id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,501
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ
အောက်ပါအတိုင်း၊ အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။
1,350,502
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ
(၁) ဤအက်ဥပဒေကို၊ ၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ ဟုခေါ်တွင်စေရမည်။
1,350,503
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် စတင်အာဏာတည်ရမည်။
1,350,504
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ
ဤအက်ဥပဒေဖြင့်၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ (၁၉၅၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၂ ) နှင့် ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေ (၁၉၅၆ ခုနှစ်၊ အက်ဥပဒေအမှတ် ၅) ကို ရုပ်သိမ်းလိုက်သည်။
1,350,505
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကြေညာသည်။
1,350,506
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမည်တိုနှင့် စတင်အာဏာတည်သည့်နေ့ရက်။
1,350,507
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၅၇ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟုခေါ်ရမည်။
1,350,508
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်အာဏာတည်ရမည်။
1,350,509
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်နှစ် အတွက် အောက်ပါအတိုင်းအခွန်တော်စည်းကြပ်ရမည်-
1,350,510
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ပဌမဇယား၊ အပိုင်း ၁ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
1,350,511
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ ဤအက်ဥပဒေ၏ပဌမ ဇယား၊ အပိုင်း ၂ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
1,350,512
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၅၈ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့်နှစ်အတွက် အခွန်တော်စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့် ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ငါးပုံတစ်ပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီနုတ်ရမည်။
1,350,513
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင်ထိုသို့ နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက်မပိုစေရ။
1,350,514
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ်ငန်းအပေါ်တွင် အခွန်တော် စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရ မည်။
1,350,515
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏အမြတ်ငွေများတွင် ထိုသူ၏အမြတ်ဝေစု နှင့်သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
1,350,516
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၅၇ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့မှ အစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ”ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ် လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန်ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိစည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတစ်ပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။
1,350,517
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထို့သို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
1,350,518
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှအစပြုမည့်နှစ်အတွက်မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ မြန်မာ နိုင်ငံအမြတ်တော် ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့် ငွေကိုလျှော့ရမည်။
1,350,519
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာကိစ္စများအတွက် သတ်မှတ်သည့် အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,350,520
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်း ပင်ဖြစ်သည်။
1,350,521
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၈ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံး သည့်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သောအခွန်တော်သည်၊ စည်းကြပ်ထိုက်သည့်အမြတ် အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်းရာခိုင်နှုန်းနှင့်ညီမျှရမည်။
1,350,522
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၇ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသောနှစ်အတွက်၊ ဤအက်ဥပဒေ၏ဒုတိယဇယားကို၊ မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယား အဖြစ်ထည့်သွင်းရမည်။
1,350,523
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြုလုပ်သော စီးကရက်များပေါ်တွင်အကောက်တော်။
1,350,524
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ စီးကရက် အကောက်တော်အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင်မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တွင်း ပြုလုပ်သောစီးကရက်များအပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို စီးကရက်အလိပ်ရေ ၁,၀၀၀ လျှင် ငွေနှစ်ဆယ့်ငါးကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။
1,350,525
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာ သည်။
1,350,526
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမည်နှင့် စတင်အာဏာတည်သည့်နေ့ရက်။
1,350,527
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
1,350,528
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်သည် ဟုမှတ်ယူရမည်။
1,350,529
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း။
1,350,530
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ မြန်မာနိုင်ငံအမြတ်တော်ခွန် အက် ဥပဒေပုဒ်မ ၁၅-က (၂) ၏ဒုတိယခြွင်းချက်ကို ပယ်ဖျက်ရမည်။
1,350,531
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃)၊ (၄) နှင့် (၅) ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည် -
1,350,532
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ်တော်ခွန်နှင့်
1,350,533
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ ၏ပဌမဇယား၊ အပိုင်း ၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်းနောက်ထပ်အခွန်တော်။
1,350,534
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။
1,350,535
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက်မပိုစေရ။
1,350,536
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ် လုပ်ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရမည်။
1,350,537
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ် ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
1,350,538
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ် နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ် တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ် ရသောဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။
1,350,539
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့ လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
1,350,540
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ရာ၌၊ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင် “လစာငွေများ” ဟူသောခေါင်းစဉ်အောက်၌ စည်းကြပ်နိုင်သည့် ဝင်ငွေပါဝင်သည့်အခါ သားသမီးများအတွက် အပိုခွင့်ပြုရမည့်ငွေသည်၊ မည်၍မည်မျှ ဖြစ်ရမည်ဆိုသော် မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) (ii)အရ၊ ခွင့်ပြုနိုင်သည့်ငွေအားလုံးပေါင်းနှင့်ကျပ်တစ်ထောင်ငါးရာတို့ ခြားနားခြင်း၏အချိုးအစားသည်၊ ထို ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှအပ အခြားဝင်ငွေနှင့်ထိုသူ၏ စုစုပေါင်းဝင်ငွေတို့၏ အချိုးအစားနှင့် တူညီသည့်ငွေဖြစ်ရမည်။
1,350,541
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုမည့်ဘဏ္ဍာတော် နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ် အခွန်တော်မပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂)အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
1,350,542
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၆) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,350,543
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က)တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့်အတိုင်းပင်ဖြစ်သည်။
1,350,544
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေကိုပြင်ဆင်ခြင်း။
1,350,545
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) နောက်၌ အောက်ပါကို ပုဒ်မခွဲ (၄-က) အဖြစ် ထည့်သွင်းရမည်။
1,350,546
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
“(၄-က) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန် နုတ်ရန်အလို့ငှါ၊ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် (ဒုတိယပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၇ ဖြင့်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေတွင် ပြုလုပ်ခဲ့သော ပြင်ဆင်ချက်များသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်ဟု မှတ်ယူရမည့်ပြင်၊ အခြားကိစ္စများ အလို့ငှါ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်။
1,350,547
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။
1,350,548
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက် နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ် ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
1,350,549
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရစည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။
1,350,550
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
1,350,551
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
က။ ။
1,350,552
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုးအိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ်လုပ်ငန်း အသီးသီးနှင့် ဤအပိုင်း အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
1,350,553
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
+ ၁။ ။
1,350,554
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ၁,၅၀၀ ပေါ်တွင် … မရှိ၂။
1,350,555
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ စုစုပေါင်း ဝင်ငွေအနက် နောက်ကျပ်ငွေ၃,၅၀၀ ပေါ်တွင် … ၇ ရာခိုင်နှုန်း။
1,350,556
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၅,၀၀၀ ပေါ်တွင် … ၁၃ ရာခိုင်နှုန်း။
1,350,557
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၅,၀၀၀ ပေါ်တွင် … ၂၂ ရာခိုင်နှုန်း။
1,350,558
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေပေါ်တွင် … ၃၂ ရာခိုင်နှုန်း။
1,350,559
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် -
1,350,560
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၁) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေကို မနုတ်မီ၊ ကျပ်ငွေ ၄,၂၀၀ ထက်မပိုသော စုစုပေါင်းဝင်ငွေပေါ်တွင် အမြတ်တော်ခွန်မပေးဆောင်ရ။
1,350,561
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ (အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့်မယားနှင့် သားသမီး များအတွက် အဆိုပါခွင့်ပြုငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေက ကျပ်ငွေ ၄,၂၀၀ ထက်ပိုသမျှသော ငွေ၏ ထက်ဝက်ထက်မည်သည့်အချက်တွင်မျှ မပိုစေရ။
1,350,562
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေနုတ်ပြီး ဖြစ်သည့် စုစုပေါင်း ဝင်ငွေပေါ်တွင်ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ၊ အောက်ပါငွေနှစ်ရပ်အနက် နည်းရာငွေထက်မပိုစေရ-
1,350,563
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ယင်းသို့ လျှော့ပေါ့ထားသည့် စုစုပေါင်းဝင်ငွေနှင့် မလျှော့ပေါ့ရသေးသည့် စုစုပေါင်း ဝင်ငွေ နှစ်ရပ်၏ အချိုးအစား အတိုင်း(အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့် မယားနှင့်သားသမီးများအတွက် ခွင့်ပြုသမျှငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေကျပ် ၄,၂၀၀ ထက်ပိုသမျှသောငွေ၏ ထက်ဝက်နှင့် အချိုး အစားတူသည့် ငွေပေါင်း၊ သို့တည်းမဟုတ်
1,350,564
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) ယင်းသို့ လျှော့ပေါ့ထားသည့် ဝင်ငွေပေါ်တွင်၊ ဤဇယား၌ သီးခြားဖေါ်ပြထားသည့် နှုန်းများ အတိုင်း ပေးဆောင်ရမည့်အမြတ်တော်ခွန်ငွေ။
1,350,565
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ခ။ ။
1,350,566
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ကုမ္ပဏီ အသီးသီးဖြစ်လျှင်၎င်း၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ အများဆုံးနှုန်းဖြင့် အမြတ်တော်ခွန် ကောက်ခံရမည်ဖြစ်လျှင်၎င်း-
1,350,567
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
+ စုစုပေါင်းဝင်ငွေ အားလုံးအပေါ်တွင် … ၃၂ ရာခိုင်နှုန်း။
1,350,568
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဂ။ ။
1,350,569
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
မှတ်ပုံတင်ထားသည့် ကုန်ဖက်စပ်လုပ်ငန်းအသီးသီးဖြစ်လျှင်-
1,350,570
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ၃၀,၀၀၀ ပေါ်တွင် … မရှိ။
1,350,571
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၃၀,၀၀၀ ပေါ်တွင် … ၅ ရာခိုင်နှုန်း။
1,350,572
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၇၀,၀၀၀ ပေါ်တွင် … ၇ ရာခိုင်နှုန်း။
1,350,573
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေပေါ်တွင် … ၁၀ ရာခိုင်နှုန်း။
1,350,574
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုး အိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ် လုပ်ငန်းအသီးသီးနှင့် ဤအပိုင်းပါ အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
1,350,575
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ၂၅,၀၀၀ ပေါ်တွင် … မရှိ။
1,350,576
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၂၀,၀၀၀ ပေါ်တွင် … ၁၈ ရာခိုင်နှုန်း။
1,350,577
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၂၅,၀၀၀ ပေါ်တွင် … ၃၁ ရာခိုင်နှုန်း။
1,350,578
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၂၅,၀၀၀ ပေါ်တွင် … ၃၈ ရာခိုင်နှုန်း။
1,350,579
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၃၀,၀၀၀ ပေါ်တွင် … ၄၁ ရာခိုင်နှုန်း။
1,350,580
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၇၅,၀၀၀ ပေါ်တွင် … ၅၀ ရာခိုင်နှုန်း။
1,350,581
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ၁,၀၀,၀၀၀ ပေါ်တွင် … ၅၆ ရာခိုင်နှုန်း။
1,350,582
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေပေါ်တွင် … ၆၆ ရာခိုင်နှုန်း။
1,350,583
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သမဝါယမအသင်းများ အက်ဥပဒေအရမှတ်ပုံတင်သွင်းထားလျက်ရှိသော သမဝါယမအသင်း ဖြစ်လျှင်-
1,350,584
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေပေါ်တွင် … ၁၃ ရာခိုင်နှုန်း။
1,350,585
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ကုမ္ပဏီအသီးသီးဖြစ်လျှင်-
1,350,586
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
+ စုစုပေါင်းဝင်ငွေအားလုံးပေါ်တွင် … ၁၈ ရာခိုင်နှုန်း။
1,350,587
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
+ ပြား တိုလာချိန် ၁ ထက်မပိုလျှင် … ၁၅ နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၇ တစောင်လျှင် … ၅ ပြန်စာအတွက်ပါ … ၁၀ ပဌမတိုလာချိန် ၅၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၅ တိုလာချိန် ၅ ထက်ပိုသည့်နောက်ထပ်တိုလာချိန် ၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၃ တိုလာချိန် ၁၀ ထက်မပိုလျှင် … ၂ တိုလာချိန် ၁၀ ထက်ပို၍ တိုလာချိန် ၂၀ ထက်မပိုလျှင် … ၃ တိုလာချိန် ၂၀ ထက်ပိုသည့်တိုလာချိန် ၂၀ တိုင်း၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၃ အထုပ်တခုတည်းတွင်ပါရှိသည့် တနေ့တည်းထုတ်မှတ်ပုံတင်ပြီးသတင်းစာတစောင်ထက်ပိုလျှင်- တိုလာချိန် ၁၀ ထက်မပိုလျှင် … ၃ နောက်ထပ်တိုလာချိန် ၅၊ သို့တည်းမဟုတ်၎င်း၏အစိတ်အပိုင်း … ၁ သို့ရာတွင် ထိုအထုပ်များကို လိပ်စာပါသူ၏ နေအိမ်သို့ မပို့ရ။
1,350,588
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ် အားစာပို့တိုက်၌ပေးအပ်ရမည်။
1,350,589
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
တိုလာချိန် ၄၀ ထက်မပိုလျှင် … ၅၀ တိုလာချိန် ၈၈၀ ထိ၊နောက်ထပ် တိုလာချိန် ၄၀၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၅၀ စာပို့ကဒ် … ၅ချောစာအတွက် တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၅နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း … ၅ငွေလွှဲလက်မှတ်တစောင်လျှင် … ၅
1,350,590
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
1,350,591
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁။ နိဒါန်း။
1,350,592
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အမည်နှင့် စတင် အာဏာတည်သည့် နေ့ရက်။
1,350,593
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေဟု ခေါ်တွင်စေရမည်။
1,350,594
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်ရမည်။
1,350,595
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူများ။
1,350,596
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) အောက်တွင်ဖေါ်ပြထားသူများသည်၊ မည်သည့်နေရာအရပ်၌မဆို ရောက်ရှိနေစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာကြရမည်။
1,350,597
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) တပ်မတော်တွင် အမှုထမ်းနေကြသော အရာရှိများ၊
1,350,598
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူများ၊
1,350,599
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ တန်းပြည့်စစ်မှုထမ်းချိန် ၌၊ စစ်စခန်းတွင်၊ စစ်ချီနေသည့်အခါတွင်၊ သို့တည်းမဟုတ် နိုင်ငံတော်သမတက ဤကိစ္စအလို့ငှါ အမိန့် ကြော်ငြာစာဖြင့် သီးခြားသတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်းတခုခုတွင်၊ တပ်မတော်၏အစိတ် အပိုင်းတခုခုက စေခိုင်းခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်း တခုခုတွင်အမှုထမ်းရွက် နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများ။
1,350,600
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ပုဒ်မခွဲ(၁)၊ အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် (ဂ)အရ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိ၏စစ်မှုထမ်းခြင်းရပ်စဲလိုက်သည်အထိ၊ နည်းလမ်းတကျ အငြိမ်းစားပေးလိုက်သည်အထိ၊ ထွက်ခွင့် ပေးလိုက်သည်အထိ၊ နုတ်ပယ်လိုက်သည်အထိ၊ အမြဲတန်းထုတ်ပစ်လိုက်သည်အထိ၊ သို့တည်းမဟုတ် ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်လိုက်သည်အထိ၊ ဤအက်ဥပဒေကို လိုက်နာလျက်ရှိရမည်။