id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,350,201 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးရှိ အစိုးရအဆောက်အအုံများနှင့် အများပြည်သူတို့ဆိုင်ရာအဆောက်အအုံများပေါ်တွင်၎င်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ် သံငယ်ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင်၎င်း၊ အောက်ပါနေ့ရက်များ၌ လွှင့်ထူရမည်။ |
1,350,202 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၁) လွတ်လပ်ရေးနေ့ (ဇန္နာဝါရီလ ၄ ရက်)။ |
1,350,203 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၂) အမျိုးသားနေ့ (တန်းဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)။ |
1,350,204 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၃) နိုင်ငံတော်သမတက အခါအားလျော်စွာ ကျေညာသည့်အခြားနေ့ရက်များ။ |
1,350,205 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ နည်းဥပဒေ ၂ တွင်ဖေါ်ပြထားသည့်နေ့ ရက်များ၌၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် ကိုယ်ပိုင်အဆောက်အအုံများပေါ်တွင် နိုင်ငံတော်အလံလွှင့်ထူခြင်းကို၊ ကန့်သတ်ချုပ်ချယ်ခြင်းမှ ကင်းလွတ်စေရမည်။ |
1,350,206 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ အဆောက်အအုံများ၊ မော်တော်ယာဉ်များ၊ ရေယာဉ်များနှင့် လေယာဉ်ပျံများပေါ်တွင် လွှင့်ထူနိုင်သည့် အထူးအခွင့်အရေး၄။ |
1,350,207 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ နိုင်ငံတော်အလံကို၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ်သံငယ်ရုံးများ၊ ကောင်စစ် ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့်လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင် ထိုရုံးများတည်ရှိရာ နိုင်ငံ၏ထုံးစံဓလေ့နှင့် လျော်ညီစွာလွှင့်ထူနိုင်သည်။ |
1,350,208 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၅။ နိုင်ငံတော်အလံကို နေ့စဉ်လွှင့်ထူရိုးထုံးစံမရှိသည့် နိုင်ငံများရှိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ်သံငယ်ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် လက်ထောက် ကောင်စစ်ဝန်ရုံးများပေါ်တွင် နိုင်ငံတော်အလံလွှင့်ထူရန် သီးခြားသတ်မှတ်ထားသည့်နေ့ရက်များ၌၊ နိုင်ငံတော်အလံလွှင့်ထူနိုင်သည်။ |
1,350,209 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အဆိုပါအဆောက်အအုံများပေါ်တွင် နိုင်ငံတော်အလံကို နေ့စဉ်လွှင့်ထူ ရိုးထုံးစံရှိသည့်နိုင်ငံများ၌ သင့်တော်ပါက အထူးကြီးသောနိုင်ငံတော်အလံတခုကို၊ အစိုးရကျင်းပသည့် ပွဲနေ့များတွင် ထိုပွဲနေ့များ၏ အထိမ်းအမှတ်အဖြစ်လွှင့်ထူနိုင်သည်။ |
1,350,210 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို အရေးကြီးသောအစိုးရအဆောက်အအုံများပေါ်တွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင်သည်။ |
1,350,211 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုအဆောက်အအုံများသည်၊ ပါလီမန်အဆောက်အအုံများ (ပါလီမန်အစည်းအဝေး ကျင်းပနေစဉ်)၊ တရားလွှတ်တော်ချုပ်ရုံး၊ တရားလွှတ်တော်ရုံး၊ အတွင်းဝန်များရုံး၊ တိုင်းမင်းကြီးရုံးများ၊ ခရိုင်ဝန်ရုံးများ၊ အရေးပိုင် (ရဲစီဒင့်) ရုံးများ၊ တရားမခရိုင်နှင့်စက်ရှင်တရားသူကြီးရုံးများ၊ ရန်ကုန် မြို့တော်ကော်ပိုရေးရှင်းရုံး၊ မြူနီစီပါယ်ရုံးများ၊ ဒိစတြိတ်ကောင်စီရုံးများ၊ အကျဉ်းထောင်များ၊ အကောက်တော်ဝန်ရုံး၊ စာပို့တိုက်နှင့်ကြေးနန်းရုံးများ၊ ထို့ပြင် အခါအားလျော်စွာကျေညာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင်းအရှိ အစိုးရပိုင်အခြားအဆောက်အအုံများဖြစ်သည်။ |
1,350,212 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များက နိုင်ငံတော်အလံ အသုံးပြုခြင်းကို ဤကိစ္စအလို့ငှါ၊ အထူး နည်းဥပဒေများဖြင့် စည်းမျဉ်းသတ်မှတ်နိုင်သည်။ |
1,350,213 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို နိုင်ငံတော်သမတအိမ်တော်၌ နိုင်ငံတော်သမတ၏ အလံနှင့်ယှဉ်လျက်လွှင့်ထူရမည်။ |
1,350,214 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အောက်ပါပုဂ္ဂိုလ်တို့သည်၊ နိုင်ငံတော်အလံကို မိမိတို့၏မော်တော်ယာဉ်များ၊ ရေယာဉ်များနှင့် လေယာဉ်ပျံများပေါ်တွင် လွှင့်ထူနိုင်သည်။ |
1,350,215 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၁) နိုင်ငံတော်သမတ။ |
1,350,216 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီးများနှင့်သံငယ်များ။ |
1,350,217 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံ၏ဂုဏ်သိမ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၁၀။ |
1,350,218 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ ယာဉ်တစီးစီး၏ဦးပိုင်းကို၊ သို့တည်းမဟုတ် အပေါ်ပိုင်းကို၊ သို့တည်းမဟုတ် ဘေးပိုင်းကို၊ သို့တည်းမဟုတ် နောက်ပိုင်းကိုဖြစ်စေ၊ မီးရထားတစင်းစင်း၊ သို့တည်းမဟုတ် ရေယာဉ်တစင်းစင်းကို ဖြစ်စေ၊ နိုင်ငံတော်အလံဖြင့် တန်းဆာမဆင်ရ။ |
1,350,219 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို အခြားနိုင်ငံများ၏အလံများနှင့်ဖြစ်စေ၊ ရဲလံများနှင့်ဖြစ်စေ၊ တွဲ၍အသုံးပြုသည့်အခါ၊ နိုင်ငံတော်အလံကို၊ မြင့်မြတ်သောနေရာတွင် သီးသန့်ထားရမည်။ |
1,350,220 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံအပြင် အခြားနိုင်ငံ၏အလံ၊ သို့တည်းမဟုတ် ရဲလံတခုတည်းသာရှိလျှင်၊ နိုင်ငံတော်အလံကို၊ ထိုအလံ၏၊ သို့တည်းမဟုတ် ထိုရဲလံ၏လက်ျာဘက်၌၊ တနည်းအားဖြင့်ဆိုသော်၊ ထိုအလံကို၊ သို့တည်းမဟုတ် ထိုရဲလံကို မျက်နှာမူလျက်ရှိသူတို့၏ လက်ဝဲဘက်၌လွှင့်ထူရမည်။ |
1,350,221 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခြားနိုင်ငံ၏အလံအရေအတွက်သည် နှစ်ခုထက်ပို၍၊ နိုင်ငံတော်အလံနှင့်ပေါင်းသော်၊ အလံစုစုပေါင်းအရေအတွက်သည်၊ မဖြစ်လျှင်၊ နိုင်ငံတော်အလံကို အလယ်ဗဟို၌ထားရမည်။ |
1,350,222 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စုံဖြစ်လျှင်၊ အလယ် ဗဟို၏အနီးလက်ျာဘက်၌ ထားရမည်။ |
1,350,223 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံ၏ အထက်၌ဖြစ်စေ၊ အောက်၌ဖြစ်စေ မည်သည့်အလံကိုမျှ၊ သို့တည်းမဟုတ် မည်သည့်ရဲလံကိုမျှ လွှင့်ထူခြင်းမပြုရ။ |
1,350,224 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စီတန်းလှည့်လည်ရာ၌ အလံအရေအတွက်သည် (မ) ဖြစ်လျှင်၊ နိုင်ငံတော်အလံကိုအလယ်ဗဟို၌ အမြင့်ဆုံးမြှင့်တင်၍ ကိုင်ဆောင်သွားရမည်။ |
1,350,225 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စုံဖြစ်လျှင်၊ ဒိုင်းလွှားထိပ်၏လက်ျာဘက်၌၊ တနည်းအားဖြင့်ဆိုသော်၊ နိုင်ငံတော်အလံကို မျက်နှာမူလျက်ရှိသူ၏ လက်ဝဲဘက်၌ ကိုင်ဆောင်သွားရမည်။ |
1,350,226 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခြားနိုင်ငံများ၏အလံများကို နိုင်ငံတော်အလံနှင့်အတူ လွှင့်ထူသောအခါ၊ နိုင်ငံတော်အလံကို၊ ရှေးဦးစွာလွှင့်တင်၍၊ အလံများချသောအခါ နောက်ဆုံးမှချရမည်။ |
1,350,227 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံနှစ်နိုင်ငံ၏၊ သို့တည်းမဟုတ် နှစ်နိုင်ငံထက်ပိုသည့်နိုင်ငံများ၏ အလံများကိုလွှင့်ထူသော အခါ၊ ထိုအလံများကို၊ အလံတိုင်တတိုင်စီသီးခြား၍ လွှင့်ထူရမည်။ |
1,350,228 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အလံများသည် အရွယ်အစားချင်း အတူတူလောက်ဖြစ်ရမည်။ |
1,350,229 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူသည့်အခါ၊ ရှေးဦးစွာတိုင်ထိပ်သို့အရောက်ဆွဲတင်ပြီးမှ၊ တိုင်ဝက်သို့လျှောချရမည်။ |
1,350,230 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နေ့ကုန်၍ နိုင်ငံတော်အလံကိုချသည့်အခါ၊ တိုင်ထိပ်အရောက်မြှင့်တင်ပြီးမှ လျှောချရမည်။ |
1,350,231 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ သင်္ချိုင်းတွင်းသို့မချရ၊ သို့တည်းမဟုတ် မြေနှင့်မထိစေရ။ |
1,350,232 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ မရိုသေမလေးစားမပြုရ၊ နိုင်ငံတော်အလံကို၊ မည်သူသို့မျှ၊ သို့တည်းမဟုတ် မည်သည့်အရာဝတ္ထုသို့မျှ မညွှတ်စေရ။ |
1,350,233 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ အလျားလိုက်ဖြစ်စေ၊ အောက်သို့အလံရိုးထိပ်ငိုက်၍ဖြစ်စေ၊ မည်သည့်အခါမျှ မကိုင်ဆောင်ရ။ |
1,350,234 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အစဉ်အမြဲထောင်၍ လွတ်လပ်စွာ ကိုင်ဆောင်ရမည်။ |
1,350,235 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ အလံအောက်ရှိမြေကြီးနှင့်၊ သို့တည်းမဟုတ် ကြမ်းပြင်နှင့်၊ သို့တည်းမဟုတ် ရေနှင့်၊ သို့တည်းမဟုတ် ကုန်ပစ္စည်းများနှင့်အလျှင်းမထိစေရ။ |
1,350,236 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ ဖုံးလွှမ်းရန်တန်းဆာမျိုးအဖြစ်၊ မည်သည့်အခါမျှအသုံးမပြုရ။ |
1,350,237 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | သို့ရာတွင် ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်များကွယ်လွန်၍၊ စစ်အခမ်းအနားအစုံအလင်ဖြင့် သင်္ဂြိုဟ်သည့်အခါ၊ တလားကိုဖုံးလွှမ်းရန်တန်းဆာအဖြစ်အသုံးပြုနိုင်သည်။ |
1,350,238 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ တနည်းနည်းဖြင့်အလွယ်တကူစုတ်ပြတ်အောင်၊ သို့တည်းမဟုတ် ညစ်ထေးစွန်းကွက်အောင်၊ သို့တည်းမဟုတ် ပျက်စီးအောင် မည်သည့်အခါမျှမလွှင့်ထူရ၊ သို့တည်းမဟုတ် မဆင်ယင်မပြသရ၊ သို့တည်းမဟုတ် အသုံးမပြုရ၊ သို့တည်းမဟုတ် မထားသိုရ။ |
1,350,239 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ပစ္စည်းတခုခုကိုခံယူရန်၊ သို့တည်းမဟုတ် ထည့်ရန်၊ သို့တည်းမဟုတ် ပတ်ရန်၊ သို့တည်းမဟုတ် သယ်ဆောင်ရန်၊ သို့တည်းမဟုတ် ပေးပို့ရန်အရာဝတ္ထုအဖြစ်၊ နိုင်ငံတော်အလံကို မည်သည့်အခါမျှ အသုံး မပြုရ။ |
1,350,240 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို လွှင့်တင်သည့်အခမ်းအနား၊ သို့တည်းမဟုတ် လျှောချသည့်အခမ်းအနား ပြုလုပ်သည့်အခါဖြစ်စေ၊ စစ်ရေးပြပွဲတွင်၊ သို့တည်းမဟုတ် ဗိုလ်ရှုခံပွဲတွင် နိုင်ငံတော်အလံကို၊ ဖြတ်သန်း သွားသည့်အခါဖြစ်စေ၊ လာရောက်သူအားလုံးတို့သည်၊ နိုင်ငံတော်အလံသို့မျက်နှာမူကာ၊ ခြေစုံရပ်၍ ငြိမ်သက်စွာနေရမည်။ |
1,350,241 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ အခွင့်အမိန့်မရရှိဘဲ၊ နိုင်ငံတော်အလံကို၊ မည်သည့်အခါမျှ တိုင်ဝက်မလွှင့်ထူရ။ |
1,350,242 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အရပ်ရပ်၂၇။ |
1,350,243 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ အခြားနိုင်ငံ၏ အလံများကို၊ ဆိုင်ရာနိုင်ငံခြား သံအမတ်ကြီးရုံးများပေါ်တွင်၊ သို့တည်းမဟုတ် လီဂေးရှင်းခေါ်သံငယ်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင်သာ လွှင့်ထူနိုင်သည်။ |
1,350,244 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | သံငယ်စသောနိုင်ငံခြားအစိုးရများ၏ ကိုယ်စားလှယ်များသည်၊ မိမိတို့ဆိုင်ရာ အစိုးရများကမကန့်ကွက်လျှင်၊ မိမိတို့၏အလံများကို၊ မိမိတို့၏မော်တော်ယာဉ်၊ ရုံး၊ နေအိမ်စသည်များ ပေါ်တွင်လွှင့်ထူနိုင်သည်။ |
1,350,245 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ နေထွက်မှနေဝင်အထိသာလွှင့်ထူရမည်။ |
1,350,246 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ လွှင့်တင်သည့်အခါ၊ သွက်လက်စွာလွှင့်တင်၍၊ လျှောချသောအခါ ဖြေးညှင်းစွာ လျှောချရမည်။ |
1,350,247 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို၊ မော်တော်ယာဉ်ပေါ်၌လွှင့်ထူသည့်အခါ၊ အလံရိုးကိုမော်တော်ယာဉ် ဘောင်ပေါ်၌ခိုင်မြဲစွာစိုက်ထူထားရမည်၊ သို့တည်းမဟုတ် ရေတိုင်ကီ (radiator) ထိပ်ဖုံးနှင့်ကုပ်တွယ်ထားရမည်။ |
1,350,248 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ''' ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ သီးခြားအခွင့်အမိန့်မရရှိဘဲ၊ အခြားနိုင်ငံ၏အလံကို၊ အစိုးရ အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများပေါ်တွင် မလွှင့်ထူရ။ |
1,350,249 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, ပါလီမန်ခေတ် | ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်သမတ |
1,350,250 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ။ |
1,350,251 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | [ ၀၁.၀၄.၁၉၅၅ ] [ ၀၁.၀၄.၁၉၅၅ ] [ [၁၉၅၅ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၇။ |
1,350,252 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ။ ဤအက်ဥပဒေကို၊ ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ် အက်ဥပဒေဟုခေါ်ရမည်။ |
1,350,253 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဤအက်ဥပဒေ၏ ဇယားတွင် ဖော်ပြထားသည့် နောက်တွင် အဆိုပါစာချုပ်ဟု ရည်ညွှန်းသော ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ လက်မှတ်ရေးထိုးကြသော စစ်ပြေငြိမ်းရေးစာချုပ်ပါ ပြဋ္ဌာန်းချက်များသည်၊ ၎င်းတို့၏ သဘောတရားအရ ဖြစ်နိုင်သမျှ တရား ဥပဒေဖြစ်ရမည်၊ သို့တည်းမဟုတ် တရားဥပဒေကဲ့သို့ အာဏာရှိရမည်။ |
1,350,254 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၁) နိုင်ငံတော်သမ္မတသည်၊ အဆိုပါစာချုပ်ကို အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာလည်း ကောင်း၊ အဆိုပါစာချုပ်၏ ပြဋ္ဌာန်းချက်တစ်ခုခုကို အကျိုးသက်ရောက်စေရန် အလို့ငှာလည်းကောင်း၊ မိမိလိုအပ်သည် ထင်မြင်သည့် ရာထမ်းမှုထမ်းများခန့်ထားခြင်း၊ ရုံးများဖွင့်လှစ်ခြင်း၊ နည်းဥပဒေများပြ ဋ္ဌာန်းခြင်းနှင့် အခြားကိစ္စအရပ်ရပ် ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်သည်။ |
1,350,255 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၂) ပုဒ်မခွဲ (၁) အရ ပြဋ္ဌာန်းသော နည်းဥပဒေများတွင်၊ နည်းဥပဒေတစ်ခုခု၏ ပြဋ္ဌာန်းချက်များကို ဆန့် ကျင်သူများသည်၊ သို့တည်းမဟုတ် လိုက်နာရန် ပျက်ကွက်သူများသည်၊ ခြောက်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်ထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံထိုက်စေရ မည်ဟု နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းနိုင်သည်။ |
1,350,256 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၃) အဆိုပါစာချုပ်ကို၊ အထမြောက်အောင် ဆောင်ရွက်ရာ၌ ကုန်ကျသည့် စရိတ်ကြေးငွေများကို၊ ပြည်ထောင်စုပါလီမန်က ခွင့်ပြုထားသောငွေများမှ ကျခံရမည်။ |
1,350,257 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဇယား။ |
1,350,258 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဂျပန်နိုင်ငံနှင့်ချုပ်ဆိုသည့် စစ်ပြေငြိမ်းရေးစာချုပ်။ |
1,350,259 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | စစ်အတွင်း ဂျပန်နိုင်ငံကြောင့် ပျက်စီးဆုံးရှုံးရခြင်းနှင့် အတိဒုက္ခရောက်ရခြင်းအတွက် စစ်ဆေး ကြေးကို၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံအားပေးရန် အသင့်ရှိသည့်ပြင်၊ ပြည်ထောင်စုမြန်မာနိုင် ငံစီးပွားရေး ပြန်လည်ထူထောင်မှုနှင့် တိုးတက်မှုတွင်လည်းကောင်း၊ လူမှုကြီးပွားရေးတိုးတက်မှုတွင် လည်းကောင်း၊ အကူအညီပေး၍ ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒလည်းရှိပါသည်။ |
1,350,260 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | သို့ရာတွင် ဂျပန်နိုင် ငံမှာ၊ မိမိ၏စီးပွားရေးကို အခြေမပျက်ဆက်လက်ထားရှိရမည်ဖြစ်လျှင်၊ စစ်အတွင်း ဂျပန်နိုင်ငံကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ ပျက်စီးဆုံးရှုံးရခြင်းနှင့် အတိဒုက္ခရောက် ရခြင်းတို့အတွက် စစ်လျော်ကြေးအပြည့်ပေးရမည့်တာဝန်နှင့် အခြားတာဝန်များကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်လောက် သော ပစ္စည်းအင်အားနှင့် မပြည့်စုံကြောင်းအသိအမှတ်ပြုပါသည်။ |
1,350,261 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (က) (၁) သဘောတူမည့် အသေးစိတ် စည်းကမ်းချက်များနှင့်အညီ၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာ နိုင်ငံအား၊ တစ်နှစ်လျှင် ပျှမ်းမျှရ အမေရိကန်ပြည်ထောင်စု ဒေါ်လာသန်းနှစ်ဆယ် ($ ၂၀,၀၀၀,၀၀၀) နှင့်ညီမျှသော ယန်းဒင်္ဂါးသန်းပေါင်းခုနှစ်ထောင့်နှစ်ရာ (¥ ၇,၂၀၀,၀၀၀,၀၀၀) တန်ဘိုးရှိသည့် ဂျပန်နိုင် ငံသူ နိုင်ငံသားတို့လုပ်အားနှင့် ဂျပန်နိုင်ငံထွက်ပစ္စည်းများကို၊ စစ်လျော်ကြေးအဖြစ်ဖြင့် ဆယ်နှစ်ကာလ မျှပေးရန် သဘောတူပါသည်။ |
1,350,262 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၂) သဘောတူမည့် အသေးစိတ်စည်းကမ်းချက်များနှင့်အညီ၊ တစ်နှစ်လျှင် ပျှမ်းမျှရစုစုပေါင်း အမေရိ ကန်ပြည်ထောင်စု ဒေါ်လာ ငါးသန်း ($ ၅,၀၀၀,၀၀၀) နှင့်ညီမျှသော ယန်းဒင်္ဂါးသန်းပေါင်း တစ်ထောင့် ရှစ်ရာ (Y ၁,၈၀၀,၀၀၀,၀၀၀) တန်ဘိုးရှိသည့် ဂျပန်နိုင်ငံသူ နိုင်ငံသားတို့လုပ်အားနှင့် ဂျပန်နိုင်ငံထွက် ပစ္စည်းများကို၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရအား၊ သို့တည်းမဟုတ် နိုင်ငံသူနိုင်ငံ သားတို့အား၊ ဆယ်နှစ်ကာလမျှရနိုင်စေ၍၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလွယ်ကူအောင်အစွမ်းကုန် စီမံ ဆောင်ရွက်ရန် သဘောတူပါသည်။ |
1,350,263 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၃) ထို့ပြင် ဂျပန်နိုင်ငံက၊ အခြားစစ်လျော်ကြေး တောင်းဆိုသည့်နိုင်ငံအားလုံးသို့ပေးရန် စစ်လျော် ကြေးများကို အပြီးသတ်ဆုံးဖြတ်သည့် အချိန်၌၊ ထိုသို့ဆုံးဖြတ်ခြင်းကြောင့် သက်ရောက်သည့် အကျိုး များကို လည်းကောင်း၊ အရပ်ရပ်စစ်လျော်ကြေးတာဝန်ကို သည်ပိုးဆောင်ရွက်နိုင်သည့် ဂျပန်နိုင်ငံ၏ စီး ပွားရေးအင်အားကို လည်းကောင်းထောက်ရှု၍၊ ပြည်ထောင်စုမြန်မာနိုင်ငံအဘို့ တရားမျှတသော စစ် လျော်ကြေးဆုံးဖြတ်မှုအတွက် တောင်းဆိုချက်ကိုလည်း ထပ်မံစစ်ဆေးရန် သဘောတူပါသည်။ |
1,350,264 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (ခ) (၁) ပြည်ထောင်စုမြန်မာနိုင်ငံမှာ၊ ဤစာချုပ်အတည်ဖြစ်သည့်အခါ၊ မိမိ၏အာဏာပိုင်နက်အတွင်း ကျရောက်သောဂျပန်နိုင်ငံနှင့် ဂျပန်အမျိုးသားများ (တရားဝင်ပုဂ္ဂိုလ်များ ပါဝင်သည်) ၏ ပစ္စည်း၊ ဆိုင် ရာဆိုင်ခွင့်နှင့် အကျိုးသက်ဆိုင်ခွင့် အားလုံးကိုဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်း၊ ဖျက်သိမ်းခြင်း၊ သို့တည်း မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း ပြုနိုင်သည့် အခွင့်အရေးရှိရမည်။ |
1,350,265 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဤစာပိုဒ်ငယ်တွင် သီးခြားဖော် ပြထားသည့်ပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များတွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင် ရာ ရန်သူ့ပစ္စည်း၊ အာဏာပိုင်များ လက်အောက်သို့၊ အဆိုပါပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက် ဆိုင်ခွင့်များ ကျရောက်သည့်အချိန်၌၊ ဂျပန်နိုင်ငံကသော်လည်းကောင်း၊ ဂျပန်အမျိုးသားများ (တရားဝင် ပုဂ္ဂိုလ်များပါဝင်သည်) ကသော်လည်းကောင်း၊ ပိုင်ဆိုင်၍၊ သို့တည်းမဟုတ် ၎င်းတို့အတွက် လက်ရှိထား ၍၊ သို့တည်းမဟုတ် စီမံအုပ်ချုပ်၍၊ ယခုအခါတွင် အဆိုပါအာဏာပိုင်များက ပိတ်ပင်ထားသော၊ သို့တည်းမဟုတ် အဆိုပါအာဏာပိုင်များအား အပ်နှင်းထားသော၊ သို့တည်းမဟုတ် အဆိုပါအာဏာပိုင် များက လက်ရှိထားသော၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်သောပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များလည်း ပါဝင်သည်။ |
1,350,266 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၂) အောက်ပါတို့ကို၊ အထက်စာပိုဒ်ငယ် (၁) တွင် သီးခြားဖော်ပြထားသည့် အခွင့်အရေးမှ ခြွင်းချန်ရ မည်။ |
1,350,267 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (i) ဂျပန်နိုင်ငံအစိုးရပိုင်ဖြစ်၍၊ သံနှင့်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်နှင့် ဆိုင်သောကိစ္စများအတွက် အသုံးပြုသည့်မြေရာအဆောက်အအုံ၊ အိမ်ထောင်ပရိဘောဂနှင့် တပ်ဆင်စိုက်ထူထားသည့်ပစ္စည်းများ၊ ထို့ပြင် ဂျပန်သံနှင့်ကောင်စစ်အမှုထမ်းများပိုင်ဖြစ်၍၊ သံနှင့် ကောင်စစ်ဝန်အလုပ်ဝတ္တရားများကို ဆောင် ရွက်ရန် သာမန်အားဖြင့် လိုအပ်သောအရင်းအနှီးပြုရာပါ ပစ္စည်းမျိုးမဟုတ်သည့် ကိုယ်ပိုင်အိမ်အသုံးအ ဆောင် ပရိဘောဂများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများ။ |
1,350,268 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (ii) သာသနာရေးအဖွဲ့များကသော်လည်းကောင်း၊ ကိုယ်ပိုင်ကုသိုလ်ရေးအဖွဲ့အစည်းများကသော် လည်းကောင်း ပိုင်ဆိုင်၍၊ သာသနာရေး၊ သို့တည်းမဟုတ် ကုသိုလ်ရေးကိစ္စများအတွက်သက်သက်အသုံး ပြုသည့်ပစ္စည်း။ |
1,350,269 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (iii) ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်တွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ တစ်ဦးနှင့်တစ်ဦးကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခြားအရေးကိစ္စများအတွက် ပြန်လည်ဆက်သွယ်ခြင်း ကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်းသို့ ကျရောက်လာသောပစ္စည်း၊ ဆိုင်ရာဆိုင် ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များ။ |
1,350,270 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (iv) ဂျပန်နိုင်ငံ၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံသားတို့ ပေးရမည့်တာဝန်ရှိသော ငွေကြေးစသည်များ ဂျပန်နိုင်ငံတွင် တည်ရှိသည့် အထည်ဒြပ်ရှိပစ္စည်း၌ ဆိုင်ရာဆိုင်ခွင့် ပိုင်ဆိုင်ခွင့်၊ သို့တည်းမဟုတ် အကျိုး သက်ဆိုင်ခွင့်၊ ဂျပန်နိုင်ငံတရားဥပဒေများအရ ဖွဲ့စည်းထားသည့် လုပ်ငန်းများတွင် အကျိုးသက်ဆိုင်ခွင့် များ၊ သို့တည်းမဟုတ် ၎င်းတို့နှင့်စပ်လျဉ်းသည့် သက်သေခံစာရွက်စာတမ်း။ |
1,350,271 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | သို့ရာတွင် ဤခြွင်းချက် သည်၊ ဂျပန်နိုင်ငံသုံးငွေဖြင့်ဖော်ပြထားသည့် ဂျပန်နိုင်ငံနှင့်ဂျပန်နိုင်ငံသားတို့ပေးရမည့် တာဝန်ရှိသော ငွေကြေးစသည်များနှင့်သာ သက်ဆိုင်ရမည်။ |
1,350,272 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၃) အထက်စာပိုဒ်ငယ် (၂) တွင် ဖော်ပြသည့် ခြွင်းချန်ထားသော ပစ္စည်းများကို ပြန်ပေးရမည်။ |
1,350,273 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | သို့ရာ တွင် ထိုသို့ပြန်ပေးသည့် ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်ရသည့်အတွက် အသင့်အတင့် တောင်းဆိုသည့်စရိတ်များကို ကျခံရမည်။ |
1,350,274 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | အဆိုပါပစ္စည်းကို ဖျက်သိမ်းရောင်းချပြီးဖြစ်လျှင်၊ ရောင်းချရ ငွေများကို ပစ္စည်းအစားပြန်ပေးရမည်။ |
1,350,275 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | (၄) အထက်စာပိုဒ်ငယ် (၁) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပစ္စည်းဖမ်းဆီးနိုင်သည့်၊ သို့တည်းမဟုတ် သိမ်းဆည်းထားနိုင်သည့်၊ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည့်၊ သို့တည်းမဟုတ် အခြားနည်းဖြင့် စီမံထုခွဲနိုင်သည့် အခွင့်အရေးကို၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားဥပဒေများနှင့်အညီ သုံးစွဲရမည်။ |
1,350,276 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ပစ္စည်းရှင်သည်၊ ထိုတရားဥပဒေများဖြင့် မိမိအားပေးထားသော အခွင့်အရေးများကိုသာ ရရှိရမည်။ |
1,350,277 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဤစာချုပ်တွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင်၊ စစ်တိုက်ခိုက်နေစဉ်အတွင်း ဂျပန်နိုင်ငံနှင့် ဂျပန်နိုင်ငံသားတို့ဆောင်ရွက်သည့် အရေးကိစ္စများမှ ဖြစ်ပေါ်လာသော ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားတို့၏ တောင်းဆိုခွင့်အားလုံးကို ပြည်ထောင်စုမြန်မာနိုင်ငံက စွန့်လွှတ်ပါသည်။ |
1,350,278 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဂျပန်နိုင်ငံတွင်၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ၊ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ထိကာလ အတွင်း မည်သည့်အခါ၌မဆို တည်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင် ငံသားတို့ပိုင် အထည်ဒြပ်ရှိပစ္စည်းနှင့် အထည်ဒြပ်မရှိပစ္စည်းများကိုလည်းကောင်း၊ ဂျပန်နိုင်ငံတွင် ဆိုင် ရာဆိုင်ခွင့်အမျိုးမျိုး၊ သို့တည်းမဟုတ် အကျိုးသက်ဆိုင်ခွင့်အမျိုးမျိုးကိုလည်းကောင်း၊ ဤစာချုပ်အ တည်ဖြစ်သည့်နေ့ရက်မှ ကိုးလအတွင်းတောင်းဆိုလျှင် ထိုပစ္စည်း၊ ထိုဆိုင်ရာဆိုင်ခွင့်၊ သို့တည်းမဟုတ် ထိုအကျိုးသက်ဆိုင်ခွင့်များကို ပစ္စည်းရှင်က ခြိမ်းခြောက်ခြင်း၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖြား ခြင်းမခံရဘဲ၊ မိမိအလိုအလျောက်လွတ်လပ်စွာ ထုခွဲရောင်းချပြီး မဟုတ်လျှင်၊ ထိုသို့တောင်းဆိုသည့်နေ့ ရက်မှ ခြောက်လအတွင်း ဂျပန်နိုင်ငံက ပြန်ပေးရမည်။ |
1,350,279 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | အဆိုပါပစ္စည်းကို ပြန်ပေးသည့်အခါ၊ စစ်ကြောင့်တင်ရှိသည့် ကြွေးမြီတာဝန်ကုန်ကျစရိတ်အားလုံးမှ လွတ်ကင်းစေရမည်။ |
1,350,280 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ပစ္စည်းပြန်ပေးရသည့်အတွက် ကုန်ကျစရိတ်ကိုလည်း တောင်းဆိုခြင်းမပြုရ။ |
1,350,281 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | သတ်မှတ်ထားသည့်အချိန်တွင် ပစ္စည်းရှင်ကသော်လည်းကောင်း၊ ပစ္စည်းရှင်အတွက်သော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရကသော်လည်းကောင်း၊ ပြန်ပေးရန် တောင်းဆိုခြင်း မရှိသည့်ပစ္စည်းကို၊ ဂျပန်နိုင်ငံအစိုးရက မိမိသဘောအတိုင်း ထုခွဲရောင်းချနိုင်သည်။ |
1,350,282 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဂျပန်နိုင်ငံ၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါပစ္စည်းတစ်ရပ်ရပ်ရှိ၍ စစ်ကြောင့်ပြန်မပို့ နိုင်လျှင်၊ သို့တည်းမဟုတ် ချွတ်ယွင်းပျက်စီးသွားလျှင်၊ လျော်ကြေးကို ဂျပန်နိုင်ငံဆိုင်ရာ မဟာမိတ်နိုင်ငံ များ ပစ္စည်းလျော်ကြေးပေးရေး ဥပဒေ (၁၉၅၁ ခုနှစ်၊ ဥပဒေအမှတ် ၂၆၄) တွင် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များထက် မယုတ်သော စည်းကမ်းချက်များအရ ပေးရမည်။ |
1,350,283 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဤစာချုပ်ချုပ်ဆိုသည့်နိုင်ငံတို့သည်၊ စစ်ဖြစ်လျှက်ရှိသည့် အခြေအနေသို့ မရောက်မီက တည်ရှိ သောတာဝန်များနှင့် ပဋိညာဉ်စာချုပ်များ (ခံဝန်ချုပ်များနှင့်စပ်ဆိုင်သည့် တာဝန်များနှင့် ပဋိညာဉ်စာ ချုပ်များပါဝင်သည်) မှလည်းကောင်း၊ စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ မရောက်မီကရရှိသည့် ဆိုင်ရာ ဆိုင်ခွင့်များမှလည်ကောင်း၊ ဖြစ်ပေါ်လာသောငွေကြေးနှင့် စပ်လျဉ်းသည့် ကြွေးမြီများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံ၏နိုင်ငံသားတို့က၊ ဂျပန်နိုင်ငံအစိုးရ အား၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံ၏ နိုင်ငံသားတို့အားသော်လည်းကောင်း၊ ဂျပန်နိုင်ငံအစိုးရက၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံ၏နိုင်ငံသားတို့က ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအား၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားတို့အားသော်လည်းကောင်းပေးရန်ရှိလျှင်၊ ထိုပေးရန်ရှိသော ကြွေးမြီများပေးဆပ်ရ မည့်တာဝန်ကို စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ ဆိုက်ရောက်ခြင်းကြောင့် ထိခိုက်ခြင်း မရှိကြောင်း၊ ထို့ပြင် စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ မရောက်မီက ဖြစ်ပွားသော ပစ္စည်း ဆုံးရှုံးမှု၊ သို့တည်း မဟုတ် ပစ္စည်းပျက်ယွင်းမှုအတွက်ဖြစ်စေ၊ လူဒဏ်ရာရမှု သို့တည်းမဟုတ် လူသေဆုံး မှုအတွက်ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက၊ ဂျပန်နိုင်ငံအစိုးရထံမှ သော်လည်းကောင်း၊ ဂျပန်နိုင်ငံအစိုးရက ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရထံမှသော်လည်ကောင်း၊ လျော်ကြေးတောင်းဆိုလျှင်၊ သို့တည်းမဟုတ် ထပ်မံတောင်းဆိုလျှင်၊ ထိုတောင်းဆိုချက်များနှင့် စပ်လျဉ်း၍၊ ထိုက်လျော်ရာ အကျိုး အပြစ်အလျောက် စဉ်းစားဆင်ခြင်ရမည့်တာဝန်ကိုလည်း၊ စစ်ဖြစ်လျှက်ရှိသည့် အခြေအနေသို့ဆိုက် ရောက်ခြင်းကြောင့် ထိခိုက်ခြင်းမရှိကြောင်း အသိအမှတ်ပြုပါသည်။ |
1,350,284 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | စစ်မဖြစ်မီ ဂျပန်နိုင်ငံက တင်ရှိသည့်ပြည်ပကြွေးမြီနှင့် ဂျပန်နိုင်ငံတာဝန်ဖြစ်ကြောင်းဖြင့် နောက် ထပ်ကြေညာသည့်၊ တရားဝင်အဖွဲ့များ၏ ကြွေးမြီများအတွက်၊ ဂျပန်နိုင်ငံက တာဝန်ယူကြောင်းကို ဝန်ခံသည့်ပြင်၊ ထိုကြွေးမြီများပေးဆပ်ရေးကိစ္စ ပြန်လည်ပြုလုပ်မှုနှင့်စပ်လျဉ်း၍၊ မြီရှင်များနှင့် အဆော တလျင်စေ့စပ်ရန် ရည်ရွယ်ကြောင်းကိုလည်း အတိအလင်း ထုတ်ဖော်ပြောဆိုပါသည်။ |
1,350,285 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ဤစာချုပ်ချုပ်ဆိုသည့်နိုင်ငံတို့သည်၊ စစ်မဖြစ်မီက တောင်းဆိုသည့် အခြားအခွင့်အရေးများနှင့် လည်းကောင်း၊ ပေးရန်တာဝန်ရှိသည့် ငွေကြေးစသည်များနှင့် လည်းကောင်း၊ စပ်လျဉ်းသည့်စေ့စပ်မှုကို အားပေးလိုသည့်ပြင်၊ ထိုသို့အားပေးလိုသည့်အတိုင်း၊ ငွေကြေးလွှဲပြောင်းမှု လွယ်ကူစေရန်ကိုလည်း ဆောင်ရွက်ပါမည်။ |
1,350,286 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားတို့အပေါ်တွင်၊ စစ်ကိုသော် လည်းကောင်း၊ စစ်ဖြစ်လျှက်ရှိသည့်အခြေအနေကြောင့် ဆောင်ရွက်သည့်အရေးကိစ္စများကိုသော်လည်း ကောင်း၊ အကြောင်းပြုလျှက်၊ ဂျပန်နိုင်ငံနှင့် ဂျပန်နိုင်ငံ၏နိုင်ငံသားတို့၏ တောင်းဆိုခွင့် အားလုံးကို ဂျပန်နိုင်ငံက စွန့်လွှတ်ပါသည်။ |
1,350,287 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | အထက်ပါစွန့်လွှတ်ချက်တွင်၊ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ဤစာချုပ် အတည်ဖြစ် သည့်နေ့ရက်အထိ ဂျပန်သင်္ဘောများနှင့် စပ်လျဉ်း၍၊ မြန်မာနိုင်ငံက၊ သို့တည်းမဟုတ် ပြည်ထောင်စုမြန် မာနိုင်ငံက ဆောင်ရွက်သည့်အရေးကိစ္စများမှ ဖြစ်ပေါ်လာသော၊ တောင်းဆိုခွင့်များရှိလျှင်၊ ထိုတောင်းဆို ခွင့်များပါဝင်သည့်ပြင်၊ မြန်မာနိုင်ငံ၊ သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံလက်တွင်းရှိ ဂျပန်စစ်သုံ့ ပန်းများ၊ စစ်သားမဟုတ်သော ဂျပန်အကျဉ်းသားများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် တောင်းဆိုခွင့် များနှင့် ကြွေးမြီများရှိလျှင် ထိုတောင်းဆိုခွင့်များနှင့် ကြွေးမြီများလည်း ပါဝင်သည်။ |
1,350,288 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ | သို့ရာတွင် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံတရားဥပဒေများတွင် သီးခြားအသိအမှတ်ပြုထားသည့် ဂျပန်တောင်းဆိုခွင့်များ မပါဝင်ချေ။ |
1,350,289 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ။ |
1,350,290 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | [၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ် ၁၅။ |
1,350,291 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။ |
1,350,292 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | ဤအက်ဥပဒေကို၊ ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေဟု ခေါ်ရမည်။ |
1,350,293 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ၏ ပုဒ်မ ၅ ကို၊ ပုဒ်မ ၅ (၁) အဖြစ် ပြန်လည်အမှတ်စဉ်၍၊ အောက်ပါကို ပုဒ်မခွဲ (၂) အဖြစ်ထည့်သွင်းရမည်။ |
1,350,294 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | “(၂) ပုဒ်မခွဲ (၁) အရပြုလုပ်သော နည်းဥပဒေတွင်၊ နည်းဥပဒေဆန့်ကျင်မှုအတွက်သော်၎င်း၊ နည်း ဥပဒေ အရထုတ်ဆင့်သော ညွှန်ကြားချက် ဆန့်ကျင်မှု အတွက်သော်၎င်း၊ နည်းဥပဒေအရ ထုတ်ဆင့် သော အမိန့်ဆန့်ကျင်မှု အတွက်သော်၎င်း ဤအက်ဥပဒေ အရ ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်း မရှိလျှင်၊ အဆိုပါ ဆန့်ကျင်မှုတခုခုကို ကျူးလွန်သူအား၊ ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ စီရင်ရမည်ဟု နိုင်ငံတော် သမတ ကပြဋ္ဌာန်းနိုင်သည်။ |
1,350,295 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်, ပြင်ဆင်သည့် ဥပဒေများ | ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ | အဆိုပါ ဆန့်ကျင်မှုကျူးလွန်သော ပြစ်မှုသည်၊ ဆက်လက်ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင်၊ ပြစ်မှုကျူးလွန်သည့် ပဌမနေ့မှတပါး၊ နောက်ထပ် ဆက်လက်ကျူးလွန်သည့် ပြစ်မှုကာလ အပိုင်းအခြားအတွင်း အခြား နေ့ရက်များအတွက် တရက်လျှင် ကျပ်ငါးဆယ်ထက်မပိုသော ငွေဒဏ်စီရင်ရမည်ဟု ထိုနည်းဥပဒေတွင် ပြဋ္ဌာန်းနိုင်သည်။ |
1,350,296 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ။ |
1,350,297 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ | [၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ် ၄၄။ |
1,350,298 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ | ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် နှစ်အတွက် ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲခြင်း။ |
1,350,299 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ | ဘဏ္ဍာရေးဝန်ကြီးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏အခွန်တော်များမှ စုစုပေါင်း ကျပ်ငွေ ၁, ၁၅,၈၆, ၄၆,၀၀၀ (ဤအက်ဥပဒေနောက်ဆက်တွဲဇယားတွင် ဖေါ်ပြထားသည်) ကိုထုတ်၍၊ ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်ဆိုင်ရာအသုံးစရိတ်များနှင့် ကိစ္စများအတွက် ခွဲဝေသုံးစွဲနိုင် သည်။ |
1,350,300 | မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ် | ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ | ၁၉၅၆ခုနှစ်၊ စက်တင်္ဘာလ ၃၀ရက်နေ့၌ ကုန်ဆုံးသည့်နှစ်အတွက် ငွေချေးယူခြင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.