id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,301
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
(၁) ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်အတွင်းတွင် စုစုပေါင်း ကျပ်ငွေ ၂, ၇၅, ၃၇, ၀၀, ၀၀၀ထက်မပိုသောငွေများကို၊ ဘဏ္ဍာရေးဝန်ကြီးသည် အစိုးရငွေချေးစာချုပ်များ ထုတ်ပေးခြင်း ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။
1,350,302
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
ထိုကဲ့သို့ ငွေချေးသောကိစ္စအ တွက်၊ ဘဏ္ဍာရေးဝန်ကြီးသည်၊ မိမိသင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍၎င်း၊ ပြန်ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့တည်းမဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များထား၍၎င်း အာမခံစာချုပ်များပြုလုပ် ၍ ထုတ်ပေးနိုင်သည်။
1,350,303
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
(၂) ပါလီမန်၏အက်ဥပဒေများအရသော်၎င်း၊ နိုင်ငံတော်သမတက တရားဥပဒေနှင့်အညီ ထုတ်ပြန်သော အမိန့်များအရသော်၎င်း ဖွဲ့စည်းထားသောအဖွဲ့များက၊ သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်များက ဘဏ္ဍာ ရေးဝန်ကြီး၏ သဘောတူညီချက်ဖြင့် ချေးယူသည့်ငွေများကို ကျသင့်သောအတိုးနှင့်တကွ ပေးဆပ်ရန်အ တွက် ဘဏ္ဍာရေးဝန်ကြီးကတာဝန်ခံနိုင်သည်။
1,350,304
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
သို့သော် ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံး သည့်နှစ်အတွင်း၊ ဤကဲ့သို့တာဝန်ခံသည့်ချေးငွေစုစုပေါင်းသည် ကျပ်ငွေ ၄၅ ကုဋေနှင့် သိန်း ၆၀ ထက်မပို စေရ။
1,350,305
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
(၃) ဤအက်ဥပဒေအရ ချေးယူရရှိသော ငွေအားလုံးကို ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်များတွင် ထည့်သွင်းရမည်။
1,350,306
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
(၄) ဤအက်ဥပဒေအရထုတ်ပေးသည့်အာမခံစာချုပ်များနှင့်သက်ဆိုင်သော ငွေရင်းနှင့်အတိုးကို၎င်း၊ ဤ အာမခံစာချုပ်များ ထုတ်ပေးသည့်ကိစ္စနှင့် စပ်လျဉ်း၍ ကုန်ကျသည့်စရိတ်ငွေများကို၎င်း ပြည်ထောင်စုနိုင်ငံ ၏ အခွန်တော်များမှ ထုတ်ပေးရမည်။
1,350,307
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
အဘိုး-၁၀ပြား]
1,350,308
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
ကိုးကား ၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှထုတ်ဝေသော ၁၉၅၅ ခုနှစ် အက်ဥပဒေများနှင့် နည်းဥပဒေများစာအုပ်
1,350,309
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
1,350,310

[ ၁၄.၁၀.၁၉၅၅ ] [ ၃၁.၀၈.၂၀၁၂ ] [ (၁၉၅၅ခုနှစ်၊ အက်ဥပဒေအမှတ် ၅၃) ]
1,350,311
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
အမည် ၁။
1,350,312
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
။ ဤအက်ဥပဒေကို ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေဟုခေါ်ရမည်။
1,350,313
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
အဓိပ္ပာယ်ဖော်ပြချက်။
1,350,314
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် -
1,350,315
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(က) “အခွင့်ရအာဏာပိုင်” ဆိုသည်မှာ၊ နိုင်ငံတော်သမတက၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ထိုအမိန့်ကြော်ငြာစာတွင် သတ်မှတ်သည့်ဒေသအတွက်၊ ဤအက်ဥပဒေအရ၊ အာဏာပိုင်၏ တာဝန်ဝတ်တရားများကို ဆောင်ရွက်ရန်၊ အာဏာအပ်နှင်းထားသူကို ဆိုလိုသည်။
1,350,316
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ခ) “အစိုးရအိမ်ဥပစာ” ဆိုသည်မှာ၊ နိုင်ငံတော်အစိုးရကဖြစ်စေ၊ နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကဖြစ်စေ၊ ပိုင်ဆိုင်သော၊ သို့တည်းမဟုတ် ငှါးရမ်းယူထားသော၊ သို့တည်းမဟုတ် ခေတ္တသိမ်းယူထားသော၊ အိမ်ဥပစာကို ဆိုလိုသည်။
1,350,317
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ဂ) “အိမ်ဥပစာ” ဆိုသည်မှာ၊ အဆောက်အဦကို၊ သို့တည်းမဟုတ် အဆောက်အဦတခု၏ အစိတ်အပိုင်းကို ဆိုလိုသည့်ပြင်၊ ထိုစကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည်။
1,350,318
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၁) အဆောက်အဦနှင့်၊ သို့တည်းမဟုတ် အဆောက်အဦတခု၏ အစိတ်အပိုင်းနှင့် စပ်ဆိုင်လျက်ရှိသော ပန်းခြံ၊ မြေရာ နှင့်အိမ်ရံ အဆောက်အဦများ။
1,350,319
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၂) ပိုမိုအကျိုးခံစားနိုင်ရန်၊ ထိုအဆောက်အဦတွင်သော်၎င်း၊ ထိုအဆောက်အဦတခု၏ အစိတ်အပိုင်းတွင်သော်၎င်း၊ တပ်ဆင်ထားသော အရာဝတ္ထုများ။
1,350,320
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ဃ) “ပြဋ္ဌာန်းသည်” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည်ကို ဆိုလိုသည်။
1,350,321
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
နှင်ထုတ်နိုင်သည့်အာဏာ။
1,350,322
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၁) ဤအက်ဥပဒေစတင်အာဏာ မတည်မီဖြစ်စေ၊ စတင်အာဏာတည်ပြီးသည့်နောက်ဖြစ်စေ၊ အစိုးရအိမ်ဥပစာတခုခုတွင် နေထိုင်ခွင့်ရသူသည်၊ နိုင်ငံတော်အစိုးရ၏၊ သို့တည်းမဟုတ် အခွင့်ရအာဏာပိုင်၏ ခွင့်ပြုချက်မရဘဲ၊ အဆိုပါအိမ်ဥပစာတခုလုံးကို၊ သို့တည်းမဟုတ် တစိတ်တပိုင်းကို တဆင့်ငှါးရမ်းသည်ဟုသော်၎င်း၊ ထိုအိမ်ဥပစာတွင်နေထိုင်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်တခုခုကို အခြားနည်းဆန့်ကျင်သည်ဟုသော်၎င်း၊ အခွင့်ရအာဏာပိုင်က ယူဆကျေနပ်လျှင်၊ သို့တည်းမဟုတ် တဦးတယောက်သောသူသည် အစိုးရအိမ် ဥပစာတခုခုတွင် ခွင့်ပြုချက်မရဘဲ နေထိုင်လျက်ရှိသည်ဟု အခွင့်ရအာဏာပိုင်က ယူဆကျေနပ်လျှင်၊ အခွင့်ရအာဏာပိုင်သည်၊ ထိုအိမ်ဥပစာ တခုလုံးတွင်ဖြစ်စေ၊ တစိတ်တပိုင်းတွင်ဖြစ်စေ၊ နေထိုင်သည့် ထိုသူထံ၊ သို့တည်းမဟုတ် အခြားသူတဦးတယောက်ထံ၊ စာပို့တိုက်မှသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ချအပ်သောနို့တစ်စာဖြင့် ထိုနို့တစ်စာရသည့်နေ့ရက်မှ တဆယ့်ငါးရက်အတွင်း ထိုအိမ်ဥပစာတခုလုံးမှ၊ သို့တည်းမဟုတ် တစိတ်တပိုင်းမှ ထွက်ခွါသွားရမည်ဟု အမိန့်ထုတ်ဆင့်နိုင်သည်။
1,350,323
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၂) မည်သူမဆို၊ ပုဒ်မခွဲ(၁)အရ ထုတ်ဆင့်သော အမိန့်ကိုလိုက်နာရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ငြင်းဆိုလျှင်၊ ထိုသူအား အခွင့်ရအာဏာပိုင်က အဆိုပါ အိမ်ဥပစာမှ ဖယ်ရှား၍ အိမ်ဥပစာကို သိမ်းယူနိုင် သည်။
1,350,324
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
ထိုသို့ဖယ်ရှားရာတွင် သင့်တော် လိုအပ်သည့် အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားနိုင်သည်။
1,350,325
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
လျော်ကြေးအရတောင်းခံနိုင်သည့် အာဏာ။
1,350,326
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၁) မည်သူမဆို၊ အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရဘဲ နေထိုင်လျှင်၊ အခွင့်ရအာဏာပိုင်သည်၊ ထိုသို့နေထိုင် အသုံးပြုခြင်းအတွက် ပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်း၊ မိမိသင့်တော်သည်ဟုယူဆသော လျော်ကြေးကို ပြတ်ဆို၍စာပို့တိုက်မှသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ချအပ်သောနို့တစ်စာဖြင့် ထိုနို့တစ်စာတွင် သတ်မှတ်ထားသည့် ကာလအတွင်း ထိုလျော်ကြေးကိုပေးရန် ထိုသူထံ အမိန့်ထုတ်ဆင့်နိုင်သည်။
1,350,327
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၂) မည်သူမဆို၊ လျော်ကြေးကို၊ နို့တစ်စာတွင် သတ်မှတ် ထားသည့်ကာလအတွင်းပေးရန် ငြင်းဆိုလျှင် သော်၎င်း၊ ပျက်ကွက်လျှင်သော်၎င်း၊ အဆိုပါ လျော်ကြေးကို မြေခွန်တော်မပြေ ကျန်ငွေကဲ့သို့ အရတောင်းခံနိုင်သည်။
1,350,328
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
အယူခံဝင်ခွင့်။
1,350,329
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
၅။ (၁) ပုဒ်မ ၃၊ သို့တည်းမဟုတ် ပုဒ်မ ၄ အရ ထုတ်ဆင့်သော အခွင့်ရအာဏာပိုင်၏ အမိန့်ကြောင့် နစ်နာသူ မည်သူမဆို၊ ပုဒ်မ ၃၊ သို့တည်းမဟုတ် ပုဒ်မ ၄ အရချအပ်သော နို့တစ်စာရသည့်နေ့ရက်မှ ဆယ်ရက်အတွင်း နိုင်ငံတော်အစိုးရထံ အယူခံဝင်နိုင်သည်။
1,350,330
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
သို့ရာတွင် အယူခံဝင်သူသည်၊ လုံလောက်သော အကြောင်းကြောင့် အယူခံလွှာကို အချိန်မီ မတင်သွင်းနိုင်ခဲ့ကြောင်း နိုင်ငံတော်အစိုးရက ကျေနပ်လျှင်၊ နိုင်ငံတော်အစိုးရသည်၊ အဆိုပါ ဆယ်ရက်ကျော်လွန်သော်လည်း အယူခံလွှာကို လက်ခံနိုင်သည်။
1,350,331
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၂) ပုဒ်မခွဲ (၁) အရ အယူခံလွှာရလျှင်၊ နိုင်ငံတော်အစိုးရသည်၊ အခွင့်ရအာဏာပိုင်ထံမှ အစီရင်ခံစာ တရပ်ကိုတောင်းယူ၍ မိမိလိုအပ်သည်ဟု ယူဆလျှင်၊ နောက်ထပ်စုံစမ်းပြီး၊ မိမိသင့်တော်သည်ဟု ယူဆသော အမိန့်ကိုချမှတ်နိုင်သည်။
1,350,332
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
နိုင်ငံတော်အစိုးရ၏ အမိန့်သည်အပြီးအပြတ်ဖြစ်ရမည်။
1,350,333
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၃) ပုဒ်မခွဲ(၁)အရ အယူခံဝင်လျှင်၊ နိုင်ငံတော်အစိုးရသည်၊ အခွင့်ရအာဏာပိုင်၏ အမိန့်အတည်ပြုခြင်း ကိုမိမိသင့်တော်သည်ဟု ယူဆသောကာလအတွက်၊ သင့်တော်သည်ဟု ယူဆသော စည်းကမ်းချက်များဖြင့်၊ ဆိုင်းငံ့ထားနိုင်သည်။
1,350,334
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
တရားမရုံးများက စစ်ဆေးစီရင်ပိုင်ခွင့်မရှိခြင်း။
1,350,335
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများကိုသုံးစွဲလျက် နိုင်ငံတော်အစိုးရက ချမှတ်သော၊ သို့တည်းမဟုတ် အခွင့်ရအာဏာပိုင်က ထုတ်ဆင့်သော အမိန့်သည်မခိုင်လုံဟု၊ မည်သည့်တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့် မရှိစေရ။
1,350,336
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများနှင့်အညီ ဆောင်ရွက်သည့်၊ သို့တည်းမဟုတ် ဆောင်ရွက်မည့်ကိစ္စနှင့် စပ်လျဉ်း၍၊ မည်သည့်တရားရုံးကမျှ၊ သို့တည်းမဟုတ် အခြားမည်သည့်အာဏာပိုင်ကမျှ တားဝရမ်းမထုတ်ပေးရ။
1,350,337
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
တရားစွဲဆိုခြင်းမှ ကာကွယ်ပေးခြင်း
1,350,338
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများအရဖြစ်စေ၊ ဤအက်ဥပဒေအရ ထုတ်ဆင့်ချမှတ်သော အမိန့်အရဖြစ်စေ၊ သဘောရိုးဖြင့်ပြုသည့်၊ သို့တည်းမဟုတ် ပြုသည့်သဘော သက်ရောက်သော ပြုမှုတခုခုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အခွင့်ရအာဏာပိုင်ကိုဖြစ်စေ၊ တရားမမှုသော်၎င်း၊ ရာဇဝတ်မှုသော်၎င်း၊ အခြားတရားမှုခင်းသော်၎င်း မစွဲဆိုရ။
1,350,339
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
တာဝန်ဝတ်တရား လွှဲအပ်ခြင်း။
1,350,340
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
နိုင်ငံတော်အစိုးရသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ စည်းကမ်းချက်များထားလိုက၊ ထိုအမိန့်ကြော်ငြာစာတွင် စည်းကမ်းချက်များ သတ်မှတ်လျက်၊ ဤအက်ဥပဒေအရ၊ မိမိသုံးစွဲနိုင်သည့် အာဏာ တရပ်ရပ်ကို၊ ဤကိစ္စအလို့ငှါ မိမိက အထူးအာဏာလွှဲအပ်ထားသည့် အရာရှိတဦးက၊ အဆိုပါ စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ သုံးစွဲနိုင်ရမည်ဟု ဆင့်ဆိုနိုင်သည်။
1,350,341
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
မည်သူမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေတခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ထုတ်ဆင့်ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာတရပ်ရပ်ကို၊ တရားဥပဒေနှင့်အညီ သုံးစွဲခြင်းကိုတားဆီးလျှင်၊ ထိုသူသည်၊ ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
1,350,342
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
နည်းဥပဒေပြုနိုင်သည့်အာဏာ။
1,350,343
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၁) နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ဤအက်ဥပဒေပါ ကိစ္စများဆောင်ရွက်ရန် အလို့ငှါ၊ နည်းဥပဒေများ ပြုနိုင်သည်။
1,350,344
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(၂) အထက်ပါ အာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးသဖြင့် အောက်ပါကိစ္စအားလုံး အတွက် ဖြစ်စေ၊ ကိစ္စတခုခုအတွက် ဖြစ်စေ နည်းဥပဒေများ ပြုနိုင်သည်။
1,350,345
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(က) နို့တစ်စာပုံစံနှင့် နို့တစ်စာချအပ်သည့်နည်းလမ်း။
1,350,346
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ခ) အစိုးရအိမ်ဥပစာကို သိမ်းယူရာတွင် လိုက်နာရမည့်နည်းလမ်း။
1,350,347
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ဂ) ခွင့်ပြုချက်မရဘဲ နေထိုင်ခြင်းအတွက် လျော်ကြေး ပြတ်ဆိုရန်နည်းလမ်း။
1,350,348
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(ဃ) အယူခံဝင်ရာတွင် လိုက်နာရမည့်နည်းလမ်းနှင့် အယူခံမှု များတွင်လိုက်နာရမည့်ကျင့်ထုံး။
1,350,349
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
(င) ပြဋ္ဌာန်းရမည့်၊ သို့တည်းမဟုတ် ပြဋ္ဌာန်းနိုင်သည့် အခြားကိစ္စများ။
1,350,350
Uncategorized
၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
REDIRECT ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ
1,350,351
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ။
1,350,352
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
[၁၉၅၆ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၁။
1,350,353
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
] ၁၉၅၆ ခုနှစ်
1,350,354
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
အောက်ပါအတိုင်းအက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။
1,350,355
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် နှစ်အတွက် နောက်ထပ် ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲခြင်း။
1,350,356
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၁) ဘဏ္ဍာရေးဝန်ကြီးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏အခွန်တော်များမှ စုစုပေါင်းကျပ်ငွေ ၄, ၆၉, ၀၄, ၄၁၀ (ဤအက်ဥပဒေ ဇယားတွင် ဖေါ်ပြထားသည်) ကို ထုတ်၍၊ ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက် နေ့၌ ကုန်ဆုံးသည့်နှစ်ဆိုင်ရာ အသုံးစရိတ်များနှင့် ကိစ္စများအတွက် ခွဲဝေသုံးစွဲနိုင်သည်။
1,350,357
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၂) ပုဒ်မခွဲ (၁) တွင်ခွင့်ပြုထားသည့်ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲခြင်းသည်၊ ၁၉၅၆ ခုနှစ်၊ နောက်ထပ်ဘဏ္ဍာ တော်ငွေ ခွဲဝေသုံးစွဲရေးအက်ဥပဒေ (၁၉၅၆ ခုနှစ်၊ အက်ဥပဒေ အမှတ်၂) အရခွင့်ပြုထားသည့် ဘဏ္ဍာတော် ငွေခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟူ၍မှတ်ယူရမည်။
1,350,358
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့်နှစ်အတွက် ငွေချေးယူခြင်း။
1,350,359
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၁) ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်အတွင်း၊ စုစုပေါင်းကျပ်ငွေ ၄, ၀၇, ၆၀, ၀၀၀ ထက် မပိုသောငွေများကို၊ ဘဏ္ဍာရေးဝန်ကြီးသည်၊ အစိုးရ ငွေချေးစာချုပ်များ ထုတ်ပေးခြင်းဖြင့်ဖြစ် စေ၊ အခြားနည်းဖြင့် ဖြစ်စေ မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။
1,350,360
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ကလည်း၊ ထိုနှစ်အတွင်း ထိုငွေများကိုဘဏ္ဍာရေးဝန်ကြီးအား၊ ထုတ်ချေးရမည်။
1,350,361
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
ထိုကဲ့သို့ ငွေချေး သောကိစ္စအတွက် ဘဏ္ဍာရေးဝန်ကြီးသည်၊ မိမိသင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍၎င်း၊ ပြန် ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့တည်းမဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များထား၍၎င်း အာမခံစာချုပ် များပြုလုပ်၍ထုတ်ပေးနိုင်သည်။
1,350,362
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၂) ဤအက်ဥပဒေအရချေးယူရရှိသောငွေအားလုံးကို ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်များတွင်ထည့်သွင်း ရမည်။
1,350,363
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၃) ဤအက်ဥပဒေအရထုတ်ပေးသည့် အာမခံစာချုပ်များနှင့် သက်ဆိုင်သောငွေရင်းနှင့် အတိုးကို၎င်း၊ ဤ အာမခံစာချုပ်များထုတ်ပေးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုန်ကျသည့်စရိတ်ငွေများကို၎င်း၊ ပြည်ထောင်စုနိုင်ငံ ၏အခွန်တော်များမှ ထုတ်ပေးရမည်။
1,350,364
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ
(၄) ပုဒ်မခွဲ (၁) တွင် ခွင့်ပြုထားသည့် ငွေချေးယူခြင်းသည်၊ ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ(၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ်၄၄) အရခွင့်ပြုထားသည့် ငွေချေးယူခြင်းအပြင်၊ နောက်ထပ် ငွေချေးယူခြင်းဖြစ်သည်ဟူ၍ မှတ်ယူရမည်။
1,350,365
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

1,350,366

(၁၉၅၆ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၀)
1,350,367
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၁၉၅၆ ခုနှစ်
1,350,368
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်-
1,350,369
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၁။ အမည်။
1,350,370
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ဤအက်ဥပဒေကို ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူး စီမံချက်) အက်ဥပဒေဟု ခေါ်တွင်စေရမည်။
1,350,371
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၂။ အဓိပ္ပါယ်ဖော်ပြချက်။
1,350,372
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျင်-
1,350,373
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(က) အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင် ဆိုသည်မှာ တပ်မဟာမှူးရာထူးအောက် မနိမ့်သည့် စစ်ဘက် ဆိုင်ရာ တပ်မှူးကို ဆိုလိုသည်။
1,350,374
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ခ) စစ်ဘက်ဆိုင်ရာ ဆိုသည့်စကားရပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကြည်းတပ်၊ ရေတပ် သို့တည်း မဟုတ် လေတပ်ကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။
1,350,375
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ဂ) စစ်ဆင်မှု ဆိုသည်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်က အခါအားလျော်စွာ ထုတ်ဆင့်သည့် အမိန့်ဖြင့်ဖြစ်စေ၊ အမိန့်အရဖြစ်စေ ရန်သူကို နှိမ်နှင်းရန်ပြုလုပ်သော စစ်ဆင်မှုကို ဆိုလိုသည်။
1,350,376
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ဃ) ရန်သူ ဆိုသည်မှာ မြန်မာနိုင်ငံကြည်းတပ်၊ အက်ဥပဒေပုဒ်မ၏ပုဒ်မ ၇၊ အပိုဒ် (၁၂)တွင် အဓိပ္ပါယ် ဖော်ပြထားသည့် အတိုင်း ဖြစ်သည်။
1,350,377
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(င) တားမြစ်ထားသည့် နေရာ ဆိုသည်မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ (The Burma Official Secrets Act) ၏ ပုဒ်မ ၂၊ အပိုဒ် (ဂ) တွင် အဓိပ္ပါယ်ဖော်ပြထားသည့်အတိုင်း တားမြစ်ထားသည့် နေရာကို ဆိုလိုသည်။
1,350,378
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၃။ တားမြစ်ထားသည့်နေရာများ
1,350,379
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ်အတွင်း-
1,350,380
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(က) မိမိ၏ ခွင့်ပြုချက်မရဘဲ မည်သူမျှ တားမြစ်ထားသည့် နေရာ တစ်ခုခုသို့ ဝင်ရောက်ခြင်း မပြုရဟူ ၍သော်လည်းကောင်း၊ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်းမရှိရဟူ၍ လည်းကောင်း၊ ထိုနေရာပေါ် ဖြတ်သန်းသွားလာခြင်း မပြုရဟူ၍ လည်းကောင်း၊ ထိုနေရာအနီးတွင်း ရစ်ဝဲနေခြင်း မပြုလုပ်ရဟူ၍ သော်လည်းကောင်း၊ အမိန့်ထုတ်ဆင့်နိုင်သည်။
1,350,381
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ခ) တားမြစ်ထားသည့်နေရာ၌ ဝင်ရောက်ရန် အားထုတ်သူများကို သော်လည်းကောင်း၊ ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်း ရှိနေသူများကိုလည်းကောင်း ရှာဖွေရန်နှင့် ထိုသို့ရှာဖွေရန် ကိစ္စ အတွက် ထိုသူတစ်ဦးဦးကို ရပ်ဆိုင်းထားရန် မည်သူကိုမဆို အာဏာအပ်နှင်းနိုင်သည်။
1,350,382
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
သို့ရာတွင် မိန်းမကို မိန်းမချင်းသာ ရှာဖွေရမည်။
1,350,383
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၂) မည်သူမဆို ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကိုထိုနေရာမှ ထုတ်ပယ်နိုင်သည်။
1,350,384
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခြင်းခံရသူအပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်းမရှိစေရ။
1,350,385
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၃) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် ထိုသူကို (၃)နှစ် ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,350,386
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၄။ ကာကွယ်ထားသည့်နေရာများ။
1,350,387
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ် အတွင်း မည်သည့် နေရာသို့မဆို အခွင့်အမိန့်မရသူများ ဝင်ရောက်ခြင်းကို တားမြစ်စိမ့်သောငှာ အထူး ကြိုတင်စီမံချက်များ ပြုလုပ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော်သည်ဟု ယူဆလျှင် အမိန့်ဖြင့် ထိုနေရာကို ကာကွယ်ထားသည့်နေရာအဖြစ် ကြေညာနိုင်သည်။
1,350,388
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ထို့ပြင် ထိုသို့ ကြေညာသည့်အခါ ပုဒ်မ-၃ ပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် တားမြစ်ထားသည့်နေရာဆိုသည့် စကားရပ်များမှာ ကာကွယ်ထားသည့်နေရာ ဟူသော အဓိပ္ပါယ် ရှိဘိသကဲ့သို့ အဆိုပါနေရာသည် ထိုပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရမည်။
1,350,389
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၅။ ကာကွယ်ထားသည့်နယ်များ
1,350,390
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း နယ်တစ်ခုခုသို့ လူ များဝင်ရောက်ခြင်းကို စည်းမျဉ်းသတ်မှတ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်သည်ဟု ယူဆလျှင် ထိုနယ်ကို ကာကွယ်ထားသည့် နယ်မြေအဖြစ် အမိန့်ထုတ်ပြန် ကြေညာနိုင်သည်။
1,350,391
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၂) ပုဒ်မခွဲ (၁)အရ ထုတ်ဆင့်သော အမိန့်တွင် သီးခြားဖော်ပြထားသည့် နေ့ရက်၌လည်းကောင်း၊ ထိုနေ့ရက်နောက်၌ လည်းကောင်း၊ ထိုသို့ အမိန့်ဖြင့် ပြဋ္ဌာန်းသည့် ကင်းလွတ်ခွင့် တစ်ရပ်ရပ်ကို မဆန့် ကျင်စေဘဲ မည်သူမျှ အဆိုပါ အမိန့်ဖြင့် ကာကွယ်ထားသည့် နယ်မြေအဖြစ် ကြေညာထား သည့်နယ်တွင် အဆိုပါ နေ့ရက်မတိုင်မီက နေထိုင်သူမဟုတ်လျှင် အဆိုပါ အမိန့်တွင် သီးခြားဖော်ပြထားသည့် အာဏာ ပိုင်က သို့တည်းမဟုတ် သီးခြားဖော်ပြထားသူက ထိုသူအားစာဖြင့်ရေးသားပေးသော အခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့်အညီမှတပါး ထိုနယ်တွင် မရှိရ။
1,350,392
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၃) မည်သူမဆို ဤပုဒ်မကို ဆန့်ကျင်၍ ကာကွယ်ထားသည့် နယ်တွင်ရှိနေလျှင် အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကို ထိုနေရာမှ ထုတ်ပယ်နိုင်သည်။
1,350,393
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခံရသူ အပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်း မရှိစေရ။
1,350,394
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၄) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ကာကွယ်ထားသည့်နယ်တွင် ရှိနေလျှင် ထိုသူကို (၃)နှစ် ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,350,395
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၆။ ဖမ်းဆီးချုပ်နှောင်ပိုင်ခွင့်အာဏာ
1,350,396
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၁) စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးဦးသည် စစ်ဆင်မှုဆင်နွှဲရာတွင် အသုံးပြုသော တပ်ဖွဲ့တစ်ခု၌ ပါဝင် လျှင် သို့တည်းမဟုတ် ထိုတပ်ဖွဲ့နှင့် အတူပူးပေါင်းဆောင်ရွက်လျှင်၊ စစ်ဘက်ဆိုင်ရာ အရာထမ်း၊ အမှု ထမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သို့တည်းမဟုတ် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ ဘေးကင်း လုံခြုံမှုကို အန္တရာယ် ဖြစ်စေသော သို့တည်းမဟုတ် အန္တရာယ်ဖြစ်အောင် ကူညီအားပေးသော ပြုမှု တစ်ခုခုကို ပြုပြီး၊ပြုဆဲ၊ သို့တည်းမဟုတ် ပြုလတံ့ဟု သင်္ကာမကင်းသူ တစ်ဦးဦးကို ဖမ်းဆီးနိုင်သည်။
1,350,397
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၂) မည်သည့်အရာရှိမဆို ပုဒ်မခွဲ (၁)အရ တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးလျှင် ထိုသို့ဖမ်းဆီး ကြောင်းကို အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်အား ချက်ခြင်းအစီရင်ခံရမည်။
1,350,398
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ထိုသို့အခွင့်ရ စစ်ဘက် အာဏာပိုင်ထံမှ အမိန့်မရမီ ထိုအရာရှိသည် အခွင့်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်က သာမန် သို့တည်း မဟုတ် အထူးအမိန့်ဖြင့် သီးခြားသတ်မှတ်သည့် နေရာတွင် ထိုသို့ ဖမ်းဆီးထားသူကို အမိန့်စာဖြင့် အချုပ်ချထားနိုင်သည်။
1,350,399
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(က) မည်သူကိုမျှ အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင်ထံမှ အမိန့်မရဘဲ ဤပုဒ်မခွဲအရ (၇)ရက်ထက်ပို၍ အချုပ်ချ မထားရ။
1,350,400
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ခ) မည်သူကိုမျှ ဤပုဒ်မခွဲအရ (၃)လထက်ပို၍ အချုပ်ချမထားရ။