းရေးအဖွဲ့၌ တည်ရှိသက်ရောက် ရမည်။ |
1,350,104 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၄) အာဇာနည်ဗိမာန်ကို ထားရှိစီမံခန့်ခွဲရာတွင် သုံးစွဲဆောင်ရွက်ရသောအဖွဲ့ဝင်တို့၏အာဏာနှင့် အလုပ်ဝတ်တရားများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အာဇာနည်ဗိမာန် ထိန်းသိမ်းရေးအဖွဲ့ဝင် တို့သည်၊ ဗိမာန်ဆိုင်ရာရွှေ့ ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကျနစွာပြင်ဆင် ထားရှိရန်၎င်း၊ ဗိမာန်ဥပစာ မပျက်မစီး စေရန်၎င်း၊ ဗိမာန်ဥပစာ၌ မဖွယ်မရာ မဖြစ်စေရန်၎င်း၊ ခွင့်မရသောသူများ ကျော်နင်းဝင်ရောက်ခြင်းမပြုစေရန်၎င်း၊ တိရစ္ဆာန်များဝင်ရောက်လာခြင်း မပြုစေ ရန်၎င်း၊ မိမိတို့၏အလုပ်ဝတ်တရားအဖြစ်ဖြင့် လိုအပ်သလိုအရေးယူဆောင် ရွက်ရမည်။ |
1,350,105 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၅) ထိန်းသိမ်းရေးအဖွဲ့၏ အစည်းအဝေးတက်ရောက်မဲပေးသော အဖွဲ့ဝင်များရာ၏ ဆောင်ရွက်ချက် များသည်၊ အဖွဲ့၏ဆောင်ရွက်ချက်များဖြစ်သည်ဟု မှတ်ယူရမည်။ |
1,350,106 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၆) ထိန်းသိမ်းရေးအဖွဲ့ကိုဖွဲ့စည်းရာ၌ နေရာလစ်လပ်သောကြောင့်သော်၎င်း၊ ချွတ်ယွင်းချက်ရှိသော ကြောင့်သော်၎င်း၊ အဖွဲ့၏ဆောင်ရွက်ချက်သည် တရားမဝင်ဟု မှတ်ယူခြင်းမပြုရ။ |
1,350,107 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၇) ထိန်းသိမ်းရေးအဖွဲ့ဝင်သည်၊ ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်ဖြစ်လျှင်၊ ပုဒ်မခွဲ (၂)၌ ပါရှိသော ရာထူးတခုခု၌ ဝတ်တရားဆောင်ရွက်နေဆဲအခါ၌သာလျှင် အဖွဲ့ဝင်အဖြစ်ဖြင့် ဆောင်ရွက် ရမည်။ |
1,350,108 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၈) ထိန်းသိမ်းရေးအဖွဲ့သည်၊ မည်သူကိုမဆို အတွင်းရေးမှူးအဖြစ်ဖြင့် ခန့်ထားနိုင်သည်။ |
1,350,109 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၉) ထိန်းသိမ်းရေးအဖွဲ့၏ ကိုယ်စားငွေထုတ်ပေးရန် အမိန့်၌အဖွဲ့ဝင်များနှစ်ဦးက လက်မှတ်ထိုး၍၊ အတွင်းရေးမှူး ကလည်းထပ်မံလက်မှတ်ရေးထိုးခဲ့သော် ထိုအမိန့်များသည် လုံလောက်တည်မြဲသည်ဟု မှတ်ယူရမည်။ |
1,350,110 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | ထိန်းသိမ်းရေးအဖွဲ့က ခန့်ထားသောရာထမ်းမှုထမ်းများသည်၊ ရာဇသတ်ကြီး၏ အဓိပ္ပါယ် ရှင်းလင်းချက်တွင် အကျုံးဝင်သော ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။ |
1,350,111 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၁) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေအလို့ငှါ နည်းဥပဒေများကိုပြုနိုင်သည်။ |
1,350,112 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၂) အထူးအားဖြင့်၊ ထို့ပြင်ရှေ့ကဖေါ်ပြခဲ့သော အာဏာများ၏ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အောက်ပါကိစ္စ များအတွက် နည်းဥပဒေများပြဋ္ဌာန်းနိုင်သည်။ |
1,350,113 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (က) ရာထူးအလျောက် ပါဝင်ဆောင်ရွက်သော ထိန်းသိမ်းရေးအဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်များကို ခန့်အပ်သောနည်းနာကိစ္စနှင့် အဖွဲ့ဝင်အဖြစ် ထမ်းရွက်သောကာလအပိုင်းအခြားကိစ္စ၊ |
1,350,114 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (ခ) ထိန်းသိမ်းရေးအဖွဲ့၏အစည်းအဝေးများ ဘိတ်ခေါ်သောနည်းနာကိစ္စ၊ အစည်းအဝေးအထမြောက် မှုကိစ္စ၊ အစည်းအဝေး၏ကျင့်စဉ်ကိစ္စ၊ |
1,350,115 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (ဂ) ထိန်းသိမ်းရေးအဖွဲ့က ကော်မီတီများခန့်ထားခြင်းကိစ္စ၊ ငွေသုံးစွဲသော အာဏာနှင့်ကြီးကြပ် အုပ်ချုပ်မှုကို ထိုကော်မီတီများသို့ လွှဲအပ်ခြင်းကိစ္စ၊ |
1,350,116 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (ဃ) ထိန်းသိမ်းရေးအဖွဲ့၌ တည်ရှိသက်ရောက်သောဗိမာန်ဥပစာအတွင်းတွင် အနေအထား ခင်းကျင်း သတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့်ရှောက်စီမံခြင်းကိစ္စနှင့်၊ မည်သည့်ပုဂ္ဂိုလ်မျိုး၏ အထိန်း အမှတ် ရုပ်ကလပ်၊ အရိုးပြာ စသည်တို့ကို မည်သို့မြှုပ်နှံသဂြိုလ်ထားရှိခြင်းကိစ္စ၊ |
1,350,117 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (င) ထိန်းသိမ်းရေးအဖွဲ့က ထားရှိရမည့် ငွေစာရင်းများကိစ္စ၊ ထိုငွေစာရင်းများကို စစ်ဆေးခြင်း၊ ဖြန့်ချီခြင်းကိစ္စ၊ |
1,350,118 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (စ) ထိန်းသိမ်းရေးအဖွဲ့၌တည်ရှိသက်ရောက်သော ဗိမာန်ဥပစာအတွင်း အများပြည်သူတို့ လာရောက် ကြည့်ရှုနိုင်သော စည်းကမ်းများနှင့်ဗိမာန်ဥပစာအတွင်း စုရုံးစည်းဝေးပွဲများကျင်းပနိုင်သော စည်းကမ်း များကိစ္စ၊ |
1,350,119 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (ဆ) ထိန်းသိမ်းရေးအဖွဲ့၌တည်ရှိသက်ရောက်သောပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီး စေမှု၊ နှောင့်ယှက်မှုတို့ကိုတားဆီးခြင်း၊ ဗိမာန်ဥပစာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို၊ သို့တည်း မဟုတ် တိရစ္ဆာန်များခေါ်ဆောင်လာမှုကိုတားဆီးခြင်းကိစ္စ၊ |
1,350,120 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (ဇ) အာဇာနည်ဗိမာန် ဥပစာအတွင်းညစ်ညမ်းအောင်အောင်ပြုမှု၊ မဖွယ်မရာပြုမှု၊ မရိုမသေပြုမှု၊ ထို့ပြင် ဥပစာအတွင်းရှိ ပစ္စည်းအစရှိသည်တို့ကို မတရားသဖြင့် အသုံးပြုမှုတို့ကိုတားဆီးခြင်းကိစ္စ။ |
1,350,121 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ် | ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ | (၃) ပုဒ်မခွဲ (၂) ရှိ၊ အပိုဒ် (ဆ) နှင့် (ဇ) အရ၊ ပြုလုပ်သော နည်းဥပဒေကိုဖေါက်ဖျက်လျှင်၊ ထိုဖေါက်ဖျက် မှုအတွက်၊ ခြောက်လ ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငါးရာအထိ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ၊ စီရင်နိုင်စေရန် နိုင်ငံတော်သမတသည်၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည်။ |
1,350,122 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေကို ပြင်ဆင်ရန်လိုအပ် သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။ |
1,350,123 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ | ဤအက်ဥပဒေကို “၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ” ဟုခေါ်တွင်ရမည်။ |
1,350,124 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ | ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက ထုတ်ပြန်ကျေညာသည့်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။ |
1,350,125 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, လွတ်လပ်ပြီးခေတ် | ၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ | ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေပုဒ်မ ၂၊ ပဌမ စာကြောင်းတွင် “၁,၂၅၀/-”ဆိုသော ဂဏန်းများအစား “၁,၃၅၀/-”ဆိုသော ဂဏန်းများကို ပြင်ဆင် ထည့်သွင်းရမည်။ |
1,350,126 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ယခုခေတ်လူငယ်များအား ကြီးပြင်းလာသောအခါတွင် အရည်အချင်းနှင့်ပြည့်စုံ၍ အဆင့်အတန်း မြင့်သော ပြည်သူပြည်သားကောင်း များဖြစ်မြောက်စေရန် လေ့ကျင့်မှု များဖန်တီးပေးရန် လိုအပ်သည် တကြောင်း၊ |
1,350,127 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုသို့ဖြစ်မြောက်ရန်အတွက် ပြည်သူ့ငြိမ်းချမ်းရေး ဗဟိုကောင်စီကြီးမှ ဦးစီးလျက် ပြည်ထောင်စုလူငယ် အဖွဲ့ဟူသော အမည်ဖြင့်၊ နိုင်ငံတော်အတွင်းတွင် လူငယ့်အဖွဲ့အစည်းများတည်ထောင်ပြီးဖြစ်သည်လည်း တကြောင်း၊ |
1,350,128 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုပြည်ထောင်စုလူငယ်အဖွဲ့များအား၊ အစိုးရနည်း၊ လူထုနည်းတို့ဖြင့် ကူညီစောင့်ရှောက်ရန် လိုအပ်သည်လည်းတကြောင်း၊ |
1,350,129 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုအကြောင်းများကြောင့် အောက်ပါအတိုင်းအက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။ |
1,350,130 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာသည်။ |
1,350,131 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဤအက်ဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ အက်ဥပဒေဟု ခေါ်ရမည်။ |
1,350,132 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဤ အက်ဥပဒေသည်၊ အာဏာတည်ရန်ကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာ၍ သတ်မှတ်သည့်နေ့ရက်တွင် အာဏာတည်ရမည်။ |
1,350,133 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထို့ပြင် ဤအက်ဥပဒေသည်၊ အာဏာတည်ခြင်းမှရပ်စဲရမည်ဟု နိုင်ငံတော်သမတကငါးနှစ်မပြည့်မီအမိန့်ကြော်ငြာစာဖြင့် မကျေညာလျှင်၊ငါးနှစ်တိုင်တိုင် အာဏာတည်နေရမည်။ |
1,350,134 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဤအက်ဥပဒေတွင် ဗဟိုကောင်စီဆိုသည်မှာ၊ ပုဒ်မ ၃ အရဖွဲ့စည်းထားသော ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီကိုဆိုလိုသည်။ |
1,350,135 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန်အလို့ငှါ၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီဟုခေါ်သော ဗဟိုကောင်စီတခုကိုဖွဲ့စည်းတည်ထောင်ရမည်။ |
1,350,136 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုကောင်စီတွင် ဤအက်ဥပဒေ၏ဇယား၌ဖေါ်ပြထားသော ပုဂ္ဂိုလ်များပါဝင်ရမည်။ |
1,350,137 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) နိုင်ငံတော်တရားဝန်ကြီးချုပ်သည်၊ ဗဟိုကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ရမည်။ |
1,350,138 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ပြည်ထောင်စုနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီးသည်၊ ဗဟိုကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ရမည်။ |
1,350,139 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၃) ဗဟိုကောင်စီအဖွဲ့ဝင်များ၏ရာထူးသက်တမ်းသည်၊ နိုင်ငံတော်သမတကသတ်မှတ်သည့်အတိုင်းဖြစ်ရမည်။ |
1,350,140 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၄) ဗဟိုကောင်စီ၏အစည်းအဝေးများကို၊သာမန်အားဖြင့် အနည်ဆုံးတနှစ်လျှင်နှစ်ကြိမ်ကျင်းပရမည်။ |
1,350,141 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၅) ဗဟိုကောင်စီအဖွဲ့ဝင်လူကြီးနေရာ လစ်လပ်နေသည့်အကြောင်းကြောင့်ဖြစ်စေ၊ အဖွဲ့ဝင်တဦးတယောက်ခန့်ထားရာ၌ ချို့ယွင်းချက်ရှိသည် အကြောင်းကြောင့်ဖြစ်စေ၊ ထိုဗဟိုကောင်စီ၏ ဆောင်ရွက်မှုများသည်ပျက်ပြယ်ခြင်းမရှိစေရ။ |
1,350,142 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၆) ဗဟိုကောင်စီသည်၊ ဗဟိုကောင်စီအစည်းအဝေးအားလုံး၏၊ သို့တည်းမဟုတ် ဗဟိုကောင်စီဆိုင်ရာကော်မီတီအစည်းအဝေးအားလုံး၏ လုပ်ငန်းအစီအစဉ်များနှင့် မှတ်တမ်းများကို၎င်း၊ ဗဟိုကောင်စီ၏ ဆောင်ရွက်မှုနှင့် စပ်လျဉ်းသောနှစ်ပတ်လည်အစီရင်ခံစာများကို၎င်း နိုင်ငံတော်သမတထံတင်သွင်းရမည်။ |
1,350,143 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီသည်၊ မိမိတို့အထဲမှ အဖွဲ့ဝင်တဆယ့်ငါးဦးပါဝင်သောအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရမည်။ |
1,350,144 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုအမှုဆောင်အဖွဲ့တွင်နိုင်ငံတော်တရားဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီး၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးဌာနဝန်ကြီး၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးဌာန ညွှန်ကြားရေးဝန်၊ ဆေးဝါးကုသမှုဌာန ညွှန်ကြားရေးဝန်၊ လူထုပညာသင်ကြားရေးကောင်စီကိုယ်စားလှယ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ ကိုယ်စားလှယ်၊ ထို့အပြင် ကျန်အဖွဲ့ဝင်များအနက်မှ ဗဟိုကောင်စီကရွေးကောက်တင်မြှောက်သောအဖွဲ့ဝင်ခုနစ်ဦးပါဝင်စေရမည်။ |
1,350,145 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုအမှုဆောင်အဖွဲ့တွင်၊နိုင်ငံဝောာ်တရားဝန်ကြီးချုပ်သည်၊ ရာထူးအလျောက် ဥက္ကဋ္ဌဖြစ်ရမည်။ |
1,350,146 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ပြည်ထောင်စုနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီးသည်၊ ရာထူးအလျောက် ဒုတိယဥက္ကဋ္ဌဖြစ်ရမည်။ |
1,350,147 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီ၏ သဘောတူညီချက်ကိုရယူ၍၊ အမှုဆောင်အဖွဲ့သည်၊ မိမိ၏လုပ်ငန်းစဉ်နည်းဥပဒေများကိုပြဋ္ဌာန်းရမည်။ |
1,350,148 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၃) အမှုဆောင်အဖွဲ့သည်၊ဗဟိုကောင်စီ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရပြုလုပ်သည့်စည်းကမ်းဥပဒေများဖြင့် မိမိအားလွှဲအပ်သည့် တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ဆောင်ရွက်ရမည်။ |
1,350,149 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၄) သာမန်အားဖြင့်ဖြစ်စေ၊အထူးကိစ္စအတွက်ဖြစ်စေ၊ဗဟိုကောင်စီအဖွဲ့ဝင်များပါဝင်သော ကော်မီတီများကိုလည်းဗဟိုကောင်စီကခန့်ထားနိုင်သည်။ |
1,350,150 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၅) ထိုသို့ခန့်ထားသော ကော်မီတီသည်လည်း ဗဟိုကောင်စီ၏ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရပြုလုပ်သည့်စည်းကမ်းဥပဒေများဖြင့် မိမိအားလွှဲအပ်သည့် တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ဆောင်ရွက်ရမည်။ |
1,350,151 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီ ဥက္ကဋ္ဌသည် မိမိသင့်တော်သည် ထင်မြင်သည့်အချိန်နှင့် နေရာတွင် ဗဟိုကောင်စီအစည်းအဝေးကျင်းပရန်ဆင့်ခေါ်နိုင်သည်။ |
1,350,152 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီ၏ အစည်းအဝေးတိုင်း၌ အဖွဲ့ဝင်တဆယ့်ငါးဦးတက်ရောက်လျှင် အစည်းအဝေးအထမြောက်ရမည်။ |
1,350,153 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၃) ဗဟိုကောင်စီ၏ ဥက္ကဋ္ဌ အစည်းအဝေးသို့ မတက်ရောက်သောအခါ၊ ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရမည်။ |
1,350,154 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦးလုံး၊ အစည်းအဝေးသို့မတက်ရောက်လျှင်၊ တက်ရောက်သော အဖွဲ့ဝင်များသည်၊ မိမိတို့အထဲမှတဦးကို အစည်းအဝေးသဘာအတိအဖြစ်ဖြင့် ဆောင်ရွက်ရန်ရွေးကောက်တင်မြှောက်ရမည်။ |
1,350,155 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၄) ဗဟိုကောင်စီ၏ အစည်းအဝေး၌ ပေါ်ပေါက်သော ပြဿနာအားလုံးကို အစည်းအဝေးတက်ရောက်မဲပေးသောအဖွဲ့ဝင်များ၏များရာမဲဖြင့်၎င်း၊ မဲအရေအတွက်တူညီနေသောအခါ၊ ဥက္ကဋ္ဌ (သို့တည်းမဟုတ် အစည်းအဝေး သဘာပတိ)က အနိုင်မဲပေးခြင်းဖြင့်သော်၎င်း၊ ဆုံးဖြတ်ရမည်။ |
1,350,156 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီသည်၊မိမိ၏ တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ကျေပြွန်စွာဆောင်ရွက်နိုင်ရန်အတွက်၊ လိုအပ်သည့်အရာရှိများနှင့် အမှုထမ်းများကို ခန့်ထားနိုင်သည်။ |
1,350,157 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီအရာရှိများနှင့်အမှုထမ်းများ၏ လစာများ၊စရိတ်များနှင့်အမှုထမ်းစည်းကမ်းများသည်၊ ဗဟိုကောင်စီက နိုင်ငံတော်သမတ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရ ပြုလုပ်သည့် စည်းကမ်း ဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်ရမည်။ |
1,350,158 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၃) ဗဟိုကောင်စီသည်၊ ဗဟိုကောင်စီအရာရှိများနှင့် အမှုထမ်းများ၏ တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို၊ ပုဒ်မ ၁၆ အရ ပြုလုပ်သည့် စည်းကမ်းဥပဒေများဖြင့် ပြဋ္ဌာန်းရမည်။ |
1,350,159 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီဿည်၊ မိမိအားအကြံဉာဏ် ပေးရန်အတွက် မည်သူ့ကိုမဆို ခန့်ထားနိုင်သည့်အပြင်၊ ထိုသူအား အခကြေးငွေများ၊ သို့တည်းမဟုတ် စရိတ်များ ပေးနိုင်သည်။ |
1,350,160 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီက အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရမည်။ |
1,350,161 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (က) လူငယ်များအား အရည်အချင်းနှင့် ပြည့်စုံ၍ အဆင့်အတန်းမြင့်သော ပြည်သူပြည်သားကောင်းများ ဖြစ်မြောက်စေရန်အတွက် လေ့ကျင့်မှုများပြဋ္ဌာန်းခြင်းကိစ္စနှင့်စီမံကိန်းများပြုလုပ်ခြင်းကိစ္စ၊ |
1,350,162 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ခ) လူငယ့်ဝန်ထမ်းလုပ်ငန်းများအလို့ငှါ စည်းရုံးရေးမှူးများနှင့် ဝန်ထမ်းများအတွက် လေ့ကျင့်ရေး ဌာနများနှင့် လေ့ကျင့်ရေးစခန်းများတည်ထောင်ခြင်းကိစ္စ၊ |
1,350,163 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ဂ) လူငယ့်ဝန်ထမ်း လုပ်ငန်းများအတွက် စည်းရုံးရေးမှူးများနှင့် ဝန်ထမ်းများပါဝင်သော အဖွဲ့တခုဖွဲ့စည်းခြင်းကိစ္စ၊ |
1,350,164 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ဃ) လူငယ့်ဝန်ထမ်း လုပ်ငန်းများ တွင်ကျယ်ထမြောက်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတဝှန်းလုံးတွင် ဒေသန္တရ လူငယ့်ရေးရာ ကောင်စီများ ဖွဲ့စည်းတည်ထောင်ခြင်းကိစ္စ၊ ထို့ပြင် |
1,350,165 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (င) လူငယ့်ဝန်ထမ်းလုပ်ငန်းများအတွက် ပြုလုပ်ထားသည့် စီမံကိန်းများကို သာမန်အားဖြင့်ဆောင်ရွက်ခြင်းကိစ္စ။ |
1,350,166 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီ၏တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများ ဆောင်ရွက်နိုင်ရန်အတွက်၊ ဗဟိုကောင်စီအားနိုင်ငံတော်အစိုးရသည်၊ မိမိသင့်တော်သည်ထင်မြင်သည့် ငွေပေါင်းကို ထုတ်ပေးနိုင်သည်။ |
1,350,167 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီသည်၊ နိုင်ငံတော်သမတ၏ တင်ကြိုခွင့်ပြုချက်ဖြင့် သာမန်အားဖြင့်ဖြစ်စေ၊ အထူးကိစ္စအတွက်ဖြစ်စေ၊ အလှူငွေ ကောက်ခံနိုင်သည်။ |
1,350,168 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီသည်၊ ပြည်ထောင်စု လူငယ့်ဝန်ထမ်း ရံပုံငွဟုခေါ်တွင်သည့် ရံပုံငွေတရပ်ကိုထားရှိရမည်။ |
1,350,169 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုရံပုံငွေသို့ နိုင်ငံတော်အစိုးရထံမှ ရရှိသော ငွေအားလုံးကို ထည့်သွင်းရမည်။ |
1,350,170 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီမှ ကောက်ခံရရှိသော အလှူငွေများအားလုံးကိုလည်း ထိုရံပုံငွေတွင်ထည့်သွင်းရမည်။ |
1,350,171 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီသည်၊ ပြည်ထောင်စုလူငယ့်ဝန်ထမ်းရံပုံငွေကို အောက်ပါကိစ္စများအတွက် သုံးစွဲရမည်။ |
1,350,172 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (က) လေ့ကျင့်ရေး ဌာနများ၏ အသုံးစရိတ်များနှင့် လေ့ကျင့်ရေးစခန်းများ၏ အသုံးစရိတ်များ ပါဝင်သော ဗဟိုကောင်စီရုံးစရိတ်များကိုပေးခြင်း၊ |
1,350,173 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ခ) သင်တန်းတက်သူများအားသင့်တော်သော ထောက်ပံ့ငွေများပေးသည့်အတွက် ကုန်ကျစရိတ်များကိုကျခံခြင်း၊ ထို့ပြင် |
1,350,174 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ဂ) လိုအပ်သည်ဟုယူဆသော အခြားအသုံးစရိတ်များကို နိုင်ငံတော်သမတ၏ တင်ကြိုခွင့်ပြုချက်အရ ကျခံခြင်း။ |
1,350,175 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဗဟိုကောင်စီသည်၊ လောလောဆယ်အသုံးမလိုသေးသည့် မိမိ၏ငွေများကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်၌ဖြစ်စေ၊ နိုင်ငံတော်သမတက သဘောတူညီသည့် အခြားဘဏ်တခုခု၌ဖြစ်စေ အပ်နှံထားရမည်။ |
1,350,176 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီသည်၊ ဘဏ္ဍာတော်နှစ်၊ အသီးသီးမကုန်ဆုံးမီ၊ နောက်လာမည့် ဘဏ္ဍာတော်နှစ်အတွက် မိမိ၏ရသုံးခန့်မှန်းခြေ ငွေစာရင်းကို၊ နိုင်ငံတော်သမတ၏အခွင့်အမိန့်ရယူရန်တင်သွင်းရမည်။ |
1,350,177 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထို့ပြင် ဗဟိုကောင်စီသည်၊ အဆိုပါ ခန့်မှန်းခြေ ငွေစာရင်းများကို ပြင်ဆင်သည့် နောက်ထပ်ပြုလုပ်သော ခန့်မှန်းခြေ ငွေစာရင်းများကို အခါအားလျော်စွာ ဆိုခဲ့သည့်နည်းလမ်းအတိုင်း တင်သွင်းနိုင်သည်။ |
1,350,178 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | သို့သော် ဗဟိုကောင်စီသည်၊ မိမိအလုပ်စတင်လုပ်ကိုင်သည့် ပဌမနှစ်နှင့် ပတ်သက်၍၊ အလုပ်စတင်လုပ်ကိုင်သည့်နေ့ရက် မှထိုဘဏ္ဍာတော်နှစ်ကုန်ဆုံးသည်အထိ ကာလအပိုင်းအခြားအတွက် ခန့်မှန်းခြေငွေစာရင်းကို၊နိုင်ငံတော်သမတထံ လျင်မြန်နိုင်သမျှ လျင်မြန်စွာ တင်သွင်းရမည်။ |
1,350,179 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီသည်၊ ဤပုဒ်မအရ ခန့်မှန်းခြေငွေစာရင်းတွင် ခွင့်ပြုသည့်ငွေထက်ပို၍အကုန်အကျမခံရ။ |
1,350,180 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၁) ဗဟိုကောင်စီသည်၊ နိုင်ငံတော်သမတကဆင့်ဆိုသည့်ကာလအပိုင်းအခြားအတွက် ငွေစာရင်းများကို နိုင်ငံတော်သမတထံပေးပို့ရမည်။ |
1,350,181 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၂) ဗဟိုကောင်စီသည်၊ ရံပုံငွေစာရင်းများကိုနိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊နိုင်ငံတော်စာရင်းစစ်ချုပ်ကပြဋ္ဌာန်းသည့်ပုံစံအတိုင်းထားရှိရမည်။ |
1,350,182 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (၃) ဗဟိုကောင်စီ၏ငွေစာရင်းများကို နိုင်ငံတော်စာရင်းစစ်ချုပ်က စစ်ဆေးရမည်။ |
1,350,183 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ထိုငွေစာရင်းများနှင့်ပတ်သက်သည့် နိုင်ငံတော်စာရင်းစစ်ချုပ်၏အစီရင်ခံစာကိုနိုင်ငံတော်သမတထံတင်သွင်းရမည်။ |
1,350,184 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | နိုင်ငံတော်သမတသည် ဤအက်ဥပဒေပါကိစ္စများကိုဆောင်ရွက်ရန်အတွက် နည်းဥပဒေများပြုလုပ်နိုင်သည်။ |
1,350,185 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | နိုင်ငံတော်သမတ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ဗဟိုကောင်စီသည် အောက်ပါကိစ္စအားလုံးအတွက်ဖြစ်စေ၊ ကိစ္စတခုခုအတွက်ဖြစ်စေ၊ ဤအက်ဥပဒေနှင့်အညီဖြစ်သောစည်းကမ်းဥပဒေများပြုလုပ်နိုင်သည်။ |
1,350,186 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (က) ဗဟိုကောင်စီ၏ မှုခင်းကိစ္စဆောင်ရွက်ခြင်းနှင့် ဗဟိုကောင်စီ အစည်းအဝေးများတွင်လိုက်နာဆောင်ရွက်ရန်နည်းလမ်း။ |
1,350,187 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ခ) ဗဟိုကောင်စီအရာရှိများနှင့် အမှုထမ်းများ ခန့်ထားခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း၊ ထိုသူတို့၏လစာနှင့် အမှုထမ်းစည်းကမ်းများကို သတ်မှတ်ခြငင်ဂ၊ |
1,350,188 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ဂ) ပုဒ်မ ၄ အရ၊ ဗဟိုကောင်စီက အမှုဆောင်အဖွဲ့နှင့် ကော်မီတီများသို့ အာဏာများလွှဲအပ်ခြင်း၊ ထို့ပြင် |
1,350,189 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | (ဃ) ဗဟိုကောင်စီ အရာရှိများနှင့် အမှုထမ်းများ၏ တာဝန်ဝတ်တရားများ၊ အလုပ်ဝတ်တရာများကို ခွဲဝေချထားခြင်း။ |
1,350,190 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့်ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် အမှုတခုခုနှင့် ပတ်သက်၍ ဗဟိုကောင်စီအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီဝင်အဖွဲ့ဝင်တဦးဦးအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီအရာရှိတဦးဦးအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီ အမှုထမ်းတဦးဦးအား၊ မည်သည့်တရားမမှု၊ ရာဇဝတ်မှု၊ သို့တည်းမဟုတ် အခြားအမှုအခင်းကိုမျှတရားစွဲဆိုခြင်းမပြုရ။ |
1,350,191 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဤအက်ဥပဒေဖြင့် ဗဟိုကောင်စီအား ပေးအပ်ထားသည့်တာဝန် ဝတ်တရားတခုခုကိုဖြစ်စေ၊ အလုပ်ဝတ်တရားတခုခုကိုဖြစ်စေ၊ ဗဟိုကောင်စီကဆောင်ရွက်ရန် ပျက်ကွက်သည်ဟု နိုင်ငံတော်သမတက မည်သည့်အချိန်၌မဆို ထင်မြင်သဘောရရှိလျှင်၊ နိုင်ငံတော်သမတသည်၊ ဗဟိုကောင်စီကို ဖျက်သိမ်းနိုင်သည်။ |
1,350,192 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ယင်းသို့ ဖျက်သိမ်းသောအခါ၊ ပြည်ထောင်စုလူငယ့်ဝန်ထမ်းရံပုံငွေမှ လက်ကျန်ငွေများနှင့် ဗဟိုကောင်စီပိုင်ပစ္စည်းအားလုံးသည်၊ နိုင်ငံတော်အစိုးရ၌တည်ရှိရမည်။ |
1,350,193 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | + (၁) နိုင်ငံတော် တရားဝန်ကြီးချုပ် ၁ (၂) ပြည်ထောင်စုနိုင်ငံဝောာ်အစိုးရ ပညာရေးဌာနဝန်ကြီး ၁ (၃) ပြည်ထောင်စုနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးဌာနဝန်ကြီး ၁ (၄) ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ … … … … ၁ (၅) ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ် … … ၁ (၆) ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ် … … ၁ (၇) ကရင်နီပြည်နယ်အစိုးရကိုယ်စားလှယ် … … ၁ (၈) ကရင်ရေးရာဌာနကိုယ်စားလှယ် … … ၁ (၉) ချင်းရေးရာဌာနကိုယ်စားလှယ် … … ၁ (၁၀) ပြည်ထောင်စုမြန်မာနိုင်ငံတော်ယူနက်စကိုကော်မရှင်ကိုယ်စားလှယ် ၁ (၁၁) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကိုယ်စားလှယ် ၁ (၁၂) အမျိုးသားကျန်းမာရေးကောင်စီကိုယ်စားလှယ် … ၁ (၁၃) ပြန်လည်ထူထောင်ရေးအဖွဲ့ကိုယ်စားလှယ် … ၁ (၁၄) ဘာသာပြန်စာပေအသင်းကိုယ်စားလှယ် … ၁ (၁၅) လူထုပညာရေးကောင်စီကိုယ်စားလှယ် … ၁ (၁၆) ဒီမိုကရေစီပညာပြန့်ပွါးရေးအသင်းကိုယ်စားလှယ် … ၁ (၁၇) ပညာရေးဌာနညွှန်ကြားရေးဝန် … … ၁ (၁၈) ဆေးဝါးကုသမှုဌာနညွှန်ကြားရေးဝန် … … ၁ (၁၉) ပြည်သူ့ငြိမ်းချမ်းရေး ဗဟိုကောင်စီကြီးမှ ဦးစီးလျက်ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုလူငယ် အဖွဲ့များ၏ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော“ပြည်ထောင်စုလူငယ်အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့”ကမိမိတို့အထဲမှ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ် ၁၈ (၂၀) အထက်ဖေါ်ပြပါ အဖွဲ့ဝင်များ စည်းဝေး၍ဆုံးဖြတ်သည့်အတိုင်း၊ လူငယ်များကြီးပွါးရေးလုပ်ငန်းများနှင့်သက်ဆိုင်သည်ဟု အသိအမှတ်ပြုခြင်းခံရသောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တဦးစီ၊သို့ရာတွင်ကိုယ်စားလှယ်စုစုပေါင်းဦးရေမှာ ကိုးဦးထက်မပိုစေရ ၉ အဖွဲ့ဝင်စုစုပေါင်း ၄၅ |
1,350,194 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ | ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။ |
1,350,195 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ။ |
1,350,196 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ) အမှတ် ၁၁၄ရန်ကုန်မြို့၊ ၁၃၁၄ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်။ |
1,350,197 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်။ |
1,350,198 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ ပုဒ်မ ၅ ဖြင့်အပ်နှင်းသည့်အာဏာများကို သုံးစွဲလျက်၊ နိုင်ငံတော်သမတသည်၊ နိုင်ငံတော်အလံအသုံးပြုခြင်း ဆင်ယင်ပြသခြင်းနှင့်စပ်လျဉ်း၍ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။ |
1,350,199 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ၁။ |
1,350,200 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ ဤနည်းဥပဒေများကို ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ ဟုခေါ်ရမည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.