id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,401
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၃) ဤပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအရ တင်သွင်းသည့် အစီရင်ခံစာကို ရရှိသောအခါ အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် ဤပုဒ်မအရ ဖမ်းဆီးထားသူကို ခေတ္တအချုပ်ချထားရန် ပုဒ်မခွဲ (၂) ၏ ဒုတိယခြွင်းချက်ကို ထောက်ထား၍ အကြောင်းအားလျော်စွာ သင့်သည် သို့တည်းမဟုတ် လိုအပ်သည် ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်နိုင်သည့်ပြင် ထိုသို့ ထင်မြင်သည့်အတိုင်း ထိုသူကို ချုပ်နှောင်ထားရန် သို့တည်းမဟုတ် လွှတ်ရန် အပြီးသတ်အမိန့်ကိုလည်း ချမှတ်နိုင်သည်။
1,350,402
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၄) နိုင်ငံတော်သမ္မတသည် တစ်ဦးတစ်ယောက်သောသူအား စစ်ဆင်မှု တစ်ခုခုထမြောက်အောင်မြင် ရေးအတွက်အားထုတ်မှု၊ ဆောင်ရွက်မှုတို့ကို ထိခိုက်အောင် တစ်နည်းနည်းဖြင့် ပြုမူခြင်းမှ တားဆီး စိမ့်သောငှာ ထိုသူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ရန် လိုအပ်သည်ဟု ယုံကြည်ကျေနပ်လျင်-
1,350,403
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(က) ထိုသူကို နိုင်ငံတော်သမ္မတက အခါအားလျော်စွာ သတ်မှတ်သည့်နေရာတွင် ချုပ်နှောင်ထားရန် အမိန့်ချမှတ်နိုင်သည်။
1,350,404
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(ခ) ထိုသူကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမိန့်၌ သီးခြားဖော်ပြထားသည့်နေရာ သို့တည်းမဟုတ် နယ်အတွင်းနေထိုင်စေရန် သို့တည်းမဟုတ် ရှိနေစေရန် ထို့ပြင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ် အတွင်းထိုသူရှိနေပြီး မဟုတ်လျှင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ်သို့ အမိန့်တွင် သတ်မှတ်ထား သည့်အချိန်အတွင်း သွားရောက်စေရန် အမိန့်ချမှတ်နိုင်သည်။
1,350,405
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၅) မည်သူမဆို ပုဒ်မခွဲ (၄)၊ အပိုဒ် (၄)၊ အပိုဒ် (ခ) အရ ချမှတ်သည့် အမိန့်တစ်ခုခုကိုဆန့်ကျင်လျှင် ထိုသူကို (၆)လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
1,350,406
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၇။ အာဏာလွှဲအပ်ခြင်း။
1,350,407
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
နိုင်ငံတော်သမ္မတသည် အမိန့်ထုတ်ပြန်၍ ပုဒ်မ ၆၊ ပုဒ်မခွဲ(၄) ဖြင့်မိမိအား အပ်နှင်းထားသည့် အာဏာတစ်ရပ်ရပ်ကို ထိုအမိန့်တွင် သီးခြားဖော်ပြထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ လက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ်က သုံးစွဲရ မည်ဟု ညွှန်ကြားနိုင်သည်။
1,350,408
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၈။ ပြစ်မှုများ စစ်ဆေးစီရင်မှုကို ကန့်သတ်ခြင်း။
1,350,409
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးရုံး အောက်နိမ့်သော မည်သည့် တရားရုံးကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုကို စစ်ဆေး စီရင်ခြင်းမပြုရ။
1,350,410
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၉။ အမိန့်နှင့် စပ်လျဉ်းသည့် ခြွင်းချက်များ ။
1,350,411
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
ဤအက်ဥပဒေနှင့်အညီ ဆောင်ရွက်သည့် အာဏာပိုင် သို့တည်းမဟုတ် သူတစ်ဦးတစ်ယောက်သည် သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို လည်းကောင်း၊ ပစ္စည်းနှင့် စပ်လျဉ်းသည့်အကျိုးခံစားမှုကို လည်းကောင်း၊ ရန်သူကို နှိမ်နှင်းသည့် စစ်ဆင်မှုထမြောက်အောင်မြင်စွာ ဆောင်ရွက်ရန် ကိစ္စနှင့် လျော်ညီစွာ နည်းနိုင်သမျှ နည်းသည့် အနှောင့် အယှက်သာ ဖြစ်စေရမည်။
1,350,412
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၁၀။ အက်ဥပဒေအရ အရေးယူမှုကို ကာကွယ်ခြင်း
1,350,413
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၁) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤ အက်ဥပဒေအရဖြစ်စေ အပ်နှင်းထားသည့်အာဏာကို သုံးစွဲလျက် ချမှတ်သော အမိန့် သည် မခိုင်လုံဟုမည်သည့် တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့်မရှိစေရ။
1,350,414
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၂) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤအက်ဥပဒေအရဖြစ်စေ အပ်နှင်းသည့်အာဏာကို သုံးစွဲသည့်အနေဖြင့် အရာရှိ သို့တည်း မဟုတ် အာဏာပိုင်တစ်ဦးဦးက အမိန့်ကို လက်မှတ်ထိုး၍ ထုတ်ဆင့်လျှင် ထိုအမိန့်ကို ထိုအရာရှိက သို့တည်းမဟုတ် ထို အာဏာပိုင်က ထုတ်ဆင့်သည်ဟု တရားရုံးကသက်သေခံအက်ဥပဒေ အဓိပ္ပါယ်သဘောအရ ယူဆရမည်။
1,350,415
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
၁၁။ သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို အနှောင့်အယှက် နည်းနိုင်သမျှ နည်းစေခြင်း
1,350,416
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၁) ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့် ပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် အပြုအမူ တစ်ခုခု အတွက် မည်သူ့ကိုမျှ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားမှုခင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။
1,350,417
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ
(၂) ဤအက်ဥပဒေနှင့်အညီပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် အပြုအမူတစ်ခုခု ကြောင့် ပျက်စီးနစ်နာသည့်အတွက် သို့တည်းမဟုတ် ပျက်စီးနစ်နာရန် အကြောင်းရှိသည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တရားမမှုဖြစ်စေ၊ အခြားမှုခြင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။
1,350,418
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေ
အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။
1,350,419
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေ
ဤအက်ဥပဒေကို၊ ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေဟုခေါ်ရမည်။
1,350,420
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေ
၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (၂) တွင် “ငါးနှစ်” ဆိုသည့်စကားရပ်ပါရှိသည့် နေရာတိုင်း၌ ထိုစကားရပ်အစား၊ “ဆယ်နှစ်” ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်။
1,350,421
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမည်တိုနှင့်စတင်အာဏာတည်သည့်နေ့ရက်။
1,350,422
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
1,350,423
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၆ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။
1,350,424
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။
1,350,425
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့်(၄)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
1,350,426
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ ပဌမဇယားအပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
1,350,427
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၅၅ပါ ကိစ္စများအလို့ငှါ ဤအက်ဥပဒေ၏ ပဌမဇယားအပိုင်း ၂ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
1,350,428
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၅၇ခုနှစ်၊စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်အခွန်တော်စည်းကြပ်ခြင်း၊ သို့ တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင် ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောဝင်ငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က(၁) ပါပြဋ္ဌာန်းချက်များနှင့်အညီနုတ်ရမည်။
1,350,429
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့ နုတ်သောကျပ်ငွေမှာ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။
1,350,430
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင်စည်းကြပ်ခံရသူမှာ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ်ငန်းအပေါ်တွင် အခွန်တော် စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက် ခွင့်ပြုသမျှငွေကို အဆိုပါနုတ်ရမည့်ငွေထဲမှ လျော့ရမည်။
1,350,431
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့်ငွေမှာလည်း ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေများတွင် ထိုသူ၏ အမြတ်ဝေ စုနှင့်သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
1,350,432
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၅၆ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈ ၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန်ကို တွက်သော အခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်၍ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျော့ရမည်။
1,350,433
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့လျော့သောငွေမှာ မည်သည့်အခါ တွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
1,350,434
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၅၆ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှ အမြတ်တော်ခွန် နုတ်ရန်အလို့ငှါ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျော့ရမည်။
1,350,435
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,350,436
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထား သည့် အတိုင်းပင်ဖြစ်သည်။
1,350,437
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်။
1,350,438
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၇ခုနှစ်၊စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့်သက် ဆိုင်သောမည်သည့် အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ ပုဒ်မ ၄ အရ၊ စည်းကြပ်သောအခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။
1,350,439
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်စည်းကြပ်ရန်ဖြစ်စေ၊ မှားယွင်းချက်များပြင်ရန်ဖြစ်စေ မည်သည့်ကာလအပိုင်းအခြားအတွင်း ဆောင်ရွက်ရမည့်အကြောင်း။
1,350,440
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၇ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေမှာ၊ ထိုအက်ဥပဒေပုဒ်မ ၁၁ နှင့် ၁၅ တွင် “နှစ်နှစ်” ဆိုသည့် စကားရပ်ပါရှိသည့် နေရာတိုင်း၌ ထိုစကားရပ်အစား “လေးနှစ်” ဆိုသည့်စကားရပ်ကို ထည့်သွင်းထားဘိသကဲ့သို့ အဓိပ္ပါယ်ကောက်ယူရမည်။
1,350,441
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။
1,350,442
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ ၏ပဌမဇယားအဖြစ် ထည့်သွင်းရမည်။
1,350,443
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
လောင်းကစားခွန် ။
1,350,444
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ လောင်းကစားခွန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေ တရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ၊ ရန်ကုန်မြို့တွင်းနှင့် ပြင်ပတွင်ကျင်းပသော မြင်းပွဲများ၌ စွပ်ဒိုင်တွင်လောင်းကြေးငွေအဖြစ် ပေးသွင်းသောငွေ အားလုံးပေါ်တွင် အခွန်ကို၊ ထိုလောင်းကြေးငွေများ၏ ၂၀ နှင့် ၁၀ ရာခိုင်နှုန်းဖြင့် အသီးသီးစည်းကြပ်ရမည်။
1,350,445
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းပြုလုပ်သော စီးကရက်များပေါ်တွင်အကောက်တော်။
1,350,446
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ စီးကရက်အကောက်တော် အက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (၁) တွင်မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင် စုမြန်မာနိုင်ငံတွင်း ပြုလုပ်သော စီးကရက်များပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို စီးကရက်အလိပ် ၁,၀၀၀ လျှင်ငွေနှစ်ဆယ် ကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။
1,350,447
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် ဝင်ရောက်နိုင်စေရန် အက်ဥပဒေ။
1,350,448
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကြီးပွားရေးဘဏ်၏ အမှုဆောင်ဒါရိုက်တာ များက၊ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ သဘောတူ စာချုပ်ပါ အပိုဒ်များကို သဘောတူညီပြီးနောက်၊ ထိုသဘောတူစာချုပ်ပါ အပိုဒ်များကို အစိုးရများ၏ ကိုယ်စားလက်မှတ် ရေးထိုးရန်နှင့် လက်ခံရန်အတွက် ဘဏ်တွင် အပ်နှံထား ပြီးဖြစ်သောကြောင့်၊ ထို့ပြင် အထက်ဆိုခဲ့သည့် သဘောတူ စာချုပ်နှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံအား၊ အဆိုပါ ကော်ပိုရေးရှင်းတွင် ပါဝင်ရေးအတွက် ပြဋ္ဌာန်းရန် သင့်လျော်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
1,350,449
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
အမည်တို။
1,350,450
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ဤအက်ဥပဒေကို၊ ၁၉၅၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ ဟုခေါ်ရမည်။
1,350,451
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်နှင့် ဖြစ်စေ၊ မဆန့်ကျင်လျှင်-
1,350,452
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
အဓိပ္ပါယ် ဖော်ပြချက်။
1,350,453
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(က) “စာချုပ်ပါအပိုဒ်များ” ဆိုသည်မှာ၊ ဤအက်ဥပဒေ၏ ဇယားတွင် ဖော်ပြထားသည့်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ သဘောတူစာချုပ်ပါ အပိုဒ်များကို ဆိုလိုသည်။
1,350,454
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(ခ) “ဘဏ်” ဆိုသည်မှာ၊ အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကြီးပွားရေးဘဏ်ကို ဆိုလို သည်။
1,350,455
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(ဂ) “ကော်ပိုရေးရှင်း” ဆိုသည်မှာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကို ဆိုလိုသည်။
1,350,456
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
စာချုပ်ပါအပိုဒ်များကို လက်မှတ်ရေးထိုးရန်အာဏာ အပ်နှင်းခြင်း။
1,350,457
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၂၊ အပိုင်း ၁၊ စာပိုဒ် (က) နှင့် ဇယား က အရ၊ ကော်ပိုရေးရှင်း၏ ကနဦးအဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်ထိုက်ခွင့်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံက စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၉၊ အပိုင်း ၂၊ စာပိုဒ် (ဂ) ၌ သတ်မှတ် ထားသောနေ့ရက်တွင်ဖြစ်စေ၊ ထိုနေ့ရက်မတိုင်မီဖြစ်စေ၊ ကော်ပိုရေးရှင်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ်ကို လက်ခံနိုင်ရန် အလို့ငှါ၊ နိုင်ငံတော်သမ္မတသည်-
1,350,458
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(က) မိမိ၏ ကိုယ်စား စာချုပ်ပါအပိုဒ်များကို လက်မှတ်ရေးထိုးရန်အတွက်လည်းကောင်း၊
1,350,459
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားဥပဒေများနှင့်အညီ စာချုပ်ပါ အပိုဒ်များကို၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ကြောင်း။
1,350,460
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက စာချုပ်ပါ အပိုဒ်များအရ၊ ၎င်း၏ တာဝန်အားလုံးကို ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် အတိုင်း စီမံပြီးဖြစ်ကြောင်း ဖော်ပြသည့် စာချွန်တော်ကို နိုင်ငံတော်သမ္မတ၏ ကိုယ်စားဘဏ်၌ အပ်နှံထားရန်အတွက် လည်းကောင်း၊ အာဏာအပ်နှင်းနိုင်သည်။
1,350,461
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ကော်ပိုရေးရှင်းသို့ ထည့်ဝင်သည့်ကြေးငွေ။
1,350,462
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
စာချုပ်ပါအပိုဒ်များ၏ အပိုဒ်၂၊ အပိုင်း ၃၊ စာပိုဒ် (က) နှင့် ဇယား က အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံက ယူနိုင်ခွင့်ရှိသည့် အစုရှယ်ယာ အရေအတွက်ဖြစ်သော အစုရှယ်ယာပေါင်း ၁၆၆ ပါဝင်သည့် ကော်ပိုရေးရှင်း၏ အစုစတော့(ခ်) အတွက် ထည့်ဝင်သည့် ကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၆၆,၀၀၀ ကို၊ ကော်ပိုရေးရှင်းသို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အခွန်တော်ငွေများထဲမှ ပေးရမည်။
1,350,463
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကော်ပိုရေးရှင်းအား ပေးရန် သဘောတူသည့် အဆင့်အတန်း ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေးများ။
1,350,464
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၆၊ အပိုင်း ၂ မှ ၉ အထိနှင့် အပိုင်း ၁၁ ပါ ပြဋ္ဌာန်းချက်များသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၌ တရားဥပဒေကဲ့သို့ အာဏာရှိရမည်ဖြစ်သောကြောင့် ကော်ပိုရေးရှင်းသည်-
1,350,465
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(က) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အဆိုပါအပိုဒ်၆၏ အပိုင်း ၂ တွင် သတ်မှတ်ထားသော အဆင့်အတန်းနှင့် တရားအတိုင်း ပြုနိုင်ခွင့်များကို ရရှိစေရမည်။
1,350,466
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
(ခ) အဆိုပါ အပိုဒ် ၆ ၏ အပိုင်း ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အဆိုပါ အပိုဒ် ၆ ၏ အပိုင်း ၃ မှ ၉ အထိတို့တွင် သတ်မှတ်ထားသော ကင်းလွတ်ခွင့် များနှင့် အထူးအခွင့်အရေးများကို ရရှိစေရမည်။
1,350,467
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
စာချုပ်ပါ အပိုဒ်များကို ထိရောက်စွာ ဆောင်ရွက်ရေးအတွက် နည်းဥပဒေများ။
1,350,468
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ပါလီမန်ခေတ်
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ
နိုင်ငံတော်သမ္မတသည်၊ စာချုပ်ပါ အပိုဒ်များ၏ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် အကြောင်းအားလျော်စွာ လိုအပ်သည်ဟု ယူဆသည့် နည်းဥပဒေများကို ပြုနိုင်သည်။
1,350,469
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
{{center|သမတအိမ်တော်၊ ရန်ကုန်မြို့၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ရုတ်တရက်အသုံးစရိတ်ရံပုံငွေအက်ဥပဒေ။
1,350,470
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
[၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်အက်ဥပဒေ အမှတ် ၆။
1,350,471
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
]၁၃၁၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်။
1,350,472
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
(၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
1,350,473
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။
1,350,474
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
(၁) ဤအက်ဥပဒေကို၊ ၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ရုတ်တရက်အသုံးစရိတ်ရံပုံငွေအက်ဥပဒေ''' ဟုခေါ်ရမည်။
1,350,475
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။
1,350,476
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ရုတ်တရက်ပေါ်ပေါက်သည့်ကိစ္စများအတွက် ခေတ္တထုတ်သုံးငွေသဘောမျိုးဖြင့်၊ အသုံးပြုရန်ရံပုံငွေ တရပ်ထားရှိရမည်။
1,350,477
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ထိုရံပုံငွေကိုကချင်ပြည်နယ်၏ ရုတ်တရက် အသုံးစရိတ်ရံပုံငွေဟုခေါ်ရမည်။
1,350,478
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ထိုရံပုံငွေသို့ ကချင်ပြည်နယ်၏ အခွန်တော်ငွေများမှငွေနှစ်သိန်းပေးသွင်းရမည်။
1,350,479
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေကို ကချင်ပြည်နယ်ဥက္ကဋ္ဌ၏ကိုယ်စား၊ ကချင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက ထိန်းသိမ်းထားရမည်။
1,350,480
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ကြိုတင်မသိမမြင်နိုင်သော အသုံးစရိတ်များကို ကချင်ပြည်နယ်ကောင်စီက ခွင့်မပြုသေးမီ ထိုအသုံးစရိတ်များကိုကျခံရန် အဆိုပါ ရံပုံငွေမှ ငွေများကြိုတင်ထုတ်ပေးနိုင်သည်။
1,350,481
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
အခြားမည်သည့် ကိစ္စအတွက်မျှ ထိုရံပုံငွေမှ ငွေများ ထုတ်ပေးခြင်းမပြုရ။
1,350,482
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ
ဤအက်ဥပဒေပါ ရည်ရွယ်ချက်များကိုဆောင်ရွက်ရန်အလို့ငှါ ကချင်ပြည်နယ်၏ ရုတ်တရက် အသုံးစရိတ်ရံပုံငွေကိုထိန်းသိမ်းခြင်း၊ ထိုရံပုံငွေသို့ငွေများပေးသွင်းခြင်း၊ ထိုရံပုံငွေမှငွေများထုတ်ယူခြင်း နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးအတွက်၊ သို့တည်းမဟုတ် ထိုကိစ္စများနှင့် ဆက်သွယ်၍ ဖြစ်ပေါ်လာ သောကိစ္စအားလုံးအတွက် ကချင်ပြည်နယ်ဥက္ကဋ္ဌသည်၊ နည်းဥပဒေများပြဋ္ဌာန်းနိုင်သည်။
1,350,483
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။
1,350,484
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(၁) ဤအက်ဥပဒေကို ၊ ၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှု တားမြစ်ရေး အက်ဥပဒေဟု ခေါ်ရမည်။
1,350,485
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ရှမ်းပြည်နယ် တခုလုံးနှင့် သက်ဆိုင်စေရမည်။
1,350,486
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
ထို့ပြင် ဤအက်ဥပဒေသည်၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ကျေညာချက်ဖြင့် သတ်မှတ်သည့်နေ့ရက်၌၊ သတ်မှတ်သည့်အရပ် ဒေသများတွင်၊ အာဏာတည်ရမည့်ပြင်၊ အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ် မှတ်နိုင်သည်။
1,350,487
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
မည်သူမဆို တဦးတယောက်သောသူအား၊ ထိုသူပြုပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ရှောင်ကြဉ်စေလိုသော ကြံရွယ်ချက်ဖြင့်၊ သို့မဟုတ် ရှောင်ကြဉ်ပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ပြုစေလိုသော ကြံရွယ်ချက်ဖြင့် -
1,350,488
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(က) ထိုသူကိုဖြစ်စေ၊ ထိုသူ၏ မိသားတစုမှ တဦးဦးကိုဖြစ်စေ၊ ထိုသူခိုင်းစေထားသောသူ တဦးဦးကိုဖြစ်စေ ဟန့်တားလျှင်၊ သို့မဟုတ် အကြမ်းမှုပြုလျှင်၊ သို့မဟုတ် ခြိမ်းခြောက်လျှင်၊
1,350,489
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(ခ) တဦးတယောက်သောသူ၊ သို့မဟုတ် ထိုသူ၏မိသားတစုမှတဦးဦး၊ သို့မဟုတ် ထိုသူ၏ ခိုင်းစေ ထားသူတဦးဦး၏ နေထိုင်ရာအရပ်၊ သို့မဟုတ် ထိုသူ၏အလုပ်ခွင်၊ သို့မဟုတ် ထိုသူရှိရာအရပ်၊ သို့မဟုတ် ဆိုခဲ့သည့်အရပ်၏ အနီအနားတွင် ရစ်ဝဲစောင့်ဆိုင်းနေလျှင်၊
1,350,490
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(ဂ) တဦးတယောက်သောသူ၏နောက်၌ တနေရာမှတနေရာသို့ အမြဲတစေလိုက်နေလျှင်၊
1,350,491
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(ဃ) တဦးတယောက်အသုံးပြုသော၊ သို့မဟုတ် ပိုင်ဆိုင်သော သက်ရှိသက်မဲ့ပစ္စည်းတခုခုကို အနှောက် အယှက်ပြုလျှင်၊ သို့တည်းမဟုတ် ထိုပစ္စည်းကို အသုံးပြုခြင်းမှ လက်လွတ်စေလျှင်၊ သို့မဟုတ် ထိုသို့ အသုံးပြုခြင်းမှ တားဆီးပိတ်ပင်လျှင်၊
1,350,492
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(င) တဦးတယောက် ဝင်ရောက်ခွင့်ရှိသောနေရာသို့ ဝင်ရောက်ခြင်းမှ သော်၎င်း၊ ချဉ်းကပ်ခြင်းမှသော် ၎င်း ဟန့်တားခြင်းဖြစ်စေရန်၊ ရစ်ဝဲစောင့်ဆိုင်းနေလျှင်၊ လဲလျောင်းနေလျှင်၊ မရှောင်မဖယ် နေလျှင်၊ သို့မ ဟုတ် တစုံတခုပြုလုပ်လျှင် ထိုသူသည် နှောက်ယှက်မှု ကျူးလွန်သည်မည်၏။
1,350,493
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
။ ဤပုဒ်မဖြင့် တားမြစ်သော ပြုလုပ်မှုတခုခုကိုမပြုဘဲ တိုင်းရင်းသား စက်မှုလက်မှုလုပ် ငန်းများကို အားပေးချီးမြှင့်ဟောပြောခြင်း၊ သို့တည်းမဟုတ် မူးယစ်သော သောက်စားခြင်းမှ ရှောင်ကြဉ် ရေးအတွက်သော်၎င်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်သော်၎င်း၊ သုစရိုက်မှုကို ပြုရေးအတွက် သော်၎င်း၊ ဟောပြောခြင်း၊ သို့တည်းမဟုတ် အလွန်အကျူးမူးယစ်သောက်စားခြင်းကိုသော်၎င်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းကိုသော်၎င်း၊ ဒုစရိုက်မှုပြုခြင်းကိုသော်၎င်း ရှုံ့ချပြစ်တင်ခြင်း၊ ဟောပြော ခြင်းသည် ဤပုဒ်မ အရ ပြစ်မှုမဟုတ်။
1,350,494
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
နှောက်ယှက်မှုကျူးလွန်သူကို ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးရာထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်နိုင်သည်။
1,350,495
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
ရဲဌာနာအုပ်ရာထူးအောက် မနိမ့်သော ရဲအရာရှိတဦးဦးက ပြစ်မှုကျူးလွန်ရာရောက်သည့်အ ကြောင်းချင်းရာများကို စာဖြင့်ရေးသား အစီရင်ခံခြင်းပြုသည့် အခါမှ တပါး နှောက်ယှက်မှုကို မည်သည့် တရားရုံးကမျှ အရေးယူပိုင်ခွင့်မရှိစေရ။
1,350,496
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
တည်ဆဲတရားဥပဒေတခုခုတွင် မည်သို့ပင်ရှိစေကာမူ-
1,350,497
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(၁) ပဌမတန်း ရာဇဝတ်တရားသူကြီးအောက်နိမ့်သော မည်သည့် တရားရုံးကမျှ နှောက်ယှက်မှုကို စစ် ဆေးစီရင်ခြင်းမပြုရ၊
1,350,498
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(၂) နှောက်ယှက်မှုကို ရဲက အရေးယူပိုင်ခွင့်ရှိစေရမည်၊ ထို့ပြင်
1,350,499
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ
(၃) နှောက်ယှက်မှုသည် ခံဝန်မရနိုင်သော ပြစ်မှုဖြစ်စေရမည်၊ တနည်းဆိုသော် နှောက်ယှက်မှုနှင့် ဖမ်းဆီးထားသူကို အာမခံမပေးရ။
1,350,500
Uncategorized
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေးအက်ဥပဒေ
REDIRECT၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ